10/15/2014

15-10



  စိတ်ညစ်တာ ဒါတွေပါတယ် 

ကရင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) ကလိုထူးဘော စစ်ဌာနချုပ် (DKBA) နှင့် KNU/KNLA –PC အဖွဲ့များ ပြန်ပေါင်းသတဲ့။
အဖွဲ့အသီးသီးရဲ့ ကြေငြာချက်တွေလဲ ဖတ်ရတယ်။ အဲသလို ဖတ်ရမှဘဲ ပေါင်းတယ်ဆိုပီး ထပ်ကွဲသလိုကြီး ဖြစ်နေပြန်ရော။
ထိုအဖွဲ့များ ပူးပေါင်း၍ ကော်သူး လေတပ်မတော် (KAF) အဖြစ် ပြန်လည်ပေါင်းစည်းရန် သဘောတူလိုက်ကြောင်း တဲ့။


ကရင်အမျိုးသားအစည်းအရုံး(KNU) ကာကွယ်ရေး ဌာန၏ ကြေငြာချက် ၁/၂၀၁၄ ဆိုပြီး အပိုဒ်၃မှာ  KNLA ဒုစစ်ဦးစီးနဲ့  KNDO်ဦးစီးချုပ်တို့က သူ့သဘောနဲ့သူလုပ်တာပါတဲ့။  ဆိုတော့ ကရင်လက်နက်ကိုင်အဖွဲ့ ၄ ခု ပြန်လည်ပေါင်းစည်းရေး သဘောတူညီချက်အပေါ် တရားမ၀င်သော သဘောတူညီချက်ဖြစ်ကြောင်း KNU ကပြောတာပေါ့။

 မိခင် ကေအန်ယူအနေနဲ့ ဒီကိစ္စတွေအပေါ် ကေအန်ယူရဲ့ သဘောတူညီချက် မပါဝင်ဘူးလို့ ပြောရမယ်။ ကေအန်ယူ အနေ နဲ့ တရားဝင်ဖို့ဆိုရင် ခရိုင် ၇ ခု၊ တပ်မ ၇ ခုက အစည်းအဝေး လုပ်ပြီး သဘောထား ထုတ်ပြန်မှ တရားဝင် ဖြစ်တာပါ။ ဒါကြောင့် ကေအန်ယူအနေနဲ့တော့ ဒီအပေါ် တရားမ၀င်ဘူးလို့ပဲ ပြောရပါမယ်ဟု KNU ဘာအံ ဆက်ဆံရေးရုံးမှ ဗိုလ်မှူး စီးရှီက ဧရာဝတီသို့ ပြောတယ် လို့လဲ ဖတ်ရပြန်တယ်။
 ကရင် အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) ကိုယ်စားလှယ်အဖြစ် လက်မှတ်ထိုးသွားးတာက ဗိုလ်ချုပ်မြသား နာဒါမြ။

ကဲ ဘာတွေ ဖြစ်ကုန်ကြဘီလဲ။

No comments:

Post a Comment