5/28/2013

မြပုဏ္ဏမာ နှင့် မောင်လူရေး


နှစ်ပေါင်း ၂၅ နှစ်ကြာ ကပြမှု ရပ်နားခဲ့သည့် မြပုဏ္ဏမာ အငြိမ့်အဖွဲ့၏ ပြန်လည်ကပြမှုကို သီးလေးသီး အဖွဲ့နှင့် တွဲဖက်ကာ'ပြည်သူ့ အငြိမ့်သဘင်' အမည်ဖြင့် ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်(တပ်မတော်နေ့) က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့သည်။ 'ပြည်သူ့ အငြိမ့်သဘင်'ကို မြပုဏ္ဏမာအဖွဲ့သားများ ဖြစ်ကြ သည့် ဇာဂနာ၊ အရိုင်း၊ ဖိုးဖြူ၊ ကင်းကောင်၊ငှက်ပျောကြော်၊ ဂေါ်ဇီလာ၊ သီးလေးသီး အဖွဲ့သားများဖြစ်သည့် စိန်သီး၊ ပန်းသီး၊ ကြယ်သီး၊ ဇီးသီးတို့နှင့်အတူ ပန်းနုပျိုမေ၊ သီသီလွင်၊ ချောစုမျိုး၊ မြစံပယ်ငုံနှင့် ၀င့်သိင်္ဂီ  အကယ်ဒမီ မေသန်းနုတို့ ပါဝင်ဖျော်ဖြေခဲ့ကြသည်။ 
 

ပေါက်လွှတ်ပဲစားတို့ရဲ့ မြစ်ဖျား



မောင်လူရေး
မိုးမခ Tuesday, May 28, 2013


 




မြပုဏ္ဏမာအဖွဲ့သားတွေနဲ့ ပြည်သူ့အငြိမ့်ဆိုပြီး ဇာဂနာ၊ ကင်းကောင်၊ ငှက်ပျော်ကြော်၊ ကုသိုလ်၊ အရိုင်းတို့နဲ့ သီးလေးသီးတို့ ပြည်သူ့ရင်ပြင်မှာ အငြိမ့်ကကြတယ်။ ဘယ်ရက်ကလဲတော့ မသိဘူး။ အဲဒီပွဲမှာ ဟာသတွေကို တခန်းရပ်ဆန်ဆန် ပြောရမလားမသိဘူး၊ ပြက်လုံးထုတ်ကြတယ်။

ပြက်လုံးတွေထဲမှာ ဆန္ဒပြပွဲတွေကို သရော်တဲ့အခန်းပါတယ်။ “ဒို့အရေး ဒို့အရေး“ နဲ့ “အလိုမရှိ” ဆိုတဲ့ စာတမ်းတွေ ကိုင်ပြီး ဆန္ဒပြကြတဲ့ အခန်းကို အရိုင်းက ဦးဆောင်တယ်။ ဇာဂနာက မီဒီယာပေါ့လေ။ အဲဒီပြက်လုံးမှာ ဆန္ဒပြသူတွေဟာ အဖြစ်အပျက်တိုင်း၊ နေရာတိုင်း၊ မြို့တိုင်းမှာ ဒီလူတွေချည်းဘဲ၊ ဒီအဖွဲ့ဘဲဆိုတဲ့သဘောကို ပြတာပေါ့လေ။ လွိုင်ဇာလိုနေရာတောင် ဒီလူတွေကဘဲ လိုက်ပြနေတဲ့ သဘောပြော ထားသေးတယ်။ နေ့ရောညပါ နေရာတကာ ဒီလူတွေပါဘဲပေါ့။ စားဖို့ဘယ်က ပိုက်ဆံရလဲလို့ မီဒီယာဇာဂနာက မေးတော့ ဆန္ဒပြခေါင်းဆောင် အရိုင်းက တနေ့ကို သုံးထောင်ရတယ်ဟဲ့လို့ ဖြေတယ်၊ အဲဒီမှာတောင် အရိုင်းက ယောက်ျားလေးတယောက်အနေနဲ့ မဟုတ်ဘူး၊ အမျိုးသမီးအသွင်ဆောင်တာလား၊ အခြောက်အသွင်ဆောင်တာလားမသိဘူး၊ အမျိုးသမီးအဝတ်အစားတွေ ဝတ်ထားသေးတယ်။

အဲဒီပြက်လုံးကြည့်ရတုန်းက ရင်ထဲတော်တော်အောင့်တယ်။ ပိုဆိုးတာက ပြောတဲ့သူတွေက ဇာဂနာတို့ ဖြစ်နေတာကိုး။ ဒို့ပြည်သူတွေ ဒုက္ခမျိုးစုံရောက်၊ ဦးပိုင်၊ ဝမ်ဘောင်၊ ခရိုနီကြီးတွေ၊ တပ်မတော်တွေ၊ ရဲတွေ၊ ကုမ္ပဏီကြီးတွေ၊ အစိုးရတွေနဲ့ အားမမျှ အင်မမျှ၊ ယက်ကန်ယက်ယက် ရင်ဆိုင်နေကြရတဲ့အချိန်မှာ ဒီလိုမျိုးပြက်လုံးထုတ်ပြီး သရော်ရက်လောက်အောင် ဒီလူတွေ နှလုံးသားတွေ ဘာတွေဖြစ်ကုန်ပြီလဲပေါ့။











“ဇာဂနာတို့ထောင်ကျတော့ ဒီလို အငြိမ်မနေနိုင်သူတွေ (သူများအရေး၊ နိုင်ငံတော်အရေး ကိုယ့်အရေးမှတ်သူတွေ) က ကိုယ့်ထမင်းကိုယ်စား တောင်းဆိုခဲ့ကြတာပါ။ တောင်းဆိုတဲ့ထဲမှာ အရိုင်းတို့တောင် ပါခဲ့မယ်မထင်ပါဘူး။”

သမ္မတကြီးက အဲဒီအငြိမ့်ခွေများ ကြည့်မိသလားမသိဘူး၊ ဇာတ်သမားရဲ့ ဘလပ်စကားတွေ ယုံပြီးတော့လား၊
ဇာဂနာတို့ ရှေ့က ရှိတာဘဲ၊ ဂွင်တော့တွေ့ပြီဆိုပြီး သိသိကြီးနဲ့ နင်းလိုက်သလား မသိဘူး၊ သုံးထောင်ရလို့ ဆန္ဒပြကြတာဆိုတဲ့ ပေါက်လွှတ်ပဲစားစကားတွေ အမေရိကန်လိုနိုင်ငံကြီးသွားတုန်း ပြောမိပါလေရော့။

သမ္မတရော၊ ပြည်သူရော ဂွမ်းတာပဲ။





ဟော ခုတော့ ရန်ကုန်မှာ သမ္မတကြီးရဲ့ ပေါက်လွတ်ပဲစားစကားကို မကျေနပ်လို့ ဆန္ဒပြကြတယ်တဲ့။

ကဲ ... တရားခံဘယ်သူလဲဆိုတာ သိပြီမဟုတ်လား။

ပြည်သူ့ရင်ပြင်မှာကတဲ့ ပြည်သူ့အငြိမ့်က ပြည်သူ့အချစ်တော် လူရွှင်တော်ဆိုတာကြီးတွေလေ။

တကယ်က လက်ရှိနိုင်ငံရေးအခြေအနေကို အကြောင်းပြုပြီး ပြည်တွင်းပြည်ပ အကျိုးဗရပွ ခံစားနေကြရသူတွေထဲမှာ အဲဒီဆန္ဒပြ လမ်းပေါ် နိုင်ငံရေးသမားတွေ၊ အငြိမ်မနေနိုင်သူတွေ မပါကြပါဘူး။

အခုတလော ပြည်သူကို အထင်သေးကြတဲ့အထဲမှာ သမ္မတအကြံပေးတွေ၊ နိုင်ငံရေးသမား လူရွှင်တော်တွေ၊ လူထုခေါင်းဆောင်တွေ၊ ခရိုနီတွေ၊ အမတ်တွေ၊ INGOs ဝန်ထမ်းတွေ၊ မဟာဗျူဟာသမားတွေ၊ ပေါလတီကယ်ဆိုင်းယင့်ဆင်းတွေ တော်တော်လေး တွေ့ရပါတယ်။ အဲ အဲ ဖတ်နေ ကြားနေရပါတယ်။

ငါမကယ် သေဖွယ်ရှိ ဆိုတဲ့ စကားမျိုးတွေနဲ့ပေါ့လေ။ ငါကယ်တင်လိုက်မှဘဲ နေရာပျောက်၊ ရေပါနောက်နဲ့ သေရွာရောက်ကုန်ကြတာတွေ အများကြီးပါ့။ လက်ပံတောင်းတောင်ပြဿနာဘဲ ကြည့်ပေါ့လေ။

ခု အဲဒီလို သမ္မတကြီးက ကိုယ့်ပြည်သူပြည်သားတွေရဲ့ ခံစားချက်တွေကို မသိဘဲ၊ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေမှန်ကို နားမလည်ဘဲ၊ ဒါမှမဟုတ် မသိကျိုးကျွန်ပြုပြီး သရော်စော်ကား ပြောလိုက်တဲ့စကားကို မကျေနပ်လို့ ဆန္ဒပြနေကြတယ်။ ဝိုင်းသမနေကြတယ်။ တကယ်တရားခံက ပြည်သူ့အသံဆိုတဲ့ မြပုဏ္ဏမာအဖွဲ့သားတွေပါ။ ခရိုနီ့အသံလား၊ ပလိုဂျိအသံလား၊ အလိုရိအသံလား၊ ဘယ်ပြည်သူ အဲလေ ဘယ်အဆီထူရဲ့ အသံကို ကိုယ်စားပြုတယ်တော့ မသိဘူးပေါ့လေ။

ဒီဟာသအကွက်ကို ဘယ်သကောင့်သားရဲ့ ရင်တွင်းက ဖြစ်သလဲတော့ မေးရတော့မှာပေါ့လေ၊ ပွင့်လင်းမြင်သာမှုကို တောင်းဆိုနေတဲ့ ကမ္ဘာ့အဆင့်မီ မဟာဒီမိုကရေစီလူရွှင်တော်ကြီးတွေ ဆိုတော့ကာ၊ နောက်ပြီး ပြည်သူ့အသံကိုယ်စားလှယ်ကြီးရှင်တွေ ဆိုတော့ကာ ပြည်သူကို ပြောလိမ့်မယ်ထင်ပါတယ်။

ဇာဂနာတို့ထောင်ကျတော့ ဒီလိုအငြိမ်မနေနိုင်သူတွေ(သူများအရေး၊ နိုင်ငံတော်အရေး ကိုယ့်အရေးမှတ်သူတွေ) က ကိုယ့်ထမင်းကိုယ်စား တောင်းဆိုခဲ့ကြတာပါ။ တောင်းဆိုတဲ့ထဲမှာ အရိုင်းတို့တောင် ပါခဲ့မယ်မထင်ပါဘူး။

မောင်လူရေး


Channel NewsAsia 7: 45pm 2013 May 27 part 1

Channel NewsAsia is an English language Asian TV News channel. It reports on global developments with Asian perspectives. Channel NewsAsia brings viewers not only the latest news but also the stories behind the headlines. It is now viewed in 24 territories across Asia. The satellite footprint of the channel stretches across the Middle East, South Asia, Southeast Asia, Northeast Asia and Australia.
7: 45pm 2013 May 27

5/26/2013


 

ပြင်သစ် ပန်းချီဆရာLUC FERY

JUILLET 2010


5/24/2013

သမိုင်းအချက်အလက်နှင့် သမိုင်းနောက်ခံ



ဘလောက်များကို ဟိုမွှေ ဒီနှောက်လုပ်ရင်း http://wwwbohan.blogspot.com/2013/04/blog-post_372.html ကိုရောက်ဖြစ်ပါတယ်။ ဘလော့ဂါ့အာဘော်က -
“ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။“တဲ့ ကြိုက်သွားပါတယ်။ ဖဘ စကားနဲ့ဆို like ပေးလိုက်သပေါ့ဗျာ။
ဆက်ပီးဖတ်မိတဲ့ ပို့စ်က

ဒီစာကိုဖွင့်လို့မဖတ်တော့ဘူး...ဒီစာကို 

-

  ပြည်ထောင်စုမြန်မာနိုင်ငံတော်ဝန်ကြီးချုပ်၊

နေ့စွဲ။             ။၁၉၅၈ ခု၊ စက်တင်ဘာလ ၂၆ ရက်

စာရေးလိုက်ပါသည်
ဗိုလ်ချုပ်နေ၀င်း

၁။ဗိုလ်ချုပ်နေ၀င်းကိုယ်တိုင် ၀န်ကြီးချုပ်အဖြစ်ဖြင့် အစိုးရအဖွဲ့သစ်တစ်ဖွဲ့ကိုဖွဲ့စည်းပြီးလျှင်၁၉၅၉ ခု ဧပြီလ မကုန်မီအတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီးကို ကျင်းပနိုင်အောင်လိုအပ်သည့် အစီအ စဉ်များကို ဆောင်ရွက်ပေးရန် ဖဆပလ(သန့်ရှင်း) ဗဟိုကော်မတီက အထူးလိုလားလျက်ရှိပါသည်။
၂။ဤလိုလားချက်အတိုင်း ဗိုလ်ချုပ်နေ၀င်းက ၀န်ကြီးချုပ်ရာထူးကို လက်ခံနိုင်မည်ဆိုလျှင်အောက်ပါ အစီအ စဉ်များကို စီစဉ်ပေးလိုသည်။
(က)    ၁၉၅၈ ခု အောက်တိုဘာ ၂၈ ရက် အင်္ဂါနေ့တွင် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့ ကို
ဆင့်ခေါ်ရန် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ၅၇ အရ ကျွန်တော် အကြံပေးမည်။

(ခ)     ပြည်သူ့လွှတ်တော် စတင်ကျင်းပမည့်နေ့တွင် ကျွန်တော် ၀န်ကြီးချုပ်ရာထူးကနှုတ်ထွက်မည်။

(ဂ)     ဤသို့နှုတ်ထွက်ပြီးသည့်နောက် ဗိုလ်ချုပ်နေ၀င်းကို ၀န်ကြီးချုပ်အဖြစ်ပြည်သူ့လွှတ်တော်က ရွေး ကောက်တင်မြှောက်ရန် ကျွန်တော်အဆို တင်သွင်းမည်။

(၃)ဗိုလ်ချုပ်နေ၀င်း၏ အစိုးရအဖွဲ့တွင် ဖဆပလ(သန့်ရှင်း) အဖွဲ့ဝင်များကို ထည့်ပေးရန် မလိုပါ။

(၄)ဗိုလ်ချုပ်နေ၀င်းဦးစီး၍ ကျင်းပပေးရမည့် အထွေထွေ ရွေးကောက်ပွဲကြီးကို လွတ်လပ်၍ တရားမျှတသောအထွေထွေရွေးကောက်ပွဲကြီး ဖြစ်စေရန်အတွက် အမှုထမ်း အရာထမ်းများအားလည်းကောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများအားလည်းကောင်း မိမိတို့၏ တာဝန်ဝတ္တရားကို ဆောင်ရွက်ခြင်းမှအပ နိုင်ငံရေးနယ်ပယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်မှုများ အလျင်းမရှိရလေအောင် အထူး ထိန်းသိမ်းစောင့်ရှောက်ပေးစေလိုသည်။

(၅)လက်နက်ကိုင် အဖွဲ့အစည်းများသည် များသောအားဖြင့် စည်းကမ်းသေ၀ပ်မှု ရှိကြသော အဖွဲ့အစည်းများဖြစ်ကြသည်ကို ကျွန်တော်ယုံကြည်ပါသည်။ မကြာသေးမီက ကျွန်တော်ခရီးထွက်စဉ် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ဖိနှိပ်ချုပ်ချယ်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်မှုများကိုနေရာ ခပ်များများတွင် ခရသူ ကာယကံရှင်များကိုယ်တိုင် ဒဏ်ရာများကိုပြ၍ တစ်ဖုံ၊ မျက်ရည်စက်လက်နှင့်တစ်မျိုး၊ ၀မ်းနည်းကြေ ကွဲ ဖွယ်ရာတိုင်တန်းကြပါသည်။ ဤအဓမ္မမှုများကို ဗိုလ်ချုပ်နေ၀င်း၏အစိုးရအဖွဲ့က အထူးဦးစားပေး၍ နှိပ်ကွပ်ပေး စေလိုသည်။

၆။မုဒိန်းမှု၊ လုယက်မှု၊ ဓားပြမှု၊ ပြန်ပေးမှု၊ လူသတ်မှုများဖြစ်ကြသော ရာဇ၀တ်မှုများကိုလည်းဗိုလ်ချုပ်နေ၀င်း၏ အစိုးရအဖွဲ့က အထူးဦးစားပေး၍ နှိပ်ကွပ်စေလိုသည်။


၇။ကမ္ဘာသူ ကမ္ဘာသားတို့က နေ လနှစ်ပါးကို မျှော်လင့်တောင့်တဘိသကဲ့သို့ ပြည်ထောင်စုသူ ပြည်ထောင်စုသား အားလုံးတို့သည် ပြည်တွင်းငြိမ်းချမ်းရေးအား အထူးမျှော်လင့် တောင့်တလျက်ရှိသည်ကိုဗိုလ်ချုပ်နေ၀င်း ကိုယ်တိုင် ကောင်းစွာသိရှိပြီးဖြစ်သဖြင့် ဤကိစ္စနှင့် ပတ်သတ်၍ ကျွန်တော်အကျယ်ချဲ့၍ ပြောနေစရာမလို၊ ထို့ ကြောင့် ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်သည့် အစိုးရလက်ထက်တွင်ဤငြိမ်ျးမ်းရေးအောင်ပန်းကို ရာနှုန်းအပြည့် ဆွတ်ခူးပေးရန် ကျွန်တော်အထူးမေတ္တာရပ်လိုပါသည်။

၈။နိုင်ငံခြားရေးတွင်လည်း ဗိုလ်ချုပ်နေ၀င်း ခေါင်းဆောင်သည့် အစိုးရအဖွဲ့သည် တည့်မတ်စွာကြားနေရေးဝါဒကိုဆက်လက်၍ ကျင့်သုံးနိုင်ရန်ကိုလည်း ကျွန်တော်အထူးတိုက်တွန်းလိုသည်။
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ။

ပုံ(ဦးနု)
ဝန်ကြီးချုပ်



ကာကွယ်ရေးဝန်ကြီးဌာန၊
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
နေ့စွဲ။   ။ ၁၉၅၈ ခု စက်တင်ဘာလ ၂၆ ရက်၊

လေးစားစွာအစီရင်ခံအပ်ပါသည် ၀န်ကြီးချုပ်ခင်ဗျား

၁။ကျွန်တော်သည် ဤမျှကြီးလေးသော တာဝန်ကြီးကို ထမ်းဆောင်ရန် များစွာဦးလေးပါသည် ခင်ဗျား။သို့သော် ၀န်ကြီးချုပ်၏ စေတနာကို လေးစားပါသောကြောင့် ၀န်ကြီးချုပ်က လိုအပ်၍ ဤတာဝန်ကိုထမ်းဆောင်မှ သင့်လျော်မည်ဆိုလျှင် ကျွန်တော် အစွမ်းကုန်ကြိုးစား၍ နိုင်ငံတော်ကို ထိမ်းသိမ်းပါမည်။သို့သော် ကျွန်တော်သည် တိုင်းပြည်အုပ်ချုပ်မှုတာဝန်ကြီးကို လုပ်ကိုင်ခဲ့ဖူးခြင်းမရှိ၊လုပ်ကိုင်မည်ဟု လည်း မည်သည့်အခါကမှ မရည်ရွယ်ခဲ့၊ လုပ်ရအံ့ဟုလည်း မည်သည့်အခါကမှ မစဉ်းစားခဲ့ဖူးပါသဖြင့်ကျွန်တော် သည် ရိုးသားဖြူစင်စွာ ဤတာဝန်ကြီးကို ထမ်းဆောင်ရာတွင် ချွတ်ယွင်းချက်များရှိပါလျှင်ခွင့်လွှတ်နိုင်လိမ့်မည်ဟု ယူပါသည်။ ခွင့်လွှတ်ပါရန်လည်း တောင်းပန်ပါသည်။

၂။ပြည်သူ့လွှတ်တော်က ကျွန်တော့်အား ၀န်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ပါလျှင် ၁၉၅၉ခုဧပြီလမကုန်မီ လွတ်လပ်၍ တရားမျှသော အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ရန်အတွက်လိုအပ်သော အစီအစဉ်များကို အစွမ်းကုန် ဆောင်ရွက်ပေးပါမည်ဟု ကျွန်တော် ကတိပြုပါသည်။


၃။ကျွန်တော် အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းရလျှင် ၄င်းအဖွဲ့သစ်တွင် ပြည်နယ်များနှင့် ချင်းအထူးဝိသေသတိုင်းတို့မှသင့်လျော်မည့် ကိုယ်စားလျှယ်များမှ တပါး ပြည်မတွင် ရှိသော နိုင်ငံရေးအဖွဲ့အစည်းများထဲကမည်သည့် ကိုယ် စားလှယ်ကိုမျှ ထည့်သွင်းမည် မဟုတ်ကြောင်း ကတိပြုပါသည်။

၎။အမှုထမ်း အရာထမ်းများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးနယ်နမိတ်အတွင်းသို့ကျူးကျော်မှု များကို ကျွန်တော်ကိုယ်တိုင်လည်း အထူးမလိုလားကြောင်းကို ၀န်ကြီးချုပ်ကိုယ်တိုင်သိပြီးဖြစ်ပါသည်။ ထို့ ကြောင့် ဤကျူးကျော်မှုများ မဖြစ်ပွားရလေအောင် ကျွန်တော် အထူးထိန်းသိမ်းစောင့်ရှောက်ပါမည်ဟူ၍ ကတိ ပြုပါသည်။

၅။လက်နက်ကိုင်အဖွဲ့အစည်းဝင် အချို့၏ အဓမ္မမှုများကို ကျွန်တော်ကိုယ်တိုင်လည်း မကြာခဏ ကြားသိရ၍များစွာစိတ်မချမ်းမသာဖြစ်ရသည်။ ထို့ကြောင့် ဤအဓမ္မမှုများကို အထူးဦးစားပေး၍ နှိပ်ကွပ်ပစ်ရန်ကျွန်တော် ကတိပြုပါသည်။

၆။ရာဇ၀တ်မှုများကိုလည်း တတ်နိုင်သလောက် ပပျောက်သွားအောင် အထူးဦးစားပေး၍ ဆောင်ရွက်သွားရန်ကတိပြုပါသည်။

၇။ပြည်ထောင်စုကြီးး၏ တည်တံ့ခိုင်မြဲရေး၊ တိုးတက်ရေး၊ စည်းပင်သာယာဝပြောရေးတို့သည် ငြိမ်းချမ်းရေးအပေါ်တွင် များစွာတည်ရှိနေသည်ကို ကျွန်တော်သည် ဦးလည်မသုံ ယုံကြည်သူတစ်ဦး ဖြစ်ပါသည်။ထို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိအောင် အစွမ်းကုန်ကြိုးစားအားထုတ်ပါမည်ဟု ကျွန်တော်ကတိပြုပါသည်။

၈။နိုင်ငံခြားရေးတွင် တည့်မတ်စွာ ကြားနေရေးဝါဒသည် ကျွန်တော်တို့ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့်တကွကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အကျိုးအရှိဆုံးဝါဒဖြစ်သဖြင့် ကျွန်တော်ခေါင်းဆောင်မည့် အစိုးရအဖွဲ့သည်ဤတည့် မတ်စွာကြားနေရေးဝါဒကို မည်သည့်နည်းနှင့်မျှ စွန့်လွှတ်မည်မဟုတ်ကြောင်းကို ကျွန်တော်ကတိပြုပါသည်။

ပုံ

(ဗိုလ်ချုပ်နေ၀င်း)


 ဖော်ပြပါစာသည် ၁၉၅၈ ခုနှစ် စက်တင်ဘာလ တုန်းက ၀န်ကြီးချုပ်ဦးနုဆီ ရေးသားပေးပို့သော ဗိုလ်ချုပ်နေ၀င်း၏ စာဖြစ်ပါသည်။
ဂါးဒီးယန်း ဦးစိန်ဝင်း(GUARDIAN SEIN WIN) ရေးသားသော အကွဲအပြဲဇာတ်လမ်း (တကောင်းစာအုပ်တိုက် ပ-ကြိမ်၊ နိုဝင်ဘာ ၂၀၀၉) စာအုပ်မှ ကူးယူဖော်ပြပါသည်။ ဒီစာကို ဖတ်ပြီးတဲ့နောက် အေသင်ချိုဆွေ ရဲ့  စာ သီချင်းကို အလိုလိုဆိုမိလျက်သားဖြစ်သွား တာကြောင့် ခေါင်းစဉ်ကို အဲလိုပေးလိုက်တာပါ။ (မေဆွိဗားရှင်းကို မကြိုက်ပါ။)

ဘလောက်ဂါက အဲလိုဆိုပါတယ်။ ဖဘ ထုးံစံ like ပီးရင် ရှယ်ရသကိုး။ ကျနော်ရှယ်ခြင်တာက စာ၂စောင်နဲ့အတူ ကျနော့ရဲ့ သက်ပြင်းသံကိုပါ။
ခေါင်းစဉ်အပေါ် ဘလော့ဂါရဲ့ ယူဆချက် အစစ်အမှန်ကိုကျနော် အမှီမလိုက်နိုင်တာ ဖြစ်ကောင်းဖြစ်မယ် ကျနော့အယူအဆ အရ ဒီခေါင်းစဉ်ကြောင့် ဒီစာ၂စောင်ရဲ့ သမိုင်းဖြတ်သန်းမှုကို ဖွင့်ဆိုရာမှာ အဲဒီခေတ်ကာလရဲ့ သမိုင်းနောက်ခံကို မသိသူများအတွက် စစ်တပ်ကို ပါလီမန်က လက်တို့ပီး အာဏာထိုးအပ်သလို ယူဆသွားစရာရှိပါတယ်။ သက်ပြင်းတရှိုက် ဖြစ်သွားနိုင်ပါတယ်။
ဘလော့ဂါကိုယ်တိုင်က သမိုင်းနောက်ခံကို မမှီလိုက်တာလည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့လေ။

-၁၉၅၈-ခု စက်တင်ဘာလအတွင်းတွင်ဖြစ်သည်ဟု ဆိုသည်။ နိုင်ငံရေးအသိုင်းအ၀ိုင်း အရပ်ဖက်အသိုင်းအ၀ိုင်း အသီးသီးတွင် စစ်တပ်က အာဏာသိမ်းမည်ဟု အသံထွက်နေသောကြောင့် ဦးနုက ဗိုလ်ချုပ်နေ၀င်းကို မေးသည်။ ဗိုလ်နေ၀င်းက သူမသိပါ ထိုသတင်းကို သူလည်းကြားရပါသည် ဗိုလ် အောင်ကြီးနှင့် ဗိုလ်မောင်မောင် တို့အားမေးပါ သူလွတ်ပေးပါမည်ဟု ဆိုသည်။
၁၉၅၈ ခု၊ စက်တင်ဘာလ (၂၆) ရက်နေ့ နံက်တွင် ဦးနုအိမ်သို့  ဗိုလ်မှူးကြီ်းမောင်မောင်၊ နှင့် ဗိုလ်မှူးကြီး အောင်ကြီး  လာသဖြင့် စစ်တပ်က အာဏာသိမ်းမည် ဟူသောသတင်းကို မေးရာ - ဟုတ်ကဲ့ခင်ဗျာဟုဖြေသည်။
ဝန်ကြီးချုပ်ဦးနုက စစ်တပ်ကအာဏာသိမ်းရင် တိုင်းပြည်နာမယ် စစ်တပ်ရဲ့ ဂုဏ် သိက္ခာလည်း ကျမည်ဟု ဆိုကာ စာတစောင် ရေးပေးသည်။ မွန်းလွဲ ၂နာရီကျော်တွင် ဗိုလ်ချုပ်နေ၀င်းထံမှ စာပြန်လာသည်။  

သို့နှင့်- တိုင်းပြည်မနစ်နာစေရန်နှင့်စစ်တပ်၏ ဂုဏ်သိက္ခာမညှိုးစေရန် ထိုစာ၂စောင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

စစ်တပ်မှ မတရား အာဏာသိမ်းမည့်အစီအစဉ်ကို ဖွဲ့စီးပုံ ဥပဒေနဲ့အညီ  တရားဝင် အဏာ လွဲပေးလိုက်ခြင်း ဖြစ်သည် ။ထိုထက်ပို၍ စနစ်တကျရွေးကောက်ပွဲကို သတ်မှတ်ကာလတွင် ပြုလုပ်ပေးရန်တာဝန် လက်နက်အားကိုးဖြင့်ရမ်းကားခြင်း
အမှုထမ်း အရာထမ်းများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးနယ်နမိတ်အတွင်းသို့ကျူးကျော်မှု များကိုသူ့ဆီနှင့်သူကြော်ကာ ထိမ်းစေလိုက်ခြင်းလည်း ဖြစ်သည်။

( ဦးနုက ဗိုလ်ချုပ်နေ၀င်းကိုမေးမြန်းခြင်း ဗိုလ်မှူးကြီး အောင်ကြီးနှင့် ဗိုလ်မှူးကြီး မောင်မောင်တို့ ၀န်ကြီးချုပ် အိမ်ကိုလာသည့် ဇတ်လမ်းမှာ ဦိးနု၏ မိသားစုထံမှ မေးကြည့်ပီိးသိရခြင်းဖြစ်သည်။
ကြေးးမှုံဦးးသောင်း၏အဆိုအရမူ
“၁၉၅၈ ခု၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင်မူ ၀င်ဒါမီယာရပ်ကွက်တွင်ရှိသော ၀န်ကြီးချုပ်ရုံးနှင့် အိမ်ကို အမြောက်နှင့် ချိန်ရွယ်ထားပြီး ဗိုလ်ချုပ်ကြီးနေ၀င်းက ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးကြီး အောင်ကြီးနှင့် ဗိုလ်မှူးကြီး တင်ဖေတို့အား ကိုယ်စားလှယ်စေလွှတ်ကာ သန့်ရှင်းအစိုးရသည် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကြီး၏ အနှစ်သာရကို ဖောက်ဖျက်နေသဖြင့် တပ်မတော်က သည့်းမခံနိုင်ပါဟု တင်ပြစေသည်။
ဝန်ကြီးချုပ်ဦးနုက ရှင်းလင်းလွယ်ကူသော အဖြေကို ပေးသည်။ သန့်ရှင်းအစိုးရ လမ်းမှားနေသည် ဆိုပါက ရွေးကောက်ပွဲသစ်ကျင်းပပြီး လူထု၏ အဆုံးအဖြတ်ကို ခံယူကြရမည် ဖြစ်သည်။ အာဏာလက်ရှိ သန့်ရှင်း အစိုးရက ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု စွပ်စွဲနိုင်သေးသည်။ ထိုကြောင့် တပ်မတော်ကပင် ယာယီကြားဖြတ်အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီး တရားမျှတသော ရွေးကောက်ပွဲ ကို ကျင်းပပေးပါဟု ဒီမိုကရေစီ အစဉ်အလာကို တင်ပြသည်။
နိုင်ငံရေး အာဏာကို တပြိုင်နက်တည်း လုယူရန်စီစဉ်သော ဗိုလ်နေ၀င်းအကြံမှာ ပျက်သွားကာ စစ်တပ် အစိုးရသည် ဖွဲ့စည်းပုံ ဥပဒေအရ အိမ်စောင့်အစိုးရ အဖြစ် တက်လာရတော့သည်။ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရန် တာဝန်ကြီးကို ယူလိုက်ရသေးသည်။
အကြောင်းရင်းမှန်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းက လက်ဝဲသူပုန်များနှင့် စေ့စပ်ဆွေးနွေးသည့် ငြိမ်းချမ်းရေးမူကို မကျေနပ်သဖြင့် အာဏာတောင်းသည် မဟုတ်ပါ။ ဒီမိုကရေစီနှင့် အခြေခံဥပဒေကို ယုံကြည်မှုမရှိသဖြင့် စစ်အာဏာရှင် နိုင်ငံထူထောင်ရန် အာဏာလုသည်သာ ဖြစ်သည်။ တပ်မတော်က အစိုးရဖွဲ့ကာ ရွေးကောက်ပွဲ ကျင်းပပေးပါဟု ဦးနုက တင်ပြသော ဒီမိုကရေစီ လမ်းစဉ်ကို ပယ်ချရန် ဆင်ခြေလမ်းစဉ် တင်ပြခြင်း မပြုနိုင်သောကြောင့် လက်ခံရသည် ဖြစ်၏။
အကယ်၍ စစ်တပ်က စစ်အာဏာရှင် နိုင်ငံတည်ထောင်မည်ဟု စီစဉ်တောင်းဆိုပါကလည်း ဦးနုက အညံ့ခံမည် မဟုတ်၊ အာဏာလွှဲပေးမည် မဟုတ်၊ တနည်းနည်းနှင့် ပြန်လည် ခုခံမည် ဖြစ်သည်။
သေနတ်တလက်၊ ဓားတချောင်းကိုမှ ကိုင်ဆောင်ခြင်း မပြုခဲ့ဖူးသူ၊ နိုင်ငံခေါင်းဆောင် ဦးနုသည် လူသတ်ရဲသော စစ်သားကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဗိုလ်မှူးကြီးများထက် သတ္တိကြီးမားသူ ဖြစ်သည်ကို သူတို့သိကြသဖြင့် ပေးသမျှအာဏာကို ပေးအပ်သည့်နည်းနှင့် လက်ခံခဲ့ကြရသည် ဖြစ်၏။ ။
 *ဥပဒေနှင့် အညီ စစ်တပ်က အာဏာသိမ်းပုံ (ကြေးမုံဦးသောင်း) )



5/23/2013

တရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်းကို ရပ်တန့်ဖို့........အဲဒီတော့

 
တရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်းကို ရပ်တန့်ဖို့ ရှမ်းလူထုအခြေပြုအဖွဲအစည်းတွေက စုပေါင်းတောင်းဆိုလိုက် ပါတယ်။
 ဒီပိုက်လိုင်းဖြတ်သန်းမယ့် ရှမ်းပြည်မြောက်ပိုင်းမှာ တပ်စွဲထားတဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့စခန်းကို အစိုးရတပ်က ဒီလဆန်း ၉ ရက်နေ့မှာ ၀င်တိုက်ခိုက်ခဲ့ရာမှာ ဒီထိုးစစ်ဟာ စီမံကိန်းနဲ့ တိုက်ရိုက်ဆက်စပ်တာကြောင့် ပဋိပက္ခပိုပြင်းထန်လာမှာ အထူး စိုးရိမ်ပူပန်တယ်လို့ ရှမ်းပြည်လူ့အခွင့်အရေးမဏ္ဍိုင်၊ ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့၊ ရှမ်းပြည်ဖွံ့ဖိုးရေးမဏ္ဍိုင်၊ ရှမ်းပြည်အဖွဲ့အစည်း၊ ရှမ်းအမျိုးသမီးများ လှုပ်ရှားဆက်သွယ်ရေးအဖွဲ့၊ ရှမ်းလူငယ်ကွန်ရက်အဖွဲ့နဲ့ ရှမ်းလူငယ့်စွမ်းအားတို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 




 ဒီပိုက်လိုင်းဟာ မြန်မာ့ကမ်းရိုးတန်းက ရေနံ ဓါတ်ငွေ့တွေအပြင် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံစိမ်းအား မြဒေး ကျွန်းရှိ ရေနံ ဆိပ်ကမ်းမှတစ်ဆင့် မကွေး၊ မန္တလေးတိုင်း
ဒေသကြီး၊ရှမ်းပြည်နယ်များကို ရေနံပိုက်လိုင်းဖြင့် ဖြတ်ကျော်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းသို့ ပို့ဆောင်မည် ဖြစ်သည်။ ရေနံပိုက်လိုင်းမှာ စုစုပေါင်း ကီလို မီတာ ၂,၃၈၀ ခန့် ရှည်လျားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ကီလိုမီတာ ၈၀၀ ခန့် သွယ်တန်းမည် ဖြစ်သည်။ တစ်နှစ် လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်းခန့် ပို့ဆောင်နိုင်မည်ဖြစ်ပြီး ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့ ကုဗ မီတာ ၁၂ ဘီလျံခန့်ကို မြန်မာပြည်ရှိ အေ (၁) နှင့် အေ (၃) လုပ်ကွက်များမှ တစ်ဆင့် တင်ပို့နိုင်မည် ဖြစ်သည်။
China National Petroleum Corporation (CNPC) မှ ၎င်းစီမံကိန်းကို တာဝန်ယူ လုပ်ဆောင်လျက်ရှိသည်။
မြဒေးကျွန်းရှိ ရေနံတင်ဆိပ်ကမ်းမှာ ရေနံပိုက်လိုင်း၏ အစအဖြစ် ရှိမည်ဖြစ်ပြီး ပထမ အဆင့်အနေဖြင့် တစ်ရက်လျှင် ရေနံစည်ပေါင်း နှစ်သိန်းလေးသောင်းခန့် တင်ပို့သွားနိုင်မည်ဖြစ်သည်။


 
၂၀၀၅ ဒီဇင်ဘာမှာ တရုတ် ပက်ထရိုချိုင်းနား ကုမ္ပဏီက မြန်မာအစိုးရထံက သဘာဝဓာတ်ငွေ့ကို နှစ် ၃၀ ၀ယ်ယူမယ်လို့ စာချုပ်ချုပ်ပြီးနောက် ပိုက်လိုင်းစီမံချက် အစပြုလာတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်နိုင်ငံကို ဖြတ်သန်းသယ်ယူမယ့်  အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ တန် ရေနံပိုက်လိုင်းနဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၄၀ တန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆောက်လုပ်ဖို့ ၂၀၀၈ နှစ်ကုန်ပိုင်းမှာ နှစ်နိုင်ငံ အစိုးရအကြား သဘောတူ အကောင်အထည်ဖော် ခဲ့တာ ဖြစ်ပါတယ်။
ပိုက်လိုင်းတည်ဆောက်မှုလုပ်ငန်းကို ဒီလကုန်မှာ အပြီးသတ်မှာဖြစ်ပြီး ဇွန်လအတွင်း စတင် တင်ပို့တော့မှာ ဖြစ်ပါတယ်။
   ယူနန်ပြည်နယ် မြို့တော်ဝန် မစ္စတာ ကွင်ကွမ်ကို စက်တင်ဘာလတွင် ချိုင်းနားဒေလီ သတင်းစာက အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ မေးမြန်းရာ ယင်းစီမံကိန်းမှာ တရုတ်နိုင်ငံတောင်ပိုင်းစွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်ဖြစ်ကြောင်း ပြောသည်။

 လူကြီးမင်းများခင်ဗျား...
 အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ တန် ရေနံပိုက်လိုင်းနဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၄၀ တန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆောက်ထားပီးမှ တရုတ်က သူ့အကျိုးစီးပွါး ကာကွယ်ရေးအတွက် နဲနဲပါးပါးလောက်တော့ လုပ်ရပါလိမ့်မယ်။
 တရုတ်ဘာလုပ်မလဲ မြေပုံပေါ် ကလစ်ကြည့်ပါ။
ဒါကပထမအဆင့်ပါ။ နောက်တဆင့် အဲဒီတပ်တွေနေရာမှာ .........တရုတ်တပ်တွေ ထားလာရင်ကော....

5/18/2013

အာဖရိကရောက် ဗုဒ္ဒသာသနာ


မိတ်ဆွေတယောက်က ဒါဝင်၏သီအိုရီလာ လူဖြစ်ပုံအဆင့်ဆင့်အရ အာဖရိကနွယ်ဖွါး (ကျနော်တို့အခေါ် ကပ်ပလီ)တို့သည် လူသားစင်စစ် အဆင့်သို့ရောက်ရန် တဆင့်လိုသေးသည်ဟုအခိုင်အမာဆိုလေသည်။
သက်သေပြချက်မှာ ကပ်ပလီခေါင်း၌ ဗွေမရှိဟူ၏။ ကမ္ဘာ့အားကစား မျိုးစုံတွင်  သူတို့ ထူးချွန်ကြ ပါသော်လည်း ရေကူးချံပီယံ ဟူ၍မူကားမရှိ။ ဤကား ဒုတိယသက်သေပြချက်။
 မည်သို့ဆိုစေကာမူ အာဖရိကသည် စိတ်ဝင်စားဘွယ်များစွာရှိသောဒေသဖြစ်သည်။
အာဖရိက သည် ကမ္ဘာပ်ါတွင် အာရှတိုက် ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးနှင့် ဒုတိယမြောက် လူဦးရေအများဆုံး တိုက်ကြီးဖြစ်သည်။ ကျွန်းများကိုပါ ထည့်တွက်လျှင် အကျယ်အဝန်း အားဖြင့် ၃၀.၂ သန်း စတုရန်းကီလိုမီတာ (စတုရန်းမိုင် ၁၁.၇ သန်း) မျှ ကျယ်ဝန်းပြီး ကမ္ဘာ့မျက်နှာပြင် စုစုပေါင်း၏ ၆ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်းမြေ စုစုပေါင်း၏ ၂၀.၄ ရာခိုင်နှုန်းကို နေရာယူထားသည်။ ၂၀၀၉ ခုနှစ် စာရင်းအရ နယ်မြေပေါင်း ၆၁ ခုတွင် လူဦးရေ ၁ ဘီလီယံမျှ ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၄.၇၂ ရာခိုင်နှုန်းမျှ ရှိသည်။


အာဖရိကတိုက်ကို မနုဗဒေပညာရှင် (paleoanthropologist) များကလူသားတို့ အစပြုရာ ဒေသအဖြစ် မှတ်ယူကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇ သန်းခန့်က လူဝံကြီးများ နှင့် သက်ဆိုင်သော အထောက်အထားကို အာဖရိကတွင် တွေ့ရှိရပြီး လွန်ခဲ့သော နှစ်ပေါင်း ၂ သိန်းကျော်က ဖြစ်ပေါ်ခဲ့သော အစောဆုံး လူသား၏ အထောက်အထားကို အီသီယိုးပီးယား နိုင်ငံ နေရာတွင် တွေ့ရှိရသည်။

 ၁၅ ရာစု မှ ၁၉ ရာစု အထိ နှစ် ၅၀၀ အတွင်း ကျွန်ကုန်သွယ်ရေးလုပ်ငန်းမှာ ခန့်မှန်းခြေ ကျွန်ပေါင်း ၇ သန်း မှ ၁၂ သန် အထိကို အမေရိကားသို့ တင်ပို့ခဲ့သည်။

၁၉ ရာစုနှောင်းပိုင်းတွင် ဥရောပရှိ ကိုလိုနီနယ်ချဲ့နိုင်ငံကြီးများက အာဖရိက တဝှမ်းတွင်ရှိသော နယ်မြေများကို အပြိုင်အဆိုင် နယ်ချဲ့ကြပြီး တိုက်ကြီး၏ နေရာ တော်တော်များများတွင် ခြေကုပ်ယူကြကာ ကိုလိုနီနယ်မြေ အများအပြားကို ဖော်ထုတ်ခဲ့ကြသည်။
ယနေ့ခေတ်တွင် အာဖရိ၌ အချုပ်အခြာအာဏာပိုင် နိုင်ငံပေါင်း ၅၄ နိုင်ငံ ပါဝင်သည်။ အများစုမှာ ဥရောပကိုလိုနီ နယ်မြေများ ခွဲဝေစဉ်အခါက ရေးဆွဲထားခဲ့သော နယ်နိမိတ်မျဉ်းများ အတွင်းတွင် တည်ရှိနေဆဲပင် ဖြစ်သည်။ ကိုလိုနီစနစ် လွန်မြောက်ပြီးသည့် နောက်တွင် အာဖရိကနိုင်ငံများသည် မတည်ငြိမ်မှု၊ အကျင့်ပျက်ချစားမှု၊ အကြမ်းဖက်မှု၊ အာဏာရှင်စနစ် များနှင့် အမြဲမကြာခဏ ဆိုသလို ကြုံတွေ့နေရသည်။ အာဖရိကနိုင်ငံ အများစုမှာ သမတနိုင်ငံများ ဖြစ်ကြပြီး သမတစနစ်တစ်မျိုးမျိုးဖြင့် အုပ်ချုပ်ကြသည်။ သို့သော်လည်း နိုင်ငံအနည်းငယ်သာလျှင် ဒီမိုကရေစီ အစိုးရများကို တည်တံ့အောင် ထိန်းသိမ်းထားနိုင်ကြပြီး အများစုမှာ အာဏာသိမ်းမှုများဖြင့် ဆက်တိုက် ကြုံတွေ့နေရပြီး စစ်အာဏာရှင်များ ပေါ်ထွက်နေကြသည်။
 မတည်ငြိမ်မှုများ အကြီးအကျယ် ဖြစ်ပွားရခြင်း၏ အကြောင်းမှာ ခေါင်းဆောင်များ၏ လူမျိုးစု အချင်းချင်း မျက်နှာလိုက်ခြင်း နှင့် နိုင်ငံရေး ဆိုင်ရာ အကျင့်ပျက် ချစားမှုများကြောင့် ဖြစ်သည်။ နိုင်ငံရေး အရ အသာစီး ရစေရန်အတွက် ခေါင်းဆောင်အများစုမှာ လူမျိုးရေဆိုင်ရာ ပဋိပက္ခ များကို မီးထိုးပေးခြင်း ဖန်တီးပေးခြင်းတို့ကို ပြုလုပ်လေ့ ရှိကြသည်။ အာဖရိက နိုင်ငံ အများစုတွင် စစ်တပ်ကသာလျှင် အာဏာကို သက်ရောက်အောင် အုပ်ချုပ်နိုင်သော အဖွဲ့အဖြစ် မြင်ကြပြီး ၁၉၇၀ ခုနှစ်များ နှင့် ၁၉၈၀ ခုနှစ်များတွင် စစ်တပ်များက နိုင်ငံ အများအပြားကို အုပ်ချုပ်ခဲ့ကြသည်။ ၁၉၆၀ ခုနှစ်များ အစောပိုင်းမှ ၁၉၈၀ ခုနှစ်များ အတွင်းတွင် အာဖရိက၌ အာဏာသိမ်းမှု အခါ ၇၀ နှင့် သမ0x081မတအား လုပ်ကြံသတ်ဖြတ်မှု ၁၃ ကြိမ် ဖြစ်ပွားခဲ့သည်။ နယ်စပ်နှင့် နယ်နိမိတ် အငြင်းပွားမှုမှာလည်း အမြဲလိုလို ဖြစ်ပွားလေ့ ရှိပြီး ဥရောပနိုင်ငံများက ရေးဆွဲခဲ့သော နယ်နိမိတ်များကို နိုင်ငံများ အတွင်းတွင် လက်နက်ကိုင် တိုက်ပွဲများဖြင့် ဖြေရှင်းလေ့ ရှိကြသည်။

 ယခုနှစ်ပိုင်းများအတွင်း တထူးတခြား ပြောစရာတခုရှိလာသည်မှာGreat Lakes ဒေသရှိ အန်ဂိုလာ၊ နမ်မီးဘီးယား၊ ကွန်ဂို၊ တောင်ဆူဒန်၊ ရဝမ်ဒါ၊ တန်ဇန်နီးယား၊ ကင်ညာ၊ ဇန်ဘီယာ၊ ယူဂန္ဓာ၊ ဘူရန်ဒီနှင့် ကွန်ဂို ဒီမို ကရက်တစ် သမ္မတ နိုင်ငံတို့တွင် ဗုဒ္ဒသာသနာထွန်းကားလာခြင်းဖြစ်သည်။


 



5/14/2013

“Saving Yangon”



မြန်မာပြည်မှ ရှေးဟောင်း သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် အဆောက်အဦးများကို ထိမ်းသိမ်းရေးအတွက် Singapore နိုင်ငံ Channel NewsAsia မှ ထုတ်လွင့်ချက်။

 

5/12/2013

Myanmar Constitution Amendment.

Suu Kyi predicts charter change.


YANGON - Amendments to Myanmar's military-drafted 2008 constitution are likely to be pushed through before the 2015 general election, democracy champion Aung San Suu Kyi said on Friday.

"We will try to amend the constitution before 2015 and we hope we can do it," Suu Kyi told a news conference.

The Nobel Peace Prize laureate, who spent 15 years under house arrest between 1989 to 2010, became a member of parliament after she and her National League for Democracy (NLD) party won 43 out of 45 contested seats in a by-election in April, 2012.

Suu Kyi has cultivated close working relationships with President Thein Sein and Lower House speaker Shwe Mann, deemed the two most powerful figures in Myanmar's still pro-military regime.

Thein Sein heads the Union Solidarity and Development Party (USDP), which is packed with ex-military men and leads the government after winning the November 2010.

"I believe the ruling party, USDP, also wants to amend the constitution because the important issues to review the charter were submitted by senior members of USDP and were approved without any disagreement," Suu Kyi said.

The most controversial clause in the 2008 constitution gives the military establishment the right to appoint 25% of the seats in parliament, enough to veto any laws deemed detrimental to the military's long-established control over the country. Myanmar was ruled by a military dictatorships between 1962 to 2010.

Suu Kyi acknowledged that amending the constitution would be "difficult". Myanmar's next general election is scheduled for 2015.

tharkyawgyi@gmail.com