11/27/2013

ထိုင်းနိုင်ငံဆိုင်ရာ နိုင်ငံရေး တုတ်ကွေး

ထိုင်နိုင်ငံမှာ ရေဘေး လေပြင်းမုန်တိုင်းအန္တရယ် စတာတွေ ကင်းစင်နေရင် ဖြစ်လေ့ရှိတဲ့  နိုင်ငံရေး တုတ်ကွေး ရောဂါကတော့ ပြင်းထန်တဲ့အဆင့်ကို ရောက်လာပြန်ပါဘီ။

လွန်ခဲ့တဲ့ ၃ နှစ်က လူတွေသေကြေခဲ့ရတဲ့ ဆန္ဒပြမှုတွေနောက်ပိုင်း နိုင်ငံရဲ့အဆိုးဆုံးအခြေအနေလို့ ဆိုနိုင်လောက်အောင် ၀န်ကြီးချုပ် ရင်လပ် ရှင်နာဝပ် အစိုးရ အဖွဲ့ကို ဆန့်ကျင်သည့် အကြီးမားဆုံး ဆန္ဒပြမှု တစ်ရပ် ဖြစ်ပြီး ဆန္ဒပြသူ ထောင်ပေါင်း များစွာ ပါဝင်နေပါတယ်။
အစိုးရကို ဆန္ဒပြသူတွေဟာ ထိုင်းနိုင်ငံအခွန်ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေထဲကို ၀င်ရောက်စီးနင်းထားခဲ့ကြပါတယ်။ 










ဆန္ဒပြသူ ထောင်ပေါင်း များစွာဟာ အစောပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြရန် မျှော်မှန်း ထားသော်လည်း နောက်ပိုင်းတွင် ဆန္ဒပြသည့် နေရာ အနီးရှိ လမ်းပေါ်တွင် စိုက်ထူထားသည့် အတား အဆီး များကို ဖျက်ဆီးရန် ကြိုးစားခဲ့သည့် အခြေအနေကြောင့် ဆန္ဒပြသူ များကို လူစုခွဲရန် အတွက် ရဲတပ်ဖွဲ့က မျက် ရည်ယို ဗုံးများ ပစ်ခတ် ခဲ့သည့် အခြေအနေ ရောက်လာသည်။

ပြည်တွင်း လုံခြုံရေး ဆိုင်ရာ အက်ဥပဒေ အရ ပိတ်ဆို့ ထားသော ဗန်ကောက်မြို့ လမ်းမများ ပေါ်တွင် ရဲတပ်ဖွဲ့ဝင် ၅ဝဝဝဝ ကျော် တပ်ဖြန့် ချထားသည့်အခြေအနေတွင်  ရဲတပ်ဖွဲ့သည်  နိုဝင်ဘာ ၂၅ ရက် အစောပိုင်းက ပထမ အကြိမ် အဖြစ် မျက်ရည်ယို ဗုံးများ ပစ်ခတ် ခဲ့သော်လည်း ဒဏ်ရာ ရရှိသူ တစ်ဦး တစ်ယောက်မျှ မရှိကြောင်း  နောက်ပိုင်းတွင်လည်း ဆန္ဒပြသူ များကို မျက်ရည်ယို ဗုံးများဖြင့် ဒုတိယ အကြိမ် မြောက် ပစ်ခတ် ခဲ့ကြောင်း သိရသည်။ 

  နိုဝင်ဘာ ၂၆ ရက်တွင် ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှီနာဝပ်က ဘန်ကောက်ခရိုင်အပါအ၀င် ခရိုင်၎ခုမှာ ပြည်တွင်းလုံခြုံရေးဥပဒေကို တနင်္လာနေ့က တိုးချဲ့ ပြဋ္ဌာန်းလိုက်သည်။

နိုင်ငံအုပ်ချုပ်ရေးကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့၊ အစိုးရလုပ်ငန်းတွေကို မထိခိုက်ဖို့၊ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းနိုင်ဖို့၊ နိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိန်းသိမ်းနိုင်ဖို့ ဘန်ကောက်ခရိုင်၊ နွန်ထရ ဘူရီခရိုင် အပါအ၀င် စမွတ်ပရာကန် ခရိုင် နဲ့ ပသုံဌာနီ ခရိုင်တွေ က နေရာတချို့ မှာ အမျိုးသားလုံခြုံရေးဥပဒေကို တိုးချဲု့ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်ဟု ကြေငြာသွားသည်။
ဝန်ကြီးချုပ်က ထိုင်းနိုင်ငံရဲ့ အဓိကလေဆိပ်ရှိတဲ့ စမွတ်ပရာကန် ခရိုင်ကို ပြည်တွင်းလုံခြုံရေးဥပဒေထဲမှာ ထည့်သွင်း ပြဋ္ဌာန်းခဲ့ပြီး အစိုးရရုံးဌာနတွေထဲအထိ အတင်းဝင်ရောက်ခဲ့တဲ့ ဆန္ဒပြသူတွေကိုတော့ အကြမ်းဖက်အင်အားသုံးပြီး နှိမ်နင်းမှာမဟုတ်ဘူးလို့ဆိုပါတယ်။
 ပြည်တွင်းလုံခြုံရေးဥပဒေဟာ စစ်တပ်ကို ညမထွက်ရအမိန့်၊ လုံခြုံရေး၊ စစ်ဆေးရေးဂိတ်တွေချခွင့်၊ ဆန္ဒပြသူတွေရဲ့ လှုပ်ရှားသွားလာမှုတွေကို ကန့်သတ်မှုတွေလုပ်နိုင်အောင် ခွင့်ပေးထားပါတယ်။



No comments:

Post a Comment