10/27/2011

ရေထဲက ဗန်ကောက်


လွန်ခဲ့တဲ့၂ရက်လောက်က စပီး ၀ိဖါဝတီ-လန်းစစ် Vibhavadi- Rangsit အဝေးပြေးလမ်းမကြီး၏ လတ်ပရောင်း Lat Phrao လမ်းဆုံ ကနေ ဒွန်မောင်းလေဆိပ် Don Mueang airport ရှေ့အထိ ယဉ်အငယ်စားများကို သွားလာခွင့်ပိတ်ထားခဲ့ရာက ယခုအခါ ဗန်ကောက်မြို့တော် ယဉ်ထိမ်းရဲမှ မြို့တွင်းလမ်းမကြီး ၇ခုကို သွားလာ ခွင့်ပိတ်လိုက်ပါတယ်။
ပိတ်လိုက်သောလမ်းများမှာ

၁။ ၀ိဖါဝတီ-လန်းစစ် လမ်းမ National Memorial မှ လတ်စီ Lak Si လမ်းဆုံအထိ
၂။ဗဟိုလ် ယူသင်း လမ်းမ National Memorial မှစဖန်မိုင် Saphan Mai ဧရိယာအထိ
၃။ကဖန်ဖက် ၆လမ်း လန်းစစ်မှ ဒွန်မောင်း ရထားဘူတာရုံ Don Mueang railway station အထိ
၎။ဆွန်ဖရာ့ဖလမ်းမ ၀ပ်စီကန် Wat Sikan လမ်းဆုံ မှ ပရချာအူထစ် လမ်းဆုံအထိ
၅။ ၀ီဠုဝမ် နလမ်လမ်းမမှ ကျန်းဝပ်တန Soi Chaeng Wattana လမ်းသွယ်၁၄ အထိ
၆။ ချရန် စံနစ်တ်ဝွမ်လမ်းမ ၇၂လမ်းမှ ၈၄လမ်းထိ
၇။စီရင်ဒွမ် Sirindhorn လမ်းမ စီရင်ထွန်လမ်းခွဲမှ စီရင်ဒွမ်လမ်းသွယ်၂သို့ဖြစ်သည်။






















ထိုင်းနိုင်ငံ ဘန်ကော်မြို့တော်ထဲကို ဝင်လာနေတဲ့ ရေတွေကို ဆက်ပြီးမတားနိုင်တော့ဘူးလို့ ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပီးတဲ့နောက်ပိုင်း တစ တစတက်လာနေတဲ့ ရေတွေကို ဘန်ကောက် မြို့မှာရှိတဲ့ တူးမြောင်းတွေကနေ ပင်လယ်ထဲကို စီးဝင်သွားနိုင်ဖို့ ရေတံခါးတွေကို ဖွင့်ထားပီး ထိုင်းရေတပ်နဲ့ တာဝန်ရှိသူတွေက ရေစုတ်ထုတ်တာတွေ နည်းလမ်းစုံ လုပ်နေပေမဲ့ ရေတွေကတော့ ၀င်လာမစဲပါ၊ ဒီကြားထဲ မိုးထပ်ရွာနိုင်ချေရှိတယ်လို့ မိုးလေ၀သ သတင်းတွေက ဆိုပါတယ်။ မြို့လယ်မှာရှိတဲ့ တူးမြောင်းတွေ ကနေ ရေတွေလျှံတက်လာမှာလား ဆိုတာကို အတိအကျ မပြောနိုင်ဘူးလို့ ပြောပါတယ်။ ရေမရောက်သေးတဲ့နေရာက လူတွေလည်း ရေကြီးမှုကို ကာကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ သဲအိတ်တွေကို ချထားကြပါတယ်။ လိုအပ်တာထက် ပစ္စည်းတွေကို မဝယ်ကြဖို့ တာဝန်ရှိသူတွေက သတိပေးနေတဲ့ကြားကဘဲ လူတွေဟာ အစားအသောက်တွေ၊ အခြေခံလိုအပ်တဲ့ ပစ္စည်းတွေကို အလုအယက် ဝယ်နေကြတဲ့အတွက် ပြ ဿနာရှိလာနိုင်ပါတယ်။ ရေက နေရာတိုင်း မရောက်သေးပါဘူး။ ရှေ့ဆက်ဖို့ အခြေအနေက မထိမ်းချုပ်နိုင်တဲ့အတွက် လိုတဲ့ဆေးတွေ ၀ယ်ထားဖို့ ဆုံးဖြတ်ပီး ဒီနေ့ စီးလုံက၀ယ်နေကြ ဆေးဆိုင်ကို ချီတက်ပါတယ်။ သွားနေကြ လမ်းအတိုင်း စီယဲ့လမ်ဇာလီက စလို့လမ်ကမ်ဟမ်ကို အလယ်တံတားပေါ်ကဖြတ် အောက်မှာလဲဘာရေမှမရှိပါ စူကွန်ဗစ် ဖတ်ခနုံ လံမဏီ စီးလုံထိ ဘာရေမှမရှိ။ ဆေးဆိုင်ထဲမှာတော့ ၀ယ်သူက ခါတ်င်းထက် ၃ဆမကပါ။ အပြန် စူကွန်ဗစ်က အင်ပိုရီယမ်မှာဝင်ပီး လိုတဲ့
ရိက္ခာလေးတွေ ၀င်ရှာတော့ရပါတယ်။ နိုင်ငံခြားသားရပ်ကွက်မို့ ဗန်းကပိ မောလ် စသည် အခြားမှာ မရှိတော့တဲ့ ဆန် ရေ မာမား စသည် ပုံမှန်ရှိပါတယ်။

ရေကြီးမှုကြောင့် တနေ့ကိုအစင်း ၆ ထောင်လောက် ထုတ်လုပ်နေတဲ့ ဂျပန်မော်တော်ကား စက်ရုံတွေလည်း ရပ်ထားရပါတယ်။ တခြားစက်မှု လက်မှုလုပ်ငန်းတွေလည်း ထိခိုက်နေပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ Sony Electronic ကုမ္ပဏီက နောက်ဆုံးပေါ် SLR ကင်မရာတမျိုးကို တကမ္ဘာလုံးမှာ စတင်ရောင်းချဖို့အစီအစဉ်ကိုလဲ ရွှေ့ဆိုင်းလိုက်တယ်လို့ Sony က ပြောပါတယ်၊ လာမဲ့ရက်ပိုင်းတွေမှာ အဆိုးဆုံး အခြေအနေတွေဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ထိုင်းနိုင်ငံမှာ အနှစ် ၅၀ အတွင်း အဆိုးဆုံးရေကြီးမှုကြောင့် သေဆုံးသူ ၃၄၀ လောက်ရှိသွားပြီး လူပေါင်း ၉ သန်းလောက် ရေဘေး ဒုက္ခရောက်နေကြပါတယ်။ ဒို့ဆီက ဗမာပြည်အလယ်ပိုင်းအပါအ၀င် ဗီယက်နမ်၊ (Vietnam,)၊ ကမ္ဘောဒီးယား၊ (Cambodia) နဲ့ လာအို Laos နိုင်ငံတွေမှာလည်း ရေတွေကြီးနေပါတယ်။

မုတ်သုန်မိုးတွေ အကြီးအကျယ် ရွာသွန်းခဲ့တဲ့အတွက် အရှေ့တောင်အာရှ ဒေသတော်တော်များများ ရေလွှမ်းနေပြီး လူပေါင်းသန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ ဗမာပြည်မှတော့ အတိအကျ မခန့်မှန်းနိုင်ပေမဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဆိုရင်လည်း သေဆုံးသူပေါင်းဟာ ၃၃၆ ယောက်ထက် မနည်းရှိခဲ့ပါတယ်။



ကုန်တိုက်က ကုန်နေတဲ့ ကုန်တွေ
ရေကြီးလို့ငတ်မှာထက် ၀ယ်စရာမရှိလို့ ငတ်မယ့်ကိန်း မြင်တယ်။







တ်တား ပင်ကောင်း ရှေ့Pata Pinklao,
















ရေမရောက်မှီ နှင့် ရေအရောက်

No comments:

Post a Comment