၂၀၁၁ ဒီဇင်ဘာ ၁၇ရက် စနေနေ့ နံနက် ၈ နာရီ ခွဲ အချိန်တွင် မြောက်ကိုရီးယား ခေါင်းဆောင် မြောက်ကိုးရီးယား အလုပ်သမားပါတီအထွေထွေအတွင်းရေးမှူး မြောက်ကိုးရီးယား နိုင်ငံတော်ကာကွယ်ရေးကော်မတီဥက္ကဌ- အသက် ၆၉ နှစ်အရွယ် ကင်ဂျုံအီ သေဆုံးပြီ ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်မြင်သံကြားက တနင်္လာနေ့က ကြေညာခဲ့ကြောင်း သိရသည်။
ကင်ဂျုံအီသည် မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံကို တည်ထောင်သူ ကင်အီဆောင်၏ သားဖြစ်ပြီး ၎င်း၏ ဖခင် အသက် ၈၂ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သော ၁၉၉၄ ခုနှစ်မှ စတင်၍ နိုင်ငံ့ အာဏာကို ရယူခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယား ရုပ်သံသတင်းကြေငြာသူက ခေါင်းဆောင် ကင်သည် ၎င်း၏ ပြည်သူ လူထုအတွက် ဘဝကို မြုပ်နှံပြီး အလုပ်လုပ်ခဲ့သောကြောင့် အလုပ်ဝန်ပိကာ သေဆုံးရခြင်း ဖြစ်ကြောင်း ကြောင်း ကြေငြာခဲ့သည်။
မြောက်ကိုရီးယား အာဏာရှင် စစ်ခေါင်းဆောင် ကင်မ်ဂျုံအီလ်သည်
Party Center of the WPK (1970s)
Vice-Chairman, WPK Central Committee (1972–80)
Dear Leader (Chinaehanuen Jidoja) (late 1970s–1994)
Intelligent Leader (1973–84)
Member, Presidium of the Supreme People's Assembly of the DPRK
Secretary of the Worker's Party of Korea (1980–94)
Supreme Commander of the Korean People's Army (25 December 1991–17 December 2011)
Marshal of the DPRK (1993–2011)
Chairman, National Defense Commission of North Korea (1993–2011)
Great Leader (Widehan Ryongdoja) (July 1994 – December 2011)
General Secretary, Workers Party of Korea (1997–2011)
Supreme Leader of the People's Republic (2009–2011) စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။
မြောက်ကိုရီးယား၏ နာမည်ဆိုးဖြင့် ကျော်ကြားသော အာဏာရှင် စစ်ခေါင်းဆောင်သည် (၂၀၀၈)ခုနှစ်ကတည်းက လေဖြတ်ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရဖူးသော်လည်း ပြန်လည် သက်သာလာကာ တရုတ်၊ ရုရှားတို့နှင့် ဆက်ဆံရေး တိုးမြှင့်မှုများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သေးသည်။
ထိုအတောအတွင်း ဆယ်စုနှစ်သုံးခုအတွင်း မြောက်ကိုရီးယား၏ အကြီးမားဆုံး နိုင်ငံရေးဆိုင်ရာ အထူးအစည်းအဝေးပွဲ မတိုင်မီ နာရီပိုင်းအလိုတွင် ၄င်း၏ အငယ်ဆုံးသား အသက် ၂၇ နှစ်အရွယ်ရှိ ကင်ဂျုံအန်အား ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး အဆင့်သို့ ရာထူးတိုးမြှင့် ခန့်ထားပေးလိုက်သည်။
ကင်ဂျုံအီ၏ နှမဖြစ်သူ ကင်ဂျုံဟွေးအားလည်း ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးအဆင့် ရာထူးသို့ တစ်ချိန်တည်းတွင် တိုးမြှင့်ပေးခဲ့သည်။ နောင်တစ်ချိန် ခေါင်းဆောင်ကြီးသည် ကျန်းမာရေးအရ ရာထူးမှဖယ်ပေးရလျှင်သော်လည်းကောင်း၊ သေဆုံးသွားလျှင်သော် လည်းကောင်း နိုင်ငံရေးရာကိစ္စများတွင် သူ၏သားအား နှမဖြစ်သူက ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ခဲ့သည်။
သို့သော် ကင်ဂျုံအန်းသည် ပြည်ပတွင် အချိန်အတော်ကြာနေထိုင်ခဲ့သူဖြစ်၍ လက်ရှိနိုင်ငံရေးခေါင်းဆောင်များ၏ အပြည့်အ၀ယုံကြည်မှုရရန် ခက်ခဲဦးမည်ဖြစ်ကြောင်းကရန်းဖီးတက္ကသိုလ်မှ မြောက်ကိုရီးယားရေးရာကျွမ်းကျင်သူ ပါမောက္ခဟေဇယ်စမစ်က ဆိုသည်။
မည်သို့ပင်ဖြစ်စေသူ၏နေရာကိုဆက်ခံရန် ရွေးချယ်မှုကို စနစ်တကျ အစပျိုးထားခြင်းဖြစ်သည်။ ကင်ဂျုံအန်သည် ဆွစ်ဇလန်နိုင်ငံတွင် ပညာသင်ကြားခဲ့၍ ၄င်း၏ရုပ်ပုံကို နိုင်ငံပြင်ပတွင် တစ်ကြိမ်မျှ ဖော်ပြခဲ့ဘူးခြင်း မရှိချေ။
သူသည် သူ၏အဖိုး ခေါင်းဆောင်ကြီး ကင်အီဆွန်းနှင့် ပိုပြီး တူစေရန် ၆ကြိမ် မျက်နှာခွဲစိတ် ပြင်ဆင်မှု ပြုလုပ် ခဲ့ဖူးသည်။ သူသည် ကင်ဂျုံအီ၏ တတိယဇနီး ဖြစ်သူ Ko Yong-Hi မှ ၁၉၈၃ခုနှစ် သို့မဟုတ် ၈၄ ခုနှစ်တွင် မွေးဖွားခဲ့သည်ဟု ယူဆရသည်။
၂၀၀၈ ခုနှစ်တွင် လေဖြတ်ဝေဒနာ သိသိသာသာ ခံစားခဲ့ရသော ကင်ဂျုံအီသည် သူ၏ အငယ်ဆုံးသားဖြစ်သူ ကင်ဂျုံအမ် ကို နျူကလီးယား လက်နက်များ ပိုင်ဆိုင်သော ကွန်မြူနစ်နိုင်ငံရှိ ပြည်သူလူထု ၂၄သန်း၏ နိုင်ငံခေါင်းဆောင် တစ်ယောက် ဖြစ်လာစေရန် လက်သပ် မွေးခဲ့ဖွယ် ရှိသည်။ ကင်ဂျုံအီ၏ ကျန်းမာရေး အခြေအနေကြောင့် နိုင်ငံတွင်း မတည်ငြိမ်မှုများ မြင့်တက်လာပြီး အကယ်၍ သူကွယ်လွန်ခဲ့ပါက အရိုက်အရာ ဆက်ခံသူ မခန့်အပ်နိုင်ဘဲ ကျန်ခဲ့မည့် အခြေအနေအတွက် ခေါင်းဆောင်သစ် ရွေးချယ်ပွဲကို ကြိုတင် စီစဉ်ခဲ့ခြင်း ဖြစ်သော်လည်း လက်သပ် မွေးခဲ့သည့်အချိန် တိုတောင်းသေးသည်။
Kim Jong-un (Korean: 김정은,[1] Hanja: 金正恩,) also known as Kim Jong-eun or Kim Jung-eun, formerly Kim Jong-woon or Kim Jung-woon (born 1983 or early 1984),is the third and youngest son of deceased North Korean leader Kim Jong-il and his consort Ko Young-hee.
၁၉၉၆ က စတင်ချ မှတ်ခဲ့သော မြောက်ကိုရီယားခေါင်းဆောင်ကြီး ကင်ဂျုံအီ၏ ရာ သက်ပန် ရာဇာပလ္လင်မြဲရေး မဟာဗျူဟာမြောက် ‘ဆွန်ဂန်’ ပေါ်လစီနှင့် မြောက်ကိုရီယားပြည်သူများ လုံးထွေးရစ်ပတ်မှု မည်မျှရှိနေသည်ကို ယခုမကြာမှီ မျက်ဝါးထင်ထင် မြင်ရတော့မည်။
**ဆွန်ဂန် (စစ်တပ်ပထမ) ပေါ်လစီ ဖြစ်သည်။
3 comments:
A lot of information, cannot get in others media. Thanks
Very good. A lot of information, cannot even get in main medias. Tahnks
very good. a lot of information, cannot even get in big-name medias.
Thanks
Post a Comment