-
ကာလ၀ိဘက်နောက်ပိုးတက်ဟုရှေးစကားအတိုင်း ပြုခဲ့တဲ့အကုသိုလ်ကအရိပ်ဆိုးထိုးနေတော့ ဗမာပြည်ထိပ်သီး
စစ်ဗိုလ်ကြီများခမြာတထိတ်ထိတ်တလန့် လန့် နှင့်ဖြစ်နေကြသည်မှာ ဘယ်လိုမှ မသနားထိုက်သောသတ္တ၀ါများ
ပေမို့  ရွံစရာဖြစ်နေသည်လို့ သာပြောရပါတော့မည်။
ပြုထားတဲ့အကုသိုလ်ဆိုတာကလဲသေးသေးကွေကွေးမဟုတ် ဘယ်လိုကုသိုလ်ကောင်းမှုမျိုးပြုလို့ မှ ကုသိုလ်
မရနိုင်တော့တဲ့ ကံကြီးထိုက်တဲ့ အကုသိုလ် သံဃာသတ်တဲ့ကံ ပဉ္စနံဒိယကံ ထိုက်ထားတဲ့သူများ မိုက်တွင်းကလဲ
နက်လိုက်သမှ ကိုယ့်တွင်းကိုယ်တူး ရှုးမိုက်သူများမို့  သံဃာတော်များအား ဆွမ်းကွမ်းရေချမ်းလှူတန်းသူများကို
ရန်သူသတ်မှတ် ညှင်းဆဲသတ်ဖြတ်ခဲ့ပြန်တာမို့သာဿနာဖျက်ဘ၀ ဒိတ္ထိအရာ မြောက်ခါ သာဿနာအပကို
ရောက်နေသူတွေ ...ဒီလိုလူတွေကျီးလန့် စာစားခြောက်ခြားတုန်လှုပ် မျိုးပြုတ်မှာ စိုးနေရတာကိုက အကုသိုလ်
အကျိုး ဆိုးကျိုး ကံ ဆိုက်နေလေပြီ။
မိမိပြုခဲ့တဲ့ကုသိုလ်ကောင်းမှုကိုသတိရအောက်မေ့လေကုသိုလ်တရားပွါးလေဖြစ်သလို မိမိကျူးလွန်ခဲ့တဲ့
မကောင်း မှု အကုသိုလ်ဆိုးဟာလဲ ပွါးလေများလေဖြစ်တာမို့ မနှစ်ကသံဃာသတ်ခဲ့တဲ့ကာလ နီးလာလေ
စိုးရိမ်သောကဖိစီးလေ အသုသိုလ်တွေပွါးလေ ဖြစ်နေကြတာ တွေ့ နေရပါတယ်။
စက်တင်ဘာသံဃာအရေးအခင်း နှစ်ပတ်လည်နေ့ နီးကပ်လာသည်နှင့်အမျှ ရန်ကုန်အပါအ၀င် တခြားသော
မြို့ကြီးများရှိ ဘုန်းတော်ကြီးကျောင်းများကို စောင့်ကြည့်မှုများ ပြုလုပ်လာခြင်း
ရွှေတိဂုံစေတီတော်တွင် အရပ်ဝတ်လုံထိန်းရဲများ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင် များက အသွင်ပုံသဏ္ဍန် မျိုးစုံဖြင့်
ဘုရားဖူးလာသူများကို စောင့်ကြည့်နေခြင်း
အထင်ကရ ဘုရားစေတီများဖြစ်သည့် ဆူးလေ စေတီတော်၊ ကမ္ဘာအေးစေတီ၊ ကျိုက္ကဆံ စေတီနှင့်
ဗိုလ်တထောင် စေတီတော် များတွင်လုံခြုံရေးများ တင်း တင်းကျပ်ကျပ် ချထားပြီး တခြား မြို့တွင်း
အချက်အချာကျ နေရာများ တွင်လည်း ယူနီဖောင်းဝတ် စစ်တပ်နှင့် ရဲများကို လက်နက်အပြည့်အစုံနှင့်
လုံခြုံရေးချထားခြင်း ရန်ကုန်တွင် ည ၁၁ နာရီ၌ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်အပါအ၀င်
စီးပွားရေး လုပ်ငန်းများ အားလုံး ပိတ်ထားရမည်ဟု ညွှန်ကြားခြင်းများ ပြုလုပ်ထားတာကိုတွေ့ နိုင်ပါတယ်။
ရန်ကုန်မြို့၏ နာမည်ကျော် သရက်တော ကျောင်းတိုက်အပါအ၀င် စာသင်တိုက်များ ဘုန်းကြီးကျောင်းများ
အနီးတွင်လည်း လုံခြုံရေးများက စောင့်ကြည့်နေပြီး ကျောင်းတိုက် များအတွင်း လူအ၀င်အထွက်များကို
သတိထားစောင့်ကြည့်လျှက် ရှိသည်။ ထို့အပြင် ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက်များ တွင်
ညဥ့်အိပ်ညဥ့်နေ ဧည့်သည်များ လုံးဝလက်မခံရန် မြို့နယ်သံဃနာယက အဖွဲ့များက ညွှန်ကြားထား ကြောင်း
သိရပါတယ်။
မကြာသေးမီကသန်လျင်မြို့ မာလာရုံကျောင်းတိုက်တွင် အာဂန္တု ဘုန်းတော်ကြီးတပါးကိုဝင်ရောက်ဖမ်း ဆီးခဲ့ပြီး
ပန်းပဲ တန်း မြို့  နယ် ရှိ ဒဂုံ ပရိယတ္တိ စာသင် တိုက်သို နယ်မှာကြွရောက်တည်းခိုနေသော အာဂန္တု ရဟန်းတော် သုံးပါး ကို စက်တင်ဘာ၁၇ရက်နေ့ ကဖမ်းဆီးခေါ်ဆောင် သွားသည် ဟု ကြားသိရပါသည် ။
သတင်းအချက်အလက် စီးဆင်းမှုများကို တားဆီးနိုင်ရန် အင်တာနက် ဆက်သွယ်မှုများကို နှောင့်နှေး
ကြန့်ကြာ အောင် ပြုလုပ်ထားပြီး ရန်ကုန်မြို့ရှိ အင်တာနက် ဆိုင်များတွင် အင်တာနက် အီးမေးလ် ဂျီတော့
ချက်တင်၊ အသုံးပြုသူများကို သတိထား စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်းသိရသည်။
ထိုသို့ ထိတ်လန့် တကြား မျက်ပြူးဆံပြာဖြစ်ပြီး လုံခြုံရေးများ အလွန်အမင်းချထားနေလင့်ကစား ဆန္ဒပြမှုများ ဖြစ်ပေါ်ပါက ပူးပေါင်းပါဝင်ရန် ရွှေတိဂုံဘုရားသို့ နေ့စဉ်လာရောက်ပြီး အခြေအနေကို စောင့်ကြည့်သည့် လူငယ်တချို့ရှိ နေကြောင်းသိရှိရသည်။
စက်တင်ဘာ ၁၈ ရက်၊ ည ၇ နာရီက မြေနီကုန်းတွင် လက်ကမ်းစာရွက်များ ဝေငှသောကြောင့် ရဲများ ချက်ချင်းရောက်လာပြီး ရှာဖွေမှုများ၊ သိမ်းဆည်းမှုများ ပြုလုပ်ရသည်။
အလားတူနေ့ လည်ပိုင်းနှင့်ညနေပိုင်းများတွင် နေရာအချို့ ၌ စာကပ်ခြင်း အာဇာနည်ပုဂ္ဂိုလ်တို့ ၏ လုပ်ငန်းကို ဆုံးခန်းတိုင်ထိဆောင်ရွက်မည်။ ဗိုလ်ချုပ်အောင်ဆန်း ဟုကျောဖက်တွင်ရေးထားသည့် မနှစ်က ဖြစ်ခဲ့သော
သံဃာလှုပ်ရှားမှု ဓါတ်ပုံနှင့် “နှစ်ပါတ်လည်နေ့ စက်တင်ဘာ၁၈” စာသားပါ စာရွက်များကြဲသွား သည်ဟု ရန်ကုန်နေမိတ်ဆွေရဲဘော်က ဂျီတော့နှင့်ပြောပြသည်။
ဂျီတော့ပါစာများ
( အာဇာနည်ပုဂ္ဂိုလ်တို့ ၏ လုပ်ငန်းကိုဆုံးခန်းတိုင်ထိဆောင်ရွက်မည်။ ဗိုလ်ချုပ်အောင်ဆန်းဆိုသည့်စာတန်းမှာ
ယခုနှစ်စပိုင်းမှာဒေါ်စုကသူ့ အိမ်ခြံပေါက်ဝတွင် တင်ထားသောစာသားဖြစ်သည်။ )
များစွာထွက်ပေါ်လာခဲ့ဖူးသည့် တိုက်ပွဲဝင် တောင်းဆိုချက်များ တိုက်ပွဲဝင်ကြွေးကြော်သံများ တိုက်ပွဲဝင် တပ်လှန့် သံများအနက် ယ္ခုစာသားမှာ အာဏာရှင်တို့ မည်သို့ မတရားအတင်းအကျပ် ချုပ်နှောင်ဖိနှိပ် ဖြတ်တောက် ထားသည်ဖြစ်စေ လူထုခေါင်းဆောင်နှင့်လူထုအကြား ပိုမိုကျစ်လှစ်သည့်နားလည်
ချိတ်ဆက်မှုကို မြင်သာစေသည်။
1 comment:
မင်္ဂလာပါ အကို
အကို ပြောသလိုပဲဗျ၊ ၀ယ်ထားတဲ့ ကာလကလဲ ကြာ၊ စက်နှင့် ဖုန်က အညမည ဖြစ်နေတယ်လေ။ ဒါဗေမဲ့ ပျက်ပြီး နောက်တရက်မှာပဲ အသစ်တလုံး ၀ယ်လိုက်တယ်။ အရင်သုံးတာက အိတ်ခ်ပိ၊ အခုက ဗင်စတာ ဆိုတော့ အတော်များများ လိုက်ပြီး ဆုံးမနေရတယ်။ နောက်ပြီး ကိုယ်မသိတဲ့ဟာတွေလဲ များနေတယ်ဆိုတော့ ဗင်စတာနဲ့ နှပါးသွားနေရတဲ့အဖြစ်၊ တခြားဟာတွေကို အချိန်မပေးနိုင်၊ ကျွန်နော် စာရေးတာက အရင် အိတ်ချပိတုန်းက wordpad မှာရေးတယ်လေ။ အခုစက်မှာက ရေးတော့ရတယ် ပြန်ဖွင့်လိုက်ရင် Arial Unicode MS နဲ့ လာပေါ်ပြီး ဘာမှမမြင် ပြန်လဲ မပြောင်းရ ဖြစ်နေတာလေ။ ဒါကို လိုက်စမ်းနေတယ်။ မထူးတော့ဘူးဆိုပြီးတော့ တခြားနည်းလမ်းကို အသုံးပြုပြီး စာတပုဒ် အသစ်တင်ထားပါတယ်။ နောက်ပြီး အကိုပို့ပေးလိုက်တဲ့ အီးမေးရပါတယ်။ ကျွန်နော် လုပ်ပါ့မယ် ဖြည်းဖြည်းပေါ့။
ရွှင်လန်းချမ်းမြေ့ပါစေ...
Post a Comment