မတ်လ ၂၄ ရက်၊ ၂၅ ရက်နေ့ ရက်စွဲတွေနဲ့ အာ ရပ် သတင်းဌာန
တခုဖြစ် တဲ့ ARAB NEWS မှာ ဖော်ပြထားချက်အရ ဆော်ဒီအာရေဗျနိုင်ငံသည်
မြန်မာပြည်က လူ ၅ သိန်းနီးပါးကို
ဒုက္ခသည်တွေ အဖြစ် အသိအမှတ်ပြုပြီးနေထိုင်ခွင့်ပေးမယ်လို့ ဆော်ဒီ မင်းသား Khaled
Al-Faisal က မက္ကာအနီးက ကူဒိုင်းမှာကျင်းပတဲ့
အခမ်း အ နား တခုမှာ ပြောကြား လိုက်ပါ တယ် ဆိုတဲ့သတင်းကို ကမ္ဘမကြေ ဘလော့မှ
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါတယ်။
“ကျနော် မက္ကာ အုပ်ချုပ်ရေးမှူးတာဝန်ရလာပြီးတဲ့နောက် ဘုရင်
အဗ္ဗဒူလာဆီကို ကျနော်တင်ပြခဲ့တဲ့ ပထမ ဆုံး အဆိုပြုချက် ပါ” လို့ ဆော်ဒီမင်းသား
Khaled က ပြောကြောင်းARAB NEWS က ဆိုသည်။
ဘုရင် အဗ္ဗဒူလာက မက္ကာမှာ ပြန့်ကျဲနေတဲ့ အဆိုပါ ခရိုင်
အတွင်းနေထိုင်နေသူ မြန်မာမွတ်ဆလင်တွေရဲ့ အခြေအနေ တိုးတက်စေဖို့ ၀န်ကြီးဌာနနဲ့
ဆိုင်တဲ့ ကော်မတီတခု ဖွဲ့ဖို့ကိုပါ အမိန့် ထုတ်ပြန်ခဲ့ပါတယ်လို့ လည်း မင်းသား
Khaled က ပြောကြောင်း မက္ကာဒေသ ခရိုင်တွင်းမှာ တိုးတက်မှုတွေ ဖြစ်စေဖို့ အိမ်
ယာသစ်များ တည်ဆောက် ရုံသာမကအလားတူ အဲဒီမှာနေထိုင်နေကြတဲ့လူပေါင်း ၄ သိန်းက ၅ သိန်းထိ
ကိုလည်း ပြန်လည် ပြုစု ပျိုးထောင်ပေးမှာဖြစ်တယ်” လို့ မင်းသား Khaled က ရှင်းပြ
ပါတယ်ဟု ဆိုသည်။ ဆော်ဒီအစိုးရက ဆော်ဒီရောက် မြန်မာမွတ်ဆလင် လူ့အဖွဲ့အစည်းကို
ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စတဲ့ ကျယ်ပြန့်တဲ့ အစီအစဉ်တွေ ထောက်ပံ့သွားဖို့
ရှိတယ်လို့လည်း သိရပါတယ်။
ဆော်ဒီဘုရင် Faisal လက်ထက် မှာ ၁၉၅၀ အစောပိုင်းကစပြီး
ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် လက်ခံပြီး အမြဲတမ်း နေထိုင်ခွင့်ပေးခဲ့တာ
အခုဆို နှစ်သိန်းခွဲလောက် ရှိနိုင်ပါတယ်။ အဲဒီထဲမှာ မကာဘုရားဖူးဆိုပြီး ဗီဇာနဲ့ဝင်
မပြန်ဘဲ ခိုးပြီးနေတဲ့ သူတွေလည်းအများအပြားရှိခဲ့သည်။ ပီးခဲ့သောနှစ်များက Faisal လက်ထက်က ဝင်ခွင့်ပြုခဲ့တဲ့သူတွေနဲ့
သူတို့ရဲ့ မိသားစုတွေကိုတောင် ဆော်ဒီအစိုးရက နေထိုင်ခွင့်
တိုးပေးဖို့ငြင်းဆန်နေပါတယ်။ ၂၀၀၉ မှာ ခိုးနေမှုအပါအ၀င် ရာဇဝတ်မှုအမျိုးမျိုးနဲ့
ထောင်ထဲ မှာထည့်ထားတဲ့ ရိုဟင်ဂျာမိသားစု သုံးထောင်လောက်ကို ဆော်ဒီက နှင်ထုတ်ဖို့
အမိန့်ချပေမယ့် ဘယ်ပို့ရမလဲမသိ ဖြစ်နေတာလဲ ရှိပါတယ်။
ထောင်ထဲမှာမဟုတ်ဘဲ အခု လက်ရှိ မက္ကာ၊ ဂျက်ဒါနဲ့ မဒီနာ
ဒေသတွေမှာ မြန်မာမွတ်ဆလင် ၃ သိန်းခွဲလောက် နေထိုင်နေကြ တယ် လို့ သိရပါတယ်။ အရင်က
တရားမ၀င်နေထိုင်ကြတာဖြစ်ပြီး အခုတော့ တရားဝင် ဒုက္ခသည်တွေ အဖြစ် နဲ့ နေထိုင်ခွင့်
ရကြတော့မည်ဖြစ်သည်။
လေးစားချစ်ခင်ရသော ဘလော့ဂ်မိတ်ဆွေများခင်ဗျား ကျနော်သည်
မူလကပင် ရှူစရာ လေမရှိ နေစရာမြေမရှိသော ဘဂ၈င်္လားမြန်မာ နယ်စပ်က ရိုဟင်ဂျာများအတွက် အရှင်မြတ်၏ နေမသ်များကို ခံယထိုက်သည်ဟု ယုံကြည်သူဖြစ်ပါသည်။ ထိုကြောင့် ယခုအခါ
အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရယူရန် အီမာန်အပြည့်အ၀ဖြင့်
ဆောင်ရွက်မှုကိုပြုသော ဆော်ဒီ
မင်းသား Khaled Al-Faisalအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုထောက်ခံလိုက်ပါသည်။
http://www.saudigazette.com.sa/index.cfm?method=home.regcon&contentid=20130329158963
No comments:
Post a Comment