၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို၊
ပြင်ဆင်ရန် သို့မဟုတ် ဖျက်သိမ်းပြီးအသစ်ပြန်ရေးရန်၊ အစရှိသည်ဖြင့် ၀ိဝါဒကွဲပြားနေသည့်အပေါ်၊ကျနော်၏
သဘောထားကို ရဲဘော်မိတ်ဆွေတယောက်က ချက်ဘောက်မှာ လက်ကုတ်ပီးမေးလာသည့်အတွက် ရဲဘော်မိတ်ဆွေအပေါင်း
သိစေရန် ဆွေးနွေးလိုက်ပါသည်။
တိုင်းပြုပြည်ပြု ရေးဆွဲထားသော၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟူသည်မှာ၊ တဦးတက် တခုဖျက်၊
တဖွဲ့လာတအုပ်ရေးရန် လိုအပ်သည်မျိုးမဟုတ်။ ပါလီမန်
နည်းဥပဒေသများကို သုံးပြီး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏၊ ပထမစာမျက်နှာ ပထမစာကြောင်း၊ ပထမစာလုံးမှသည်
နောက်ဆုံးစာမျက်နှာ၊ နောက်ဆုံးစာကြောင်း၊ နောက်ဆုံး
စာလုံးထိတိုင်၊ ပြည်သူတို့ဘ၀နှင့်မကိုက်ညီလျှင်၊ တိုင်းပြည်ကို အကျိုးမပြုလျှင်၊ ပြည်သူကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများက ပြင်ဆင်၊ ဖြည့်စွက်၊
ပြုပြင်၍ ရကောင်းသော ပဋိညာဉ်စာချုပ်ကြီး
ဖြစ်ပါသည်။
ထိုကြောင့် ယခု ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် စစ်မှန်သော
ပြည်ထောင်စု စနစ်ကို အာမမခံနိုင် သေးလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဒီမိုကရေစီ
လုပ်ထုံးလုပ်နည်းကို အဟန့်အတားဖြစ်စေသည်ဟု ပြည်သူများက
ယုံကြည်လျှင် ပြည်သူကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများက ထိုဥပဒေများအစား အမျိုးသား ပြန်လည်
ရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို၊ အမှန်တကယ်
တည်ဆောက်ခြင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပြန်လည်တည်ဆောက်ခြင်းများအား၊ အထောက်အကူပြုနိုင်သည့် ဥပဒေများ၊ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းကို အာမခံ သည့် အချက်များဖြင့်၊ ဖြည့်စွက်နိုင် ပြင်ဆင် နိုင်ပါသည်။ ရုတ်စွအဆုံး ယခုရေပန်းစားနေသော ပုဒ်မ ၅၉ (စ) ကိုပင် လုပ်ထုံး
လုပ်နည်းနှင့်အညီ ပြင်မည်ဆိုက ပြင်နိုင်ခွင့် ရှိပါသည်။
အသစ် ပြန်ရေးဖို့ မလိုပါ။
အလျှင်းသင့်သောကြောင့်
ပုဒ်မ ၅၉ (စ) နှင့် ပါတ်သက်သော ကျနော်တို့၏ ရပ်တည်ချက်မှာ အမျိုးသားရေး၊ တိုင်းရင်းသားရေး၊ ၀ံသာနု
မျိုးချစ်စိတ် အရင်းအမြစ်၊ တည်တန့် ခိုင်မြဲရေးကို၊ အလေးအနက်ထားခြင်း ဖြစ်ပီး သားအစဉ်
မျိုးအဆက် နိုင်ငံသားစစ်စစ်၊ တိုင်းရင်း သားစစ်စစ်များ၏ ရပိုင်ခွင့်နှင့်
နိုင်ငံရပ်ခြား သွေးနှောများ၏ ရပိုင်ခွင့်ကို၊ တန်းတူ မထားနိုင်ကြောင်း ဥပဒေ ပုဒ်မ
ပုဒ်ခွဲအားဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေ၌ တိတိကျကျ ပြဌာန်းခဲ့ပါမှ ကာလရွေ့လျော အရောအနှောများကာ အနာဂတ် တိုင်းပြည်အတွက် လူမျိုးပျောက်မည့် အန္တရယ်ကြီးကို
မိမိရရ ကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ထို ပုဒ်မအား ပြင်ရန်
ဖျက်သိမ်းရန် လုံးဝ သဘောမတူ ဆန့်ကျင် ကန့်ကွက်ပါသည်။
အနှစ်သာရအနေနှင့်၊ မိမိနိုင်ငံတော်
အချုပ်အခြာအာဏာ၏၊ အမြင့်ဆုံးသောရာထူး၊
အချုပ် အခြာ အာဏာ၊ အသက်သွေးကြော နှင့် ကံကြမ္မာကို၊ မိမိ နိုင်ငံသားများ
လက်ထဲမှာသာ ထားရှိခြင်း ဆိုတဲ့ အချက် ဖြစ်ပြီး တိုင်းတစ်ပါး လွှမ်းမိုးခြင်း
အန္တရယ်ကို တရားဥပဒေဖြင့် ကာကွယ် စောင့်ရှောက် ထားခြင်းဖြစ်သည့်အတွက် ယခုကာလမှမဟုတ်
လွန်လေပြီးသောကာလက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေး ပိသုကာကြီးများ ၁၉၄၇
ခုနှစ်က ရေးဆွဲ ပြဌာန်းခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေ အခန်း၅ နိုင်ငံတော် သမ္မတ ခေါစ်းစဉ် အောက် ပုဒ်မ၄၅ ၌-
အောက်ပုဒ်မများတွင်
“နိုင်ငံတော် သမ္မတ”ဟုခေါ်အပ်သော ပြည်ထောင်စုနိုင်ငံတော်၏
သမ္မတ ရှိရမည်။ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု နိုင်ငံတ၀န်းလုံးတွင် နိုင်ငံသားအားလုံး၏
အထွတ်အထိပ်နေရာကို ရရှိရမည်။ ထို့အပြင် ဤအခြေခံဥပဒေနှင့် တရားဥပဒေတို့က
အပ်နှင်းသော အာဏာနှင့် အလုပ်ဝတ္တရားများကို သုံးစွဲ ဆောင်ရွက်ရမည်။
ပုဒ်မ၄၉ (က)၌
မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏မိဘနှစ်ပါးသော်၎င်း၊
ပြည်ထောင်စုနိုင်ငံ၏နိုင်င်ငံပိုင်နက်အတွင်း၌၊ မွေးဖွါးခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊
ထို့အပြင် (ခ) ပါလီမံအမတ်အဖြစ် ရွေးကောက်တင်မြောက်ခြင်း ခံနိုင်သည့် အရည်အခြင်း
နှင့် ပြည့်စုံသည်လည်းဖြစ်သော
ပုဂ္ဂိုလ်မျိုးမဟုတ်လျှင် မည်သူမျှ နိုင်ငံတော်
သမ္မတ ရာထူးအတွက် ရွေးကောက် ခံနိုင်ခွင့် မရှိစေရ။
နိုင်ငံတော် သမ္မတ ရာထူးအတွက်
ရွေးကောက် ခံနိုင်ခွင့်ရရန်ရည်ညွန်းသည်မှာ
ပုဒ်မ၇၄ (၁) ၌ အောက်ပါပုဂ္ဂိုလ်များအား လွတ်တော်တရပ်ရပ်၏ အမတ်အဖြစ်ဖြင့် ရွေးချယ် ခံရရန်၎င်း လွတ်တော်တရပ်ရပ်၏ အမတ်အဖြစ် တည်မြဲစေရန်၎င်း ခွင့်မပြုရ။
(က) နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူသော်၎င်း နိုင်ငံသားသော်၎င်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး
ခံစားခွင့် များကို၊ ခံစားနိုင် ခွင့်ရှိသူ သို့တည်းမဟုတ်++++
စသည်ဖြင့် အတိအလင်း ပြဌာန်းပါရှိခဲ့ပီးဖြစ်သည်။
ထိုကြောင့်ပင် ၂၀၁၅ အတွက်တင်မက နောင်လာမည့် တသက်တာ အနာဂတ်အတွက်ပါ မပြင်သင့်သော
ပုဒ်မ တစ်ခု ဟု မှတ်ယူပါသည်။
ပုဒ်မ ၅၉ /(စ)နှင့်
ယင်းကဲ့သို့သော၊ အမျိုးသားရေး နှင့်ဆိုင်သည့်၊ ကန့်သတ်ချက် ဥပဒေမျိုးအား၊ မြန်မာတွင် သာမက အမျိုးသားလုံခြုံရေးအရ၊ နိုင်ငံအတော်များများ၏
ဖွဲ့စည်း ပုံဥပဒေမှာ၊ ထည့်သွင်းပြဋ္ဌာန်းလေ့ ရှိပါသည်။
၅၉(စ) ကို ပြင်ခြင်း ဖျက်ခြင်း
မပြုဘဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ရှိမှဖြစ်မည်ဆိုလျှင် ဖြစ်နိုင်ခွင့်ကို ပြဌာန်းနိုင်သည့် နည်းလမ်း သာဓကအား ”ဒညတ“ မှ တင်ပြခဲ့ဖူးပါသည်။
ထိုသာဓက အကိုးအကားအရ သက်ဆိုင်ရာ အခြားသတ်မှတ်အရည်အခြင်း
ပြည့်စုံလျှင် ပုဒ်မ ၅၉ /(စ) ကို အမျိုးသားလွတ်တော်မှ ဤတကြိမ်၊ ဤပုဂ္ဂိုလ်တဦးအတွက်၊
အထူးပြင်ဆင်ချက်၊ ခွင့်ပြုချက် ချွင်းချက်ပြုသည့် ဥပဒေပြုကာ ဆောင်ရွက်လိုက ဆောင်ရွက်နိုင်သည့်
အချက်ကို တင်ပြခဲ့ပါသည်။
ဒညတမှ မိဘပြည်သူများ နိုင်ငံရေးပါတီများ
အာဏာရအဖွဲ့ အစည်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အလုပ်သမားရေးရာ လယ်သမားရေးရာ လူမှုရေးရာ အဖွဲ့ အစည်းများနှင့်
နိုင်ငံတကာမှ မြန်မာ့အရေး စိတ်ဝင်စားသူ ပြည်သူများ
ခေါင်းဆောင်များသို့ တင်ပြချက်တွင် -
အခြေအနေမှာ ၅၉(စ) နှင့်ပါတ်သက်၍ လိပ်ခဲတင်းတင်းဖြစ်နေသည့်သဘောရှိရာ
ယနေ့တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရမည့် အမျိုးသားစည်းလုံးညီညွတ်မှု
အရှိန်အဟုန်မြှင့်တင်ရေး၊ အမျိုးသား
အကျိုးစီးပွါး တိုးတက်စည်ပင်ရေး၊
စသည့် အားစိုက်ခွန်စိုက် လုပ်ရမည့်အင်အားများ၊ ပြန့်ကြဲ ရုပ်လျော့မည်ကို စိုးရိမ်မိပါသည်။
ထို့ကြောင့် ကာယကံရှင်ကိုယ်တိုင်၏ စိတ်အားထက်သန်မှု၊ ဖြစ်စေခြင်သောသူများ၏ ဖြစ်စေလိုမှု တို့ဖြင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်တို့
မျက်ဝါးထင်ထင်မြင်နိုင်စေခြင်းငှာ ၅၉(စ) ကို ပြင်ခြင်း
ဖျက်ခြင်း မပြုဘဲ ပြဌာန်း နိုင်သည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ အကိုးအကားတခုကို တင်ပြလိုပါသည်။
အမေရိကန်ပြည်ထောင်စု၏ စစ်ဖက်ဆိုင်ရာ အမြင့်ဆုံးရာထူးမှာ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးအဆင့် ဖြစ်ပါသည်။ သို့ရာတွင်
အမေရိကန်ပြည်ထောင်စုသမိုင်း ၌
ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီး ၉ဦး
ရှိခဲ့ဖူးပါသည်။
ဒုတိယ ကမ္ဘာစစ်အတွင်းက
မဟာမိတ်တပ်ပေါင်းစုမှူးအဖြစ် အမေရိကန်ပြည်ထောင်စုမှ ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါ “General
Eisenhower“ ကို တာဝန်ပေးရာ၊ သူ့လက်အောက်အရာရှိ ဖြစ်သူ၊ ဗြိတိသျှဖက်မှ ဗိုလ်ချုပ်မှူးကြီး မောင်ဂိုမာရီ "Field Marshal Montgomery“
ထက် ရာထူးတဆင့်နှိမ့်နေသည်ကို
အကြောင်းပြုကာ မခြေမငံ ဆက်ဆံခြင်းကြောင့်၊
စစ်ဆင်ရေး ကြီးကြပ် လုပ်ကိုင်ရာတွင်အဆင်မပြေမှု များစွာ ကြုံရလေသည်။
ထိုပြဿနာကို ဖြေရှင်းရန် အမေရိကန်ပြည်ထောင်စု လွတ်တော်က ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီး
အဆင့်ရာထူးကို အချိန်အခါ၏ လိုအပ်ချက်အရ ယခုကာလတခုအတွက်သာ ခန့်အပ်ကြောင်း ၁၉၄၄ခု ဒီဇင်ဘာလတွင် ဥပဒေပြု
ပြဌာန်း ပေးခဲ့သဖြင့် "Field Marshal Eisenhower“ ဖြစ်လာသည်။ ထိုဥပဒေအရ ကြည်းတပ်ဆိုင်ရာ လေတပ်ရေတပ်ဆိုင်ရာ ကြယ်ငါးပွင့်
ဗိုလ်ချုပ်ကြီး ၉ဦး ခန့်အပ်ခြင်း ခံရသည်။
၁၉၈၁ခုနှစ် ဧပြီလတွင် ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီးအဆင့် Omar N. Bradley ကွယ်လွန်ပီးနောက် ယခု အမေရိကန်ပြည်ထောင်စု တပ်မတော်တွင် ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီးအဆင့်
မရှိတော့ပါ။
ထိုအကိုးအကားအရ သက်ဆိုင်ရာ
အခြားသတ်မှတ်အရည်အခြင်း ပြည့်စုံလျှင် ယခုတကြိမ်တည်းသာ
ကန့်သတ်ပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခန်း(၃) နိုင်ငံ တော် သမ္မတနှင့် ဒုတိယ သမ္မတ ရှိ ရမည့်
သတ်မှတ်ချက် ပုဒ်မ ၅၉ /(စ) ကို အမျိုးသားလွတ်တော်မှ
ဤတကြိမ်၊ ဤပုဂ္ဂိုလ်တဦးအတွက်၊ အထူးပြင်ဆင်ချက်၊ ခွင့်ပြုချက် ချွင်းချက်ပြုသည့် ဥပဒေပြုကာ ဆောင်ရွက်လိုက ဆောင်ရွက်နိုင်ကြောင်း တင်ပြဖူးသည်ကို ထောက်ပြလိုက်ပါသည် ခင်ဗျား။
No comments:
Post a Comment