1/30/2014

”ထိုင်းအခြေအနေနှင့် ကိုဗက ၏ အတွေးများ“






လနှင့်ချီသော ထိုင်းအတိုက် အခံများ၏ ကန့်ကွက် ဆန္ဒပြမှု သည် လောလော ဆယ် အခြေ အနေ တွင်  ဆန္ဒပြ ပွဲမှ သွေးထွက် သံယို မှုများ တစတစ ကြီး ထွား လာနေရာ ထိုင်းကြည်းတပ် အကြီး အကဲ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က လက်ရှိနိုင်ငံရေး အကျပ် အတည်း အနေ အထား မျိုး၌  တိုင်းပြည်တွင် ပြည် တွင်းစစ်ဖြစ်လာ နိုင်ဖွယ် ရှိသည်ဟု သတိပေး ပြောကြား ခဲ့ပါသည်။ (ပြည် တွင်းစစ်ဖြစ်လာလျှင် စစ်တပ်တွင် တာဝန်အများကြီးရှိမည်။ ထိုင်းစစ်တပ်သည် အစဉ်အဆက်က နိုင်ငံရေးတွင် ကြားဝင် စွက်ဖက် ဆောင်ရွက် မှုများ ရှိခဲ့ဘူး သော်လည်း ဝန်ကြီးချုပ် ယင့်လတ်နှင့် ဆန္ဒပြသူ များ ကြားယနေ့အထိ ဝင်ရောက် စွက်ဖက်ခြင်း မရှိသေးပေ။ ပုံမှန်အားဖြင့် စစ်တပ်သည် လက်ရှိအစိုးရအား အကာအကွယ်ပေးရမည် တာဝန်ခံရမည် နာခံရမည် ဖြစ်သော်လည်း ဆန်ကျင် အာဏာသိမ်းခြင်း မပြုသည်မှအပ ဘေးမှ ငုတ်တုတ်ကြီး ထိုင်ကြည့်နေသည်မှာ သဘာဝမကျပေ။)





ပြီးခဲ့သောလက လက်နက်ကိုင် ရဲတပ်ဖွဲ့ဌာနချုပ် အပါအ၀င် အစိုးရ၏ ၀န်ကြီးဌာနရုံးများကို ၀င်ရောက်စီးနင်းခြင်း အများပြည်သူ အနှောက်အယှက်ဖြစ်စေရန် လမ်းများပိတ်ဆို့ခြင်း ခိုက်ရန်ဖြစ်ပွါးအောင် လှုံ့ဆော်ခြင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို ဖမ်းထားမည်ဟု ခြိမ်းခြောက်ခြင်း ဖမ်းဆီးရန် ကြိုးစားခြင်း စသည်ဖြင့် ဥပဒေချိုးဖေါက်နေသည့် အတိုက် အခံခေါင်းဆောင်များကို အင်အားသုံးဖမ်းဆီး နှိမ်နှင်းမှ ဖြစ်တော့မည့်အခြေအနေတွင်၊ အတိုက်အခံတို့က ရှေ့တန်းတွင်သုံးထားသော တိုင်းပြည်သူပြည်သားများ သေကြေ ဒဏ်ရာရမည်စိုးသောကြောင့်ဟု ကြေညာကာ ၀န်ကြီးချုပ် ယင်းလတ် ခေါင်းဆောင်သော ထိုင်းအစိုးရသည် ပြီးခဲ့သည့် ဒီဇင်ဘာ ()ရက်နေ့တွင် လွှတ်တော် ဖျက်သိမ်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ အစိုးရအသစ်တခုလက်သို့ အာဏာလွဲအပ်ဖို့် ဖေဖေါ်ဝါရီလ () ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ (ထိုစဉ်က ဥပဒေချိုးဖေါက်နေသော ဆူပူအောင် လှုံ့ဆော်နေသော အတိုက် အခံခေါင်းဆောင်များကို မဖမ်းဆီးခဲ့သဖြင့် ယခုမှဖမ်းရန် မလွယ်တော့ စစ်ပွဲတခုစာ လူများ ထိခိုက်ကြေပီးမှ ဖမ်းနိုင်တော့မည်။)

သို့သော် အတိုက် အခံပါတီဖြစ်သော ဒီမိုကရက် တစ်ပါတီက ရွေး ကောက်ပွဲကို သပိတ် မှောက်ပြီး ဆန္ဒပြသူများက ဆက်လက် ဆန္ဒပြကြသည်။(ဒီမိုကရက် တစ်ပါတီသည် ရွေးကောက်ပွဲဝင်လျှင်လည်းရှုံးမည်သေခြာပီး ဆန္ဒပြသူများက ဆက်လက် ဆန္ဒပြကြသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ယင်းလတ် အစိုးရသည် လာမည့် အစိုးရ သစ်ဖွဲ့နိုင်သည်အထိ ရှိနေဦးမည်ကို မလိုသောကြောင့်ဖြစ်သည်။)









ကြည်းတပ်ပြည်သူ့ဆက်ဆံရေးရုံးဝင်းထဲ ချလိန်မ် (အလုပ်သမားဝန်ကြီး) ရောက်နေတယ်ဆိုလို့ ဖမ်းဖို့စစ်တပ်ဝင်းထဲအထိ ထိုးဖေါက်ဝင်လာသော ဆန္ဒပြသူလူစုဝေး...










အတိုက်အခံ များသည်  လူထု ကောင်စီ အဖွဲ့ မျိုး ဖွဲ့ပြီး တိုင်းပြည်ကို ယာယီတာဝန်ယူစေသည့် နည်းဖြင့် တိုင်းပြည် နိုင်ငံရေး ပုံစံ အပြောင်း အလဲ ကို ဆောင်ရွက်စေချင် နေကြခြင်း ဖြစ်ပါသည်။ (လူထု ကောင်စီ အဖွဲ့ဆိုတာက သူတို့ (အတိုက်အခံ)က ဖွဲ့မှာ။ တည့်တည့်ပြောရရင် လူအုပ်နဲ့ ပိတ်ဆို့အကြပ်က်ုင်ပီး အာဏာလုတာ)။
အတိုက်အခံ များသည်  ရွေးကောက်ပွဲဝင်လျှင်လည်းရှုံးမည်ဟု တထစ်ချသဘောပိုက်ကာ ၂ဝ၁၄ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ရွေးကောက် ပွဲ မလုပ်နိုင်အောင် နှောက်ယှက်နေမည်ဖြစ်ပီး  ထိုင်းရွေး ကောက်ပွဲ ကော်မီရှင် သည် ရွေးကောက်ပွဲ  ရက်အား အကန့် သတ်မဲ့ရွေ့ ဆိုင်းရန် ဒုတိယ အကြိမ်ထပ်မံ တောင်း ဆိုထားပြန်ရာ ငါ့ဘုရားကလည်း မယားဖက် ခပ်ပါပါဟု ဆိုမလိုဖြစ်နေသည်။

ယခုအရေးအခင်းကို အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းဖို့ မဖြစ်နိုင်သလောက် အခက်အခဲရှိနေပီး အရေးအခင်းသည်လည်း ရှည်နေသမျှ တိုင်းပြည်မှာ နစ်နာသည်ထက် နစ်နာသွားမည်မလွဲပါ။ (ဤအရေးအခင်းပြီးရန် အမြန်လုပ်သင့်သည်မှာ စစ်တပ်မှအာဏာသိမ်းရန်ဖြစ်သည်။ အာဏာသိမ်းပီး စစ်တပ်အနေနှင် မလွဲမသွေ လုပ်ရမည့်အလုပ်မှာ ကမ္မနမ်-စူထစ်နှင့် တာဝန်ရှိ အတိုက်အခံခေါင်းဆောင်များကို ဖမ်းဆီးအရေးယူရမည်။
ထိုနောက် ရွေးကောက်ပွဲကို စစ်တပ်မှတာဝန်ခံကျင်းပပေးကာ အနိုင်ရပါတီအား အာဏာအပ်ရမည်။ လက်ရှိ နိုင်ငံရေး တင်းမာ မှု များ သည် ဖွဲ့စည်း ပုံအား နည်းချက် ကြောင့် ဖြစ် သည့်အ တွက် ဖွဲ့  စည်း ပုံပြင် ရေးကို တောင်း ဆို နေ ကြ ခြင်း ဖြစ်သဖြင့် ဖွဲ့ စည်းပုံကို ၂ နှစ်အတွင်း အပြီးပြင် ဆင်ရန် စစ်တပ်မှကြီးကြပ်ဆောင်ရွက်ပေးဖို့ လိုသည်။






ရာမ(၄) လမ်းမ လုံမဏီ ပန်းခြံနားက ပိတ်ဆို့ရေးစခန်း

ဟိုးနောက်ကစင်က တရားဟောစင်။

စင်ရှေ့ကလူစည်စည်စုစုကတရားနာပရိတ်သတ်(နေ့လည်ခင်းဆိုတော့  လူကသိပ်မစည် ညကျတော့ စတိတ်ရှိးနဲ့









စီးလုံလမ်းထဲမှာ


လမ်းပိတ်ထားတာဆိုတော့ လမ်းမပေါ် စပါးတက်လှန်းနေသူ အားးး ယောင်လို့ ကားလမ်းမပေါ်ဈေးခင်းရောင်းနေကြတာ ဘုရားပွဲတော်ကဈေးခင်းလောက်တော့ ပျင်းသေးတယ် ။

















ကခါက ကျနော် ပို့စ်တခုမှာ ရေးဖူးသလို ကျနော်တို့က လူစုစုမြင်ရင်  စက်သေနတ်နဲ့ ပစ်တတ်တဲ့တိုင်းပြည်ကလာတာဆိုတော့ သပိတ်စခန်း အလည်ခေါင်တည့်တည့်မှာ ရောက်နေတာ သေနတ်နဲ့ချိန်ထားတဲ့ စစ်သားလဲမရှိ ဖမ်းပီး အချုပ်ကားပေါ်အတင် ဘုန်ကြီးနဖူး နံပါတ်တုတ်နဲ့စောင့်ရိုက်မဲ့ပုလိပ် ခြေထောက်နဲ့ လည်ပင်းနင်းမဲ့ စွမ်းအားရှင်လဲမတွေ့ ပျင်းခြောက်ခြောက်နဲ့ ဘ၀င်သိပ်မကျခြင်။










 ရောင်စုံကြိုးနဲ့ အမှတ်တရ ပစ္ဒည်းလေးတွေ ထိုင်ထိုးရောင်းနေတာယူမလား


ရင်မခုံရဘဲ ပြန်အထွက်






သူများတကာကို အနားမသွားနဲ့နော် သတိအတန်တန် ပေးပီး နှင့်ကျတော့ဘာသွားရွတာလည်း ဆိုတော့ မသွားမဖြစ် သွားရမဲ့ နေရာက အဲဒီနားမှာ။
အိမ်က ၉နာရီမထိုးသေးဘူး ထွက်တာ ဟိုကပိတ် ဒီဘက်ရှောင် ပါတ်မောင်းလိုက်တာ ၁၁နာရီကျော်မှ ၁၇ကီလိုခရီးကိုရောက်တယ်။ ရောက်ပေမဲ့ ပိတ်ဆို့ရေးစခန်း ကို အလျားလိုက်ဖြတ်လျောက်ရသေးတယ်။ ဒါကြောင့်..








မာဘွန်ခရာင်းဖက် အ၀င်။




အခုဖြစ်ပျက်နေတဲ့ ထိုင်းနိုင်ငံရေးအခြေအနေကို မြန်မာပြည်ကလာတဲ့ မိတ်ဆွေများနဲ့ စကားပြောကြည့်တဲ့အခါ လမ်းမပေါ် ထွက်လာတဲ့ လူအုပ်ကြီးကြောင့် အစိုးရ အခက်အခဲတွေ့နေတာကို မြန်မာ့အရေးအတွက် အားကျ အတုယူစရာဟု အမြင်ရှိသူတွေ တွေ့ရပါတယ်။

အတိုက် အခံ ဆန္ဒပြ သမားများ က ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်း မှ စ၍ ဗန်ကောက် မြို့တော်ရှိ လမ်းမများ ကို ပိတ်ဆို့ကာ အဓိက အရေးပါ သော လမ်းဆုံ လမ်းခွများ ကို သိမ်းယူ ခဲ့ပြီး အတား အဆီး များ တည်ဆောက် ခဲ့ကြသည်။၎င်း တို့၏ လိုလားချက် မှာ လက်ရှိ အစိုးရ ကို ဖယ်ရှား ပြီး ရွေးကောက် တင်မြှောက် ခံရန်မလိုသည့်  ပြည်သူ့ ကောင်စီ ဟု အမည်ပေးမည့် ကော်မတီတစ်ရပ် ဖြင့် အစားထိုး သွားရန် ဖြစ်သည်။

ဒီမိုကရေစီကျင့်စဉ်မှာ မလွဲမသွေ လိုက်နာကျင့်သုံးရတဲ့ အခြေခံမူ (Principles) တွေ ရှိသည်။ အကြမ်းအားဖြင့်ဆိုရင် တန်းတူညီမျှမှု ရှိရမည်။ လွတ်လပ်ခွင့် ရှိရမည်။ ပွင့်လင်းမြင်သာရမည်။ တာဝန်ခံမှု ရှိုရမည်။

တဆက်တည်းမှာပင် သဘောကွဲလွဲမှုကို လက်ခံဆွေးနွေးရမယ်။ သဟဇာတဖြစ်အောင် နေရမယ်။ အများသဘောကို လိုက်လျောပြီး အနည်းစုသဘောကို အလေးထားရမယ်။ အပြန်အလှန် ထိန်းကျောင်းတည့်မတ်မှု ရှိရမယ်။ တရားဥပဒေ စိုးမိုးမှု ရှိရမယ်။ လူ့အခွင့်အရေးတွေကို လေးစား လိုက်နာနိုင်ရပါမယ်။ ဒါတွေကို ပြည်သူတဦးချင်းကပါ ကျင့်သုံးရပါ တယ်။ အစိုးရကလည်း ကျင့်သုံးရပါတယ်။ ပြည်သူရော အစိုးရကပါ တတိုင်းပြည်လုံး ကျင့်သုံးရမှာ ဒီမိုကရေစီနိုင်ငံရဲ့ စံနှုံးပါဘဲ။ ပြည်သူ့ဆန္ဒနဲ့ အသိအမှတ် ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ ဘောင်ထဲမှာ မဲသာသော ဆုံးဖြတ်ချက်ကိုသာ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ လိုက်နာ ကျင့်သုံးရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင် လက်ရှိ ဖြစ်ပွားလျက်ရှိသော နိုင်ငံရေး ပဋိပက္ခများ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ တို့၏ ပြဿနာ၊  တနည်းအားဖြင့် အစိုးရနှင့် ပြည်သူတို့၏ ပြဿနာ မဟုတ်၊ နိုင်ငံရေးသမားခြင်း နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်သည်ကို အဓမ္မနည်းဖြင့် အကြပ်ကိုင်ကာ ညှစ်နေခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ပြည်သူလုထု၏ ရွေးချယ်တင်မြှောက်မှုဖြင့် ဝန်ကြီးချုပ်တာဝန်ယူထားသော ယင်းလပ်အနေနှင့်လည်း အကယ်၍ အတိုက်အခံတို့တောင်းဆိုသည်ကို လက်ခံကာ ရာထူးမှ ဆင်းပေးလိုက်ပါက ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅၇ ဖြင့် အရေးယူခြင်း ခံရပေမည်။

ထိုင်းတွင် ယခုဖြစ်ပွားနေသော အရေးအခင်းအတွင်း (ယင်းလပ်အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများ) မှာ ယင်းလပ်၏ အစ်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဆန့်ကျင်သူများ ဖြစ်ပြီး၊ အတိုက်အခံ ဒီမိုကရက်တို့၏နယ်ဖြစ်သည့် ထိုင်း တောင်ပိုင်းပြည်နယ်များနှင့် ဘန်ကောက်မြို့နေ ပညာတတ်လူတန်းစားနှင့် လူလတ်တန်းစားများ ဖြစ်ကြသည်။

ဆက်သွယ်ရေးကွန်ယက် စီးပွားဈေးကွက်အတွင်းတွင် လွှမ်းမိုးနိုင်သော လုပ်ငန်းရှင်တစ်ဦးအဖြစ်မှ ဝန်ကြီးချုပ်အဖြစ်သို့ ၂၀၀၁ ခုနှစ်တွင် ရွေးကောက်ခံခဲ့ရသော သက်ဆင် ရှင်နာဝပ် လက်ထက်ထက်တွင် ထိုင်းစီးပွားရေးထိုး တက်သွားခဲ့ပြီး၊ လယ်သမားနဲ့ အလုပ်သမား လက်လုပ်လက်စား အရေးကို အလေးထားဆောင်ရွက်ပေးသည့် ပေါ်လစီကြောင့် အခြေခံလူထုရဲ့ ထောက်ခံမှုကို အပြည့်အဝ ရရှိခဲ့ပီး ရွေးကောက်ပွဲဆက်နိုင်ခဲ့သည်။။

အစိုးရအုပ်ချုပ်နည်း သမားရိုးကျ ဗျူရိုကရက် လမ်းဟောင်းများမှ ခွဲထွက်ပြီး  လူမှုဖူလုံရေးအစီအစဉ်များ အိမ်နီးခြင်း နိုင်ငံများမှ စီးဝင်နေသော ရွှေ့ပြောင်းလုပ်သားများ တရားဝင်မှတ်ပုံတင်ခြင်း၊ အခွန်ကောက်ခံခြင်း အစီအစဉ်၊ မြို့ပြ ဆင်ခြေဖုံး ဒုစရိုက်ပပျောက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေး၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး၊ တောင်သူလယ်သမား ထုကြီးအတွက် နိုင်ငံပိုင် ငွေဖြင့် မတည်ပေးခြင်းဖြစ်သော်လည်း ယခင်လူများ လုပ်မပေးဖူးသဖြင့်  သူ့နာမည်ကောင်းရ ပြီး တောင်သူလယ်သမားနှင့် အခြေခံ လူတန်းစားတို့၏ ထောက်ခံ မှုကို ရယူနိုင်းခဲ့သည်။

သန်းပေါင်းများစွာချမ်းသာကြွယ်ဝသော်လည်း နိုင်ငံရေး အာဏာရှိလိုသော သက်ဆင်သည် နိုင်ငံရေး အာဏာ ရလာသည့်တိုင် အတ္တကြီးမှုကို အတောမသတ်နိုင်၊ ဇရာထောင်းကာ သက်တမ်းစေ့နေပြီဖြစ်သော ကြည်ညို လေးစား ဖွယ်ရာ တိုင်းပြည်၏ ဥသျှောင်၊ ဘုရင့်နေရာကို အစားဝင်လိုပြီး လီကွမ်ယု၊ ဆူဟာတို၊ မဟာသီယာ မိုဟာမတ် တို့ကဲ့သို့ ကာလကြာရှည် အာဏာတည်မြဲလိုစိတ်ဝင်လာသည်ကို ဘုရင့်အကျိုး လိုလားကာကွယ်သူများက မနှစ်မြို့ကြပေ။။

တိုင်းရေးပြည်ရာကို စိတ်ဝင်တစား ဖိစီးဆောင်ရွက်လေ့ရှိသော၊ တိုင်းသားပြည်သူ ဗိုလ်လူအပေါင်း၏ ယုံကြည်ကိုးစား မေတ္တာပွါးခြင်းကို ခံယူရရှိသော၊ တိုင်းပြည်၏တိုးတက်ရေး သက်သာခြောင်ချိရေး သဘာဝဘေးကာကွယ်ရေးတို့တွင်
နည်းပညာသစ်များနှင့် သိပ္ပံပညာ ရပ်များ ဖြည့်စည်းပေးခြင်းတို့ဖြင့် ခေတ်နှင့်အညီ   တွေးခေါ် တတ်သော စံပြ ဘုရင် တစ်ပါးဖြစ်သည့် ဘုရင် ဘူမိဘော၏ ခေတ်သည် ယခုဆယ်စုနှစ်အတွင်း ဖြစ်လာသည့် ကျမ်းမာရေး အခြေအနေအရ နိဂုံးပိုင်းသို့ ချည်းကပ် ကျရောက် နေပြီဖြစ်ရာ သက်ဆင် သည် ဘုရင် မင်းမြတ် နတ်ရွာစံသွား ပြီးနောက်၊ နန်းတော်၏ အာဏာကို လွှဲပြောင်း လွှမ်းမိုးရန် ဘုရင့်ပုံရိပ်ကို အရိုက်အရာခံ သိမ်းယူနိုင်ရန် အကြံအစည်ကြီးထားသည်ဟု ယူဆကြသည်။

 ထို့ကြောင့် ၂၀၀၅ ခုနှစ်တွင် ကျင်းပခဲ့သော ဒုတိယအကြိမ်ရွေးကောက်ပွဲကို သက်ဆင် မဲအပြတ်အသက် အနိုင်ရခဲ့ပြီး နောက်ပိုင်း   ၂၀၀၆ ခုနှစ်တွင် နန်းတော်က ထောက်ခံခဲ့သည့် စစ်တပ် အာဏာသိမ်းမှုကြောင့် သက်ဆင်ကို ပြည်ပြေး ဘ၀ ဖြစ်စေခဲ့သည် ။ ပြည်ပရောက်နေသော သက်ဆင်ကို အာဏာအလွဲသုံးစား လုပ်မှုနဲ့ တရားစွဲခဲ့ပီး မျက်ကွယ်မှာ တရား ရုံးက ထောင်နှစ်နှစ်  ပြစ်ဒဏ်စီရင်ခဲ့သည်။ သူ၏ Thai Rak Thai ပါတီကိုလဲ ဖျက်သိမ်းခဲ့သည်။ 

သို့သော အဲဒီနောက်ပိုင်း ကျင်းပတဲ့ ရွေး ကောက်ပွဲတွေမှာ Thai Rak Thai ပါတီကို အသွင်ပြောင်းတစ်ဖြစ်လဲ ထားသော သက်ဆင်လိုလားသည့် ပါတီကပင် အနိုင်ရခဲ့သည်။ သို့ဖြစ်ရာ စစ်တပ်နဲ့ အပေါင်းပါတွေက အကြောင်း အမျိုးမျိုး ပြပြီး တက်လာသမျှ သက်ဆင်ဘက်တော်သား ဝန် ကြီးချုပ်တွေကို ဖြုတ်ချပစ်နေရသည်။

သို့တိုင်အောင် စစ်တပ်သည်၎င်း အင်အားကြီးအတိုက်အခံ ဒီမိုကရက်ပါတီ(ဖတ် ပခြာတိပတ်) သည်၎င်း ရွေးကောက်ပွဲ များတွင် ပြည်သူ့ထောက်ခံမှု ရလာဒ်ပြောင်းအောင်မလုပ်နိုင်ကြပါ။

နောက်ဆုံး ၂၀၁၁ ရွေးကောက်ပွဲမှာ  စစ်တပ်နောက်ခံနှင့် သီးခြား ထောက်ခံမှု မည်သို့ပင်ရှိသော်လည်း ထိုင်းပြည်သူ အများစုသည် သက်ဆင်၏ ဆန္ဒဖြစ်သော (သက်ဆင်၏ ထိုင်းနိုင်ငံသို့ ပြန်လာနိုင်ရေး တိုက်ပွဲ ကာလအတွင်း ညီမ ဖြစ်သူ ယင်းလပ် ကို ဝန်ကြီးချုပ်ဖြစ်စေလိုကြသဖြင့်) ယင်းလပ် ရှင်နာဝပ် ကို မဲပေးကြသည်။ အမတ်နေရာ ၅ဝဝ ရှိတဲ့အနက် ယင်းလပ်တို့ပါတီ က ၂၆၅ နေရာနဲ့ အပြတ်အသတ် အနိုင်ရခဲ့သည့်အတွက် ဒီမိုကရက်ပါတီသည် ရွေးကောက်ပွဲကြိုးဝိုင်းအတွင်း မ၀င်ဝံ့တော့ပေ။

သက်ဆင်မတိုင်မှီ ထိုင်းနိုင်ငံရေးလောကမှာ သြဇာကြီးသူမျက်နှာဟောင်းများသာ လွှမ်းမိုးထားသည်။ ယိုင်နှဲ့နှဲ့ ပါလီမံနှင့် ငွေရင်းစိုက်ကာ အမတ်လုပ်အမြတ်ရှာသော ပါတီနိုင်ငံရေးသမားများသာ ကြီးစိုးသည့် လည်ပါတ်မှုဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ပုံမှန် ရိုးအီနေသည်။ သက်ဆင်မတိုင်မှီ စစ်တပ်မှ ဆယ့်ခုနှစ်ကြိမ် အာဏာသိမ်းခဲ့ပီး အခြေခံဥပဒေလည်းဒါဇင်ကျော်ခဲ့ပြီ။

သက်ဆင်လက်ထက်တွင် အစဉ်အဆက် နိုင်ငံရေးသမားတို့ လျစ်လျူရှုထားသော ကျေးလက်နေတို့ နှစ်သက်မည့် မူဝါဒများ ချမှတ်သည်။ ကျမ်းမာရေး စောင့်ရှောက်မှု စရိပ် အလွန်ကြီးသော ထိုင်းနိုင်ငံတွင်၊ လူတိုင်း ထိုင်းငွေ ဘတ်၃၀ ဖြင့် ဆေးရုံတက်နိုင်ခွင့်သည် ထိုင်းအခြေခံလူတန်းစားအဖို့ အိပ်မက်ပင်မမက်ဖူးခဲ့။ တစ်သက်လုံး အစိုးရ ဘယ်သူ ဖြစ်ဖြစ် ကိုယ်လုပ်မှ ကိုယ်စားရတာဟု သဘောပေါက်ခဲ့သော ထိုင်း ဆင်းရဲသူတို့သည် သက်ဆင်ကို အကြီးအကျယ် ထောက်ခံလေသည်။ ၁၉၃၂ ခုနှစ် ထိုင်းပါလီမံစနစ်စတင်ခဲ့သည့် အချိန်မှစပီး ထိုင်းနိုင်ငံ သမိုင်းတွင် သက်တမ်းပြည့် တာဝန် ထမ်းဆောင်ရသည့် ပထမဦးဆုံးသော ဝန်ကြီးချုပ်မှာ သက်ဆင်ဖြစ်သည့်အပြင်  ပြည်သူအများစု၏ ထောက်ခံမှုဖြင့် ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း သက်ဆင် ဒုတိယအကြိမ် မဲအပြတ်အသက် အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ် ပြန် ဖြစ်လာခြင်းဖြစ်သည်။

ယခု ယင်းလပ်အစိုးရကို ဆန့်ကျင်သူများက သက်ဆင် နှင့် မဟာမိတ် ပါတီများ ၏ လူကြိုက်များ သော မူဝါဒ Populist policies မှာ ဒီမိုကရေစီ စနစ်ကို အပြစ် အနာ အဆာ များ ဖြစ်အောင် ဖန်တီး ထားခြင်း ဖြစ်သည် ဟု စွပ်စွဲနေကြ သော်လည်း ဒီမိုကရက်ပါတီက နိုင်ငံဘတ်ဂျက် ပြဋ္ဌာန်းသောအခါ သက်ဆင်၏ Populist policies မူဝါဒများထက်ပင် လူပြိန်းကြိုက် ပိုဆန်သည်ဟု အကဲခတ်များက ဝေဖန်ကြသည်။

ရွေးကောက်ခံ ကိုယ်စားပြု ဒီမိုကရေစီ အစိုးးရပုံစံတွင် လူကြိုက်များဖို့ Popular ဖြစ်အောင်လုပ်ခြင်း မဲဆန္ဒရှင် အားနှင့် အာဏာရရန် ကြိုးစားခြင်းမှာ ဓမ္မတာ ဖြစ်သည်။

အလားအလာ မကောင်းသည်မှာ ရွေးကောက်ပွဲဖြင့် တက်လာသူကို လေဆိပ် ပိတ်ဆို့ ဆန္ဒပြခြင်း၊ စီးပွားရေးအတွက် အဓိကကျသည့် နေရာများကို ပိတ်ဆို့ ဆန္ဒပြခြင်း၊ နည်းတို့ဖြင့် ဖြုတ်ချကြသည်မှာ အစဉ်အလာတရပ် ဖြစ်လာနေပီး ထိုင်းနိုင်ငံ၏ အနာဂါတ် ဒီမိုကရေစီရေးကို ကြီးစွာ အနှောက်အယှက် ဖြစ်စေမည်ဖြစ်သည်။ တစ်ဖွဲ့အာဏာရလိုက် နောက်တစ်ဖွဲ့က ဖြုတ်ချလိုက်ဖြင့်သာ ဂျာအေးသူ့အမေရိုက် ဇတ်လမ်းသည် တွဲလွဲနေပါအုံး မိုးတောင်က ခြုန်းးစေအုံးမည်ဖြစ်နေချိန်တွင်  ကံမကောင်အကြောင်းမလှစွာဖြင့် ထိုင်းပြည်သူပြည်သားတို့၏ မြတိနိုးအားထားရာ ဘုရင် မင်းမြတ်၏ ကျမ်းမာရေး နှိမ့်ကျနေခိုက် ဖြစ်နေပြန်ရာ ယခုအရေးတွင် ဘုရင် မင်းမြတ်သည် စည်းလုံး ညီညွတ် ကြရန် ကြေညာချက်ကို  လေသံကြားရုံမျှသာ ဖတ်ပြနိုင်ခဲ့သည်။

အကယ် ၍သာ ဘုရင်မင်းမြတ်၏ ကျမ်းမာရေးပြည့်စုံနေမည်ဆိုလျင် ပြည်သူများကို ချစ်ခင်သနားသော စိတ်နှလုံး ပြည့်ဝသော မင်းတရားသည် တိုင်းပြည်၏ တာဝန်ရှိသော ဦးစီးတယောက် ဖြစ်သည့်အားလျော်စွာ ပုဂ္ဂိုလ်ရေးအရ မနှစ်မြို့သည် ဖြစ်စေ တရားဝင်အစိုးရ၏ ဒီမိုကရေစီ နည်းလမ်းတကျ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွေ့ဆုံဖြေရှင်း ခြင်းကို ပိုမိုထောက်ပံ့ပေးမည်ဟု ယုံကြည်ကြသည်။

နိုင်ငံရေးဆက်နွယ်သည့် ရာဇဝတ်မှုဖြင့် စွဲချက်တင်ခံခဲ့ရသည့် ယခင်ဝန်ကြီးချုပ်အဘီဆစ် အပါအဝင် မည်သည့် နိုင်ငံရေးအရ သဘောထားကွဲလွဲသူမျိုးကိုမဆို ပြစ်မှုမှလွတ်ငြိမ်းခွင့်ပြုရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် အဆိုတင်သွင်း ခဲ့သည့် ရင်လပ် ၏ သက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေး ဆောင်ရွက်ကြိုးပမ်းမှုသည် အမှန်စင်စစ် ဒီမိုကရေစီ နည်းလမ်းအရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ တိုက်ပွဲဝင်ခြင်းဖြစ်သည်။ ကိုယ်စားလှယ် ၅၀၀ ပါဝင်သော အောက် လွှတ်တော်မှာ ဥပဒေ ကြမ်းကို ၁၉ နာရီ ကြာ အချေ အတင် ဆွေးနွေး ပြီး ညွန့်ပေါင်း ပါတီတွေ က ကိုယ်စားလှယ် ၃၁၀ က ကန့်ကွက် မဲ့သူ မရှိ ထောက်ခံမဲ ပေးခဲ့ ကြခြင်းဖြစ်သည်။

ယခုအခါ ဘန်ကောက်မြို့တွင်းဘဏ် (၇)ခုပိတ်ထားရခြင်း အပါအ၀င် အလုပ်အကိုင်ပျက်မှု တိုင်းပြည်၏ ဘဏ္ဍာ ဆုံးရှုံးခြင်းနှင့် စီးပွားထိခိုက်မှု အမျိုးအမည်မသိသော ပစ်ခတ်မှုများ ပေါက်ကွဲမှုများ ထိခိုက်နာကျင်မှုများ ဖြစ်ခဲ့မှု ပဋိပက္ခဖြစ်စေအောင် မတည်မညိမ်ဖြစ်အောင် လှုံ့ဆော်သဖြင့် အကြမ်းဖက်မှုများ၊ တိုးမြှင့် ပေါ်ပေါက်လာ နိုင်ခြင်းတို့အပေါ် ဆန္ဒပြသူများအား လှုံ့ဆော်သူ အတိုက် အခံ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (People's Democratic Reform committee) (PDRC) ခေါင်းဆာင် ဆူသက်သောင် ဆူဘန် ကို အရေးယူရမည် ဖြစ်သည်။

သက်ဆင်သည်လည်း ၎င်းအာဏာပြန်လည်ရရှိရေးအတွက် တိုင်းပြည်မငြိမ်မသက်မှုများကို ပြည်ပမှ လှုံ့ဆော် ပေးနေပြီး ၎င်းကို ထောက်ခံသူများကို ရှေ့သို့တွန်းပို့ပြီး အသေခံခိုင်းနေခဲ့ပါသည်။ သူ၏ ပြည်တော်ပြန်ရေး အလောင်းအစားကို ညီမဖြစ်သူအား လောင်းကြေးထား ကစားနေသူဖြစ်သည်။

နှစ်ဖက်အားပြိုင် အပြတ်ရှင်းနေသည့်ကြားတွင် ပြည်သူလူထုကသာ စတေးခံနေရသည်။ အဆင်မသင့်လျှင် အုပ်စုစစ်ပွဲများ ဖြစ်ကာ တိုင်းပြည်ပျက်သည်အထိ ဖြစ်ပွါးလာဘွယ်ရှိလေသည်။ အနည်းဆုံး ပြည်ပရင်းနှီးမြုပ်နှံမှုများ ထွက်ခွါသွားလျှင် များစွာအထိနာပေမည်။ ဒေသတွင်းအခြေအနေသည် ပြီးခဲ့သောနှစ်၅၀အတွင်းက အိမ်နီးခြင်း နိုင်ငံ အားလုံး အတွင်းမီးလောင်ပီး ထိုင်းတနိုင်ငံတည်း ပြိုင်ဖက်ကင်း စီးပွါးတက်နေသည့်ခေတ် မဟုတ်တော့။

ထိုင်း၏ ပြည်ပမှရင်းနှီးမြုပ်နှံမှုများကို ဗီယက်နမ်က ရယူသွားနိုင်သည်ဟု လေ့လာသူများက ယူဆကြသည်။ မြန်မာနိုင်ငံအနေနှင့် ပြည်ပမှရင်းနှီးမြုပ်နှံမှုများကို လက်ခံနိုင်ခြေရှိသော်လည်း လူမျိုးစရိုက်ဟုဆိုရမည့် ကိုယ်ကိုယ်တိုင် လည်း မကျွမ်းကျင် တပါးသူအားလည်း ဆရာမတင်လိုသည့် စိတ်ထားကြောင့် ရာနှုံးပြည့် အဆင်သင့် မဖြစ်သေးဟု ဆိုကြသည်။










No comments:

Post a Comment