3/23/2011
3/22/2011
ကုလါးအုပ်စီး ကဒါဖီတပ်များကို အပြတ်ခြေမှုန်းမည့် စူပါပါဝါများ

လစ်ဗျားတွင် တိုက်လေယာဉ်တစင်း ပစ်ချခံခဲ့ရပြီး၊ ဘယ်သူ့ လေယာဉ်လဲ ဆိုတာတော့ ကွဲကွဲပြားပြားမသိရှိရသေးဟု သတင်းတချို့ ထွက်လာပီးနောက် အမေရိကန် ဂျက်တိုက်လေယဉ် F-15E Strike Eagle jet တစီး မတ်လ၂၁ရက် တနင်္လာနေ့ည ကဒါဖီ၏ လေကြောင်းရန် ကာကွယ်ရေး ပစ်မှတ်များကို တိုက်ခိုက် ချေမှုန်းမည့် တိုက်ခိုက်ရေး မစ်ရှင်အတွင်း ဒေသစံတော်ချိန် ညနေ ၅း၃၀ (2130 GMT) မှာပျက်ကျခဲ့ကြောင်း U.S. Africa Command.၏ ပြောရေးဆိုခွင့်ရှီသူ Lt. Cmdr. Karin Burzynski, ကထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
ဒေသသတင်းများအရ လစ်ဗျား၏ ဒုတိယအကြီးဆုံး မြို့တော် Benghazi အပြင်ဖက် ကီလို၄၀ ခန့်တွင် ပျက်ကျခဲ့သည်ဟု ဆိုပါသည်။
ဒေသသတင်းများအရ လစ်ဗျား၏ ဒုတိယအကြီးဆုံး မြို့တော် Benghazi အပြင်ဖက် ကီလို၄၀ ခန့်တွင် ပျက်ကျခဲ့သည်ဟု ဆိုပါသည်။

ဒီဒုံးပျံက ၁၉၇၀ မှာစတင်ထုတ်လုပ်တယ်။ အမေရိကန်နဲ့  ဗြိတိသျှတပ် မတော်တွေမှာပဲ ရှိတယ်။ အရှည်က ၁၈ ပေ၊ တောင်ပံတွေက ၉ ပေရှည်တယ်။ ဂျက်အင်္ဂျင်တပ်ထား လေယဉ်ပျံတစင်းနဲ့ တူတယ်။ ပြစ်မှတ်မလွဲတိုက်ခိုက်နိင်တယ်။ မြေပြင်ကနေကပ်ပြီပျံသန်းနိင်တယ်။ ရန်သူ့ ရဲ့  ခံကတုတ်တွေကို တိုက်ခိုက်နိင်စွမ်းရှိတယ်။ ဒီဒုံလက်နက်ထဲမှာ အလွန်ပြင်းထန်စွာပေါက်ကွဲစေနိင်တဲ့ ဗုံပေါင်း ၁၆၆ လုံးကိုထည့်သွင်းထားတယ်။ အနုမြူ ထိပ်ဖူးတပ်ပြီး ပြစ်ခတ်နိင်စွမ်းလည်းရှိတယ်။တနာရီကို မိုင်ပေါင်း ၅၅၀ ပျံသန်းနိင်တယ်။
နောက်ထပ် တိုမာဟောခ် ပဲ့ထိန်း ဒုံးကျဉ် အလုံး ၈၀၀ ကျော် ထပ်သုံး၍ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ကို ဖျက်ဆီးမည်ဟု (ပင်တဂွန်) ကဆိုထားသည်။
နောက်ထပ် တိုမာဟောခ် ပဲ့ထိန်း ဒုံးကျဉ် အလုံး ၈၀၀ ကျော် ထပ်သုံး၍ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ကို ဖျက်ဆီးမည်ဟု (ပင်တဂွန်) ကဆိုထားသည်။

လစ်ဗျားအစိုးရအပေါ် အရေးယူရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ အမေရိကန် ပြည်ထောင်စု၏ Odyssey Dawn အမည်ရှိ စစ်ဆင်ရေး စတင်သည့် ၂ဝ၁၁ ခုနှစ် မတ်လ ၁၉ ရက်နေ့က Tomahawk တာဝေးပစ် ဒုံးကျည်တခုကို အမေရိကန်ရေတပ် ဖျက်သင်္ဘော USS Barry (DDG 52) ပေါ်မှ ပစ်လွှတ်နေပုံ ဖြစ်ပါသည်။ (Soure: navy.mil)

B 2 Stealth ကိုယ်ပျောက် ဗုံးကြဲ လေယာဉ် ဖြင့် ထရီ ပိုလီ ရှိ စစ်ရေး ပစ်မှတ် များ ကို ဗုံး အလုံး ၄၀ ကျော်ကြဲ
ဗြိတိသျှ တိုက်လေယာဉ်များ ဖြစ်သည့် တိုင်းဖွန်း၊ ဟာရီကိန်း နှင့် တော်နေဒိုး လေယာဉ်များ လစ်ဗျားနိုင်ငံ ထဲ ရှိ ကဒါဖီ ၏ လေကြောင်းကာကွယ်ရေး စနစ်များ ကို နံနက် အရုဏ် တက်ချိန်တွင် စတင်ဝင်ရောက် တိုက်ခိုက်

ပထမ အသုတ် ပစ်လွှတ် သည့် တိုမာဟောခ် ဒုံးကျဉ်များ ကြောင့် ထရီပိုလီ ရှိ လေကြောင်းကာကွယ်ရေးစနစ်အချို့ ဖျက်ဆီးနိုင်ခဲ့သည်။

လစ်ဗျားမြောက်ပိုင်း မြေထဲပင်လယ်ထဲမှာ ပြင်သစ်က Mirage နဲ့ Rafale တိုက်လေယာဉ်တွေ အပါအဝင် စစ်လေယာဉ် အစင်း ၂ဝ လောက် စေလွှတ်ထားတယ်လို့ သိရပါတယ်။

လစ်ဗျားမြောက်ပိုင်း မြေထဲပင်လယ်ထဲမှာ ပြင်သစ်က Mirage နဲ့ Rafale တိုက်လေယာဉ်တွေ အပါအဝင် စစ်လေယာဉ် အစင်း ၂ဝ လောက် စေလွှတ်ထားတယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ စစ်ရေးအရ အကန့်အသတ်နဲ့ပ

ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားချက်အရ အခု စစ်ဆင်ရေးဟာ အဆင့်ပေါင်း များစွာထဲက တခုသာဖြစ်ပြီး
ဒုတိယအဆင့် စစ်ဆင်ရေး မှာ နိုင်ငံစုံမှ တိုက်လေယာဉ် အစင်း ၁၀၀ ကျော်ဖြင့် ၂၄ နာရီလုံး လုံး လစ်ဗျားလေကြောင်းကို ထိမ်းချုပ်ထားမယ်လို့ သိရပါတယ်။ ပထမ အဆင့် စစ်ဆင်ရေး မှာ B2 (ဘီ ၂) ဗုံးကြဲလေယာဉ် ၄ စင်း လည်းပါဝင်ခဲ့ပြီး၊ တစင်းလျှင် ဗုံး ၁၆ လုံးစီ ဖြင့် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်းသတင်းများတွင် ဖော်ပြထားပါသည်။

လစ်ဗျားအရေး ဆုံးဖြတ်ချက် ၁၉၇၃/၂၀၁၁ ကို ချမှတ်ရာမှာ အမေရိကန်နဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ ထောက်ခံမှုနဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ လက်ဘနွန် နိုင်ငံတွေက ကမကထ ပြုခဲ့တာပါ။
လစ်ဗျား ရေနံကို ၀ယ်ယူရာတွင် ဗြိတိန် အိုင်ယာလန် မှာ နေ့စဉ် တစ်နေ့ စည် ၁၄,၀၀၀ ဖြင့် အနည်းဆုံး
ဝယ်ယူသော နိုင်ငံ ဖြစ်သည်။ အိုင်ယာလန် ရေနံဝယ်ယူမှု ရဲ့ ၂၃ ရာခိုင်နှုန်းက လစ်ဗျားမှ ဖြစ်သည်။
လစ်ဗျားမှ ရေနံ တင်သွားမှု အများဆုံးနိုင်ငံကတော့ အီတလီ ဖြစ်သည်။ သူ့ကိုလိုနီ နိုင်ငံဟောင်း လစ်ဗျားကနေ နေ့စဉ် ရေနံစည် ၃၇၆,၀၀၀ ၀ယ်ယူပြီး စုစုပေါင်း ၀ယ်ယူမှုရဲ့ ၂၂ ရာခိုင်နှုန်း ဖြစ်သည်။
3/21/2011
ပြည်သူလူထု ထိခိုက်စေမည့် နိုင်ငံရပ်ခြား ပိတ်ဆို့အရေးယူမှုမျိုး တွေ့ရှိလျှင်
ယင်းကိစ္စအပေါ် စဉ်းစားသွားမှာသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။
စီးပွားရေးပိတ်ဆို့မှု ပြန်လည်ရုပ်သိမ်းရန် ရွေးကောက်ပွဲဝင် ၁ဝ ပါတီက ဥရောပနိုင်ငံများမှ သံတမန်များ ရန်ကုန်သို့ ရောက်ရှိစဉ် ယခုလ ၁၇ ရက်နေ့တွင် စာပေးခဲ့သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးကောက်ပွဲဝင် ပါတီ ၅ ပါတီမှ ခေါင်းဆောင်များ၊ ဥရောပသံတမန်များသည် စီးပွားရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတရပ်လည်း အီတလီသံရုံး၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ သဘောထား မှတ်ချက် မပေးခဲ့ပေ။ထိုစီးပွားရေး ပိတ်ဆို့မှု ရှိသင့်မသင့်၊ ပစ်မှတ်ထား ပိတ်ဆို့မှု Targeted Sanction အပေါ် သဘောထား၊ ပိတ်ဆို့မှုနှင့် လူ့အခွင့်အရေး ဆက်စပ်မှု၊ ပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စသဖြင့် NLD ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်တင်ကို မဇ္ဈိမသတင်းထောက် မျိုးသန့်က ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်ပါသည်။ စီးပွားရေးပိတ်ဆို့မှုများ ထိရောက်မှုရှိမရှိနှင့် ဆိုးကျိုးများကို ဥရောပသမဂ္ဂက ပြန်လည်သုံးသပ်ကာ လာမည့်လအတွင်း ဆုံးဖြတ်မည်ဖြစ်သည်။
ပိတ်ဆို့မှုတွေအပေါ်ဘယ်လိုသဘောထားလဲခင်ဗျ။ ဆက်ထားသင့်လား၊ ရုပ်သိမ်းသင့်သလား။
“ကျနော်ကတော့ ဆက်ထားဖို့ဗျ၊ ဆက်ထားဖို့ သဘောထား၊ ကျနော့်ရဲ့ သဘောထားကတော့ ဒီပိတ်ဆို့မှုတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဖြစ်တဲ့ ပြည်သူတွေကို ထိခိုက်နစ်နာမယ်ဆိုရင် ပြန်လည်စဉ်းစားမယ် ဘာညာဆိုတဲ့ လိုင်းကို ထောက်ခံတယ်၊ ပြည်သူတော့ မနစ်နာစေချင်ဘူး။ ဘာလို့ဆို ကျနော်တို့ အခုဟာ ကိစ္စ နှစ်ခုထဲ မဟုတ်ဘူး၊ 3rd person ပေါ့ဗျာ၊ ပြည်သူဆိုတာ ရှိတယ်၊ ဒါ့ကြောင့် ကျနော်လက်ခံတယ်”
တချို့တွေယူဆချက်က Targeted Sanction ကိုတော့ ထားသင့်တယ်လို့ ဆိုပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုယူဆလဲခင်ဗျာ့။
“Targeted Sanction ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ နောက်ပြီး သူတို့ရဲ့ အပေါင်းအပါတွေကိုတော့ Target ထားပြီးတော့ လုပ်ရလိမ့်မယ်။ Targeted sanction ဆိုတာ ရှိကောင်းတယ်။ မရှိလို့ရှိရင် ဒီကောင်တွေဟာ ဘာမှ ကြောက်တော့မှာ မဟုတ်ဘူး။ ဒီဟာကိုပဲ ဆက်ပြီး လုပ်တော့မှာ။ အဲဒါကြောင့် ကျနော်က ၂ ပိုင်း ပိုင်းပြီးတော့ ပြောတယ်။ တပိုင်းက အထွေထွေ Blanket sanction ပေါ့ဗျာ။ ဒီ blanket sanction နဲ့ ပတ်သက်လို့ ရှိရင်တော့ ပြည်သူလူထုကို ထိခိုက်တယ် ဆိုလို့ရှိရင် ပြန်ပြီးတော့ စဉ်းစားပါ့မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကျနော်တို့ လက်ခံတယ်။ ကျနော် သဘောတူတယ်။ သို့သော် Targeted Sanction ကတော့ ကျနော်က အခိုင်အမာ လုပ်ချင်တယ်”“
တချို့လူတွေက Targeted Sanction ဆိုတာကြီးကို ထားနေရင် ဒီစစ်ဗိုလ်ချုပ်ကြီးတွေ ကြားထဲမှာ Mentality ပေါ့ဗျာ၊ အဝိုင်းခံနေရတဲ့ စိတ်ထားမျိုးပေါ်မှာ စိုးတယ်ပေါ့ဗျာ။ အဲဒီတော့ သူတို့ကိုပဲ ပစ်မှတ်ထားတယ်ဆိုရင် သူတို့တွေ ကြောက်ကြလန့်ကြများ ဖြစ်ကြမလားဆိုတဲ့ သဘောထားတွေ ရှိတယ်”
Targeted Sanction က ပြည်သူတွေကို ထိခိုက်တာ ရှိနိုင်လား။“
ဘယ်လိုပဲကြည့်ကြည့် ကျနော့်အနေနဲ့ကတော့ Sanction တွေဟာ မရှိလို့ မဖြစ်ဘူး၊ ရှိရမယ်၊ အဲဒီအခါမှာ သူတို့ကို Targeted လုပ်ရမယ်။ ဘာလို့ဆိုတော့ ဒီလူတွေကို Targeted လုပ်ခြင်းဟာ ပြည်သူတွေ အနေနဲ့လည်း ဘာမှထိခိုက်စရာ မရှိဘူး။ သူတို့သာ စီးပွားဖြစ်တော့ တေဇတို့ဘာတို့ သူတို့မှာ ပြဿနာတွေ ပေါ်တယ်ဆိုတာ။ အဲဒါ ပြည်သူလူထုနဲ့ မဆိုင်ဘူး။ နောက်တခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ရွှေမန်းတို့၊ ဘာတို့ညာတို့ ထိတာလည်း ပြည်သူလူထုက ဘာမှ မဆိုင်ဘူး။ တခုက Blanket ပေါ့။ ကျနော်တို့ General Sanction ပေါ့။ Blanket Sanction ကိုတော့ ဒေါ်စုပြောသလိုပဲ ပြည်သူလူထု ထိခိုက်ရိုးမှန်ရင် အကြောင်းပြချက်တွေ ဘာညာပေါ်လာရင်တော့ ပြန်စဉ်းစားမယ်ဆိုတာ ကျနော်က သဘောထားတယ်”
လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ဒီပိတ်ဆို့မှုတွေ လုပ်တာလို့ သိရပါတယ်။ အထင်အရှား လူ့အခွင့်အရေးချိုးဖောက်မှုက ဘာဖြစ်မလဲခင်ဗျာ့။
“တိုင်းပြည်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အခု သေဆုံးမှုတွေ အများကြီး ရှိနေတယ်။ အဲဒါတွေ သေဆုံးတာကို အကြောင်းပြုပြီးတော့ ပြည်ပကနေပြီးတော့ အဲလိုသေဆုံးတဲ့ နိုင်ငံတွေကို အရေးယူတာဖြစ်တယ်။ အဲဒီတော့ သူတို့အနေနဲ့က ဒီ Sanction တွေကို ရုပ်သိမ်းဖို့ စဉ်းစားတယ်ဆိုရင် သူတို့ဘက်ကနေ ကာယကံရှင်တွေဖြစ်တဲ့ စစ်အစိုးရ အာဏာရှင်တွေအနေနဲ့က သူတို့ ပြရမယ်၊ ဟုတ်လား။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်လောက် သက်သာအောင်၊ လျော့ပါးအောင် လုပ်သလဲဆိုတဲ့ အပြောင်းအလဲတွေ လုပ်သလဲဆိုတာ သူတို့ ဖော်ပြနိုင်ရမယ်။ နောက်တခုက အလားတူပဲ ဒီသေဆုံးမှုတွေ၊ ဥပမာ သတင်းစာ လွတ်လပ်ခွင့်တို့ ဘာတို့ဆိုတဲ့ ဒီမိုကရေစီအခွင့်အရေး ဆိတ်သုဉ်းမှုတွေကို၊ အဲဒါတွေကို သူတို့ ပြေလည်အောင် လုပ်ပေးရမယ်၊ သူတို့ ပြရလိမ့်မယ်။ ခုနပြောတဲ့ လူ့အခွင့်အရေးထဲမှာ ပါတဲ့ဟာကတော့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ထောင်ထဲမှာ ရှိနေတာကိုက ဒါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲ ဖြစ်တယ်
”တနေ့တုန်းက ဥရောပသမဂ္ဂ နိုင်ငံတွေက သံအမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင်ပေါ့ ရွေးကောက်ပွဲဝင်တဲ့ ပုဂ္ဂိုလ်တွေလည်း တွေ့ဆုံဆွေးနွေးတဲ့အခါ ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီးတော့ ဘာတွေပြန်ပြီးတော့ သဘောထားမှတ်ချက် ပေးတယ်လို့ ကြားမိလဲခင်ဗျ။“
သူ သဘောထားပေးတာ မဆိုးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ဟာ၊ ခုန ပြောသလိုပဲ ပြည်သူကို ထိခိုက်တာနဲ့ ပက်သက်လို့တော့၊ ရှိရင်တော့ ကျမတို့ စဉ်းစားမယ်ပေါ့။ သူက ကျနော်တို့နဲ့ သဘောထား အတူတူပါပဲ၊ ဒီသဘောထားပါပဲ။ ဘာမှ အသစ်အဆန်းမှ မပါပါဘူး
”ပြည်သူလူထုကို ထိခိုက်လား၊ မထိခိုက်လားဆိုတာကို ဘယ်လိုမျိုး ဆက်ပြီးတော့ စုံစမ်းမှုတွေ၊ စစ်ဆေးမှုတွေ လုပ်သွားမလဲဗျ။
“ကျနော်တို့ဘက်ကတော့ ကျနော်တို့လည်း ပြည်သူလူထုရဲ့ အသံတွေကို နားထောင်နေတယ်။ ဆိုတဲ့အခါကျတော့ ကျနော်တို့ပါတီကို အကြောင်းကြားတဲ့ စာတွေဘာတွေ အမြဲတမ်း ရှိပါတယ်။ ကျနော်တို့ရဲ့ မြို့နယ်တိုင်းလိုလို၊ တိုင်းနဲ့ ပြည်နယ် အားလုံးမှာပေါ့ဗျာ၊ ကျနော်တို့မှာ မြို့နယ်တိုင်းမှာ ရှိတယ်။ အဲဒီတော့ ဒီဟာတွေက ဘယ်လောက် ထိခိုက်သလဲဆိုတာ ကျနော်တို့ကတော့ ရနေမှာပဲ”“
နောက်တခုက ပညာသည်တွေပေါ့။ ကျနော်တို့ ပါမောက္ခတွေ ရှိတယ်။ ပညာသည်တွေ ရှိတယ်။ PhD တွေ ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေနဲ့ မကြာခဏ တွေ့ပြီးတော့ သူတို့ဆီက အကြံဥာဏ်တွေပေါ့ဗျာ၊ သူတို့ရဲ့ ထင်မြင်ချက်တွေကိုလည်း တောင်းတယ်”“
အဲဒီတော့ ကျနော်တို့အနေနဲ့ ပြည်သူကို ထိခိုက်ခြင်း၊ မထိခိုက်ခြင်းဆိုတာ သိနေရတာပဲ။ အဲဒါကို ကျနော်တို့က ပြည်သူကို ထိခိုက်ခြင်း ရှိတယ်ဆိုတာကို ခိုင်ခိုင်မာမာ ထောက်ပြဖို့ရာ ပြည်သူတွေဘက်က တောင်းဆိုခြင်း မရှိဘဲနဲ့တော့ ဒီ Sanction တွေကို ရုပ်သိမ်းဖို့ကို လက်မခံဘူးဆိုတဲ့ဥစ္စာ ဒေါ်စုလည်း ပြောပါတယ်”
NLD ရုံးချုပ်မှာ တိုင်းနဲ့ ပြည်နယ်က ပါတီခေါင်းဆောင်၊ ကိုယ်စားလှယ်တွေ ဆွေးနွေးတာ ရှိပါတယ်။ ဒီ Sanction နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆွေးနွေးဖြစ်လဲဗျ။
“Sanction နဲ့ ပတ်သက်ပြီး ဆွေးနွေးတာက သူတို့ကတော့ Sanction ကို နိုင်ငံရေးလက်နက်တခုအဖြစ် ထောက်ခံကြတယ် ဆိုတာချည်းပဲ ပြောကြတယ်။ ခုနပြောတဲ့ ပြည်သူတွေဘက်က ထိခိုက်တာ၊ မထိခိုက်တာကတော့ သူတို့လည်း Black group ထဲမှာဆိုတော့ အမှန်အတိုင်းပြောရရင် Sanction ကိစ္စကတော့ လူထုကြားထဲမှာ ဘယ်လို ထိခိုက်မယ်ဆိုတာ မသိနိုင်ဘူးလေ။ သိပ်မသိရပါဘူး။ ကျနော်တို့ဆီမှာကတော့ Sanction နဲ့ ပတ်သက်လို့ အခု တိုင်းနဲ့ ပြည်နယ် ဆွေးနွေးပွဲမှာ ထွက်လာတဲ့ အသံကတော့ ဒီ Sanction တွေဟာ ရှိပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ရှိနေတယ်၊ ဒါ သူတို့ကိုယ်တိုင်ကလည်း မြင်နေတာကိုး။ နယ်တွေမှာလည်း တွေ့နေတာကိုး”“နောက်တခုက ဒီမိုကရေစီ အခွင့်အရေး ဆိတ်သုဉ်းမှုတွေကိုလည်း သူတို့ကိုယ်တိုင် မြင်နေတာ၊ ခြိမ်းခြောက်မှုတွေ၊ ဟန့်တားမှုတွေ ဘာညာပေါ့ဗျာ။ နိုင်ငံရေးအကျဉ်းသားတွေဆိုတာလည်း သူတို့တွေပဲ မျှပြီးတော့ ထောင်တွေ ထောင်တွေ ထောင်တွေမှာ စီနေရတာဆိုတော့ သူတို့ကတော့ ပိတ်ဆို့မှုကို ဆက်ရှိသင့်တယ်ဆိုတဲ့ အသံပဲ ထွက်တယ်။ ကျန်တဲ့အသံ မထွက်ပါဘူး”
ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေက စီးပွားရေးပိတ်ဆို့မှုကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုနေပါတယ်။ အဲဒီအပေါ် ဘယ်လို သဘောထားပါသလဲခင်ဗျ။
“ဒီပါတီတွေနဲ့ သဘောမတူဘူးဆိုတာကတော့ ကျနော်တို့ ပြောပြီးသားပါ။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ NDF ခေါင်းဆောင်တွေ တွေ့တဲ့အခါတုန်းကလည်း ဒီသဘောထားတွေ ကျနော်တို့ ပြောခဲ့ပြီးပြီ။ သူတို့ဘက်ကတော့ Sanction နဲ့ ပတ်သက်လို့ ကျနော်တို့ဘာသာကျနော်တို့ တောင်းဆိုချင်တောင်းဆို၊ ကျမတို့ကတော့ မလုပ်နိုင်ဘူး၊ ဒီဥစ္စာ အမှန်အတိုင်း ပြောရရင် NDF ခေါင်းဆောင်တွေဆိုတာ အခု NDF ပါတီ ပေါ်လာမှသာ အခုနောက်ပိုင်းမှာ အစိုးရတွေပြောလို့သာ ဒီကိစ္စကို အစိုးရလေသံအတိုင်း လိုက်ပြောတာကိုး။ Sanction ကို ထားရမယ်၊ ပိတ်ဆို့ရေးကို ချမှတ်ရမယ်၊ ဒီဟာတွေဟာ နိုင်ငံရေးလက်နက်ပဲ၊ နိုင်ငံရေးအားဖြင့် အရေးယူမှုပဲဆိုတဲ့ဟာ သူတို့ တလျှောက်လုံး ကိုင်ခဲ့တဲ့ သဘောထားကိုး။ အဲတော့ ကျနော်တို့ NDF နဲ့ တွေ့တဲ့အခါ NDF ကလည်း ဘာမှ မပြောနိုင်ပါဘူး။ သူတို့ရဲ့ ရပ်တည်ချက်ကို ကျနော်တို့ နားလည်ပါတယ်လို့ပဲ ပြောနိုင်တယ်”
စီးပွားရေး ပိတ်ဆို့မှု ပြန်ရုပ်သွားမယ်ဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာနိုင်မယ်ဆိုတော့ ကောင်းတဲ့ အချက်တွေ ရနိုင်မလားခင်ဗျ၊။“
ကျနော်တို့က ယုံတယ်။ ကျနော်တို့က Investment (ရင်းနှီးမြှုပ်နှံမှု) နဲ့ ပတ်သက်ပြီး ကျနော်တို့မှာ Sanction ကို နိုင်ငံရေးအားဖြင့် သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ အရေးကိစ္စတွေကြောင့်သာ ကျနော်တို့က နိုင်ငံရေးလက်နက်အနေနဲ့ ပြောရတာကိုး။ ပုံမှန်အားဖြင့် ဆိုရင်တော့ ကျနော်တို့က ဆင်းရဲတဲ့ နိုင်ငံတခု၊ တိုင်းပြည်မှာ ဆင်းရဲနေတဲ့ နိုင်ငံတခု၊ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတခုအနေနဲ့ Investment ကို၊ Foreign Investment တွေ ဆိုတဲ့ဟာတွေက ကျနော်တို့ လက်ခံတာပဲ။ သူတို့ကို ဒါတွေနဲ့ ပတ်သက်ပြီး ငြင်းစရာ မရှိဘူး။ ရင်းနှီးမြှုပ်နှံမှုကနေ နည်းပညာတွေ ရချင်ရင်၊ အသုံးဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်သင့်တယ်။ ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေက ပိတ်ဆို့မှုတွေနဲ့ ဘယ်လောက် ငြိစွန်းမလဲဆိုတာ မသိဘူးလေ။ ရင်းနှီးမြှုပ်နှံမှုတချို့က ပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့ သဘောဆောင်တာလဲ ရှိတယ်ပေါ့ဗျာ။ အဲဒီလိုမဟုတ်ဘဲ ပိတ်ဆို့မှုကို ချိုးဖောက်တာမျိုး မဟုတ်ဘဲနဲ့ တိုင်းပြည်မှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ သဘောကလည်း ဖြစ်နိုင်တဲ့အခါ ကျနော်တို့စဉ်းစားတာက ဒီရင်းနှီးမြှုပ်နှံမှုတွေက တကယ်ထိရောက်ရဲ့လား အဲဒီလို စဉ်းစားပါတယ်”
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို ကူညီနေတဲ့ နိုင်ငံတချို့က စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ရုပ်ပြီး ရင်နှီးမြှုပ်နှံမှုတွေ လာလုပ်ကြမယ်လို့ ပြောသံတွေ ကြားပါတယ်။ အဲဒီအပေါ်မှာရောခင်ဗျ။
“မြန်မာပြည် ဒီမိုကရေစီအရေးကိစ္စနဲ့ ပတ်သက်လို့ ဒီနိုင်ငံတွေက ကျနော်တို့ဘက်ကနေ အများကြီး ရပ်တည်ပြီးတော့ ထက်ထက်သန်သန် ဆောင်ရွက်တဲ့အခါ ကျနော်တို့ယူဆချက်တွေနဲ့ ကွဲလွဲပြီး လုပ်လာလိမ့်မယ်လို့ ကျနော်မထင်ဘူး
”http://www.mizzimaburmese.com/interview/7132-2011-03-18-15-24-33.html
လစ်ဗျားအပေါ် လေကြောင်းတိုက်ခိုက်မှု
လစ်ဗျားနိုင်ငံအပေါ် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ဖို့ လုံခြုံရေးကောင်စီက ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ မရှိနဲ့ ဆုံးဖြတ်ချက် ၁၉၇၃/၂၀၁၁ ကို ချမှတ်ဆုံးဖြတ်လိုက်ပြီ။ လစ်ဗျားနိုင်ငံအပေါ် နိုင်ငံတကာ တပ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ကန့်ကွက်မှုတွေ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာနေပါတယ်။
ပြီးခဲ့တဲ့ အပတ်ကပဲ လစ်ဗျားနိုင်ငံအပေါ် မပျံသန်းရဇုန် သတ်မှတ်ဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့တဲ့ အာရပ်အဖွဲ့ချုပ်ကပါ ဝေဖန်ပြောဆိုသွားပါတယ်။ လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ဖို့ တောင်းဆိုတဲ့အခါတုန်းက အာရပ်အဖွဲ့ချုပ်က လိုလားခဲ့တာထက် ပိုပြီး စစ်ရေးအရ တိုက်ခိုက်ခဲ့တယ်လို့ အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် အမ် မူဆာ (Amr Moussa) က ပြောပါတယ်။ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးဖို့ အာရပ်အဖွဲ့ချုပ်က လိုလားတာပါ၊ သူတို့အပေါ် ဗုံးကြဲဖို့ မဟုတ်ပါဘူးလို့ သူက ကိုင်ရိုမှာ သတင်းစာဆရာတွေကို ပြောပါတယ်။
လစ်ဗျားမှာ အရမ်းကာရော အင်အား အသုံးပြုနေတယ်လို့ ရုရှားက ပြောဆိုပြီး အရပ်သား ပြည်သူတွေ သေကျေနေတဲ့အတွက် နိုင်ငံတကာ အသိုက်အ၀န်းကို ရပ်လိုက်ဖို့ ရုရှားက တနင်္ဂနွေနေ့က တောင်းဆိုလိုက်ပါတယ်။
လစ်ဗျားနိုင်ငံအပေါ် လေကြောင်းကနေ စီးနင်းတိုက်ခိုက်ရာမှာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ပစ်မှတ်တွေ ပါဝင်နေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
စီးနင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၈ ယောက် သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာ ရသွားခဲ့ကြပါတယ်။
ဆုံးဖြတ်ချက် ၁၉၇၃/၂၀၁၁ ကို ချမှတ်ရာမှာ ဗြိတိန်၊ ပြင်သစ်နဲ့ လက်ဘနွန် နိုင်ငံတွေက အမေရိကန်နဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ ထောက်ခံမှုနဲ့ ကမကထ ပြုခဲ့တာပါ။ ကာတာနဲ့ ယူအေအီး နိုင်ငံတို့က ဒီဆုံးဖြတ်ချက်ကို ထောက်ခံမယ်လို့ အာရပ် သံတမန်တွေက ပြောခဲ့ကြပါတယ်။(ကာတာနိုင်ငံက နိုင်ငံတကာ စစ်ဆင်ရေးကို ကူညီဖို့ လေယာဉ်တွေကို ပို့ပေးနေတယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက မကြာခင်က ကြေညာလိုက်ပါတယ်။) ဘရာဇီး၊ တရုတ်၊ ဂျာမဏီ၊ အိန္ဒိယနဲ့ ရုရှားတို့က မဲမပေးခဲ့ကြပါဘူး။ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက အဆိုကို တင်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ကဒါဖီရဲ့ တပ်တွေက ဗုံးကြဲနေတဲ့အတွက် အရပ်သားတွေကို အကာအကွယ်ပေးဖို့ လစ်ဗျားနိုင်ငံအပေါ်မှာ မပျံသန်းရဇုန်ကို သတ်မှတ်ဖို့ လိုအပ်တာ မှန်သမျှ လုပ်ပိုင်ခွင့်ပေးမယ့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ထဲမှာ ဘယ်နိုင်ငံခြားတပ်မှ လစ်ဗျားနိုင်ငံကို သိမ်းပိုက်ဖို့ ခွင့်ပေးမထားပါဘူး။
လစ်ဗျားလေကြောင်းကာကွယ်ရေးစနစ်တွေအပေါ် ပဲ့ထိန်းတွမ်မာ ဟော့ဒုံးပျံ တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ တပ်တွေက မြောက်အာဖရိက နိုင်ငံအပေါ် လေယာဉ်မပျံသန်းရနယ်နိမိတ် သတ်မှတ်ပြဋ္ဌာန်းတဲ့ စစ်ဆင်ရေးကို စတင်လိုက် အပြီး နောက်တရက်မှာ လစ်ဗျားမြို့တော်၊ ထရီပိုလီမြို့တော်ကို အပြင်းအထန် တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ပါတယ်။

မူလက စုဖွဲ့ထားတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနဲ့ကနေဒါ မဟာမိတ်ညွန့်ပေါင်းအဖွဲ့မှာ ဘယ်လ်ဂျီယံနဲ့ကာတာနိုင်ငံတို့ ထပ်မံပါဝင်လာပြီး တိုး ချဲ့ဖွဲ့စည်းလိုက်ပါတယ်။

မဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်နေပေမဲ့လည်း ဂက်ဒါဖိကတော့ ရုပ်သံကနေပြီး ရေရှည်စစ်ပွဲမှာ သူတို့ပဲ နိုင်မှာ ဖြစ်တဲ့ အကြောင်း ကတိပေး ပြောကြားခဲ့ပါတယ်။ “ကျနော်တို့ဟာ ကျနော်တို့မြေရဲ့နေရာတိုင်းမှာ တိုက်ခိုက်မှာ ဖြစ်တယ်။ ကျ နော်တို့ဟာ အာဇာနည်အနေနဲ့သေသွားမယ်” လို့ ဂက်ဒါဖိ က ပြောပါတယ်။ နိုင်ငံခြားတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက် ခိုက်မှုတွေက အစ္စလမ်တွေအပေါ် ဆင်နွှဲနေတဲ့ စစ်အေးတိုက်ပွဲတခုအဖြစ် သဘောသက်ရောက်ပြီး နိုင်ငံခြားစွက်ဖက်မှု နဲ့ အတူတကွရပ်နေတဲ့ လစ်ဗျားတွေ ၀ဋ်လည်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ “ကျနော်တို့ တိုက်ရပါမယ်။ အမေရိကန်တွေနဲ့ ပူးပေါင်းနေတဲ့ သစ္စဖောက်မှန်သမျှကို ပစ်မှတ်ထား တိုက်ခိုက်မယ်” လို့ သူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ တရားမျှတမှု မရှိတဲ့ ကျူးကျော်ရန်စလိုသူတွေရဲ့ တိုက်ခိုက်မှု ဖြစ်တယ် မြေထဲပင်လယ် အတွင်းမှာ ရှိနေတဲ့ စစ်ဘက်နဲ့ အရပ်ဘက်ဆိုင်ရာ နေရာတွေကို လက်တုံ့ပြန်သွားမယ်လို့ မစ္စတာ ကဒါဖီက ပြောဆိုလိုက်ပြီး အဲဒီဒေသဟာ တကယ့် စစ်တလင်းပြင် ဖြစ်လာနေပြီလို့ ဆိုပါတယ်။
3/19/2011
မတူကွဲပြားနေတဲ့ အယူအဆတွေကို EU အဖွဲ့ဝင်တွေက နားထောင်
၂၀။၃။၂၀၁၁ ဒီမနက် တနင်္ဂနွေမှာ သန်းပေါင်းများစွာသော အီဂျစ်ပြည်သူပြည်သားအပေါင်းတို့ဟာ ရာစုနှစ် တ၀က်ကျော်ကာလအတွင်း ပထမအကြိမ် လွတ်လပ်စွာ မဲပေးခွင့် ရကြ မဲပေးနေကြပုံဖြစ်ပါတယ်။
ဓါတ်ပုံ http://www.mail.com/

EU ဘက်က မေးခွန်း ရင်ထဲမှာတင်ကျန်ခဲ့တာလေး ရှိလိုက်ပါတယ်။ အကယ်၍များ ဒီအစိုးရ မရှိတော့ဘူး ဆိုရင်ရော၊ Sanction တွေ ရုပ်သိမ်းသွားပြီးရင်ရော ခင်ဗျားတို့ ညီညီညွတ်ညွတ် ရှိပါ့မလား၊ တညီတညွတ်တည်း ဟုတ်ပါ့မလားပေါ့။
ကဲ မေးယူရတဲ့ အဆင့်ကိုတော့ရောက်ပြီ ညီနောင်သားခြင်း သွေးရင်းတို့ရေ။
၁၀ ပါတီက ထုတ်ပြန်ထားတဲ့ ကြေညာစာတမ်း
ဓါတ်ပုံ http://www.mail.com/

မြန်မာနိုင်ငံအပေါ် EU ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု သက်တမ်းတိုးရေး၊ မတိုးရေး အတွက် ဧပြီလထဲမှာ သုံးသပ်ဖို့ ရှိနေချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ EU အဖွဲ့ဝင် နိုင်ငံတွေက သံအမတ်ကြီးတွေ၊ သံအရာရှိတွေဟာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ အီတလီ သံအမတ်ကြီးရဲ့ရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။
-
-
-
EU သံအမတ်တွေက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းနဲ့ အရင်ဆုံး မနက်ပိုင်းမှာ တွေ့ဆုံခဲ့ကြပြီး နေ့လယ်ပိုင်းမှာတော့ NLD ပါတီအပြင် NLD ကနေ ခွဲထွက်သွားပြီး ဖွဲ့စည်းထားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နဲ့ တိုင်းရင်းသားပါတီ ၃ ခုကတာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်လို့ ဗွီအိုအေ သတင်းဌာနက အသံလွင့် သွားပါတယ်။
ရန်ကုန်နဲ့ ဘန်ကောက်မှာ အခြေစိုက်တဲ့ EU က သံအမတ်ကြီးတွေ၊ သံအရာရှိ ၂၀ ကျော်နဲ့အတူ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဦးခင်မောင်ဆွေ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့က ဦးသုဝေ၊ မွန်ဒေသလုံးဆိုင်ရာ ပါတီက နိုင်ငွေသိမ်း၊ ရခိုင်ပါတီက ဦးလှစော၊ ရှမ်းပါတီက ဦးစောသန်းမြင့်တို့နဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
“ပထမတော့ သူတို့က ကျနော်တို့ တပါတီစီကို တင်ပြခိုင်းတယ်။ ကျနော်တို့ကတော့ Sanction ကို ရုပ်သိမ်း သင့်တယ်လို့ ပြောတာပေါ့။ ဒေါ်စုကလည်း ဒါဟာ ပြည်သူလူထုအပေါ် သိပ်ပြီး ထိခိုက်နစ်နာမှု မရှိပါဘူး၊ ဒါကြောင့် ဒီဟာကို ဆက်မထားရင်လည်း ဒီအစိုးရကို လွှတ်ပေးရာကျမယ်။ ဒါကြောင့် ဆက်ထားဖို့ သင့်တယ် ဆိုတဲ့အကြောင်း သူပြောပြတာပေါ့။ ဒေါ်စုတို့ကလည်း သူတို့ထုတ်ထားတဲ့ဟာကို ပေးပြီးသားပေါ့။ ကျနော်တို့ ကလည်း ၁၀ ပါတီက ထုတ်ပြန်ထားတဲ့ ကြေညာစာတမ်း ကိုလည်း ပေးဝေထားပြီးသားလေ။ ပါးစပ်နဲ့ အလွတ် စကားပြောကြတာပေါ့။”
EU ရဲ့ ပိတ်ဆို့မှုကို မြန်မာ့နိုင်ငံရေးပါတီ တချို့ သဘောထား ကွဲလွဲမှု ရှိနေသလို EU ဥရောပသမဂ္ဂအဖွဲ့ထဲ မှာလည်း ဒီပိတ်ဆို့မှု ဆက်ထားသင့်တယ်ဆိုတဲ့ သဘောထားတွေနဲ့ ရုပ်သိမ်းသင့်တယ်ဆိုတဲ့ အယူအဆတွေ လည်း ရှိတာမို့ အခုလို နိုင်ငံရေးပါတီတွေရဲ့ သဘောထားတွေ ကြိုတင်သိလိုတာကြောင့် တွေ့ဆုံတာ ဖြစ်တယ်လို့ EU တာဝန်ရှိသူတွေက ပြောပါတယ်။
“ကျနော်တို့လိုပဲ သူတို့လည်း အယူအဆ ကွဲပြားမှု ရှိနေတာပဲပေါ့။ အထူးသဖြင့်တော့ Targeted Sanction လို ဟာမျိုးပေါ့။ အဲဒါမျိုး ဆက်ထားသင့်တယ်လို့ ပြောတဲ့သူ ရှိတယ်၊ တချို့ကတော့လည်း ဒါကို ပြန် ရုပ်သိမ်း တာ သဘောကျတယ်ဆိုတဲ့သူ ရှိတယ်။ သူတို့ကတော့ နားထောင်တာပဲပေါ့။ နားထောင်ပြီးတော့မှ အားလုံးကို သူတို့က ပြန်သုံးသပ်ပြတာကတော့ ခင်ဗျားတို့ထဲမှာ အယူအဆ ကွဲနေတာတော့ ရှိတယ်ပေါ့။ သဘောထား မတူတာတွေ ရှိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အားလုံးက ရည်ရွယ်ချက်တွေ အကုန်လုံး တူကြတာပဲ။ ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်တာတော့ လိုချင်ကြတယ်။ အဲဒါတွေတော့ အကုန်လုံး တူကြတာပဲ။ သုံးသပ်ပြတယ်ပေါ့။
“နောက်ပြီးတော့မှ သူတို့က မေးခွန်းလေးတွေ ၂ ခု၊ ၃ ခု မေးတာပေါ့ဗျာ။ ဘာဖြစ်လို့ တချို့က ရွေးကောက်ပွဲ ၀င်တာဟာ ဘယ်လိုအကြောင်းတွေကြောင့် ၀င်တာလဲ၊ ရွေးကောက်ပွဲ မ၀င်တာက ဘာကြောင့်တုန်း၊ ဒါလေးတွေပေါ့၊ နှစ်ခု အပြန်အလှန်။ နောက်တခုက ခင်ဗျားတို့ ဘာလို့ အားလုံး ညီညီညွတ်ညွတ် မရှိသေးတာတုန်း။ ညီညီညွတ်ညွတ်နဲ့ လုပ်လို့ရမလား၊ ဘာတွေလုပ်နိုင်တုန်း၊ ဆိုတာ အဲဒါလေးတွေ မေးတာပေါ့။”
မြန်မာ့အတိုက်အခံ နိုင်ငံရေးပါတီတွေ အနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ညီညီညွတ်ညွတ်နဲ့ ပူးပေါင်း မလုပ်ဆောင်နိုင်ဘူးလား ဆိုတဲ့ EU ဘက်က မေးခွန်းကိုတော့…
“ဒေါ်စုကလည်း ပြောတာ ညီညီညွတ်ညွတ် မလုပ်နိုင်ဘူးလားလို့ မေးတော့ သူက လုပ်နိုင်ပါတယ်တဲ့။ ကျနော်တို့ကလည်း လုပ်နိုင်ပါတယ်၊ သို့သော် Issue ပေါ် မူတည်လို့ သဘောထား တူညီတဲ့ဟာတွေဆို ကျနော်တို့ အတူတွဲလုပ်မှာပါပဲလို့၊ အဲဒီလို ဖြေကြတာပေါ့။”
ဒီကနေ့ EU အဖွဲ့နဲ့ မြန်မာ့နိုင်ငံရေးပါတီ တချို့ တွေ့ဆုံကြတဲ့အထဲမှာ အခုလို EU ရဲ့ ပိတ်ဆို့ အရေးယူ ထားမှုအပေါ် အဓိက ဆွေးနွေးခဲ့ကြသလို တိုင်းရင်းသား အရေးအပြင် မြန်မာ့နိုင်ငံရေး ရှေ့အလားအလာတွေ ကိုပါ မေးမြန်းခဲ့ကြတယ်လို့ ဦးသုဝေက ပြောပါတယ်။
“တိုင်းပြည်ရဲ့ အလားအလာ ဘယ်လိုရှိသလဲပေါ့၊ အဲဒါလေးတွေ မေးတာပါ။ အထူးသဖြင့်တော့ သူက လူမျိုးစုတွေကို မေးတယ်။ လူမျိုးစုတွေက သူတို့ကလည်း ပြဿနာက ရှိတယ်။ အဲတော့ အကယ်၍များ ဒီအစိုးရ မရှိတော့ဘူး ဆိုရင်ရော၊ Sanction တွေ ရုပ်သိမ်းသွားပြီးရင်ရော ခင်ဗျားတို့ လူမျိုးစုတွေရော ညီညီညွတ်ညွတ် ရှိပါ့မလား၊ တညီတညွတ်တည်း ဟုတ်ပါ့မလားပေါ့။ အဲတော့ ညီညွတ်အောင် ဘာတွေ လုပ်သင့်သလဲဆိုတာ သူက မေးတာပေါ့။
“ကျနော်တို့က Sanction တွေအားလုံး ရုပ်သိမ်းချင်တယ်လို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ Sanction ကို ဆက်လက် ထားသင့်သေးတယ်လို့ ပြောတဲ့ အယူအဆ ကွဲလွဲမှုကတော့ ဒါ သူ့အယူအဆနဲ့ ကိုယ့်အယူအဆနဲ့ ဒီလို မတူတာလေးတွေတော့ ဆက်ပြီး ရှိနေပါတယ်။ ဒါကိုတော့ ကျနော်တို့ ပြန်မညှိနိုင် သေးပါဘူး။”
ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့က ဥက္ကဋ္ဌ ဦးသုဝေက ဒီကနေ့ သူတို့နဲ့ EU နိုင်ငံက သံအမတ်ကြီးတွေ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
NLD ပါတီဘက်ကတော့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထားနဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူးလို့လည်း ဗွီအိုအေ သတင်းဌာနကအသံလွင့်သွားပါတယ်။
“နောက်ပြီးတော့မှ သူတို့က မေးခွန်းလေးတွေ ၂ ခု၊ ၃ ခု မေးတာပေါ့ဗျာ။ ဘာဖြစ်လို့ တချို့က ရွေးကောက်ပွဲ ၀င်တာဟာ ဘယ်လိုအကြောင်းတွေကြောင့် ၀င်တာလဲ၊ ရွေးကောက်ပွဲ မ၀င်တာက ဘာကြောင့်တုန်း၊ ဒါလေးတွေပေါ့၊ နှစ်ခု အပြန်အလှန်။ နောက်တခုက ခင်ဗျားတို့ ဘာလို့ အားလုံး ညီညီညွတ်ညွတ် မရှိသေးတာတုန်း။ ညီညီညွတ်ညွတ်နဲ့ လုပ်လို့ရမလား၊ ဘာတွေလုပ်နိုင်တုန်း၊ ဆိုတာ အဲဒါလေးတွေ မေးတာပေါ့။”
မြန်မာ့အတိုက်အခံ နိုင်ငံရေးပါတီတွေ အနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ညီညီညွတ်ညွတ်နဲ့ ပူးပေါင်း မလုပ်ဆောင်နိုင်ဘူးလား ဆိုတဲ့ EU ဘက်က မေးခွန်းကိုတော့…
“ဒေါ်စုကလည်း ပြောတာ ညီညီညွတ်ညွတ် မလုပ်နိုင်ဘူးလားလို့ မေးတော့ သူက လုပ်နိုင်ပါတယ်တဲ့။ ကျနော်တို့ကလည်း လုပ်နိုင်ပါတယ်၊ သို့သော် Issue ပေါ် မူတည်လို့ သဘောထား တူညီတဲ့ဟာတွေဆို ကျနော်တို့ အတူတွဲလုပ်မှာပါပဲလို့၊ အဲဒီလို ဖြေကြတာပေါ့။”
ဒီကနေ့ EU အဖွဲ့နဲ့ မြန်မာ့နိုင်ငံရေးပါတီ တချို့ တွေ့ဆုံကြတဲ့အထဲမှာ အခုလို EU ရဲ့ ပိတ်ဆို့ အရေးယူ ထားမှုအပေါ် အဓိက ဆွေးနွေးခဲ့ကြသလို တိုင်းရင်းသား အရေးအပြင် မြန်မာ့နိုင်ငံရေး ရှေ့အလားအလာတွေ ကိုပါ မေးမြန်းခဲ့ကြတယ်လို့ ဦးသုဝေက ပြောပါတယ်။
“တိုင်းပြည်ရဲ့ အလားအလာ ဘယ်လိုရှိသလဲပေါ့၊ အဲဒါလေးတွေ မေးတာပါ။ အထူးသဖြင့်တော့ သူက လူမျိုးစုတွေကို မေးတယ်။ လူမျိုးစုတွေက သူတို့ကလည်း ပြဿနာက ရှိတယ်။ အဲတော့ အကယ်၍များ ဒီအစိုးရ မရှိတော့ဘူး ဆိုရင်ရော၊ Sanction တွေ ရုပ်သိမ်းသွားပြီးရင်ရော ခင်ဗျားတို့ လူမျိုးစုတွေရော ညီညီညွတ်ညွတ် ရှိပါ့မလား၊ တညီတညွတ်တည်း ဟုတ်ပါ့မလားပေါ့။ အဲတော့ ညီညွတ်အောင် ဘာတွေ လုပ်သင့်သလဲဆိုတာ သူက မေးတာပေါ့။
“ကျနော်တို့က Sanction တွေအားလုံး ရုပ်သိမ်းချင်တယ်လို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ Sanction ကို ဆက်လက် ထားသင့်သေးတယ်လို့ ပြောတဲ့ အယူအဆ ကွဲလွဲမှုကတော့ ဒါ သူ့အယူအဆနဲ့ ကိုယ့်အယူအဆနဲ့ ဒီလို မတူတာလေးတွေတော့ ဆက်ပြီး ရှိနေပါတယ်။ ဒါကိုတော့ ကျနော်တို့ ပြန်မညှိနိုင် သေးပါဘူး။”
ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့က ဥက္ကဋ္ဌ ဦးသုဝေက ဒီကနေ့ သူတို့နဲ့ EU နိုင်ငံက သံအမတ်ကြီးတွေ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
NLD ပါတီဘက်ကတော့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထားနဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူးလို့လည်း ဗွီအိုအေ သတင်းဌာနကအသံလွင့်သွားပါတယ်။
EU ဘက်က မေးခွန်း ရင်ထဲမှာတင်ကျန်ခဲ့တာလေး ရှိလိုက်ပါတယ်။ အကယ်၍များ ဒီအစိုးရ မရှိတော့ဘူး ဆိုရင်ရော၊ Sanction တွေ ရုပ်သိမ်းသွားပြီးရင်ရော ခင်ဗျားတို့ ညီညီညွတ်ညွတ် ရှိပါ့မလား၊ တညီတညွတ်တည်း ဟုတ်ပါ့မလားပေါ့။
ကဲ မေးယူရတဲ့ အဆင့်ကိုတော့ရောက်ပြီ ညီနောင်သားခြင်း သွေးရင်းတို့ရေ။
ညီသလားတော့မမေးနဲ့ဆရာတို့ရယ် တခြားမပြောပါနဲ့အုံး အခုကိစ္စ ဇန်န၀ါရီလ၄ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဒီမိုကရေစီပါတီများ (တိုင်းရင်းသားပါတီများအပါအ၀င်) စုဝေးညှိနိုင်းကြပြီး စီးပွားရေးပိတ်ဆို့ အရေးယူမှုရုပ်သိမ်းဖို့ တောင်းဆိုချက်ကို ထုတ်ပြန်ကြောင်း သတင်းရပါတယ်။ ဒါပေမဲ့ နောက်နေ့မနက် ပြည်ပအသံလွင့်ဌာနတွေက မေးတော့ ဒီပီအမ်က လွတ်လပ်ရေးနေ့ အခန်းအနားဖိတ်လို့သွားတာပါ ဆန်ရှင်ကိစ္စ သူတို့မသိပါဘူးလို့ဖြေသူကဖြေတာကြားရပါတယ်။ နောက်တပါတ်လောက်ရှိတော့ တိုင်းရင်းသားပါတီတွေက စီးပွားရေးပိတ်ဆို့ အရေးယူမှုရုပ်သိမ်းဖို့ တောင်းဆိုကြောင်း သတင်း ထုတ်လွင့်ချက်တွှေ ကြားရပြန်ပါတယ်။ ထိုနောက်ထို့နောက်မှာလည်း ထိုနောက်ထို့နောက်တွေမညီမညွတ် နဲ့ဘဲ …….
-
ဖေဖေါ်ဝါရီလ ၆ရက် ဒီမိုကရေစီပါတီများ ဒုတိယအကြိမ် အစီးအဝေး
ဖေဖေါ်ဝါရီလ ၁၂ရက် ပြည်ထောငစုနေ့ဒီမိုကရေစီပါတီများ ပူးတွဲကြေညာချက်
ဖေဖေါ်ဝါရီလ ၁၂ရက် ပြည်ထောငစုနေ့ဒီမိုကရေစီပါတီများ စုပေါင်းပြုလုပ်သည့်အခန်းအနား
On Feb 26 at 13:45 DPM and its political alliance parties held their
Policy Implementation Meeting at the DPM Head Office in Rangoon.
ဖေဖေါ်ဝါရီလ ၁၂ရက် ပြည်ထောငစုနေ့ဒီမိုကရေစီပါတီများ ပူးတွဲကြေညာချက်
ဖေဖေါ်ဝါရီလ ၁၂ရက် ပြည်ထောငစုနေ့ဒီမိုကရေစီပါတီများ စုပေါင်းပြုလုပ်သည့်အခန်းအနား
On Feb 26 at 13:45 DPM and its political alliance parties held their
Policy Implementation Meeting at the DPM Head Office in Rangoon.
၁၀ ပါတီက ထုတ်ပြန်ထားတဲ့ ကြေညာစာတမ်း
3/09/2011
THE COMIC WHO CAN'T BE COWED

--
--
--
------
--
--
--
--
--
--
--
Myanmar’s Post-Election Landscape
Jakarta/Brussels 7 Mar 2011
As Myanmar enters a new political phase, the international community should seize the opportunity to encourage greater openness and reform.
Myanmar’s Post-Election Landscape , the latest briefing from the International Crisis Group, examines the opportunities offered by the generational and political transitions under way following the elections, and encourages Western governments to urgently adopt a new approach towards the country. Isolation and sanctions have failed to promote reform, and must end. Current policies have only served to harm the country’s population and impede progress on human rights, democratisation and development.
“A new constitution has come into force, which fundamentally reshapes the political landscape”, says Jim Della-Giacoma, Crisis Group’s South East Asia Project Director. “Since liberalisation was not the intention behind the political restructuring, dramatic reforms in the short term are unlikely. Nevertheless, the way the country is being governed is changing, and this opens up important possibilities for incremental progress”.
For fifty years, Myanmar has been ruled by isolated and authoritarian military regimes. The November 2010 elections did not do much to open up political space. The military government orchestrated a landslide victory for its own Union Solidarity and Development Party (USDP), and the armed forces have a powerful legislative and executive role. But the underlying power dynamics are changing profoundly, and the situation is evolving in significant ways.
With General Than Shwe handing over power to a new generation of leaders, there is a window to influence the future direction of the country. Western powers need to engage robustly the new Myanmar government on a wide range of issues, and demonstrate that they are ready to adjust their policies. Greater support must also be extended to Myanmar’s beleaguered population. A renormalisation of aid relations is long overdue, and significant increases in assistance should be accompanied by lifting the restrictions on development aid, in order to fight poverty more effectively. This must include restrictions imposed on some United Nations agencies and international financial institutions.
“If the new government comes to the conclusion that megaphone diplomacy and sanctions from the West will continue regardless, there will be no incentive for it to try to improve relations”, warns Robert Templer, Crisis Group’s Asia Program Director. “This will leave the people of Myanmar squeezed between a failing government and the failed policies of an ineffectual sanctions regime”.