10/29/2011

ဗန်ကောက်ထဲကရေ

နောက်ဆုံး ရရှိ သည့် သတင်းများ အရ ဗန်ကောက်မြို့ အရှေ့ဘက်ခြမ်းရှိ ကားလမ်း မကြီး လေးခုကို ဖြတ်တောက်ကာ ရေနုတ်မြောင်းပြုလုပ် ပြီး ဗန်ကောက်မြို့ ထဲသို့ လွှမ်းနေသည့် ရေများ ပင်လယ်ထဲသို့ ပိုမို လျှင်မြန်စွာ စီးဆင်း သွားနိုင်သည့် အစီအစဉ် တစ်ရပ်ကို လုပ်ဖို့ ထိုင်း တိုယိုတာကုပ္မဏီ ဒုဥကဌဦးဆောင်သော အဖွဲ့ကတင်ပြထားသော အစီစဉ်ကို ပုဂ္ဂလိက ရေဘေးကယ် ဆယ်ရေး ကျွမ်းကျင်သူ ပညာရှင် များနှင့် အစိုးရ၏ ကျွမ်းကျင် ပညာရှင်များ ပါဝင်သော အစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ် ယိင်လာတ် ရှင်နာဝါတ်ကသဘောတူလိုက်ပီး သဲအိတ်တွေနဲ့ ကာပြီး ရေတားတမံတွေ ဖို့ထားမယ့် အစား မြောင်းအဟောင်းတွေ ပြန်ဖော်၊ အမှိုက်တွေ ပြန်ဆယ်၊ မြောင်းအသစ်တွေ ထပ် ဖော်ပြီး ဗန်ကောက်မှာ အီနေ တဲ့ရေကို ပင်လယ်ထဲ မြန်မြန်ရောက်အောင် လုပ်ဖို့ စီစဉ်နေပြီဟုသိရသည်။


































လက်ရှိ အခြေအနေမှာ ကျောက်ဖရားမြစ်က တက်လာတဲ့ရေတွေဟာ ကမ်းစပ်ကနေ တဖြည်းဖြည်း လျှံတက်လာရာက ဘန်ကောက် မြို့က အထင်ကရ ဘုရင့်နန်းတော်ထဲမှာဆိုရင်လည်း ရေတွေဟာ ခြေကျင်းဝတ်လောက်အထိ ရှိနေပါပြီ။

နောက်ထပ်ရေတွေ ထပ်တက်လာမှာကိုလည်း အစိုးရတာဝန်ရှိသူတွေက စိုးရိမ်နေကြ ပါတယ်။ မြစ်ကမ်းပါးကနေ လျှံလာတဲ့ရေတွေကို ထိန်းချုပ်နိုင်ဖို့အတွက်လည်း အာဏာပိုင်တွေက ကြိုးစားနေကြပေမဲ့ ဘန် ကောက်တမြို့လုံး ရပ်ကွက်ဇုန်ကြီး ၅၀ ကို ရေလွှမ်းသွားပါက ရေဘေးဒုက္ခသည်တွေ ယာယီခိုလှုံဖိုကန်ကျနဘူရီ၊ ဖက်ခ်ျဘူရီ၊ ချာချင်စောင်၊ စမွတ်ပရာကန်၊ စမွတ်စာခွန်၊ စရာဘူရီ၊ နခေါင်နာယွတ်နဲ့ခေါင်စီထမရာ့စတဲ့ ခရိုင် ၉ ခုက ကျောင်း စစ်တပ်ဝင်းနဲ့ ကျယ်ဝန်းတဲ့ အစိုးရပိုင် အဆောက်အဦတွေမှာ ဒုက္ခသည်စခန်းတွေ ပြင်ဆင်ထားတယ်လို့ ထိုင်းအစိုး သတင်းထုတ်ပြန်ထားပါတယ်။ ခုလို ကြေညာတာဟာ ဘန်ကောက်တမြို့လုံးကို မုချရေလွှမ်းလိမ့်မယ်လို့ မဆိုလိုပေမယ့် တကယ်လို့ ရေလွှမ်းမိုးသွားခဲ့ရင် အစိုးရက ကယ်ဆယ်ရေး အစီအစဉ် အသင့်ရှိနေကြောင်းကို လူအများသိရှိစေဖို့ ဖြစ်တယ်လို့ ထိုင်းအစိုးရေလွှမ်းမိုးမှု ပြန်ကြားရေးစင်တာက ပြောပါတယ်။

ခုလက်ရှိ ဘန်ကောက်မြို့အတွင်းက တချို့စခန်းတွေလည်း ရေမြုပ်လို ထပ်မံရွှေ့ပြောင်းနေကြရပါပြီ။ ဒွန်မောင်းလေဆိပ် ရေဘေးစခန်းက ဒုက္ခသည်တွေကိုတော့ ခွန်ဘူရီခရိုင်ကို ရွှေ့သွားပြီ ဖြစ်ပါတယ်။

နွန်ထဘူရီမှာနေသူအကုန်လုံး နီးပါးလောက် ရွှေ့ပြောင်းပြီးပါပြီ။ ဒါပေမဲ့ တချို့က သူတို့အိမ်တွေ အဖောက်ခံရမှာ၊ သူခိုး ခိုးခံရမှာစိုးပြီး ဆက်နေ နေပါတယ်။ တပ်မတော်က နောက်ထပ် စစ်သည် ၅၀,၀၀၀နဲ့ ကားစီးရေ ၁,၀၀၀ ထပ် ဖြန့်ထားပါ တယ်။ ရေတပ်က လှေအစီး ၂၅၁၀၊ကုန်တင်သင်္ဘော ၁၀ စီးနဲ့ လှေအတော်များများနဲ့အတူ ကြည်းတပ်က နောက်ထပ် ထရပ်ကား ၁၇၈ စီး၊ ဘူဒိုဇာ ၁၈ စီး၊ ရေကားအစီး၂၀၊ ကွင်းဆင်းချက်ပြုတ်ရေးအဖွဲ့ ၅ ဖွဲ့နဲ့ နောက်တွဲပါတဲ့ထရပ်ကား ၁၂ စီး အသင့်လုပ်ထားပါတယ်။ ဆေးအဖွဲ့ ၈ ဖွဲ့၊ အကြံပေးဆွေးနွေး လမ်းညွှန်တဲ့အဖွဲ့ ၈ဖွဲ့နဲ့ လေယာဉ် ၃စင်းလည်း ရှိပါသေး တယ်။ စစ်တပ်က ရေကျသွားပြီဖြစ်တဲ့ နခုန်ဆ၀မ်မှာ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းတွေစလုပ်နေပါတယ်လို့ ဖရာယုသ် က ပြောပါတယ်။ ကာကွယ်တား ဆီးရေး၊ ကူညီစောင့်ရှောက်ရေး၊ ရွှေ့ပြောင်းရေးနဲ့ပြန်လည်ထိန်းသိမ်းရေးစတဲ့ အဆင့် ၄ ဆင့်ပါတဲ့ လက်တွေ့ဆောက်ရွက် မှုစီမံကိန်းကို ချထားဆောင်ရွက်နေပါတယ်။။

ရာဇ၀တ်မှု တားဆီးကာကွယ်ရေး လုပ်ဆောင်နေစဉ်မှာပဲ တဖက်က ရေဘေးတားဆီးကာကွယ်ရေးတွေမှာ ကူညီကြ ဖို့ ပြည်နယ်အသီးသီးက ရဲတွေကို တာဝန်ပေးထားသည်။
























































































ရေထဲက ဗန်ကောက်မြို့တော်ဝန်။

















27/10/2011 ရက်နေ့တွင် ကျောက်ဖရား မြစ်ရေသည် 2.42 မီတာသို့ ရောက်ရှိခဲ့ပြီး 30 /10/2011 ရက်နေ့တွင် ပင်လယ်ရေသည် 1.28 မီတာခန့်အထိ မြင့်တက်လာမည်ဖြစ်၍ ကျောက်ဖရား မြစ်ရေသည် 2.5 မီတာသို့တိုင် မြင့် တက်လာနိုင်၍ ချောင်းရိုးတစ်လျှောက် ကာထားသည့် သဲအိတ်တမံများသို့ရောက်ရှိရန် 3 စင်တီမီတာသာ ကျန်တော့ ၍ ကယ်ဆယ်ရေး ဝန်ထမ်းများအားလုံး သတိဝိရိယ ရှိစေကြရန် ဗန်ကောက်မြို့တော်ဝန်မှ နှိုးဆော်ထားပါသည်။

No comments:

Post a Comment