လူ
(၂၄) သန်းရှိသော တိုင်းပြည် မြောက်ကိုရီးယားတွင် စစ်တပ်အင်အားမှာ အမြဲတမ်းစစ်တပ်
အင်အား တသန်းနှင့် နှစ်သိန်းရှိသည်။ ကျန်းမာသန်စွမ်းသော အရွယ် အသက် (၁၇-၅၄) အကြား
လူဦးရေ၏ (၅) ပုံ (၁) ပုံသည် စစ်သားများ ဖြစ်နေသည်။ ထို့အပြင် (၆) သန်းကို
အရံအင်အားအဖြစ် ထားသည်ဟုဆိုသည်။
ပြည်ပရန်
ကာကွယ်ရေးအတွက် စစ် တပ်ကို အင်အားရှိဖို့လိုသည်ဟုဆိုကာ သဘာဝဘေးအန္တရာယ် နှင့်
တလွဲစီမံခန့်ခွဲမှုများကြောင့် တိုင်းပြည်စီးပွားရေး ကျပ်တည်းလာသောအချိန်တွင်
တတိုင်းပြည်လုံး အာခံမ လာအောင် စစ်ဇာတ်သွင်းပေးထားပီး အာဏာမြဲရေးအတွက် စစ်တပ်ကို
အပိုင်ကိုင်ထားသည့် “အဖိုးကင်” “အဖေကင်” “သားကင်” ကင်နန်းဆက်ကို ကင်ဂျုံအီ၏ ဖခင်
ကင်အီဆွန် လက်ထက်(၁၉၉၁) ကပင် ပြည်သူလူထုခေါင်းထဲကို ရိုက်သွင်း ခံထားရသည်။
၁၉၉၆ က
စတင်ချ မှတ်ခဲ့သော မြောက်ကိုရီယားခေါင်းဆောင်ကြီး ကင်ဂျုံအီ၏ ရာ သက်ပန်
ရာဇာပလ္လင်မြဲရေး မဟာဗျူဟာမြောက် ‘ဆွန်ဂန်’ (စစ်တပ်ပထမ) ပေါ်လစီနှင့်
မြောက်ကိုရီယားပြည်သူများ လုံးထွေးရစ်ပတ်မှု မည်မျှရှိနေသည်ကို ယခုမကြာမှီ ကပင်
မျက်ဝါးထင်ထင် မြင်ခဲ့ရသည်။
၂၀၁၁
ဒီဇင်ဘာ ၁၇ရက် စနေနေ့ နံနက် ၈ နာရီ ခွဲ အချိန်တွင် မြောက်ကိုရီးယား ခေါင်းဆောင် အသက်
၆၉ နှစ်အရွယ် ကင်ဂျုံအီ သေဆုံးပြီ ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်
ရုပ်မြင်သံကြားက ကြေညာခဲ့သည်။
ကင်ဂျုံအီသည် မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံကို တည်ထောင်သူ ကင်အီဆောင်၏ သားဖြစ်ပြီး ၎င်း၏ ဖခင် အသက် ၈၂ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သော ၁၉၉၄ ခုနှစ်မှ စတင်၍ နိုင်ငံ့ အာဏာကို ရယူခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယား၏
နာမည်ဆိုးဖြင့် ကျော်ကြားသော အာဏာရှင် စစ်ခေါင်းဆောင်သည် (၂၀၀၈)ခုနှစ်ကတည်းက
လေဖြတ်ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရဖူးသော်လည်း ပြန်လည် သက်သာလာကာ တရုတ်၊
ရုရှားတို့နှင့် ဆက်ဆံရေး တိုးမြှင့်မှုများကို အားကြိုးမာန်တက်
ဆောင်ရွက်ခဲ့သေးသည်။

ထိုအတောအတွင်း ဆယ်စုနှစ်သုံးခုအတွင်း မြောက်ကိုရီးယား၏ အကြီးမားဆုံး နိုင်ငံရေးဆိုင်ရာ အထူးအစည်းအဝေးပွဲ မတိုင်မီ နာရီပိုင်းအလိုတွင် ၄င်း၏ အငယ်ဆုံးသား အသက် ၂၇ နှစ်အရွယ်ရှိ ကင်ဂျုံအန်အား ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး အဆင့်သို့ ရာထူးတိုးမြှင့် ခန့်ထားပေးလိုက်သည်။
ကင်ဂျုံအီ၏ နှမဖြစ်သူ ကင်ဂျုံဟွေးအားလည်း ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးအဆင့် ရာထူးသို့ တစ်ချိန်တည်းတွင် တိုးမြှင့်ပေးခဲ့သည်။ နောင်တစ်ချိန် ခေါင်းဆောင်ကြီးကင်ဂျုံအီ သေဆုံးသွားလျှင် နိုင်ငံရေးရာကိစ္စများတွင် သူ၏သားအား နှမဖြစ်သူက ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်
ကင်ဂျုံဟွေး(Kim Kyong Hui ) မှာ ပီးခဲ့သော လအနည်းငယ်က လူမြင်ကွင်းမှပျောက်နေပီး
ခင်ပွန်းဖြစ်သူ ဂျန်စွန်တိတ် (Jang Song Taek) ကို တူဖြစ်သူ မြောက်ကိုရီးယား
ခေါင်းဆောင် ကင်ဂျုံအန်အား တန်ပြန် တော်လှန်မယ့် လှုပ်ရှားမှုမှာ အဓိက ဖြစ်တယ်ဆိုတဲ့
စွဲချက်နဲ့ ပါတီ အစည်းအဝေး ကနေ ဆွဲထုတ်ပြီး စစ်ခုံရုံးရှေ့မှာ စစ်ဆေးအပစ်ပေးကာ
ခွေးစာကြွေးသတ်ပစ်တဲ့ ကိစ္စကြောင့် ဦးနှောက်ခွဲစိတ်ကုသမှု ခံနေသူကင်ဂျုံဟွေးသည်
နှလုံးရောဂါဖြင့် သေဆုံးသွားကြောင်း တောင်ကိုးရီးယား ထောက်လှမ်းရေးသတင်းအရ သိရသည်။သို့သော်
ဂျပန်TV station TBS ၏ ဇန္န၀ါရီလ၂၈ရက်က သတင်းတွင်မူ ကင်ဂျုံဟွေးသည် ဆေးကုသမှု ခံယူရန်
ဒီဇင်ဘာလ ၁၂ ရက် နေ့က အထူးလေယဉ်ဖြင့် ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်ခဲ့သည်ဟု
ဆိုသည်။
ကြယ်လေးပွင့်ဗိုလ်ချုပ်ကြီး
ဂျန်စွန်တိတ်ဟာ နိုင်ငံတော်လုံခြုံရေး နဲ့ ကာကွယ် ရေး ကောင်စီ။ (ကာလုံ) မှာ
ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားဆဲဖြစ်တဲ့အပြင် မြောက်ကိုရီးယား တိုင်းပြည်မှာ ဒုတိယ အာဏာ အရှိဆုံး
ပုဂ္ဂိုလ်ဖြစ်ပါတယ်။
တရုတ်ပုံစံစီးပွားရေး
ပြုပြင်ပြောင်းလဲမှုကို လိုလားသူ တစ်ဦး အဖြစ် လည်းကောင်း၊ အစိုးရအဖွဲ့တွင်
အရေးကြီး ပုဂ္ဂိုလ်အဖြစ် လည်းကောင်း ပြင်ပမှရှု့မြင်ထားသူလည်းဖြစ်သည်။
အသက်
၆၇ နှစ်အရွယ် ဂျန်ကို ကွန်မြူနစ်စနစ်ပပျောက်ရေးကြံစဉ်မှုနဲ့ စွပ်စွဲပြီး ပြီးခဲ့တဲ့လက
ကွက်မျက်ခဲ့တာဖြစ်ပါတယ်။
ဂျန်ကို
ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကွက်မျက်ခဲ့ပီးနောက်ပိုင်း သူရဲ့ ဆွေမျိုအရင်းအချာများကိုလည်း
သေဒဏ်ပေးခဲ့တယ်လို့ယုံကြည်ရကြောင်း
တောင်ကိုးရီးယားနိုင်ငံ Yohap သတင်ဌာနက ပြောပါတယ်။
အဲဒီ့ဆွေမျိုးတော်စပ်သူတွေကို
သူတို့ရဲ့နေအိမ်တိုက်ခန်းထဲကဆွဲထုတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး လိုက်ပါရန်ငြင်းဆန်တဲ့သူတွေကို
လာဖမ်းတဲ့အရာရှိက နေရာမှာတင် ပစ္စတိုသေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ဆိုပါတယ်။

ကွက်မျက်ခံရတဲ့အထဲမှာ
ဂျန်စွန်တိတ်ရဲ့နှမ ဂျန်ဂျယ်ဆွန်းနဲ့ သူမရဲ့ခင်ပွန်းနဲ့ ကျူးဘားနိုင်ငံဆိုင်ရာ သံအမတ်ဖြစ်သူ
ဂျုံယောင်ဂျင်း၊ တူဖြစ်သူ မလေးရှားနိုင်ငံဆိုင်ရာသံအမတ် ဂျန်ယောင်ချိုးနဲ့ သူ့သားနှစ်ဦး
တို့ပါဝင်ပါတယ်။
Yohap
သတင်းဌာနရဲ့ဒီအစီအရင်ခံစာကိုတော့ အတည်ပြုဖို့လိုအပ်နေသေးတာဖြစ်ပေမယ့်
ဒီလိုပူးပေါင်းကြံစဉ်တဲ့ပြစ်မှုမျိုးကိုကျူးလွန်သူရဲ့ မိသားစုဝင်တွေကို
သေဒဏ်ကဲ့သို့ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးပေးတာဟာ မြောက်ကိုရီးယားရဲ့အစဉ်အလာဖြစ်သည်။
ကင်ဂျုံအွန်ရဲ့
အကြံပေးအရာရှိဟောင်း ဂျန်ဆောင်သက်ဟာ များစွာသော နိုင်ငံတော်အဆင့် ပြစ်မှုတွေနဲ့
စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီ့ပြစ်မှုတွေထဲမှာ အာဏာသိမ်းရန်ကြံစဉ်မှု၊
သယံဇာတအလွဲသုံးစားလုပ်မှု၊ မိန်းမရှုပ်ပွေမှု၊ အာဏာအလွဲသုံးစားလုပ်မှု နဲ့
အစိုးရနဲ့မတူညီတဲ့ မျှော်လင့်ချက်များထားရှိမှုတွေပါဝင်ပါတယ်။
မြောက်ကိုရီးယားမြို့တော်
ပြုံယမ်းမှာ ဇန်န၀ါရီ ၆ ရက်က လူထုစည်းဝေးပွဲတရပ် ကျင်းပပြီး မြောက်ကိုရီးယားရဲ့
အနာဂတ်အမြင်နဲ့ ကင်မ်ရဲ့ ခေါင်းဆောင်မှုကို ထောက်ခံကြောင်း အစီရင်ခံစာကို လက်ရှိ
အာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုကော်မတီ အတွင်းရေးမှူးနဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်
မွန်ကရွန်းဒေါ့ခ်က လူထုစည်းဝေးပွဲ အတွင်းမှာ ဖတ်ပြပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်က သူ့ဦးလေးကို သုတ်သင်ခဲ့မှုနဲ့ပတ်သက်ပြီး ဂိုဏ်းဂဏ ကွဲပြားမှုကို သုတ်သင်နိုင်ခြင်းဖြင့် လက်ရှိအာဏာရ ပါတီဟာ ပိုအားကောင်းလာတယ်လို့ ပြောကြားခဲ့ပါတယ်။ အရာရှိတွေက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းကို သစ္စာရှိမယ်လို့ ကတိပြုခဲ့ကြ ပါတယ်။
မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က ရိုက်တာစ် သတင်းဌာနကို ပေးပို့တဲ့ ရုပ်သံထဲ မှာတော့ ထောင်နဲ့ချီတဲ့ မြောက်ကိုရီးယား ပြည်သူတွေက ကင်မ်အီဆွန်းရင်ပြင်မှာ စုရုံးပြီး ကင်မ်ဂျုံအန်းကို ထောက်ခံတဲ့ စာတမ်းတွေ ကင်အီဆွန်းဝါဒ ကင်ဂျုံအီးလ်ဝါဒ အဓွန့်ရှည်ပါစေလို့ အဓိပ္ပာယ်ရတဲ့ ဆောင်ပုဒ်ကြွေးကြော်နေကြပါတယ်။
ကင်ဂျုံအွန်းရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ကိုလည်း စစ်ဘီလူး တွေလို့ သုံးနှုန်းခဲ့ပြီး ဒီနိုင်ငံတွေဟာ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား စစ်ပွဲ ဖြစ်အောင် မီးမွှေးနေကြတယ်လို့ ပြောခဲ့ပါတယ်။
ဒီလို အခြေအနေ အောက်မှာ မြောက်ကိုရီးယားတွေရဲ့ သေနတ်ပြောင်း ကသာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ ပြည်သူတွေရဲ့ ပျော်ရွှင်မှုကို ထိမ်းသိမ်း ဆောင်ကျဉ်း ပေးနိုင်မှာ ဖြစ်တယ်လို့ လည်း ပြောကြားသွား ပါတယ်။
တိုင်းပြည်ရဲ့
ဂုဏ်သိက္ခာနဲ့ ပြည်သူတွေရဲ့ ပျော်ရွှင်မှု ဆိုသည်များသည် မြောက်ကိုရီးယားက (၂၄)
သန်းသော ပြည်သူများကို မည်သို့အကျိုး ဖြစ်ထွန်းစေသည်ကို - ပြီးခဲ့သည့်
ဆယ်စုအတွင်း စားနပ် ရိက္ခာပြတ်လပ်မှုကြောင့် လူသန်းချီပြီး သေဆုံးခဲ့ရခြင်း
ကမ္ဘာပေါ်တွင် ပြည်ပအလှူရှင်များထံမှ ရိက္ခာကို မှီ ခိုရာ၌ အီသီယိုးပီးယားပြီးလျှင် မြောက်ကိုရီးယားက
ဒုတိယဖြစ်ခြင်း ယူနီဆက်ဖ်၏ အစီရင်ခံစာအရ က လေးတရာတွင် (၇) ဦးမှ (၃၇) ဦးသည်
အာဟာရမပြည့်ဝကြ ကလေးမိခင်များတွင်လည်း (၃) ယောက် တွင် (၁) ယောက်သည်
အာဟာရမပြည့်ဝဟုဆိုခြင်း တို့နှင့် တိုင်းတာဖို့ လိုပေမည်။
ဒုဗ္ဘိက္ခန္တရ ကပ်
စာရေးသူသည် ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ကမမောင်းအခြေစိုက် ကိုးရီးယား ကျွမ်းကျင်သူဖြစ်သည်။
No comments:
Post a Comment