5/14/2015

ကျားမြီးဆွဲသူများ


မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းတက်ရောက်တဲ့ အခမ်းအနား တစ်ခုမှာ အိပ်ပျော် နေခဲ့ပြီး ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ခေါင်းဆောင်ကြီး ကင်ဂျုံအန်း အပေါ် သစ္စာမဲ့တဲ့ အပြုအမူ ဖော်ပြမှုနဲ့ ကာကွယ်ရေး ဝန်ကြီး ဖြစ်သူ Hyon Yong-chol ဟွမ်ယောင်ချိုလ် ၆၆ နှစ် ကို   ဧပြီ ၃၀ ရက်နေ့က ရာနဲ့ချီတွေ လူတွေ ရှေ့မှာ လေယာဉ်ပစ် စက်သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ် ခံခဲ့ရ သည်ဟု တောင်ကိုရီးယားက Yonhap သတင်းဌာနက ဖော်ပြပါတယ်။
 
၎င်းသည် ခေါင်းဆောင်ကြီး ကင်မ်ကိုယ်တိုင် ကြီးမှူးသည့် စစ်ရေး အခမ်းအနား တစ်ရပ်တွင် အိပ်ပျော် သွားသည့်အတွက် ခေါင်းဆောင်ကြီးကို မလေးမစား ပြုမူမှုဖြင့် ယခုလို ပြစ်ဒဏ် စီရင်ခံရခြင်းဖြစ်ကြောင်း တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ (NIS)မှ တာဝန်ရှိသူများနှင့် တံခါးပိတ် ဆွေးနွေးခဲ့သည့် တောင်ကိုရီးယား ဥပဒေပြု အမတ်များက ပြောကြားခဲ့သည်။

အခုရက်ပိုင်းတွေမှာ မြောက်ကိုရီးယား လျှို့ဝှက်ရဲတပ်ဖွဲ့တွေဟာ အရမ်း အကဲဆတ်တဲ့ အခြေအနေ ဖြစ်နေတယ်။ ကင်မ်နဲ့ ပတ်သက်ပြီး ဘယ်လို မလေးမစား ပြုမှုမျိုးကိုမှ သူတို့က လက်မခံကြဘူး။ အစိုးရ ထိပ်ပိုင်းနဲ့ အလယ်အလတ် အဆင့်အတန်းက ပုဂ္ဂိုလ်တွေလည်း သတိထားနေရတယ်ဟု မြောက် ကိုရီးယား အရေး လေ့လာသူတစ်ဦးဖြစ်သည့် မိုက်ကယ် မက်ဒမ်က ပြောကြားခဲ့သည်။

ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်းကပဲ ကင်ဂျုံအန်းရဲ့ မူဝါဒတွေကို စောဒက တက်ခဲ့တဲ့ လက်ထောက် ဝန်ကြီး ၂ ယောက် အပါအဝင် လူ ၁၅ ယောက်ကို ကွပ်မျက်ခဲ့ပါသေးတယ်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ နှလုံး ရောဂါဖြင့် သေဆုံးပြီး နောက်ပိုင်း ၎င်း၏ အရိုက်အရာကိတတိယမြောက်သား ကင်ဂျုံအွန် (အသက် ၂၇ နှစ်)သည် နျူကလီးယား လက်နက်ငယ်များ၊ ဓာတုဗေဒ လက်နက်များနှင့် အမြောက်များဖြင့် ပြည့်နှက်နေ သည့် ကြီးမားသော တပ်မတော်နှင့် အတူ စီးပွားရေး ချွတ်ခြုံကျ၍ အထီးကျန်နေသော နိုင်ငံကို အမွေ ဆက်ခံ ရာတွင် ခေါင်းကိုင်ပုဂ္ဂိုလ်များအဖြစ် ပါဝင်ခဲ့သည့် ဦးလေးဖြစ်သူ ဂျန်ဆွန်ထက် အပါအ၀င် အစိုးရထိပ်တန်း အရာရှိများ ကွပ်မျက်ခံရမှုများ ဆက်တိုက်ဖြစ်လာရာ ယင်းကဲ့သို့ သေဒဏ်စီရင်ခံရသူ အရေအတွက်မှာ ၇၀ ကျော်သွားပြီဖြစ်သည်။
 
ဂျန်ဆွန်ထက်မှာ နိုင်ငံအတွင်း သြဇာအကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ပြီး ကင်ဂျုံအွန်အား နောက်ကွယ်မှ ပံ့ပိုးပေးနေသူဟု လူသိများသူဖြစ်ပီး သူ့အားကွပ်မျက်ရာတွင် လက်ဖြောင့် တပ်ဖွဲ့အစား ZPU-4 လေကြောင်းရန် ကာကွယ်ရေး စက်သေနတ်နှင့် မီတာ ၃၀ မျှ အကွာမှ အပစ်ခံရခြင်း ဖြစ်သည်။ ယင်းစက် သေနတ်များသည် မီတာ ၈၀၀၀မျှ အကွာအဝေးထိ ပစ်ခတ်နိုင်သည့် အလွန်အားကောင်းသော လက်နက် များ ဖြစ်သည်။

ယခုလက်ရှိတွင် ချစ်လှစွာသော ခေါင်းဆောင်ကြီး ကင်ဂျုံအန်း၏  နိုင်ငံသားများအပေါ် စေတနာဖြင့် မလိုက်နာမနေရ ချမှတ် လိုက်တဲ့ ဥပဒေ သစ် အရ မြောက်ကိုရီးယား ပြည်သူ အမျိုးသား များဟာ ကင်ဂျုံအန် ညှပ်ထားတဲ့ ဆံပင် ပုံစံ တစ်မျိုးတည်း ကိုသာ ထားခွင့် ရှိတော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။

သု့လိုဘဲ ၁၅ရက်တခါ ဆံပင်ညှပ်ရမှာဖြစ်ပါတယ်။
ဥပဒေ မလိုက်နာပဲ နေတဲ့ အမျိုးသား များကို အရေးယူ အပြစ်ပေးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဆံပင် ပုံစံဟာ ကျန်းမာရေး အတွက်ကော၊ သူ့လို ဥာဏ်ပညာ ထက်မြတ် ဖို့ရော (ဦးနှောက်မှ မှတ်သားနိုင်စွမ်း ကောင်းဖို့ အတွက်) အကောင်း ဆုံး ဖြစ်ကြောင်း ကင်ဂျုံအန် ကိုယ်တိုင် ပြောကြား ခဲ့ ပါတယ်။

One Direction တို့လို ကမ္ဘာကျော် အဆိုတော် များ လာရောက် ဖျော်ဖြေဖို့ ခွင့်တောင်းချက် ကိုတောင် သူ့ ဆံပင် ပုံစံ ညှပ်ပြီး လာမှ ဝင်ရောက် ဖျော်ဖြေခွင့် ပေးမယ်လို့ ကင်ဂျုံအန်ကပြောထားပါတယ်။

ယခု အသစ် ချမှတ် ထားတဲ့ ဆံပင် ပုံစံ အမည် ကို 'ချစ်လှစွာသော ကင်ဂျုံအန်' လို့ အမည်ပေး ထား ပါတယ်။


No comments:

Post a Comment