
Black Hawk အမျိုးအစား ထိုင်းစစ်ရဟတ်ယာဉ်တစီး ဇူလိုင်လ ၁၉ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ပက်ခ်ျဘူရီခရိုင်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် မြန်မာဘက်ကမ်း ထားဝယ်ခရိုင်အတွင်း၌ ပျက်ကျသွားကြောင်း သိရသည်။ Black Hawk ဟယ်လီကော်ပတာ ဟာ ဇူလိုင်လ ၁၆ရက်နေ့(စနေနေ့)က ပျက်ကျသွားတဲ့ တခြား ဟယ်လီ ကော်ပတာ တစင်းထဲက သေဆုံး သွားတဲ့ စစ်သားအလောင်း ၅ လောင်းကို သယ်ဖို့ သွားရမှာ အင်္ဂါနေ့က ထပ်မံပျက် ကျခဲ့ခြင်းဖြစ်သည်။ ပထမ ရဟတ်ယာဉ်ဟာ မြန်မာနယ်စပ် ရက်ချာဘူရီခရိုင်က Kaeng Krachang ထိုင်းအမျိုးသား ဥယျာဉ်မှာ တာဝန် ထမ်းဆောင် နေတဲ့ ထိုင်းစစ်သား ၃၅ ဦးကို သွားရောက် ခေါ်ဆောင်တာ ဖြစ်ပြီး ရာသီဥတု ဆိုးဝါးမူကြောင့် သစ်တောထဲမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်နဲ့ လိုက်ပါသွားသူ ၅ ဦးရဲ့ ရုပ်ကြွင်းတွေကိုတော့ ဂျူလှိုင်လ၂၀ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ပြန်သယ်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းစစ်ရဟတ်ယာဉ် Black Hawk ပျက်ကျရာ၌ ပါသွားသည့် လူ ၉ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိပြီးဖြစ် ကြောင်း မြန်မာစစ်တပ်တို့၏ ကူညီမှုဖြင့် လေယာဉ်ပျက်ကျသည့်နေရာသို့ ပြီးခဲ့သည့် ၂၀ရက်နေ့က စတင်၍ သွားရောက်ခဲ့ရာ ပထမ လေယာဉ်ပျက်ကျခဲ့သည့် ပက်ခ်ျဘူရီခရိုင်ရှိ ကန်ကရာချန် အမျိုးသားဥယျာဉ်နှင့် မီတာ ၅၀၀အကွာတွင် ရှာဖွေတွေ့ရှိခဲ့ သည်ဟု ဂျူလှိုင်လ ၂၃ရက်ထုတ် ထိုင်းသတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းရဟတ်ယာဉ်ပျက် ရှာဖွေရေးကို မြန်မာအစိုးရတပ်ဘက်မှ ကမ်းရိုးတန်းစစ်ဌာနချုပ် လက်အောက် ခံ ရှေ့တန်း ခြေလျင်တပ်ရင်း(၁၀၁) တပ်ခွဲ(၁)မှ ဗိုလ်ကြီးထွန်းမြင့်ဆွေ ဦးစီးသည့် တပ်စုတစ်စုမှ ထိုင်းတပ် ရှာဖွေရေးအဖွဲ့ များနှင့် ယမန်နေ့ နေ့ခင်းဘက်တွင် ပူးပေါင်းဆောင်ရွက်သွားခြင်းဖြစ်ကြောင်း မြန်မာတပ်နှင့် နီးစပ်သည့်သတင်းအရ သိရ သည်။

ဒီရဟတ်ယာဉ်ဟာ မြန်မာနိုင်ငံဘက်ခြမ်းက ဖာမယ်ဒန်း (Pha Mai Daeng) ကျေးရွာ အနီးမှာ ပျက်ကျခဲ့တာ ဖြစ်ပြီး ဒီနေရာဟာ ထိုင်းနယ်စပ်မျဉ်းနဲ့ ၁ ကီလိုမီတာ အကွာမှာ ရှိတယ်လို့ ဆိုပါတယ်။ ဒီလို တွေ့ရှိတာကို မြန်မာတပ်က ထိုင်းစစ်တပ်ကို အကြောင်းကြားထားပေမယ့် လိုက်ပါသွားသူ ၉ ဦးရဲ့ အခြေအနေကိုတော့ အသေးစိတ် အကြောင်းကြား မထားဘူးလို့ သိရပါတယ်။
အသက်ရှင်ကျန်နေမယ်လို့ မျော်လင့်ချက်နဲ့ ရဟတ်ယဉ်ပျက်ရှာဖွေရေးအတွက် ထိုင်း တပ်မ ၉ Surasee 9th Infantry Division
ဟာ နယ်စပ်မှ မြန်မာစစ်ဖက် ရော မြန်မာ ကရင်ရွာသားလမ်းပြများကိုပါ ရနိုင်သလောက် အကူအညီတောင်းပီး ရေထဲမိုးထဲ မိုင်းကွင်းထဲမှာ (Black Hawk ကို ရှာဖွေရတဲနေရာဟာ တောနက်ပြီး ရာသီဥတုဆိုးတဲ့ အပြင် မြန်မာပြည်တွင်းစစ် ရဲ့ ဆိုးမွေဖြစ်တဲ့ စစ်တပ်အဆက်ဆက် သူပုန်အဆက်ဆက် ဆယ်စုများစွာ သူထောင် ကိုယ်ထောင် ဘယ်သူထောင်မှန်းမသိသော မိုင်းမျိုးစုံလင်တဲ့နေရာလဲဖြစ်ပါတယ်။) ဆောင်ရွက်ခဲ့တာကို ဂုဏ်ပြုပါတယ်။