တရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်းကို ရပ်တန့်ဖို့ ရှမ်းလူထုအခြေပြုအဖွဲအစည်းတွေက စုပေါင်းတောင်းဆိုလိုက် ပါတယ်။
ဒီပိုက်လိုင်းဖြတ်သန်းမယ့် ရှမ်းပြည်မြောက်ပိုင်းမှာ တပ်စွဲထားတဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့စခန်းကို အစိုးရတပ်က ဒီလဆန်း ၉ ရက်နေ့မှာ ၀င်တိုက်ခိုက်ခဲ့ရာမှာ ဒီထိုးစစ်ဟာ စီမံကိန်းနဲ့ တိုက်ရိုက်ဆက်စပ်တာကြောင့် ပဋိပက္ခပိုပြင်းထန်လာမှာ အထူး စိုးရိမ်ပူပန်တယ်လို့ ရှမ်းပြည်လူ့အခွင့်အရေးမဏ္ဍိုင်၊ ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့၊ ရှမ်းပြည်ဖွံ့ဖိုးရေးမဏ္ဍိုင်၊ ရှမ်းပြည်အဖွဲ့အစည်း၊ ရှမ်းအမျိုးသမီးများ လှုပ်ရှားဆက်သွယ်ရေးအဖွဲ့၊ ရှမ်းလူငယ်ကွန်ရက်အဖွဲ့နဲ့ ရှမ်းလူငယ့်စွမ်းအားတို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီပိုက်လိုင်းဟာ မြန်မာ့ကမ်းရိုးတန်းက ရေနံ ဓါတ်ငွေ့တွေအပြင် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံစိမ်းအား မြဒေး ကျွန်းရှိ ရေနံ ဆိပ်ကမ်းမှတစ်ဆင့် မကွေး၊ မန္တလေးတိုင်း
ဒေသကြီး၊ရှမ်းပြည်နယ်များကို ရေနံပိုက်လိုင်းဖြင့် ဖြတ်ကျော်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းသို့ ပို့ဆောင်မည် ဖြစ်သည်။ ရေနံပိုက်လိုင်းမှာ စုစုပေါင်း ကီလို မီတာ ၂,၃၈၀ ခန့် ရှည်လျားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ကီလိုမီတာ ၈၀၀ ခန့် သွယ်တန်းမည် ဖြစ်သည်။ တစ်နှစ် လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်းခန့် ပို့ဆောင်နိုင်မည်ဖြစ်ပြီး ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့ ကုဗ မီတာ ၁၂ ဘီလျံခန့်ကို မြန်မာပြည်ရှိ အေ (၁) နှင့် အေ (၃) လုပ်ကွက်များမှ တစ်ဆင့် တင်ပို့နိုင်မည် ဖြစ်သည်။
China National Petroleum Corporation (CNPC) မှ ၎င်းစီမံကိန်းကို တာဝန်ယူ လုပ်ဆောင်လျက်ရှိသည်။
မြဒေးကျွန်းရှိ ရေနံတင်ဆိပ်ကမ်းမှာ ရေနံပိုက်လိုင်း၏ အစအဖြစ် ရှိမည်ဖြစ်ပြီး ပထမ အဆင့်အနေဖြင့် တစ်ရက်လျှင် ရေနံစည်ပေါင်း နှစ်သိန်းလေးသောင်းခန့် တင်ပို့သွားနိုင်မည်ဖြစ်သည်။

၂၀၀၅ ဒီဇင်ဘာမှာ တရုတ် ပက်ထရိုချိုင်းနား ကုမ္ပဏီက မြန်မာအစိုးရထံက သဘာဝဓာတ်ငွေ့ကို နှစ် ၃၀ ၀ယ်ယူမယ်လို့ စာချုပ်ချုပ်ပြီးနောက် ပိုက်လိုင်းစီမံချက် အစပြုလာတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်နိုင်ငံကို ဖြတ်သန်းသယ်ယူမယ့် အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ တန် ရေနံပိုက်လိုင်းနဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၄၀ တန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆောက်လုပ်ဖို့ ၂၀၀၈ နှစ်ကုန်ပိုင်းမှာ နှစ်နိုင်ငံ အစိုးရအကြား သဘောတူ အကောင်အထည်ဖော် ခဲ့တာ ဖြစ်ပါတယ်။


လူကြီးမင်းများခင်ဗျား...
အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ တန် ရေနံပိုက်လိုင်းနဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၄၀ တန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆောက်ထားပီးမှ တရုတ်က သူ့အကျိုးစီးပွါး ကာကွယ်ရေးအတွက် နဲနဲပါးပါးလောက်တော့ လုပ်ရပါလိမ့်မယ်။
တရုတ်ဘာလုပ်မလဲ မြေပုံပေါ် ကလစ်ကြည့်ပါ။
ဒါကပထမအဆင့်ပါ။ နောက်တဆင့် အဲဒီတပ်တွေနေရာမှာ .........တရုတ်တပ်တွေ ထားလာရင်ကော....
No comments:
Post a Comment