1/24/2010

အသေးဆုံးတောက်တဲ့၊ ဖေါက်ထွင်းမြင်နိုင်သောဖါး၊အရှည်ဆုံးမြွေပွေးနှင့်ခရု စုပ်တဲ့ မြွေ

အသေးဆုံးတောက်တဲ့၊ ဖေါက်ထွင်းမြင်နိုင်သောဖါး၊အရှည်ဆုံးမြွေပွေးနှင့်သတ္တ၀ါ မျိုးစိတ်သစ် ၃၀ ခန့်အားအီကွေဒေါ တောနက် အတွင်း တွေ့ရှိ


အီကွေဒေါနိုင်ငံ အနောက်ပိုင်းဒေသရှိ Cerro Pata de Pajaro တောနက်ကြီး အတွင်းတွင် အသေးဆုံး တောက်တဲ့၊ ဖောက်ထွင်း မြင်နိုင်သော ဖား၊ ခရုကို စုပ်ယူ စားသုံးသော မြွေအပါအ၀င် တိရစ္ဆာန် မျိုးစိတ်သစ် ၃၀ ခန့်ကို အီကွေဒေါ နိုင်ငံရှိ အဆိုပါတောနက်ထဲ တွေ့ရှိ ခဲ့သည်ဟု သိရသည်။

၎င်းမျိုးစိတ်များကို Reptile & Amphibian Ecology International မှ ဒေါက်တာပေါလ်ဟာမီလ်တန် ခေါင်းဆောင်သော သုတေသီများက တွေ့ရှိခဲ့ကြောင်း1/13/2010 တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းတိရစ္ဆာန်များမှာ မျိုးသုဉ်း ပျောက်ကွယ် လုနီးပါး အန္တရာယ် ကြုံတွေ့ နေရသလို ၄င်းတို့ နေထိုင်ရာ မုတ်သုံ သစ်တော အတွင်းရှိ ( ငှက်ခြေထောက်တောင်ကုန်း) ဟု အမည် ရသည့် တောင်စောင်းကြီး မှာလည်း စိုက်ပျိုးမြေ အတွက် ခုတ်ထွင် ရှင်းလင်း မှုများကြောင့် ပျက်စီး တော့မည် အန္တရာယ်နှင့် ရင်ဆိုင် နေရ သည်ဟု သိရသည်။

အဆုတ်မပါသော ရေပုတ်သင် မျိုးစိတ်သုံးမျိုးကိုတွေ့ခဲ့ရသလို ကမ္ဘာပေါ်တွင်အရှည်ဆုံးမြွေပွေးအ နွယ်ဝင်မြွေတစ်မျိုးကိုလည်းတွေ့ခဲ့ရ သည်။ခရုစားသည့်မြွေ မှာအနီရောင် အစင်းများပါရှိပြီး ခရုခွံအတွင်းဝင် နိုင်သည့် တုံးသောနှုတ်ခမ်းပါရှိကာ အခွံတွင်းမှခရုကိုစုပ်ယူစားသုံးခြင်း ဖြစ်သည်ဟု သိရသည်။








အီကွေဒေါအနောက်ဖက်ဒေသ Cerro Pata de Pajaro တောနက်
ခရု စုပ်တဲ့ မြွေ












ခဲတံထိပ်က အသေးဆုံးတောက်တဲ့










အရှည်ဆုံးမြွေပွေး






ဖေါက်ထွင်းမြင်နိုင်သောဖါး
Photo and caption by: Paul S. Hamilton.

ဓါတ်ပုံများကို http://biodiversityphotography.smugmug.com/ မှရယူပါသည်

No comments:

Post a Comment