for download link
1/30/2010
တေးမြည်း
1/29/2010
စောထ ဖေါင်ဒေးရှင်း ရံပုံငွေ တေးဆီးရီးစ်

ငြိမ်းချမ်းရေးမိုးရေ - ငြိမ်းစေ+အေကေ (with download file)
စောထ ဒဏ္ဍာရီ - ငြိမ်းစေ+James CoBayne
ခွင့်ပြုပါ အမေ - ငြိမ်းစေ
အင်းအားသစ်ရဲ့ ည - ငြိမ်းစေ
တာကြီးအတွက်သီချင်း - ငြိမ်းစေ
သမီးလေးရဲ့ ရာဇ၀င်သစ် - ငြိမ်းစေ
ခံယူခြင်း - ငြိမ်းစေ+အေကေ
1/27/2010
-
စေတမန်အတွက် ဆုံးမစာ (ညွန့်ရွှေ)
-
မြန်မာလူမျိုးနှင့်ဗုဒ္ဓဘာသာကို စော်ကားနေသောဝက်ဆိုက်အားဝိုင်းဝန်းအရေးယူသင့်
http://messengerfor buddhist. blogspot.. com/ တွင်မြန်မာလူမျိုး တို့ကိုသာမက မြန်မာတို့၏ အထွတ်အမြတ် ဗုဒ္ဓဘာသာကိုပါ အလွန်တရာ ယုတ်မာ ရိုင်းစိုင်းစွာ ဖြင့် ဆဲရေးပုတ်ခတ် ရေးသားနေ သည်မှာ
မည်သည့်နည်းနှင့်မျှ လက်ခံနိုင်ဖွယ်ရာမရှိပါ ။
အင်တာနက် ခေက် ဖြစ်၍ လူတိုင်းတွင် လွတ်လပ်စွာ ရေးသားပိုင်ခွင့် ရှိသော်လဲ အမျိုး ဘာသာ သာသနာကို တစ်ဖက်သတ် ပုတ်ခတ် စော်ကား ၍မရပါ ။
အဆိုပါဆိုက် သည် Google (Blogger.com) မှချမှတ်ထား သော " Terms & Conditons " များကို ချိုးဖောက် နေသည်မှာ ထင်ရှားလှပါသည် ။
Blogger.com ၏စည်းကမ်း များအရ ဤ ကဲ့သို့သောဆိုက်များ အားခွင့်မပြုပါ ။ သို့ဖြစ်ပါ၍ ဘာသာဝင် မြန်မာ အမျိုးကောင်းသား ၊ အမျိုးကောင်းသမီးများအနေဖြင့် အဆိုပါ http://messengerfor buddhist. blogspot. com/ အား တိုင်ကြားခြင်းဖြင့် အမျိုးဘာသာ သာသနာ ကို ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက် နိုင်ကြစေရန် ဤ နေရာမှ အသိပေးနှိုးဆော် လိုက်ရပါသည် ။
( Blogger's policy )
Is hateful material permitted on Blogger?
- Blogger strongly believes in freedom of speech.
While Blogger values and safeguards political and social commentary,
material that promotes hatred toward groups based on
race or ethnic origin, religion, disability, gender, age, veteran
status, or sexual orientation/ gender identity is not allowed on
Blogger.
If you believe you've discovered a violation of Blogger's policy on
hate speech, please submit the blog's URL below.
Please submit each blog only once. We will review every submission as
soon as possible and take action as necessary.
address - http://www.google. com/support/ blogger/bin/ request.py? contact_type= hate_speech&blog_URL=&blog_ID=
တိုင်ကြားရမည့်နေရာ -
http://www.google. com/support/ blogger/bin/ request.py? contact_type= hate_speech&blog_URL=&blog_ID=
တိုင်ကြားရမည့်လိပ်စာ - http://messengerfor buddhist. blogspot. com/
မိတ်ဆွေများခင်ဗျား၊
ကျနော်အချိန်မပေးနိုင်တာရယ်၊ မကျွမ်းကျင်တာရယ်ကြောင့် ဘလော့ဂ်ချက်ခြင်းမလုပ်နိုင်တဲ့အတွက် စေတမန်အတွက် ဆုံးမစာကို သုံးချင်တဲ့ ဘလော့ဂါများ ယူသုံးကြပါ၊ အဲဒီ လူမိုက် လူရမ်းကားဆီကိုလဲ ရောက်အောင်ပို့ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ တကယ်လို့ သူကသာ တောင်းပန်မယ်၊ သတိတရားရပြီး ငြိမ်သွားမယ်ဆိုရင် အားလုံးက ခွင့်လွှတ်လိုက်ကြစေချင်ပါတယ်။ ကျနော်တို့အားလုံး ဘ၀မှာ တချိန်ချိန်တုန်းက တနည်းနည်းနဲ့ မိုက်မဲခဲ့ဘူးသူတွေ များပါတယ်။ ခွင့်လွှတ်ခြင်းဟာ သူရဲကောင်းများရဲ့လက်နက်လို့လဲ သုံးကြတာ ဖတ်မှတ်ရဘူးပါတယ်။ ခုထိတော့ သူဟာ လူမိုက်၊ လူရမ်းကားပဲ၊ ဒါပေမဲ့ လူလိမ္မာဖြစ်နိုင်တဲ့အခွင့်အလန်းလဲ သူ့မှာ ရှိပါတယ်။
မေတ္တာဖြင့်
ညွန့်ရွှေ
စေတမန်အတွက် ဆုံးမစာ
လူမိုက်၊ ငတုံး၊ ဒီလိုအာလုပ်သံနဲ့ဆုံးမလိုက်တာ စိတ်မရှိနဲ့၊ မင်းက ဘာသာမဲ့လုပ်ကြဖို့ ဆော်သြတဲ့သူဆိုကတည်းက သည်လိုစိတ်မျိုးမပေါက်ခင်က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်လောက်တော့ ဖြစ်ခဲ့ဘူးတယ်လို့ယူဆတယ်။ ဘာမှလဲ ကြားဖူးနားဝမရှိပါလား။ ခုလို မိုက်ကန်းတာဟာ အဲဒီဗဟုသုတခေါင်းပါးမှုနဲ့ သဒ္ဒါတရားနည်းပါးမှုတွေအပေါ်မှာ အခြေခံတာပဲ။ ငါလဲ ငယ်တုန်းက ကွန်မြူနစ်တွေကို အထင်ကြီးပြီး ဘာသာမဲ့လုပ်ဖူးတယ်။ အထက်တန်းကနေ တက္ကသိုလ်ပြီးတဲ့အထိပေါ့။ ဒါပေမဲ့ ငါက ဘုန်းကြီးကျောင်းထွက်ကွ၊ ပြီးတော့ ဇာတ်ကြီးဆယ်ဖွဲ့ထဲက ဇာတ်တော်တော်များများကိုလည်း ၁၃နှစ်သားလောက်ကတည်းက စွဲစွဲလန်းလန်းဖတ်ခဲ့တာ၊ ခုကြီးလာတော့ ပိဋကတ်မြန်မာပြန်နဲ့ အင်္ဂလိပ်ဘာသာပြန် ပိဋကတ်တွေ ဖတ်တယ်၊ ဇင်တရားတွေဖတ်တယ်။ အထူးသဖြင့်တော့ ဓမ္မပဒကို အခေါက်ခေါက်ဖတ်တယ်။ ခရစ်ယန်ကျမ်းလဲဖတ်တယ်၊ ကိုရမ်လဲဖတ်တယ်၊ ဘဂ၀ါဂီတ (ဟိန္ဒူကျမ်း)ကိုလည်း ဖတ်တယ်။ နောက်ဆုံးတော့ ဗုဒ္ဓဟာ ဘာကြောင့် ကြီးကျယ်မြင့်မြတ်ရသလဲဆိုတာကို ရေးရေး သဘောပေါက်လာတယ်။ အထူးခြားဆုံးက လူသားကဖြစ်တဲ့ အပူမှန်သမျှက ကင်းလွတ်အောင် နေတတ်တဲ့၊ နေနေတဲ့ သူ ဖြစ်တာပဲ၊ တထာဂတ လို့ ခေါ်သကွဲ့။
မင်းမေးထားတာတွေအားလုံးကို အောက်မှာ ဖြေထားတယ်၊ အသေအချာဖတ်၊ ပြီးရင် စိတ်လိုက်မာန်ပါ ထ ဆဲမနေနဲ့။ ငါ့ကို ဆဲရင် မင့်ဟာမင်း မှန်ထဲကြည့်ဆဲသလိုပဲဖြစ်မယ်။ ငါက အဆဲနဲ့ မတုန့်ပြန်ဘူး။ မင့်အဆဲကို မယူဘူး။
(၁)အဘယ်ကဲ့သို့ ကုသိုလ်ကောင်းမူကို ပြုပြီး နိဗ္ဗာန်ရောက်နိုင်မလဲ?????
ကောင်းမှုပြုရုံ(ဒါန)နဲ့ ဘယ်နိဗ္ဗာန်ကိုမျှ မရောက်ပါ။ သီလဆိုတဲ့ အကျင့်၊ ဘာအကျင့်တွေလဲဆိုတော့ မဂ်ဂင်ရှစ်ပါးအကျင့်တဲ့၊ အကျင့်ရပ်မသွားအောင် အထောက်အပံ့တွေများလာအောင် ဘာဝနာပွားတဲ့။ ဒါနပြုတဲ့အတွက် စိတ်ချမ်းသာမှုရတယ်၊ တဖက်သားမှာလဲ အကျိုးရှိသွားတယ်။ အခုကောင်းရင် နောင်ကောင်းဖို့ ပူစရာမလိုဘူး။ သိပ်လောဘ မထားနဲ့။ သူများကို ကူညီမိရင် တွေးမိတိုင်း သတိရစရာပေါ်လာတိုင်း နှစ်သိမ့်မှုပီတိဖြစ်ရတယ်၊ စိတ်ချမ်းသာတယ်၊ တော်ပြီပေါ့။
မဂ္ဂင္ရွစ္ပါးကေတာ့၊
မွန္ကန္တဲ့ အယူ
မွန္ကန္တဲ့ အေတြးအႀကံ
မှန်ကန်တဲ့ အပြော
မှန်ကန်တဲ့ ဆောင်ရွက်မှု
မှန်တဲ့ အသက်မွေးဝမ်းကြောင်း
မှန်ကန်တဲ့ အားထုတ်မှု
မှန်ကန်တဲ့ အောက်မေ့နိုးကြားမှု
မှန်ကန်တဲ့ တည်ကြည်မှု စူးစိုက်မှု တဲ့။
ကဲ ကြည့်၊ မဂ်ဂင်ရှစ်ပါးမှာ ဒါနဆိုတာ သီးခြားမပါဘူး။ မှန်ကန်တဲ့ ဆောင်ရွက်မှုထဲမှာ ထည့်လိုက်ပေါ့။ လိုအပ်တဲ့သူကို ပေးကမ်းစွန့်ကြဲတယ်ဆိုတာ ကောင်းတဲ့အလုပ်ပဲ။
(၂)နိဗ္ဗာန်ကို ဘယ်သူဖန်တီးထားတာလဲ (သို့) ဘယ်သူဖန်ဆင်းထားတာလဲ...(ကျိန်းသေတာတော့ နိဗ္ဗာန်ကို ဂေါတာမကိုယ်တိုင် ဆောက်လုပ်ထားခြင်းမဟုတ် တဦးတယောက်ဆိုလျှင်လဲ သူ၏အမည်ကို ဖော်ပြပေးပါ)
ငတုံး၊ နိဗ္ဗာန်ဆိုတာ ကစားကွင်းမဟုတ်ဘူး၊ ဒစ္စနေလန်းဒ် မဟုတ်ဘူး။ သူ့အလိုလို သဘာဝအတိုင်းတိုင်း ရှိနေတာ၊ အလိုလို ငြိမ်းချမ်းနေတာ၊ အဲဒါကို နိဗ္ဗာန်လို့ ခေါ်တာ၊ နိဗ္ဗာန်လို့ စကားအရာ အမည်တပ်ပေးထားတာ၊ ပရမတ်မှာက ဘယ်ဟာမှ ဘာမှမဟုတ်ဘူး။ ဗုဒ္ဓက အဲဒီရှိပြီးသားကြီးကို သိပြီးသားကြီးဖြစ်အောင် ဒီလက်ရှိကမ္ဘာသက်တမ်းမှာ ဘယ်ဆရာရဲ့ အကူမှမပါပဲ ကျင့်ကြံပေါက်မြောက်သွားတာ။
အဲဒီနောက် အိုကြီးအိုမ သေခါနီးအထိ တပည့်တွေ သတ္တ၀ါတွေကို ကျင့်မှရတယ်ဆိုတာကို ဆုံးမ လမ်းညွှန်သွားတာ၊ ဘယ်သူ့ကိုမှ ပုခုံးနဲ့ထမ်းပြီး ပို့ပေးတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို အားကိုးကြ၊ တခြား အားကိုးစရာမရှိဘူးလို့ အရင်းခံအထိ ပြောသွားတာ။
မင်းက ဘယ်နှစ်ဦးလောက်များ စေတနာမှန်မှန်နဲ့ ကူဘူးသလဲ၊ ပြန်စဉ်းစား။ မင်းလို ခွေးလှေးလောက် သတ္တ၀ါက ဗုဒ္ဓကို ညစ်ကျယ်ကျယ် လျှောက်ပြောတာ မင်း သေတဲ့အထိ သေပြီး ဟိုဖက်ရောက်အောင် ဆက်ခံရမှာစိုးလို့ ငါ သတိပေးလိုက်တာ။ ကိုယ်နားမလည်သေးရင် နားလည်အောင် အားထုတ်၊ သိသူကို မေးမြန်းမှတ်သား။ မေတ္တာစိတ် အကြင်နာစိတ် သူတပါးကို မစော်ကားလိုစိတ် မွေး။ နောက်ဆုံး ကိုယ်မယုံလဲ ဒီအတိုင်းနေ၊ အာမချောင်နဲ့။
(၃)လူသတ်သမား နိဗ္ဗာန်ရောက်နိုင်မလား???
လူသတ်သမား အမြင်မှန်ရပြီး အကျင့်မှန်ကျင့်ရင် နိဗ္ဗာန်ရောက်နိုင်တယ်။ အင်္ဂုလိမာလသုတ်ကိုဖတ်၊ အဲဒါကို ဆင်ခြင်စဉ်းစား။ မင့်အတွက်လဲ လမ်းမဆုံးသေးဘူး။
(၄)မိန်းမငါးယောက်ယူထားတဲ့သူ နိဗ္ဗာန်ရောက်နိုင်မလား????(ဥပမာ ဂေါတမလို့လူမျိုးပေါ့)
မင်း ဗမာလူမျိုးဟုတ်ရဲ့လား။ ငါတို့တတွေ (တိုင်းရင်းသားအားလုံး)မှာ ဂါရ၀တရားဆိုတာ နားလည်ကြတယ်။ မင်းကတော့ မင်းမိဘရဲ့ မျက်နှာကို ချေးနဲ့သုတ်တဲ့ အကောင်မျိုးပဲ။ ဒါပေမဲ့ မင့်ကို သနားသောအားဖြင့် ဖြေလိုက်တယ်။ ဆက်ဖတ်။
မိန်းမ ငါးယောက်မကလို့ တစ်ရာပဲယူယူ အမြင်မှန်ရ၊ အကျင့်မှန်ကျင့်ရင် နောက်ဆုံးမဂ်မရောက်ခင် အနာဂါမိမဂ်မှာ ကာမတဏှာကို အပြီးပယ်သတ်တယ်။ နိဗ္ဗာန်ဆိုတာ ရောက်ဖို့ ဆိုက်ဖို့ အခက်ဆုံးဖြစ်တယ်၊ အဲဒီလောက် အဖိုးထိုက်တဲ့အရာကို စတိလောက်ကျင့်ရုံနဲ့မရဘူး။ လနဲ့ချီပြီးလဲ ကြာနိုင်သလို နှစ်နဲ့ချီပြီးလဲ ကြာနိုင်တယ်၊ အယူအကျင့်မမှန်ရင် ဘ၀ပေါင်းများစွာ ကြာနိုင်တယ်။ တကယ်ကျင့်တဲ့သူဟာ ရမှ အကျင့်ကနေထတယ်၊ ဒီကြားမှာ မရခင် သေသာသွားချင်သွားမယ်၊ အကျင့်ကနေ မထဘူး။ နာမည်ကြီးချင်သူတချို့သာ တစ်နှစ် နှစ်နှစ် တောရဆောက်တယ်၊ ဘာညာနဲ့ ပြီးတော့ တရားလည်ဟော၊ စာအုပ်တွေထုတ်နဲ့။ ဒါ ဗုဒ္ဓအဆုံးအမနဲ့ မညီဘူးဆိုတာ သူတို့ သိတန်သလောက် သိတယ်။ ဗုဒ္ဓက ရဟန်းကိစ္စမပြီးပဲ မဂ်မဆိုက်ပဲ တရားမဟောရဘူးလို့ ပညတ်ထားတယ်၊ ဟောရင် အဲဒါ ယုတ်မာသော လောဘလို့ ပိဋကတ်မြန်မာပြန်မှာ အတိအလင်းပါတယ်။ ဘုန်းကြီးတချို့လုပ်တာကြည့်ပြီး ဗုဒ္ဓကို စော်ကားရင် မင်း အမှန်ပဲ ကံကြီးထိုက်မယ်။ မင့်မိခင် ဖခင်လဲ မင်းလို သားမျိုးမွေးမိတဲ့အတွက် ကြီးစွာသော အရှက် ရလိမ့်မယ်။ မင်း အသေအချာ စဉ်းစားပြီး၊ ဇာတ်မြှုပ်နေ၊ ဆက် မစော်ကားနဲ့၊ စော်ကားမိတာကို တောင်းပန်ရဲရင်တော့ မင်းလဲပဲ အာဂလူထဲ အပါအ၀င်ဖြစ်မယ်။
(၅) အရက်သမား နိဗ္ဗာန်ရောက်နိုင်မလား???? (ဘာလို့လဲဆို မြန်မာပြည်မှာ အရက်သမားတကယ်များတာ သူတို့အတွက် စာနာထောက်ထားပြီး မေးခွန်းမေးပေးတာပါ)
အထက်မေးခွန်းမှာ ဖြေခဲ့သလိုပဲ၊ အရက်သမားလဲ တနေ့မှာ ကျွတ်တန်းဝင်နိုင်တာပဲ။ အသိမှန် အကျင့်မှန်ပြီး ဇွဲရှိရင်၊ ၀ိရိယရှိရင် သေချာပေါက် နိဗ္ဗာန်ရောက်မယ်လို့ တထစ်ချမှတ်။
(၆)ရောက်နိုင်မယ်ဆိုရင်လဲ လူသတ်သမား/မိန်းမအများကြီးယူသော်သူ/အရက်သမား က မည်ကဲ့သို့ ခံယူချက်ကို မွေးပြီး အကျင့်သီလကိုစောင့်ထိန်းပြီး နိဗ္ဗာန်ရောက်နိုင်မလဲ????
ဘယ်လိုကျင့်ရမလဲဆိုတဲ့အမေးရောက်လာရင် အတော် အောင်မြင်ပြီ။ ကျင့်ချင်ရင် ကျင့်နည်းကို နာခံရတယ်။ သာမာန်ဘုန်းကြီးကို မကြည့်နဲ့၊ မကပ်နဲ့။ ၀ိပဿနာစခန်းတွေရှိတယ်။ မဟာစည်၊ စွန်းလွန်း၊ ချမ်းမြေ့ရိပ်သာ၊ ကျောက်သင်္ဘော၊ ဆရာကြီး ဦးဘခင်တည်ထောင်တဲ့ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာ စခန်း၊ သူ့တပည့် ဦးဂိုအင်ကာထောင်တဲ့ ၀ိပဿနာစခန်း (သူ့စခန်းက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက နိုင်ငံပေါင်း ၄၀ကျော်မှာ ဖွင့်ထားတယ်။ အဓိကက နည်းလမ်း (တရားထိုင်နည်း)ကို ကျကျနန လေ့လာ၊ ထိုင်ရင် အလွယ်လိုက်ပြီး တ၀က်တပြက်ပဒုမ္မာကြာ ထိုင်နည်းမထိုင်နဲ့၊ ဗမာထိုင်နည်းလို့လဲ တချို့အင်္ဂလိပ်တရားထိုင်စာအုပ်တွေမှာ ညွှန်းကြတယ်။ ဗမာတွေ ပြီးစလွယ်လိုက်ခဲ့လို့။ တခါတည်း အပင်ပန်းခံပြီး ပဒုမ္မာကြာ အပြည့်ပုံ၊ ဗုဒ္ဓဆင်းတုတော်ကိုကြည့်၊ အဲဒီအတိုင်းထိုင်။ အဓိက အာနာပါနကို လေ့ကျင့်။ ပထမပိုင်းမှာ စိတ်ကို ချည်တိုင်မှာ ချည်ဖို့ အလွန်ခက်ခဲကြောင်း တွေ့လိမ့်မယ်။ မလျှော့နဲ့။ ဆက်ပြီးကျင့်၊ များများ အချိန်မပေးနိုင်ရင် ၁၅ မိနစ်ဆိုလဲ ၁၅မိနစ်ပဲ။ စိတ်အင်အားတွေ တက်လာလိမ့်မယ်။ တဖြည်းဖြည်းနဲ့ လောဘ၊ ဒေါသ ထွက်တော့မယ်ဆိုရင် နည်းနည်းလေးဖြစ်ဖြစ် ကြိုသိလာလိမ့်မယ်။ ဒါဆို ထိန်းချုပ်ဖို့ အချိန်တိုးတိုးရလာမယ်။ နဂိုက ထစ်ကနဲရှိ စိတ်က ထောင်းကနဲ ထရာကနေ၊ တဖြည်းဖြည်း ငြိမ်လာလိမ့်မယ်။ လေ့ကျင့်မှ သိတယ်။ ဒါ ဗုဒ္ဓရဲ့ကျေးဇူးပဲ။ ငါအခု အကျင့်ပြတ်နေလို့ မင့်စာဖတ်ပြီး နည်းနည်းစိတ်တိုချင်တယ်။
မင်းပြောတဲ့ ဘုန်းကြီးတွေ အဆဲသန်တာ ကိုယ်တွေ့ဆိုရင် မင်းလဲ ဆင်ခြင်၊ မင်း ဗုဒ္ဓအပေါ် ဘာမသိညာမသိနဲ့ စော်ကားတာ ဗုဒ္ဓက ဘာမှမလုပ်ဘူး၊ မတုန့်ပြန်ဘူး၊ ပတ်ဝန်းကျင်ကသာ သိသွားရင် အရိုးတခြား အသားတခြား ဖြစ်သွားနိုင်တယ်။ (အသားလွတ် ခြိမ်းခြောက်တာလို့ထင်ရင် ကြေငြာသာကြည့်လိုက်မောင်၊ မင့်ကို အခွံနွှာချင်တဲ့လူတွေ တပုံပဲ)။ ဘာသာရေးဟာ အလွန်ဆွပေးလို့ ကောင်းတယ်ဆိုတာ မင်းလဲ ရိပ်မိမှာပါ။ ဒီတော့ အခုအချိန်ကနေ ပညာရှိမဖြစ်ခင် အတုခိုးတဲ့အနေနဲ့ မင်းပါးစပ်ကို နိုင်သလောက် ပိတ်ထား။ စိတ်ကောင်းမွေး၊ အကျင့်သီလ ဆောက်တည်၊ မသတ်ဘူး၊ မခိုးဘူး၊ သူများ သားမယား၊ မှားယွင်းတဲ့ကာမ မဆက်ဆံဘူး၊ စိတ်နဲ့တောင် မပစ်မှားဘူး၊ လိမ်ညာမပြောဆိုဘူး၊ မူးရင်မှားတတ်တဲ့ သေရည်သေရက်ကို မသောက်ဘူး၊ ဆိုတဲ့ အခြေခံသီလ လုံရင်ကို ကိုယ်ရောင်ကိုယ်ဝါထွက်ပြီ၊ ငါ ဒီသီလတွေ လုံပါကလားလို့ တွေးပြီး စိတ်ချမ်းသာမှုရပြီ။
(၇)နိဗ္ဗာန်မှာ ဘာရှိလဲ????
နိဗ္ဗာန်မှာ ငြိမ်းအေးမှုကလွဲလို့ ဘာမှမရှိဘူး။ လောကဓံအတိုက်ခံရပါများမှ ငြိမ်းအေးမှုတန်ဖိုးကို သိတာ။ ဆိတ်ဆိတ်ငြိမ်ငြိမ်လေးထိုင်ပြီး အတွေးစတွေဖြတ်ကြည့်၊ နည်းနည်းဖြတ်နိုင်ရင် နည်းနည်း ပိုအေးတာ တွေ့လိမ့်မယ်။ နိဗ္ဗာန် မင့်စိတ်ထဲမှာရှိတယ်။ လောကီနဲ့တွဲပြီး ရှိနေတယ်။ ဒါပေမဲ့ အတူတူမဟုတ်ဘူး။ တခုက ဆင်းရဲတယ်။ တခုက ချမ်းသာတယ်၊ အေးတယ် ငြိမ်းတယ်။ လူတိုင်းရဲ့ ပင်ကိုယ်သဘာဝမှာ နိဗ္ဗာန်လဲပါတယ်၊ ငရဲလဲပါတယ်။ အဲဒါကြောင့်မို့ ရှိပြီးသားကို သိပြီးသားဖြစ်အောင် ကျင့်ရတာ။ ပါရမီရှိသူ ရင့်သူများဟာ ဗုဒ္ဓလက်ထက်တော်တုန်းက တမဟုတ်ခြင်းတောင် နိဗ္ဗာန်ကို ဆိုက်တာ ရှိတယ်။ မင့်မှာလဲ ပါရမီမပါဘူးလို့ ပြောလို့မရဘူး၊ စောစောကပြောခဲ့တဲ့ အင်္ဂုလိမာလဟာ ဘုရားနဲ့မတွေ့ခင် လူတစ်ထောင်နီးပါး (၉ ၉ ၉ )ကို သတ်၊ လက်ညှိုးဖြတ်တဲ့ လူဆိုး၊ သူကတော့ ကံကောင်းလို့ ဗုဒ္ဓနဲ့ တွေ့တယ်။ ငါကတော့ ဗုဒ္ဓရဲ့ခြေဖ၀ါးက မြူမှုံလောက်သာ အသိရှိတယ်။ သို့ပေမဲ့ အခုငါပြောတဲ့ အစကိုနင်းပြီး မင်းရဲရဲလျောက်သွားပါ။ အဖြေကို မင်းကိုယ်တိုင် သိလာလိမ့်မယ်။ မိဖကျေးဇူးကို ဆပ်ရာ အရောက်ဆုံးလဲ ဖြစ်မယ်။ အေး ကွန်မြူနစ်ကိုတော့ သွားပြီးမယောင်နဲ့၊ ဒို့ယဉ်ကျေးမှု၊ ဒို့ဘာသာအခံနဲ့ ဘယ်လိုမှ မအပ်စပ်ဘူး။ စနစ်က ကောင်းချင်ကောင်းလိမ့်မယ်။ စဉ်းစားပြီး ချရေးထားတာ။ တကယ်လုပ်တဲ့စခန်းမှာကြတော့ လူဟာ လူပဲဆိုတာ ထည့်ရလိမ့်မယ်။ မရဘူး။
(၈)နိဗ္ဗာန်နှင့် နတ်ပြည်၏ ကွာခြားချက်ကို ဖော် ပြပေးပါ. နတ်ပြည်ကိုရောက်လျှင် နတ်သမီးဘယ်ညာ အပါးငါးရာယောက်ဖြင့် နေရမည်ဆိုတာ တကယ်လား လေရွှီးထားတာလား????
(နတ်သမီးဘယ်ညာ အပါးငါးရာဆိုလျှင် စာရေးသူ စိတ်ဝင်းစားမိတယ် အပါးငါးရာ မလိုပါဘူး ဟိုဘက်ငါးယောက်ဒီဘက်ငါးယောက်ဆိုရင် တော်ပါပြီ ဟီဟီ)
မဖောက်နဲ့ ကောင်ကလေး၊ အဲဒါကို ရှင်းဖို့ဆိုရင် ကာဠာမသုတ်ကို ဖတ်။ ဗုဒ္ဓက သူပြောတာ သူဟောတာမို့လို့လဲ အလွယ်မယုံနဲ့ဆိုတာ ထည့်ပြောထားတယ်။ ကိုယ်နဲ့တိုက်ကြည့်၊ ကျင့်သုံးကြည့်။ ကျင့်ကြည့်လို အဲဒီတရားဟာ ငြိမ်းအေးမှုကို ဆောင်ချဉ်းပေးတယ်၊ လောဘ၊ ဒေါသ၊ မောဟကို ပယ်ဖျောက်ပေးတယ်၊ စိတ်ချမ်းသာမှုကို ပေးတယ်၊ ပူပင်ကြောင့်ကြရတာတွေ ကင်းဝေးတယ် စသဖြင့် ကိုယ်တိုင် ခံစား သိရှိလာရင် ကောင်းတဲ့တရားကို ကျင့်သုံး၊ မကောင်းတာကို လွှင့်ပစ်၊ ဘယ်သူ့မျက်နှာမှ မကြည့်နဲ့တဲ့။ ဗုဒ္ဓက သံသယဖြစ်ခွင့်ပေးတယ်၊ ဒါ့ကြောင့် ပိဋကတ်ထဲပါကာမျှဖြင့် အားလုံးဗုဒ္ဓအဟော လုပ်မပစ်ကြနဲ့။
နတ်ပြည်ရှိလား ငါ့ကို မေးရင် ငါမသိဘူး။ ငါမသိလဲ အရေးမကြီးဘူးလို့ ဖြေမယ်။ အခုမြန်မာပြည်မှာ နားလည်နေတဲ့နတ်မျိုးရှိခဲ့ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ ဗမာတွေ ဘုရားဒါယကာမင်းတွေကို (ဗုဒ္ဓဘာသာဝင်တွေအဆိုအရ) အယူတိမ်းမှားနေတဲ့ နယ်ချဲ့မိစ္ဆာတွေက နိုင်လိုမင်းထက် သတ်ဖြတ်နှိပ်စက်ပြီး မြန်မာပြည်ကို ကျွန်သဘောက်ဘ၀ ဆွဲချတာကို မကူမကယ်ပဲ ဇိမ်ခံပြီး ကြည့်နေလိမ့်မယ်လို့လဲ မထင်ဘူး။ ဒီဘက်ခေတ် (ဟိုတခေတ်တော့ထားလိုက်၊ အလှမ်းဝေးလို့) မှာ နတ်နဲ့တွေ့ဘူးသူလဲ မရှိဘူး၊ တခါမှလဲ အသံမကြားဘူးကြဘူး။ ဒါ့ကြောင့် အဲဒါတွေကို ဘုရားဟောလို့ မှတ်ပြီး ဗုဒ္ဓကို ကံဓကောဇမတိုက်နဲ့၊ မှားမယ်။
ဗုဒ္ဓက အခုကိုယ့်မှာ ဘာဖြစ်နေသလဲဆိုတာသာ ကြည့်တဲ့၊ ဥပမာအနေနဲ့ အဆိပ်လူးမြားမှန်တဲ့လူကို ဆောင်ပြတယ်၊ ဘယ်သူပစ်သလဲ၊ ငဖြူလား၊ ငနီလား။ မြတ်တဲ့အမျိုးလား၊ ယုတ်တဲ့အမျိုးလား၊ စသဖြင့် အဲဒီမေးခွန်းတွေ ဖြေမှ မြားအနှုတ်ခံမယ်၊ ဆေးအလိမ်းခံမယ်လို့ ကလန်ကဆန်လုပ်နေမယ်ဆိုရင် အဲဒီအဖြေမရခင် သေဖို့သာပြင်တဲ့။ အခု ကိုယ့်မှာရှိနေတဲ့ အပူကို၊ ဒွိဟကို၊ စိုးရိမ်ကြောင့်ကြမှုကို အခုအေးအောင်လုပ်ရမှာဖြစ်တယ်။ တခြားဟာ စဉ်းစားဖို့မလိုဘူး။ ကျင့်လို့ မဂ်ဆိုက်တဲ့အခါမှာ နတ်ပြည်ရှိမရှိ ကိုယ်တိုင် သိလာလိမ့်မယ်။ တဏှာကို ဖြတ်၊ မဖြတ်နိုင်ရင် လျော့အောင်လုပ်။
(၉)မိန်းမမယူဘဲ သင်္ကန်းခြုံပြီး ဖာချနေသော ဘုန်းကြီးများ ဖာမချဘဲ ကိလေသာကို မိမိစိတ်ဖြင့် မိမိလက်ဖြင့် ပြုလုပ်နေသော ဘုန်းကြီးများ နိဗ္ဗာန်ရောက်နိုင်ပါသလား????
အဲဒီနှစ်မျိုးလုံးဟာ အာပါတ်သင့်တယ်။ အပြစ်ရှိတယ်။ ရဟန်းဝတ်မချွတ်သော်လည်း ရဟန်းမမည်တော့ဘူး။ ပါရာဇိကကံထိုက်တယ်လို့ခေါ်တယ်။ ပိဋကတ်တော်ထဲက ၀ိနယပိဋကတ်မြန်မာပြန်ကို ရှာ ဖတ်ကြည့်၊ အင်တာနက်မှာ မြန်မာလို တင်ထားတာတွေလဲ ရှိတယ်။ အဲလို ဘုန်းကြီးတွေရှိတာ အမှန်ပဲ။ ဒါပေမဲ့ သူ့ထို်က်နဲ့သူ ခံကြရလိမ့်မယ်။ ဗုဒ္ဓလက်ထက်မှာလည်း အဲဒီအမှုတွေပေါ်ခဲ့တယ်၊ တိရိစ္ဆာန်နဲ့စပ်ယှက်တဲ့ ရဟန်းလဲ ရှိတယ်။ အားလုံးကို ပညတ်ထားခဲ့တယ်။ သူတို့တတွေကိုလဲ သံဃအဖွဲ့အစည်းကနေ မောင်းထုတ်ခဲ့တယ်။
(၁၀)မိသားစုရဲ့ ကိုယ်ရေးကိုယ်တာကိုသာ ဂရုစိုက်ပြီး တောမထွက် အိမ်၌ပင် တနေ့တနာရီစာမျှ ကမ္မာဌာန်းရူတဲ့လူများကော နိဗ္ဗာန်ရောက်နိုင်မလား???(သို့) နိဗ္ဗာန်မရောက် နောက်ဘ၀ရောက်မယ်ဆိုရင်လဲ ဘယ်ဘ၀ကို ရောက်နိုင်မလဲ?????
ဒါပေမဲ့ သူ့ထို်က်နဲ့သူ ခံကြရလိမ့်မယ်။ လူဝတ်ကြောင်နဲ့ ကျင့်ရင်လဲ အကျင့်မှန် အကျင့်သန်ခဲ့ရင် ခုဘ၀မှာပဲ မဂ်ဖိုလ်ဆိုက်နိုင်တယ်၊ စွန်းလွန်းဆရာတော် လိုပေါ့။ သောတပတ္တိမဂ်၊ သဂဒါဂါမိမဂ်၊ ဒီမဂ်နှစ်ခုရတဲ့အချိန်အထိ ကာမတဏှာမပြတ်ဘူး။ အခုဘုန်းကြီးအများတကာ့အများစုဟာ ဘာမဂ်မှ မဆိုက်ကြဘူး၊ ကျောင်းကို မက်တယ်၊ အလှူဝတ္ထုကို မက်တယ်၊ လှတာ ချောတာကို ကြည့်ချင်တယ်၊ အစားအစာ ကောင်းတာကို စားချင်ကြတယ်၊ ကားစီးချင်ကြတယ်၊ တီဗွီကြည့်ချင်ကြ၊ ရေဒီယိုဆောင်ကြ၊ တယ်လီဖုန်း ဆောင်ချင်ကြနဲ့ တချို့များ လက်ပတ်နာရီတောင် ပတ်နေကြပြီ၊ ကင်မရာဆောင်နေကြပြီ။
နောက်ဘ၀ကိစ္စကတော့ တကယ်လို့ နောက်ဘ၀ရှိခဲ့ရင် အခုဘ၀ကောင်းမွန်စွာနေထိုင်ကျင့်ကြံသွားတဲ့ ပုဂ်ဂိုလ်ဟာ ကောင်းတဲ့ မြင့်မြတ်တဲ့ဘ၀ကို ရောက်မယ်။ ဒီလိုဘ၀တွေကို မြင်နိုင်စွမ်းဟာ မဂ်လေးတန် ဖိုလ်လေးတန်ဆိုက်ရုံနဲ့တောင် မရဘူးလို့ ကြားနာဘူးတယ်။ ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့၊ မြန်မာစကားမှာရှိတယ်။ အခုမကောင်းတာ ကောင်းတာ ပြု၊ ဒီကံအသစ်ဟာ နောက်ဘ၀မှာလည်း အကျိုးထင်ရှားပေါ်လိမ့်မယ်တဲ့။ ဖြစ်သူအဟောင်းကတော့ ဟိုဘ၀က ပြုခဲ့တဲ့ ကံဟောင်းကြောင့် အခုဘ၀မှာ ခုလိုဘ၀မျိုးကြုံရတာလို့ဆိုတယ်။ အဲလို မလိုချင်တဲ့ဘ၀မျိုး ကြုံရရင် သတိထား၊ ကံကောင်းအောင် ကောင်းတဲ့ကာယအလုပ်၊ ၀စီအလုပ်၊ မနောအလုပ်နဲ့ ပြန်ဆယ်။ ဒါ ဗုဒ္ဓအလိုကျ နည်းလမ်းပဲ။ လက်စားခြေဖို့များ မစဉ်းစားနဲ့။
အခု ဂျပန်ကဘုန်းကြီးတပါးဆိုရင် တရားကို ရက်ပ်နဲ့ သီဆိုနေပြီ၊ ဒီမှာတော့ ဘုန်းကြီးဆိုတာ စီးပွားလုပ်တယ်၊ အခွန်ကင်းလွတ်ခွင့်ရတယ်။ သားမယားယူကြတယ်။ မင်းပြောသလို ဖာခန်းနဲ့လဲ လုံးပုံပါပဲ။ အရက်ကလဲ တစွပ်စွပ်ပေါ့။ ဒါတွေနဲ့စာလိုက်တော့လဲ ဒို့ဘုန်းကြီးတွေ ဗုဒ္ဓစကား အကုန်နားမထောင်ပေမဲ့ အများကြီးတော်သေးတယ်လို့ဆိုရလိမ့်မယ်။ အကျင့်ဖက်ကို မလိုက်သော်ငြားလည်း နှိုင်းယှဉ်ကြည့်ရင် ဒို့နိုင်ငံက ဘုန်းကြီးတွေဟာ ကမ္ဘာမှာ အတော်ဆုံး၊ စည်းကမ်းအရှိဆုံးပါပဲ။ ၀ိပဿနာစခန်းက ဆရာတော်တွေကတော့ ထိပ်ဆုံးက ပေါ့ကွာ။
*****
---------- Forwarded message ----------
သာသနာတော်ကိုဆဲရေးသူတို့ကိုသင်တို့မည်သို့တုန့်ပြန်မည်နည်း?
'' ဘာသာရေးနဲပတ်သတ်လို အရှင်ဆေကိန္ဒ ရဲ. website မှာတွေ.လို.ကူးလာခြင်းဖြစ်ပါတယ်။
အခုတလော ဘာသာရေးနဲ.ပတ်သတ်ပြီ အငြင်းပွားစရာတွေကို အတိုင်အတာတစ်ခုထိ ပြေပျောက်သွားစေချင်ပါတယ်။''
မုဒိတာဖြင့် Blog ခြင်း
''(၁) လွန်ခဲ့သော နှစ်နှစ်ခန့်က ဂျဝါဟလာ နေရူးနှင့် အမီတာ ဘာချန်တို့ မွေးရပ်မြေ အလာဟဘဒ် မြို့ကို ကျော်ဖြတ်၍ ကောသမ္ဘီမြို့ဟောင်းဆီ အလည်အပတ် ရောက်ခဲ့ဖူးသည်။ ယခုတိုင်လည်း ကောသမ္ဘီ ခရိုင်အဖြစ် အသိအမှတ်ပြု ခေါ်ဝေါ်နေကြဆဲပင် ဖြစ်သည်။ ကောသမ္ဘီ မြို့ဟောင်းသည် မြို့ပျက်ကြီး သဏ္ဌာန်လည်း မရှိတော့။ တောင်ကုန်း မို့မို့လေးများနှင့် ဃောသိတာရုံ ကျောင်းနေရာဟု ယူဆရသော ပရိဝုဏ် အုတ်ရိုးအုတ်ဘောင်များသာ တွေ့ရသည်။ဃောသိတာရုံ ကျောင်းဆိုသည်က ဃောသက သူဌေးကြီး၏ ကောင်းမှုဖြစ်သည်။ ဃောသက သူဌေးကြီးနှင့် ဆက်ကာ သူဌေးကြီး၏ မွေးစားသမီးလေး သာမာဝတီကို သတိရလိုက်သည်။ သာမာဝတီက နောက်တစ်ချိန်တွင် ကောသမ္ဘီတိုင်း အရှင် ဥတေနဘုရင်၏ မိဖုရားတစ်ပါး ဖြစ်လာသည်။ သာမာဝတီတွင် မာဂဏ္ဍီ အမည်ရှိ ပြိုင်ဘက် မိဖုရားတစ်ပါးလည်း ရှိနေပြန်သည်။သာမာဝတီက ဗုဒ္ဓအရှင်ကို ကြည်ညို လေးမြတ်သမျှ မာဂဏ္ဍီ အတွက်တော့ ဗုဒ္ဓဘုရားဆိုတာ ခါးသော အသီးကြီးပင် ဖြစ်သည်။ ကြားလည်း ခါး၊ မြင်လည်း ခါး၊ တွေးလည်း ခါးနေတော့သည်။ ဗုဒ္ဓအရှင်ကို ကြည်ညိုသော သာမာဝတီကို အပြတ် ရှင်းပစ်ချင်သလို ဗုဒ္ဓ အရှင်ကိုလည်း ကောသမ္ဘီ အ၀န်းအ၀ိုင်းမှ လွင့်ထွက်သွား စေချင်သည်။ သို့နှင့် ဗုဒ္ဓအရှင်၏ ဆွမ်ခံလမ်း တစ်လျောက်တွင် ဆဲနည်းပေါင်းစုံဖြင့် ဆဲရေးသူများ ပေါ်ပေါက်လာအောင် မာဂဏ္ဍီက ဖန်တီးခဲ့သည်။ အကွက်ကျကျ ဆဲနည်း ဆယ်မျိုး ရှိသည်ဟု ဆိုပါသည်။ကောသမ္ဘှီ မြို့ဟောင်း တစ်နေရာမှာ ရပ်နေရင်း ထိုမြင်ကွင်းကို လမ်းမျှော် ငေးခဲ့ဖူးလေသည်။ ရှုလော့။ ဗုဒ္ဓအရှင်နှင့် သံဃာတော်များ စီတန်းလှည့်လည်ကာ ဆွမ်းခံကြွလာပြီ။ လမ်းဘေး ၀ဲယာမှာတော့ ဆဲရေးနေသူများ။ အော်ဟစ် ခြောက်လှန့် နေသူများ။ လက်သီး လက်မောင်းတန်း ယိမ်းထိုးနေသူများ။ ရီဝေကျိန်းစပ်သော မျက်လုံး အကြည့်များ။သာမန် ရဟန်းတစ်ပါးထက် အရိယာအဖြစ် ပိုလွန်သော အာနန္ဒာ မထေရ်သည်ပင် တုန်လှုပ် ခြောက်ခြားသွားသည်။ အမှန်တကယ်ပင် ခြေလှမ်း မှားစရာလည်း ကောင်းလှသည်။ ကိုယ့်ကို မလိုလားသူတို့ ကြားတွင် ဖြတ်လျှောက်ရသော ကြပ်တည်းမှုမျိုးကို ကြုံဖူးကောင်း ကြုံဖူးနိုင်သည်။ ဘယ်လောက်များ နောက်ကျော မလုံစရာ ကောင်းလိုက်ပါသလဲ။ဗုဒ္ဓအရှင် ကြုံတွေ့ နေရသည်က အရပ်လေးမျက်နှာ ၀ိုင်းအုံဆူပူ ဆဲရေးမှုကြီး ဖြစ်သည်။ ဆဲတတ်သူများနှင့် တစ်မနက်ခင်းလုံး သာမက (၇)ရက်တိုင်တိုင် ဖြစ်သည်။ ပထမဆုံး ရင်ဆိုင် တွေ့ရသော နံနက်ခင်းဆီက ဗုဒ္ဓအရှင်နှင့် အာနန္ဒာ မထေရ်မြတ်တို့၏ ဆွမ်းခံလမ်းပေါ်က ဒိုင်ယာလော့ဂ်ကို ဤသို့ ကြားလိုက်ရသည်။အာနန္ဒာ “မြတ်စွာဘုရား ကောသမ္ဘီသား တွေဟာ တပည်တော် တို့ကို ရိုင်းပျစွာ ဆဲရေးနေကြပါပြီ။ အရပ်တစ်ပါးကို ထွက်သွားကြပါစို့”ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ”အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။”ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ”အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။”ဗုဒ္ဓ “တကယ်လို့ ထွက်သွားမိတဲ့ အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ် ဆိုရင်ကော အာနန္ဒာ”အာနန္ဒာ “အခြားအရပ်ကို ထွက်သွားကြ တာပေါ့ ဘုရား။”ဗုဒ္ဓ “အာနန္ဒာ ဒီလို မလုပ်ကောင်း ပေဘူး၊ အဓိကရုဏ်း ပြဿနာ ဖြစ်ပွားတဲ့ နေရာမှာ အဓိကရုဏ်း ငြိမ်းအေးမှ သာလျှင် အရပ်တစ်ပါးကို ထွက်ခွာသင့် ပေရဲ့။”ဗုဒ္ဓအရှင်၏ ရဲရဲတောက်သော စကားတော် ကိုလည်း ဆက်နာကြည့် ပါဦး။“အာနန္ဒာ ငါကိုယ်တော်ဟာ စစ်မြေပြင် ထွက်တဲ့ ဆင်ပြောင်ကြီးနဲ့ ထပ်တူဖြစ် ပေရဲ့။ စစ်မြေပြင်က ဆင်ပြောင်ကြီးဟာ အရပ် လေးမျက်နှာက တိုက်ခိုက် ပစ်လွှတ်လိုက်တဲ့ မြားတွေကို ကြံ့ကြံ့ခံနိုင် သလိုမျိုး မိုက်မဲ ညံဖျင်းသူတို့ ဆိုဆဲတဲ့ စကားအဖျင်းတွေကို သည်းခံရန်မှာ ငါ့ဝန်သာ ဖြစ်ပစေတော့။”ဗုဒ္ဓအရှင်က ဆဲရေးသူများကို မည်သို့မျှ မတုန့်ပြန်ခဲ့။ သို့နှင့် (၇)ရက် အတွင်းမှာပင် ဆဲရေးသူများ ပျင်းရိသွားသည်။ ဗုဒ္ဓ အရှင်မြတ်နှင့် ဗုဒ္ဓ အရှင်မြတ်၏ တရားဓမ္မကို အတွင်းသား အပြင်သား ခွဲခြားမသိသော မိုက်မဲစွာ ဆဲရေးသူတို့အား စောင်းငဲ့ကြည့်ဖွယ် မလိုခဲ့ပါလေ။ ကရုဏာဖြင့် စုတ်သပ်ရုံပင် ရှိတော့သည်။
(၂)ဒုတိယ သင်တန်းပြီးချိန် မှာတော့ ဂျမူးတက္ကသိုလ်တွင် ပါရဂူ ကျမ်းပြုနေသည့် ပညာရေး ကော်မတီဝင် အရှင်ကုဏ္ဍလက ဗာရာဏသီရောက်ခိုက် မိတ်ဆွေ ရဟန်းတော်များကို ဘလော့ နည်းပညာ စာအုပ်လေးများ ဓမ္မဒါန ပြုလေသည်။* အားလုံး ဘလော့ကြပေရော။* ဆည်းပူးထားသမျှ ဓမ္မအသိ ဓမ္မနည်းနာတွေ ဖြန့်ဝေကြ ပေရော။* အခြားသူတို့ရဲ့ ယုံကြည်ချက်နဲ့ ဘာသာတရားကို မထိပါးစေဘဲ ဗုဒ္ဓ အရှင်မြတ်ရဲ့ သတင်းစကား အစစ်အမှန် တွေကို ကမ္ဘာ့နားတွေ ကြားအောင် ကြွေးကြော်ကြ ပေရော။* ဗြဟ္မစိုရ် နှလုံးသားကို ဖွင့်ကာ ကမ္ဘာမြေရဲ့ မျက်လုံးတွေကို ပွင့်လင်းကြ စေရော။
(၃)အသောက မင်းတရား၏ ကျောက်စာတော် သည်လည်း ယနေ့ အင်တာနက် စီးဆင်းမှုကို ရုတ်ရုတ်သည်းသည်း ငြင်းခုန် ရန်လိုမှုများဖြင့် ဖြတ်သန်းလိုသော ဘာသာရေး ဘလော့ဂါများ အတွက် လေးစား လိုက်နာဖွယ်ရာ ကောင်းလှပေသည်။“မိမိ ဘာသာတရား ကိုသာ လင်းပစေပြီး အခြားသူတို့ရဲ့ ဘာသာတရားကို ပြစ်တင်ရှုတ်ချ မပြုသင့်ကြ။ အခြားသူတို့ရဲ့ ဘာသာတရား ကိုလည်း လေးစားထိုက် ပေရဲ့။ အခြားသူ တို့ရဲ့ ဘာသာတရားကို လေးစားခြင်းဟာ မိမိ ဘာသာတရားကို လင်းပ ထွန်းကားစေနိုင် သပ။ မိမိ ဘာသာတရားကို ထွန်းပ။ အခြား ဘာသာတရားကို နှိမ့်ချခြင်းဟာ မိမိ ဘာသာတရားရဲ့ သင်္ချိုင်းကို မိမိကိုယ်တိုင် တူးမြှုပ်ရာ ရောက်သလို အခြား ဘာသာတရား ကိုလည်း နာကျင်စေတတ် ပေရဲ့။”“ငါ့ ဘာသာတရား ကိုသာ ငါထွန်းပ စေမည်” ဆိုတဲ့ အတွေး သက်သက်နဲ့ မိမိ ဘာသာတရားကို တစ်ဖက်သတ် ဂုဏ်ပြုချီးပပြီး အခြား ဘာသာတရားကို နှိမ့်ချ ပုတ်ခတ်ခြင်းဟာ မိမိ ဘာသာတရား ကိုသာ ပိုပြီးထိခိုက်ဖွယ် ရှိတော့တယ်။ ညီညွတ်ခြင်းဟာ မွန်မြတ်စွ။ အားလုံး နားထောင်ကြစေ။ အခြား ဘာသာတရားတို့ရဲ့ သွန်သင်ချက် ကိုလည်း နားထောင်တတ်ရန် ဆန္ဒရှိကြစေ။”
(ကျောက်စာတော် အမှတ် ၁၂)
(၄)ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကိုသူမဲ၊ လူပုံထဲ၌ဆိုဆဲရိုင်းပျ၊ သူရန်စလည်းမင်းက မဖြုံ၊ မင်း မမှုန်ခဲ့မတုန်မလှုပ်၊ မင်းပြုံးရုပ်သည်ဟုတ်လှပေစွ၊ ဟုတ်ပေစွ။
အခါတပါး၊ မြတ်ဘုရားကိုပုဏ္ဏားဒွါဇ၊ အမျက်ရှ၍ငဆ နင်ပဲ၊ မျိုးစုံဆဲ၏ဆိုဆဲအားရ၊ ထိုခဏ၌ဗုဒ္ဓဘုရား၊ ထိုပုဏ္ဏားနှင့်စကားချီချ၊ ဆိုခဲ့ကြ။
-ဘာရဒွါဇ၊ ဗြဟ္မဏ-အိမ်ဝရောက်လာ၊ သင့်ဆွေညာအားရသာချိုအေး၊ ခဲဖွယ်ပေး၍မကျွေးသလော၊ ကျွေးသလော ။
-ငါ့ဆွေငါ့မျိုး၊ ငါမြတ်နိုး၍မုန့်မျိုးစုံစွာ၊ သုံးဆောင်ပါ-ဟုငါကျွေးမွေး၏၊ ငါပေး၏။
-ဘာရဒွါဇ၊ ဗြာဟ္မဏသူကငြင်းဆန်၊ လက်မခံသော်ကြံ ပျား ဆီဥ၊ ခဲဖွယ်စုသည်မည်သူ့လက်မှာ၊ ရှိသနည်း။
-သူမယူဘိ၊ နေသည်ရှိသော်ငါ၏လက်မှာ၊ ရှိသည်သာ ။
-ဘာရဒွါဇ၊ ဗြာဟ္မဏ ငါ့အားသင်ပေး၊ မယဉ်ကျေးသည့်ဆဲရေးတိုင်းထွာ၊ ဆဲ တစ်ရာကိုငါ လက်မခံ၊ မိန့်လိုက်ဟန်သည်သုတ္တန်ထင်ရှား၊ အရှိသား။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းသိ မသိ၊ ငါမသိခဲ့ငါသိသည်မှာ၊ သိရုံသာတည်းမင့်မှာတမူ၊ ယူမတူတို့ငြူစူမှိုင်းမှုန်၊ အဆဲစုံ၌မတုန်မလှုပ်၊ မင့်ပြုံးရုပ်သည်ဟုတ်လှပေစွ၊ ဟုတ်ပေစွ။
(ဇော်ဂျီ)
ကဲ ငါ့ရှင်တို့ သတိကြီးစွာ မုဒိတာဖြင့်သာ ဘလော့ကြ ပေရော။ ဆဲသောသူများ အသံကား ကြားရန်မလိုပြီ။ ဆွေးနွေး ဝေဘန်မှုများ ကိုကား ဓမ္မနည်းလမ်းကျစွာ ဖြေရှင်းကြရ ပေလိမ့်မည်။
---***---
ဓမ္မဂင်္ဂါ http://dhammaganga.blogspot.com/ ဘလော့မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေလိုက်ပါတယ် ခင်ဗျာ…။ --
မိတ်ဆွေအပေါင်းတို့ခင်ဗျား အလွန်ကောင်းမွန် တန်ဖိုးရှိတဲ့ ဒီ.. ငြိမ်းချမ်းရေး ဆောင်းပါးလေးကို အားလုံးဖတ်သင့်ကြပါတယ်လို့မြင်လို့ တဆင့်မျှဝေလိုက်ရပါတယ်။လိုက်နာနိုင်ဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။
လေးစားလျှက်
ဝင်းမောင်--- wmaung4@yahoo.com
On Wed, 1/27/10,
1/24/2010
အသေးဆုံးတောက်တဲ့၊ ဖေါက်ထွင်းမြင်နိုင်သောဖါး၊အရှည်ဆုံးမြွေပွေးနှင့်ခရု စုပ်တဲ့ မြွေ
အီကွေဒေါနိုင်ငံ အနောက်ပိုင်းဒေသရှိ Cerro Pata de Pajaro တောနက်ကြီး အတွင်းတွင် အသေးဆုံး တောက်တဲ့၊ ဖောက်ထွင်း မြင်နိုင်သော ဖား၊ ခရုကို စုပ်ယူ စားသုံးသော မြွေအပါအ၀င် တိရစ္ဆာန် မျိုးစိတ်သစ် ၃၀ ခန့်ကို အီကွေဒေါ နိုင်ငံရှိ အဆိုပါတောနက်ထဲ တွေ့ရှိ ခဲ့သည်ဟု သိရသည်။
၎င်းမျိုးစိတ်များကို Reptile & Amphibian Ecology International မှ ဒေါက်တာပေါလ်ဟာမီလ်တန် ခေါင်းဆောင်သော သုတေသီများက တွေ့ရှိခဲ့ကြောင်း1/13/2010 တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယင်းတိရစ္ဆာန်များမှာ မျိုးသုဉ်း ပျောက်ကွယ် လုနီးပါး အန္တရာယ် ကြုံတွေ့ နေရသလို ၄င်းတို့ နေထိုင်ရာ မုတ်သုံ သစ်တော အတွင်းရှိ ( ငှက်ခြေထောက်တောင်ကုန်း) ဟု အမည် ရသည့် တောင်စောင်းကြီး မှာလည်း စိုက်ပျိုးမြေ အတွက် ခုတ်ထွင် ရှင်းလင်း မှုများကြောင့် ပျက်စီး တော့မည် အန္တရာယ်နှင့် ရင်ဆိုင် နေရ သည်ဟု သိရသည်။
အဆုတ်မပါသော ရေပုတ်သင် မျိုးစိတ်သုံးမျိုးကိုတွေ့ခဲ့ရသလို ကမ္ဘာပေါ်တွင်အရှည်ဆုံးမြွေပွေးအ နွယ်ဝင်မြွေတစ်မျိုးကိုလည်းတွေ့ခဲ့ရ သည်။ခရုစားသည့်မြွေ မှာအနီရောင် အစင်းများပါရှိပြီး ခရုခွံအတွင်းဝင် နိုင်သည့် တုံးသောနှုတ်ခမ်းပါရှိကာ အခွံတွင်းမှခရုကိုစုပ်ယူစားသုံးခြင်း ဖြစ်သည်ဟု သိရသည်။

ခဲတံထိပ်က အသေးဆုံးတောက်တဲ့


1/15/2010
နအဖ စစ်တပ်ကို ပြိုကွဲအောင်
ခိုင်အောင်ကျော် ( စစ်တွေ )
1/08/2010
1/04/2010
စောထ ဖေါင်ဒေးရှင်း ရံပုံငွေအတွက် ထုတ်ဝေမည့်တေးဆီးရီးစ်
ကဲ..ကောင်းဘီ ပြော ဆီးရီးစ်နံမယ် ဘာလဲ။
ပိစ် အင်ဖလူးရင့်စ်။
စာလုံးပေါင်း...။
ခင်ဗျားဝပ်ထဲအသံထွက်သလို ရိုက်ထည့်လိုက်ဗျာ စပယ်လင်ကပြင်ပေးလိမ့်မယ်။
ကောင်းဘီ ဘယ်သူတွေဆိုမှာလဲ။

ငြိမ်းစေ။
ပီးတော့ကော..။
ငြိမ်းစေဘဲထားအုံး။
ဟုတ်ပီ နောက်ကော..။
လိုင်းရင့်စ်လို့သုံး အယ်လ်ဝိုင် အာရ် အိုင် စီ။ ဒါလဲ ငြိမ်းစေဘဲ။
မြူးဇစ်အရိန်းမင့် က ဂျိမ်းစ် ကိုဘေး။
James Co. Bay ဒီလိုလား။
ဟုတ်တယ်။ ၀ိုင်းက ရီဘယ်လ် သူပုန်ပေါ့ဗျာ။
အိုကေ သရုပ်ဖေါ်ဘာရေးရမလဲ
ခင်ဗျားဘာရေးမလဲ။
စောထက ပဲဟင်းအိုး ဖိုတိုင်မှာထောင်ထားတဲ့ဂစ်တာအဟောင်းကို မိုးကြိုးပြစ်နေတဲ့ပုံ ရေးမယ်။
စောထက ပဲဟင်းအိုး ဖိုတိုင်မှာထောင်ထားတဲ့ဂစ်တာအဟောင်းကို မိုးကြိုးပြစ်နေတဲ့ပုံ ..... ရေးဗျာ
-
ဒါပေမဲ့တကယ်ရေးမယ်ကြံတော့ ဂန္တ၀င် ပြုတ်မနူး ပဲအိုးကို ပီပြင်အောင်မဖေါ်ကျူးနိုင်မှာစိုးလို့ တခြားပုံတခုဘဲ လုံးချလိုက်ပါတယ် ရဲဘော်တို့ခွင့်လွတ်ပါ။
-
အချက်အလက်အပြည့်အစုံကိုတော့ ကိုမောင်မောင်စိုး အင်တာနက်သုံးနိုင်တဲ့နေရာရောက်မှ သီချင်းအမြီးနဲ့အတူ ယူဗျာ။
ဟဲဟဲ ဇတ်လမ်းက အီးမေးလ်လာမှသိမယ်ပေါ့ဗျာ
1/02/2010
e-mail ကလာတယ် ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်။ ..တဲ့
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုးပေးမည်၊ မကောင်းတာလုပ် မကောင်းမှုများ အကျိုးရမည်ဟူ၍ ဟောကြားခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရားပေါ်၌သာ တည်လေသည်ဟူ၍ မြတ်စွာဘုရားရှင်၏ ဒေသနာတော်များရှိခဲ့သည်။သို့သော် . . . . .''ဟာ ... မင်းတို့က တတ်လည်း တတ်နိုင်ရဲ့သားနဲ့၊ ပိုက်ဆံလည်း ရှိသားနဲ့ ဘာလို့ ဒီနာရေး ကူညီမှု အသင်းကိုမှ သွားပြီး အကူအညီ တောင်းရတာလဲ'' ဘာဖြစ်လို့ ကိုယ်ပိုင် အခေါင်း (Coffin) နဲ့ မီး မသဂြိုလ်တာလဲ''စသည် ... စသည် စကားသံများ၊ တီးတိုး သံများသည် ကျွန်တော့် အဒေါ်ဝမ်းကွဲတော် သူ၏ နာရေးကိစ္စတွင် အဒေါ်၏ သားဖြစ်သူ၊ ကျွန်တော်၏ ညီဝမ်းကွဲအား သူတို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ချို့မှ ပြောကြားလိုက်သော စကားရပ်များပင် ဖြစ်တော့သည်။ ကျွန်တော်၏ ညီဝမ်းကွဲမှ ကျွန်တော့်အား ပြန်လည်၍ ပူဆွေးသောက အပူမီးများထဲမှ အားယူကာ တီးတိုး ပြန်လည် ပြောပြ၍ ကျွန်တော် သိလိုက်ရခြင်းပင်။ဤတွင် ကျွန်တော့်တွင် ရှင်းပြရန် တာဝန်ရှိလာသည်။ ကျွန်တော့် ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင် အသိနှင့် ရှင်းပြသည်ထက် ကျွန်တော်တို့၏ ခေါင်းဆောင်ကြီးဖြစ်သော၊ ကျွန်တော်တို့ ကြည်ညို လေးစားသော မန္တလေးမြို့၊ ဗြဟ္မစိုရ်ကျောင်းတိုက် ဆရာတော်ကြီး မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တတိက္ခ ဟောကြားခဲ့သော ယဿ သတို့သား တရားတော်ထဲမှ လူများ အယူသီး ပုံများ၊ အစွဲကြီးပုံများ၊ တလွဲ ဆံပင် ကောင်းမှုများကို ထုတ်နှုတ် ရှင်းပြ ပါမည်။ဆရာတော်ကြီးသည် ဤယဿ သတို့သား အရဟတ္တဖိုလ်တည်ခန်း တရားတော်ကို အမျိုး၊ ဘာသာ ၊ သာသနာ အတွက် ဟောကြား ခြင်းပင်ဖြစ်သည်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာ သုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်း မှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုး ပေးမည်၊ မကောင်းတာ လုပ် မကောင်းမှုများ အကျိုး ရမည် ဟူ၍ ဟောကြား ခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင် ပစ္စည်း၊ ကိုယ်ပိုင် ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရား ပေါ်၌သာ တည် လေသည် ဟူ၍ မြတ်စွာ ဘုရားရှင်၏ ဒေသနာ တော်များရှိခဲ့သည်။သို့သော် လူအများစုသည် နာရေး ကိစ္စများတွင် အယူသီး ကြသည်။ နာရေး ကိစ္စကြောင့် စီးပွား ပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံး တတ်တယ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်စေတယ် ... စသည် ... စသည်ဖြင့် ဘိုးဘေး ဘီဘင် လက်ထက်ကတည်းက အယူ သီးမှုများ၊ အရိုး စွဲမှုများ၊ အမှား စွဲများ ရှင်သန်လာခဲ့သည်။ယနေ့ခေတ် လူ တော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြကာ မိမိကိုယ်ကို မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု ထင်နေ ကြသည်။ မြင်နေကြသည်။ အမှန် စစ်စစ် ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘ (သို့မဟုတ်) အ မင်္ဂလာများသာ ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့အားလုံး ရေမချိုးဘဲနှင့် ရက်ပေါင်း (နှစ်ဆယ်) ခန့် နေကြည့်သော် မိမိတို့ ခန္ဓာမှ အပုပ်နံ့များ တထောင်းထောင်း ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘ ချည်းပင် ဖြစ်တော့သည်။ မည်သည့်အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။မြတ်စွာဘုရားရှင်သည် လူများ ၉၆ ပါးသော ရောဂါ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရှေးယခင်ကာလ ကမ္ဘာဦးစ ကာလတွင် လိုချင်တပ်မက်မှုကြောင့် ဖြစ်ပေါ်သောရောဂါ၊ ဆာလောင်မွတ်သိပ်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါ၊ အိုမင်းရင့်ရော်မှု ရောဂါ ဟူ၍ သုံးမျိုး သာရှိခဲ့သည်ဟူ၍ ဟောကြား ခဲ့သည်။ ဤတွင်မှ တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းမှ အစပြု၍ ရောဂါ ၉၆ ပါးတို့သည် လူတို့တွင် ဖြစ်ပေါ်လာရတော့သည်။မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းရာ၌ 'ခိုက်သည်' ဟူ၍ မဟောကြားခဲ့ပါ။ အမှန်စင်စစ် တိရစ္ဆာန်မသာ (ဥပမာ - ကြက်၊ ဝက်၊ ပုရစ်...) ကို ဝမ်းဗိုက်အတွင်းသို့ သွင်းမှသာ ခိုက်မည်ဖြစ်သည်။ ဒူလာ အညောင်းရောဂါသည် သည် ကြက်သားစားကြည့်၊ သွေးတိုးရောဂါရှိလျှင် ဝက်သာ စားကြည့်၊ ပုရစ်စား ကြည့်လျှင် သေသည် အထိ ခိုက်မည် ဖြစ်သည်။ ဦးနှောက်သွေးကြော ပြတ်၍ သေသည် အထိ ခိုက်မည်ဖြစ်သည်။ ဤတွင် မြတ်စွာဘုရား၏ အယူနှင့် လူအတော် များများ၏ အယူတို့သည် ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။ဆုံးပါးသွားတဲ့ လူမသာကို အိမ်ထဲ မသွင်းကောင်းဘူး၊ အိမ်ရှေ့က မဖြတ်ရဘူး၊ အိမ်ပေါက်ဝက မထုတ်ရဘူး ဟူ၍ အယူသီးမှုများနှင့် ရှုပ်ထွေး နေတော့သည်။ ရွာ အပြင်ဘက်တွင် သေလျှင် ရွာထဲ မသွင်းရဘူး၊ အရပ် အပြင်ဘက်တွင် သေလျှင် အရပ် ထဲ မသွင်း ကောင်းဘူး။ သွင်းလျှင် ရွာ နာတယ်၊ အရပ် နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ် ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး အားလုံး နီးပါး အယူသီးမှုက စိုးမိုး လွှမ်းခြုံမှုကို ခံနေရသည်။ဤသို့ဆိုလျှင် မနက်တိုင်း မနက်တိုင်း အိမ်ရှင်မများ ဈေးမှ အပြန်ကို ကြည့်လိုက် စေချင်သည်။ ခြင်းတောင်းလေးနှင့် ဈေးဝယ် ပြီး ပြန်လာ သည့်အခါတွင် ခြေထောက်လေး နှစ်ချောင်းကို ဈေးခြင်းတောင်း အတွင်းမှ အပေါ်ပေါ်အောင် ဟင်းသီးဟင်းရွက်များကို အောက်မှ ခုကာ ပြန်လာပုံကို တွေ့ကြရမည်ဖြစ်သည်။ ဤ ခြေထောက်ကား ကြက်၊ ဝက် စသည့် တိရစ္ဆာန်၏ ခြေထောက်ပင်။ ဤသို့သော ကြက်၊ ဝက်၊ ဆိတ်၊ ငါး စသည့် တိရစ္ဆာန် မသာပေါင်းစုံတို့ကို မိမိတို့အိမ်တွင်းသို့ ဂုဏ်ယူဝင့်ကြွားစွာ သွင်းကြသည်။ အဆုံးစွန်ဆုံး မြွေ မသာ လည်းသွင်း၊ ပုရစ်မသာ လည်းသွင်း၊ ဖား မသာလည်း သွင်းကြတော့သည်။'လူမသာတော့ မသွင်းဘူးတဲ့' လူသေလျှင် အိမ် နောက်ဘေး သယ်သွား၊ ပြီးရင် တံစက်မြိတ် ရေ လက်ပြန် ရေနှင့် ရေချိုးပေး၊ ဆပ်ပြာတိုက်၊ ရေသုတ်၊ အဝတ်အစား ဝတ်ပေး၊ သနပ်ခါး လိမ်း၊ ဆံပင် ထုံးပေး၊ နှုတ်ခမ်းနီ၊ ပါးနီ ဆိုးပေး၊ နှင်းဆီပန်း ပန်ပေးနှင့် စသည့်ဖြင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြ နေကြ တော့သည်။ အလောင်း လှအောင် လုပ်တာတဲ့၊ ပြုံးပြုံးလေး သေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်း ကဆံပင်ကို ဖြတ်ပြီး ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ ဘာဖြစ်လို့လဲ မေး ကြည့်တော့သူ့ကို အိမ်မှာ နှစ်ညတောင် သိပ်ထားရဦးမှာတဲ့။ သေတာတောင် အချုပ်အနှောင် ခံရတဲ့ ဘဝ၊ အမှန်စင်စစ် တရားလေး တွေ့ပြီး ပြုံးပြုံးလေးသေမှ အလောင်းလှမည်ဖြစ်သည်။ယခုမူ ဈေးမှ သယ်လာသော တိရစ္ဆာန် မသာများကို အိမ်ထဲသွင်း၊ မီးဖိုချောင်ထဲ သယ်၊ ရေဆေး၊ ဓားသွေး၊ ခုတ်ထစ် ပိုင်းဖြတ်၍ ချက်ပြုတ်၊ စားပွဲပေါ် တင်ကာ မိသားစု ဝိုင်းဖွဲ့ပြီး စားသောက်ကြသည် မဟုတ်ပါလား၊ အရိုးကိုပင် နူးနေအောင်လုပ်ပြီး စားကြသည်။ ပါးစက်ထဲ ညက်ညက် ကြေအောင်ဝါး၊ မျိုချ၊ ဝမ်းဗိုက်ထဲသို့ ရောက်သွားတော့သည်။ ဤနေရာတွင် လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သင်္ချိုင်းပင်၊ လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသင်္ဂြိုလ်စက်ပင်ဖြစ်တော့သည်။ တိရစ္ဆာန်မသာကျတော့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာ ကျတော့ အိမ်ထဲသို့ပင် အသွင်းမခံမှုတို့သည် အဆိုးဝါးဆုံးသော အယူသီးမှု။ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။တစ်ဖန် လူသေ ပါးစပ်ထဲသို့ ငွေတစ်မတ် ထည့်ခြင်းသည် ''ကူးတို့ခ'' ဟု ဆိုကြပြန်သည်။ လူသေ အသက်မရှိသော ခန္ဓာသည် ငွေတစ်မတ်နှင့် မည်သည့် ကားကို စီး၍ ရမည်နည်း။ အချို့သော သူတို့က ပါးစပ်ထဲမှ ငွေတစ်မတ်ကို နှိုက်ယူ ပြန်သည်။ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့၊ နောက် နာရေး မော်တော်ယာဉ်လည်း ရောက်ရော ခြေက မထုတ်ရဘူး၊ ခေါင်းက မထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံနဲ့ မထိရဘူး၊ လှေကားက မဆင်းရဘူးနှင့် ''ဘူး'' များ ပဲ့တင် ထပ်လျှင်ပင်၊ နောက်ကြေးစည်ထု၊ ကနဖျင်း ဖျက်ခြင်းများ ပြုလုပ်တော့သည်။ရေအိုးခွဲ လိုက်ခြင်းသည် သေသူအား အိမ်သို့ ပြန်မလာ နိုင်အောင် အိုးစား ခွဲခြင်းဟု ဆိုသော်လည်း မော်တော်ယာဉ်ပေါ်သို့ တင်သောအခါ ခေါ်မသွားရဘူး၊ ပစ်သွား ပြီလား ဟူ၍ ငိုကြ ယိုကြ နှင့်ပင်၊ အယူအစွဲ၊ အယူသီးမှုတို့နှင့် ဆန့်ကျင်ဘက် လုပ်ရပ်များပင်၊ သုဿာန်တွင် ဝေငှသည့် ယပ်တောင်၊ လက်ကမ်းစာစောင်မှ အစ အကုန်ယူကြသည်။ သေသူ၏ ပုဆိုး၊ လုံချည်၊ အင်္ကျီ၊ ခုတင်၊ ခြင်ထောင်၊ မွေ့ရာများကို ဘုန်းကြီးကျောင်းသို့ ပို့ခြင်းသည် အိမ်မှာ ခိုက်မှာ စိုး၍ ဖြစ်သည်ဟု ယူဆကြသည်။ ကန့်လန့်ကာ (ခန်းဆီး)ချုပ်၍ ဦး/ဒေါ်... ဘယ်သူ၏ ကောင်းမှုဟု စာတမ်းထိုးကာ ဘုန်းကြီးကျောင်း မျက်နှာစာအောက်မှာ ကုသိုလ်ရအောင်ဆွဲပေး၊ ချိတ်ပေးရန် တောင်းဆို လျှောက်ထားကြသည်။အိမ်တွင် ခိုက်မှာ စိုး၍ ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် ဘုန်ကြီးကျောင်းများ၊ ဘုန်းကြီးများ ကျတော့ ခိုက်ချင် ခိုက်ပါ စေဟူသော သဘောများ လားဟု စဉ်းစားမိပြန်သည်။ ဤကဲ့သို့ ခိုက်မှာကို ကြောက်ကြလျှင် သေဆုံးသွားသူ၏ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်တို့ ဘယ်များ ရောက်ကုန်ပြီလဲ၊ ဘုန်းကြီးကျောင်းသို့ ခိုက်မှာစိုးလို့ဟူ၍ ပေးပို့လှူဒါန်းခြင်းကို မမြင်မိချေ။ရပ်ကွက်ထဲတွင် ဆုံးပါးသွားပါက နာရေးမော်တော်ယာဉ်ကို 'ဒီဘက်က မထွက်ရဘူး၊ ဟိုဘက်က ထွက်' ဆိုတဲ့ စကားမျိုး ရပ်ကွက်တိုင်း လိုလိုတွင် အစဉ်ကြားရမြဲ၊ အဘယ်ကြောင့်ဆို ဒီဘက်အခြမ်းက သေသူတွေ များနေလို့ဗျာ၊ ကဲ .. အဲဒါဆိုရင်တော့ ဒီတစ်ခါ ဟိုဘက်က လူတွေ သေစေလိုတဲ့ သဘောလားဗျာ၊ အကယ်၍ များ ဒီဘက်ကလည်း အထွက်မခံ၊ ဟိုဘက်ကလည်း အထွက် မခံခဲ့လျှင် မည်ကဲ့သို့ သင်္ဂြိုလ်မည်နည် ဟု စဉ်းစားစေချင်သည်။ဤသို့သော အစွဲအလမ်း၊ အယူသီးမှုတို့ကြောင့် ရှေးယခင်ကတည်းက မြန်မာလူမျိုးများတွင် 'နာရေး ကူညီမှုအသင်း' ဟူ၍ မရှိခဲ့ခြင်းပင်။ အမှန်မှာ ဈာပန ပြချသည့် အလုပ်သည် အမှန်တကယ် မြင့်မြတ်သော အလုပ်ပင် ဖြစ်သည်။ အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်သည် မြင့်မြတ်သော ဖြူစင်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ပင် ဖြစ်တော့သည်။ ဆင်းရဲ ဒုက္ခရောက်နေသူတို့အား သနားညှာတာ ရိုင်းပင်းကူညီ သူတို့ပင် ဖြစ်တော့သည်။ သူတစ်ပါး၏ ဒုက္ခကို ကယ်တင်သူတို့ အလုပ်သည် နာရေးကူညီမှု အသင်း၏ လုပ်ရပ်ပင် ဖြစ်တော့သည်။ဤသည်ကို ဂုဏ်မရှိသော အလုပ်၊ ခိုက်သည့်အလုပ်... ဟူ၍ အယူသီး ကြသည်။ သုဘရာဇာဟူ၍ ခေါ်ကြသည်။ မေးချင်၊ ခေါ်ချင်၊ ဆေးဖော် ကြောဖက်ပင် မလုပ်ချင်ကြပေ။ ဤသည်မှာ တရားသဘောနှင့် ဝေးစွာ အယူ သီးကြခြင်းပင် ဖြစ်တော့သည်။ မြန်မာလူမျိုးများသည် လူအယောက် ၁ဝဝ တွင် ၉ဝ ခန့်ရှိသည်။ ဥပမာ - အလောင်း တစ်လောင်းအတွက် ကုန်ကျစရိတ်မှာ ငါးထောင်ကျပ် ကုန်ကျမည်ဆိုလျှင် အလောင်း ၂ဝ တွက် ငွေတစ်သိန်း ကုန်မည်။ တစ်နှင်လျှင် ၃၆၅ သိန်း ကုန်ရမည် ဖြစ်သည်။ ဤသို့ တစ်နှစ်လျှင် အနည်းဆုံး ၃၆၅ သိန်းဝင်မည့် ကုမ္ပဏီများ၊ ဖက်စပ် လုပ်ငန်းများ မရှိနိုင်၊ မည်သည့် ကုမ္ပဏီလုပ်ငန်းမှ ဤသို့ မမြတ်နိုင်။သို့သော် ကျွန်တော်တို့သည် ဤသို့ မြေမြှုပ်ခ၊ မီးသင်္ဂြိုလ်ခ များယူ၍ ဘဝကို ရပ်တည်ကြသော သူများမဟုတ်၊ မိမိ ဝမ်း တစ်ဝမ်း မိမိရှာဖွေစားသောက်ရင်းနှင့် စေတနာ့ ဝန်ထမ်း အခမဲ့ ကုသိုလ် ယူနေ ကြသူများပင် ဖြစ်သည်။ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်းကြီးသည် လူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲ-ချမ်းသာမရွေး ခုနှစ်ရက် သားသမီးတို့၏ နာရေး ကိစ္စ အဝဝကို အခမဲ့ ကုသိုလ်ဖြစ် လုပ်ဆောင်ပေးနေသော အသင်းအဖွဲ့ပင် ဖြစ်သည်။ ဤကဲ့သို့ အခမဲ့ သယ်ယူပို့ဆောင်ပေးခြင်း၊ အခမဲ့ ကုသိုလ်ယူခြင်း၊ အခမဲ့ နာရေးကူညီခြင်း လုပ်ငန်းများတွင် အယူသီးမှုများ၊ အစွဲ မှားမှုများ၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများသည် အတားအဆီး၊ အနှောင့်အယှက်၊ အဟန့်အတားများ ပင် ဖြစ်တော့သည်။ထို့ကြောင့် 'လူ့ဘုံ ထုထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန် ပိတ်သည်း၊ ခရီးခဲ၌၊ စိတ်ဇွဲ သန်သန်၊ နောက် မပြန်ဘဲ၊ ရဲမာန် ရဲဆေး၊ ရဲ စိတ် မွေးလျက်၊ ရဲသွေး နီနီ၊ စီရရီဖြင့် ဦးတည်မပျက်၊ ရှေ့သို့ဆက်လော'့ ဟူသော မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး (အမရပူရ)၏ သြဝါဒ ဆုံးမစာအရ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အနှောင့်အယှက်၊ အတား အဆီးများဖြစ်သော အယူသီးမှု၊ အစွဲအလန်း၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများကို ဖြူစင် သန့်ရှင်း ထက်မြတ်သော တရား ဓမ္မတည်းဟူသည့် ဓားဖြင့် ခုတ် တန်ခုန်၊ လှီး တန်လှီး၊ ဖြတ် တန်ဖြတ်၍ ခုနှစ်ရက်သားသမီးတို့၏ နာရေး (လူမှုရေး) တို့ကို ရိုးမြေကျသည် အထိ ရဲစိတ်၊ ရဲမာန်မွေးကာ ပန်းတိုင် ရောက်သည် အထိ ရှေ့ဆက် လျှောက်လှမ်းတော့မည်ဟု သံဓိဋ္ဌာန် ချမှတ်လိုက်သည်။
