1/28/2011

နာဂစ် ကူညီသူ (၃) ဦး လွတ်ရက်စေ့၍ လွတ်မြောက်

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသော ရုပ်အလောင်းများကို ကောက်ယူမြေမြုပ် သဂြိုင်္ဟ်ပေးခဲ့သူ ဦးအောင်ကျော်ဆန်း၊ ဒေါက်တာ နေဝင်းနှင့် ကိုဖုန်းပြည့်ကြွယ်တို့ လွတ်ရက်စေ့၍ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက် က လွတ်မြောက် လာသည်။









-
-
၂ဝဝ၈ မေလ နာဂစ်မုန်တိုင်းအပြီး ဇွန်လတွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ သေဆုံးခဲ့သည့် ရုပ်အလောင်းများကို သဂြိင်္ုဟ်၍ ရန်ကုန်အပြန်လမ်းတွင် စရဖ-စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က သူတို့ကို ဖမ်းဆီးခဲ့သည်။ ပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သည်ဟုဆိုကာ အင်းစိန်ထောင် အထူးတရားရုံးက မတရားအသင်းအဖွဲ့ ပုဒ်မ ၇ ဖြင့် ထောင် ၂ နှစ်ချခဲ့ခြင်းဖြစ်သည်။

သူတို့ ၃ ဦးနှင့်အတူ အဖမ်းခံခဲ့ရသော ဒေါက်တာနေဝင်းသမီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ ဗကသမှ မဖြိုးဖြိုးအောင်က မော်လမြိုင်ထောင်၊ ကိုရှိန်းရာဇာထွန်း တောင်ငူထောင်၊ ကိုအောင်သန်းဇင်ဦးက ဗန်းမော်ထောင်တွင် အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၆၊၇ တို့ဖြင့် ထောင်ဒဏ် ၄ နှစ် ကျနေကြဆဲဖြစ်သည်။


ဦးအောင်ကျော်ဆန်း၊



ကိုဖုန်းပြည့်ကြွယ်












-
-
-


ဒေါက်တာ နေဝင်း

မဖြိုးဖြိုးအောင်







































အလားတူ နာဂစ်ကူညီမှုကြောင့် နိုင်ငံချစ် ဟာသ သရုပ်ဆောင် ကိုဇာဂနာအပါအ၀င် အဖမ်းခံရသူ အများအပြား ရှိသကဲ့သို့ အမှန်တရားဆိတ်သုဉ်းပြီး တရားဥပဒေ ကင်းမဲ့နေသည့် မြန်မာပြည်တွင်

မတရားအဖမ်းခံရကာ ထောင် မကျသင့်သည့်သူ များ ထောင် ရဲဘက်စခန်း လမ်းဖောက်လုပ်ရေးနှင့် ဘဝသစ်အလုပ်ကြမ်းစခန်းများတွင် ဘ၀နစ်မွန်းနေသူ အမြောက်အများ ရှိနေသည်။
မြန်မာသံတော်ဆင့် ခေါ် မြန်မာထရီဗျူးဂျာနယ် ထုတ်ဝေသူ ဦးအောင်ကျော်ဆန်းက တောင်ကြီးထောင် မှလွတ်လာခြင်းဖြစ်သည်။ တောင်ကြီးထောင်တွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ကိုဂျင်မီ၊ ဗကသကျောင်းသား ခေါင်းဆောင် ကိုကျော်ကိုကို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ကြီး ဥက္ကဋ္ဌ အသက် ၇ဝ အရွယ် ဦးကျော်ခင်နှင့် ကိုသူရစိုး၊ ဆရာဦးဖေထူးတို့ ရှိသည်ဆိုသည်။ ကိုမြအေး နှလုံးရောဂါ ခံစားနေရသော်လည်း သာမန်ဆရာဝန်ဖြင့်သာ ပြသနေသဖြင့် စိုးရိမ်ရသည်ဟု သိရသည်။
တိရိစ္ဆာန်ဆေးကု ဆရာဝန် ဒေါက်တာ နေဝင်းက ဘားအံထောင်မှ လွတ်လာသည်။ ဘားအံထောင်တွင် နိုင်ငံရေး အကျဉ်းသား ၁၅ ဦး ရှိရာ ဦးလှိုင်ထွန်း၊ NLD လူငယ် ကိုနေကျော်၊ ဘလော်ဂါ နေဘုန်းလတ်၊ ပခုက္ကူ မြစ်ချေမှ NLD ကိုကျော်ကျော်နိုင်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဉာဏ်လင်း၊ ကိုဇာဂနာ၏ အမှုတွဲ ကင်မရာသမား ကိုသန့်ဇင်အောင်၊ ၂ဝဝ၃ ဗကသကျောင်းသား ကိုနန္ဒာဆင့်အောင်၊ ပုသိမ်မှ ကိုပြည့်ဖြိုးအောင်၊ ကလေးမှ ကိုအောင်ကိုကိုထက်၊ KNU မှ ဘုန်းကြီးတပါး၊ ကိုကျော်အေး၊ ဦးအောင်ခိုင်၊ ဝါးတိ ခေါ် အာရှောင်၊ ငှက်ပျောကြော် ခေါ် ကိုညီညီထွန်းတို့ အကျဉ်းကျ ခံနေရဆဲဖြစ်သည်။
ကိုဖုန်းပြည့်ကြွယ်က စစ်တွေထောင်တို့မှ လွတ်လာကာ စစ်တွေမှ ရန်ကုန်သို့ နောက် ၂ ရက်ခန့်ကြာမှ ပြန်ရောက်မည်ဟု သိရသည်။

မတရားသဖြင့် အကျဉ်းကျခံနေရသော အခြားသော နာဂစ်အမှုနွယ် အကျဉ်းသားများ



1/27/2011

သမ္မတ အိုဘားမားရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှသည် ပြည်တွင်းပေါ်လစီသို့

အခု အင်္ဂါနေ့ညပိုင်း လွှတ်တော် ၂ ရပ်ကို ပေးခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ စီးပွားရေး တိုးတက်မှုနဲ့ အလုပ်အကိုင် ကိစ္စတွေကို သမ္မတ အိုဘားမား အလေးပေးပြောဆိုခဲ့ပါတယ်။ ဗွီဒီယိုနဲ့ ထုတ်ပြန်တဲ့ သူ့မိန့်ခွန်းတိုမှာလဲ့ မြန်နှုန်းမြင့်ရထား၊ သန့်စင်စွမ်းအင် အစီအစဉ်တွေ အပါအ၀င် စီးပွားရေး ဖွံ့ဖြိုးမှုကို ရည်မှန်းတဲ့ အစီအစဉ်တွေနဲ့ အလုပ်အကိုင်သစ် ဖန်တီးမှုတွေကို သူ့အစိုးရအဖွဲ့ အနေနဲ့ အားပေး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သမ္မတ အိုဘားမားက ပြောထားပါတယ်။
ဒါ့အပြင် နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ အလုပ်အကိုင် သစ်တွေ ဖန်တီးရေး၊ စီးပွားရေး ပြိုင်ဆိုင်မှုနဲ့ ဖန်တီးထုတ်လုပ်မှုအားတွေ မြှင့်တင်ရေး ကိစ္စတွေ အပါအ၀င် နိုင်ငံတ၀န်း ရင်ဆိုင်နေရတဲ့ စီးပွားရေးနဲ့ အခြား အကဲစမ်းချက်တွေကိုထည့်သွင်းပြောဆိုသွားပါတယ်။
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အီဂျစ်မိန့်ခွန်းနဲ့ အစပြုပီးအမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးပေါ်လစီအသစ်ကို မိတ်ဆက်ခဲ့သလို အခုမိန့်ခွန်းဟာလဲ ပြည်တွင်းပေါ်လစီ ပြောင်းဘီဆိုတာရဲ့ အချက်ပြရှေ့ထွက်မိန့်ခွန်း အမေရိကန် ပြည်ထောင်စုတွေအတွက် အရေးကြီးတဲ့ ကိစ္စတခုရဲ့ နိဒါန်းဘဲဖြစ်ပါတယ်။
ပညာရေးကဏ္ဍ၊ နိုင်ငံတော် အခြေခံ အဆောက်အဦး ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့နဲ့ နိုင်ငံတော် အသုံးစရိတ်ကို ထပ်တိုးပြီး မသုံးစွဲဖို့ ကိစ္စတွေကိုလည်းကြားရပါတယ်။
အမေရိကန် နိုင်ငံရေးလောကမှာ ညီညွတ်မှုရှိဖို့ လိုအပ်တဲ့အကြောင်း၊ နိုင်ငံရေးပါတီကိစ္စ၊ နိုင်ငံရေးကိစ္စထက် နိုင်ငံက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေက ပိုပြီးတော့ ကြီးမားတယ်ဆိုတဲ့ အကြောင်းကိုလည်း မိန့်ခွန်းမပြောခင်မှာ သမ္မတ အိုဘားမား ပြောဆိုထားတာ ရှိပါတယ်။
စီးပွားရေးကို ဘယ်လို မြှင့်တင်မလဲဆိုတဲ့ အပေါ်မှာတော့ ဒီမိုကရက်တွေနဲ့ ရီပတ်ဗလစ်ကန်တွေ အကြားမှာ အနည်းငယ် သဘောကွဲလွဲမှုတွေ ရှိနေပါတယ်။ ရီပတ်ဘလစ်ကန်တွေက နိုင်ငံတော်မှာ တင်နေတဲ့ အကြွေးတွေထက် အစိုးရ အသုံးစရိတ်ကို လျှော့ချဖို့ တောင်းဆိုနေတာပါ။ နိုင်ငံတော် လုံခြုံရေးနဲ့ မပတ်သက်တဲ့ ကိစ္စတွေမှာ အသုံးစရိတ်တွေကို ထပ်ပြီး မတိုးဘဲထားဖို့ ၅ နှစ်တာ အစီအစဉ်တရပ်ကို ပြောလိမ့်မယ်လို့ အမည်မဖော်လိုတဲ့ အိမ်ဖြူတော် အရာရှိတဦးက ပြောထားပါတယ်။ အမေရိကန် အောက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တွေက မကြာခင်ကပဲ အနိုင်ရ လွှမ်းမိုးခဲ့ကြပြီး ဗဟိုအစိုးရရဲ့ အသုံးစရိတ်တွေကို လျှော့ချရေးဟာ ဦးစားပေး လုပ်ရမယ့် အရေးတကြီးကိစ္စ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီနှစ်အတွင်း ဒေါ်လာ ဘီလီယံ ၁၀၀ ဖြတ်တောက်ဖို့ တချို့ လွှတ်တော်အမတ်တွေက တောင်းဆို နေကြတာပါ။
သမ္မတ အိုဘားမားကဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက် သွားနိုင်ရေး ကြိုးစားနေပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ အလုပ်အကိုင် အသစ်တွေ ဖန်တီးရေးနဲ့ စီးပွားရေး အားကောင်းလာအောင် လုပ်ဆောင်ရေးကိုလည်း သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

ဒီနေရာမှာ အထူးစိတ်ခံစားမှုလေးတခုပြောလိုတာက မကြာမတင် (ဂျန်န၀ါရီ၃၁)မှာ ခေါ်မယ်ဆိုတဲ့ မြန်မာ့လွတ်တော်…။
အမေရိကန် ပြည်ထောင်စုရဲ့ လွှတ်တော် ၂ ရပ်ကို ပေးခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းက တဆင့် ပါလီမန်-လွတ်တောာ်ဆိုတာရဲ့ အရေးပါမှု ခေါင်းဆောင်ခေါင်းတယောက်ရဲ့တာဝန်ခံမှု ရဲရင့်ပြတ်သားခြင်းဆိုတာ ဘာလဲ ဆိုတာတွေ တွေးကြည့်စေဖို့ မျှဝေလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

1/26/2011

အကယ်ဒမီပွဲ




၂၀၀၉ ရုပ်ရှင်များအတွက် ပေးအပ်သည့် ဆုများ


အမျိုးသားသရုပ်ဆောင် - နေတိုး - မိုးညအိမ်မက်မြူ
အမျိုးသမီးဇာတ်ပို့ - စိုးပြည့်သဇင် - မိုးညအိမ်မက်မြူ

ဇာတ်ကား - စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေး၏ “ကြိုးကြာတောင်ပံခတ်သံ”
ဒါရိုက်တာ - မီးပွား - ဇော်က ကနေသည်

တည်းဖြတ် - ဇော်မင်း (ဟံသာမြေ) - ကျောက်စက်ရေ
ဇာတ်ညွှန်း - မြင့်ဦးဦးမြင့် - ကြိုးကြာတောင်ပံခတ်သံ

ဓာတ်ပုံ - ကိုကိုဌေးနှင့်အဖွဲ့ - အတိတ်ရဲ့အရိပ်
တေးဂီတ - ဓီရာမိုရ် - ဇော်က ကနေသည်

အသံ - ဆန်းဦး - အတိတ်ရဲ့အရိပ်
၂၀၀၉ ခုနှစ် ဇာတ်ကားများ
၁။ အချစ်ဟု အဓိပ္ပာယ် သက်ရောက်ခြင်း မရှိစေရ
၂။ ပင်လယ်ကို ဖြတ်၍
၃။ ဟော့ရှော့(၂)
၎။ ဇော်က ကနေသည်

၅။ ချစ်လို့စတာ
၆။ ယောက္ခမနဲ့ တစ်ထောင့်တစ်ည
၇။ ရှော့ရှိတဲ့ အချစ်များ
၈။ ဝါဆို ဖယောင်းတိုင်

၉။ သူငယ်ချင်း ယောက္ခမ
၁၀။ ချစ်ကံပွင့်နှင့် မချောလေးဆယ်
၁၁။ အတိတ်၏ အရိပ်
၁၂။ အတည်ပေါက်နှင့် နောက်တဲ့သူ

၁၃။ မာမီရှိန်း
၁၄။ မိုးညအိပ်မက်မြူ
၁၅။ ကျောက်စက်ရေ
၁၆။ ကြိုးကြာတောင်ပံခတ်သံ

1/25/2011

မော်စကို လေဆိပ်ဗုံးကွဲမှု နောက်ဆက်သတင်း


Domodedovo လေဆိပ်ရဲ့ နိုင်ငံတကာ ဆိုက်ရောက် ခန်းမဆောင် အတွင်းသို့ လက်ဆွဲသေတ္တာကို ကိုင်ဆောင် ၀င်ရောက် လာသော အသေခံ ဗုံးခွဲတိုက်ခိုက်သူကြောင့် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ပေါက်ကွဲမှုဖြစ်စဉ်ကို စောင့်ကြည့်ကင်မရာက ရိုက်ကူးထားပြီး အခု ဗုံးကွဲမှုနဲ့ ဆက်နွယ်နေတဲ့ လူ ၃ ဦးကိုလည်း အာဏာပိုင်တွေက ရှာဖွေနေတယ်လို့ ရုရှား သတင်းတွေမှာ ကြေညာပါတယ်။
ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဘ် (Dmitry Medvedev) က ရုရှားနိုင်ငံတွင်းက သယ်ယူပို့ဆောင်ရေးဌာန အားလုံးမှာ လုံခြုံရေးအဆင့် တိုးမြှင့်ဖို့လည်း အမိန့်ထုတ်လိုက်ပါတယ်။
လွန်ခဲ့သော ၂၀၁၀ခုနှစ် မတ်လ ၂၉ ရက်ကလည်း မော်စကိုမြို့လယ် မြေအောက် ရထား ဘူတာရုံနှစ်ခု၌ ဖောက်ခွဲရေး ပစ္စည်းများ ခါးပတ်တွင်တပ်ဆင်လာသော အမျိုးသမီးနှစ်ဦးက ဗုံး နှစ်လုံးဖောက်ခွဲ၍ လူ ၃၀ ကျော်သေဆုံးခဲ့ကြောင်း မော်စကိုအစိုးရရှေ့နေချုပ်က ပြောကြားသည်။
ရုရှားနိုင်ငံ မော်စကိုမြို့ လေဆိပ်မှာ ဗုံးကွဲ

ဂျန်န၀ါရီလ ၂၄ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့ Domodedovo Airport မှာ အသေခံ ဗုံးဖေါက်ခွဲမှုတခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၃၅ဦး သေဆုံးပြီး လူပေါင်း ၁၈၀ ဒဏ်ရာရခဲ့သည်။ ယင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကို ရှင်းလင်းစွာ မသိရသေးပါ။
၂၀၁၀ ခုနှစ် မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့သော မြို့တော် မြေအောက်ရထားစနစ်အတွင်း ဖြစ်ပွားခဲ့သည့် double suicide bombing ဟုခေါ်တွင်ခဲ့သည့် လူ၄၀သေဆုံးခဲ့သော ဖြစ်ရပ် အပါအ၀င် အသေခံ ဗုံးဖေါက်ခွဲမှုများကို ရုရှားတောင်ပိုင်း Chechnya ဒေသမှ အစ္စလမ်မစ် တော်လှန်ရေးအဖွဲ့များက ပြုလုပ်ခဲ့ဖူးသည်။ လုံခြုံရေးဆိုင်ရာ ခေတ်မှီ နည်းစနစ်များ ထောက်လှမ်းရေးကွန်ယက်များ လူ-ပစ္စည်း နည်းပညာများကြားမှပင် ကြံစည်မှုများရှိနေဆဲ ထမြောက် ဖြစ်ပွားဆဲ ဖြစ်သည်ကို သတိပြုမိကြစေရန် ဖေါ်ပြလိုက်ပါသည်။



1/09/2011

ဒါဒို့ပြေ ဒါဒို့မြေ တို့ဘိုးဘွားအမွေ

-
ရခိုင်ပြည်နယ်အတွင်း စစ်တွေ-အမ်း-မင်းဘူး ရထားလမ်း ဖောက်လုပ် ရေးးစီိမံကိန်းအတွင်း မြောက်ဦးမြို့မှ ရှေးဟောင်း စေတီ ဘုရားပုထိုးများစွာ ပျက်စီးသွားခဲ့ရသည်။
ရထားလမ်း ဖောက်လုပ်မှု ကို နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ခဲ့သည်။ ရထားလမ်းဖောက်လုပ်မှုကြောင့် ရှေးဟောင်းစေတီ၊ ပုထိုး၊ တံတိုင်း၊ ခံတပ်၊ ပိဋကတ်တိုက်၊ ကျုံး၊ မြို့ရိုး စသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးသွားရသည့် အပြင် ဖောက်လုပ်မှု လုပ်ငန်းခွင်ကြောင့် အနီးပတ်ဝန်းကျင်မှ ထိခိုက်ပျက်စီး သွားရသည့် စေတီ ပုထိုးများကိုလည်း ဖျောက်ဖျက်ပစ်ခဲ့သေးသည်။
“ဘုရားတွေကို ဖြိုဖျက်နေတဲ့ ကိစ္စတွေကို ရပ်တန့်ဖို့ တောင်းဆိုနေပေမယ့် မရပ်ပေးတဲ့အပြင် ရထားလမ်းဘေးတွေက ထိခိုက်ပျက်စီးသွားရတဲ့ ဘုရားတွေကို လူမြင်ကွင်းက လုံးဝပျောက်သွားအောင် အပျောက်ဖျောက်ပစ်နေပါတယ်၊ ဘုရားစေတီ တချို့ကို မြေကြီးတွေနဲ့ ဖုံးပစ်လိုက်ပါတယ်”ဟု နိုဝင် ဘာလ လည်ပိုင်းတွင် ဒေသခံများကပြောသည်။
(၂ဝဝ၉ ခုနှစ် မေလမှစ၍ ရထားလမ်း စဖောက်ရာ စစ်တွေ-ရေချမ်းပြင် လမ်းပိုင်းနှင့် ကွမ်းတောင်-ယိုးတရုတ်လမ်းပိုင်းတို့ ပြီးစီးခဲ့ပြီဖြစ်သည်။ မြေသားလမ်းတွင် ကျောက်တော်-မြောက်ဦး လမ်းပိုင်းပြီးစီးမှု ၇၅ ရာခိုင်နှုန်းရှိသည်။)
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား ဖျက်ဆီး၍ ရထားလမ်း ဖောက်လုပ်နေခြင်းကို ရပ်တန့်ပေးရန် အတွက် ဒေသခံ ပြည် သူ များ၊ မြို့မိမြို့ဘများ၊ ဆရာတော် သံဃာတော်များက သက်ဆိုင်ရာ အာဏာပိုင်များထံ မေတ္တာရပ်ခံ တောင်းဆိုသော်လည်း ရပ်တန့်ပေးရန် အကြောင်းမရှိဟု ပြောဆိုကာ ဆက်လက်လုပ်ဆောင်ခဲ့သည်။မြောက်ဦးမြို့၏ ရှေးဟောင်း စေတီပုထိုးများ၊ ယဉ်ကျေးမှု အမွေအနှစ်များ အနက် အထင်ရှားဆုံး ဘုရားတခုဖြစ်သော ကိုးသောင်း ဘုရားမှာလည်း မီးရထားလမ်းကြောင့် မုချပျက်စီးပျောက်ကွယ်မညည့်အခြေအနေကြောင့် ဒေသခံများမှာ အထူးစိုးရိမ်ပူပန်ခဲ့ကြရသည်။

ရထားလမ်းအတွက် ဖြိုဖျက် ပျက်စီးသွားခဲ့သည့် ရှေးဟောင်း သဘင်သည်မြို့ရိုး၊ သဇင်တံ တောင်တန်း ပေါ်ရှိ စေတီပုထိုးများ၊ ငကျေး အိုင် ကျုံး၊ မြောက်ဦးခေတ် အသုံးပြုခဲ့သည့် မင်းသမီး ရေတံခါး၊ မင်္ဂလာ မာန်အောင် တံတိုင်း၊ ရွှေစင်္ကြံ လမ်းမကြီး၊ ရဲလှ ကျူံး၊ ရဲလှ ခံတပ်၊ ရဲလှ တံခါး၊ ရှင်ဂိုက် တံတိုင်း ခေါ် ကျောက်မြို့ရိုး၊ အမြင့်တောင် ခံတပ်၊ ပြည်စိုးကြီး ဘုရား စသည်တို့မှာ တန်ဖိုးမမဖြတ်နိုင်သောရှေးဟောင်းအမွေအနှစ်များးဖြစ်သည်ကို အလွန်မိုက်မဲပြီး ပညာညဏ် ကင်းမဲ့သည့် စစ်ဓါးပြခေါင်းဆောင် နိုင်ငံတော်အကြီးအကဲထံသို့၎င်း ယဉ်ကျေးမှုဝန်ကြီးထံသို့၎င်း မလျော့သောလုံ့လဖြင့် မေတ္တာရပ်ခံစာများပေးပို့ခဲ့ကြသည်။ နိုင်ငံတော် သံဃ၀န်ဆောင် ဆရာတော်ကြီးများကပါ လက်မှတ်ရေးထိုး၍ ယဉ်ကျေးမှုဝန်ကြီးထံ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီး မိတ္တူအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ပြည်နယ်၊ တိုင်းအဆင့်ရှိ အာဏာ ပိုင် များထံ ပေးပို့ခဲ့ကြောင်းလည်း ကြားသိရသည်။






ရထားလမ်းကြောင့် ပျက်စီးသွားခဲ့သည့် ရှေးဟောင်း သဘင်သည်မြို့ရိုး၊ သဇင်တံ တောင်တန်း ပေါ်ရှိ စေတီပုထိုးများ၊ ငကျေး အိုင် ကျုံး၊ မြောက်ဦးခေတ် အသုံးပြုခဲ့သည့် မင်းသမီး ရေတံခါး၊ မင်္ဂလာ မာန်အောင် တံတိုင်း၊ ရွှေစင်္ကြံ လမ်းမကြီး၊ ရဲလှ ကျူံး၊ ရဲလှ ခံတပ်၊ ရဲလှ တံခါး၊ ရှင်ဂိုက် တံတိုင်း ခေါ် ကျောက်မြို့ရိုး၊ အမြင့်တောင် ခံတပ်၊ ပြည်စိုးကြီး ဘုရား စသည်တို့အား မြေတူး စက်ကြီးများဖြင့် ဖြိုဖျက်လိုက် သည်။





































နတ်တုံတံတိုင်း (ကျောက်တံတိုင်း) (လမ်းအူကြောင်း တွင်ပါဝင်)







မြောက်ဦးမြို့၏ ရှေးဟောင်း စေတီပုထိုးများ၊ ယဉ်ကျေးမှု အမွေအနှစ်များ အနက် အထင်ရှားဆုံး ဘုရားတခုဖြစ်သော ကိုးသောင်း ဘုရားမှာလည်း မီးရထားလမ်းကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်လာမည်ကို ဒေသခံများမှာ အထူးစိုးရိမ်ခဲ့ရသည်။



































ရွာဟောင်း တောတံတိုင်းနှစ်ထပ်
(လမ်းအူကြောင်းတွင်ပါဝင်)
မင်းတရားပြင်တံတိုင်း(၃) ခု
( လမ်းအူကြောင်း တွင်ပါဝင်)


မင်းသမီးရေတံခါး
(လမ်းအူကြောင်းတွင်ပါဝင်)



ယခုအချိန်ထိ ဓည၀တီ မြို့တော်ဟောင်းတွင် နန်းမြို့ရိုးများ၊ အုတ်တံတိုင်းများ အထင်အရှား တည်ရှိနေသော ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ မြောက်ဦးရထားလမ်း ဖောက်လုပ်ရေးတွင် ၀မ်းနည်းစရာ ပျက်စီးဆုံးရှုံး သွားခဲ့လေပြီ။


သဇင်တံ တံတိုင်း(မြေသား)( ပျက်စီး)ခြင်ကိုက်တံတိုင်း(မြေသား)(ပျက်စီး)
မင်္ဂလာမာန်အောင်တံတိုင်း(ကျောက်တံတိုင်း) (ပျက်စီး)

ကသဲအိုင်ကျုံး(ပျက်စီး)


ရွှေဇင်းခင် လမ်းမကြီး( ပျက်စီး)

ပျက်စီးသွားသည့် ဘုရားပုထိုးများ
၁ ပြည်စိုးကြီးဘုရား
၂ သဇင်တံ မှဘုရားနှစ်ဆူ


အမှန်စင်စစ်မှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့ (UNESCO) မှချမှတ်ထားသော ရှေးဟောင်း သုတေသန အက် ဥပဒေတွင် ရှေးဟောင်း ပစ္စည်းများအား ဖျက်ဆီးခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပြန်လည် တည်ဆောက်ခြင်း မလုပ်ရဟု သတ်မှတ်ထား၍ မြန်မာစစ်အစိုးရ၏ လုပ်ရပ်သည် ဥပဒေမဲ့ရာ ရောက်သည့်အပြင် မြန်မာနိုင်ငံတွင်လည်း ရှေးဟောင်း သုတေသန အက်ဥပဒေ သီးသန့်ပြဌာန်းထားပြီး ရှေးဟောင်းနှင့် ပတ်သက်ပါက မတူးမဆွရ၊ ဘေးပတ်ဝန်းကျင်တောင် မထိခိုက်ရဟု ပါရှိ၍ ကြီးလေးသော ဥပဒေ ဖြစ်နေခြင်းကြောင့် ယခု လုပ်ရပ်သည် ကြီးမားသောဥပဒေ ချိုးဖောက်မှု ဖြစ်သည်။ ၁၉၅ဝ ခုနှစ်တွင် နိုင်ငံတော်က မြောက်ဦးမြို့၌ ရှေးဟောင်းသုတေသန ဌာနခွဲကို စတင်ထားရှိခဲ့ပြီး အေဒီ ၁၇၈၅ ခုနှစ်တွင် ရခိုင့်နောက်ဆုံးဘုရင် မဟာသမ္မတ မင်းနန်းစိုက်ခဲ့ပြီး၊ ရခိုင်တို့၏ နောက်ဆုံး ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ဒေသဖြစ်သောကြောင့် မြောက်ဦးး ယဉ်ကျေးမှု အမွေနှစ်ဒေသအဖြစ် တရားဝင်သတ်မှတ်ထားရာ ဒေသ ဖြစ်သည်။
ရှေးဟောင်းဇုန်တွင် မြေကြီးများ တူးဆွခြင်း၊ တောင်ဖြိုခြင်း၊ ခံတပ်များ ထိခိုက်ခြင်း မပြုလုပ်ရန်နှင့် ရှေးဟောင်းပစ္စည်း လက်ဝယ်တွေ့ရှိလျှင် မည်သူမဆို ဥပဒေအရ အရေးယူနိုင်ကြောင်းသတ်မှတ်ချက်လည်းရှိသည်။


မည်သို့ပင်ဖြစ်စေ မြောက်ဦးမြို့က ရှေးဟောင်း သမိုင်းဝင် နေရာတွေကို ဖြတ်သန်း ဖောက်လုပ်မယ့် ရထားလမ်းကို ရဟန်းသံဃာတွေ၊ ဒေသခံတွေဘက်က ကန့်ကွက်မှုတွေ ရှိနေတာကြောင့် အခုဆိုရင် လမ်းကြောင်းပြောင်းလဲ ဖောက်လုပ်ဖို့ အာဏာပိုင်တွေဘက်က သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

တောင်းဆို တင်ပြမှုတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ယာယီရပ်တန့်ထားတဲ့ ရထားလမ်း ဖောက်လုပ်မှုကို ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နဲ့ အဖွဲ့ လာရောက် ဖြေရှင်းတာကြောင့်
နိုဝင်ဘာ ၂၅ ရက်နေ့က မြောက်ဦးကို ဖြတ်သန်းမယ့် မင်းဘူး၊ အမ်း၊ စစ်တွေ ရထားလမ်းကို နဂိုသတ်မှတ်ထားတဲ့ လမ်းကြောင်းက အနည်းငယ် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။
လမ်းကြောင်းဟာ ဒေသခံတွေ တင်ပြတဲ့ မြောက်ဦးမြို့ တောင်ဘက်နဲ့ အနောက်ဘက် လမ်းကြောင်း မဟုတ်ပေမဲ့ အရင်သတ်မှတ်ထားတဲ့ လမ်းကြောင်းနဲ့ စာရင် ယဉ်ကျေးမှု အမွေအနှစ် ပျက်စီးမှု သက်သာမှာ ဖြစ်တယ်လို့ သိရပါတယ်။

အရင် လမ်းကြောင်းဟောင်းအတိုင်း ဆိုရင် မင်္ဂလာမန်အောင်တံတိုင်း၊ နန်းရုံတံတိုင်းတို့ကို တိုက်ရိုက် ဖြတ်သန်းသွားမှာဖြစ်ပြီး ပြောင်းလဲလိုက်တဲ့ လမ်းကြောင်းသစ်အရ ပြည်စိုးကြီး ဘုရားကနေ မြောက်ဘက်တည့်တည့် ဖောက်မှာမို့ အဲဒီတံတိုင်းတွေကို ရှောင်ကွင်းနိုင်မှာဖြစ်ပြီး နာမည်ကြီး ကိုးသောင်းဘုရားနဲ့ ပေ ၅၀၀ အကွာက ဖြတ်သန်းမှာ ဖြစ်ပါတယ်။

မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ မှာ မင်းစောမွန်က တည်ထောင်ခဲ့တာဖြစ်ပြီး အေဒီ ၁၇၈၄ မဟာသမ္မတ ရာဇာမင်း လက်ထက်မှာ ဘိုးတော်ဘုရား သိမ်းယူခဲ့တာကြောင့် မြောက်ဦးခေတ် အဆုံးသတ်ခဲ့ပါတယ်။

ဒါဟာလည်း သမိုင်းအမွေအနှစ်တွေနဲ့အတူ ဖျောက်ဖျက်လို့မရတတဲ့ သမိုင်းဖြစ်ပါတယ်။ အတိတ်ရဲ့ သမိုင်းဆိုးကို အညှိုးဆက်ဖြစ်အောင် မိုက်မဲတဲ့ စစ်အာဏာရှင် အစိုးရကို တိုင်းရင်းသားအားလုံး ကန့်ကွက် ဆန့်ကျင်ကြရပါမယ်။
အတိတ်သမိုင်းကို ဂုဏ်ယူတတ်တာနဲ့အမျှ သမိုင်းရဲ့အမွှေအနှစ်ကို မြတ်နီုးထိမ်းသိမ်းဖို့လိုသလို သမိုင်းထဲက ဖြစ်ရပ်ဆိုးတွေအပေါ် သင်ခန်းစာယူဖို့လည်းလိုမယ်လို့ယူဆပါတယ်။
သမိုင်းမှာ ဖြစ်ပေါ် ပြောင်းလဲမှု အဆင့်ဆင့်ရဲ့ ခေတ်ကာလအလျောက် အချိန်ကာလတခုတုံးက ကျနော်တို့ရဲ့ အမိမြေမှာ ထီးဆောင်းမင်းအသီးသီးနဲ့ သူတမင်း ငါတနန်းကာလမှာ လျှမ်းလျှမ်းကြွကြွ မင်းပေါင်းခလို့ ရေရှင် မြေရှင် မင်းတြားဖြစ်ခြင် ကြတဲ့ကာလ ။
ဓည၀တီ ဟံသာဝတီ စစ်ကိုင်း အင်းဝ ပင်းယ ကမ္ဘောဇတိုင်း သမိုင်းအသီးသီးနဲ့ တငြီးငြီး မာန်ထည်ခဲ့ကြတဲ့ ကာလတခု သူတို့နဲ့ခေတ်ပြိုင် အခုထိုင်းနိုင်ငံဖြစ်လာမမဲ့အရပ်မှာလည်း ဆိုင်ယမ်း ခေတ်အထိ ဇင်းမယ် ပိစလုပ် အယုဒ္ဓယ လန်းပမ်း စသည်ဖြင့် ထီးဆောင်းမင်း အသီးသီးရှိခဲ့ကြလေသည်။

ထိုကာလတခုက ဗညားဦး ၁၃၅၄ မှ ၁၃၈၅ ထိ ဟံသာ ၀တီ ကို အ ချက်အခြာပြုပြီး မြန်မာနိုင်ငံ တောင်ဘက် တစ်လွှားရှိ မွန်ဒေသများကို စတင် စည်းလုံး သိမ်းသွင်းခြင်း ပြုသော အချိန်နှင့် သတိုးမင်းဖျား ၁၃၆၅ မှ ၁၃၆၈ ထိ အင်းဝကို အချက် အခြာပြုပြီးမြန်မာနိုင်ငံ အလယ်ပိုင်း မြန်မာ ဒေ သ များကို စည်းလုံး သိမ်းသွင်းသောအချိန်များသည် တစ်ချိန်တည်း တစ်ခေတ်တည်း ခေတ်ပြိုင်ဖြစ်သည်။

အင်းဝတွင် သတိုးမင်းဖျားမှ အစပြုပြီး မွန် ရှမ်းများ အပါအ၀င် နရ ပတိ အထိ မင်း ၁ရ ဆက်သည် နှစ်ပေါင်း ၂၀၀ နီးပါး ခန့်မျှ စိုးစံခဲ့ကြ သကဲ့သို့ ဟံသာဝတီ တွင်လည်း ဗညားဦးမှ အစပြုပြီး သုရှင် ဒ ကာ ရွတ်ပိ အထိမင်းဆက် ၁၁ ဆက်သည် နှစ်ပေါင်း ၂၀၀ နီးပါးခန့်မျှ ထီးပြိုင်နန်းပြိုင် စိုးစံခဲ့ကြသည်။

အင်းဝမင်းဆက်ဘုရင်များသည်အင်အား ကြီးမားသော မင်းများ လက်ထက်တွင် မောရှမ်းများ နှင့်ရခိုင် ကမ်းရိုးတန်း ဒေသများ အပေါ်တွင် သြဇာ ညောင်းဖို့ ကြိုးပမ်းခဲ့သည်။

မွန် ဟံသာဝတီဖက်တွင်လည်း အင်အား ကြီးမားသော ရာဇဓိရာဇ် လက်ထက်တွင် ရခိုင် ကမ်းရိုးတန်း ဒေသအပေါ်တွင် သြဇာ ညောင်း ခဲ့သည် ကို လည်း တွေ့ရသည် ၁၄ ရာစု ကျော်ခန့်မှအစပြုပြီး ၁၆ ရာစု ကျော် ခန့်ထိ နှစ်ပေါင်း၂၀၀ နီးပါးခန့်မျှ အင်းဝ နှင့် ဟံသာဝတီမင်း ဆက်ဘုရင်များသည် မြန်မာနိုင်ငံ တွင်ထီးပြိုင် နန်းပြိုင် စိုးစံခဲ့ကြသည်။

မွန် ရာဇ၀င် နှင့် မြန်မာရာဇ၀င်ဟောင်း များတွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲနှင့် မင်းခေါင် တို့ သည် ဟံသာ ၀တီ ရာဇဓိရာဇ်နှင့် နှစ်ပေါင်း ၄၀ ကြာမျှ စစ်မက် တိုက်ခိုက် ခဲ့ကြသည်

ထိုကြား ကာလ အတွင်း မွန်နှင့် ရခိုင် မြန်မာနှင့် ရခိုင် မြန်မာနှင့် ရှမ်း မွန် နှင့် ရှမ်းတို့၏ အကြားတွင် ဖြစ်ပွား ပေါ်ပေါက်ခဲ့ကြသော ပဋိပက္ခ များသည် အင်းဝ နှင့် ဟံသာဝတီ တို့အ ကြား တွင် ဖြစ်ပွားသည့် ပဋိပက္ခ ဖြစ်ကြောင်း ကို လည်း တွေ့ရှိရ သည်။

ထို့အတူ အခြားသောမင်းဆက်များတွင်လည်း အင်အားကြီးသူက အာဏာစက်ဖြန့်ခြင်းလွမ်းမိုးခြယ်လှယ်ရန် ကြိုးစားခြင်းများရှိသော်လည်း ယင်းတို့သည် ပဒေသရာစ် စနစ်၏ သမိုင်းဆိုးမျှသာဖြစ်ပြီး ကိုလိုနီ နယ်ချဲ့ စနစ်ဟု မဆိုနိုင်ပါ။ မိမိအာဏာစက်အတွက် အခြား လူမျိုးများနှင့် ၄င်းတို့ရဲ့ အခြေခံဒေသများကို သိမ်းသွင်း စည်းလုံးခြင်း ပြုရာတွင် သူ့ခေတ်နှင့် သူ့အခါ စစ် တိုက်ခိုက်ခြင်းကို အခြေခံ ၀ါဒအဖြစ် လက်ကိုင်ပြုထားသော် ငြားလည်း မူရင်း လူမျိုးတို့ရဲ့ ယဉ်ကျေး မှုနှင့်ဓလေ့ထုံးစံတို့ကို များစွာ လေးစားခြင်း အကြီး အကဲများ ခေါင်း ဆောင်များကို အသိ အမှတ်ပြု ချီး မြှင့်ခြင်း စသည်များကို တွေ့ရှိရလေသည်။

သို့အတွက် ထိုထိုသော သမိုင်းလာဖြစ်ရပ်များအပေါ် ရှုမြင်ရာတွင် တမြေတည်းနေ တရေတည်းသောက် ပြည်ထောင်စုဖွါး သားခြင်း ညီနောင် ဟူသောအသိကို လက်မလွတ်သင့်ပါ။ သို့မှသာ သမိုင်းလာဖြစ်ရပ်များအပေါ် နမူနာ ယူပြီး ပြည်ထောင်စုဖွါး သားခြင်း ညီနောင်တို့ စီးလုံးခြင်းကင်းခဲ့ရာမှ အမှန်တကယ် တိုင်းတပါးသား နယ်ချဲ့ ကိုလိုနီလက်အောက် ကျွန်ဘ၀ရောက်ခဲ့တာ သင်္ခန်းစာ ယူကြရမှာပါ။

ယခုကိစ္စမှာလည်း တရားခံသည် စစ်အာဏာရှင် စစ်ဓါးပြများသာဖြစ်သည်ကို ရှင်းလင်းစွာသိမြင်ကြဖို့ လိုပါသည်။

ပြည်ထောင်စုသား ညီနောင်သွေးရင်းတို့ လက်ခြင်းချိတ်တွဲ မခိုင်မြဲသမျှ စစ်ဖိနပ်အောက် ပြားပြားမှောက်ကာ အစော်ကားခံနေရဦးမည် မလွဲပါ။ ယဉ်ကျေးမှု အစဉ်အလာ ဓလေ့ထုံးစံ ရိုးရာအမွေအနှစ်များ ပျက်သုဉ်း ပျောက်ကွယ် ရှုံးဆုံးနေဦးမည်မှာမလွဲပါ။

ရွှင်လန်းချမ်းမြေ့ပါစေ။

စာမှီး

မသက်ဖင်-မွန် မြန်မာ ရှမ်း လူမျိုးများ ၏ ဖိုခနောက်ဆိုင် ယှဉ်ပြိုင် အားထုတ်မှု

သင်ဖူး ဖတ်ဖူးး ကြာားဖူးးသော ရာဇ၀င်များ
ဟိုတစ ဒီတစ ရခိုင်က ရထားလမ်းသတင်းများ

1/05/2011

*

မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ယခုလက်ရှိ ကာလတွင် လှုပ်ရှား ဆောင်ရွက်နေသော တပ်ပေါင်းစုကြီး ဆယ်ခုနှင့်
မြန်မာ့အရေး ပါဝင်တိုက်ပွဲဝင်နေကြကုန်သော နိုင်ငံတကာ အဖွဲ့အစည်းများ
-
-
1.National Council of the Union of Burma (NCUB)

2.Democratic Alliance of Burma (DAB)
• Arakan Liberation Party (ALP)
• All Burma Students' Democratic Front (ABSDF)
• All Burma Muslim Union (ABMU)
• All Burma Young Monks' Union (ABYMU)
• Chin National Front (CNF)
• Committee for Restoration of Democracy in Burma (CRDB)
• Democratic Party for a New Society (DPNS)
• Democratic Party for Arakan (DPA)
• Federation of Trade Unions - Burma (FTUB)
• Karen National Union (KNU)
• Lahu Democratic Front (LDF)
• Muslim Liberation Organization of Burma (MLOB)
• Myeik Dawei United Front (MDUF)
• Naga National League for Democracy (NNLD)
• Network for Democracy and Development (NDD)
• Palaung State Liberation Organization (PSLF)
• Pa-O People Liberation Organization (PPLO)
• Wa National Organization (WNO)
• Overseas Burmese Liberation Front (OBLF)
• Overseas Karen Organization (OKO)
• People's Patriotic Party (PPP)
• People's Liberation Front (PLF)
• People's Progressive Front (PPF)
• People's Defence Force (PDF)

3.National Democratic Front
• Arakan Liberation Party (ALP)
• Chin National Front (CNF)
• Lahu Democratic Front (LDF)
• Palaung State Liberation Front (PSLF)
• Pa-O People Liberation Organization (PPLO)
• Wa National organization (WNO)
• New Mon State Party (NMSP)
• Kayan New Land Party (KNLP)
• Karen National Union (KNU)

4.National League for Democracy – Liberated Area (NLD-LA)

5.Members of Parliamentary Union (MPU)

6.National Coalition Government of the Union of Burma (NCGUB)

7.Forum for Democracy in Burma (FDB)
• All Burma Federation of Student Unions - Foreign Affairs Committee
• All Burma Students Democratic Front
• Burmese Women’s Union
• Democratic Party for New Society
• Network for Democracy and Development
• People Defense Force
• Yaung Chi Oo Workers Association

8.Women's League of Burma
• Burmese Women's Union (BWU)
• Kachin Women's Association - Thailand (KWAT)
• Karen Women's Organization (KWO)
• Karenni National Women's Organization (KNWO)
• Kuki Women's Human Rights Organization (KWHRO)
• Lahu Women's Organization (LWO)
• Palaung Women's Organization (PWO)
• Pa-O Women's Union (PWU)
• Rakhaing Women's Union (RWU)
• Shan Women's Action Network (SWAN)
• Tavoy Women's Union (TWU)
• Women's League of Chinland
• Women's Rights & Welfare Association of Burma (WRWAB)

9.Students and Youth Congress of Burma
• All Arakan Students’ and Youths’ Congress
• All Burma Students’ Democratic Front
• All Burma Students League
• All Kachin Students and Youth Union
• Arakan League for Democracy - Youth Wing (Exile)
• Democratic Party for a New Society - Youth
• Karen Youth Organization
• Kayan New Generation Youth
• Kuki Students Democratic Front
• Mon Youth Progressive Organization
• National League for Democracy – Liberated Area, Youth
• Naga National League for Democracy – Youth
• Pa-O Youth Organization
• Ta'ang Students and Youth Organization
• Tavoyan Youth Organization
• Zomi Students and Youth Organization

10.Nationalities Youth Forum
• All Arakan Students’ and Youths’ Congress
• All Kachin Students and Youth Union
• Arakan Youth Network Group
• Chin Students' Union
• Karenni National Youth Organization
• Karenni Student Union
• Karen Youth Organisation
• Kayan New Generation Youth
• Mon Unity League
• Pa-O Youth Organization
• Ta’ang Students and Youth Organization
• United Lahu Youth Organization
• Zomi Students and Youth Organisation


Alternative Asean Network on Burma
Arakan Labour Campaign
Arakan League for Democracy (Exile-India)
Arakan Workers' Union
Asia Pacific Forum on Women, Law and Development
Asia Pacific Solidarity Coalition
Asian Forum for Human Rights and Development (FORUM-ASIA)
Association Suisse-Birmanie
Backpack Health Workers Team
Burma Action Ireland
Burma Campaign Australia
Burma Campaign Korea
Burma Campaign New Zealand
Burma Centre Delhi
Burma Democratic Concern
Burma Lawyers Council
Burma Medical Association
Burma Partnership
BurmaInfo (Japan)
Burmese American Democratic Alliance
Burmese Migrant Workers Education Committee
Canadian Friends of Burma
Center for People's Dialogue (Sri Lanka)
Chin Human Rights Organization
Chin National Community - Japan
Chin Students and Youth Federation
Chin Women Organization - Japan
Chin Youth Conference
Christian Solidarity Worldwide
CISL (Italian Confederation of Workers Trade Union)
English PEN
Falam Chin Women Development
Federation of Workers Union of the Burmese Citizens (Japan)
Foundation for Media Alternatives (Philippines)
Free Burma Campaign Singapore
Free Burma Coalition (South Africa)
Free Burma Coalition Philippines (Philippines)
Friends of Burma (Thailand)
Friends of the Third World (Sri Lanka)
Generation Wave (Burma)
Grassroots Human Rights Education and Development
Hong Kong Coalition for a Free Burma
Human Rights Education Institute of Burma
Info Birmanie (France)
Initiative for International Dialogue (Philippines)
Interfaith Cooperation Forum
International Campaign for Freedom of Aung San Suu Kyi and Burma
International Women’s Partnership for Peace and Justice
Karen Rivers Watch
Kayan National Development Foundation
Kayan Women's Organization
La Communauté de Birmanie de France
Lamkang Naga Students Union
Lamkang National Council
Naga Senior Citizens' Forum
Naga Students Union Delhi
Naga Youth Organization
National Democratic Party for Human Rights, exile (Malaysia)
National Health and Education Committee (Burma)
People in Need (Czech Republic)
People in Peril (Slovakia)
People’s Forum on Burma (Japan)
Polish Burma Solidarity
Reporters Without Borders
Shwe Gas Movement
Social and Health Development Association
Solidaritas Indonesia untuk Burma (Indonesian Solidarity for Burma)
Swedish Burma Committee
Swedish Democratic Students Burma Project
Taiwan Free Burma Network
Task Force on ASEAN and Burma
Thai Action Committee for Democracy in Burma
Zanniat Youth Organization
Zomi Community Committee
Zomi National Congress
Zomi Reunification Organization
Zomi Women’s Union


မှတ်ချက်။ ။ယခုစာရင်းမှတ်တမ်းကြီးတွင် ကြွင်းကျန်သွားသော တပ်ပေါင်းစုများ ကွန်ကရက်များ အဖွဲ့ချုပ်များနှင့် နိုင်ငံတကာ အဖွဲ့အစီးများရှိပါက kabarmakyay.blog မှ အနှုးအညွတ်တောင်းပန်ပါသည်။ မိမိဖါသာ ခပ်တင်းတင်း ၀င်ဖြည့် လိုက်ပါရန်။
ထို့အပြင် အခါအားလျော်စွာ အကြောင်းအရာအလိုက် မြန်မာ့အရေးအတွက် စိုးရိမ်ပူပန်မိသူများ ထိန့်လန်တုန်လှုပ် သူများ သံသယမကင်းဖြစ်မိသူများ စာနာသူများ ယခုစာရင်းတွင်မပါသေးပါကြောင်း။

1/03/2011

တွေ့ရှိပါက



လူပျောက်ကြေငြာ

ရနောင်မြို.(Ranong) ဘန်ကလင်စွယ်လေးလုံရပ်ကွက် (Bangring)မှာနေထိုင်သူဒေါ်ဥမ္မာ (ခ) မမော်၏သားငယ် မောင်ဝင်းပိုင်းထွေး(ခ)ကိုထွေး အသက် ၂၁ နှစ်သည်၃-၉-၂၀၀၉ ရက်နေ့မှာ ရနောင်မြို့  ပါကျန်ရပ်ကွက်မှပျောက်သွားသည်။


တွေ့ ရှိပါကကျေးဇူးပြု၍အကြောင်ကြားပေးပါရန် မေတ္တာ၇ပ်ခံ အပ်ပါသည်......။





သားအမြန်ပြန်လာပါ အမေတို့ စိတ်ပူနေတယ်....


ဆက်သွယ်ရန်


ဒေါ်ဥမ္မာ


ဖုန်း +၀၆၆-၈၇၃၈၈၄၆၂၆ (၀၈ ၇၃၈ ၈၄၆ ၂၆)
+၀၆၆-၈၃၁၈၀၉၄၇၅ (၀၈ ၃၁၈ ၉၉၄ ၇၅)





ခရက်ဒစ် - ၈၈၈၈ ဂရု မေးလ် 8888peoplepower,မှ ၃။၁။၂၀၁၁ နေ့စွဲ ဖြင့် လာသည်ကို မေတ္တာဖြင့် ထပ်ဆင့်ကြေငြာအပ်ပါကြောင်း။
__._,_.___

1/01/2011

အလှူမျှဝေ လှူမျှဝေ ၍

မင်္ဂလာနှစ်သစ် ၂၀၁၁မှာ ရွှင်လန်းချမ်းမြေ့စွာဖြင့် ကိုယ်စိတ်၂ဖြာ ကျမ်းမာ ချမ်းသာ လိုရာဆန္ဒ ပြည့်ဝကြပါစေခင်ဗျား။
နှုတ်ခွန်းဆက်သခြင်းနဲ့အတူ ကိုရဲရင့်ငယ်ရဲ့သတင်းလွာဒိုင်ယာရီမှာ ဖတ်လိုက်ရတဲ့ ကုသိုလ်ဒါနတခုကို ဖြန့်ဝေမှုပြုလိုက်ပါတယ် သာဓုအနုမောဒန ခေါ်နိုင်ကြပါစေသောဝ်။
ယော နိသော မနသီကာယဖြင့်
ကမ္ဘာမကြေ

အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး ရန်မျိုးအောင်ဟာဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။ သူ့ဘ၀သူ့အခက်အခသူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသဲာအားကိုးရာရှိ တော့တယ်လို့သူယုံ ကြည်ထားလို့ပါ။သူ့ရည်ရွယ်ချက်ဆိုတာ ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀ အောင်မြင်ဖို့ချစ်တဲ့သူနဲ့အတူလက်တွဲပြီး သာယာတဲ့ဘ၀ခရီးလျှောက်လှမ်းနိုင်ဖို့ ဆိုတဲ့လူငယ်တို့သဘာဝ ရှိတတ်တဲ့ မျှော်မှန်းချက်တွေတော့ မဟုတ်ပါဘူး၊လူငယ်နဲ့မလိုက် ကိုယ့် အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခုသူ့မှာရှိနေလို့ပါ။သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။သူအလုပ်လုပ်တဲ့စားသောက်ဆိုင်က လူသုံးရာကျော်စားနိုင်တဲ့ဆိုင်ကြီးပါ။အာရှအစားအစာမျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ဆူရှီဌာနမှာရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။ရန်မျိုးအောင်ဟာ တနေ့တော့ အလုပ်ကအပြန် ရေမိုးချိုးပြီးအနားယူနေချိန်မှာနိုက်ကလပ်သွားချင်တဲ့စိတ်တွေပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲဝါသနာပါသူမဟုတ်တော့လို့ သွားချင်တဲ့ စိတ်တွေမဖြစ်ခဲ့တာလည်းကြာခဲ့ပါပြီ။ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိ သွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြဖြစ်နေတယ်လေ။မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက်ပုတီးစိတ်လိုက်နဲ့ဖြေဖျောက်ဖို့ကြိုးစားခဲ့တယ်။ မရဘူး၊ မသွားရမနေနိုင်လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင်သွားမယ်ဆိုပြီးဘယ်သူမှ မခေါ်ဘယ်သူမှမတိုက်တွန်းပဲ သွားချင်လှတဲ့ဆန္ဒကိုရှေ့တန်းတင်ပြီးထွက်ခဲ့တော့တယ်။နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။နေ့ခင်းမှာ စားသောက်ဆိုင်လုပ်ပြီး ည၁၀-နာရီကျော်မှ ၂-နာရီအထိနိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ရေရွတ်တမ်းတမိပြီး တအံ့တသြငေးမောကြည့်နေမိတယ်။တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကိုသူအလုပ်လုပ်တိုင်းမြင်နေကျပါ။ဆိုင်မှာ အလှအပအဖြစ်ထားတယ်လို့ပဲသူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုးမြင်ရလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ဘူး။ခုတော့ ဘုရားခမျာ ဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ကာမမှောင်တောထဲမှာ သီတင်းသုံးတော်မူနေရရှာတယ်။လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖိုမအစုံစုံယစ်မူးအဟုန်ဖြင့်အစွမ်းကုန် မြူးတွန့်နေကြတယ်။ဘုရားရဲ့ရှေ့တည့်တည့် (၁၀) ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့်အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက သူတို့ ကိုယ်အလှသူ့တိုအကတွေနဲ့  ကာမမှောင်ကို မှောင်သည်ထက်မှောင်အောင်ဆွဲဆောင်နေပြန်တယ်။ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့ မှိတ်ချီဖွင့်ချီ ရောင်စုံမီးဆလိုက်များကဘုရားဦးခေါင်းတော်ဘေးဝန်းကျင်ကိုဖြတ်ကျော်ပြီးညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထားလေသလားတော့မသိ။ဆင်းတုကိုယ်တော်မြတ်ကြီးက “ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်ကမာရ်နတ်ရဲ့သ္မီးများ ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်ကငါဘုရားကိုလာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။ဒီအဖြူမလေးတွေကညတိုင်းလာဖြားယောင်းနေပါလား ” လို့တွေးထင်တော်မူလေမလားမသိ။ရန်မျိုးအောင်တော့ ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီးဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။ အလား--လား-- ပိုဆိုးပါလား။စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကိုသူ့ပေါင် နဲ့ထိထိုင်ကာ စတိုင်ကျကျနဲ့အရက်ခွက်ကိုကိုင်လို့၊ တစ်ချို့ကဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေတင်ထားပြန်တယ်။ဒီထက်ဆိုးတာကမိန်းကလေးက ဘုရားကိုကျောမီနေပြီးသူ့တွဲဖက် ကောင်လေးကဘုရားပေါ်လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာဖြစ်ပျက်နေပုံများကိုကြည့်ပြီး ဒေါသတွေချောင်းချောင်းထွက်မိတယ်၊ဖြစ်နိုင်ရင်ဝါးရင်းဒုတ်နဲ့ အားလုံးကိုမောင်းထုတ်ပစ်လိုက်ချင်တယ်။မပြုဝံ့ပါပေ၊“ခါကျဉ်ကောင်မာန်ကြီးပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံခါးကမသန်”ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင်ဘာတတ်နိုင်ပါမည်နည်း။ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကိုကြည့်ပြီးကိတ်မနိုင်ခဲမရဖြစ်နေရတယ်၊လှုပ်လှုပ်ရွရွတွန့်လိမ်ပွတ်သပ်နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ဂီတသံ၊ ထောင်းထောင်းမွှန်နေတဲ့အရက်နံ့၊မျက်နှာ တော်တည့်တည့်မှာ တစ်ကိုယ်လုံးနီးပါးပေါ်နေတဲ့ကခြေသည်မလေးတွေရဲ့တုန်ကာလှုပ်ကာ မြူဆွယ်ပြနေတဲ့အက၊ဒီဝန်းကျင်မှာနေရရှာတဲ့ ဘုရားရုပ်ပွားတော်ကြီးခမျာစိတ်တော်ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင်နဲ့ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။ဘုရားဆိုတာ သနားစရာမဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနားနေမိတယ်။ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင်နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲမျက်နှာတော်ကိုစိုက်ကြည့်မိရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့မိန့်တော်မူနေသလို ခံစားမိပြန်တယ်။ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကိုရောက်လာရခြင်းမှာသာမန်ရောက်လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ ပြင်းပြလွန်းလို့အရောက်လာခဲ့ရတာ။ ဘုရားစောင့်နတ်တွေကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။မည်သို့ပင်ဖြစ်စေ အခြေအနေအရပ်ရပ်ကို သူသိလိုက်ရပြီ။အမျိုးဘာသာသာသနာအတွက်လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန်ရှိသူဟာတာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေးငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင်ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော်ကြီးကို ပင့်ထုတ်ရမယ့်တာဝန်ဟာငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာခံယူလိုက်တော့တယ်။ “ဘုရားရုပ်ပွားတော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင်ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ။ရန်မျိုးအောင်ဟာ နောက်နေ့မှာစောစောအလုပ်ဆင်းဖြစ်တယ်။ ဆူရှီဘားမှာအလုပ်လုပ်ရင်း ဆိုင်ရှင်သူဋ္ဌေးအလာကို စောင့်နေတယ်။သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက်ဆန္ဒပြင်းပြနေတဲ့ရန်မျိုးအောင်ဟာရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာမခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်းမော့ကြည့်တယ်။“သူဋ္ဌေးကို ပြောစရာရှိလို့ပါ”“အေး-ပြော”“ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ်ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်”ရန်မျိုးအောင်ဟာ သူ့ကြံစည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာပြောနေတာလဲ ဆိုတဲ့သဘောမျိုးနဲ့လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ရန်မျိုးအောင်ခေါင်းငိုက်ဆိုက်ဖြင့် အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊ဆိုင်မန်နေဂျာအမျိုးသ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီပြောပေးပါရန်အသနားခံခဲ့တယ်။ မန်နေဂျာကလဲမဖြစ်နိုင်ကြောင်းနှစ်သိမ့်စကားသာပြောတယ်။ရင်းနှီးနေလို့ မန်နေဂျာကိုတော့ အခွင့်သင့်တိုင်းအကူအညီတောင်းဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။တနေ့တော့ မန်နေဂျာကိုပြောမိတယ်“ ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့ ဗုဒ္ဓဘာသာတွေအတွက်အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊ နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေမဖွယ်မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့မလား။ ငါတို့ဗုဒ္ဓကိုဒီလိုပြုလုပ်နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။ ” လိုမအောင့်ပဲခံစားမိတဲ့အတိုင်းပြောချလိုက်မိတယ်။သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင်စကားကြောင့်မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်းအမှန်တရားကို လက္ခံကြမည်သာ…။ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာအနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြလိမ့်မယ်လို့ မျှော်လင့်မိရင်းကျေနပ်နေမိတယ်။ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါးသောက်စားကြရင်းဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့အရက်ခွက်တွေ၊ပေကျန်နေတဲ့အရက်စက်တွေ၊ ဘုရားဝန်းကျင်မှာစွန့်ပစ်သွားကြတဲ့အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ပြီးရင် သရဏဂုံသုံးပါးနဲ့ ဘုရားဂုဏ်တော်ကိုးပါးကိုအခေါက်ခေါက်အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ဘုရားကြီးကိုပင့်နိုင်ရပါလို၏ လို့ လည်းအကြိမ်ကြိမ်ဆုတောင်းမိတယ်။ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ဘာမှအကောင် အထည် ပေါ်မလာသေး။“ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” ( ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆိုမပြီးသည် မည်သည်မရှိ ) ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလိုပိုလို့ ပင် တိုးလာမိတယ်။ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်းထဲသို့ ၀င်ခဲ့မိပြန်တယ်။“သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲအလုပ်လုပ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကိုရောင်းပေးပါ” ၊ ရန်မျိုးအောင်က ဒီတခါတော့ပုံစံတစ်မျိုးပြင်ပြီးတောင်းဆိုလိုက်တယ်။သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိ တယ်။မန်နေဂျာကလဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။“မင်း ဒီလောက်တောင်လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့နဂါးကြီးတစ်ကောင်ရှာပေးပါ” ။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊“ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်” လို့ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော်ဖွင့်လေပြီ။သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်းကူညီရှာပေးတယ်။ လော့စ်အိမ်ဂျလိစ်မှာရှိတဲ့ ဆိုင်ပေါင်းစုံကိုအနှံ့ရောက်ခဲ့ပြီ။အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ်ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။”“တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ” လို့ လွယ်လွယ်ပဲဖြေလိုက်တယ်။အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။နဂါးရှာရင်း ငွေခြောက်ထောင်အတွက်လည်းရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊သိမ်းထားတာလေးတွေ တွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီးသုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်းတစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ခေါင်းကုတ်လို့ကြံသော်လည်းအကြံက မထွက်။ချေးးဖို့ငှါးဖို့ဆိုတာလဲမလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့အတွက်မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေးထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြားလှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင်ပေးဆပ်ချင်ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ရာကားကိုရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်းလျှောက်သွားမယ်။ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်မိတယ်။ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်းတဲ့ စေတနာဟာအလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ကာမမှောင်အတွင်းက ဘုရားရုပ်ပွားတော်ကြီးပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်းရောင်းဝယ် တဲ့ ဆိုင်တွေကိုသူ့ကားဈေးနှုန်းစုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေးထားတဲ့ အမြတ်တနိုးဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်းလိုက်တော့လေးထောင်ကျော်လောက်ရမယ်လေ။ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီးတောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်သဘောကျလိမ့်မည်။ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကိုပုခုံးကိုလက်သီးနဲ့ထိုးပြီး“အောင်ပြီကွ” လို့ ကြွေးကြော်မိတယ်။နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီးဘုရားရဲ့လက်တော်ကို လက်နှစ်ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကိုပင့်နိုင်တော့မည်ဘုရား” လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာဝင်ခဲ့ပြန်တယ်။ တတိယအကြိမ်ဝင်ခဲ့ခြင်းပေါ့။“ ရန်- မင်းနဂါးတွေ့ပြီလား။”“ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ”“မင်း နဂါးက ဘယ်နှစ်ပေလောက်ရှိလဲ။”“၇-ပေရှိပါတယ် ခင်ဗျာ"“ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”ရန်မျိုးအောင် ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ခေါင်းငိုက်ဆိုက်ဖြင့်ထွက်ခဲ့ရပြန်ပြီ။ခဲလေသမျှ သဲရေကျပြီထင့်…။ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ဘာလုပ်ရမလဲလိုစဉ်းစားနေမိတယ်။ဆိုင်ပေါင်းစုံရောက်ခဲ့ပြီးဖြစ်လို့၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။ဇာတ်လမ်းကတော့ပြီးလေပြီ.. ။ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင်ဆက်လက်ကြိုးစားချင်တယ်။လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ်ရှာကြံစဉ်းစားဆင်ချင်မိပြန်တယ်။ခေါင်းထဲမှာ ဉာဏ်အလင်းရောင်ပေါ်လာတယ်“ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာမရှိဘူး၊ ဘုရားဂုဏ်တော်တွေကိုရွတ်ပွားပြီး သစ္စာဆိုမယ်” လို့  မျက်စိလယ် လမ်းပျောက်နေသူလမ်းမှန်တွေ့သလို အရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်းဆူရှီလိပ် လေတော့တယ်။ရန်မျိုးအောင်တစ်ယောက်ဂုဏ်တော်ပေါက်လေမလား၊လူပေါက်နေသူလို့ထင်ကြလေမလားမသိ၊တချိန်လုံးဂုဏ်တော်တွေကိုသာရွတ်နေတော့တယ်။အလုပ်သွားအလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊ ဈေးသွားဈေးဝယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲဂုဏ်တော်ရွတ် ၊ တစ်ခါတရံ အာခေါင်တွေခြောက်ပြီးလျှာပင်ပူလာတဲ့အထိဖြစ်ခဲ့ရတယ်။ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ်သ္မားသုံးယောက်လုပ်နေရာမှအခြားနှစ်ယောက် ကို စီးပွားရေးမကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့်ဖြုတ်ပစ်လိုက်ရာ၊ သုံးယောက်တာဝန်ကို တစ်ယောက်တည်း လုပ်နေရတော့တယ်။မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊အဆူခံရပြန်တယ်။ရန်မျိုးအောင်စိတ်ညစ်လာပြီ၊ အလုပ်က နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်လိုက်ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့အလုပ်ထွက်တော့မယ်လို့စိတ်ကူးမိတယ်၊မဖြစ်သေးပါ၊ ဘုရားကြီးကိုထားခဲ့လို့ မဖြစ်သေးပါ၊ ဘုရားကြီးကိုတစ်ပါတည်းပင့်နိုင်မှ ငါထွက်တော့ မယ်လို့ စိတ်ဒုန်းဒုန်းချကာပင်ပမ်းသမျှ၊ ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကိုသာအဖန်ဖန်ရွတ်ပွားနေတော့တယ်။တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့ ပင်ရောက်ခဲ့ပေပြီ။ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါးကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှမအောင်နိုင်ရှာ ဂုဏ်တော်သာ ရွတ်နေဆဲပင်။တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး ဆိုင်ကိုရောက် လာတယ်၊ ရန်မျိုးအောင်အလုပ်လုပ်နေရာမှထွက်လာပြီး အဖိုးကြီးကို ရိုရိုသေသေ ပြင်ဆင်ကျွေးမွေးပြုစုတယ်။ အဖိုးကြီးကို မေတ္တာပို့ တယ်၊ အဖိုးကြီး မပြန်မချင်းစူးစူးစိုက်စိုက်ပို့နေမိတယ်။ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့က အချည်းအနှီးမဖြစ်ပါပေ။ ဗုဒ္ဓဘာသာဝင်တို့ရဲအားအကောင်းဆုံးလက်နက်များပင်မဟုတ်ပါလား။ လက်နက်ကောင်းတွေရှိပါလျှက်မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။ရန်မျိုးအောင်ကတော့ သူပိုင်လက်နှက်များဖြင့် ဒလပ်စပ် ပစ်ခတ်နေပေပြီ။နောက်တစ်ပတ်လောက်မှာရန်မျိုးအောင်ရဲ့မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ရက်နေ့ပေါ့၊ ဆိုင်ကိုစောစောလာပြီး ပြုလုပ်နေကြဖြစ်တဲ့ဘုရားဆင်းတုတော်ကြီးကို သန့်ရှင်းရေးလုပ်တယ်။ပါလာတဲ့ ပန်းစည်းကို မွေးနေ့ကုသိုလ် အဖြစ် ဘုရားရဲ့လက်တော်ထဲကပ်လှူပြီးဝတ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါ တယ်၊ ဆုတောင်းရပေမဲ့ အားသိပ်မရှိလှပါဘူး၊သူ့ခံစားချက်အတိုင်း ဘုရားကြီးကို သနားစိတ်တွေဖြစ်နေမိတယ်။ ဒါပေမဲ့ဆင်းတုတော်ကြီးရဲ့ မျက်နှာတော်မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်ပနေတယ်လို ရန်မျိုးအောင် ထင်နေမိတယ်.. ။ဘုရားဝတ်ပြုပြီးအလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင်လန့်သွားတယ်။ ငါ့များအလုပ်ဖြုတ်တော့ မှာလားဆိုတဲ့အတွေးကပဌမဆုံးဝင်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ စီ်းပွားရေးအရအဓိကထားတဲ့ဘုရားရုပ်ပွားတော်ကြီးကို ရန်မျိုးအောင်ထုတ်ယူဖို့ကြိုးစားခဲ့ပြီ။ဘာသာရေးပြဿနာများဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ ထင်မြင်နိုင်တယ်။ဓါတ်ပုံရိုက်ခွင့်မရှိတဲ့ နိုက်ကလပ်အချိန်မှာလဲ ရန်မျိုးအောင်ဓါတ်ပုံတွေခိုးရိုက်ခဲ့ပြီ။ သူရည်ရွယ်တာက ဘုရားကြီးကိုငါပင့်လို့မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီးအကူအညီတောင်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။



ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်းတိုင်ပေလိမ့်မယ်။သူတို့အမြင်တော့ ရန်မျိုးအောင်ဟာအပြစ်ရှိသူတယောက်ပါ။ ဒီဆိုင်မှာမရှိသင့်သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင်အသိ၊ သိလို့လည်းမာဖီးယားလိုအင်အားကြီးတဲ့သူတွေမို့ ငါ့ကိုရန်ပြုလေမလားဆိုပြီးသတိကြီးစွာနဲ့နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ်နိုင်တယ်လို့မျှော်လင့်ထားပြီးသား.. ။
ဒီမျှော်လင့်ချက်နဲ့ သူဋ္ဌေးရုံးခန်းထဲဝင်ခဲ့ရပြန်တယ်။ ဒါစတုတ္ထအကြိမ်ပါ၊ဒီတစ်ခါတော့ သူတောင်းဆို ဖို့ ၀င်လာခြင်း မဟုတ်၊ အမိန့်နာခံဖို့ဝင်လာခြင်းပါ၊ နောက်ဆုံးစီရင်ချက်များဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။သူဋ္ဌေးက ချိုသာသောမျက်နှာနဲ့“ရန်-လာ၊ ထိုင်”လို့ ကြိုဆိုနှုတ်ဆက်တော့ ရန်မျိုးအောင် အနည်းငယ် စိတ်သက်သာသွားတယ်။သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာကြည့်ပြီး“ရန်- မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။”“ဟာ-တကယ်လား” ရန်မျိုးအောင် အရမ်းဝမ်းသာသွားကာ၊ ထခုန်ချင်လောက်အောင်ပင်ဖြစ်ခဲ့ရတယ်။သူဋ္ဌေးအားလက်အုပ်ချီကာ “ကျေးဇူးတင်လိုက်တာဗျာ”လို့ လှိုက်လှိုက်လှဲလှဲဆိုမိတယ်။သူဋ္ဌေးကဆက်ပြောတယ်“ဒီကောင်လေးဆိုရင် ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့်ပေးတာပါ။”လို့ သူ့ဖခင်ရဲ့သဘောထားကိုပါရှင်းပြတော့။“သြော်- ဟုတ်လား၊ အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်းပြောပေးပါဗျာ။ အရမ်းကိုကျေးဇူးတင်ပါတယ်။”ရန်မျိုးအောင်သိလိုက်ပါပြီ၊ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာအဖိုးကြီးရဲ့ နှလုံးသားကိုထိမှန်ခဲ့ပေပြီ။ဘုရားဂုဏ်တော်တို့ ရဲ့  အစွမ်းအာနိသင်ကိုလဲ လေးလေးနက်နက်ယုံကြည်မဆုံးတော့..။ သဗ္ဗညုတ ဘုရားရှင်သည် သုံးလောကတွင် အအောင်မြင်ဆုံးအမြတ်ဆုံး။ ဗုဒ္ဓ၏ဂုဏ်တော်များ ထုံမွှန်းထားသူမှာလည်း ကိုယ့်ပမာဏအလိုက်အောင်မြင်ရမည်မှာမုချ..။ရန်မျိုးအောင်ဟာ မိမိဘ၀တိုးတက်ရေးအတွက် ထိုအားကိုးရာလက်နှက်ကောင်းတစ်ခုကို ယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။ဝမ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံဖုန်းဆက်ကာရည်မှန်းထားသည့်အတိုင်း ကားနှင့်ဆွဲကြိုးကို အတူသွားရောင်းရန်ရက်ချိန်းလိုက်တော့တယ်။ရန်မျိုးအောင်ဟာ အလုပ်သွားအလုပ်ပြန် ခြေလျှင်သွားရမည့် ဒုက္ခကို သူမမြင်၊ဘုရားကြီးပင့်နိုင်ရေး ကသာအဓိကမျှော်မှန်းချက်။ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ဒုက္ခကိုမြင်ကာ သနားကရုဏာဖြစ်နေတယ်။ရန်မျိုးအောင်ရဲ့စေတနာ သဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။ချိန်းတဲ့ရက်မှာ ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်ကဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့ အစီအစဉ်တွေကို အားရ၀မ်းသာနဲ့ ပြောပြတယ်။ကိုမိုးဝင်းက မှတ်ချက်ပေးတယ်“ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့တာပါလား”။ရန်မျိုးအောင် အားရပါးရရယ်လိုက်တယ်၊ ဒီစကားကို သိပ်သဘောကျသွားပုံရကာ“ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲဘုရားကျွန်ဖြစ်ချင်ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန်မယားကျွန်ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန်ဖြစ်ခွင့် ရခဲပါတယ်ဗျာ။”အရွယ်နဲ့မလိုက်တဲ့ ရန်မျိုးအောင်စကားကြောင့် ကိုမိုးဝင်းအံ့သြသွားကာ“ကောင်းပါတယ်ကွာ၊ မင့် စိတ်ဓါတ်ကိုချီးကျူးပါတယ်၊ လေးစားပါတယ်။ မင်းကိုသနားလဲသနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့ တိုင်ပင်ထားတယ်။ကားလဲသွားမရောင်းပါနဲ့၊ မင်းလိုတဲ့ငွေကို ငါတို့ချေးပေးပါ့မယ်။”“ဟာ- တကယ်။ ၀မ်းသာလိုက်တာဗျာ” ဟုပြောပြောဆိုဆို ကိုမိုးဝင်းကိုဖက်ကာဝှေ့ရမ်းလိုက်မိတယ်။ဇနီးဖြစ်သူ မဘေဘီကအသင့်ပြင်ထားတဲ့ ဒေါ်လာလေးထောင်ကိုထုတ်ပေးတဲ့အခါမှာတော့“အဆင်ပြေချင်တော့လဲ ချောလို့ပါလား” လို့ ရန်မျိုးအောင်ပီတိဖြစ်မဆုံးတော့။ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံခမ်းထဲကို ရောက်ခဲ့ပြီ၊“ငွေခြောက်ထောင်ပေးပါ့မယ်၊ ခြောက်လလည်း အခမဲ့အလုပ်လုပ်ပေးပါမယ်” ဆိုတဲ့ ကတိစကားအရ သူဋ္ဌေးအား ခြောက်ထောင်ပေးချေလိုက်တယ်။ “မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊ အရင်ကလဲ ခဏခဏလာဝယ်ကြတယ်၊ ဒို့မရောင်းခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်ကမှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲကျတယ်။ မင်းပေး တာက အစွန်းထွက်လောက်ပဲရှိပါတယ်။” “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလိုရောင်းပေးတဲ့ အတွက် ခင်ဗျားတို့မှာလည်း ကောင်းကျိုးတွေဖြစ်မှာပါ။ ဖြစ်ပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်။”အလုပ်ကိစ္စအတွက် ဆက်လက်ဆွေးနွေးကြတယ်။ ခြောက်လအခမဲ့လုပ်ပေးရန် မလို၊ လုပ်ခ တစ်ဝက်ပေးမည်၊ တနှစ်တိတိလုပ်ပေးရမည်။ တစ်နာရီ ဆယ့်ငါးဒေါ်လာဖြင့်လုပ်နေရာမှ ကိုးဒေါ်လာဖြင့်လုပ်ရန် နှစ်ဦးသဘောတူလိုက် ကြတယ်။ ဘုရားကျွန်ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ ဆုံးဖြတ်ပြီးသားဖြစ်လို့ ဘာမျှအခက်အခဲမရှိ။ရန်မျိုးအောင်က ကတိတစ်ခုတောင်းဆိုလိုက်တယ်။“နောင်ကို ဒီနေရာမှာ ဗုဒ္ဓရုပ်ပုံတော်တွေ ဘယ်တော့မှ မထားပါနဲ့ခင်ဗျာ၊ ဒီကတိလေးတစ်ခုတော့ ကျွန်တော့ကို ပေးပါဗျာ။”သူဋ္ဌေးကပြုံးပြုံးကြီး ကြည့်ပြီး ကတိပေးတယ်။ ရန်မျိုးအောင်ရဲ့သဘောထားကို သူဋ္ဌေးသိနေပြီးဖြစ်ပေလိမ့်မယ်..။ ရန်မျိုးအောင်ဟာ ယခု ဘုရားဆင်းတုတော်ကြီးကို နိုက်ကလပ်မှ ပင့်ယူကယ်တင်လိုက်နိုင်သလို နောက်နောင် ဘုရားဆင်းတုတော်များအတွက်လည်း ကာကွယ် ပူဇော်နိုင်ခဲ့ပြီကော… ။ ဗုဒ္ဓဘာသာဝင်တိုင်း ရှိသင့်တဲ့ စိတ်ဓါတ်ပါပေ။ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးမှာ နည်းလှသည်မဟုတ်။ ငွေကြေး ပမာဏဘက်ကကြည့်ရင် လက်ငင်းခြောက်ထောင်ပေးဆပ်ရသည့်အပြင် တစ်နှစ်လုံးအတွက် လုပ်အားများ ပေးဆပ်ရသေး.. ။ တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ $ 28,800 ရရှိရာမှ တစ်နှာရီ $ 9 နှုန်းဖြင့်ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။ တနှစ်လုံးအတွက် ပေးဆပ်ရမည့် ငွေမှာ $ 11,520 ရှိပြီ၊ လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520 ပင်.. ။ ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်းရမည့် $ 3,000 ကိုလည်း ထပ်ဆောင်းရပြန်သေး.. ။လူမှုရေးဘက်ကကြည့်ရင် တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့အလုပ်မျိုးပြောင်းရွှေ့လုပ်ကိုင်ခွင့် မရနိုင်တော့ပေ။ ဒီထက်ဆိုးသည်မှာ မိဘများနှင့်တွေ့ခွင့်မရခြင်းပင်၊ ရန်မျိုးအောင် အမေရိကန်နိုင်ငံ ရောက်နေတာ (၁၅) နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့အခြေအနေမို့ မိဘများထံမပြန်နိုင်ခဲ့။ အတွယ်အတာလည်း မရှိတော့ မိဘများကိုပိုလွမ်းနေမိတယ်၊ သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့်ရရခြင်းပြန်မယ်လို့ မျှော်လင့်ချက်ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။ကံများကလဲဆန်းပါဘိ၊ ဘုရားကြီးအတွက် သဲသဲမဲမဲ အားခဲကြိုးစားနေတဲ့ အောက်တိုဘာလကမှ ပြန်ခွင့်ရခဲ့တယ်။ အမေရိကန်ရောက်စကထဲက အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့အချိန်မှ ရခဲ့လို့ ဂုဏ်တော်အစွမ်းကို ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ..။မိဘနဲ့တွေ့လိုရေးထက် ဘုရားကြီးပင့်လိုရေးက ပိုအရေးကြီးနေချိန်မို့ ဘုရားကြီးပင့်ပြီးမှ ပြန်တော့မယ်လို့မိဘတွေ့လိုစိတ်ကို မျိုသိပ်ထားခဲ့ရပြန်တယ်။ဘုရားကြီးပင့်ပြီးမှပြန်မယ်ပေါ့။ ခုတော့ ဘုရားကြီးပင့်နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့အရေးကတော့ ဝေးခဲ့ပြန်ပြီ။တနှစ်အတွင်း မိဘများနဲ့မတွေ့နိုင်လေပြီ။ ဒီအတွက် ရန်မျိုးအောင် စိတ်မကောင်းပေမယ့်၊ ဘုရားကြီးကြည်ညိုစိတ်နဲ့ ဖြေသိမ့်နေရပေတော့မယ်…။နိုဝင်္ဘာလ (၆)ရက်နေ့က အဇူဇာ-ဗြဟ္မ၀ိဟာရ ကျောင်းသို့ ရန်မျိုးအောင် ဘုရားကြီးပင့်လာခဲ့တယ်။ကိုမိုးဝင်းတို့မိသားစုနဲ့ အလုပ်သ္မားများလဲ ပါလာကြတယ်။ အရက်စက်တွေ ပေကြံနေတဲ့ ဘုရားကြီးကို ရေသပ္ပါယ်တယ်။“ကမ္ဘာပေါ်မှာ အလုပ်ချင်ဆုံးအလုပ် ခုမှလုပ်ရတော့တယ်” လို့ပြောလိုက်သေးတယ်။ ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့ ရန်မျိုးအောင်က စာရေးသူကို လျှောက်ထားတယ် “ဆရာတော် ဟိုတစ်ချိန်က တပည့်တော်ဟာ ဆေးသ္မားအဖြစ်နဲ့ ကျောင်းကိုရောက်လာခဲ့တယ်၊ ခုတစ်ခါတော့ ဘုရားဒါယကာအဖြစ်နဲ့ ရောက်လာတာပါဘုရား” တဲ့။ သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။ မှန်တယ် .. တစ်ချိန်က သူဟာဆေးစွဲခဲ့ဖူးသူ..။ ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ..။ အရွယ်က ငယ်ငယ်၊ ငွေကရွှင်ရွှင်၊ အပေါင်းအသင်းတွေကလဲများပါဘိ၊ အမေရိကန်မှာ လွတ်လပ်တယ်ဆိုပြီး လွတ်လပ်မှုတွေကိုအလွဲသုံးစားလုပ်၊ နောက်ဆုံးတော့ ဆေးသ္မားဖြစ်ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှ စာရေးသူထံရောက်လာခဲ့တယ်။ သူ့ကိုစောင့်ရှောက်ပြီး ဆေးသ္မားဘ၀က လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊ လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလဓါတ်ခံ စိတ်ရင်း ကောင်းသူမို့ ပြင်ရတာ သိပ်မခက်လှ.. ။ သူဟာ လူကောင်းပကတိဖြစ်ယုံမက မူးယစ်ဆေး၊ အရက် သေစာအားလုံးကို နာကျည်းစွာဖြင့်စွန့်ပယ်နိုင်ခဲ့တယ်။ ဒီဘ၀မှာ ဒီအမှားမျိုး ဒီတစ်ခါပဲအဖြစ်ခံမယ်၊ နောင်ဘယ်တော့မှ မဖြစ်စေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထားသူလည်းဖြစ်နေပါပြီ။ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍ ရောက်လာပေပြီ။ သူ့ကိုကြည့်ပြီး စာရေးသူ ပီတိတွေ တသိမ့်သိမ့်ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်.. ။ဘုရားကြီးကလည်း ဘုန်းတော်ကြီးပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက် သောင်းကျော် အကုန်အကျခံပြီးဆောက်လုပ်ထားတဲ့ မဏ္ဍပ်ကြီးက အောက်တိုဘာလကမှဆောက်ပြီးခဲ့ပတယ်။ ကြေးညိုရောင်သန်းပြီး ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့မဏ္ဍပ်ကြီးအတွင်းမှာ တင့်တယ် သပ္ပါယ်စွာ သီတင်းသုံးတော်မူနေပါပြီ။ မာရ်နတ်ရဲ့ အသင်း အပင်း ကာမမှောင်အတွင်းမှ လွှတ်မြောက်တော်မူခဲ့ပြီး ဗောဓိအောင်မြေမှာ စံတော်မူလေသကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာမြတ်ကို ခံစားတော်မူလေပြီ။ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတရားများ၊ အဓိပတိပစ္စည်း စွမ်းအားရှိသော ဆန္ဒ ၀ီရိယများနဲ့ ဂုဏ်တော်စွမ်းအားများကိုလည်း ချီးမွှန်းလောက်ပါပေစွ.. ။ သာဓုခေါ်လောက်ပါပေစွ.. ။ငွေမချမ်းသာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်းတရားများ ချမ်းသာတဲ့သူမို့ တာဝန်ရှိရှိ တာဝန်သိသိဖြင့် ဆောင်ရွက်နိုင်ခဲ့ပေပြီ။ အမေရိကန်လိုပြည်ပနိုင်ငံများမှာ ကိုရန်မျိုးအောင် လို သာသနာပြုလိုသူများ လိုအပ်နေပါပြီ။ တစ်ချို့နိုက်ကလပ်များမှာ ဘုရားရုပ်ပွားတော်များ ရှိနေပါသေးတယ်။ ကမ္ဘာကျော်အပျော်အပါး လောင်းကစားမြို့ဖြစ်တဲ့ လပ်စ် ဗေးဂပ်စ်မြို့ရဲ့ နိုက်ကလာပ်တစ်ခုမှာ ရုပ်ပွားတော်ကြီးတစ်ဆူ အထက်ပါနည်းအတူ စံနေတော် မူရကြောင်း ကြားရပါတယ်။ ဗုဒ္ဓဆင်းတုတော်များကို မတော်တဲ့ နေရာဌာနတွေမှာ အသုံးပြုနေတာမျိုးတွေ ပပျောက် အောင် ဆောင်ရွက်ကြဖို့ ရန်မျိုးအောင်တွေ တစ်ရာမက ရှိစေချင်စမ်းပါဘိ......။ ။

အရှင်ဧသက
ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန်
http://www.ashinayethaka.com/ ( မြတ်ပဋ္ဌာန်း )