12/11/2013

၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ


ဖွင့်ပွဲအခန်းအနား



Sea Games ဖွင့်ပွဲ မကြည့်လိုက်ရတဲ့သူများ အတွက်ပါ

 ဟာဂျူလီ ကသာ
ထင်မထားဘူး၊ ချီးကျူးပါတယ်၊
ဆီးဂိမ်းစ်ဖွင့်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်နဲ့ သိကျွမ်းသလောက် အာဆီယံ ဒေသတွင်းက သတင်းထောက်တွေကို ဘယ်လိုမြင်လဲ အင်ဒိုဆီးဂိမ်းစ်တုန်းကနဲ့ ဘာကွာလဲ မေးမြန်းကြည့်မိတယ်။ ရလဒ်ကတော့ ကျွန်တော်တို့ တိုင်းပြည်နဲ့လူမျိုးအတွက် ဂုဏ်ယူစရာပါပဲ . . . . ဒီလောက်ခမ်းနားတဲ့ ဆီးဂိမ်းစ်ဖွင့်ပွဲ အခမ်းအနားကို တစ်ခါမှ မမြင်ဖူးဘူးတဲ့ . . . အိုလံပစ်ဂိမ်းဖွင့်ပွဲကြနေတာပဲတဲ့ . . . .။ မြန်မာနိုင်ငံ အနေနဲ့ ဆီးဂိမ်းစ်ဖွင့်ပွဲ အခမ်းအနားကို ဒီလောက် ငွေကြေးအကုန်အကျခံပြီး . . . . လူအင်အား . . . .ပစ္စည်းကိရိယာ စုံစုံနဲ့ လုပ်နိုင် လိမ့်မယ်လို့ ထင်မထား မိဘူးတဲ့ . . . ။ နောက်ဆုံး တစ်ယောက်ကတော့ ပြတ်ပြတ်သားသားပဲ မင်းတို့နိုင်ငံက တော်တော်ချမ်းသာတာပဲတဲ့ . . . . .. . နိုင်ငံရေး အကူးအပြောင်း ကာလမှ အဘက်အဘက်မှာ ယို့ယွင်းနေဆဲ့ ကာလ ဖြစ်နေတဲ့မို့ ဒီလောက် ဘဏ္ဍာငွေတွေ မသုံးသင့်ဘူးလို့ ဝေဖန်ကြသူတွေရှိတယ်။ ကျွန်တော်ကတော့ ဒီလိုမြင်တယ် . . . နှစ်ပေါင်းများစွာ မြန်မာလို့ပြောလိုက်ရင် အာဆီယံ ဒေသတွင်း နိုင်ငံသား အချင်းချင်းကတောင် အနှိမ်ခံခဲ့ရတဲ့ ကျွန်တော်တို့ လူမျိုးအတွက် ပြန်လည် ဂုဏ်ယူရမယ့် အချိန်ကို ရောက်လာတာပါပဲ။ ပြည်သူတွေ အားလုံးမှာရှိနေတဲ့ အငုံစိတ်လေးကို ဖွင့်ပေးလိုက်နိုင်တဲ့ အတွက် ငွေကြေးဘယ်လောက်ကုန်ကုန် တန်တယ်လို့ပြောချင်တယ်။ ဒါပေမယ့် ဒါကို အငုံစိတ်ပျောက်ပြီး ဂုဏ်ယူနေရုံနဲ့ မပြီးဘူး။ ဆီးဂိမ်းစ်ထက်ကြီးမားတဲ့ Asian Games လိုပြိုင်ပွဲတွေကနေ ကမ္ဘာအဆင့်ပြိုင်ပွဲတွေပါ ဆက်ကျင်းပနိုင်ဖို့ဆိုရင် ကျွန်တော်တို့ အားလုံး ပိုကြိုးစားဖို့ ပိုပြီး အလုပ် လုပ်ကြဖို့လိုမယ် ထင်တယ်။ Congratulations ...... Officials


ဆီး ဂိမ်း မှ တာဝန်ရှိသူများ အခန်း၊

သူ့ ကျွန်မ ခံပြီ ဇာတ်လမ်းကို ပြန်မှန်းသတိရနေပါသည်။






 ရာဇာဓိ ရာဇာ
အရှေ့တောင်အာရှနိုင်ငံများ အားကစားပွဲ အတွက် ဖွင့်ပွဲနဲ့ ပိတ်ပွဲ အပါအဝင် ပွဲစဉ်တွေ အတွက် နည်းပညာ အကူအညီ ဒေါ်လာ သန်း ၃၀-ကျော်ဖိုးကို တရုတ်ကြီးက အကူအညီပေးခဲ့ပါတယ်။ မြန်မာ အားကစားသမားတွေကိုလည်း လေ့ကျင့်ပေးခဲ့တယ်။ တရုတ် ဒု-သမ္မတ လျူယန်တုန်ကလည်း ဖွင့်ပွဲကို တက်ခဲ့တယ်။ ကူညီခဲ့တဲ့ သူဟာ တရုတ်ကြီးမဟုတ်ပဲ အမေရိကန် သို့မဟုတ် ဗြိတိန်ဖြစ်ခဲ့မယ် ဆိုရင်လည်း ဝမ်းသာရမှာပါ။ ဒါပေမယ့် အကူအညီက သူတို့တွေဆီက မလာဘူးလေ။ လာခဲ့ရင်လည်း ကြိုတင်သတ်မှတ်ချက်လေးတွေက ရှိနေတယ်။ ရိုလိမ်ဂျာကို တိုင်းရင်းသား အဖြစ် သတ်မှတ်ပေး ရမယ် ဆိုသလိုမျိုးပေါ့။ အနောက်အုပ်စုတွေက မီဒီယာ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဆိုတဲ့ နေရာတွေမှာ ငွေကို ပုံအောတယ်။ တရုတ်ကြီးက အစိုးရ ပေါ်လစီပိုင်းမှာ ငွေထည့်တယ်။ ၂-ဖက်စလုံးကတော့ သူတို့ အကျိုးစီးပွါးအတွက် လုပ်ကြတာချည်းပဲ။ ဘာပဲပြောပြော တရုတ်ကြီး ဒီတစ်ခါ ကူညီတာ မြန်မာပြည်သူတွေ အတွက် အမြတ်ထွက်သွားတယ်လို့ ပြောရမယ်။ မကျေနပ်လည်း မတတ်နိုင်ဘူး။
 

No comments:

Post a Comment