10/29/2011

ဗန်ကောက်ထဲကရေ

နောက်ဆုံး ရရှိ သည့် သတင်းများ အရ ဗန်ကောက်မြို့ အရှေ့ဘက်ခြမ်းရှိ ကားလမ်း မကြီး လေးခုကို ဖြတ်တောက်ကာ ရေနုတ်မြောင်းပြုလုပ် ပြီး ဗန်ကောက်မြို့ ထဲသို့ လွှမ်းနေသည့် ရေများ ပင်လယ်ထဲသို့ ပိုမို လျှင်မြန်စွာ စီးဆင်း သွားနိုင်သည့် အစီအစဉ် တစ်ရပ်ကို လုပ်ဖို့ ထိုင်း တိုယိုတာကုပ္မဏီ ဒုဥကဌဦးဆောင်သော အဖွဲ့ကတင်ပြထားသော အစီစဉ်ကို ပုဂ္ဂလိက ရေဘေးကယ် ဆယ်ရေး ကျွမ်းကျင်သူ ပညာရှင် များနှင့် အစိုးရ၏ ကျွမ်းကျင် ပညာရှင်များ ပါဝင်သော အစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ် ယိင်လာတ် ရှင်နာဝါတ်ကသဘောတူလိုက်ပီး သဲအိတ်တွေနဲ့ ကာပြီး ရေတားတမံတွေ ဖို့ထားမယ့် အစား မြောင်းအဟောင်းတွေ ပြန်ဖော်၊ အမှိုက်တွေ ပြန်ဆယ်၊ မြောင်းအသစ်တွေ ထပ် ဖော်ပြီး ဗန်ကောက်မှာ အီနေ တဲ့ရေကို ပင်လယ်ထဲ မြန်မြန်ရောက်အောင် လုပ်ဖို့ စီစဉ်နေပြီဟုသိရသည်။


































လက်ရှိ အခြေအနေမှာ ကျောက်ဖရားမြစ်က တက်လာတဲ့ရေတွေဟာ ကမ်းစပ်ကနေ တဖြည်းဖြည်း လျှံတက်လာရာက ဘန်ကောက် မြို့က အထင်ကရ ဘုရင့်နန်းတော်ထဲမှာဆိုရင်လည်း ရေတွေဟာ ခြေကျင်းဝတ်လောက်အထိ ရှိနေပါပြီ။

နောက်ထပ်ရေတွေ ထပ်တက်လာမှာကိုလည်း အစိုးရတာဝန်ရှိသူတွေက စိုးရိမ်နေကြ ပါတယ်။ မြစ်ကမ်းပါးကနေ လျှံလာတဲ့ရေတွေကို ထိန်းချုပ်နိုင်ဖို့အတွက်လည်း အာဏာပိုင်တွေက ကြိုးစားနေကြပေမဲ့ ဘန် ကောက်တမြို့လုံး ရပ်ကွက်ဇုန်ကြီး ၅၀ ကို ရေလွှမ်းသွားပါက ရေဘေးဒုက္ခသည်တွေ ယာယီခိုလှုံဖိုကန်ကျနဘူရီ၊ ဖက်ခ်ျဘူရီ၊ ချာချင်စောင်၊ စမွတ်ပရာကန်၊ စမွတ်စာခွန်၊ စရာဘူရီ၊ နခေါင်နာယွတ်နဲ့ခေါင်စီထမရာ့စတဲ့ ခရိုင် ၉ ခုက ကျောင်း စစ်တပ်ဝင်းနဲ့ ကျယ်ဝန်းတဲ့ အစိုးရပိုင် အဆောက်အဦတွေမှာ ဒုက္ခသည်စခန်းတွေ ပြင်ဆင်ထားတယ်လို့ ထိုင်းအစိုး သတင်းထုတ်ပြန်ထားပါတယ်။ ခုလို ကြေညာတာဟာ ဘန်ကောက်တမြို့လုံးကို မုချရေလွှမ်းလိမ့်မယ်လို့ မဆိုလိုပေမယ့် တကယ်လို့ ရေလွှမ်းမိုးသွားခဲ့ရင် အစိုးရက ကယ်ဆယ်ရေး အစီအစဉ် အသင့်ရှိနေကြောင်းကို လူအများသိရှိစေဖို့ ဖြစ်တယ်လို့ ထိုင်းအစိုးရေလွှမ်းမိုးမှု ပြန်ကြားရေးစင်တာက ပြောပါတယ်။

ခုလက်ရှိ ဘန်ကောက်မြို့အတွင်းက တချို့စခန်းတွေလည်း ရေမြုပ်လို ထပ်မံရွှေ့ပြောင်းနေကြရပါပြီ။ ဒွန်မောင်းလေဆိပ် ရေဘေးစခန်းက ဒုက္ခသည်တွေကိုတော့ ခွန်ဘူရီခရိုင်ကို ရွှေ့သွားပြီ ဖြစ်ပါတယ်။

နွန်ထဘူရီမှာနေသူအကုန်လုံး နီးပါးလောက် ရွှေ့ပြောင်းပြီးပါပြီ။ ဒါပေမဲ့ တချို့က သူတို့အိမ်တွေ အဖောက်ခံရမှာ၊ သူခိုး ခိုးခံရမှာစိုးပြီး ဆက်နေ နေပါတယ်။ တပ်မတော်က နောက်ထပ် စစ်သည် ၅၀,၀၀၀နဲ့ ကားစီးရေ ၁,၀၀၀ ထပ် ဖြန့်ထားပါ တယ်။ ရေတပ်က လှေအစီး ၂၅၁၀၊ကုန်တင်သင်္ဘော ၁၀ စီးနဲ့ လှေအတော်များများနဲ့အတူ ကြည်းတပ်က နောက်ထပ် ထရပ်ကား ၁၇၈ စီး၊ ဘူဒိုဇာ ၁၈ စီး၊ ရေကားအစီး၂၀၊ ကွင်းဆင်းချက်ပြုတ်ရေးအဖွဲ့ ၅ ဖွဲ့နဲ့ နောက်တွဲပါတဲ့ထရပ်ကား ၁၂ စီး အသင့်လုပ်ထားပါတယ်။ ဆေးအဖွဲ့ ၈ ဖွဲ့၊ အကြံပေးဆွေးနွေး လမ်းညွှန်တဲ့အဖွဲ့ ၈ဖွဲ့နဲ့ လေယာဉ် ၃စင်းလည်း ရှိပါသေး တယ်။ စစ်တပ်က ရေကျသွားပြီဖြစ်တဲ့ နခုန်ဆ၀မ်မှာ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းတွေစလုပ်နေပါတယ်လို့ ဖရာယုသ် က ပြောပါတယ်။ ကာကွယ်တား ဆီးရေး၊ ကူညီစောင့်ရှောက်ရေး၊ ရွှေ့ပြောင်းရေးနဲ့ပြန်လည်ထိန်းသိမ်းရေးစတဲ့ အဆင့် ၄ ဆင့်ပါတဲ့ လက်တွေ့ဆောက်ရွက် မှုစီမံကိန်းကို ချထားဆောင်ရွက်နေပါတယ်။။

ရာဇ၀တ်မှု တားဆီးကာကွယ်ရေး လုပ်ဆောင်နေစဉ်မှာပဲ တဖက်က ရေဘေးတားဆီးကာကွယ်ရေးတွေမှာ ကူညီကြ ဖို့ ပြည်နယ်အသီးသီးက ရဲတွေကို တာဝန်ပေးထားသည်။
























































































ရေထဲက ဗန်ကောက်မြို့တော်ဝန်။

















27/10/2011 ရက်နေ့တွင် ကျောက်ဖရား မြစ်ရေသည် 2.42 မီတာသို့ ရောက်ရှိခဲ့ပြီး 30 /10/2011 ရက်နေ့တွင် ပင်လယ်ရေသည် 1.28 မီတာခန့်အထိ မြင့်တက်လာမည်ဖြစ်၍ ကျောက်ဖရား မြစ်ရေသည် 2.5 မီတာသို့တိုင် မြင့် တက်လာနိုင်၍ ချောင်းရိုးတစ်လျှောက် ကာထားသည့် သဲအိတ်တမံများသို့ရောက်ရှိရန် 3 စင်တီမီတာသာ ကျန်တော့ ၍ ကယ်ဆယ်ရေး ဝန်ထမ်းများအားလုံး သတိဝိရိယ ရှိစေကြရန် ဗန်ကောက်မြို့တော်ဝန်မှ နှိုးဆော်ထားပါသည်။

10/27/2011

ရေထဲက ဗန်ကောက်


လွန်ခဲ့တဲ့၂ရက်လောက်က စပီး ၀ိဖါဝတီ-လန်းစစ် Vibhavadi- Rangsit အဝေးပြေးလမ်းမကြီး၏ လတ်ပရောင်း Lat Phrao လမ်းဆုံ ကနေ ဒွန်မောင်းလေဆိပ် Don Mueang airport ရှေ့အထိ ယဉ်အငယ်စားများကို သွားလာခွင့်ပိတ်ထားခဲ့ရာက ယခုအခါ ဗန်ကောက်မြို့တော် ယဉ်ထိမ်းရဲမှ မြို့တွင်းလမ်းမကြီး ၇ခုကို သွားလာ ခွင့်ပိတ်လိုက်ပါတယ်။
ပိတ်လိုက်သောလမ်းများမှာ

၁။ ၀ိဖါဝတီ-လန်းစစ် လမ်းမ National Memorial မှ လတ်စီ Lak Si လမ်းဆုံအထိ
၂။ဗဟိုလ် ယူသင်း လမ်းမ National Memorial မှစဖန်မိုင် Saphan Mai ဧရိယာအထိ
၃။ကဖန်ဖက် ၆လမ်း လန်းစစ်မှ ဒွန်မောင်း ရထားဘူတာရုံ Don Mueang railway station အထိ
၎။ဆွန်ဖရာ့ဖလမ်းမ ၀ပ်စီကန် Wat Sikan လမ်းဆုံ မှ ပရချာအူထစ် လမ်းဆုံအထိ
၅။ ၀ီဠုဝမ် နလမ်လမ်းမမှ ကျန်းဝပ်တန Soi Chaeng Wattana လမ်းသွယ်၁၄ အထိ
၆။ ချရန် စံနစ်တ်ဝွမ်လမ်းမ ၇၂လမ်းမှ ၈၄လမ်းထိ
၇။စီရင်ဒွမ် Sirindhorn လမ်းမ စီရင်ထွန်လမ်းခွဲမှ စီရင်ဒွမ်လမ်းသွယ်၂သို့ဖြစ်သည်။






















ထိုင်းနိုင်ငံ ဘန်ကော်မြို့တော်ထဲကို ဝင်လာနေတဲ့ ရေတွေကို ဆက်ပြီးမတားနိုင်တော့ဘူးလို့ ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပီးတဲ့နောက်ပိုင်း တစ တစတက်လာနေတဲ့ ရေတွေကို ဘန်ကောက် မြို့မှာရှိတဲ့ တူးမြောင်းတွေကနေ ပင်လယ်ထဲကို စီးဝင်သွားနိုင်ဖို့ ရေတံခါးတွေကို ဖွင့်ထားပီး ထိုင်းရေတပ်နဲ့ တာဝန်ရှိသူတွေက ရေစုတ်ထုတ်တာတွေ နည်းလမ်းစုံ လုပ်နေပေမဲ့ ရေတွေကတော့ ၀င်လာမစဲပါ၊ ဒီကြားထဲ မိုးထပ်ရွာနိုင်ချေရှိတယ်လို့ မိုးလေ၀သ သတင်းတွေက ဆိုပါတယ်။ မြို့လယ်မှာရှိတဲ့ တူးမြောင်းတွေ ကနေ ရေတွေလျှံတက်လာမှာလား ဆိုတာကို အတိအကျ မပြောနိုင်ဘူးလို့ ပြောပါတယ်။ ရေမရောက်သေးတဲ့နေရာက လူတွေလည်း ရေကြီးမှုကို ကာကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ သဲအိတ်တွေကို ချထားကြပါတယ်။ လိုအပ်တာထက် ပစ္စည်းတွေကို မဝယ်ကြဖို့ တာဝန်ရှိသူတွေက သတိပေးနေတဲ့ကြားကဘဲ လူတွေဟာ အစားအသောက်တွေ၊ အခြေခံလိုအပ်တဲ့ ပစ္စည်းတွေကို အလုအယက် ဝယ်နေကြတဲ့အတွက် ပြ ဿနာရှိလာနိုင်ပါတယ်။ ရေက နေရာတိုင်း မရောက်သေးပါဘူး။ ရှေ့ဆက်ဖို့ အခြေအနေက မထိမ်းချုပ်နိုင်တဲ့အတွက် လိုတဲ့ဆေးတွေ ၀ယ်ထားဖို့ ဆုံးဖြတ်ပီး ဒီနေ့ စီးလုံက၀ယ်နေကြ ဆေးဆိုင်ကို ချီတက်ပါတယ်။ သွားနေကြ လမ်းအတိုင်း စီယဲ့လမ်ဇာလီက စလို့လမ်ကမ်ဟမ်ကို အလယ်တံတားပေါ်ကဖြတ် အောက်မှာလဲဘာရေမှမရှိပါ စူကွန်ဗစ် ဖတ်ခနုံ လံမဏီ စီးလုံထိ ဘာရေမှမရှိ။ ဆေးဆိုင်ထဲမှာတော့ ၀ယ်သူက ခါတ်င်းထက် ၃ဆမကပါ။ အပြန် စူကွန်ဗစ်က အင်ပိုရီယမ်မှာဝင်ပီး လိုတဲ့
ရိက္ခာလေးတွေ ၀င်ရှာတော့ရပါတယ်။ နိုင်ငံခြားသားရပ်ကွက်မို့ ဗန်းကပိ မောလ် စသည် အခြားမှာ မရှိတော့တဲ့ ဆန် ရေ မာမား စသည် ပုံမှန်ရှိပါတယ်။

ရေကြီးမှုကြောင့် တနေ့ကိုအစင်း ၆ ထောင်လောက် ထုတ်လုပ်နေတဲ့ ဂျပန်မော်တော်ကား စက်ရုံတွေလည်း ရပ်ထားရပါတယ်။ တခြားစက်မှု လက်မှုလုပ်ငန်းတွေလည်း ထိခိုက်နေပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ Sony Electronic ကုမ္ပဏီက နောက်ဆုံးပေါ် SLR ကင်မရာတမျိုးကို တကမ္ဘာလုံးမှာ စတင်ရောင်းချဖို့အစီအစဉ်ကိုလဲ ရွှေ့ဆိုင်းလိုက်တယ်လို့ Sony က ပြောပါတယ်၊ လာမဲ့ရက်ပိုင်းတွေမှာ အဆိုးဆုံး အခြေအနေတွေဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ထိုင်းနိုင်ငံမှာ အနှစ် ၅၀ အတွင်း အဆိုးဆုံးရေကြီးမှုကြောင့် သေဆုံးသူ ၃၄၀ လောက်ရှိသွားပြီး လူပေါင်း ၉ သန်းလောက် ရေဘေး ဒုက္ခရောက်နေကြပါတယ်။ ဒို့ဆီက ဗမာပြည်အလယ်ပိုင်းအပါအ၀င် ဗီယက်နမ်၊ (Vietnam,)၊ ကမ္ဘောဒီးယား၊ (Cambodia) နဲ့ လာအို Laos နိုင်ငံတွေမှာလည်း ရေတွေကြီးနေပါတယ်။

မုတ်သုန်မိုးတွေ အကြီးအကျယ် ရွာသွန်းခဲ့တဲ့အတွက် အရှေ့တောင်အာရှ ဒေသတော်တော်များများ ရေလွှမ်းနေပြီး လူပေါင်းသန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ ဗမာပြည်မှတော့ အတိအကျ မခန့်မှန်းနိုင်ပေမဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဆိုရင်လည်း သေဆုံးသူပေါင်းဟာ ၃၃၆ ယောက်ထက် မနည်းရှိခဲ့ပါတယ်။



ကုန်တိုက်က ကုန်နေတဲ့ ကုန်တွေ
ရေကြီးလို့ငတ်မှာထက် ၀ယ်စရာမရှိလို့ ငတ်မယ့်ကိန်း မြင်တယ်။







တ်တား ပင်ကောင်း ရှေ့Pata Pinklao,
















ရေမရောက်မှီ နှင့် ရေအရောက်

10/26/2011

ရေနစ်တော့မယ့် ဗန်ကောက်


ကျမ္မာရေးသိပ်အဆင်မပြေတာနဲ့ ဘလော့ဘက်အချိန်မခွဲနိုင်လို့ ကူပေးနေတဲ့ဆရာကိုဗလက တယ်လီဖုန်းတောင် အဆက်အသွယ်လုပ်မရလို့ဆိုပီး စိုးရိမ်တကြီး ရရာနည်းနဲ့ဆက်သွယ်လာရင်း ထိုင်းနိုင်ငံမှာ ရေဘေးနဲ့ကြုံနေရတာကို ဘလောက်တင်ဖို့ တိုက်တွန်းသွားပါတယ်။ ဒီကလဲတင်လိုက်မယ်လေ ကြာသလားလို့ဆိုပီး ကွန်နက်ရှင်မကြာတဲ့ ဗန်ကောက်ကိုပြန်ဝင်ဖို့လုပ်တော့ ဘန်ကောက်မှာရှိတဲ့ တူးမြောင်းတွေက ရေတံခါးအားလုံးကို ဖွင့်ချဖိုထိုင်းအစိုးရက ဆုံးဖြတ်လိုက်တဲ့အတွက် ဘန်ကောက်အတွင်းပိုင်း ရပ်ကွက်ဇုန်တွေကို ရေလွှမ်းမိုးတော့မှာ ဖြစ်လို့မပြန်ဖို့ ၀ိုင်းတား ကြပါတယ်တီဗွီသတင်းတွေအရလဲ တရှိန်ထိုးစီးဝင်နေတဲ့ ရေလုံးအပြင်းစားတွေ မြင်ရ တွေ့ရ ဘန်ကောက်မြို့တော် အထက်က နခွန်စ၀မ်၊ ချိုင်နာ့၊ အယုဒ္ဒယ၊ နခေါင်ပထုံ စတဲ့ခရိုင်တွေမှာ ၂ လခန့်ကြာအောင် လွှမ်းမိုးနေတဲ့ ရေမြုပ်ဒေသ ပုံတွေ တလျောက်လုံးမြင်နေရတယ် ဒီကြားထဲ လွတ်ထွက်နေတဲ့ မီးကျောင်းတွေ ပြန်ဖမ်းတာ မီးကျောင်းက

ဗမာလို “ ငြိမ်“ လို့အမိန့်ပေးတော့ အဖမ်းခံ အကိုင်ခံတာ မြင်ရလို့ တအံ့တသြောကြည့်နေတုံး သတင်းကြေညာသူက မီးကျောင်းတွေ ထိုင်းလိုနားမလည်ဘူး ဗမာစကားတော့နားလည်တယ် ဆိုလို့ ရီရသေးတယ်။







ဗန်ကောက်တောင်ဖက်ကနေ ၀င်လာတဲ့လမ်းတလျောက် ဘာရေမှမရှိပေမဲ့ အသင့်ပြင်ဆင် ထားတဲ့ သဲအိပ် ရေကာတွေ မြင့်ရာအရပ်မှာ ရပ်ထားတဲ့ ကားတွေ တလျောက်လုံး တွေ့လာရတယ်။ဘာရေမှတော့ မလာသေး။


ဒါပေမဲ့ ရပ်
ကွက်ထဲ ၀င်လိုက်တာနဲ့ သဲအိပ် ဗန်ကာတွေ အာဖဂန် ရောက်နေလားထင်ရတယ်။ တချို့အိမ်များမှာတော့ အုတ်ရိုးပါအသေ ကာနေတာ လဲတွေ့ပါ့။
အရေးပေါ် ကယ်ဆယ်ရေး ဥပဒေမှာ အပ်နှင်းထားတဲ့ အရပ်ဖက် လုပ်ပိုင်ခွင့်အာဏာတွေကို အသုံးပြုပြီး ဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ် (Yingluck Shinawatra)

က စားနပ်ရိက္ခာ မပြတ်လပ်အောင် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်တွေကို တိုးမြှင့် ဆောင်ရွက်နေတယ်။ အစာရေစာများလိုအပ်တာထက်ပိုပီး မ၀ယ်ထားဖို့ ပြောနေပေမဲ့ ရေသန့်ဘူး ဆန်အိပ် ကြက်ဥ “မာမား“ခေါက်ဆွဲ စတာတွေဟာ ကုန်တိုက်မှာတင်မက ဆဲဗင်းမှာပါ ပြောင်နေတာ စရောက်တဲ့ နေ့၂၄ -၁၀-၁၁ ထဲက တွေ့ရတယ်။

မနေ့ည၂၅-၁၀-၁၁ က တော့ ဘန် ကောက်တမြို့လုံးကို ရေလွှမ်းမိုးနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စစ်ယင်လတ်ရှင်နာဝပ်က ထိုင်းရုပ်မြင်သံကြားဌာနအားလုံးကနေ ကြေညာသွားပါတယ်။

ဝန်ကြီးချုပ် ကြေညာချက် ထုတ်ပြန်ပြီးနောက်မှာ ကုန်ဈေးနှုန်းတွေ တက်ကုန်တယ် ဒီနေ့တော့ အသီးအရွက်ကအစ အစစအရာရာ ဈေးတွေအကုန်ခုန်တက်သွားတယ်။ မနေ့ကထိ ကြက်ဥတလုံးက ၃ဘတ်ခွဲ၊ ဒီမနက်မှာ ကြက်ဥတလုံး ၆ ဘတ်ဖြစ်သွားတယ်။ အခု ၉ဘတ်တောင် သိပ်မရောင်းခြင်။

ရေလွှမ်း​မိုး​ နေတဲ့​ ခရိုင်အား​လုံး​မှာ ရေလွှမ်း​မိုး​မှုတား​ဆီး​ရေး​၊​ ရေ​ဘေး​ဒုက္ခသည် ကူညီကယ်ဆယ်​ရေး​နဲ့​ ဆက်နွှယ်​နေတဲ့​ ဌာန​တွေကလွဲပြီး​ အစိုး​ရရုံး​အား​လုံး​ကို အောက်တိုဘာ ၂၇ ရက်က​နေ ၃၁ ရက်​နေ့​အထိ ပိတ်ထား​ဖို့​လည်း​ ကြေညာလိုက်ပါတယ်။

ဘန်​ ကောက်မှာရှိတဲ့​ကျောင်း​အား​လုံး​နဲ့​ ပြည်တွင်း​လေဆိပ်ဖြစ်တဲ့​ ဒွန်​မောင်း​လေဆိပ်ကိုလည်း​ ပိတ်လိုက်ပြီး​ မပိတ်ရ​သေး​တဲ့​ ပြည်တွင်း​လေယဉ်လိုင်း​တွေဟာ စူဝမ်နဖုန် နိုင်ငံတကာ​လေယဉ်ကွင်း​သစ်ကို ရွှေ့​ပြောင်း​ကြ​ကြောင်း​ ဆိုင်ရာ​လေ​ကြောင်း​ ကုမ္ပဏီ​တွေက ထုတ်ပြန်ထား​ပါတယ်။

















ချောင်ဖုရာမြစ်ကမ်းတလျောက်နဲ့
စီရီရာ့​ ဆေး​ရုံစသည်တို့ ရေရောက်နေပြီဖြစ်ပြီး ဘုရင်ကြီး​ ဆေး​ဝါး​ကုသ မှုခံယူရာစီရီရာ့​ ဆေး​ရုံကို ရေမ၀င်အောင် အ​လေး​ပေး​ ကာကွယ်နေ​ကပါတယ်။













ရေတံခါးတွေ ဖွင့်ချတာကြောင့် အတွင်းပိုင်းက ဖဟိုယိုထင်၊ လာ့ဖရောင်း၊ ရာမာ ၉၊ ဖက်ခ်ျဘူရီ၊ စူခွန်ဗစ်၊ ရာမာ ၄ စတဲ့ လမ်းတွေနဲ့  ရပ်ကွက်ဇုန် အများအပြားကို ဒူးဆစ်မှ ခါးအထိ ရေတဖြည်းဖြည်း လွှမ်းမိုးသွားမှာပါ။










ထိုင်းရုပ်သံ အစီအစဉ်ကနေ လလောက်ကြာအောင် ဘန်ကောက်မြို့ရဲ့ တစိတ်တဒေသ ရေလွှမ်းမယ်လို့ ပြောဆို ထားပါတယ်။































































































ဝန်ကြီးချုပ်
Yingluck Shinawatra နဲ့ အတိက်အခံခေါင်းဆောင် Abhisit Vejjajiva
























ရေကြီး နေသည့် နေရာ များ ကို ထိုင်းစစ်တပ် နှင့် အကူ အညီပေး ရေး အဖွဲ့  များ က
သွား ရောက် ကယ်ဆယ် မှု များ ပြု လုပ် နေသည်။





















Mr Abhisit က ဒီပြဿနာဖြစ်နေချိန်မှာ အစိုးရရဲ့လုပ်ကိုင်မှုတွေကို ထောက်ခံ အားပေးသွားမယ်လို့ ကတိပြုထားပါတယ်













မြဘုရားရှေ့

















မြေပုံပါ ရေလွတ်နေသေးတဲ့နေရာမှာ ကျနော်နေပါတယ်။ရေအခြေအနေ ဆက်ရေးပါမယ်။


ဒီရေဘေးကြောင့် စီးပွားရေးအရ ဒေါ်လာ သန်း ၆,၀၀၀ ဖိုး ဆုံးရှုံးမှုရှိတယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းပါတယ်။

ရေဘေးဒဏ်ခံရတဲ့ ကုန်ထုတ်လုပ်ရေးသမားတွေ၊ အသေးစားနဲ့ အလယ်အလတ်လုပ်ငန်းပိုင်ရှင်တွေ၊ ကိုယ်ပိုင်ရပ်တည်တဲ့ စီးပွားရေးသမားတွေကို ကူညီဖို့အတွက် ဒေါ်လာ သန်း ၈,၀၀၀ ထုတ်ချေးဖို့ ၀န်ကြီးအဖွဲ့က အတည်ပြုလိုက်ပါတယ်။


ဘန်ကောက်မှာတော့ ဘယ်နေရာတွေမှာ ရေဘယ်လောက်တက်မယ်၊ စင်တီမီတာ ဘယ်လောက်အထိတက်မယ် ဆိုတာကို သတ်မှတ်ထားတာ ရှိပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေဆိုရင် သူတို့ရဲ့ အရေးကြီး ပစ္စည်း၊ စာရွက်စာတမ်းတွေ သိမ်းထားဖို့ လိုပါတယ်။ အကူအညီပေးမယ့် အဖွဲ့အစည်းတွေရဲ့ ဖုန်းနံပါတ်တွေကိုလည်း သိထားဖို့ လိုပါမယ်။

ဘန်ကောက် ရေဘေးဒုက္ခသည်တွေထဲက မြန်မာအလုပ်သမားတွေကိုတော့ နိုင်ငံတကာ ဒုက္ခသည်ကော်မတီ (အိုင်အာစီ) အပါဝင် အဖွဲ့အစည်း ၂၀ ကျော် ပူးပေါင်း ဖွဲ့စည်းထားတဲ့ Migrant Working Group က ကူညီဆောင်ရွက်ပေးနေပါတယ်။

ရေဘေးသင့် မြန်မာအလုပ်သမားတွေ အရေးပေါ် အကူအညီ တောင်းနိုင်ဖို့ ဖုန်းနံပတ်တွေထဲက တချို့ ကတော့ ၀၈၂-၄၉၈၉၅၈၅၊ ၀၈၁-၆၈၄၀၆၁၂၊ ၀၈၁-၄၅၂၇၂၂၁၊ ၀၈၅-၉၂၂၈၄၅၁၊ ဝ၈၅-၃၂၆၈၂၆၃၊ ဝ၈၁-၆၂ဝ၄၄၈၆၊ ဝ၈၅-၃၃၂၇၅၅၃၊ ဝ၈၃-ဝ၆၂၇၅၄၃၁၊ ဝ၈၄-၆၃၇၅၂၇၁

ဗမာလိုပြောနိင်ပါတယ်။