11/30/2013

မငြိမ်သေးတဲ့ “ဗန်ကောက်”

နိုဝင်ဘာလ ၂၃ရက်နေ့ ထိုင်းစံတော်ချိန် ညနေ (၅) နာရီ ခွဲခန့်တွင် ဆန္ဒပြမှု ရုပ်သိမ်းလိုက်သည်ဟု ဗိုလ်ချုပ်ကြီးဟောင်း Boonlert Kaewprasit ဦးဆောင်သည့် Pitak Siam Group မှ ကြေငြာ လိုက်သောကြောင့် ပွဲပီးသယောင် ဖြစ်သွားသော ဗန်ကောက်အခြေအနေမှာ ယနေ့ နိုဝင်ဘာလ ၃၀ရက် ညအထိ ပွဲမပီးသေးပါ။

အင်အား တစ်သန်း ခန့်နဲ့ ၂ရက်အတွင်း အစိုးရကို ဖြုတ်ချဖို့  ဒီမိုကရက် ထောက်ခံသည့် ခရိုင် (၁၉) ခရိုင်ခန့်နှင့် ထိုင်းတစ်နိုင်ငံလုံး အနှံ့ လာရောက် ဆန္ဒပြရန် Pitak Saim Group မှ လှုံ့ဆော်ထားခဲ့ သော်လည်း အင်အားက တစ်သောင်း ကျော်ကျော် လောက်သာ ရှိသောကြောင့်  အောင်မြင်မှု မရခဲ့ပေ။

( ဗိုလ်ချုပ်ကြီးဟောင်း Boonlert Kaewprasit နှင့် ဒီမိုကရက်ခေါင်းဆောင်များ)

သို့သော် တကယ်တမ်းပွဲမပီးခဲ့ဘဲ  အစိုးရကို ဆန္ဒပြသူတွေဟာထိုင်းနိုင်ငံအခွန်ဝန်ကြီးဌာနနဲ့
 နိုင်ငံခြားရေးဝန်ကြီးဌာနတွေထဲကို ၀င်ရောက်စီးနင်းထားခဲ့ကြခြင်း ထိုင်းအာဏာပိုင် များမှ ဆန္ဒပြသူများ အသုံးပြု သွားလာရန် အတွက် လမ်းကြောင်း များကို သီးသန့် ချမှတ် ထားပေးပြီး ဖြစ်သော်လည်း ဆန္ဒပြသူများ ဘက်မှ သတ်မှတ် လမ်းကြောင်း များအပြင် အစိုးရမှ လုံခြုံရေး အရ ပိတ်ပင် ထားသည့် လမ်းကြောင်း များကိုလည်း ဖွင့်ပေးရန် တောင်းဆိုခဲ့ပြီး ဆန္ဒပြသူ များနှင့် လုံခြုံရေး ရဲများ အကြား တင်းမာမှုများဖြစ်ကာ နိုဝင်ဘာ ၂၆ ရက်တွင် ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှီနာဝပ်က ဘန်ကောက်ခရိုင်အပါအ၀င် ခရိုင်၎ခုမှာ ပြည်တွင်းလုံခြုံရေးဥပဒေကို တနင်္လာနေ့က တိုးချဲ့ ပြဋ္ဌာန်းလိုက်သည်။

သို့သော် ထိုဆန္ဒ ပြမှုအား ကိုင်တွယ်ရန် စစ်တပ်အားလွဲအပ်မည်မဟုတ်ဘဲ ရဲအင်အားကိုသာ သုံးရန် ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှီနာဝပ်ကဆုံးဖြတ်သည်။

“အခု လုံခြုံရေး ယူနေတဲ့ ရဲတွေကို အစိုးရက နံပါတ်တုတ် တွေက လွဲပြီး အခြား ဘာလက်နက် အမျိုးအစားမှ ကိုင်ဆောင်ခွင့် မပေးထား ပါဘူး” ဟု စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး အရာရှိကြီး တစ်ဦးမှ ဆိုပါသည်။


အသုံးပြုခဲ့သည့် မျက်ရည်ယိုဗုံး များမှာလည်း အမျိုးအစား (၃) မျိုးရှိကာ နိုင်ငံတကာ တိုင်းပြည်များမှ ဆန္ဒပြပွဲနှင့် လူထု အကြမ်းဖက် မှုများတွင် အသုံးပြုသည့် နိုင်ငံတကာ အဆင့် အမျိုးအစား များဖြစ်ကြောင်းလည်း ထိုင်းအစိုးရမှ ထိုင်းမီဒီယာ များအား ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည်။
 အစိုးရ အဖွဲ့က ဆန့်ကျင် ဆန္ဒပြသူများနှင့် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းမှုများ မပြုလုပ်လို ကြောင်း၊ အဆိုပါ ပြဿနာကို ဖြေရှင်းရမည့် နည်းလမ်းအတွက်လည်းဆန္ဒပြ ပြည်သူများနှင့် ဆွေးနွေး
 ဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ ထို့ကြောင့် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများနှင့် စေ့စပ်ညှိနှိုင်းမှုများ
 ပြုလုပ်သွားရန်  နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်သော ရုပ်မြင်သံကြား အစီအစဉ်တွင်  ရင်လပ်က ထုတ်ဖော် ပြောကြားထားသည်။ သို့သော်လည်း အစိုးရ ဆန့်ကျင် ဆန္ဒပြသူ များသည် အစိုးရအဖွဲ့ကို ဖြုတ်ချနိုင်ရန် အတွက် ဆန္ဒပြမှုများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။

 တပြိုင်နက်ထဲမှာပင် အစိုးရကို ထောက်ခံသော အနီရောင်ဝတ် အဖွဲ့ဝင် ၅ဝ,ဝဝဝ ခန့်သည်လည်း ဗန်ကောက်မြို့ရှိ ဘောလုံးအား ကစားကွင်း တစ်ခု၌  ရင်လပ်နှင့် သက်ဆင်အား ထောက်ခံသည့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၃၀ ရက် ယနေ့နေ့လည် ၂နာရီနီးပါးအချိန်က Rajamangala Stadium ဘောလုံး အားကစားကွင်းတွင် နေရာတိုးချဲ့ယူသည့် အနီရောင်ဝတ် အဖွဲ့ဝင် များအား Ramkhamhaeng တက္ကသိုလ် ကျောင်းသားများက တားဆီးမှုကြောင့် ခိုက်ရန်ဖြစ်ပွါးခဲ့ပီး အနာတရဖြစ်မှုများရှိခဲ့သည်။


အနီရောင်ဝတ် အဖွဲ့ခေါင်းဆောင်  Jatuporn က အနီရောင်ဝတ် အဖွဲ့ဝင် များသည် သံချပ်ကာယဉ်များနှင့် စစ်သားခြောက်သောင်းကို ရင်ဆိုင်ခဲ့ဖူးသူများဖြစ်သောကြောင့်  Ramkhamhaeng ကျောင်သားများကိုမမှုပါဟု ဆိုသည်။


11/27/2013

ဗုဒ္ဒသာသနာ

နှစ်ပေါင်း၁၀၀ စောပီး ကွယ်မယ့် အထောက်အထား



နီပေါနိုင်ငံ လုမ္ဗီနီရှိ မာယာဒေဝီ ကျောင်းတော်အား ရှေးဟောင်းသုတေသန မြေတူးပညာရှင်များက
 နောက်ဆုံးရှာဖွေတူးဖော် တွေ့ရှိချက်များအရ ဗုဒ္ဓဖွားမြင်ရာ ရက်စွဲသည် ရာစုနှစ်တခု ပိုပီးစောသည်ဟု ယူဆကြောင်း အမျိုးသား ပထ၀ီဝင်အသင်းကြီး (National Geographic Society) အပါအ၀င် UNESCO အဖွဲ့ ဂျပန်နှင့် နီပေါအစိုးရများ၏ ထောက်ပံ့ ကူညီမှုဖြင့် လုမ္ဗနီမှ အခြေအနေများကို မှတ်တမ်း မှတ်ရာများ စုဆောင်းခြင်းနှင့် အသောက ခေတ်လက် ကျန် အုတ်လွှာများ အောက်ကို တူးဖော်ပြီး သမိုင်းကို စူးစမ်းလေ့လာခြင်းများ ပြုလုပ်နေသည့် လေ့လာသူအဖွဲ့ ခေါင်းဆောင်ဖြစ်သော အင်္ဂလန်နိုင်ငံ Durham တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် Robin Coningham က ပြောကြားခဲ့သည်။
 
ခရစ်မပေါ်မှီ နှစ်ပေါင်း ၂၄၉က အိန္ဒိယ ဧကရာဇ် အသောကမင်းတရား၏ ကဗ္ဗည်း ကျောက်တိုင် စိုက်ထူကာ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာဖြစ်သော သံဝေဇနိယ လေးဌာန အနက်မှ တခု ဖြစ်လာသည့် လုမ္ဗီနီဥယျဉ်သည် မယ်တော်ဖြစ်သူ မာယာဒေ၀ီက သစ်ပင်တပင်ကို ဆုပ်ကိုင်အားယူရင်း ဗုဒ္ဓဖြစ်လာမည့် သိဒ္ဓတ္ထ  မင်းသားကို မွေးဖွားခဲ့သည့် ဥယျာဉ်နေရာဖြစ်သည်။


မူလ သမိုင်းမှတ်တမ်းများအရမူ ဂေါတမဗုဒ္ဓဘုရားလောင်းတော် သိဒ္ဓတ္တမင်းသားသည်
 သေတကေတုနတ်သားဘ၀မှ စုတေ၍ မယ်တော်မာယာ၏ ၀မ်းကြာတိုက်၌ မဟာသက္ကရာဇ် ၆၇ ခု၊ ၀ါဆိုလပြည့် ကြာသပတေးနေ့၌ ပဋိသန္ဓေယူပြီး မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်သည်။ (ခရစ်တော်မပေါ်မီ သက္ကရာဇ် ၅၆၇ ခုနှစ်တွင် ဖြစ်သည်။) ဘုရားလောင်းသိဒ္ဓတ္တသည် မဟာသက္ကရာဇ် ၉၇ ခု၊ သက်တော် ၂၉ နှစ်တွင် တောထွက်တော်မူသည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဘုရားစင်စစ်ဖြစ်တော်မူသည်။ သက်တော် ၈၀ ၊ သက္ကရာဇ် ၁၄၀ ခုနှစ်တွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။ (ခရစ်တော်မပေါ်မီ သက္ကရာဇ် ၄၈၇ ခုနှစ်တွင် ဖြစ်သည်။)  





ယခုတွေ့ရှိချက်က တမျိုးပြောလေပြီ။ ထိုတွေ့ရှိချက်မှန်ကန်လျှင် ဘုရားသာသနာဟာ နှစ်ပေါင်း ၅၀၀၀ တည်တံ့မယ်လို့ ဘုရားရှင် က ဟောပြောခဲ့ကြောင်း အဆိုရှိရာ သာသနာကွယ်ရန် ရာစုတခု စောသွားလေပြီ။
ဗုဒ္ဓဘာသာဝင်များ မဂ်ညဏ် ဖိုလ်ညဏ် နိဗ္ဗာန် ရစေဖို့ ဆောင်ရွက်ဖို့ ကာလတိုသွားဘီ ဖြစ်ကြောင်း။

ထိုင်းနိုင်ငံဆိုင်ရာ နိုင်ငံရေး တုတ်ကွေး

ထိုင်နိုင်ငံမှာ ရေဘေး လေပြင်းမုန်တိုင်းအန္တရယ် စတာတွေ ကင်းစင်နေရင် ဖြစ်လေ့ရှိတဲ့  နိုင်ငံရေး တုတ်ကွေး ရောဂါကတော့ ပြင်းထန်တဲ့အဆင့်ကို ရောက်လာပြန်ပါဘီ။

လွန်ခဲ့တဲ့ ၃ နှစ်က လူတွေသေကြေခဲ့ရတဲ့ ဆန္ဒပြမှုတွေနောက်ပိုင်း နိုင်ငံရဲ့အဆိုးဆုံးအခြေအနေလို့ ဆိုနိုင်လောက်အောင် ၀န်ကြီးချုပ် ရင်လပ် ရှင်နာဝပ် အစိုးရ အဖွဲ့ကို ဆန့်ကျင်သည့် အကြီးမားဆုံး ဆန္ဒပြမှု တစ်ရပ် ဖြစ်ပြီး ဆန္ဒပြသူ ထောင်ပေါင်း များစွာ ပါဝင်နေပါတယ်။
အစိုးရကို ဆန္ဒပြသူတွေဟာ ထိုင်းနိုင်ငံအခွန်ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေထဲကို ၀င်ရောက်စီးနင်းထားခဲ့ကြပါတယ်။ 










ဆန္ဒပြသူ ထောင်ပေါင်း များစွာဟာ အစောပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြရန် မျှော်မှန်း ထားသော်လည်း နောက်ပိုင်းတွင် ဆန္ဒပြသည့် နေရာ အနီးရှိ လမ်းပေါ်တွင် စိုက်ထူထားသည့် အတား အဆီး များကို ဖျက်ဆီးရန် ကြိုးစားခဲ့သည့် အခြေအနေကြောင့် ဆန္ဒပြသူ များကို လူစုခွဲရန် အတွက် ရဲတပ်ဖွဲ့က မျက် ရည်ယို ဗုံးများ ပစ်ခတ် ခဲ့သည့် အခြေအနေ ရောက်လာသည်။

ပြည်တွင်း လုံခြုံရေး ဆိုင်ရာ အက်ဥပဒေ အရ ပိတ်ဆို့ ထားသော ဗန်ကောက်မြို့ လမ်းမများ ပေါ်တွင် ရဲတပ်ဖွဲ့ဝင် ၅ဝဝဝဝ ကျော် တပ်ဖြန့် ချထားသည့်အခြေအနေတွင်  ရဲတပ်ဖွဲ့သည်  နိုဝင်ဘာ ၂၅ ရက် အစောပိုင်းက ပထမ အကြိမ် အဖြစ် မျက်ရည်ယို ဗုံးများ ပစ်ခတ် ခဲ့သော်လည်း ဒဏ်ရာ ရရှိသူ တစ်ဦး တစ်ယောက်မျှ မရှိကြောင်း  နောက်ပိုင်းတွင်လည်း ဆန္ဒပြသူ များကို မျက်ရည်ယို ဗုံးများဖြင့် ဒုတိယ အကြိမ် မြောက် ပစ်ခတ် ခဲ့ကြောင်း သိရသည်။ 

  နိုဝင်ဘာ ၂၆ ရက်တွင် ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှီနာဝပ်က ဘန်ကောက်ခရိုင်အပါအ၀င် ခရိုင်၎ခုမှာ ပြည်တွင်းလုံခြုံရေးဥပဒေကို တနင်္လာနေ့က တိုးချဲ့ ပြဋ္ဌာန်းလိုက်သည်။

နိုင်ငံအုပ်ချုပ်ရေးကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့၊ အစိုးရလုပ်ငန်းတွေကို မထိခိုက်ဖို့၊ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းနိုင်ဖို့၊ နိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိန်းသိမ်းနိုင်ဖို့ ဘန်ကောက်ခရိုင်၊ နွန်ထရ ဘူရီခရိုင် အပါအ၀င် စမွတ်ပရာကန် ခရိုင် နဲ့ ပသုံဌာနီ ခရိုင်တွေ က နေရာတချို့ မှာ အမျိုးသားလုံခြုံရေးဥပဒေကို တိုးချဲု့ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်ဟု ကြေငြာသွားသည်။
ဝန်ကြီးချုပ်က ထိုင်းနိုင်ငံရဲ့ အဓိကလေဆိပ်ရှိတဲ့ စမွတ်ပရာကန် ခရိုင်ကို ပြည်တွင်းလုံခြုံရေးဥပဒေထဲမှာ ထည့်သွင်း ပြဋ္ဌာန်းခဲ့ပြီး အစိုးရရုံးဌာနတွေထဲအထိ အတင်းဝင်ရောက်ခဲ့တဲ့ ဆန္ဒပြသူတွေကိုတော့ အကြမ်းဖက်အင်အားသုံးပြီး နှိမ်နင်းမှာမဟုတ်ဘူးလို့ဆိုပါတယ်။
 ပြည်တွင်းလုံခြုံရေးဥပဒေဟာ စစ်တပ်ကို ညမထွက်ရအမိန့်၊ လုံခြုံရေး၊ စစ်ဆေးရေးဂိတ်တွေချခွင့်၊ ဆန္ဒပြသူတွေရဲ့ လှုပ်ရှားသွားလာမှုတွေကို ကန့်သတ်မှုတွေလုပ်နိုင်အောင် ခွင့်ပေးထားပါတယ်။



11/22/2013

ကမ္ဘာမကြေ “မဲဆွယ်ခြင်း”

ကမ္ဘာမကြေ “မဲဆွယ်ခြင်း” သို့မဟုတ် မြန်မာပြည်တောင်ဖက်စွန်းက အလွမ်းကဗျာ


ယခုတလော လက်ဆင့်ကမ်း အီးမေးလ်ဖြန့်ဝေမှုတွင် အမျိုးသားရေးတာဝန် တရပ်အဖြစ် တတပ်တအား ဆင့်ကမ်းနေသော အကြောင်းအရာတရပ်ရှိပါသည်။
ဒါကတော့ New 7 Wonders အဖွဲ့ က ကမ္ဘာ့ အံ့ဖွယ် (၇) သွယ်စာရင်းကို ထပ်မံ ရွေးချယ် သတ်မှတ်ဖို့ Internet မှ ဆန္ဒမဲများ တောင်းခံနေရာမြန်မာပြည်မှ သဘာဝ ရတနာဖြစ်သော “မြိတ်ကျွန်းစု - Mergui Archipelago” သည် Final Nominees (၂၆၁) နေရာ စာရင်းတွင်ပါဝင်နေသဖြင့်
၂၀၀၉ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ အထိ မဲပေးခွင့် ရမည်ဖြစ်သည့်ဒုတိယအဆင့် ၇၇နေရာ တက်လှမ်းနိုင်ရေး ပါဝင်မဲပေးကြဖို့ရန်တိုက်တွန်းသည့် “အခုပဲ မြိတ်ကျွန်းစုလေးတွေကို Vote ပေးကြမလား ခင်ဗျာ။ ။ ” ဟု ပါရှိသော မောင်ရဲခေါင် (စီလီကွန် လွင်ပြင်) ရဲ့ဆောင်းပါးဖြန့်ဝေတာပါ။
အလွန်သင့်မြတ်ပါပေသည် ။

ကျနော့အနေနှင့်လည်း ထိုဒေသ အကြောင်း မြိတ်ကျွန်းစု ဟုပြောလျှင် တွဲပါမြဲဖြစ်သည့် ဆလုံလူမျိုးစုနှင့်အတူ တကြိမ်လျှင် ၆လ ၁နှစ် ပင်လယ်ထဲက ကျွန်းများတွင် လည့်လည်သွားလာနေထိုင်ခဲ့ဖူးသဖြင့်
ကိုယ့်တိုင်းပြည်က နေရာမို့ဆိုတာထက် ပိုမိုတဲ့လေးနက်မှုနဲ့ လိပ်ပြာသန့်သန့် မဲပေးနိုင်အောင် အခြားလူမျိုးတွေ ရေးထားတဲ့ အင်တာနက်ပေါ်က
(World’s Last Archipelago) မြိတ်ကျွန်းစုသည် လူသားတို့ မနှောင့်ယှက်သေးဘဲ သဘာဝအရင်း မူလအတိုင်း ကျန်နေသည့် ကမ္ဘာ့ နောက်ဆုံး ကျွန်းစု ၊ မြိတ်ကျွန်းစု၌ အခြားနေရာတွေမှာ မတွေ့နိုင်တဲ့ ရေသတ္တဝါ မျိုးစိတ်တွေကို စုံလင်အောင် တွေ့ နိုင်ခြင်း မြိတ်ကျွန်းစု ငါးမန်း မျိုးစုံ တို့သည် ယဉ်ကျေးပျူငှာစွာဖြင့် လူကိုမကိုက်တတ်သောကြောင့် ကမ္ဘာ့ ရေငုပ်သမား တို့၏ အမြင့်ဆုံး အိပ်မက်ဖြစ်သော ငါးမန်းများ နှင့် မျက်နှာချင်းဆိုင် တွေ့ ဆုံ ဓာတ်ပုံ ရိုက်ယူခြင်း (Shark Encounter) ကို မြိတ်ကျွန်းစုမှာ ပြုလုပ်နိုင်ပြီ ဆိုတာတွေအပြင်

မြိတ်ကျွန်းစုရဲ့ ရေပေါ်ရေအောက် အံ့ဖွယ်ထူးခြားသည့်အလှအပများသဘာဝသယံဇာတများ လူတို့တွေ့ခဲသည့် သက်ရှိသတ္တ၀ါများ ဖိုမ မျိုးမစပ်ဘဲ ရာသီစက်ဝန်း အချိန်ဇယားနှင့် ရေမှပေါက်ဖွားလာပြီး ရက်ကာလ သက်တန်းအကုန်တွင် ရေပလုံစီဘ၀ ပြန်ရောက်သွားသော အဏ္ဍ၀ါ သန္တေတဇ များ သဘောင်္ာသားတွေစိတ်ကူးယဉ်သလို မိန်းမလှတပိုင်းမဟုတ်ပေမဲ့ ရေသူမ လို့ခေါ်တဲ့ Mermaid နို့တိုက်သတ္တ၀ါ တကယ်ရှိတဲ့နေရာ ခက်ထန်ကြမ်းထမ်းတဲ့ ပင်လယ်ပြင်ထဲက ဒေသနေကျွန်းသားတို့၏ ကျွန်းမြေပေါ်မှာ သဘာဝကိုအံတုနေထိုင်မှု အသက်မွေး ၀မ်းကြောင်းအလုပ်အကိုင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စိတ်နေသဘောထား စသည်တို့ကို တစေ့တစောင်းမြင်နိုင်အောင်ဖေါက်သည်ချရင်း မြိတ်ကျွန်းစု ကိုမဲပေးကြပါလို့ မဲဆွယ်လိုက်ပါကြောင်း။




မြိတ်ကျွန်းစုသည် မြိတ်မြို့မြောက်ဖက် ထားဝယ်ဒေသ လောင်းလုံဘုတ် အဆုံးမှတောင်ဖက်တွင် ထိုင်းရေပိုင်နက်အစွန်း (an imaginary line divides Thai waters )စူရင်ကျွန်းများ(Surin Islands)မြောက်ဖက်အထိ စတုရန်းမိုင် ၁၄၀၀၀(36,000 sp km)အကျယ်အ၀န်းရှိပြီး နံမယ်ပေး ထားသောကျွန်းပေါင်း ၈၀၀ ရှိ၍ကျွန်းသိမ် ကျွန်းငယ်များပါရေတွက်လျှင် ကျွန်းပေါင်း၂၀၀၀ ကျော်ရှိသည်။လူနေရွာအများအပြားမှာ ရေချိုရရှိပြီး ရာသီလေဒဏ်ကို ကွယ်ကာနိုင်သည့် မြေအနေအထားရှိသော ကျွန်းများ တွင်တည်ရှိသည်။
ပင်လယ်သား(ကျွန်းသား)၇၀%ကျော်သည် ကျွန်းမှာမွေး၍ ကျွန်းမှာသေသည် ဘယ်မြို့ဘယ်နယ်မှမရောက်ဖူးသူများဖြစ်သည်။


ရေပေါ်ရေအောက် ထူးတွေသည့် သဘာဝအလှအပများ
လွမ်းမောဖွယ် ဂုဏ်ယူဖွယ် အောင့်မေ့ကြည်နှူးဖွယ်ရာများ ကွန့်မြူးရာဒေသ






















အလှအပများသာမဟုတ် သဘာဝအကာအကွယ် ရေအောက်သဏ္ဍာကျောက်တန်းများ ကြောင့်
၂၀၀၄ ဆူနာမီမှာ စက်ဝန်းနှင့်ပိုနီးသော်လည်းပိုဝေး သောထိုင်းလောက်မနာခဲ့ရပါ။
(ရေအောက်မြုပ်နေသောကျွန်းအများအပြားနှင့်ရေအောက်သဏ္ဍာကျောက်တန်းများ ကဆူနာမီလှိုင်းများအရှိန်ကိုထိန်းချုပ်သည်ဟုဆိုသည်)


















ငါးခိုးလှေများသုံးသည့် “၀ါလတ်”ခေါ် ဆွဲပိုက်စနစ်ကြောင့်ရေအောက်ကြမ်းပြင်များ သဏ္ဍာကျောက်တန်းများ ငါးသေး ငါးငယ် ခရုဂဏန်း မြွေမြော့ကစ၍ မလိုအပ်သော သတ္တ၀ါများပါပျက်စီးဆုံးရှုံးရသည်။
ဝါလတ်ပိုက်စနစ် “ဒီမှာကလစ်ကြည့်ရန်
မြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်ပြီး တရားမ၀င်ငါး(ခိုး)ဖမ်းသည့်လှေများ ထိုင်းနိုင်ငံ စဖန်ပလာ ဆိပ်ကမ်းတွင် ငါးလာရောင်းနေစဉ်။


စည်းမဲ့ကမ်းမဲ့ ငါးဖမ်းမှုများကြောင့် ရေအောက်ကြမ်းပြင်များ ရေသတ္တ၀ါများ၏
အနာဂါတ်ကို ဖျက်ဆီးမည့်အရေး မသေးသော ပြဿနာဖြစ်သည်။

မြိတ်ကျွန်းစု၏ နန်းမတော် မြိတ်မြို့

ပထမမြန်မာနိုင်ငံတော်ခေတ် အနော်ရထာမင်း လက်ထက်ကစတင်တည်ရှိလာသောဆိပ်ကမ်းမြို့
ဖြစ်ပြီး နောင်တွင်လည်း ဥရောပသားကုန်သည်တို့၏ ကုန်စည်ကူးသန်းရာ ဗဟိုကုန်သွယ်စခန်းတခု ဖြစ်လာသည်။









ပုံတွင်မြင်ရသော စေတီတော်ရှိရာတောင်သည် မြိတ်သမိုင်းချယ်သရာ နေရာဌာနတခုလည်းဖြစ်သည်။

ထိုင်းဒဏ္ဍာရီလာ မိထွေးတော်မိဖုရားက အကောက်ညဏ်ဆင်ကာ စေလွတ်လိုက်သဖြင့် နေပြည်တော်မှပူရိယက္ခတိုင်း (ယ္ခုပုလောမြို့တည်ရာ)သို့အသွား ထိုတောင်တွင်မြင်းကိုချည်၍ တထောက်နားညအိပ်စဉ် အနီးရှိ (ယ္ခု ပထော်ပထက်)တောင်ညီနောင်တွင် ဆေးကျိတ်နေသော
ဝိဇ္ဖာက မင်းသားလေးဆီက ချိတ်ပိတ်စာပါ “စာယူလာသူမင်းသားအား သုတ်သင်ပါဟုရေးသည်ကို နန်းတင်ပါဟု ပြင်ရေးပေးခဲ့သည့် ဇတ်လမ်း ရှိသောတောင်။ ထိုင်းဘာသာဖြင့် မာ=မြင်း ရိတ်=ချည်တိုင် မာရိတ်မှကာလရွေ့လျောလာကာ မြိတ် ဖြစ်ခဲ့သည့် မြို့သမိုင်းပုံပြင် ကြားဖူးပါသည်။

အိန္ဒယတွင်အလုပ်လုပ်ရာမှ ခွင့်ပြန်လာသူ ပေါ်တူဂီလူမျိုးစာရေးလေးက သင်္ဘောပေါ်ပါလာသော အရှေ့
အိန္ဒယကုမ္ပဏီသူဌေးသမီးမေရီပိုဗေးနှင့် မေတ္တာသက်ဝင် ချစ်ကြင်မိရာမှ ဂုဏ်တံတိုင်းကာခြားတဲ့ချစ်သူကို ပေါင်းဖက်နိုင်ရေးအတွက် သူစီးလာတဲ့သင်္ဘောကို အပိုင်စီးလိုက်မိရာမှ မြိတ်ကိုအခြေပြုပီး အဲဒီပင်လယ်တခွင်
ကို မင်းမူ စိုးမိုးခဲ့တဲ့ ပေါ်တူဂီ ပင်လယ်ဓါးပြဗိုလ်ကြီး နေခဲ့ဖူးရာတောင်ကုန်း။
နယ်ချဲ့ကို စွမ်းစွမ်းတမံ ခုခံခဲ့တဲ့ မြိတ်မြို့ဝန် ဦးမြတ်လေးရဲ့ ဌာနချုပ်။
စာရေးဆရာမောရစ်ကောလစ် မြိတ်အရေးပိုင်ဘ၀နေထိုင်ရင်း သမိုင်းထဲပါ အထောက်အထားတွေထဲက မေရီပိုဗေးကို အနုပညာ အားဖြင့်ရှင်သန်စေ ခဲ့သောနေရာ။
ပြည်တွင်းစစ်ကာလ မိမိ၌တာဝန်ရှိသော ငွေတိုက်ကို ၀န်ထမ်းကောင်း ပီသစွာ ကာကွယ်ခဲ့သူ မြိတ်အရေးပိုင် ထိပ်တင်ဒွေး ကျဆုံးခဲ့သည့်နေရာ။ သိမ်ကြီးတောင်ဟုခေါ်သည်။





ပင်လယ်ပြင်ထဲကကျွန်း လေကွယ်လှိုင်းကွယ် နေရာရွေးချယ်ကာတည်ထားသည့်ရွာ။





များစွာသော ကျွန်းများ၏မြေကြီးမှာ အမြင့်ပိုင်းတွင်သာရှိသဖြင့် ကျောက်သားကျောက်ဆောင်များ ပေါ်
တွင်၎င်း ရေရောက်ရွံ့ပြင်ပေါ်တွင်၎င်း(ဒေသအခေါ် ကြပ်စင်)စင်ထိုးကာ အိမ်ဆောက်နေထိုင်ကြသည်။
ဓနိဖက်ဖြင့်မိုး ကာလေ့ရှိသည်။

(နေရာအခက်အခဲကြောင့် ခြုံ့ထားသောပုံများ ကို
ကလစ် ညစ်ပီးကြည့်ပါ)

ပထမပုံပါ လူတွေသွားနေသည့်လမ်း ကိုလည်း တကျပ်လုံးခန့်  ကပြု ကပြိုင်သား အချဉ်လုံး ကိုကြိမ်နှင့် နှီးနှင့် တုတ်ကာ (စင်ထိုးထားသောလမ်း)တည်ထားသည်။
စရောက်ဖူးစကဆို ပင်လယ်သား ကလေးတွေ ခွေးတွေ ပြေးဆော့နေသောကြပ်စင်လမ်းများတွင် ကျနော်တို့ ဂံသားတသိုက် (မြန်မာပြည်မမှလာသူများကို ဒေသသားတို့က (ပုဂံသား)ဂံသားဟုခေါ်ပါသည်။)လေးဖက်မထောက်ရုံတမယ် အသွားခက်ပါသည်။

အမေရိကန် ရွေးကောက်ပွဲအကြို ကာလတွေတုံးက
ဟီလာရီကလင်တန် နိုင်လျှင်အမေရိကန်၏ ပထမဆုံးမိမ္မသမတ ။ အိုဘားမားဆို ပထမလူမဲ ။ နောက်တယောက်နိုင်တာတောင် ပထမအသက်အကြီးဆုံးကွ စသည်ဆူညံနေသော အနီးဆုံးမြို့နှင့်
ဒေသသုံး ပါစင်ဂျာစက်လှေ တညအိပ်ခရီး ပင်လယ်ကြီးထဲမှာ ကျွန်းသားတို့လက္ဘက်ရည်ဆိုင်က
အသံတွေကို တအံ့တသြောရှိလျှင် ပုံတွေထဲက တချို့ခေါင်မိုးမှာ ဆက်တလိုက်စလောင်းခွက်
အဖြေတွက်နိုင်ပါသည်။
(ကြုံလို့ကြွားလိုက်အုံးမယ် လွန်ခဲ့တဲ့ နှစ်အစိတ်လောက် ဆက်တလိုက်စလောင်း
ခေတ်မဟုတ်ခင် ရန်ကုန်မှာ မြန်မာ့ရုပ်သံ ကြံစီတုန်း ကျနော် ပင်လယ်ကျွန်းတွေမှာ ကမ္ဘာ့ ဖလားပွဲ
ကလပ်ပွဲများ ကြည့်ခဲ့ရဖူးပါသည်။ ထိုင်းက တီဗွီ ၀ယ်တာ ကျပ် ၃-၄ထောင် တိုင်ထောင်တာ ကာလာထိမ်း ဘုစတာ တပ်တာ ကကျပ် ၃-၄သောင်း ကုန်သည်။)
ဒီအကွက်မှာ ပထမပုံက ငါးလာရောင်းသောဆလုံမိသားတစုပါ အဲဒီလှေဟာ သူတို့အိမ်ပေါ့(နောက်ပိုင်းမှာ အကျယ်ဖေါ်ပြ ထားပါတယ်)



နောက်ပုံက လှေပေါ်မှာချက်ပြုတ်စားသောက်နေပုံပါ။


အောက်ပုံတွေက ဒေသတွင်း လုပ်ငန်းရှင်တဦးဖြစ်သူ ဦးတင်ငယ် နှင့် သူ့ထံငါး ပုဇွန်လာရောင်းသူများပါ။

ဒီမြိတ်ကျွန်းစုကရွာတွေမှာ လောကဓမ္မတာ ကြွယ်ဝချမ်းသာသူတွေ ခေတ်အဆက်ဆက် ရှိခဲ့ကြပါတယ်။ အများစုဟာ ဘ၀ကိုအောက်ခြေသိမ်းက ရုန်းကန်လုပ်ကိုင်ရင်း ကြီးပွားလာသူများဖြစ်ကြပါတယ်။
ဘ၀ကိုလက်၂ဖက်နဲ့စခဲ့ရာက နယ်တ၀ှမ်းအချမ်းသာဆုံးစါရင်းဝင်ဖြစ်လာပီး တခေတ်တခါက နိုင်ငံတော် ငါးလုပ်ငန်းဦးစီးဌာန အကြံပေးအရာရှိအဆင့် တာဝန်ပေးခံခဲ့ရသူမျိုးအထိရှိဖူးပါတယ်။

ဒီနယ်ကသူဌေး သူကြွယ်အဆင့် အားလုံးနီးပါးဟာ အောက်သက်ကြေသူများပီပီ ပလွားခြင်းကင်ပါတယ်။
နှစ်၂၀ကျော်က နောင်ဂွမ်(ဦးဂွမ်)ဆိုတဲ့ ကွမ်းသီးခြံ လုပ်ငန်းရှင်တယောက်ဟာ အလှူ၊အစီးအဝေး၊တနယ်တ ကျေး သွားရတာမျိုးကလွဲယင် အင်္ကျီကျွတ်နဲ့ အမြဲတကုတ်ကုတ် အလုပ်လုပ်နေတာမို့ လူငယ်တွေက
“နောင်ဂွမ်ကလမ်းမှာ ရှပ်အင်္ကျီကတန်းမှာလို့ နောက်ပြောင်လေ့ရှိပါတယ်။ ဒီနယ်တ၀ှမ်းလုံးမှာလဲ
တယောက်ယောက်က အဆီအငေါ်မတည့်တာတခုခုလုပ်ရင် မင်းဥစ္စာနောင်ဂွမ်နဲရှပ်အင်္ကျီကျနေတာဘဲဟုပင်
ပြောစမတ်ဖြစ်အောင် ရိုးသားလှပါသည်။

အခုပုံက ဦးတင်ငယ်ဟာ ပင်လယ်ထွက်ပစ္စည်း နိုင်ငံခြားကိုပို့တဲ့လုပ်ငန်းများ ရေခဲစက် အအေးခန်းလုပ်ငန်း
တွေလုပ်ကိုင်နေသူ ဒေသခံ လုပ်ငန်းရှင်တဦးဖြစ်ပါတယ်။










ငါးလာရောင်းသောဆလုံအဖွားကြီး၂ယောက်နှင့်
ဆလုံလိုစကားလက်ဆုံကျနေသော ဦးတင်ငယ်။


ဦးတင်ငယ် လှေပေါ်မှာတည်ခင်းဧည့်ခံသည့် ထမင်းဝိုင်း





မြိတ်ကျွန်းစုမှနာမည်ကြီး တောင်ပင်လယ်ပုလဲ
ထွက်သည့်နေရာများ







































ပုလဲမွေးမြူရေး လုပ်ငန်းခွင်အချို့













လုပ်ငန်းခွင်ထဲက ကျွန်းသူလေးတွေ ပင်လယ်ရာသီကို သနပ်ခါး
ပါးပါးက အံတုနိုင်ကြောင်း သက်သေပြသည့်နှယ် အလှကြွယ်လျက်
(ထမီအောက်နားစုတ်နေတာမဟုတ် စကဒ်ဝတ်ထားတာ ဟွန်း..)

ရွှေအိုရောင်ပုလဲ






ရွှေရောင်ပုလဲလက်စွပ်နဲ့ “ဦးတင်ငယ်”

ဟဲဟဲ..အင်္ကျီဝတ်ထားလို့ လူမှားသွားလား




ရှားပါး အဖိုးတန်သည့် ပုလဲနက်။

ပုလဲနက်၏အရောင်မှာတကယ်တော့အနက်ရောင်မဟုတ်
အစိမ်းရင့်ရင့်မှောင်လွန်းသောအဆင်းအရောင်ရှိသည်။







တောင်ပင်လယ်သူ

ငယ်ငယ်တုံးကသူ့အတွက်
ရေငုတ်ပြိုင်တဲ့သူတွေမနဲဘူးလေ။






မြိတ်ကျွန်းစုနေ ဆလုံလူမျိုးများ

Sea Gypsies of the Mergui Archipelago




ပင်လယ်ထဲက ဆလုံလှေအုပ်စုတစု














ဆလုံလှေတစီး၏အတွင်းပိုင်း
ကလေးရော ခွေးရော သူတို့ပိုင်ဆိုင်သမျှအားလုံး
ဒီထဲမှာရှိတယ်။
ကလေးမွေးတာလဲဒီမှာဘဲ



ကင်မရာအိပ်တလုံးပိုက်ပီး အဲလိုလှေမျိုးနဲ့ ကျနော်ပင်လယ်ထဲမှာ ၆လ-၁နှစ်နေခဲ့ဖူးသည်။



ကျွန်းပေါ်က ဆလုံရွာ
ဆလုံတို့သည် လှေနှင့်လှည့်လည်သွားလာရင်း
ကုန်ထုတ်နိုင်မှု ရာသီဥတု စသည့်တို့အရ တခါတရံ
ရွာတည်၍နေသည့်အခါနေသည်။
သို့သော် ထိုရွာတွင်နေစဉ် တစုံတယောက်သေလျှင်
ထိုရွာနှင့်ကျွန်းကို အလောင်းနှင့်အတူ စွန့်ထားခဲ့လေသည်။

ဆလုံရိုးရာနတ်ကွန်း








လူသေသောကြောင့်ရွာ(ကျွန်း)ကိုစွန့်ခွာလါသည့်
ဆလုံလှေတစု။

ငါးကိုရေငုတ်၍ စူးထိုးဖမ်းနည်းကို
ဆလုံလူမျိုး ကျား/မ /ကလေး/ လူအို
ဘယ်သူမဆို တတ်ကျွမ်းသည်။
ရေထဲကငါးကို ရေပေါ်မှာလှေနှင်သွားရင်း
သရေကြိုးတတ် သံစူးဖြင့် ပစ်ဖမ်း သည့်အခါဖမ်းသည်။


ကမ်းခြေတလျောက် ခရုကောက်နေသော ဆလုံမေပျို ၂ယောက်(ဟီးဟီး အရင်ကဆို အင်္ကျီဝတ်ဘူးဗျ)


သူတို့ကောက်တဲ့ခရု



အရင်ကဆို အိန္ဒိယနိုင်ငံ ပို့ဘလဲတွင်သွားရောင်းသည်






ဆလုံရိုးရာကပွဲ နွဲပျော်နေသည့်ဆလုံမေများနှင့်
ဒင်းကလေးအတွက် ရေထဲကငါးကို ဒိုင်ဗင်ထိုး၍
စူးနဲ့ထိုးနေတဲ့ မောင်ဆလုံလေးတွေ
သြော်..သဘာဝရဲ့ သဘာဝလေးတွေလေ..နော



သစ်ထွင်း ဆလုံလှေ







မြိတ်ကျွန်းစုတောင်ဖက်စွန်းက ၀ိတိုရိယအငူထိပ်မှာ
တည်တဲ့ ကော့သောင်မြို့



...............................................................................
Interesting General Links about Mergui archipelago:
"MERGUI MYEIK ARCHIPELAGO MYANMAR - BURMA""The Mergui Archipelago Project"
A very interesting website full of resources about Mergui archipelago and the people living there. The MAP has printed several excellent books on the subject."Mergui Archipelago, Biodiversity project" by ECoSwiss Website, an interesting resource about biodiversity in Mergui archipelago."Burma Sea Gypsies Compendium" By MAJE Project, another very interesting resource about Mergui and its Sea Gypsies.