8/26/2014

ထူးထူးထွေထွေ


သက်ရှိတံတားများနဲ့ သဘာဝ ဝန်းကျင်ပုံရိပ်များ..


အိန္ဒိယပြည်အရှေ့မြောက်ဒေသ-
ဗမာပြည်က မွန်အမျိုးသားတို့နဲ့ မျိုးနွယ်တူ ခါစီလူမျိုးတိုနေထိုင်ရာ-
ကမ္ဘာ့ မိုးအများဆုံးနဲ့ အစွတ်စိုဆုံးအရပ်-
မေဂါလေယာပြည်နယ်က သက်ရှိတံတားများနဲ့ သဘာဝ ဝန်းကျင်ပုံရိပ်များ..
ဟိုတုန်းက တနှစ်ကို အသွားအပြန် သုံးလေးခေါက်ဖြတ်သန်းခဲ့ရာ……

ဟု ကိုကျော်သန်းက သူ၏ “ဖဘ“မှာ လွမ်းလွန်း တသ သတိတရ ဖေါ်ကျူးထားရာ 


အရပ်ဒေသခြင်း မတူသော်လည်း                                                                                                    
ဘ၀မှာ မျော်လင့်မထားသော ဘယ်လိုမှမဆက်မစပ်ခဲ့ဖူးသော ထူးခြားဆန်းကြယ်တဲ့ အိမ်မက်ဆန်သောဒေသများကို ရည်ရွယ်မျော်လင့်ချက် အိမ်မက်တွေ ထွေးပိုက်ပီး အိမ်မက် မက်သလို ရောက်ခဲ့ဖူးပါတယ်။ ယုံကြည်ရာဘ၀ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖေါ်ဖို့ ကြိုးစားရင်း တကယ့်မူလဘ၀အစစ်က အိမ်မက်ဖြစ်သွားပီး ကိုယ်ကတော့ အခုအထိတိုင် အိမ်မက်ထဲကျနစ်သွားတဲ့အဖြစ်ကို ကြေကွဲစွာ ခံစားရပါတယ်။

 ဖျားနာမကျန်းဖြစ်လို့ အုပ်ဖွဲ့ရွာတည်ပေးပြီး ချန်ထားခဲ့ရာ မဟာဗန္ဓုလရဲ့စစ်သည်များနဲ့
ဒေသခံတို့က ပေါက်ဖွားခဲ့တဲ့ မျိုးဆက် ( Marn) မျိုးနွယ်စု အများစုတို့ နေထိုင်ရာ ဒေသ.. ဗမာစကားကတော့ အဖေ..အမေ..ဆေးလိပ်..ထမင်း..ဘုရား..တရား..သံဃာ စသဖြင့် နည်းနည်းလောက်ပဲကျန်တော့ တတ်ကြတော့တယ်..အာသံစကားပြော အာသံတွေလို ဝတ်စားဆင်ယင်မှုတွေ ဖြစ်နေပြီ ..တခြားဗုဒ္ဓဘာသာယဉ်ကျေးမှုတူရာတွေဖြစ်တဲ့ ရှမ်း (ခန္တီး)တွေ ဂျင်ဖောတွေ တန်ဆားနာဂတွေနဲ့ပေါင်းပြီး ဗရမာဆိုပြီး ယဉ်ကျေးမှုမျိုးနွယ်စုတခုလုပ်နေကြတယ်။ သင်္ကြန်လို ကဆုန်လပြည်ဗုဒ္ဓနေ့လို သီတင်းကျွတ်လိုပွဲတွေကို သူအရပ်ကိုယ့်အရပ် အလှည်းကျ စုပေါင်းဆင်နွဲနေကြတယ်။












 ရှေးဘုရင်များလက်ထက်က ဘုရင့်စစ်ကြောင်းနဲ့အတူ လများ နှစ်ရှည် လိုက်ပါချီတက်ရာက အင်းလေးကိုရောက်တော့ သူတို့ပင်လယ်ဒေသကို ပြန်ရောက်ဘီဆိုပီး ဘုရင့်ဆီခွင့်ပန်ပြီး ကျန်ခဲ့ရာက ရှမ်းရိုးမတောင်တန်းကြားက အင်းလေးကန်ကြီးထဲ ထားဝယ်သားတွေ ရောက်နေတာ ဆိုတော့

 အေးပေါ့လေ ရှေးက အိမ်မြောင်တွေ  ဂျီပီအက်စ်တွေမှမရှိတာ

ရောက်ရာအရပ်မှာ ဘုရားတည် လမ်းမှတ်ပီး စစ်ချီရတာကိုး
စစ်တက်စစ်ချီ လမ်းအူထိုးသွားရင်း အမှတ်နဲ့အပြန်  ရမ်းသမ်းလွဲခြော်ပီး ရှေးက ဗမာ ဗာမင်အင်ပါယာ မြေင်္ပုကြီး ကားနေတာပေါ့လို့ ငယ်ငယ်က ပေါက်ကရ ပြောခဲ့ဖူးပါတယ်။

 ကိုကျော်သန်းရဲ့ ခါစီလူမျိုးတွေလဲ ဘိုးတော်တို့ ဘကြီးတော်တို့တပ်က မွန်စစ်သည်အနွယ်တွေနေမှာပေါ့။





No comments:

Post a Comment