12/09/2012
ဦးနု စာကြည်.တိုက်နှင်.ရုပ်တု
ဦးနုစာကြည်.တိုက်နှင်.ရုပ်တု....လူငယ်ဖွံ.ဖြိုးရေး စင်တာ....မေတ္တာကြယ်စင် မူကြိုကျောင်း...ကျောင်းကျန်းမာရေး နှင်. မိခင်နှင်.ကလေး စောင်.ရှောက်ရေး အဆောက်အဦးများ ဖွင်.လှစ်မည်
ဝါးခယ်မမြို.နယ် အသင်း (ရန်ကုန်) ၏ ကြီးကြပ် မတည်မှုဖြင်. ၀ါးခယ်မမြို. ဒေါ်ပိုက်မိ ဘိုးဘွား ရိပ်သာဘေးတွင် တည်ဆောက်ပြီးစီးခဲ့ပြီး ဖြစ်သော ဦးနု စာကြည်.တိုက် နှင်. ရုပ်တု ...လူငယ်ဖွံ.ဖြိုးရေး စင်တာ....မေတ္တာကြယ်စင် မူကြိုကျောင်း ....ဆေးရုံကြီးရှေ. ယခင် အလေးမရုံနေရာ (သံဃာ.ဆေးရုံဘေး) တွင် တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သော ကျောင်းကျန်းမာရေး ဌာန နှင်. မိခင်နှင်.ကလေး ကျန်းမာရေး ဌာန အဆောက်အဦးများကို ၈ ရက် ၁၂ လ ၂၀၁၂ ခုနှစ် (အမျိုးသားနေ.) တွင် ထိုအဆောက်အဦးများ တည်နေရာတို.၌ ဖွင်.ပွဲ အခမ်းအနားများ ပြုလုပ်သွားမည်ဟု သိရပါသည်.....
ထို.အပြင် ထိုနေ. နေ.လည် ၁ နာရီတွင် ၀ါးခယ်မမြို. ရွှေခယ်သီရိ ခန်းမ၌ စာပေပြိုင်ပွဲ ဆုချီးမြှင်.ခြင်းနှင်. စာရေးဆရာကြီး များမှ စာပေဟောပြောပွဲ ပြုလုပ်ခြင်းတို. ပြုလုပ်ရန် ရှိကြောင်း သိရပါသည်။
ဦးနုသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစကာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့်  မြန်မာ့တပ်မတော်မှ အာဏာသိမ်းယူသည့်အချိန်ထိ၊ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးခဲ့သည့် ကာလပတ်လုံးတွင် နေလတစ်ပါးနှယ် ထင်ရှားသည့်  မြန်မာ့နိုင်ငံရေးခေါင်းဆောင် တစ်ဦးဖြစ်သည်။
ဦးနုကို အဖ ဦးစံထွန်း၊အမိ ဒေါ်စောခင်တို့မှ ၁၉၀၇ ခုနှစ်၊မေလ၊၂၅ ရက် စနေနေ့၌ မြောင်းမြခရိုင်၊ ၀ါးခယ်မမြို့ တွင် မွေးဖွားသည်။ မွေးချင်းနှစ်ဦးတွင် အကြီးဆုံးဖြစ်၍ ညီငယ်အမည်မှာ မောင်ဥ ဖြစ်သည်။
၁၉၂၀ ခုနှစ်၊ တက္ကသိုလ်ကျောင်းသားသပိတ်တွင် ၀ါးခယ်မမြို့အစိုးရကျောင်း၌ ပဉ္စမတန်းမှ ပါဝင်ခဲ့သည်။ ၆-တန်း၌ ပညာသင်ကြားနေစဉ် ၀ါးခယ်မ အမျိုးသားကျောင်းတွင် ဆရာ အခက်အခဲ ရှိနေ၍ ဆရာတစ်ဘက် ကျောင်းသားတစ်ဘက် ဆောင်ရွက်ခဲ့သည်။
၁၉၂၅-ခုနှစ်တွင် ရန်ကုန် မြို့မ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ် ဆက်တက်ခဲ့သည်။
၁၉၂၉-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီ.အေ (၀ိဇ္ဖာ)ဘွဲ့ကို ရယူခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များအစည်းအရုံး တည်ထောင်ရာတွင် ကမကထလုပ်၍ ပါဝင်ခဲ့သည်။ဦးသန့်၏ တိုက်တွန်းချက်အရ ပန်းတနော်မြို့ အမျိုးသားကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်သည်။ သုံးခွမြို့ အမျိုးသားကျောင်းသို့ ကျောင်းအုပ် အဖြစ် ပြောင်းရွေ့ခဲ့သည်။ ပန်းတနော်မြို့ အမျိုးသားကျောင်း ကော်မတီ ဥက္ကဌသမီး ဒေါ်မြရီ နှင့် အိမ်ထောင်ကျသည်။ ပန်းတနော် အမျိုးသားကျောင်းတွင် ပြန်လည်၍ တာဝန် ထမ်းဆောင်သည်။ ဦးနုတွင် သားနှစ်ဦး၊ သမီး နှစ်ဦး မွေးဖွားခဲ့သည်။ သား၂ဦးဖြစ်သော ဦးသောင်းထိုက်နှင့် ဦးအောင်တို့သည် ယခုအခါ အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိပီးသမီးများဖြစ်သော  ဒေါ်စန်းစန်းနုနှင့်
ဒေါ်သန်းသန်းနုတို့မှာ မြန်မာနိုင်ငံအတွင်းရှိနေပြီး ဒေါ်သန်းသန်းနုသည် ဒီမိုကရက်တစ် ပါတီ (မြန်မာ)
ပါတီတွင် အထွေထွေ အတွင်းရေးမှူးချုပ် တာဝန် ယူထားသည်။
ဦးနုသည် ၁၉၉၅-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်  အသက် (၈၇)နှစ် အရွယ်တွင် ရန်ကုန်မြို့နေအိမ်၌ ကွယ်လွန်သည်။
February 16, 2012 The Hot News စာစောင်မှ ဆောင်းပါရှင် ဘသိန်းလွင်ရေးသားသောဆေါင်းပါး
ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးကာလ ၁၉၄၄ ခုနှစ်၊ သြဂုတ်လတွင် ပဲခူးတပ်ရင်း (၄) ၌ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် ၍ နောင်အခါတွင် ဖဆပလဟုထင်ရှား လာမည့် ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ကြီး ကို ဖွဲ့စည်းလိုက်သည်။ ထိုအချိန်က ဖက် ဆစ်တိုက်ဖျက်ရေးအဖွဲ့သည်မြေအောက် ပါတီတစ်ခုသာဖြစ်သည်။
ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ကြီးက ပြည်သူတစ်ရပ်လုံးကိုစည်းရုံး၍ ဂျပန်ကို တော်လှန်တိုက်ထုတ်ခဲ့သည်။ စစ်ပြီးကာ လတွင် ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့သည်  မြေပေါ်ပါတီအဖြစ်တရားဝင်ရပ်တည်လာ ပြီး ဖဆပလဟုထင်ရှားလာခဲ့သည်။
ဗိုလ် ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆ ပလ၏အလံတော်အောက်တွင် ပြည်သူ တစ်ရပ်လုံးစုရုံးရောက်ရှိလာကြသည်။
၁၉၄၇ ခုနှစ် ရွေးကောက်ပွဲတွင် လည်းကောင်း၊ ၁၉၅၂ ခုနှစ် ရွေးကောက် ပွဲတွင်လည်းကောင်း၊ ဖဆပလသည် ပြည်သူ လူထုတစ်ရပ်လုံး၏ထောက်ခံမှုဖြင့်  အပြတ်အသတ်အနိုင်ရရှိကာ အစိုးရဖွဲ့ နိုင်ခဲ့သည်။ သို့သော် ၁၉၅၆ ခုနှစ်ရွေး ကောက်ပွဲ တွင် ဖဆပလသည် အနိုင်ရရှိ ခဲ့သော်လည်း ယခင်ကကဲ့သို့ ပြည်သူတစ် ရပ်လုံး၏ထောက်ခံမှုကို မရရှိတော့ပေ။ အတိုက်အခံအင်အားစုဖြစ်သော ပြည်ထောင် စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ် ပေါင်းစု (ပမညတ)ကို မဲခြောက်သိန်း ကျော်မျှသာ အသာရခဲ့တော့သည်။
ဖဆပလသည် နိုင်ငံရေးအစဉ်အလာ  ကြီးမားသော အဖွဲ့ချုပ်ကြီးဖြစ်ခဲ့သော် လည်း ဖဆပလခေါင်းဆောင်များသည် အာဏာ ယစ်မူးလာကြသည်။ အာဏာကို  အလွဲသုံးစားပြုလာကြသည်။ အကျင့်ပျက်  ခြစားမှုများ၊ လာဘ်ပေး လာဘ်ယူမှုများ ကြောင့် ပြည်သူတို့၏ ယုံကြည်ကိုးစားမှု များ လျောကျလာတော့သည်။ ၁၉၅၈ ခုနှစ်၊ ဧပြီလတွင် ဖဆပလသည် ဦးနုနှင့် သခင်တင်ခေါင်းဆောင်သော သန့်ရှင်း ဖဆပလနှင့် ဦးဗဆွေနှင့် ဦးကျော်ငြိမ်း ခေါင်းဆောင်သောတည်မြဲဖဆပလဟူ၍ နှစ်ခြမ်းကွဲသွားတော့သည်။ နိုင်ငံရေးအစဉ် အလာကြီးမား၍ ပြည်သူတစ်ရပ်လုံးကို ဦးဆောင်ကာ နယ်ချဲ့ဆန့်ကျင်ရေးတိုက် ပွဲကို ပြောင်မြောက်စွာဆင်နွှဲခဲ့သော ဖဆ ပလအဖွဲကြီးသည်ပြိုကွဲသွားတော့သည်။
ဖဆပလနှစ်ခြမ်းကွဲပြီးနောက် ၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် မန္တလေး မြို့၌ကျင်းပသည့် ဖဆပလ (သန့်ရှင်းရေး) အဖွဲ့ မြောက်ပိုင်းဌာနချုပ်၊ ခရိုင်နှင့် မြို့ နယ်ကိုယ်စားလှယ်များဆွေးနွေးပွဲတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌကြီးဦးနုက အောက်ပါ အတိုင်း မိန့်ခွန်းပြောကြားခဲ့သည်။
ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးကာလ၊ လူထုလှုပ်ရှားမှုများဖြင့် ဗြိတိသျှတို့နှင့် လွတ်လပ်ရေးတောင်းဆိုတိုက်ပွဲဝင်နေ သောကာလ၊ ပြည်တွင်းရောင်စုံသူပုန်များ  ကို နှိမ်နှင်းနေရသောကာလများတွင် ဖဆပလကို စနစ်တကျစည်းရုံးခြင်း၊ စိစစ် ခြင်း များမပြုနိုင်ဘဲ ရနိုင်သမျှစုစည်းလက် ခံခဲ့ရကြောင်း ထို့ကြောင့် ဖဆပလအတွင်း  လူကောင်း၊ လူဆိုးရောနှော လျက်ရှိကြောင်း  ပြောကြားခဲ့သည်။
 တစ်ဖန်ဆက်လက်၍ ““အဲဒီလို ဖက်ဆစ်ဂျပန်ဆန့်ကျင့်ဖို့  တုန်းကတစ်ကြိမ်၊ ပြည်သူ့လွတ်လပ်ရေး တိုက်ပွဲဝင်ဖို့တုန်းကတစ်ကြိမ်၊ သူပုန်ရောင်  စုံကို တိုက်ဖို့တုန်းကတစ်ကြိမ်၊ အားလုံး ပေါင်း ၃ ကြိမ်တိုင်တိုင် အခြေအနေအရ၊ ဖ၊ဆ၊ပလ ထဲကို ကျွန်တော်တို့ မျက်စိမှိတ် ပြီး သွင်းခဲ့ရတဲ့ ဘ နဖူးသိုက်တူးသမား တွေ၊ လူသတ်သမားတွေ၊ လူရှုပ် လူပွေ တွေဟာ တိုက်ပွဲအဆင့်ဆင့်တွေနဲ့ ရင်ဆိုင်  တွေ့နေရတုန်းကတော့ သူတို့ရဲ့ နဂိုယုတ် မာမှုတွေကို ထုတ်ပြခွင့်ရခဲ့ကြဘူး။ သူပုန် ရန် နဲနဲအေးသွားလို့ အသက်ရှူပေါက် ကလေးတွေရလာတာနဲ့ အမျှ သူတို့ရဲ့ နဂိုယုတ်မာမှုတွေဟာ တစတစနဲ့ ပေါ် ထွက်လာကြတယ်။ ဒီယုတ်မာမှုတွေဟာ နိုင်ငံနဲ့ အ၀ှန်း သိပြီးသားဖြစ်နေပါပြီ။ ကျွန်တော် အတိုချုပ်ဘဲပြောပါရစေ။
အာဏာကိုင်ထားရတဲ့ လူအချို့က လဲ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုး ကိုယ့်စီးပွားတွေရှာလာကြတာကိုတွေ့ရ တယ်။ သေနက်ကိုင်ထားရတဲ့ လူအချို့ ကလဲ သေနက်ကိုအလွဲသုံးစားလုပ်ပြီး ဟိုချိမ်းချောက်၊ ဒီချိမ်းချောက်၊ ဟိုရမ်း ဒီရမ်း၊ ဟိုပစ် ဒီပစ်၊ ဟိုသတ် ဒီသတ်နဲ့ ချိမ်းချောက် ရမ်းကား၊ ပစ်ခတ် ကိုယ့်စီး ပွားတွေရှာလာကြတာကိုလဲ တွေ့ရတယ်။  ဒီနိုင်ငံရေးသမားတွေဟာ ကိုယ့်ဘ၀ကို ကိုယ်မေ့ကြပြီး လူထုနဲ့ ဆက်ဆံတဲ့ နေရာ  မှာ မောက်မာရိုင်းပြလာကြတာကိုလည်း တွေ့ရတယ်။
အဲဒီအလွဲသုံးစားမှုတွေ၊ အနိုင်ကျင့် မှုတွေ၊ မောက်မာမှုတွေကို ပြည်သူလူထုက ဘယ့်နှယ်နည်းနဲ့မှ လက်မခံနိုင်ဘူး။ အဲဒီ လို လက်မခံနိုင်တဲ့အတွက် ခပ်ရှင်းရှင်း ပြောရရင် ပြည်သူလူထုဟာ ရှေးတုန်းက လို ဖ၊ဆ၊ပ၊လ ကို တခဲနက် မထောက်ခံ ကြတော့ဘူး။ ဖ၊ဆ၊ပ၊လ ပေါ်မှာ ပြည်သူ လူထုရဲ့ ထောက်ခံမှုဟာ ဘယ်လောက် အထိ လျော့သွားတယ်ဆိုတာကို သဘော  ပေါက်နိုင်အောင် ၁၉၅၆ ခုနှစ်တုန်းက ပြီးခဲ့တဲ့ အထွေအထွေရွေးကောက်ပွဲကြီး တုန်းက ဖ၊ဆ၊ပ၊လ ကရခဲ့တဲ့ မဲစာရင်းကို ကြည့်ရအောင်။
ဖ၊ဆ၊ပ၊လ  ရတဲ့ မဲဆန္ဒပေါင်းဟာ တစ်သန်းနဲ့ ၇ သိန်းကျော်ကျော်ခန့်သာရှိပြီး အတိုက် အခံ ရတဲ့ မဲဟာ တစ်သန်း နဲ့ တစ်သန်းကျော်ခန့်ရှိတယ်။ အတိုက် အခံတွေ ဒါလောက်မဲရတာဟာ သူပုန် တွေရဲ့ အကူအညီကိုရတာကြောင့်ဖြစ် တယ်လို့ ပြောမယ်ဆိုရင်ပြောနိုင်ပါတယ်။ အဲဒီလိုဘဲ အတိုက်အခံတွေကလဲ ဖ၊ဆ၊ ပ၊လ ကို အပြန်အလှန်စွပ်စွဲနိုင်တဲ့ အချက်  တွေရှိပါတယ်။
သူပုန်တွေ ဘယ့်နှယ်နည်းနဲ့မှ ၀င် ပြီးမကူနိုင်တဲ့ မြို့တွေမှာ ဖ၊ဆ၊ပ၊လ ရနေ ကျမဲတွေဟာ သိသိသာသာကြီးလျော့သွား  ပြီး အတိုက်အခံတွေရတဲ့မဲတွေဟာ သိသိ သာသာကြီးတိုးတက်လာတဲ့အတွက် အတိုက်အခံတွေ မဲပိုရလာတာဟာ သူပုန်  တွေရဲ့ ကူညီမှုကြောင့်ချည်းဘဲ မဟုတ်ဘဲ ဖ၊ဆ၊ပ၊လ အပေါ်မှာ ပြည်သူလူထုရဲ့ ထောက်ခံမှုဟာ သိသိသာသာကြီးလျော့ သွားတာကြောင့်လဲဖြစ်တယ်ဆိုတာ အင်မ  တန်ထင်ရှားနေပါတယ်။
ဖ၊ဆ၊ပ၊လ ခေါင်းဆောင်အတော်ခပ်  များများဟာ ဒီလိုကျဆင်းနေတဲ့ အခြေ အနေကိုကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လက္ခဏာဟာ အင်မတန်ကောင်း  လွန်းလို့သာ ခေါင်းဆောင်တက်ပြီးဖြစ်နေ ရတယ်။ သူတို့ရဲ့ ဗီဇ ကိုယ်တိုင်က တော့ အင်မတန်ညံ့နေတဲ့အတွက် လူထုရဲ့ တကယ်တန်းကြည်ညိုမှုကိုရလာအောင်  သူတို့ကိုယ်ကိုသူတို့ မပြုပြင် နိုင်ကြရှာဘူး။ အချို့ခေါင်းဆောင်များဆိုရင် ကိုယ်ကျင့် တရားဆိုတာလဲ ဘာမှန်းတောင်မသိ၊ လုံ့လဆိုတာလဲဘာမှ မရှိ၊ ကြံရည် ဖန်ရည် ဆိုတာလဲ ဘလနတ်္ထိ တကယ်လို့သာ သေနက်နဲ့ အာဏာမပါဘဲ လူထုရဲ့ ကြည်ညိုမှုနဲ့ တက်ရမယ်ဆိုရင် ဒီခေါင်း ဆောင်တချို့ဟာ ဌာနချုပ်ခေါင်းဆောင် မျိုးမပြောထားနဲ့ ရပ်ကွက်ခေါင်းဆောင် လောက်တောင်ဖြစ်နိုင်လို့ အင်မတန်ခဲ ယဉ်းနေတယ်။ အောက်ကအဆင့်ဆင့် ခေါင်းဆောင်တချို့ကို ကြည့်လိုက်ပြန်ရင် လဲ ဒီအတိုင်းဘဲ။ ဗီဇ ကိုယ်တိုင်ကအင်မ တန်ညံ့နေတော့ ဖ၊ဆ၊ပ၊လ ပေါ်မှာ လူထု  ရဲ့ထောက်ခံမှုဟာ တစ်နေ့တစ်ခြားကျဆင်း  နေတယ်ဆိုတာကို သိပေမယ့် လူထုရဲ့ တကယ်တန်းကြည်ညိုမှုကိုရလာအောင် သူတို့ကိုယ်တိုင် သူတို့မပြုပြင်နိုင်ရှာကြ ဘူး။
ဌာနချုပ်ကစပြီး ခရိုင်၊ မြို့နယ်၊ ကျေးရွာ ခေါင်းဆောင်တွေအထိ ခေါင်းဆောင် အသီးသီးဟာ မပြုပြင်ကြဘဲ ဒီအတိုင်း သာ သွားကြရင် ဖ၊ဆ၊ပ၊လ ဟာပြည်သူ လူထုရဲ့ ထောက်ခံမှုကို ဆုံးရှုံးရတော့မယ်။  ဒီလိုဆုံးရှုံးရင် ဖ၊ဆ၊ပ၊လ အာဏာကို လက်လွှတ်ရတော့မယ်ဆိုတာ သေချာ နေတာဘဲ။
အမှန်စင်စစ်ဆိုရင် လူထုရဲ့ ထောက်  ခံမှုကိုမရလို့ အာဏာကို လက်လွှတ်ရ တာဟာဝမ်းနည်းစရာမဟုတ်ပါဘူး။ ကိုယ်  ညံ့လို့၊ ကိုယ်မကောင်းလို့ လူထုကမထောက်  ခံဘူး။ လူထုမထောက်ခံလို့ အာဏာကို လက်လွှတ်ရတယ်။ အာဏာကို ပြန်ပြီး ရချင်ရင် ကိုယ့်ကိုယ်ကို တော်အောင်လုပ်  ကြ၊ ကောင်းအောင်လုပ်ကြ၊ ဒီမိုကရေစီ ကို သက်ဝင်ယုံကြည်တဲ့ လူတွေ၊ ဒီမိုက ရေစီ တည်တန့်ခိုင်မြဲမှသာ ပြည်ထောင် စုသားတွေ ချမ်းသာရာရမယ်လို့ နှစ်နှစ် ကာကာ ယုံကြည်တဲ့လူတွေအတွက် ဒီ လမ်းဘဲရှိတယ်။ တခြားလမ်းမရှိဘူး။ ဒီ နည်းဘဲရှိတယ်။ တခြားနည်းမရှိဘူး။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုလဲ မပြင်ဘူး၊ လူထုက မထောက်ခံတဲ့အခါမှာလဲ အာဏာကို လက်မလွှတ်ချင်ဘူး ဆိုတဲ့  ခေါင်းဆောင်မျိုးတွေကျတော့ သေနက် နဲ့ အာဏာကိုအလွဲသုံးစားလုပ်လာကြ လိမ့်မယ်။ အဲဒီလို သေနက်နဲ့ အာဏာ ကို အလွဲသုံးစားလုပ်လာကြရင် ဆယ်နှစ် ကျော်ကျော်ရောင်စုံ သူပုန်တွေဝိုင်းပြီး သက်နက်တဲ့ ကြားထဲက အနိုင်နိုင်ပြုစု ပျိုးထောင်ခဲ့ရတဲ့ဒီမိုကရေစီဟာအသက် ထွက်သွားလိမ့်မယ့်လို့ ကျွန်တော်အကြီး အကျယ်စိုးရိမ်ပူပန်မိခဲ့ပါတယ်။ အဲဒီလို စိုးရိမ်ပူပန်ခဲ့တဲ့အတိုင်း ဒီမိုကရေစီတည် ဆောက်ရေးအဆိုတစ်ခုကို ကျွန်တော် ကိုယ်တိုင်ရေးသားပြီး ကမ္ဘာဧမှာ ကျင်းပ ခဲ့တဲ့ တတိယအကြိမ်မြောက် ပြည်လုံး ကျွတ် ဖ၊ဆ၊ပ၊လ ညီလာခံကြီးမှာ ပြဋ္ဌာန်း စေခဲ့ပါတယ်”” ဟူ၍ ပြည်သူတို့က ယုံကြည်  အားကိုးသော၊ သန့်ရှင်းသော၊ ဒီမိုကရေစီ ကို လေးစားသော ဖဆပလဖြစ်လာစေရန်   ပြောကြား သွားခဲ့သည်။
သမိုင်းကို ဖန်တီးသူမှာ ပြည်သူလူ ထုသာလျင်ဖြစ်ပေသည်။ နိုင်ငံရေးပါတီ ကြီးတစ်ခုအင်အားခိုင်မာစွာဖြင့် ထာဝရ  တည်တန့်ခိုင်မြဲနေနိုင်ရေးမှာ ပြည်သူတို့ ၏ ထောက်ခံအားပေးမှုရရှိမှသာဖြစ်ပေသည်။ 
 ပြည်သူလူထု၏ ထောက်ခံအား ပေးမှု ဆိပ်သုဉ်းသွားသောအခါ ထိုပါတီကြီးသည် နိုင်ငံရေးလောကမှ 
 ပျောက်ကွယ်  သွားသည်မှာ မြန်မာ့နိုင်ငံရေးသမိုင်းက သက်သေပြခဲ့ပြီးဖြစ်သည်။ 
ထို့ကြောင့် ပြည်သူလူထု၏ ယုံကြည်အားကိုးမှု၊ ထောက်ခံအားပေးမှုရှိနေစေရန် ထိုနိုင်ငံ ရေးပါတီကြီးသည် အာဏာယစ်မူးမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အကျင့်ပျက် ခြစားမှုများ ကင်းရှင်း၍ သန့်ရှင်းစင်ကြယ်  နေရန်လိုအပ်ကြောင်း တင်ပြလိုက်ပါ သည်။
11/13/2012
“ပီအာ” ဟာချစ်စရာပါ
သို့
ဦးလင်းထွန်း
တာဝန်ခံအယ်ဒီတာ
မြနန္ဒာဂျာနယ်
မန္တလေး
                                                  ၇.၁၁.၁၂
အကြောင်းအရာ။ ။ (PR) ရွေးကောက်ပွဲစနစ် ဆောင်းပါးပေးပို့ခြင်း။
လူကြီးမင်းတို့၏ မြနန္ဒာဂျာနယ်တွင် “ဖေါင်းပွပွ ရွှေမြန်မာတွေ“ ဆောင်းပါးကို ဖတ်ရပါသည်။ “အချိုးအကျစနစ်“နှင့် ပတ်သက်၍ ဝေဖန်ထားသည်ကို တွေ့ရပါသည်။ ဆောင်းပါးရှင် ဒေါ်ခင်နှင်းဦးနှင့်တကွ စာဖတ်သူများလေ့လာနိုင်ရန် “အချိုးအကျရွေးကောက်ပွဲစနစ် ” (PR) ဆောင်းပါးကို ဂျာနယ်တွင့် ထည့်ပေးလျှင် သင့်လျော်မည်ဟု ယူဆပါသည်။ အများပြည်သူအတွက်လည်း အကျိုးရှိနိုင်ပါသည်။
လေးစားစွာဖြင့်
ဦးသုဝေ
“ပီအာ” ဟာချစ်စရာပါ
ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်ပြီး
အချိုးကျကိုယ်စားလှယ်ရွေးချယ်တဲ့စနစ် (Proportional Representation) အတိုကောက်အားဖြင့် (PR) လို့ခေါ်တဲ့ စနစ်နဲ့ နောက်စနစ်တစ်ခုကတော့ အခုကျနော်တို့ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ မဲများသူအနိုင်ယူစနစ် အင်္ဂလိပ်လိုတော့ ( Majority Wins) လို့လည်းခေါ်တယ်။ (First Past The Past) အတိုကောက်အားဖြင့် (FPTP) လို့လည်းခေါ်ပါတယ်။ မဲများသူအယူစနစ်ဟာ ရွေးကောက်ပွဲရယ်လို့ စလုပ်ကတည်းက ခေါ်ခဲ့တာပါ။ လူတွေက ပြိုင်ပွဲလုပ်တဲ့အခါ ဘာပြိုင်ပွဲပဲဖြစ်ဖြစ် အရှုံးအနိုင်ကို သတ်မှတ်ဆုံးဖြတ်ကြပါတယ်။ နိုင်တဲ့လူက ပျော်ကြတာပေါ့။ ရှုံးတဲ့လူက သေချင်လဲသေပေါ့။ ဒါကိုဟိုတုန်းက အားလုံးလက်ခံခဲ့ကြတာပါ။ မဲရွေးကောက်ပွဲမှာလည်း မဲရွေးသူက မဲတစ်ပြားပဲသာသာ၊ နှစ်ပြားပဲသာသာ အနိုင်ရသူလို့ အားလုံးကျေနပ်ကြတယ်။ ဒါပေမဲ့ လူတွေက စဉ်းစားလာတယ်။ ရွေးကောက်ပွဲကိုတာ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ခြင်းဖြစ်တယ်။ ဒါကြောင့်မဲဆန္ဒရှင်တို့ရဲ့ ကိုယ်စားလှယ်လွတ်တော်တွင်းရောက်ဖို့လိုတာပေါ့။ မဲဆန္ဒရှင်များကိုထောက်ခံရင်လွတ်တော်ထဲများများ
ရောက်။ မဲဆန္ဒရှင်နဲနဲက ထောက်ခံရင် လွတ်တော်ထဲနဲနဲရောက်။ ဘာပဲဖြစ်ဖြစ် မဲဆန္ဒရှင်တွေရဲ့ သဘောဆန္ဒတွေကို သူတို့မဲပေးလိုက်တဲ့ ကိုယ်စားလှယ်တွေက လွတ်တော်မှတင်ပြပေးနိုင်တာပေါ့။ ပြည်သူအကျိုးဆောင်နိုင်တာပေါ့။
ဥပမာလေးကို ဒီလိုတင်ပြချင်ပါတယ်။
ရွေးကောက်ပွဲ နယ်တစ်ခုမှာ ပါတီ (၃)ခုက ယှဉ်ပြိုင်တယ်ဆိုပါတော့။ လူကြိုက်များတဲ့ ပါတီက (၆၀)%၊ နောက်တစ်ပါတီက (၃၀)%၊ နော်တစ်ပါတီက (၁၀)%၊ အဲ့ဒီနှုံးအတိုင်း ကိုယ်စားလှယ် (၁၀၀)အတွက် ရွေးကောက်ပွဲလုပ်တယ်ဆိုရင်၊ (FPTP) စနစ်အရ (၆၀)% ဆီရတဲ့ ပါတီက ကိုယ်စားလှယ် (၁၀၀)လုံးအရွေးခံရမှာဖြစ်ပါတယ်။ (၄၀)% မဲပေးလိုက်တာကတော့ ကိုယ်စားလှယ်ဖြစ်မလာတဲ့အတွက်၊ မဲဆန္ဒရှင်တို့ရဲ့ အကျိုးလဲမဖြစ်ဖူးပေါ့။ (PR) စနစ် ရွေးကောက်ပွဲဆိုရင်တော့ ပထမပါတီက ကိုယ်စားလှယ် (၆၀) ဖြစ်မယ်။ ဒုတိယပါတီက ကိုယ်စားလှယ် (၃၀)၊ တတိယပါတီက ကိုယ်စားလှယ် (၁၀) ဦးဖြစ်မယ်။ မဲဆန္ဒရှင်အားလုံးရဲ့ ကိုယ်စားလှယ်တွေ လွတ်တော်ထဲ အားလုံးရောက်တဲ့အတွက် မဲဆန္ဒရှင်အားလုံးရဲ့ အသံတွေ လွတ်တော်ထဲမှာရှိတာပေါ့။ (FPTP) စနစ်လို ကိုယ်ကမကြိုက်လို့ ကိုယ်မဲမပေးတဲ့သူက ကိုယ်စားလှယ်အမည်ခံသွားတာ ဖြစ်စရာမရှိတော့ဘူး။
ဒါကြောင့်မဲဆန္ဒရှင်တွေကို လေးစားသောအားဖြင့်လည်းကောင်း၊ သူတို့ကိုယ်စားလှယ်တွေရှိတဲ့အတွက်၊ သူတို့အကျိုးဆောင်ရွက်ပေးနိုင်မှာဖြစ်လို့၊ ၀မ်းမြောက်ကျေနပ်ကြမှာဖြစ်ပါတယ်။
မဲရတဲ့နှုန်းတစ်ခုကို ပြောပြပါဦးမယ်။ ပထမပါတီ (၄၀)%၊ ဒုတိယပါတီ (၃၀)%၊ တတိယပါတီ (၃၀)% ရတယ်ဆိုပါတော့၊ (FPTP) စနစ်အရ (၄၀)% ရတဲ့ ပထမပါတီက ကိုယ်စားလှယ်ဖြစ်သွားတယ်။ ဒုတိယပါတီရတဲ့မဲ (၃၀)%၊ တတိယပါတီရတဲ့မဲ (၃၀)% စုစုပေါင်း မဲ(၆၀)% ရပါလျှက် ကိုယ်စားလှယ်အရွေး မခံရဘူး။ ဒါကြောင့် မဲဆန္ဒရှင်အများကို ကိုယ်စားပြုတယ်လို့ ပြောမရဖြစ်သွားတာပါ။ (PR) စနစ် အသုံးပြုရင်တော့ ပထမပါတီက ကိုယ်စားလှယ်(၄၀)%၊ ဒုတိယပါတီက ကိုယ်စားလှယ်(၃၀)%၊ တတိယပါတီက ကိုယ်စားလှယ်(၃၀)% ရမှာဖြစ်တဲ့အတွက် ပါတီတိုင်း တရားမျှတပါတယ်။ မဲဆန္ဒရှင်ရော ကိုယ်စားလှယ်အတွက်ပါ အကျိုးရှိပါတယ်။
ဘယ်သူ့ကိုမှလည်း မနစ်နာ၊ ကိုယ့်ဝေစု ကိုယ်ရကြတဲ့အတွက် အင်မတန်တရားမျှတတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါကြောင့်ကျနော်တို့က နိုင်ငံအကျိုး ပြည်သူ့အကျိုးအတွက် အဆိုပြခြင်း ဖြစ်ခဲ့ပါတယ်။ မဲများသူအနိုင်ရရင်ပြီးတာပဲ။ တစ်မဲသာသာ၊ နှစ်မဲသာသာ နိုင်တာပဲ။ ရှုံးတဲ့သူကို ဂရုစိုက်စရာမလို။ ရှုံးသူကို မဲပေးတဲ့ ဆန္ဒရှင်တွေကိုလည်း ဂရုစိုက်စရာမလိုဘူး လို့ သဘောထားသူတွေပဲရှိမှာပေါ့။ အဲ့ဒီသဘောထားမျိုးကို ကောင်းတယ်မှန်တယ်လို့ ယူဆသူများက သူတို့ကို ထောက်ခံပေါ့။ ကျနော်တို့ရဲ့ အားလုံးအတွက်မျှတတဲ့ သဘောထားမျိုးကို ကောင်းတယ်မှန်တယ်လို့ ယူဆသူများက ကျနော်တို့ကို ထောက်ခံပေါ့။ လူတိုင်းလွတ်လပ်စွား ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။
ကျနော်တို့ အဆိုပြုတဲ့ (PR) စနစ်အကြောင်းကို ပြောပြပါမယ်။ အချို့က (PR) စနစ်အကြောင်းကို အမျိုးမျိုးရှောက်ရေးပြီး ရှုပ်ထွေးအောင် ဖော်ပြ၊ လူတွေက ရှုပ်ပါတယ်ကွာလို့ ဖြစ်အောင် ဖန်တီးကြပါတယ်။
အမှန်ကတော့ ကျနော်တို့ အဆိုပြုတဲ့ (PR) စနစ်ဟာ မဲဆန္ဒရှင်များအတွက် အခုမဲပေးနေတာထက်တောင် လွယ်ပါတယ်။ အခုမဲပေးတာက ကိုယ်စားလှယ်လောင်းအမည်၊ ပါတီအမည်၊ ပါတီတံဆိပ်ကိုကြည့်ပြီး မဲပေးကြပါတယ်။ (PR) စနစ်အရ ပါတီအမည်နှင့် ပါတီတံဆိပ်ကိုကြည့်ပြီး ပေးလိုက်ရုံပဲ။ သိပ်လွယ်တယ်။ ရွေးကောက်ပွဲကော်မရှင်တွေက ပါတီတွေရဲ့ မဲရာခိုင်နှုန်း ပေါ်မူတည်ပြီး ကိုယ်စားလှယ်အချိုးကျ တွက်ပေးပါတယ်။ ပါတီတွေထဲမှာ အတော်ဆုံးလူကို ဦးစားပေးရွေးတာဖြစ်လို့ တိုင်းပြည်အတွက်လည်း ပိုကောင်းပါတယ်။ နော်တစ်ချက်ကျနော်တို့ အဆိုပြတဲ့ (PR) စနစ်ကို ကျနော်တို့နိုင်ငံမှာ ကျင့်သုံးမှာဖြစ်လို့ ပြည်သူ့လွတ်တော်ရွေးကောက်ပွဲအတွက်သာ စမ်းသတ်ပြုလုပ်ပေးဖို့ အဆိုပြုတာဖြစ်ပါတယ်။ အမျိုးသားလွတ်တော်နဲ့ တိုင်း၊ပြည်နယ် လွတ်တော်များအတွက်တော့ လက်ရှိ (FPTP) စနစ်ဘဲအသုံးပြုပါလို့ ကျနော်တို့ သဘောထားကို ပြောပြတယ်။ တကယ်ဆုံးဖြတ်ရမှာက ပြည်ထောင်စုလွတ်တော်မှာ လွတ်တော်ကိုယ်စားလှယ်တွေဆွေးနွေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။ နောက်တစ်ချက် (PR)စနစ်ကို ကျနော်တို့ ဘာကြောင့်အဆိုပြုရတာလည်း ဆိုတာကို ရှင်းပြချင်ပါတယ်။ (၁၉၆၀-၆၁) ခုနှစ်က ကျနော် နယ်တာလင်နဲ့ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်စတဲ့ စကင်ဒီးနေးမီးယန်းနိုင်ငံတွေကို ရောက်ခဲ့ပါတယ်။ သူတို့နိုင်ငံတွေကို (PR) ရွေးကောက်ပွဲစနစ်ကို ကျင်းသုံးနေကြပါတယ်။ ကျနော်လေ့လာကြည့်တဲ့အခါ ကျနော်တို့ နိုင်ငံမှာ ကျင့်သုံးရရင် ကောင်းမှာပဲလို့ ကျနော့်စိတ်ထဲမှာ ဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှ စပြီး ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီရွေးကောက်ပွဲတွေ မရှိတော့ပါဘူး။ (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲ လုပ်တဲ့အခါ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေထံမှ အကြံပြုစာတွေ တောင်းပါတယ်။ ကျနော်ခေါင်းဆောင်တဲ့ (ဒီမိုကရေစီ) ပါတီက (PR) စနစ်ကို မြန်မာနိုင်ငံရွေးကောက်ပွဲမှာ အသုံးပြုသင့်ကြောင်း အကြံပြုခဲ့ပါတယ်။ အခြားမည်သည့်နိုင်ငံရေးပါတီမှ (PR) အကြောင်းသိရှိဟန် မတူပါ။
(၂၀၁၂) ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြီးသည့်အခါ၊ နိုင်ငံတကာမှ ကိုယ်စားလှယ်များ (အမေရိကန်၊ အီးယူ၊ သြစတြေလျနဲ့ အာရှ) လာရောက်ပြီး ကျနော်တို့နဲ့ တွေ့တဲ့အခါ၊ သူတို့ကစပြီး (PR) စနစ်ကောင်းတဲ့အကြောင်း (PR) စနစ်ကို ကျနော်တို့ စိတ်ဝင်စားသလားလို့ မေးပါတယ်။ ဒီကာလမှာမှ သူတို့က အလေးတယူ ဒီကိစ္စကို တင်ပြလာတယ်ဆိုတော့ သူတို့လည်း ထူးခြားတဲ့အကြောင်း ရှိပါလိမ့်မယ်ထင်ပါတယ်။
သြစတြေးလျ အစိုးရ ကျနော်တို့ နိုင်ငံရေးပါတီတွေနဲ့ ASEAN မှနိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ဖိတ်ခေါ်ဆွေးနွေးတဲ့ အခါမှာလည်း၊ (PR) အကြောင်းကို သူတို့ ရှင်းပြခဲ့ပါတယ်။ နော်ဝေး၊ နယ်တလန် နိုင်ငံမှ အဖွဲ့အစည်းတစ်ခုကလည်း (PR) စနစ်နဲ့ ပတ်သက်ပြီး ရန်ကုန်မှာ လာရောက်သင်တန်း ပေးပါတယ်။
ကျနော့်အထင် မြန်မာနိုင်ငံရွေးကောက်ပွဲအခြေအနေကို သူတို့လေ့လာပြီး စိုးရိပ်စိတ်ရှိဟန် တူပါတယ်။ ကျနော်တို့လည်း စိုးရိမ်တာတွေရှိတယ်။ ဘယ်ပါတီမဆို ပါတီတစ်ခုတည်း လွတ်တော်ကို လွှမ်းမိုးသွားရင် အန္တရာယ်ရှိတယ်။ ကြံ့ခိုင်ရေးပါတီဟာ အာဏာရှင်များဖြစ်သွားမလားလို့ ကျနော်တို့ ရင်တစ်ထိတ်ထိတ် ကြည့်နေရတယ်။ အလားတူပဲ ပါတီတစ်ခုတည်း လွတ်တော်မှာ လွမ်းမိုးသွားပြီး အခြားအာဏာရှိအဖွဲ့အစည်းနဲ့ မသင့်မြတ်ဖူးဆိုရင် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာလို့ တိုင်းပြည်လည်း နာမယ်။ လူထုလည်း ဒုက္ခဖြစ်ကြပါလိမ့်မယ်။ မကြာသေးသောနှစ်များက ထိုင်းနိုင်ငံအဖြစ်အပျက်ကို ပြန်ကြည့်ပါ။ မြန်မာနိုင်ငံသမိုင်းမှာလည်း အထောက်အထားတွေရှိပါတယ်။
(PR) စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေ (၉၀) ကျော်ရှိပါတယ်။ ကမ္ဘာမှာ တဖြည်းဖြည်းများလာပြီး အဲ့ဒီစနစ်အတွက် သူတို့ ဂုဏ်ယူနေကြပါတယ်။ မြန်မာနိုင်ငံမှာလည်း (PR) စနစ်ကို ကျင့်သုံးမယ်ဆိုရင် အန္တရာယ်ကိုလည်း တာနိုင်မယ်။ ဒီမိုကရေစီလည်း ပိုမိုပီပြင်လာပါလိမ့်မယ်။ ပြည်ထောင်စုမြန်မာနိုင်ငံကို ချစ်ရင်ဖြင့် (PE) စနစ်ကို လေ့လာကြပါလို့ တိုက်တွန်းပါတယ်။
9/17/2012
The Development of a Muslim Enclave in
Arakan (Rakhine) State of Burma (Myanmar)1
Aye Chan
Kanda University of International Studies
Who are the Rohingyas? Burma gained independence from Great Britain in 1948 and this issue is a problem that Burma has had to grapple with since that time. The people who call themselves Rohingyas are the Muslims of Mayu Frontier area, present-day Buthidaung and Maungdaw Townships of Arakan (Rakhine) State, an isolated province in the western part of the country across Naaf River as boundary from Bangladesh. Arakan had been an
independent kingdom before it was conquered by the Burmese in 1784. Rohingya historians have written many treatises in which they claim for themselves an indigenous status that is traceable within Arakan State for more than a thousand years. Although it is not accepted as a fact in academia, a few volumes purporting to be history but mainly composed of fictitious stories, myths and legends have been published formerly in Burma and later in the
United States, Japan and Bangladesh. These, in turn, have filtered into the international media through international organizations, including reports to the United Nations High Commissioner fo Refugees (Ba Tha 1960: 33-36; Razzaq and Haque 1995: 15).2
အပြည့်အစုံ ဆက်ဖတ်ရန်
The present paper was written for distribution and discussion at a seminar in
Japan. During the seminar, there was a debate between the author and
Professor Kei Nemoto concerning the existence of the Rohingya people in
Rakhine (Arakan). Nemoto, in a paper written in Japanese, agreed with the
Rohingya historians that the Rohingyas have lived in Rakhine since the eigth
century A. D. The author contests the vailidity of these claims. The present
paper was also read at the 70th Conference of Southeast Asian historians of
Japan, held at the University of Kobe, on 4 to 5 February 2003.
©2005 AYE CHAN 
ကိုအောင်ဝေးရဲ့ ခင်ဗျားတို့ ကို စိန်ခေါ်တယ်နဲ့ မကြာခင်စစ်တပ်ကအာဏာသိမ်းတော့မယ်
အခုတော့ (၂၄) နှစ် တိုင်ခဲ့ပါပြီ။
            ရှစ်လေးလုံးအရေးတော်ပုံကြီး တစ်ခုလုံးလည်း (၁၀) သိန်းပဲ တန်ပါတော့တယ်။
            အဲဒီတုန်းက တိုက်ပွဲဝင်ခဲ့သူ အမြောက်အမြားလည်း၊ အမေ့ခံဘ၀နဲ့ တိုင်းတစ်ပါးမှာ သောင်တင်နေပါပြီ။
            “စစ်တစ်ခါရှုံး၊ နှစ်သုံးဆယ်ကြာ“ ဆိုတဲ့စကား ကြားဖူးတယ်။ နှစ်သုံးဆယ်ကျော်သွားရင်၊ စစ်နိုင်မယ်၊ မနိုင်ဘူးဆိုတာကိုတော့၊ ဘယ်သူကမှ မပြောခဲ့ပါလား။       ။
...............လွန်ခဲ့တဲ့ သုံးလေးနှစ်၊ ကျနော် လွတ်မြောက်နယ်မြေမှာရှိစဉ်တုန်းကတော့ အွန်လိုင်းပေါ်မှာ
(ဘလော့ဂ်တစ်ခုခုမှာ) ဒီကဗျာ (ခင်ဗျားတို့ ကိုစိန်ခေါ်တယ်)ကို တွေ့ ခဲ့မိပါသေးတယ်။ အဲဒီတုန်းက ကူး မထားမိလိုက်ဘူး။ အခုပြန်ရှာတော့ ဘယ်မှာမှ ရှာမတွေ့ တော့ပါဘူး။ကဗျာက-
            “ကျမ အပျိုမ
            လှပါသည်။
            ကျမ တက္ကသိုလ်ကျောင်းသူ
            ဖြူသည် နုသည်
            အခု အခံမပါ။
            ကျမအသက်
            သပြေခက်“ စသဖြင့် အဲဒီလို အစချီရေးခဲ့တယ်။
............ခပ်ကြမ်းကြမ်းရေးလိုက်တာပါ။ ဇာတ်နာအောင်လို့ ၊ ကလောင်နာမည်ကို “ခင်နီနီဦး(စက်မှုတက္ကသိုလ်)“ လို့ တပ်လိုက်တာလို့ ပဲ ၀န်ခံရမယ်။
(ကိုအောင်ဝေးစာ)
ခင်ဗျားတို့ ကို စိန်ခေါ်တယ်
 (၁)။
ကျွန်မအပျိုမ လှပါသည်
ကျွန်မ.. တက္ကသိုလ်ကျောင်းသူ
ဖြူသည်.. နုသည်
အခုအခံမပါ.. ကျွန်မခန္ဒာကိုယ်
ရှိုက်ကြီးဖိုငယ်.. အသွယ်သွယ်။
ကျွန်မအသက်
သပြေခက်ကျော်.. ရေတွက်သော်
တစ်ကိုးရှစ်ရှစ်.. တော်လှန်ခေတ်မှာ
တစ်တစ်ရစ်ရစ်.. တစ်ဆယ့်ရှစ်။
ကျွန်မတို့ တက္ကသိုလ်
အို ဘာကိုထောက်.. ကြောက်ရမှာလဲ
တိုက်ပွဲ.. တိုက်ပွဲ
ရဲရဲတောက်ပ.. ရဲတောက်မဟာ
ကျွန်မ.. ကျွန်မ.. လက်နက်မချ
ကျောင်းသားသမဂ္ဂဖွဲ့ ကြ။
(၂)။
၁၉၈၈ မတ်လ
ဖက်ဆစ်အစိုးရ.. ထောင်ထဲညမှာ
ကျွန်မ..အပျိုမ.. ကျဆုံးရသည်
ကျွန်မ..ခုခံ မတွန်းလှန်နိုင်
မတန်အားယုတ်.. ကြိုးနှင့်တုတ်ပြီး
လှုပ်မရ.. ရုံးမရ
မရ.. မရ.. အို.. မရတော့
ကျွန်မ..ရေတိမ်နစ်ခဲ့ရပြီ။
ကျွန်မနှုတ်ခမ်း..ဖက်ဆစ်နမ်းကြ
ကျွန်မရင်အုံ..ဖက်ဆစ် ငုံကြ
ကျွန်မ …တွင်း.. ဖက်ဆစ် ….ကြ
ဖက်ဆစ်မုဒိန်း.. လုံထိန်း လုံထိန်း
နတ်စိမ်းပူးဝင်.. အရှင်လတ်လတ်
ခေတ်သေနတ်နဲ့  အငတ်မပြေ
ကျွန်မအပျိုရည်..ကိုသောက်
တစ်ယောက် နှစ်ယောက် သုံးလေးယောက်မက
ကျွန်မသေလောက်ပါပြီရှင်ရဲ့ ။
(၃)။
ဒါပေမယ့်လေ
ကျွန်မ မသေ.. မျက်ရည်မကျ
ကျွန်မရေတိမ်နစ် ..သားအိမ်ညစ်လည်း
ကျွန်မချစ်သည့် တော်လှန်ရေး
ကျွန်မ မြတ်နိုးသည့် ဒီမိုကရေစီ။
ဟယ်… ဖက်ဆစ်အစိုးရ
ငါ့သွေးသားကို ..နင်ဝါးမြိုသည်
နင့်ကို ငါ ဘယ်တော့မကျေ
ဟယ်… အစိုးရ
ငါ့အပျိုရည်.. နင်ဖျက်ချွေသည်
ရာဇ၀င် မကျေ.. မကျေ.. မကျေ။
ဟေ့… အစိုးရအမွေ
နောက်လိုက်ခွေးတပ်..လုံထိန်းတပ်တို့ 
သတ္တိရှိရင် လာစမ်းပါစေ…
သေနတ်တစ်ကမ်း.. သွေးခင်းလမ်းမှာ
ငြိမ်းချမ်းရေး အပျိုမ
မြန်မာပန်းပွင့်.. မုဒိန်းကျင့်ခံရ
နင် အစိုးရ. အပြုတ်ချမယ်
လုံးဝ.. ငါတို့ ဒူးမထောက်
လုံးဝ.. ငါတို့ ဒူးမထောက်။
(၁၉၈၈ခုနှစ် မတ်လအရေးအခင်းတွင် မဆလ လုံထိန်းတပ်တို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ထောင်တွင်းတွင် အဓမ္မမုဒိန်းကျင့်ခံခဲ့ရသော ရန်ုကုန်စက်မှုတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ရင်တွင်းခံစားချက်။)
ကျနော်သိမ်းထားတဲ့အတိုင်းပါ။ ဖိုးတလုတ်ကြီးဆီကလား ကိုနစ်ဆီကလား မသိတော့ပါ။ ၂၀၀၈ က ၂ယောက်လုံး တင်ပါတယ်။
9/07/2012
အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဇာတ်လမ်းကြီး
ဇော်မင်း
၅ ရက် စက်တင်ဘာလ ၂ဝ၁၂ ခုနှစ်
သည် ရက်ပိုင်း သည်ကာလပိုင်းအတွင်း ကြားရတာတွေ သိရတာတွေကတော့ ဝမ်းနည်းဖွယ်ရာတွေ စိတ်မကောင်း စရာတွေ များနေသည်။ ဘာတွေများ ကြားရလို့ ဘာတွေကို စိတ်မကောင်း ဖြစ်နေတာတုန်း လို့ မေးမယ့်သူလည်း ရှိပါ လိမ့်မည်။ လူတွေ တဦးနဲ့တဦး တယောက်နဲ့တယောက် ကြည့်မရသလိုလို ရန်လိုနေသလိုလို ဖြစ်နေတာကြောင့်လို့ ဆိုရပါမည်။
တဲ့တဲ့ပြောစမ်းပါဗျာ၊ တိတိလင်းလင်း ပြောစမ်းပါဗျာဟု တောင်းဆိုလာသူ မိတ်ဆွေများလည်း ရှိသေးသည်။ ဟုတ်ကဲ့။ တဲ့တဲ့နဲ့ တိတိလင်းလင်း ပြောရမည် ဆိုပါက ကျနော်တို့မျိုးဆက်တွေ ညီညီညွတ်ညွတ် မရှိတာ ကို မြင်ရသောကြောင့်ပင်။ ကျနော်တို့ မျိုးဆက်ဆိုတာ ရှစ်လေးလုံးက ပေါက်ဖွားလာသော နိုင်ငံရေး သမား၊ တော်လှန်ရေးသမားများကို ဆိုလိုတာ ဖြစ်သည်။ နိုင်ငံရေး၊ တော်လှန်ရေး တိုက်ရိုက်ကိစ္စတွေကို မလုပ်တော့ဘဲ မီဒီယာလုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ လည်း ဒီအထဲမှာ ပါသည်။ အန်ဂျီအို လုပ်ငန်းတွေမှာ ကူးပြောင်းလုပ်ကိုင် နေသူတွေလည်း အကျုံးဝင်သည်။
အခုအခြေအနေက အရင်လို မဟုတ်တာတော့ သေချာသည်။ အရင်တုန်းက နိုင်ငံရေးအခြေအနေက တိုက်ရိုက် စစ် အုပ်ချုပ်ရေး အောက်မှာ ပြားပြားဝပ်နေခဲ့ရတာကို ဆိုလိုရင်းဖြစ်သည်။ အခုတော့ အတော်အတန် ပြောဆိုခွင့်တွေ ရလာ သည်။ အတော်အတန်လေး ပြောဆို၊ လုပ်ကိုင်၊ သွားလာခွင့် ရလာတဲ့ အပေါ်မှာ တချို့က ဂုဏ်မောက်လာသည်။ တချို့က မျက်နှာကြော ပြောင်းလာသည်။ တချို့က အိုက်တင်များလာသည်။ တချို့က ပဲများလာသည်။ အဲသည်မှာပဲ ဇာတ်လမ်းက စသည်လို့ ဆိုနိုင်သည်။ ဘာဇာတ်လမ်း စတာတုန်းလို့ မေးရင် ဖြေရပေတော့မည်။
အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဆိုသည့် ဇာတ်လမ်းကြီးပင် ဖြစ်ပေတော့သည်။ အပြင် ကကောင်တွေဟာ အပြင်မှာ လွတ်လပ်နေတိုင်း သူတို့ပြောချင်ရာ ပြောသည် ဆိုသည်ဟု အထဲကကောင်တွေက ထင်သည်။ အဲသည်တော့ အပြင်က ကောင်တွေ အထဲကို ပြန်လာရင် ဘယ်လို ဆက်ဆံရမှာလဲ ဘယ်လိုသဘော ထားရမှာလဲ ဆိုတဲ့ အယူအဆ ကလေးများ ဟိုမှာသည်မှာ ပြောနေ ကြတာကို ကြားရသည်။ အတွင်းကကောင်တွေက ပြည်ပရောက်နေသူများကို အပြင် က ကောင်တွေဟု အမည်သညာပေးသည်။ ဒို့ ရှစ်လေးလုံးမျိုးဆက်တွေ၊ တချိန်က လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေလို့ သတ်မှတ်နိုင်ဖို့ ဝန်လေးနေဟန် ရှိသည်။ ကျနော်ပြောတာ လွန်သွားတယ်ဆိုပါက တောင်းပန်သည်။
လက်ခုပ်ဆိုတာ နှစ်ဖက်တီးလို့သာ မည်ရသည်ဟု ဆိုထားသည်။ အပြင်ကကောင်တွေကလည်း အထဲကကောင်တွေဟာ နှစ်ပေါင်းများစွာ ထောင်တန်းကျခဲ့တော့ ကက်ပယ်စီတီ အရာမှာ နိမ့်နေသေး သည်လို့ မြင်ဟန်ရှိသည်။ ငဒို့က အနောက် နိုင်ငံများမှာ တက္ကသိုလ်တွေတောင် တက်နိုင်ခဲ့တာမို့ သူတို့ထက် ပိုတတ်ပိုသိသည်ဟု ထင်နေသူ တချို့လည်း ရှိသည်။ အထဲကကောင်တွေ နိုင်ငံတကာ မျက်နှာစာကို ဒို့လောက် နားမလည်သေး ဟုလည်း တချို့ကလည်း ထင်ဟန်ရှိသည်။ ဒါကြောင့် အထဲကို ပြန်ဝင်ပြီး သင်းကလေးတို့ကို ကက်ပယ်စီတီ မြှင့်တင်ပေးဖို့ လုပ်ပေးရမည်ဟု ဆိုလာသူလည်း ရှိသည်။ တခါ အဲတာကို ပြောင်ထုတ်ပြောမိလို့ (စကားမပြောတတ်တာလည်းပါ) မျက်နှာစာအုပ်တွေမှာ အဝေဖန်ခံရသည်။ အဆဲခံ ရသည်။ အကောင်းမြင်နဲ့ ဝေဖန်သူရှိသလို အပြင်ကကောင်တွေဆိုရင် မစွံပါဖူး၊ သည်လိုချည်းပဲဟု ဝေဖန်သူများလည်း ရှိနေသည်။
အပြင်ကကောင်တွေ မှာလည်း လူဆိုးလူကောင်းရှိသည်။ ကြွားဝါတာကို ရှေ့တန်းမတင်သူ တွေ ရှိသလို သောက်ကြွား ပိုလွန်း သူများလည်း မနည်းလှ။ အခွင့်ရေးမမက်သူနှင့် အခွင့်ရေးမက်မောသူ ဟူ၍လည်း ရှိသည်။ ဗိုလ်လုပ်ချင်သူ ရှိသလို ပူးပေါင်းဆောင်ရွက်တာမျိုးကို လိုလားသူလည်း ရှိသည်။ ဂိုဏ်းဂနစွဲ ရှိသူတွေ ရှိနေသေးသလို ပကတိ အခြေအနေတွင် လက်တွေ့လုပ်နိုင်တာကို လက်တွေ့ လုပ်လိုသူများလည်း ရှိသည်။ နာမည်ရှိထားသူများနဲ့ တပူးတွဲတွဲလုပ်ရင်း ကိုယ့်ကိုယ် ကို လူသိအောင် လုပ်လိုသူများလည်း ရှိသည်။ အပြင်မှာ နေတာကြာပြီဆိုတော့ အဆက်အသွယ်ကောင်း ဒိုနာကောင်းတွေ ရထားသူ တချို့လည်း ရှိနေသည်။ သူတို့က အထဲကိုဝင်လိုသည်။
ဝင်လာသည့်သူတချို့ကိုလည်း တွေ့နေရသည်။ ဘယ် ဒိုနာရဲ့ ပိုက်ဆံမှ မပါဘဲ ကိုယ့်တိုင်းပြည် အခြေအနေကို လက်တွေ့မျက်တွေ့ မြင်တွေ့လို၍ ကိုယ့်စရိတ်ကိုယ်စားပြီး ပြန်သွား ကြည့်သူများ လေ့လာသူများလည်း ရှိသည်။ အပြင်ကကောင်တွေဟာ နိုင်ငံခြားတိုင်းပြည်တွေလို ကွန်ဖော့ဇုန် အတွင်းမှာ သက်တောင့်သက်သာ နေပြီး ဆရာလုပ်ချင်တဲ့ စိတ်ကများနေသည်ဟု ဆိုလာသူတွေလည်း ရှိသည်။ ငြင်းမရ ဟုတ်သင့် သလောက်လည်း ဟုတ်နေသည်။
အထဲကကောင်တွေရော ဘယ်လိုလဲ။ ကြားရတာက မသက်သာပါ။ အထဲကကောင်တွေလည်း ထင်ထားသလို ညီညွတ် ခြင်း မရှိဘဲ တိတ်တိတ်လေး ကွဲနေကြသည်တဲ့။ ရုံးခန်းကြီး ဖွင့်ထား၍ ပုံမှန်ရုံးတက်သူ တချို့ ရှိနေသော်လည်း ရုံးကို လုံးဝနီးပါး မလာတဲ့ သူများလည်း ရှိသေးသည်ဟု ကြားရသည်။ အပြင်ကကောင်တွေ အထဲအကြောင်း မသိဘဲနဲ့ ငါတို့ အထဲက ကောင်တွေကို ဆရာလုပ်တာ မကြိုက်ဟု ဆိုသူများလည်း ရှိသည်။ ဆရာလုပ်ခြင်းကို မကြိုက်တာ သဘာဝ ကျသည်။ ဆရာလာလုပ် သူကိုလည်း ပြောင်ပြောသင့်သည်။ သို့သော် အပြင်ကကောင်တွေဟာ ဆရာ သိပ်လုပ်ချင်တယ် လို့ အပြင်ကကောင်တွေ အားလုံးကို လုံးပြီး မပြောသင့်။ ခြေမမကောင်း ခြေမ၊ လက်မမကောင်း လက်မ ခွဲခြားနားလည်ဖို့ တော့ လိုသည်။ ဒါ့အပြင် အထဲက ကောင်တွေကိုလည်း ဝေဖန်သူများ ရှိလာသည်။
မီဒီယာအားကောင်းသော၊ သံတမန်ရေးရာ အားကောင်းသော၊ နိုင်ငံခြားသားမျိုးစုံ ဝင်ထွက်သွား လာသော ရန်ကုန်တွင် သာ ပျော်နေသည်ဟု ဆိုသော စကားများ ဖြစ်သည်။ ဒါကို တချို့က ကွန်ဖော့ဇုန်ထဲမှာ နေလိုတာက လူ့သဘာဝ၊ ဘယ်သူ မှ ချင်းတောင်မှာ နာဂတောင်တန်းမှာ ကြာကြာသွား နေနိုင်ပါ့မလဲဟု ဖြည့်စွက်ကြသည်။ ဒါလည်း ဟုတ်သင့်သလောက် ဟုတ်နေသည်။ ဒါပေမယ့် နာဂတောင်တန်းကတော့ ဝေးလွန်းလှသည်။ ရန်ကုန်ကနေ သိပ်မဝေးတဲ့ တောနယ်တွေဖက် သွားပြီး လုပ်ကိုင်ပေးနိုင်တယ် ဆိုရင်တော့ သိပ်မဆိုးလှ။ ရန်ကုန်ကိုလည်း မကြာခဏ ပြန်နိုင်ဦးမည်။ နောက်တချက် ကတော့ အထက်ဗမာပြည်မှာ နိုင်ငံရေး အားမကောင်းလို့ နိုင်ငံရေးအားကောင်းရန် ကျုပ်တို့လာတာဆိုပြီး ပြောမိလို့ အထက်သားများ တရှုးရှုးဖြင့် နှာမှုတ်သံပြင်းနေတာ အပြင်ကတောင် ကြားနေရသည်။ အထက်အရပ် ရောက်တုန်း ရောက်ခိုက် မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးနဲ့ သီချင်းဆိုချင်တဲ့ ခေါင်းဆောင်တယောက်ကို အထက်သားများ မျက်မှောင်ကုတ် ပြီး ကြည့်နေတာကိုလည်း သတိချပ်ဖို့လိုသည်။
လူကြီးတွေ ပြောခဲ့ဖူးတာ တခု အမှတ်ရသည်။ ဘာကြောင့် မြန်မာပြည်မှာ ပြည်တွင်းစစ် သက်ဇိုးရှည်ရတာလဲ ဆိုတာကို ပြောပြခြင်းဖြစ်သည်။ တိုတိုဆိုရသော် မြန်မာနိုင်ငံရေးသမားတွေ အကွဲကွဲ အပြားပြားနဲ့ မညီညွတ်လို့ဆိုတဲ့ ကောက်ချက် ကို မှတ်သားရဖူးသည်။ ဒီခေတ်မှာလည်း မြန်မာနိုင်ငံရေး ခေါင်းဆောင် ကြီးငယ်လတ်တွေ မညီညွတ်ရင် ဘောင်းဘီချွတ် ထားတာ ပူပူနွေးနွေးသာ ရှိသေးတဲ့ ခရိုနီများရဲ့ အဘများနဲ့ စုဖွဲ့ထားတဲ့ အစိုးရသာ သက်ဆိုး ရှည်လိမ့်ဦးမည်ဆိုတဲ့ အဖြေကိုသာ တွက်ထုတ်လို့ရသည်။
နိဂုံးချုပ်သောအခါ အပြင်ကကောင်တွေကိုလည်း ဝေဖန်ပြီးပြီ။ အထဲကကောင်တွေကိုလည်း ဝေဖန်ပြီးပြီ။ ဝေဖန်ပြီးရင် ဘာလုပ်မတုန်း။ မျိုးဆက်တူ ညီအကို မောင်နှမ ရဲဘော်များ ထဲထဲဝင်ဝင် ပွင့်ပွင့်လင်းလင်း ညှိနိုင်းတိုင်ပင်ပြီး လုပ်စရာ ရှိတာတွေ လုပ်သင့်သည်။ အမြင်မကြည်လင် တာတွေကို အပြန်အလှန် ဆွေးနွေးပြီး သကာလ၊ အပြင်ကကောင်တွေ၊ အထဲကကောင်တွေ ဆိုတဲ့ ဝေါဟာရများလည်း ပျောက်ပျက်စေသတည်းလို့ ဆုတောင်းလိုက်သည်။
4/26/2012
THE LADY ကို ကျောခိုင်းခြင်း
 ဒီဇတ်ကားဟာ စတင် ရိုက်ကူးတယ်လို့ သတင်းထွက်တာနဲ့ ဗမာပြည်သားတိုင်းရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်တဲ့ဇတ်ကားဖြစ်ပါတယ်။ ကြည့်ဖို့အခွင့်အရေး ရရင် ဗမာပြည်သားတိုင်း မညင်းမပါယ် ကြည့်ကိုကြည့်မယ်ဆိုတာ လုံးဝ အာမခံနိုင်ပါတယ်။
http://rarbg.com/torrents/filmi/download/3a538d4a028cf19905f9ecfc876676d94bbdc83d/torrent.html
ဧပြီလ ၂၅ရက် နေ့ ကTorrent file နဲ့ တင်ထားတာတွေ့လို့ ဒေါင်းယူပီးကြည့်ဖြစ်ပါတယ်။
စာတန်းထိုးဖို့အကြို ဇတ်ပျိုးလောက်ဘဲကြည့်ရသေးတယ် သမိုင်းအချက်အလက်တွေကို ပြစ်ပစ်ခါခါ ဥပက္ခာပြု ရိုက်ထားတာများဟာ သီးခံနိုင်စရာမရှိအောင်ကိုလွဲချော်နေတာ တွေ့ရပါတယ်။
ဇတ်လမ်းက စဖွင့်တာနဲ့ ဗိုလ်ချုပ်တို့သားအဖ ပုံပြောခန်း မိသားစုအိမ်ကိုပြတာ အင်းယားကန်စပ်ကအိမ်။ မှားနေဘီ။
အမှန်တကယ် အဲသည်ကာလက ဗိုလ်ချုပ်နေခဲ့တာ “တာဝါလိန်းလမ်းက နောက်ပိုင်း ပြတိုက်လုပ်ထားတဲ့အိမ်။ အဲဒီအိမ်မှာဘဲ ဗိုလ်ချုပ်
ရဲ့ သားငယ် အောင်ဆန်းလင်းရေနှစ်သေတာ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပီးဘီ အဲဒီအချိန်ထိ တာဝါ လိန်းလမ်းအိမ်မှနေတုံး။
နောက်ပိုင်း ၀န်ကြီးချုပ်ဦးနု အစိုးရလက်ထက်မှာမှ အခုနေတဲ့အင်းယားလမ်းကအိမ်ကို တသိန်းနဲ့ အစိုးရက၀ယ်ပေးတာ။
ကျန်တဲ့ဗိုလ်ချုပ်နဲ့အတူ လုပ်ကြံခံရတဲ့ ခေါင်းဆောင်ကြီးများရဲ့ မိသားစုများကိုလည်း လိုက်လံတွေ့ဆုံမေးမြန်းပီး သူတို့အလိုရှိရာ အိမ် ခြံဓါတ်ဆီဆိုင် စသည်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက ဖြည့်စည်း ဆောင်ရွက်ပေးခဲ့ပါတယ်။
နောက်တခန်း ၀န်ကြီးများကက်ဘိနက်အစီးအဝေးလုပ်တဲ့ အတွင်းဝန်ရုံးအ၀မှာ မဆလ လက်ထက် နိုင်ငံတော်တံဆိပ်ကြီးထည့်ရိုက်ထားတာကလဲ ဆိုးလှပါတယ်။
အဲဒီခေတ်က ကျနော်တို့ခေါင်းဆောင်တွေ ခွက်မြောက်ပီး ချီးယားစ်မလုပ်ပါ။
၁၉၄၇ခု ဇူလိုင်လ ၁၉ရက် ကက်ဘိနက်အစီးအဝေးလုပ်တဲ့အခန်းမှာ ဘယ်လက်နက်ကိုင်အစောင့်မှမရှိပါဘူး ကျဆုံးရာမှာပါသွားတဲ့ သက်တော်စောင့် ရဲဘော်ကိုထွေးဟာ သေနတ်သံကြားလို့ သူအခန်းက ပြေးထွက်လာရာမှာ အပစ်ခံရတာဖြစ်တယ်။ စကတည်းကနေ ရိုက်ကွက်တိုင်းလွဲနေပါတယ်။ စစ်ယူနီဖေါင်းဝတ်ထားတဲ့ လုပ်ကြံသူများ လည်ပင်းစီးတဲ့ပုဝါဟာ မဆလခေတ် ကွန်မန်ဒိုတပ် ကျမှစသုံးတာပါ။
ဗိုလ်ချုပ်တို့အပစ်ခံရချိန်မှာ အားလုံးထိုင်ရက်အစီးအဝေး လုပ်နေဆဲပါ ၀ုန်းခနဲတခါးပွင့်လာပီး ၀င်ပစ် တဲ့အနေအထားမှာ ဗိုလ်ချုပ်ကစားပွဲထိပ်ခုံမှာ ထိုင်ရက်က အထမှာ စထိတာ တော်မီဂန်း စက်သေနတ်အသေး.၄၅ ကျည် ၁၃ချက်ထိပါတယ်။ တခါးက၀င်ဝင်ခြင်းတလကြမ်းမွေ့ပစ်တာပါ။
ခုပြောတဲ့အကြောင်းအချက်တွေဟာ နအဖခေတ်မတိုင်ခင်အထိ စာ နယ် ဇင်းများမှာ ရေးသားဖေါ်ပြလာခဲ့တာတွေပါ ။ ထူးပီးကျမ်းကိုးရှာစရာမလိုပါဘူး။
လူမိုက် ဟန်ပါပါ ပစ္စတိုနဲ့ ချိန်ဝင်လာပီး နဖူးကိုချိန် ဗိုလ်ချုပ်ကမျက်စိအမှိတ် …….
တော်ဘီ ဒါရိုက်တာ Luc Besson ရေ မင်ရဲ့ လေဒီကို ကျောခိုင်းလိုက်ပါဘီ။
 7 Comments  
1 – 7 of 7
Anonymous said...
you should know the director is not our native man .
he was trying to show how our lady and our fellow ppls inside our country .
I must appreciated the director and the actress that they try the best within limited boundary.
Wake up ....don't chase and look down what the ppls doing ...pls appreciate and look from good view ...
Thanks & Regards
April 26, 2012 3:25 PM
Anonymous said...
အဖြူတွေဘာပဲရိုက်ရိုက် သမိုင်းအမှားကြီးလည်း
ကောင်းတာရွေးကြည့်ရမယ်ဆိုရင်၈၈ အရေးအခင်းကို သမိုင်းအမှားတွေရိုက်မယ်လည်း
ကောင်းတာကိုပဲ တွေးကြည့်ကြတာပေါ့။
အဖြူတွေကို ဦးကျိုးနေတဲ့ ပုဂိုလ်စွဲ ကျွန်စော်နံတွေကိုဘယ်လိုနားလည်အောင် ဖျောင်းဖျရမှန်းကို မသိတာ
April 27, 2012 4:52 AM
Anonymous said...
to the top commenter
You are the one who should wake yourself up!
I guess you want to worship foreigners (a) support White supremacy and appreciate whatever they do.
Just try to open-up your mind & stand up for your own people. You don't have to agree with whatever shit foreigners do.
I hope you'd be enlightened soon.
April 27, 2012 5:04 AM
Anonymous said...
Dear Kabarmakyay,
That correct; The Lady is just a Fiction one; not documentary film;
Director should tell about this;
Many people around the world may think this is a documentary one.
Most of the scenes are different from reality!
Kyi Thar
April 27, 2012 9:38 AM
Anonymous said...
Dear Bo Dusky;
I agree with you: The Lady is just a fiction and not a documentary film;
Many peoples around the world may think it is documentary one!
The Director should tell about this.
Many scenes are different from reality in historic points;
Rgds
JVCA
April 27, 2012 9:49 AM
kabrmakyay said...
လေးစားအပ်ပါသော မိတ်ဆွေများ ခင်ဗျား
documentary film မဟုတ်ပေမဲ့
True story အပေါ်အခြေခံပါတယ်ဆိုတဲ့ အဖွင့်စာတန်းအရ အခြေခံအားဖြင့် သမိုင်းအချက်အလက်ကိုတော့ True ဖို့လိုတာပေါ့ဗျာ။ အဲဒီသမိုင်းဆိုတာကလဲ ပေါ့သေးသေးသမိုင်းမဟုတ် ကျနော်တို့တိုင်းပြည်ရဲ့သမိုင်းဝင်အချက်အလက်တွေဖြစ်ပါတယ်။
ဒါတွေကို ကျနော်တို့လစ်လျူမရှုနိုင်ပါဘူး။
နဂိုလ်ကမှ သမိုင်းထိမ်ချန်ခံခံရလို့ မျိုးဆက်တခုစာလောက် ကိုယ့်သမိုင်းကိုယ်မသိဖြစ်နေကြတာမမေ့ကြစေလိုပါ။
ကွန်မင့်န့်ပေးတာမဟုတ်ဘဲ မေးလ်ပို့ရေးလာတဲ့ မိတ်ဆွေတယောက်ရဲ့စာမှာ-
“ဗိုလ်ချုပ် သေနတ်မှန်တဲ့အချိန်မှာ မျက်စိမှိတ်ခံပြီး ဘာမှမပြောဘဲ သေသွားတာမဟုတ်ဘူး လက်ဝါးတားပြီး ပါးစပ်ကလည်း တခုခု ပြောပြီး သေနတ်ထိသွားတယ်ဆိုတာ ငယ်ငယ်က ဆရာမတွေရဲ့ နေ့ကြီးရက်ကြီးနီးတိုင်း ပြောပြဖူးလို့ မျက်စိထဲမှာ မြင်ယောင်နေတယ်။ “ လို့ရေထားပါတယ်။ အဲဒါ အသက် ၄၀တန်း အထက် မျိုးဆက်တိုင်းသိတဲ့သမိုင်းပါ။
မြင်းခွါတချက်ပေါက်ရင် မီးဟုန်းဟုန်းစေရမယ်ဆိုတဲ့ ကြိမ်းဝါးသံမှ အားမနာ အဲသည်ခေတ် အတွင်းဝန်ရုံးအ၀မှာ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်တံဆိပ်ကတော့ နားလည်ပေးလောက်တဲ့အမှားမဟုတ်ပါဘူး။
ဇတ်လမ်းရိုက်တာမို့ ဗိုလ်ချုပ်မသေဘူးလို့ဇတ်ကွက်ဆင်ပါ လက်ခံပါတယ်။ သမိုင်းအချက်အလက်တော့မပစ်ပယ်ကြပါနဲ့လို့ဆိုလိုခြင်တာပါ။
April 27, 2012 11:40 PM
Maung Thar Gyaw said...
Mr. Anonymous: ( top commenter)
We all know very well that the Director is not a Burmese; only fool like you will make such a point like that. The entire episode is very important historical event for Burma and that should be correct and precise down to the minute details.
You wake up bloody fool, talk sensibly and make sensible comment.
Burma’s history has been heavily distorted by the so-called historians under the BSPP regime; now by a foreigner. Is that Director related to you?
Do you know the Director hired a Burmese especially for military aspects of the movies he was directing; once this Burmese pointed out the mistakes the Director fired the Burmese immediately. These mistakes and flaws were made deliberately for commercial gain.
Do not be so grateful to this white trash as though he is your step-father.
No thanks and no regards to you Mr. Anonymous - the bloody fool.
Maung Thar Gyaw
April 29, 2012.
April 29, 2012 9:58 PM
4/11/2012
ဆူနာမီ
အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းမှာ ဒီနေ့ ဧပြီလ ၁၁ ရက်နေ့ နေ့ခင်း ပြင်းအာ ၈ ဒဿမ ၉ အင်အားရှိ ငလျင်ကြီးတခု လှုပ်သွားတဲ့အတွက် မြန်မာ နဲ့ ကမ်းရိုးတန်းနိုင်ငံတွေ ဆူနာမီ ကျရောက်ဖွယ် ရှိတယ်လို့ သတိပေးထားပီး ယခုတော့ ဒီအန္တရာယ်ကနေ လွတ်မြောက်သွားပါပြီလို့ သိရပါတယ်။
သို့သော် တချိန်တည်မှာ စင်ကာပူ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စတဲ့ ကမ်းရိုးတန်းနိုင်ငံတွေ ငလျင်လှုပ်တယ်၊ မလေးမှာဆို အထပ်မြင့် အဆောက်အအုံတွေ တမိနစ်ဝန်းကျင်လောက် ခါသွားတယ်လို့ ဆိုပါတယ်။
ငလျင်က အလျားလိုက် မလှုပ်ဘဲ ဒေါင်လိုက် လှုပ်သွားတဲ့အတွက် ကြောင့် ရေလှိုင်း အကြီးကြီးတွေ ဖြစ်မသွားခဲ့ဘူး လို့ ဆိုပါတယ်။
ဟာဝိုင်ယီကျွန်း အခြေစိုက် ပစိဖိတ် ဆူနာမီ သတိပေးဌာန (Pacific Tsunami Warning Center) ရဲ့ ထုတ်ပြန်ချက်အရ ၃၆စင်တီမီတာမှ တစ် မီတာ အမြင့်လှိုင်းတွေ ဖြစ်လါနိင်တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းစု  အာချေးပြည်နယ်၊ မြို့တော် Meulaboh  မြို့နယ် ကမ်းခြေ မြင်ကွင်း
EMG NEWS
7:20 PM
ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေတွင် ယခု ည ၇ နာရီအထိ လာရောက်လည်ပတ်သူများဖြင့် အေးချမ်းစွာရှိနေကြောင်းနှင့် ဆူနာမီနှင့် ပတ်သက်၍ ထူးခြားမှုမရှိကြောင်း ငပလီကမ်းခြေတွင် အပန်းဖြေနေသူ တစ်ဦးက ပြောပါသည်။
7:01 PM
စစ်တွေမြို့အတွင်း ဆူနာမီနှင့် ပတ်သက်ပြီး သတိပေးချက်များကို လိုက်လံ ကြေငြာလျက် ရှိနေကြောင်း သိရသည်။ ထို့အပြင် စစ်တွေ ကမ်းရိုးတန်း တလျှောက်တွင် ကမ်းဝေးငါးဖမ်းလှေများ ပြန်လည် ၀င် ရောက်လျက် ရှိနေပြီး ကမ်းနီး ငါးဖမ်းလှေများမှာ ၀င်ရောက်လာခြင်း မရှိသေးဟု သိရပါသည်။
6:52 PM
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်၊ မြို့တော် Meulaboh မြို့၏ ကမ်းလွန် ပင်လယ်ပြင်တွင် ရေလှိုင်းအမြင့်ပေ တစ်မီတာ(၃ဒသမ၃) ခန့်သာ မြင့်တက်မှု ရှိခဲ့ကြောင်းသိရသည်။ Meulaboh မြို့သည် ၂၀၀၄ ခုနှစ်က ဆူနာမီဒဏ် ခံခဲ့ရသည့် မြို့ဖြစ်ပြီး ယခု ငလျင် လှုပ်ခတ်ရာ နေရာနှင့် အနီးစပ်ဆုံးတွင် ရှိသော နေရာ တစ်နေရာလည်း ဖြစ်ပါသည်။
6:44 PM
နောက်ဆုံးသိရှိရသော သတင်းများအရ မြန်မာ့ ကမ်းရိုးတန်းဒေသသို့ ဆူနာမီ သက်ရောက်နိုင်ခြေမရှိတော့ကြောင်း၊ အန္တရယ်ကင်းကြောင်း သတင်းကို ည ၈ နာရီ သတင်းတွင် တရားဝင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူမှ ညနေ ၆နာရီ ၃၆ မိနစ်တွင် ပြောကြားခဲ့ပါသည်။
6:29 PM
ချောင်းသာကမ်းခြေသို့ ရောက်ရှိနေသော ခရီးသွားများ ဆူနာမီ သတိပေးချက်ကြောင့် ကမ်းခြေမှ ပြန်လည် ထွက်ခွာနေကြပြီဖြစ်ကြောင်းနှင့် အချို့သည် ပုသိမ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
6:22 PM
ထိုင်းနိုင်ငံ အက်ဒမမ် ကမ်းခြေသို့ ဆူနာမီလှိုင်းအသေးစာ ရိုက်ခတ်ခဲ့ကြောင်းနှင့် အဆိုပါ လှိုင်းသည် ၁၀ စင်တီမီတာ လေးလက်မခန့် ရှိခဲ့ကြောင့်း ထိုင်း အမ်ျိုးသား သဘာဝဘေးအန္တရယ်စောင့်ကြည့်ရေးဌာနမှ ပြောကြောင်း AFP သတင်းဌာနတွင် ဖေါ်ပြထားပါသည်။
6:14 PM
အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်တွင် ငလျှင်လှုပ်ခတ်မှုကြောင့် ဆူနာမီ ဖြစ်ပေါ်နိုင်မှုမှာ နည်းပါးကြောင်း ဗြိတိန်ဘူမိဗေဒလေ့လာရေးအဖွဲ့(BGS)မှ ထုတ်ပြန်ခဲ့ပါသည်။
6:10 PM
မြန်မာ့ကမ်းရိုးတန်းသို့ ဆူနာမီ သက်ရောက်နိုင်ချေနှင့် ပတ်သက်၍ ယနေ့ည ၇နာရီအထိ စောင့်ကြည့်ရန် လိုအပ်ပြီး ည ၇နာရီ အထိ ထူးခြားမှု မရှိပါက ဆူနာမီ သက်ရောက်မှု မဖြစ်နိုင်တော့သဖြင့် စိတ်ချနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်မှ ပြောကြားခဲ့သည်။
5:53 PM
ယနေ့ ညနေ ၆နာရီ ၁၅ မိနစ် နောက်ပိုင်း ဆူနာမီရိုက်ခတ်မှု မရှိပါက မြန်မာနိုင်ငံသို့ ဆူနာမီ သက်ရောက်မှု ဖြစ်နိုင်ချေမရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှူဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး ပြောပါသည်။
4:10 PM
အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်တွင် ငလျှင်လှုပ်ခတ်မှုကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့သည် ဆိုပါက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနှင့် ရခိုင် ကမ်းရိုးတန်း ဒေသများသို့ ယခုအချိန်မှ စတင်ပြီး နောက်ထပ် နှစ်နာရီအတွင်း ရောက်ရှိလာနိုင် သဖြင့် ဆူနာမီ သဘာဝဘေးဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် နိုင်ငံပိုင် မီဒီယာများမှ ထုတ်လွှင့်လျက်ရှိပါသည်။
လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အင်ဒိုနီးရှား၊ အိန္ဒိယ၊ သိရိလင်္ကာ၊ သြစတေးလျ၊ မြန်မာ၊ ထိုင်း၊ မော်ဒိုက်၊ မလေးရှား၊ ပါကစ္စတန်၊ ဆိုမာလီယား၊ အိုမန်၊ အီရန်၊ ဘင်္ဂလားဒေ့်၊ ကင်ညာ၊ တောင်အာဖရီကနှင့် စင်ကာပူ တို့သည် ဆူနာမီ သက်ရောက်မှုများ ဖြစ်နိုင်ကြောင်း ဟာဝိုင်ရီ အခြေစိုက် ပစိဖိတ်ဆူနာမီ သတိပေးချက် ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
4:00 PM
ကမ္ဘာအေး မြေငလျင်စခန်းမှ တိုင်းထွာချက်အရ ကမ္ဘာအေးမြေငလျင် စခန်း၏ တောင်ဘက် မိုင် ၁၀၀၀ ကျော်ခန့် အကွာ အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌ ယနေ့မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ခ်ျတာစကေး ပမာဏရှိ ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းများ အတွင်း ငလျင်လှုပ်ခတ်မှုလှိုင်း သက်ရောက်မှု ရှိခဲ့ကြောင်း သိရပါသည်။
3:30 PM
မြန်မာစံတော်ချိန် ယနေ့ မွန်းလွဲ ၃ နာရီကျော်တွင် အင်ဒိုနီးရှာနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌ လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ချစတာစကေး ပမာဏရှိ ငလျင်တစ်ခု ကြောင့် မြန်မာနိုင်ငံ အပါဝင် ဒေသတွင်းနိုင်ငံများ၌ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ကြရကြောင်း သိရှိရသည်။
3:20 PM
ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ရန်ကုန်မြို့နှင့် အနီးတ၀ှိုက်တွင် ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင်လည်း တပြိုင်နက်တည်း လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ အတည်ပြု ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် လှုပ်ခတ်ခဲ့သည့် အတိုင်းအတာကို တိုင်းတာနေဆဲ ဖြစ်ပြီး ဆက်လက် ထုတ်ပြန်မည်ဟု သိရပါသည်။
4/03/2012
နှစ်သစ်သင်္ကြန်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ
အိန္ဒိယနိုင်ငံ ဒေလီမြို့ရောက် အင်အား စုများရဲ့“စနစ်ဆိုးနဲ့ စစ်ဂျိုး ခွာစို့” ၂၀၁၂ ခုနှစ် အတာသင်္ကြန် မြန်မာ့ရိုးရာနှစ်သစ်ကူး သံချပ်များကို ကမ္ဘာမကြေ သရုပ်ပြ အရွှန်းထွင်သည်။ “နှစ်သစ်သင်္ကြန်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ“
4/02/2012
Myanmar's Turn?
ဒဂုံ မြို့နယ် ရွေးကောက်ပွဲမဲရေတွက်ရာတွင် အားပေးနေသော လူထု
တနိုင်ငံလုံးတွင် NLD ၄၄နေရာ နိုင်နေ
Aljazeera made an interesting profile on recent Burma in which one young artist revealed: “both sides, the Government as well as NLD have not revealed any policies at all”.
Yes, true, the policy or policies have never been strong suites of either the Government or the NLD. What they have been feeding the people is not elixir but bromide that would cure nothing; they are just stuff for ordinary laymen.
3/30/2012
• နိုင်ငံခြား ငွေလဲနှုန်း ဧပြီ ၁ က စပြီး ပေါက်ဈေးရှင် သတ်မှတ်မယ်
မြန်မာပြည် ဈေးကွက်တွင် နှုန်းထားအမျိုးမျိုး ဖြစ်ပေါ်နေသော ငွေလဲနှုန်းများကို တမျိုးတည်း ပေါင်းစည်းနိုင်ရေး (unification of exchange rate)အား လာမည့် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်တော့မည်ဖြစ်ပြီး သက်ဆိုင်ရာ ဘဏ်အသီးသီးသို့ အကြောင်းကြားထားပြီဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့တရားဝင်ငွေလဲနှုန်း ပြောင်းလဲသတ်မှတ်မှုကြောင့် ယင်းစနစ်အကောင်အထည်ပေါ်လာပါက မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသော ပြည်ပရင်နှီးမြုပ်နှံမှုများ အတွက်လည်း ဈေးကွက်ပေါက် ဈေးဖြင့် လဲလှယ်သတ်မှတ်နိုင်တော့ မည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခွင့် လိုင်စင်ရရှိမည်ဟု ယူဆရသည့် အင်းဝဘဏ်၊မြဝတီဘဏ်၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်၊ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နှင့် ကမ္ဘောဇ ဘဏ် ဘဏ်ခြောက်ခုမှ အကြီးတန်း ဝန်ထမ်းများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သင်တန်းပေးခဲ့သည်ဟုလည်းသိရသည်။
မြန်မာနိုင်ငံတွင် ငွေလဲနှုန်း အမျိုးမျိုး ဖြစ်နေခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ပြောင်းလဲရန် နည်းပညာ ရပ်ပိုင်းဆိုင်ရာနှင့် အကျိုးဆက်များကို ထိန်းသိမ်းနိုင်မည့် mechanism တစ်ခု လိုအပ် နေကြောင်း သုံးသပ်မှုများလည်း ရှိသည်။ ''ဒီငွေလဲနှုန်း တစ်မျိုးတည်း ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး ကိုယ့်တိုင်းပြည်ရဲ့အခြေအနေဟာ နောက်ကျကျန်ခဲ့တာမျိုးရှိသလို လက်ရှိမှာ အောင်မြင်အောင်လုပ်ဖို့ လိုအပ်နေတာလည်း အမှန်ပဲ။ တာဝန်ရှိသူဝန်ထမ်းတွေရဲ့ capacity ပိုင်းအဆုံးအများကြီး အရေးကြီးတယ်။ ကျွမ်းကျင်ဝန်ထမ်းတွေ အပြင် ထင်သာမြင်သာရှိမှုတွေကိုလည်း အရင်ဆုံး ပြုစုပျိုးထောင်ထားဖို့လိုတယ်''ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
အစိုးရအနေဖြင့် နိုင်ငံခြားငွေနှင့် ပတ်သက်၍ ဥပဒေများကို တိတိကျကျ ပြဋ္ဌာန်းကာ နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ မပြုလုပ်နိုင်ပါက နိုင်ငံခြားငွေ မှောင်ခိုဈေးကွက် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်နေဦး မည် ဖြစ်ကြောင်း“အရင်ကတည်းက ဘယ်သူမှတော့ မှောင်ခိုမှာ သွားပြီးရောင်းချင် ဝယ်ချင် ကြတာတော့ မဟုတ်ဘူး။ ငွေလဲနှုန်း ဥပဒေ နိုင်နိုင်နင်းနင်း လုပ်နိုင်မှ မှောင်ခိုဈေးကွက်တွေက ပျောက်နိုင်မှာပေါ့” ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။
 လက်ရှိမြန်မာနိုင်ငံတွင် တရားဝင် နိုင်ငံခြားငွေများ လဲလှယ်နိုင်ရန်အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဘဏ် MICB နှင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB တို့ကသာ ဝန်ဆောင်မှု လုပ်ကိုင်ပေးနေသည်။နိုင်ငံခြားသုံးငွေ စည်းမျဉ်း ဥပဒေပုဒ်မ ၅ အရ မြန်မာအတွင်းနေထိုင်သူ မည်သူမဆို နိုင်ငံခြား သုံးငွေ အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့်သာ ကိုင်ဆောင်ခွင့်ရှိပြီး၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲ့မှုဌာနတွင် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် လိုင်စင် Foreign Exchange Acceptor & Holder License ကို လျောက်ထားပြီးမှ ကိုင်ဆောင် နေကြရသည်။
သြဂုတ်လ ၃ဝ ရက်နေ့က အထက်လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ မှ ဦးသိန်းဝင်း တင်သွင်းထားသည့် “ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပယ်ဖျက်၊ ပြင်ဆင်၊ ဖြည့်စွက်သင့်သော ဥပဒေများကို ပယ်ဖျက်၊ ပြင်ဆင်၊ ဖြည့်စွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၂ မှ ဦးညွန့်တင်က ဆွေးနွေးသည်။
ယင်းအဆိုကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း က လက်ရှိခေတ်ကာလ အခြေအနေနှင့် ကိုက်ညီအောင် ပြင်ဆင်ဖြည့်စွက်လျက်ရှိပြီး ပြဋ္ဌာန်းနိုင်ရန်အတွက် ဥပဒေမူကြမ်းကို ကျင်းပလျက်ရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းထားပြီးဖြစ်ကြောင်း The Foreign Exchange Regulation Act ၊ The Pension Act၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ၊ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းဥပဒေ တို့အား ခေတ်စနစ်နှင့် အညီ လိုအပ်သည်များကို ပြင်ဆင် ဖြည့်စွက်ရန် အတွက် ပြည်ထောင်စုရှေ့နေရုံးချုပ်နှင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်းလည်း ပြန်လည်ဖြေကြားခဲ့သည်။
3/24/2012
မြန်မာမှာ အပြောင်းအလဲဖြစ်နေပြီ
အစိုးရတွင်းက ထိပ်တန်းအရာရှိတစ်ဦးဖြစ်တဲ့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင်က မြန်မာစစ်အစိုးရအနေနဲ့ အရင်က အတိုက်အခံတွေအပေါ် ရက်စက်စွာနှိမ်နင်းတာတွေ၊ အတင်းအကြပ်စေခိုင်းမူတွေ၊ထောင်ချတာတွေ လုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ခုအခါမှာ ပြောင်းလဲမူတွေ ဖြစ်ကုန်ပြီလို့လဲ ပြောလိုက်ပါတယ်။
အရင်အစိုးရအတွက် တည်ငြိမ်ရေးနဲ့ လုံခြုံရေးဟာ ပထမဦးစားပေးရမယ့်အရာဖြစ်ပါတယ်။ ခုအစိုးရကတော့ ဒီမိုကရေစီနည်းကျကျ ရွေးကောက်ခံရတဲ့ အစိုးရဖြစ်နေတဲ့အတွက် အရင်အစိုးရနဲ့ ခုအစိုးရကို ခွဲခြားသိသင့်တယ်လို့ သမ္မတရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က အေဘီစီသတင်းထောက် Zoe Daniel ကို ပြောသွားခဲ့ပါတယ်။
ဦးကိုကိုလှိုင်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ငြင်းဆန်မူတွေ အများကြီး ကြုံရလိမ့်မယ်လို့မျော်လင့်ခဲ့ပေမယ့် ဦးကိုကိုလှိုင်က သိပ်ကိုပွင့်လင်းသူဖြစ်နေတာကို တအံ့တသြ တွေ့ခဲ့ရတယ်လို့ မြန်မာနိုင်ငံကို ဝင်ခွင့်ရခဲ့တဲ့ Zoe Daniel ကပြောပါတယ်။
ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ပြောင်းလဲမူကို လိုလားတယ်ဆိုတာ တကယ်ပဲလားလို့တောင် စဉ်းစားမိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ပြောင်းလဲမူတွေ တကယ်ဟုတ်မဟုတ်ဆိုတာ သေချာသိနိုင်ဖို့အတွက် နောက်တခေါက် မြန်မာနိုင်ငံကို ပြန်လာရအုံးမယ်လို့လဲ ဆိုပါတယ်။
Zoe Daniel နဲ့အဖွဲ့သားဟာ မြန်မာနိုင်ငံခရီးစဉ်အတွက် ထွေထွေထူးထူးမပြင်ဆင်ပဲ မြင်တွေ့ခဲ့ရတာတွေကို မှတ်တမ်းတင်ထားပြီး လမ်းပေါ်မှာ မြင်တွေ့ခဲ့ရတဲ့လူတွေရဲ့ အကြောင်းကို ပြန်လည်ပြောပြတဲ့ မှတ်တမ်းဗီဒီယိုကိုလည်း ရိုက်ကူးခဲ့ပြီး အင်္ဂါနေ့တုန်းက သြစတြေးလျနိုင်ငံမှာ ပြသခဲ့ပါတယ်။ အဲဒီမှတ်တမ်းဗီဒီယိုထဲမှာ မြန်မာနိုင်ငံကနေ့စဉ်မြင်တွေ့နေရတဲ့ဘဝအကြောင်းတွေ ထင်ဟပ်ပေါ်လွင့်အောင် ရိုက်ကူးထားပါတယ်။
အေဘီစီသတင်းထောက် Zoe Daniel အပါအဝင် ဘန်ကောက်အခြေစိုက် ကင်မရာသမား David Leland နဲ့ ထိုင်းနိုင်ငံကထုတ်လုပ်ရေးမှူး Supattra Vimonsuknopparat တို့ကို မြန်မာအစိုးရက မမျော်လင့်ပဲ ပြည်ဝင်ခွင့်ဗီဇာပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းပတ် နှစ်ပတ်နေခွင့်ရခဲ့ပြီး လွတ်လွတ်လပ်လပ် ရိုက်ကူးခွင့်၊ သွားလာခွင့်တွေရခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရကို ကိုယ်စားပြုသူတွေက ခရီးတလျောက်လိုက်ပါသွားပြီး ဒါဟာ ဒီမိုကရေစီစနစ်ကို မကျင့်သုံးတဲ့ ဒေသတွင်းက နိုင်ငံတွေမှာ လုပ်လေ့လုပ်ထ ရှိတဲ့ ဓလေ့ဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။
Zoe Daniel ဇိုအီ ဒယ်နီယာလ်နဲ့ အဖွဲ့သားတွေက မြန်မာနိုင်ငံရဲ့ စပ်ကူးမပ်ကူးကာလအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယိုကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။