
ဘုရင့်နောင်
မင်းတရားကြီး ယိုးဒယားအား ပမထအကြိမ် အောင်မြင်ပြီး ၅ နှစ်အကြာ သက္ကရာဇ်
၉၃၀(အေဒီ၁၉၆၈)တွင် ဒုတိယအကြိမ်ချီတက်ရန် အကြောင်းဖန်လာသည်။
နန်းကျ ယိုးဒယားမင်း မဟာ
ချက်ကရာဖက် (ဗြသာဓိရာဇာ) သည် ရဟန်းခံပြီးနောက် ဘုရားဖူးရန်ဟုအကြောင်းပြပြီး
ယိုးဒယားသို့ပြန်သွားကာ သားဖြစ်သူ ဗြမဟိန် နှင့်ပူးပေါင်းပြီး ပုန်ကန်တော့သည်။
ထိုသတင်းကို ပိဿလောက်စား(ယခု
ဖိစနုလောခ်) သြယားပိဿလောက် (ယိုးဒယားဘုရင်၏ ယောက်ဖ နရဲစွမ် ၏အဖေ) ကလာရောက် သတင်းပို့လာသောကြောင့် ပိဿလောက်မှ ရောက်လာသော
သြယားအား စော်ဘွားသောင်ကျည်ဘွဲ့ဖြင့် ထီးဖြူမကိုဋ်ကိုပါပေးသည်။ ဗညားလော၊ ဗညားကျန်း
၊ဗညားပရံ တို့အား စစ်တပ်ကြီးဖွဲ့ကာ ပိဿလောက်ကို တပ်များခေါ်ပြီး အခိုင်အလုံနေစေသည်။
ထိုအခါ ယိုးဒယားမင်း သည်
လင်ဇင်းမင်းကို ပါခေါ်ပြီး ပိဿလောက်ကို လာရောက်တိုက်ခိုက်သည်။ သို့သော်
အခုအခံကောင်းလှသဖြင့် မြို့ကို ကျအောင်မတိုက်နိုင်ပဲရံနေရသည်။
မိုးကာလလွန်လျှင် မင်းတရားကြီကိုယ်တိုင် အင်အားစုစုပေါင်းမှာတပ်ပေါင်း၅၉ တပ်၊စစ်သည် ၉၀၂၈၀၀ရှိစစ်တပ်ကြီးဖြင့် အယုဒ္ဓယသို့ချီသည်။ရောက်လျှင် မြို့ကိုလေးဖက်လေးတန်မှ တိုက်သည်။စစ်ပွဲမှာပြင်းထန်လှသဖြင့် မြန်မာစစ်သည်တို့မှာ အလောင်းကိုပင် အကာအကွယ်ယူ၍တိုက်ရသည်ဟုဆိုသည်။ တာဝန်ပေါ့လျော့သဖြင့် တပ်တွင်းကို မီးတိုက်ခံရသောကြောင့် စစ်ဆေးပြီးအပြစ်ရှိသည့် ဗညားစက်နှင့်စောတိုင်ခံတို့ကို ကွပ်မျက်သည်။
မိုးကာလလွန်လျှင် မင်းတရားကြီကိုယ်တိုင် အင်အားစုစုပေါင်းမှာတပ်ပေါင်း၅၉ တပ်၊စစ်သည် ၉၀၂၈၀၀ရှိစစ်တပ်ကြီးဖြင့် အယုဒ္ဓယသို့ချီသည်။ရောက်လျှင် မြို့ကိုလေးဖက်လေးတန်မှ တိုက်သည်။စစ်ပွဲမှာပြင်းထန်လှသဖြင့် မြန်မာစစ်သည်တို့မှာ အလောင်းကိုပင် အကာအကွယ်ယူ၍တိုက်ရသည်ဟုဆိုသည်။ တာဝန်ပေါ့လျော့သဖြင့် တပ်တွင်းကို မီးတိုက်ခံရသောကြောင့် စစ်ဆေးပြီးအပြစ်ရှိသည့် ဗညားစက်နှင့်စောတိုင်ခံတို့ကို ကွပ်မျက်သည်။
အယုဒ္ဓယမြို့တိုက်ပွဲတွင်
အသေခံတပ်သားများဖြင့်တိုက်သည့်တိုင် ရဲမက် ၁၀၀၀၀ ကျော်ကျသည်။
နောက်ဆုံးတွင် ပထမအကြိမ် ယိုးဒယားတိုက်စဉ်က ဖမ်းခေါ်လာသည့်
ယိုးဒယားအမတ်ကြီး သြောက်ဗြစက္ကိ ကိုသစ္စာပေးပြီး မြို့တွင်းသို့ဝင်စေကာ
အချိန်းအချက်ပေး၍ မြို့တံခါးကိုဖွင့်စေသည်။ သို့ဖြင့် တိုက်၍မကျနိုင်သောမြို့
ဟုကြော်ကြားလှသည့် အယုဒ္ဓယပူရ သည် ဘုရင့်နောင်လက်သို့ ကျဆင်းရတော့သည်။
အမတ်ကြီး
သြောက်ဗြစက္ကိကို ဂတိအတိုင်း ပိဿလောက်ကိုစားရန်ပေးသော်လည်း အမတ်ကြီးက
ငြင်းဆန်သဖြင့် ဗညား ဘွဲ့ပေးကာ ဒဂုံကိုစားစေသည်။ ယိုးဒယားဘုရင်အဖြစ် သစ္စာခံ
ပိဿလောက်စားအား သြယားဓမ္မရာဇာ(မဟာဓမ္မရာဇာ)ဘွဲ့ဖြင့် တင်မြှောက်သည်။ သြယားဓမ္မရာဇာ၏
သား နာရေစွမ်(နောင်တွင် ဗြနရာဇ်) အား ဟံသာဝတီသို့ခေါ်ကာ မိမိသွေးသားရင်းချာကဲ့သို့
မြှောက်စားသည်။
ဟံသာဝတီ
တွင်ကြီးပြင်းခဲ့သည့် နရဲစွမ် သည် မြန်မာတို့ ၏ စစ်ရေး အတတ်ပညာ ကို လည်း
ရရှိသွားပြီး ဘုရင့်နောင် ၏ အယုဒ္ဒယ မြို့ သိမ်း စစ်ရေး အတွေ့ အကြုံလည်း ရရှိခဲ့သူ
ဖြစ်သည်။
ဘုရင့်နောင်ရဲ့သားတော်
နန္ဒဘုရင်နဲ့ ယိုးဒယားမင်းဗြနရာဇ်တို့လက်ထက်ကြတော့ မြန်မာနဲ့ ယိုးဒယား
အဆင်မပြေကြတော့ပါဘူး။ ယိုးဒယားသမိုင်းမှာ နန္ဒဘုရင်ကို
ဘုရင့်နောင်လိုဖြောင့်မတ်မှန်ကန်မှုမရှိဘူး၊ မရိုးသားဘူးလို့ ဆိုပါတယ်။
ဘုရင့်နောင်ရဲ့မိဖုရား ဆုပန်ကလျာသေရတာလည်း နန္ဒဘုရင်လက်ချက်လို့ ရေးသားခဲ့ပါတယ်။
ဘုရင့်နောင်ရဲ့သားတော်
နန္ဒဘုရင်လက်ထက် မှာ ယိုးဒယားနဲ့မြန်မာ စစ်လေးကြိမ်ဖြစ်တယ်။ (၄)
ကြိမ်စလုံးမြန်မာတွေရှုံးနှိမ့်ခဲ့ပြီး နောက်ဆုံးအကြိမ် ယိုးဒယားဘုရင် ဗြနရာဇ် (ဖရ နရဲစွမ်) နဲ့
နန္ဒဘုရင်ရဲ့သားတော် မဟာဥပရာဇာတို့ ဆင်စီးချင်းထိုးကြ ရာမှာ မဟာဥပရာဇာ
ကျဆုံးခဲ့ရတယ်။
သမိုင်းမှာထင်ရှားတဲ့
ဘုရင့်နောင်မြတ်နိုးတော်မူလို့မိဖုရားမြှောက်ခဲ့တဲ့ ယိုးဒယားမိဖုရား ဆုပန်ကလျာ
ဆိုတာကလည်း ယိုးဒယားဘုရင် စော်ဘွားသောင်ကျည်ရဲ့သမီး၊ ဗြနရာဇ်ရဲ့ အစ်မတော်ပဲ
ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဘုရင့်နောင် ယိုးဒယားကိုသိမ်းယူခဲ့ပေမယ့် ယိုးဒယားတွေက
ဘုရင့်နောင်အပေါ် အမုန်းမထား ဘဲ စကြဝတေးမင်းလိုသတ်မှတ်ကာ
သူတို့ရဲ့ယိုးဒယားသမိုင်းစာအုပ်တွေမှာ ဘုရင့်နောင်အကြောင်း၊ ဘုရင့်နောင်မှာ
ကောင်းမြတ်တဲ့ ဖြောင့်မတ်တဲ့ စိတ်ရင်းစိတ်ကောင်းရှိတာတွေနဲ့ သူရဲကောင်းအာဇာနည်
မင်းကောင်းမင်းမြတ်ဖြစ်တာတွေကိုရေးသားမှတ်တမ်းတင် ဖော်ပြခဲ့ကြတာတွေဘဲဖြစ်တယ်။
နန္ဒဘုရင်က
ယိုးဒယားကို လေးကြိမ်သွားရောက်တိုက်ခိုက်ခဲ့သလို၊ ဗြနရာဇ်ကလည်း မြန်မာနိုင်ငံထဲကို
အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဗြနရာဇ်နောက် မင်း (၁၃) ဆက် စိုးစံပြီး
တဲ့နောက်မှာတော့ ယိုးဒယားသမိုင်းက ဧကာဒက်ကောဒသလို့ ခေါ်ကြတဲ့ ကျောက်ဘွားဧကာဒသ်မင်း
နန်းတက်လာပြီးတော့ အလောင်းဘုရားနဲ့ယိုးဒယားတို့ စစ်ဖြစ်ပွားခဲ့ရပါတယ်။
ထိုင်းလူမျိုးတွေဟာ
အလောင်းဘုရားကို အလွန်မုန်းကြတယ်။ မုန်းအောင်လည်း ငယ်စဉ်ကတည်းက ကျောင်းစာတွေမှာ
သင်ပေးလာတယ်။
တကယ်တော့
အလောင်းဘုရားဟာ ယိုးဒယားတွေရဲ့အယုဒ္ဓရမြို့တော်ကို ဝန်းရံထားစဉ်မှာ
မကျန်းမမာဖြစ်လာတဲ့အတွက် တပ်ကိုပြန်ဆုတ်ခဲ့ ရပါတယ်။ ယိုးဒယားကို
မအောင်မြင်နိုင်ခဲ့ပါဘူး။
ဆင်ဖြူရှင်
လက်ထက် ယိုးဒယားကိုတိုက်ခိုက်တာမှာ ဘာကြောင့်တိုက်ခိုက်တယ်ဆိုတာ ရာဇဝင်တွေမှာ
တိတိကျကျ မဖော်ပြနိုင်ခဲ့ပါဘူး။ ခမည်းတော်အလောင်းဘုရားလက်ထက် ချီတက်လုပ်ကြံရာမှာ မအောင်မြင်ဘဲ
ခမည်းတော်လည်း နတ်ရွာစံခဲ့ရတဲ့အတွက်မကျေချမ်းနိုင်လို့ ယိုးဒယားကိုသွားတိုက်တာ
ဖြစ်လိမ့်မယ်လို့ သမိုင်းပညာရှင်အချို့ကတော့ ထင်မြင်ချက်ပေးကြပါတယ်။
ယိုးဒယားသမိုင်းတွေကတော့
ထားဝယ်စားပုန်ကန်လို့ မြန်မာကထားဝယ်ကို လုပ်ကြံတဲ့အတွက် ထားဝယ် စားက
မြိတ်ကိုထွက်ပြေးတယ်၊ မြိတ်မှာရှိတဲ့ ယိုးဒယားတွေက ထားဝယ်စားကို မပေးအပ်တဲ့အတွက်
မြန်မာတွေက မြိတ်နဲ့တနင်္သာရီကို တိုက်ခိုက်သိမ်းယူပြီး
ယိုးဒယားကိုချီတက်လုပ်ကြံတယ်လို့ ဆိုပါတယ်။
မြန်မာတွေယိုးဒယားကို
စစ်ချီတာကတော့ (၁၇၆၄) မှာ ဖြစ်တယ်။
ဇင်းမယ်ကြောင်းချီတဲ့
ဗိုလ်ချုပ်သီဟပတေ့ရဲ့တပ်တွေနဲ့ ဗိုလ်ချုပ်မဟာနော်ရထာရဲ့တပ်တွေ နှစ်တပ်ပေါင်းမိကြပြီး
အယုဒ္ဓယမြို့ကိုဝန်းရံကာ အပြင်း အထန်လုပ်ကြံကြတယ်။
ယိုးဒယားဘုရင်ကလည်း
သူ့တပ်တွေနဲ့မြန်မာတပ်တွေ နီးလာတာကို မြို့ပြင်ထွက်ပြီး ဆီးကြိုတိုက်ခိုက်ပေမယ့်
တိုက်ပွဲတိုင်းအရေးနိမ့်ပြီး ပြန်ဆုတ်ရတယ်။
မြန်မာတပ်တွေက
ယိုးဒယားကိုဝန်းရံထားတာ (၁၄) လလောက်ကြာခဲ့တယ်။ ယိုးဒယားမြို့ရဲ့မြို့ရိုးက အလွန်လဲမြင့်တယ်။ ပြီးတော့ ရေပတ်လည်ကလည်း ဝိုင်းနေတယ်။
မြို့ရိုးတပ်မှာလည်း ပေါ်တူဂီကြေးစားတွေရဲ့ အမြောက်၊ သေနတ်တွေလည်းထူထပ်လို့
မြန်မာတွေဘက်မှာလည်း အကျအဆုံးတွေများခဲ့ရတယ်။ မိုးကျလာလို့ ရေတွေဝိုင်းလာတဲ့အခါ
ကုန်းမြင့်ရာကိုရွှေ့ပြီး မြို့ကိုရံကြရတယ်။ မိုးစဲပြီး ရေကျသွားတဲ့အခါကျမှ
ရံအုတ်မြို့တွေကိုတည်ကာ အယုဒ္ဓယမြို့ထဲကို အမြောက်တွေနဲ့ပစ်ခတ် ကြရတယ်။ အဲဒီလို
မြို့ကိုမသိမ်းနိုင်ဘဲ ရံထားတဲ့အချိန်မှာဘဲ ဗိုလ်ချုပ်မဟာနော်ရထာ
မကျန်းမမာဖြစ်ပြီး ကွယ်လွန်သွားတဲ့အတွက် တပ်တွေကို ဗိုလ်ချုပ်နေမျိုးသီဟပတေ့ကပဲ
တပ်တွေအားလုံးကို အုပ်ချုပ်ရတယ်။
(၁၇၆၇)
မှာတော့ မြန်မာတွေက ယိုးဒယားမြို့ရဲ့ အောက်ခြေကနေ အတွင်းရောက်အောင်
ဥမင်တွေဖောက်ပြီး ထင်းတွေလောင်စာတွေ အပြည့်သွင်းကာမီးရှို့တယ်။
မြို့ခြေကိုထောက်တဲ့တိုင်တွေ မီးလောင်ပြီး မီးရှိန်အလွန်ပြင်းတဲ့အတွက်
မြေအစိပ်စိပ်အမြွာမြွာကွဲကာ မြို့ရိုးပြိုလဲသွားတယ်။
ဒီတော့မှ
မြန်မာတပ်တွေ အလုံးအရင်းနဲ့ဝင်တိုက်တာမှာ အယုဒ္ဓယတစ်မြို့လုံးကိုရတယ်။
ယောက်ျားမိန်းမ (၃၀၀၀၀) လောက်ကို သုံ့ပန်းအဖြစ်ဖမ်းပြီး ဘဏ္ဍာရွှေငွေတွေကို
သိမ်းယူတယ်။ လူနေအိမ်၊ ကျောင်းကန်၊ ဇရပ်၊ တန်ဆောင်းတွေကို မီးထင်းတိုက်ရှို့တယ်။
ယိုးဒယားဘုရင် ကျောက်ဘွားဧကာဒသ်လည်း မြို့က ထွက်အပြေးမှာ
လက်နက်ထိမှန်ပြီးကျဆုံးသွားတယ်။ အယုဒ္ဓယတမြို့လုံးပျက်ဆီးသွားပြီး မြို့သက်ကုန်
သွားတယ်။
ဆင်ဖြူရှင်ရဲ့နိုင်ငံရေးအမျှော်အမြင်အရ
အဲဒီအချိန်က တရုတ်ပြည်မှာ
အင်အားကြီးမားလှတဲ့ မန်ချုးမင်းဆက်ဖြစ်တဲ့ဘုရင်တွေ အုပ်ချုပ်နေပါတယ်။
မန်ချုးတွေက အာရှတိုက်အလယ်ပိုင်း ဒေသတွေကို အောင်နိုင်ပြီးတဲ့နောက်
အာရှတိုက်တောင်ပိုင်းဒေ သတွေကိုလည်း နယ်ချဲ့ချင် နေကြတဲ့အချိန်ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာဆင်ဖြူရှင်မင်းဟာစစ်မျက်နှာနှစ်ဘက်ဖွင့်ရမယ့်အခြေအနေကိုရှောင်ရှားနိုင်ဖို့အတွက် အယုဒ္ဓယကိုပြန်မထကြွနိုင်တော့အောင် ဖျက်ဆီးခဲ့လိုက်တာကြောင့် အယုဒ္ဓယဟာ မြို့ပျက်ခဲ့ရတယ်။
မြန်မာတွေ ယိုးဒယားကိုသိမ်းပိုက်ပြီး (၁) နှစ်လောက်ကြာတဲ့အခါမှာ တရုတ်က မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်လာတဲ့အတွက်ကြောင့် နေပြည်တော်က လက်ဝဲဝင်းမှူး နေမျိုးစည်သူခေါင်းဆောင်တဲ့ တပ်ပေါင်း (၁၀) တပ် ရောက်ရှိ လာပြီး အတွင်းအပြင် နှစ်ဖက်ညှပ်ကာ တရုတ်တွေကိုတိုက်တာ တရုတ်တပ်တွေ ဆုတ်ခွာသွားကြရတယ်။ ဒီစစ်ပွဲမှာ တရုတ်ဗိုလ်ချုပ် တာလောရဲ ကျဆုံးခဲ့တယ်။ ဒါကတော့ တရုတ်နဲ့ ပထမဆုံးဖြစ်တဲ့ စစ်ပွဲဖြစ်တယ်။
အယုဒ္ဓယနန်းပျက်ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံအပေါ် အတော်လေး နာကျည်းခဲ့ပြီး အယုဒ္ဓယနန်းတော်ပျက်နေရာကို ပြန်လည်ပြုပြင်ခြင်းမပြုတော့ဘဲ မြန်မာတို့ ဖျက်ဆီးခဲ့တဲ့အထိမ်းအမှတ်နေရာအဖြစ်သာ ထားရှိခဲ့ပါတယ်။
ဝန်ကြီးချုပ် ဦးနု လက်ထက်က
အယုဒ္ဓယပျက်စီးမှုကို မြန်မာအစိုးရက
ပြင်ပေးပါ့မယ်ဆိုတာကို လက်မခံခဲ့တာ သမိုင်းတန်ဖိုးအရ နားလည်နိုင်ပါတယ်။
ဒါပေမဲ့
သမိုင်းကို သမိုင်းအနေနဲ့ ထားခဲ့ပြီး ခေတ်ကာလတခုရဲ့ အခြေအနေ အဖြစ်အပျက် တခုသာ
ဖြစ်တာကို နှလုံးသွင်း သဘောပိုက်ကာ သွေး
သစ္စာ
ချေဖျက်ချိန် တန်ပါပြီ။
No comments:
Post a Comment