မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရုံးတွင် တနင်္လာနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ဖြေရှင်းလိုက်ကြခြင်း ဖြစ်သည်။
“ကျနော်တို့က ပူးပေါင်းတာ မဟုတ်ဘူး။ လုံးဝ မပူးပေါင်းဘူး။ တူတာတွေကို လက်တွဲလုပ်နေတာ ဖြစ်တယ်။ လက်တွဲ ဆောင်ရွက်ဖို့ပဲ ဖြစ်တယ်” ဟု ရှင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ SNDP မှ ဦးစောသန်းမြင့်က ပြောသည်။
ဒီမိုကရေစီ ၁၀ ပါတီ မဟာမိတ်အဖွဲ့နှင့် လက်ရှိအာဏာရ ကြံ့ဖွံ့ပါတီတို့ ဒီဇင်ဘာ ၄ ရက်နေ့က မြကျွန်းသာ စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ကြသည်ကို ဂျာနယ်အချို့က ပူးပေါင်းကြကြောင်း ရေးသားခဲ့ကြသည်။

၎င်းက ဆက်လက်၍ “ကျနော်တို့ ဆွေးနွေးဖို့ သဘောတူခဲ့တာက နိုင်ငံအတွက်ပဲ ဦးတည်ဆွေးနွေးမယ်လို့ ပြောပြီးမှ တွေ့ခဲ့တာပါ။ အခုလို ဆွေးနွေးတာ ဖြစ်လာတာက နှစ်ပေါင်းများစွာ နှစ်ဖက်ကြားမှာ ယုံကြည်မှုကို မတည်ဆောက်နိုင်လို့ နားလည်မှု မတည်ထောင်နိုင်လို့ ပြဿနာတွေ ကြုံခဲ့ရတယ်။ နိုင်ငံလည်း နစ်နာခဲ့တယ်။ ရှေ့မှာ ယုံကြည်မှု၊ နားလည်မှု မရခဲ့တဲ့အပေါ်မှာ ပြေလျော့သွားနိုင်အောင် ကြိုးစားသွားနိုင်ဖို့ဆိုတာ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်။ နောက်ထပ် အခြေအနေကောင်းတွေ ပေါ်ပေါက်လာအောင် ကြိုးစားရမယ်” ဟု ပြောကြားခဲ့သည်။
ကြံ့ဖွံ့ပါတီမှ ကမ်းလှမ်းသည့် သောကြာနေ့ ဆွေးနွေးပွဲတွင် မိတ်ဆွေပါတီများထဲမှ ၈ ပါတီ တက်ရောက်ပြီး ကြံ့ဖွံ့ပါတီမှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်း တဦးတည်းသာ လာရောက်ခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “သူ(ဦးအောင်သိန်းလင်း) ဘာပြောလဲဆိုတော့ တွေ့တွေ့ချင်း ခင်ဗျားတို့နဲ့ မိတ်ဆွေ ဖြစ်ချင်နေတာကြာပြီ။ တွေ့တာကလည်း မိတ်ဆွေဖြစ်ချင်လို့ ပြောတယ်။ ဒီနိုင်ငံကို ဘယ်နိုင်ငံခြားသားမှ လာပြီး လွှမ်းမိုးအုပ်ချုပ်တာ လက်မခံဘူးတဲ့ အဲဒါ သူပြောတယ်။ ကျနော်တို့ကလည်း ဒါတော့ ကျနော်တို့လည်း သဘောတူတာပဲ။ ကျနော်တို့လည်း ကြိုက်တာပဲလို့” ဟု ပြောသည်။
မိတ်ဆွေ ၁၀ ပါတီအနေဖြင့် ကြံ့ဖွံ့ပါတီ၊ NLD ၊ တစည အပါအဝင် ရည်ရွယ်ချက်တူသည့် မည့်သည့်ပါတီမဆို လက်တွဲလုပ်ဆောင်ရန် ကြိုဆိုကြောင်း ဦးစောသန်းမြင့်က ပြောသည်။
ဒီမိုကရေစီ မိတ်ဆွေ ၁ဝ ပါတီဟူသည်မှာ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ် ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြသည်။
မင်းသက်
ရန်ကုန် (မဇ္ဈိမ) ။ ။
FACT SHEET on Political Activities Dec– 2011.
The 10 Fraternity Democracy Party [FDP] discussed 4 Point Agenda with the Rangoon Division USDP Political Commissar Aung Thein Lynn – the main point being: ‘prior to the introduction of important Bills in the parliament by the ruling party all political parties should be briefed’, as related by NDF Chairman Dr. Than Nyein.
The invitation was made by USDP and the 10 FDP acquiesced. At the Meeting 10 FDP conveyed three main issues: ‘Land Ownership Law, Releasing Political Prisoners, and Resolving Armed Conflicts’.
Dr. Than Nyein lamented: ‘please do make us aware and known prior to the actual presentation in the Parliament because the Land Ownership Law recently introduced was totally unknown to us as we have no means of having prior knowledge; we found out only after the Lower House had passed the Bill; then and then only, in a big hurry, we had to study and gave our opinions’; that was exactly what he told Aung Thein Lynn.
USDP MP [USDP Sec Gen] U Htay Oo introduced the Land Ownership Bill on August 30th.
The MPs from opposition parties, it seems, were not informed ahead of time to study the Bills introduced by the ruling party and therefore ‘out of Parliament’ meeting is a kind of compromise and concession.
On October 6 the House of Nationalities decided that Htay Oo’s Land Ownership Bill is ‘a continuous assignment to have sound fundamentals’.
It was also decided that ‘for the Land Ownership Bill the Union Government activates policy initiatives, collecting data and statistics, and then only either by the Union Government or Union level institution redraw the Bill’.
Karen Phaloan Sa Wor Party and Shan National Development Party leaders were unable to attend Dec 4th Meeting with USDP Representative
Aung Thein Lynn at Inya Lake Mya Kyun Thar Restaurant; nevertheless, the two parties were unable to attend the 10 FDP Meeting held on Dec 3rd to dramatize for the Dec 4th Meeting.
No comments:
Post a Comment