2/02/2014

မနက်ဖန် ဖေဖေါ်ဝါရီလ ၂ရက်နေ့မှာလုပ်မဲ့ ရွေးကောက်ပွဲ မတိုင်ခင် ဒီကနေ့မှာ အစိုးရ ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေ အကြား ဘန်ကောက်မြို့မှာ တဘက်နဲ့ တဘ်က ထိပ်တိုက် ရင်ဆိုင် အကြမ်းဖက် မှုတွေ ဖြစ်ပွားခဲ့ရာ၊ သေနတ်နဲ့ ပစ်ခတ်တာတွေ နဲ့ ပေါက်ကွဲမှုတွေပါ ဖြစ်ပွားခဲ့ ပါတယ်။



ဘန်ကောက်မြို့ မြောက်ဘက်ပိုင်း ထိပ်တိုင်ရင်ဆိုင်ပွဲ မှာတော့ ဗုံးတွေပစ်သွင်း သေနတ်တွေနဲ့ ပစ်ခတ်မှုတွေ ကြောင့် လူအတော်များ များ ဒဏ်ရာ ရသွားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲကို အဓိက အတိုက် အခံ ပါတီက သပိတ်မှောက် ထားပြီး၊ ရွေးကောက်ခံတွေ မပါတဲ့ ကြားဖြတ် ပြည်သူ့ကောင်စီမျိုးနဲ့ လက်ရှိအစိုးရကို အစားထိုးဖို့ကို တောင်းဆို ထားပါတယ်။

အတိုက်အခံ ထောက်ခံသူတွေဟာ မဲပြားတွေ ဖြန့်ဝေ နေတာတွေကိုလည်း လိုက်လံ တားဆီး ပိတ်ပင်မှုတွေ ပြုလုပ်နေကြပါတယ်။

အခြားအချက်အခြာကျတဲ့ နေရာအသီးသီးမှာ လက်နက်ကိုင် ရဲတိုက်ခိုက်ရေးအဖွဲ့တွေ လုံခြုံရေးယူထားပါတယ်။

No comments:

Post a Comment