12/10/2013

ထိုင်း နိုင်ငံရေး



ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်က ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက် တင်မြောက်ခံ သူ့ အစိုးရ နုတ်ထွက်ဖို့ အတိုက်အခံတွေ အထူးသဖြင့် ဒီမိုကရက်ပါတီ ခေါငးဆောင်တွေရဲ့ နည်းမျိုးစုံ ပေးနေတဲ့ဖိအားကို ဆန့်ကျင်ငြင်းဆန်ရင်း
ထိုင်းလွှတ်တော်ကို ၂၀၁၃ ဒီဇင်ဘာလ ၉ရက်နေ့ နံနက် ၈း၄၅နာရီမှာ ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။

အနီကထောက်ခံတဲ့ပါတီ အစိုးရဖြစ်ရင် အ၀ါက သဘိတ်မှောက်မယ် ဆန္ဒပြမယ်။ အ၀ါဖက်က လိုလားထောက်ခံသူ ရွေးကောက်ခံအစိုးရ ဖြစ်လာရင် အနီက ဆန္ဒပြဆန့်ကျင်မယ် အပြုတ်တိုက်မယ်။ ဗမာလိုပြောရရင် ဂျာအေးသူ့အမေရိုက် ဇတ်လမ်းက ဆုံးစမမြင် တွဲလဲနေပါအုံး မိုးတောင်ကချုန်းတုန်းပါ။
ဒါပေမဲ့ ဒီတချီ ဇတ်လမ်းတွဲက ဇတ်အခင်းအကျင်း ဆန်းသစ်သည်။ ဇတ်လမ်းသရုပ်ဖေါ် အဓိကမဟုတ် ဇတ်ကောင်စရိုက် အဓိက သရုပ်ပေါ်သည်။

ဒီမိုကရက်ပါတီကို ထောက်ခံသည့် ခရိုင် (၁၉) ခရိုင်ခန့်အား အမာခံပြုပြီး ထိုင်းတစ်နိုင်ငံလုံး အနှံ့မှ လာရောက် ဆန္ဒပြမည့် အင်အား တစ်သန်းနဲ့ ၂ရက်အတွင်း အစိုးရကို ဖြုတ်ချဖို့  လှုံ့ဆော်ထားခဲ့ သော်လည်း အင်အားသိန်းဂဏန်းမျှနှင့် သတင်းပတ် နှစ်ပတ်ကြာ လမ်းမပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြပြီးနောက် အတိုက်အခံ ဒီမိုကရက်တစ်ပါတီသည် ဒီမိုကရေစီနည်းလမ်းများကို ဆန့်ကျင်ချိုးဖေါက်နေကြောင်း သရုပ်ပေါ်သည့်ဘ၀ကို ရောက်သွားသည်။

၂ဝဝ၆ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းပြီး သက်ဆင်ကို ဖြုတ်ချပစ်ခဲ့တဲ့ နောက်ပိုင်း မှာလည်း ကျင်းပသမျှ ရွေး ကောက်ပွဲတွေမှာ Thai Rak Thai ပါတီကို အသွင်ပြောင်းတစ်ဖြစ်လဲ ထားတဲ့ သက်ဆင်လိုလားတဲ့ ပါတီ ကချည်းပဲ အနိုင်ရခဲ့လို့ တက်လာသမျှ သက်ဆင်ဘက်တော်သား ဝန် ကြီးချုပ်တွေကို အကြောင်းအမျိုးမျိုးပြပြီး ဖြုတ်ချပစ်ခဲ့ကြရလို့ စစ်တပ်နဲ့ အပေါင်းပါတွေက ဒီပွဲကို လက်မလျှိုခြင်ကြဘူး။
ယင်းလပ် အစိုးရအဖွဲ့ကို အယုံအကြည် မရှိကြောင်း မဲခွဲ ဆုံးဖြတ်ဖို့ အတိုက်အခံ  ဒီမိုကရက်ပါတီ အမတ်များက ထိုင်း လွှတ်တော်တွင်း နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင် ကြိုးပမ်း လုပ်ဆောင်ခဲ့်ပြီး ၂၈ ရက်နေ့ လွှတ်တော်တွင်း မဲခွဲရာတွင် အယုံအကြည်မရှိ အဆိုရှုးံနှိမ့်ခဲသည်။
ဒီမိုကရက်ပါတီဟာ ပီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အာဏာရပါတီဖြစ်တဲ့အပြင် စစ်တပ်က ထောက်ခံထားတဲ့ ကြားက သက်ဆင် ရဲ့နှမဖြစ်တဲ့ ယင်လပ်ရှင်နာဝပ်( Yingluck Shinawatra )ကို မဲအပြတ်အသပ် ရှုံးထားလေတော့ ရွေးကောက်ပွဲနဲ့လဲ စိမ်ခေါ်ဖို့ မရဲဘဲဖြစ်နေပါတယ်။

ဒီမိုကရက်ပါတီဟာ ထိုးစစ်ဆင်ဖို့ အသေအခြာပြင်ဆင်ထားကာ လွတ်တော်အပြင်က တိုက်ပွဲဝင်ဖို့ ပြည်သူ အာဏာဖီဆန်မှု အမည်တပ်ကာလုပ်ဆောင်ရန် ဒီမိုကရက်တစ် လွှတ်တော် အမတ် ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဆူတက်တောင်ဆူဘန်နဲ့ အခြားသော အတိုက်အခံ အမတ်များ အမတ်ရာထူးကို စွန့်လွှတ်ပီး ဆန္ဒပြဆန့်ကျင်မှုကို ဦးဆောင်ကာ ဆန္ဒပြသမားများ၊ ဘဏ္ဍာရေး ဝန်ကြီးဌာနကို ဝင်ရောက် စီးနင်းဖို့ လှုံ့ဆော်ခဲ့ပါတယ်။ ဘန်ကောက် တိုင်းရဲချုပ်ရုံး သိမ်းပိုက်ဖို့ အတွက် ကြိုးစား တာကြောင့် ရဲနဲ့ ထိပ်တိုက် တွေ့ပြီး ရဲကနေ မျက်ရည်ယ်ုဗုံးတွေ  ရာဘာ ကျည်ဆံတွေ သုံးရတဲ့ အထိ ဖြစ်ခဲ့ရ ပါတယ်။

နောက်ဆုံးတော့ လူသေဆုံး ဒဏ်ရာရမှုများ ဖြစ်ပေါ်နေသော ဆန္ဒပြမှုများအတွက် ဆန္ဒပြ ခေါင်းဆောင် စူထေ့ပ်ကို အစိုးရက နိုင်ငံတော် ပုံကန်မှုနဲ့ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ နောက်ထပ် ခေါင်းဆောင် ၄ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်လိုက် ပါတယ်။



သူ့ကို ပြည်သူက လိုလားတယ် မလိုလားဘူး ရှင်းရှင်းသိအောင် ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်ပေးပါ့မယ်လို့ ဟိုအမျိုးသမီးက ပြောတော့ ဒီလိုလဲမဟုတ်ပြန်ဘူး။ ပြည်သူကမလိုလားလို့ အစိုးရ နုတ်ထွက်ဖို့ဘဲ ဇွတ်တောင်းဆိုနေပေမဲ့ ပြည်သူဆိုပီး အနယ်နယ် ကစုလာတာ သိန်းဂဏန်း လက်ရှိဝန်ကြီးချုပ်ကို ထောက်ခံထားတာက လူဦးရေ ၆သန်းနီးပါးရှိတဲ့ ဗန်ကောက်တမြို့ထဲတင် ၃သန်းမကဘူး။

ဒါပေမဲ့ ယင်လပ်ရဲ့ဗျူဟာကတမျိုး သမားရိုးကျတုံ့ပြန်မှုမျိုးမဟုတ်။ အစကနေအဆုံး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့အတွက် တံခါးဖွင့်ထားဆဲဖြစ်တဲ့အကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း ဥပဒေနဲ့အညီ လုပ်ဆောင်နိုင်သမျှ ဆွေးနွေးမှုတွေကို လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း ပြောဆိုထားသည်။
အစိုးရ ၀န်ကြီးဌာနတွေ ရဲဌာနချုပ်တွေကို ကာကွယ်ဖို့ အစိုးရမှာ တရားဥပဒေ ဘောင်အတွင်းက လုပ်ပိုင်ခွင့်တွေ အပြည့်ရှိပေမဲ့ အသုံးမပြုခဲ့။
ဝန်ကြီးချုပ် ရုံးနဲ့ ဘန်ကောက် တိုင်းရဲရုံး အရှေ့မှာ သွပ်ဆူး ကြိုးတွေ ကွန်ကရစ် တုံးတွေနဲ့ အဆင့်ဆင့် ကာထားကာ အတွင်းပိုင်းမှာ ရာချီတဲ့ ရဲတွေက ဒိုင်းတွေ ကာပြီး ကာကွယ်ထားသည်ကို ဆန္ဒပြသူတွေက သွပ်ဆူးကြိုး တွေကို သဲအိပ်တွေနဲ့ ဖိချပြီး ဝင်ဖို့ကြိုးစားကြပါတယ်။ ကွန်ကရစ် တုံးကြီးတွေကို မ ထုတ်ဖို့ အတွက် ဘက်ခိုး မြေတူး ကားကြီး မောင်းလာ ပြီး ဆွဲထုတ် တာပါ။ အဲ့ဒီ အချိန်မှာ ရဲက မျက်ရည်ယို ဗုံးနဲ့ ပစ်လိုက်၊ မျက်ရည်ယို ဓါတ်ငွေ့ ရောစပ် ထားတဲ့ မီးသတ်ပိုက် ရေနဲ့ ထိုးပက်လိုက်နဲ့ နောက်ဆုံး မှာ ရာဘာ ကျည်နဲ့ ပစ်ခတ်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ တနေ့လုံး လိုလိုပဲ ဆန္ဒပြ သူတွေက ရှေ့တိုးလိုက် ရဲက ပစ်လိုက်နဲ့ ဖြစ်နေခဲ့ပီး
နောက်နေ့မနက်မှာတော့ သွပ်ဆူး ကြိုးတွေ ကွန်ကရစ် တုံးတွေကို အစိုးရဖက်ကဖယ်ပေးလိုက်ခြင်းဖြင့် နောက်ထပ်
သေကြေ အနာတရဖြစ်ခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် အတိုက်အခံ ခေါင်းဆောင်တွေ ခေါင်းမာလေ လူအကြည်ညိုပျက်လေ ဖြစ်စေပါတယ်။

လွှတ်တော်ဖက်မှာတော့ စူထေ့ပ်ရဲ့လုပ်ရပ်နဲ့ ဒီမိုကရက်တစ်ပါတီကိုခွဲပြထားရာကနေ ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်အမတ် ၁၅၃ စလုံး နှုတ်ထွက်ပီး စူထေ့ပ်နဲ့ အတူ ဆန္ဒပြပူးပေါင်းကြပါတယ်။
တကယ်တော့ ဒါဟာလဲ ထိရောက်တဲ့အဆင့်မရပါဘူး။ ပါလီမန် အမတ်နေရာ ၅၀၀မှာ ယင်လတ် ရှင်နာဝပ်ရဲ့ပါတီက အမတ်နေရာ ၂၆၀ အပြင် တသီး ပုဂ္ဂလအမတ်များနဲ့ ပါတီငယ်လေးတွေကို  ညွန့်ပေါင်းဖွဲ့ထားဒါကြောင့် ပါလီမန်အသက်ဝင်ဖို့ အဘီဆစ် ၀ဇ္ဇာ ဇီဝနဲ့ သူ့အမတ်မင်များ မရှိလဲ မှုစရာမရှိပါဘူး။
အဘီဆစ်တို့အနေနဲ့လဲ ပါလီမန်ထဲ မနိုင်ဘဲထိုင်နေမဲ့အစား စူထေ့ပ်နဲ့ အတူ ဒီမိုကရတ် ပါတီ က ခေါင်းဆောင် ကို ဦး ဦးစီး တဲ့ 9 March ချီတက် ပွဲ ကိုအားဖြည့်ပီး ယင်လပ် နှုတ်ထွက် သည် ထိ  နောက်ဆုံး တိုက်ပွဲ  ၀င်ကြ ဖို့ ပါ။
သို့သော် ယင်လတ်ရဲ့အကွက်ဆန်းက ပါလီမန်ကို ရုပ်သိမ်းခြင်းနဲ့ ပြည်သူတွေကို အာဏာပြန်အပ်လိုက်ခြင်းဖြင့် လတ်တလော ဖြစ်လာနိုင်တဲ့ ရုန်းရင်းဆန်ခတ်မှု သွေးထက်သံယိုမှု ဆုံးရှုံးကြေကွဲမှုတွေနဲ့ ထိခိုက်နစ်နာစေနိုင်တဲ့ တိုင်းပြည်ရဲ့စီးပွားရေးကိုလဲ  ဆယ်မ သွားခဲ့တာပါ။ ရွးကောက်ပွဲမှာ ပြန်ဝင်ရင်လည်း နိုင်မှာသိရက်နဲ့ ဝင်မရွေးတော့ဖူးလို့ ပြောသွားတာဟာ ရွေးကောက်ပွဲပြန်လုပ်လဲ ရှုံးဦးမှာဘဲဆိုတာသိလို့ ခြေကန်ငြင်းပီး ပွဲဆူအောင် လုပ်နေတဲ့ ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးး သင်းကွပ်သွားသလိုပါဘဲလို့ ကျနော်တို့ဝ်းထဲက ကုန်စုံ စတိုးရောင်းတဲ့ အမျိုးသမီးကပြောပါတယ်။

ဈေးဝယ်ရင်း ရွေးကောက် ပွဲဘယ်တော့လဲလို့ ကျနော်ကမေးလို့ ၂၀၁၄ခု ဖေဖော် ၀ါရီ လ ၂ ရက် နေ့  မှာ ကျင်း ပ မှာ ဖြစ်ကြောင်း ပြောပြရင်း နှိပ်ကွပ်သွားတာပါ

No comments:

Post a Comment