ဦးနုစာကြည်.တိုက်နှင်.ရုပ်တု....လူငယ်ဖွံ.ဖြိုးရေး စင်တာ....မေတ္တာကြယ်စင် မူကြိုကျောင်း...ကျောင်းကျန်းမာရေး နှင်. မိခင်နှင်.ကလေး စောင်.ရှောက်ရေး အဆောက်အဦးများ ဖွင်.လှစ်မည်။

ထို.အပြင် ထိုနေ. နေ.လည် ၁ နာရီတွင် ၀ါးခယ်မမြို. ရွှေခယ်သီရိ ခန်းမ၌ စာပေပြိုင်ပွဲ ဆုချီးမြှင်.ခြင်းနှင်. စာရေးဆရာကြီး များမှ စာပေဟောပြောပွဲ ပြုလုပ်ခြင်းတို. ပြုလုပ်ရန် ရှိကြောင်း သိရပါသည်။
ဦးနုသည်
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစကာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော်မှ အာဏာသိမ်းယူသည့်အချိန်ထိ၊
၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးခဲ့သည့် ကာလပတ်လုံးတွင်
နေလတစ်ပါးနှယ် ထင်ရှားသည့် မြန်မာ့နိုင်ငံရေးခေါင်းဆောင် တစ်ဦးဖြစ်သည်။
ဦးနုကို
အဖ ဦးစံထွန်း၊အမိ ဒေါ်စောခင်တို့မှ ၁၉၀၇ ခုနှစ်၊မေလ၊၂၅ ရက် စနေနေ့၌ မြောင်းမြခရိုင်၊
ဝါးခယ်မမြို့ တွင် မွေးဖွားသည်။ မွေးချင်းနှစ်ဦးတွင် အကြီးဆုံးဖြစ်၍ ညီငယ်အမည်မှာ မောင်ဥ
ဖြစ်သည်။
၁၉၂၀ ခုနှစ်၊
တက္ကသိုလ်ကျောင်းသားသပိတ်တွင် ၀ါးခယ်မမြို့အစိုးရကျောင်း၌ ပဉ္စမတန်းမှ ပါဝင်ခဲ့သည်။ ၆-တန်း၌
ပညာသင်ကြားနေစဉ် ၀ါးခယ်မ အမျိုးသားကျောင်းတွင် ဆရာ အခက်အခဲ ရှိနေ၍ ဆရာတစ်ဘက် ကျောင်းသားတစ်ဘက်
ဆောင်ရွက်ခဲ့သည်။
၁၉၂၅-ခုနှစ်တွင် ရန်ကုန် မြို့မ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ် ဆက်တက်ခဲ့သည်။
၁၉၂၅-ခုနှစ်တွင် ရန်ကုန် မြို့မ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ် ဆက်တက်ခဲ့သည်။
၁၉၂၉-ခုနှစ်တွင်
ရန်ကုန်တက္ကသိုလ်မှ ဘီ.အေ (၀ိဇ္ဖာ)ဘွဲ့ကို ရယူခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များအစည်းအရုံး
တည်ထောင်ရာတွင် ကမကထလုပ်၍ ပါဝင်ခဲ့သည်။ဦးသန့်၏ တိုက်တွန်းချက်အရ ပန်းတနော်မြို့ အမျိုးသားကျောင်းတွင်
ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်သည်။ သုံးခွမြို့ အမျိုးသားကျောင်းသို့ ကျောင်းအုပ်
အဖြစ် ပြောင်းရွေ့ခဲ့သည်။ ပန်းတနော်မြို့ အမျိုးသားကျောင်း ကော်မတီ ဥက္ကဌသမီး ဒေါ်မြရီ
နှင့် အိမ်ထောင်ကျသည်။ ပန်းတနော် အမျိုးသားကျောင်းတွင် ပြန်လည်၍ တာဝန် ထမ်းဆောင်သည်။
ဦးနုတွင် သားနှစ်ဦး၊ သမီး နှစ်ဦး မွေးဖွားခဲ့သည်။ သား၂ဦးဖြစ်သော ဦးသောင်းထိုက်နှင့် ဦးအောင်တို့သည် ယခုအခါ အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိပီးသမီးများဖြစ်သော ဒေါ်စန်းစန်းနုနှင့်
ဒေါ်သန်းသန်းနုတို့မှာ မြန်မာနိုင်ငံအတွင်းရှိနေပြီး ဒေါ်သန်းသန်းနုသည် ဒီမိုကရက်တစ် ပါတီ (မြန်မာ)
ဒေါ်သန်းသန်းနုတို့မှာ မြန်မာနိုင်ငံအတွင်းရှိနေပြီး ဒေါ်သန်းသန်းနုသည် ဒီမိုကရက်တစ် ပါတီ (မြန်မာ)
ပါတီတွင် အထွေထွေ အတွင်းရေးမှူးချုပ် တာဝန် ယူထားသည်။
February 16, 2012 The Hot News စာစောင်မှ ဆောင်းပါရှင် ဘသိန်းလွင်ရေးသားသောဆေါင်းပါး
ဝန်ကြီးချုပ်ဦးနု ပြောကြားသော ဖဆပလ သန့်ရှင်းရေး
ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးကာလ
၁၉၄၄ ခုနှစ်၊ သြဂုတ်လတွင် ပဲခူးတပ်ရင်း (၄) ၌ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် ၍
နောင်အခါတွင် ဖဆပလဟုထင်ရှား လာမည့် ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ကြီး ကို
ဖွဲ့စည်းလိုက်သည်။ ထိုအချိန်က ဖက် ဆစ်တိုက်ဖျက်ရေးအဖွဲ့သည်မြေအောက်
ပါတီတစ်ခုသာဖြစ်သည်။
ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ကြီးက
ပြည်သူတစ်ရပ်လုံးကိုစည်းရုံး၍ ဂျပန်ကို တော်လှန်တိုက်ထုတ်ခဲ့သည်။ စစ်ပြီးကာ လတွင်
ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့သည် မြေပေါ်ပါတီအဖြစ်တရားဝင်ရပ်တည်လာ ပြီး
ဖဆပလဟုထင်ရှားလာခဲ့သည်။
ဗိုလ်
ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆ ပလ၏အလံတော်အောက်တွင် ပြည်သူ တစ်ရပ်လုံးစုရုံးရောက်ရှိလာကြသည်။
၁၉၄၇ ခုနှစ် ရွေးကောက်ပွဲတွင် လည်းကောင်း၊ ၁၉၅၂ ခုနှစ် ရွေးကောက် ပွဲတွင်လည်းကောင်း၊ ဖဆပလသည် ပြည်သူ လူထုတစ်ရပ်လုံး၏ထောက်ခံမှုဖြင့် အပြတ်အသတ်အနိုင်ရရှိကာ အစိုးရဖွဲ့ နိုင်ခဲ့သည်။ သို့သော် ၁၉၅၆ ခုနှစ်ရွေး ကောက်ပွဲ တွင် ဖဆပလသည် အနိုင်ရရှိ ခဲ့သော်လည်း ယခင်ကကဲ့သို့ ပြည်သူတစ် ရပ်လုံး၏ထောက်ခံမှုကို မရရှိတော့ပေ။ အတိုက်အခံအင်အားစုဖြစ်သော ပြည်ထောင် စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ် ပေါင်းစု (ပမညတ)ကို မဲခြောက်သိန်း ကျော်မျှသာ အသာရခဲ့တော့သည်။

ဖဆပလသည်
နိုင်ငံရေးအစဉ်အလာ ကြီးမားသော အဖွဲ့ချုပ်ကြီးဖြစ်ခဲ့သော် လည်း
ဖဆပလခေါင်းဆောင်များသည် အာဏာ ယစ်မူးလာကြသည်။ အာဏာကို အလွဲသုံးစားပြုလာကြသည်။
အကျင့်ပျက် ခြစားမှုများ၊ လာဘ်ပေး လာဘ်ယူမှုများ ကြောင့် ပြည်သူတို့၏
ယုံကြည်ကိုးစားမှု များ လျောကျလာတော့သည်။ ၁၉၅၈ ခုနှစ်၊ ဧပြီလတွင် ဖဆပလသည်
ဦးနုနှင့် သခင်တင်ခေါင်းဆောင်သော သန့်ရှင်း ဖဆပလနှင့် ဦးဗဆွေနှင့်
ဦးကျော်ငြိမ်း ခေါင်းဆောင်သောတည်မြဲဖဆပလဟူ၍ နှစ်ခြမ်းကွဲသွားတော့သည်။
နိုင်ငံရေးအစဉ် အလာကြီးမား၍ ပြည်သူတစ်ရပ်လုံးကို ဦးဆောင်ကာ
နယ်ချဲ့ဆန့်ကျင်ရေးတိုက် ပွဲကို ပြောင်မြောက်စွာဆင်နွှဲခဲ့သော ဖဆ
ပလအဖွဲကြီးသည်ပြိုကွဲသွားတော့သည်။
ဖဆပလနှစ်ခြမ်းကွဲပြီးနောက်
၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် မန္တလေး မြို့၌ကျင်းပသည့် ဖဆပလ (သန့်ရှင်းရေး)
အဖွဲ့ မြောက်ပိုင်းဌာနချုပ်၊ ခရိုင်နှင့် မြို့
နယ်ကိုယ်စားလှယ်များဆွေးနွေးပွဲတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌကြီးဦးနုက အောက်ပါ အတိုင်း မိန့်ခွန်းပြောကြားခဲ့သည်။
ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးကာလ၊ လူထုလှုပ်ရှားမှုများဖြင့် ဗြိတိသျှတို့နှင့် လွတ်လပ်ရေးတောင်းဆိုတိုက်ပွဲဝင်နေ သောကာလ၊ ပြည်တွင်းရောင်စုံသူပုန်များ ကို နှိမ်နှင်းနေရသောကာလများတွင် ဖဆပလကို စနစ်တကျစည်းရုံးခြင်း၊ စိစစ် ခြင်း များမပြုနိုင်ဘဲ ရနိုင်သမျှစုစည်းလက် ခံခဲ့ရကြောင်း ထို့ကြောင့် ဖဆပလအတွင်း လူကောင်း၊ လူဆိုးရောနှော လျက်ရှိကြောင်း ပြောကြားခဲ့သည်။

တစ်ဖန်ဆက်လက်၍ ““အဲဒီလို
ဖက်ဆစ်ဂျပန်ဆန့်ကျင့်ဖို့ တုန်းကတစ်ကြိမ်၊
ပြည်သူ့လွတ်လပ်ရေး တိုက်ပွဲဝင်ဖို့တုန်းကတစ်ကြိမ်၊ သူပုန်ရောင် စုံကို
တိုက်ဖို့တုန်းကတစ်ကြိမ်၊ အားလုံး ပေါင်း ၃ ကြိမ်တိုင်တိုင် အခြေအနေအရ၊ ဖ၊ဆ၊ပလ
ထဲကို ကျွန်တော်တို့ မျက်စိမှိတ် ပြီး သွင်းခဲ့ရတဲ့ ဘ နဖူးသိုက်တူးသမား တွေ၊
လူသတ်သမားတွေ၊ လူရှုပ် လူပွေ တွေဟာ တိုက်ပွဲအဆင့်ဆင့်တွေနဲ့ ရင်ဆိုင်
တွေ့နေရတုန်းကတော့ သူတို့ရဲ့ နဂိုယုတ် မာမှုတွေကို ထုတ်ပြခွင့်ရခဲ့ကြဘူး။ သူပုန်
ရန် နဲနဲအေးသွားလို့ အသက်ရှူပေါက် ကလေးတွေရလာတာနဲ့ အမျှ သူတို့ရဲ့
နဂိုယုတ်မာမှုတွေဟာ တစတစနဲ့ ပေါ် ထွက်လာကြတယ်။ ဒီယုတ်မာမှုတွေဟာ နိုင်ငံနဲ့ အ၀ှန်း
သိပြီးသားဖြစ်နေပါပြီ။ ကျွန်တော် အတိုချုပ်ဘဲပြောပါရစေ။
အာဏာကိုင်ထားရတဲ့ လူအချို့က လဲ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုး ကိုယ့်စီးပွားတွေရှာလာကြတာကိုတွေ့ရ တယ်။ သေနက်ကိုင်ထားရတဲ့ လူအချို့ ကလဲ သေနက်ကိုအလွဲသုံးစားလုပ်ပြီး ဟိုချိမ်းချောက်၊ ဒီချိမ်းချောက်၊ ဟိုရမ်း ဒီရမ်း၊ ဟိုပစ် ဒီပစ်၊ ဟိုသတ် ဒီသတ်နဲ့ ချိမ်းချောက် ရမ်းကား၊ ပစ်ခတ် ကိုယ့်စီး ပွားတွေရှာလာကြတာကိုလဲ တွေ့ရတယ်။ ဒီနိုင်ငံရေးသမားတွေဟာ ကိုယ့်ဘ၀ကို ကိုယ်မေ့ကြပြီး လူထုနဲ့ ဆက်ဆံတဲ့ နေရာ မှာ မောက်မာရိုင်းပြလာကြတာကိုလည်း တွေ့ရတယ်။
အဲဒီအလွဲသုံးစားမှုတွေ၊ အနိုင်ကျင့် မှုတွေ၊ မောက်မာမှုတွေကို ပြည်သူလူထုက ဘယ့်နှယ်နည်းနဲ့မှ လက်မခံနိုင်ဘူး။ အဲဒီ လို လက်မခံနိုင်တဲ့အတွက် ခပ်ရှင်းရှင်း ပြောရရင် ပြည်သူလူထုဟာ ရှေးတုန်းက လို ဖ၊ဆ၊ပ၊လ ကို တခဲနက် မထောက်ခံ ကြတော့ဘူး။ ဖ၊ဆ၊ပ၊လ ပေါ်မှာ ပြည်သူ လူထုရဲ့ ထောက်ခံမှုဟာ ဘယ်လောက် အထိ လျော့သွားတယ်ဆိုတာကို သဘော ပေါက်နိုင်အောင် ၁၉၅၆ ခုနှစ်တုန်းက ပြီးခဲ့တဲ့ အထွေအထွေရွေးကောက်ပွဲကြီး တုန်းက ဖ၊ဆ၊ပ၊လ ကရခဲ့တဲ့ မဲစာရင်းကို ကြည့်ရအောင်။
ဖ၊ဆ၊ပ၊လ ရတဲ့ မဲဆန္ဒပေါင်းဟာ တစ်သန်းနဲ့ ၇ သိန်းကျော်ကျော်ခန့်သာရှိပြီး အတိုက် အခံ ရတဲ့ မဲဟာ တစ်သန်း နဲ့ တစ်သန်းကျော်ခန့်ရှိတယ်။ အတိုက် အခံတွေ ဒါလောက်မဲရတာဟာ သူပုန် တွေရဲ့ အကူအညီကိုရတာကြောင့်ဖြစ် တယ်လို့ ပြောမယ်ဆိုရင်ပြောနိုင်ပါတယ်။ အဲဒီလိုဘဲ အတိုက်အခံတွေကလဲ ဖ၊ဆ၊ ပ၊လ ကို အပြန်အလှန်စွပ်စွဲနိုင်တဲ့ အချက် တွေရှိပါတယ်။

သူပုန်တွေ
ဘယ့်နှယ်နည်းနဲ့မှ ၀င် ပြီးမကူနိုင်တဲ့ မြို့တွေမှာ ဖ၊ဆ၊ပ၊လ ရနေ ကျမဲတွေဟာ
သိသိသာသာကြီးလျော့သွား ပြီး အတိုက်အခံတွေရတဲ့မဲတွေဟာ သိသိ သာသာကြီးတိုးတက်လာတဲ့အတွက်
အတိုက်အခံတွေ မဲပိုရလာတာဟာ သူပုန် တွေရဲ့ ကူညီမှုကြောင့်ချည်းဘဲ မဟုတ်ဘဲ
ဖ၊ဆ၊ပ၊လ အပေါ်မှာ ပြည်သူလူထုရဲ့ ထောက်ခံမှုဟာ သိသိသာသာကြီးလျော့
သွားတာကြောင့်လဲဖြစ်တယ်ဆိုတာ အင်မ တန်ထင်ရှားနေပါတယ်။
ဖ၊ဆ၊ပ၊လ
ခေါင်းဆောင်အတော်ခပ် များများဟာ ဒီလိုကျဆင်းနေတဲ့ အခြေ
အနေကိုကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လက္ခဏာဟာ အင်မတန်ကောင်း
လွန်းလို့သာ ခေါင်းဆောင်တက်ပြီးဖြစ်နေ ရတယ်။ သူတို့ရဲ့ ဗီဇ ကိုယ်တိုင်က တော့
အင်မတန်ညံ့နေတဲ့အတွက် လူထုရဲ့ တကယ်တန်းကြည်ညိုမှုကိုရလာအောင်
သူတို့ကိုယ်ကိုသူတို့ မပြုပြင် နိုင်ကြရှာဘူး။ အချို့ခေါင်းဆောင်များဆိုရင်
ကိုယ်ကျင့် တရားဆိုတာလဲ ဘာမှန်းတောင်မသိ၊ လုံ့လဆိုတာလဲဘာမှ မရှိ၊ ကြံရည် ဖန်ရည်
ဆိုတာလဲ ဘလနတ်္ထိ တကယ်လို့သာ သေနက်နဲ့ အာဏာမပါဘဲ လူထုရဲ့ ကြည်ညိုမှုနဲ့
တက်ရမယ်ဆိုရင် ဒီခေါင်း ဆောင်တချို့ဟာ ဌာနချုပ်ခေါင်းဆောင် မျိုးမပြောထားနဲ့
ရပ်ကွက်ခေါင်းဆောင် လောက်တောင်ဖြစ်နိုင်လို့ အင်မတန်ခဲ ယဉ်းနေတယ်။ အောက်ကအဆင့်ဆင့်
ခေါင်းဆောင်တချို့ကို ကြည့်လိုက်ပြန်ရင် လဲ ဒီအတိုင်းဘဲ။ ဗီဇ ကိုယ်တိုင်ကအင်မ
တန်ညံ့နေတော့ ဖ၊ဆ၊ပ၊လ ပေါ်မှာ လူထု ရဲ့ထောက်ခံမှုဟာ တစ်နေ့တစ်ခြားကျဆင်း
နေတယ်ဆိုတာကို သိပေမယ့် လူထုရဲ့ တကယ်တန်းကြည်ညိုမှုကိုရလာအောင် သူတို့ကိုယ်တိုင်
သူတို့မပြုပြင်နိုင်ရှာကြ ဘူး။
ဌာနချုပ်ကစပြီး ခရိုင်၊ မြို့နယ်၊ ကျေးရွာ ခေါင်းဆောင်တွေအထိ ခေါင်းဆောင် အသီးသီးဟာ မပြုပြင်ကြဘဲ ဒီအတိုင်း သာ သွားကြရင် ဖ၊ဆ၊ပ၊လ ဟာပြည်သူ လူထုရဲ့ ထောက်ခံမှုကို ဆုံးရှုံးရတော့မယ်။ ဒီလိုဆုံးရှုံးရင် ဖ၊ဆ၊ပ၊လ အာဏာကို လက်လွှတ်ရတော့မယ်ဆိုတာ သေချာ နေတာဘဲ။

အမှန်စင်စစ်ဆိုရင်
လူထုရဲ့ ထောက် ခံမှုကိုမရလို့ အာဏာကို လက်လွှတ်ရ တာဟာဝမ်းနည်းစရာမဟုတ်ပါဘူး။
ကိုယ် ညံ့လို့၊ ကိုယ်မကောင်းလို့ လူထုကမထောက် ခံဘူး။ လူထုမထောက်ခံလို့
အာဏာကို လက်လွှတ်ရတယ်။ အာဏာကို ပြန်ပြီး ရချင်ရင် ကိုယ့်ကိုယ်ကို
တော်အောင်လုပ် ကြ၊ ကောင်းအောင်လုပ်ကြ၊ ဒီမိုကရေစီ ကို သက်ဝင်ယုံကြည်တဲ့
လူတွေ၊ ဒီမိုက ရေစီ တည်တန့်ခိုင်မြဲမှသာ ပြည်ထောင် စုသားတွေ ချမ်းသာရာရမယ်လို့
နှစ်နှစ် ကာကာ ယုံကြည်တဲ့လူတွေအတွက် ဒီ လမ်းဘဲရှိတယ်။ တခြားလမ်းမရှိဘူး။ ဒီ
နည်းဘဲရှိတယ်။ တခြားနည်းမရှိဘူး။
ဒါပေမဲ့
ကိုယ့်ကိုယ်ကိုလဲ မပြင်ဘူး၊ လူထုက မထောက်ခံတဲ့အခါမှာလဲ အာဏာကို လက်မလွှတ်ချင်ဘူး ဆိုတဲ့ ခေါင်းဆောင်မျိုးတွေကျတော့ သေနက် နဲ့
အာဏာကိုအလွဲသုံးစားလုပ်လာကြ လိမ့်မယ်။ အဲဒီလို သေနက်နဲ့ အာဏာ ကို
အလွဲသုံးစားလုပ်လာကြရင် ဆယ်နှစ် ကျော်ကျော်ရောင်စုံ သူပုန်တွေဝိုင်းပြီး သက်နက်တဲ့
ကြားထဲက အနိုင်နိုင်ပြုစု ပျိုးထောင်ခဲ့ရတဲ့ဒီမိုကရေစီဟာအသက်
ထွက်သွားလိမ့်မယ့်လို့ ကျွန်တော်အကြီး အကျယ်စိုးရိမ်ပူပန်မိခဲ့ပါတယ်။ အဲဒီလို
စိုးရိမ်ပူပန်ခဲ့တဲ့အတိုင်း ဒီမိုကရေစီတည် ဆောက်ရေးအဆိုတစ်ခုကို ကျွန်တော်
ကိုယ်တိုင်ရေးသားပြီး ကမ္ဘာဧမှာ ကျင်းပ ခဲ့တဲ့ တတိယအကြိမ်မြောက် ပြည်လုံး ကျွတ်
ဖ၊ဆ၊ပ၊လ ညီလာခံကြီးမှာ ပြဋ္ဌာန်း စေခဲ့ပါတယ်”” ဟူ၍ ပြည်သူတို့က ယုံကြည်
အားကိုးသော၊ သန့်ရှင်းသော၊ ဒီမိုကရေစီ ကို လေးစားသော ဖဆပလဖြစ်လာစေရန်
ပြောကြား သွားခဲ့သည်။
သမိုင်းကို ဖန်တီးသူမှာ ပြည်သူလူ ထုသာလျင်ဖြစ်ပေသည်။ နိုင်ငံရေးပါတီ ကြီးတစ်ခုအင်အားခိုင်မာစွာဖြင့် ထာဝရ တည်တန့်ခိုင်မြဲနေနိုင်ရေးမှာ ပြည်သူတို့ ၏ ထောက်ခံအားပေးမှုရရှိမှသာဖြစ်ပေသည်။
သမိုင်းကို ဖန်တီးသူမှာ ပြည်သူလူ ထုသာလျင်ဖြစ်ပေသည်။ နိုင်ငံရေးပါတီ ကြီးတစ်ခုအင်အားခိုင်မာစွာဖြင့် ထာဝရ တည်တန့်ခိုင်မြဲနေနိုင်ရေးမှာ ပြည်သူတို့ ၏ ထောက်ခံအားပေးမှုရရှိမှသာဖြစ်ပေသည်။
ပြည်သူလူထု၏ ထောက်ခံအား ပေးမှု
ဆိပ်သုဉ်းသွားသောအခါ ထိုပါတီကြီးသည် နိုင်ငံရေးလောကမှ
ပျောက်ကွယ်
သွားသည်မှာ မြန်မာ့နိုင်ငံရေးသမိုင်းက သက်သေပြခဲ့ပြီးဖြစ်သည်။
ထို့ကြောင့်
ပြည်သူလူထု၏ ယုံကြည်အားကိုးမှု၊ ထောက်ခံအားပေးမှုရှိနေစေရန် ထိုနိုင်ငံ
ရေးပါတီကြီးသည် အာဏာယစ်မူးမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အကျင့်ပျက် ခြစားမှုများ
ကင်းရှင်း၍ သန့်ရှင်းစင်ကြယ် နေရန်လိုအပ်ကြောင်း တင်ပြလိုက်ပါ သည်။
No comments:
Post a Comment