နှစ်ပေါင်း၁၀၀ စောပီး ကွယ်မယ့် အထောက်အထား
နီပေါနိုင်ငံ လုမ္ဗီနီရှိ မာယာဒေဝီ ကျောင်းတော်အား ရှေးဟောင်းသုတေသန မြေတူးပညာရှင်များက
နောက်ဆုံးရှာဖွေတူးဖော် တွေ့ရှိချက်များအရ ဗုဒ္ဓဖွားမြင်ရာ ရက်စွဲသည်
ရာစုနှစ်တခု ပိုပီးစောသည်ဟု ယူဆကြောင်း အမျိုးသား ပထ၀ီဝင်အသင်းကြီး (National
Geographic Society) အပါအ၀င် UNESCO အဖွဲ့ ဂျပန်နှင့် နီပေါအစိုးရများ၏ ထောက်ပံ့
ကူညီမှုဖြင့် လုမ္ဗနီမှ အခြေအနေများကို မှတ်တမ်း မှတ်ရာများ စုဆောင်းခြင်းနှင့်
အသောက ခေတ်လက် ကျန် အုတ်လွှာများ အောက်ကို တူးဖော်ပြီး သမိုင်းကို
စူးစမ်းလေ့လာခြင်းများ ပြုလုပ်နေသည့် လေ့လာသူအဖွဲ့ ခေါင်းဆောင်ဖြစ်သော
အင်္ဂလန်နိုင်ငံ Durham တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် Robin Coningham က ပြောကြားခဲ့သည်။
ခရစ်မပေါ်မှီ နှစ်ပေါင်း ၂၄၉က
အိန္ဒိယ ဧကရာဇ် အသောကမင်းတရား၏ ကဗ္ဗည်း ကျောက်တိုင် စိုက်ထူကာ ဗုဒ္ဓဘာသာဝင်များ
အထွဋ်အမြတ်ထားရာဖြစ်သော သံဝေဇနိယ လေးဌာန အနက်မှ တခု ဖြစ်လာသည့် လုမ္ဗီနီဥယျဉ်သည် မယ်တော်ဖြစ်သူ
မာယာဒေ၀ီက သစ်ပင်တပင်ကို ဆုပ်ကိုင်အားယူရင်း ဗုဒ္ဓဖြစ်လာမည့် သိဒ္ဓတ္ထ မင်းသားကို မွေးဖွားခဲ့သည့် ဥယျာဉ်နေရာဖြစ်သည်။မူလ သမိုင်းမှတ်တမ်းများအရမူ ဂေါတမဗုဒ္ဓဘုရားလောင်းတော် သိဒ္ဓတ္တမင်းသားသည်
သေတကေတုနတ်သားဘ၀မှ စုတေ၍ မယ်တော်မာယာ၏ ၀မ်းကြာတိုက်၌ မဟာသက္ကရာဇ် ၆၇ ခု၊ ၀ါဆိုလပြည့် ကြာသပတေးနေ့၌ ပဋိသန္ဓေယူပြီး မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်သည်။ (ခရစ်တော်မပေါ်မီ သက္ကရာဇ် ၅၆၇ ခုနှစ်တွင် ဖြစ်သည်။) ဘုရားလောင်းသိဒ္ဓတ္တသည် မဟာသက္ကရာဇ် ၉၇ ခု၊ သက်တော် ၂၉ နှစ်တွင် တောထွက်တော်မူသည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဘုရားစင်စစ်ဖြစ်တော်မူသည်။ သက်တော် ၈၀ ၊ သက္ကရာဇ် ၁၄၀ ခုနှစ်တွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။ (ခရစ်တော်မပေါ်မီ သက္ကရာဇ် ၄၈၇ ခုနှစ်တွင် ဖြစ်သည်။)
ယခုတွေ့ရှိချက်က တမျိုးပြောလေပြီ။ ထိုတွေ့ရှိချက်မှန်ကန်လျှင် ဘုရားသာသနာဟာ နှစ်ပေါင်း ၅၀၀၀ တည်တံ့မယ်လို့ ဘုရားရှင် က ဟောပြောခဲ့ကြောင်း အဆိုရှိရာ သာသနာကွယ်ရန် ရာစုတခု စောသွားလေပြီ။
ဗုဒ္ဓဘာသာဝင်များ မဂ်ညဏ် ဖိုလ်ညဏ် နိဗ္ဗာန် ရစေဖို့ ဆောင်ရွက်ဖို့ ကာလတိုသွားဘီ ဖြစ်ကြောင်း။
No comments:
Post a Comment