12/30/2010

မြန်မာမော်ဒန်ကျောက်စာများ

သျှရီ နမောဗုဒ္ဓါယ ...
သက္ကရစ် ၂၀၁၀ ခု၊ ရွေးကောက်ပွဲနှစ်၊ စက်တင်ဘာလဆန်း ၉ ရက်၊ စနေနေ့။ဆိုင်းဆရာ ရွာစားကြီးမြေး၊ အညာသား၊ သည်းသည်းလှုပ် ကျော်ဇွ။မီးပျက်သောဆင်းရဲ၊ ရေမလာသောဆင်းရဲ၊ အင်တာနက်လိုင်း နှေးကွေး သောဆင်းရဲ၊ လိုင်းဖုန်းများပျက်၍ မိုဘိုင်းလ်များ ဆားဗစ်မမိသောဆင်းရဲ၊ ဧည့်စာရင်း ပုံမှန်တိုင်ရသောဆင်းရဲ၊ လက်ဖက်ရည်ဖိုးလည်းပေးရ အဟောက်လဲခံရ၍ အကုသိုလ် များရသောဆင်းရဲ၊ ဘတ်စ်ကား/ရထား အချိန်မမှန်သောဆင်းရဲ၊ လမ်းပျက်/မြောင်းပိတ် မိုးရွာတိုင်း စိတ်ညစ်ရသောဆင်းရဲ၊ အကြောင်းအမျိုးမျိုးပြ အလှုငွေခွဲတမ်းချတိုင်း ပေးရကမ်းရသောဆင်းရဲ၊ အစိုးရကိစ္စ ကြုံကြလေတိုင်း တစ်မေ့တစ်မောစောင့်ရ ဒုက္ခတွေပိုရသောဆင်းရဲ ...အသက်မွေးမှုအတတ်ပညာ တစ်ဖက်ကမ်းခပ် တတ်ပါသော်လည်း စစ်ဗိုလ်တွေ ဘီပိုးတွေ့ အရပ်ဖက်သို့ ရွှေ့လာကြသဖြင့် လေ့လာထားသမျှ သုံးခွင့်မရ ပညာရှင်က အခိုင်းပြန်ခံရသောဆင်းရဲ၊ ကိုယ့်နိုင်ငံသံရုံး ကိုယ်ပြန်မုန်းရသောဆင်းရဲ၊ ရိုးသားချင်သော်လည်း ထမင်းမ၀၍ ခိုးရဖွက်ရ အနိုင်ကျင့် ရသောဆင်းရဲ၊ ရိုးရိုးသားသား ဆိုင်ဖွင့်စားသော်လည်း မီးသတ်ကိုအားကိုးမရ ဈေးမီးလောင်တိုင်း စီးပွားပျက်ကြရသောဆင်းရဲ၊ ကြံ့ဖွတ်အလံထောင်မှ အလှုအတန်း လုပ်ခွင့်ရသောဆင်းရဲ၊ ကဗျာ/ဘလော့ဂ်ရေး၍ အဖမ်းခံရသောဆင်းရဲ၊ မသာချပေး၍ ထောင်ကျရသောဆင်းရဲ၊ စစ်ဗိုလ်နှင့်ရန်ဖြစ်၍ သေနတ်နှင့် အပစ်ခံရသောဆင်းရဲ၊ ဟိုဆင်းရဲ ဒီဆင်းရဲ၊ ဤသို့ကစသော အတိုင်းမသိသော ဆင်းရဲတို့သည် နှိက်စက်သော မြန်မာပြည်၏ လက်ရှိအာဏာရှင်စံနစ်ကို စွန့်ထားခဲ့၍ ...
စည်းကမ်းရှိသော၊ ဒီမိုကရေစီပြည့်ဝသော၊ ဘွဲ့ရတစ်ယောက် ဖြစ်ခြင်းအတွက် ဂုဏ်ယူနိုင်သော၊ အလုပ်လုပ် နေသမျှ ထမင်းဝသော၊ ကိုယ့်အစိုးရအတွက် ကိုယ်ဂုဏ်ယူရသော၊ ပြည်သူ့ဘဏ္ဍာနှင့် တံတားဆောက်ခြင်း အတွက် ကျေးဇူးတင်စကား ပြောစရာမလိုသော၊ ကိုယ့်စစ်တပ်နှင့်ရဲ ကိုယ့်ကိုကာကွယ်ပေးမှာပဲဟု ယုံကြည်စိတ်ချနိုင်သော၊ သတင်းများကို သတင်းစာတွင် ဖတ်နိုင်သော၊ ဆင်းရဲခြင်း ခပ်သိမ်းကင်းသော၊ ချမ်းသာစွာသော မြင့်မြတ်သော ပါလီမန်ဒီမိုကရေစီစနစ်ကို ငါလိုသတည်းဟူ၍ ရွှေငွေကစသော ဥစ္စာတို့ကိုစွန့်၍ ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပါဝင်နိုင်ရန် မှတ်ပုံတင်ကြေး ငါးသိန်းကို ငါပေးသွင်း၏။ဤသို့လျှင် ငါပေးသွင်းသော မှတ်ပုံတင်ကြေးကို အဆုံးမခံရစိမ့်သောငှာ ၂၀၀၈ ခုနှစ်၌ အတင်းအကျပ် တိုင်းသိပြည်သိ အတည်ပြုအပ်သော နာဂစ်ဖွဲ့စည်းပုံကြီးကို ငါလက်ခံခဲ့၏။ ဤငါပြုသော ကောင်းမှုအကျိုးကို ခပ်သိမ်းသော အစိုးရသော ရေမြေ့သခင်ဖြစ်သော တပ်ချုပ်ကြီးလည်း ရစေ၏။ ကြိုင်ကြိုင်အစ၊ ဖိုးလပြည့်အဆုံး ဒင်းတို့တစ်မိသားစုလုံးလည်း ရစေ၏။ အဖိုးကြီး၏ မောင်းမမိဿံများနှင့် တဆွေတမျိုးလုံးနှင့် နအဖ တဖွဲ့လုံးလည်း အချင်းချင်း အမျက်အဤ တစေ့မရှိ ချစ်သောမျက်စိဖြင့် ရှုကြရစေ၏။ ဤကောင်းမှု အာနုဘော်ဖြင့် ပြည်တိုင်းကား ခပ်သိမ်း၌နေသော ကြံ့ဖွတ်အပေါင်းတို့သည် အစီးအပွားကိုရှာလျှက် သက်တော်ရှည်စွာ နေကြ၍ ဤကောင်းမှုကို ထောက်ပံ့စေသတည်း။ယခုရွေးကောက်ပွဲဝင်သော၊ နောင်ဖြစ်လတ္တံသော အမတ်မင်းအပေါင်းတို့သည်လည်း ကောင်းမှုအကျိုးကို ရစေသတည်း။ တင်ထားသမျှ မှတ်ပုံတင်ကြေးများ အမြန်ဆုံး အရင်းကျေစေသတည်း။ ကတိပေးထားသော ပြုပြင်ပြောင်းလဲရေးများ အဆင်ပြေစေသတည်း။ အရအမိကို လိုသောသူကား အရအမိ ရစေသတည်း။ ကောင်းမှုကို လိုသူကား ကောင်းမှုကို ရစေသတည်း။ငါလည်း အလှုခံထွက်တိုင်း တရားစွဲခံရသော၊ စည်းဝေးမဲဆွယ်ချင်တိုင်း လျှောက်လွှာတင်ရသော၊ ငါးသိန်းမရှိ၍ နောက်ဆုတ်ရသော၊ လက်တွဲချင်သည့် အမတ်လောင်းမရှိ၍ တပါတီလျှင် နှစ်ယောက်တပိုင်း ၀င်ပြိုင်ရသော၊ အခွင့်ထူးခံကြံ့ဖွတ်ကို မနာလိုဖြစ်ရသော၊ ရွေးကောက်ပွဲဝင်တာချင်းအတူတူ အိမ်ဖြည့်သာသာဟု အပြောခံရသော၊ အမတ်ဖြစ်ချင်၍ သမိုင်းကွေးရသော အမတ်လောင်းမျိုး မဖြစ်မူ၍ ပိုက်ဆံချေးပြီး စည်းရုံးနိုင်သော၊ အာဏာပြပြီး စည်းရုံးနိုင်သော၊ ဘတ်ဂျက်တောင့်သော၊ ဟိုတယ်မှာတည်းပြီး စည်းရုံးနိုင်သော၊ ဌာနဆိုင်ရာမှာ မိန့်ခွန်းပြောရင်း စည်းရုံးနိုင်သော၊ ရုံးခန်းငှားခ ပူစရာမလိုသော၊ အလှုငွေထည့်ချင်သူ ပေါသော ကျေးဇူးတို့နှင့် ပြည့်စုံပြီးလျှင် ပါလီမန်၌ ကျင်လည်၍ အမတ်လောင်းဘ၀မှ အမတ်မင်းဘ၀သို့ အမြန်ဆုံး ရောက်စေသတည်း။ ငါရေးထိုးအပ်သော အမတ်လောင်းကျောက်စာကို မလိုတမာစိတ်ထား အမုန်းပွားပြီး ဆဲဆိုအံ့။ မကောင်းသောကွန်မန့်ပေးအံ့ ... အကြင်သူသည် ယခုဘ၀မှစ အရိမေတ္တယမြတ်စွာဘုရားပွင့်သည်အထိ သံသရာ၌ အမတ်မင်း မဖြစ်ရစေ။ ။

အမတ်လောင်း ဇွ
မြန်မာမော်ဒန်ကျောက်စာများ
ရေးထိုးနှစ် ၂၀၁၀

12/21/2010

အာဏာရှင်ဆန့်ကျင်ရေးဒီမိုကရေစီ ညီညွတ်ရေးတပ် ပေါင်းစု (ယူဒီဒီ) က လွန်ခဲ့တဲ့ ၇ လ (နိုင်ငံရေးစုဝေးမှုတွေလုပ်စဉ် )က သေခဲ့တဲ့ ဆန္ဒပြသမားတွေကို သတိတရအမှတ်ရဖို့ တနင်္ဂနွေနေ့က ရတ်ချာဖရားဆွန်လမ်းဆုံမှာ ရှပ်နီထောက်ခံသူ တ သောင်းကျော် စုဝေးခဲ့ကြပါတယ်။ မေလ ၁၉ ရက်နေ့ထိ ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်မှာ ၉၁ ယောက် အသတ်ခံရပြီး ၁၄၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။





ယူဒီဒီထောက်ခံသူတွေ












-
-ရှပ်နီတွေဟာ ရတ်ချာဖရား ဆွန်လမ်းဆုံနဲ့ ဖရာတူနမ်းလမ်းဆုံကြား လမ်းမကြီးမှာ ပြည့်နှက်နေလို့ ယာဉ်ကြောတွေ ပိတ်ဆို့သွားခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့က ဒီဒေသတခုလုံးကို နေရာယူ မတားဆီးနိုင်ခဲ့ပါ ဘူး။ လူထုကြီးက ငှက်ရုပ်နီတွေနဲ့ ဒီနေရာ တ၀ိုက်ကို အလှဆင်ထားကြပြီး ငြိမ်းချမ်းစွာ နဲ့ပဲ ဆန္ဒပြခဲ့ကြတာပါ။






ခေါ့ဝုအားလမ်းဆုံမှာ ရှပ်နီဆန္ဒပြသမားတွေနဲ့ လုံခြုံ ရေးတပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ ဧပြီလ ၁ ၀ရက် တိုက်ခိုက်မှုတွေနဲ့ ရတ်ချာဖရားဆွန် လမ်းဆုံက ဆန္ဒပြသမားတွေကို ဖြိုခွဲခဲ့တဲ့ မေလ ၁၉ ရက်နေ့ကို အထိမ်းအမှတ်ပြုဖို့ လ စဉ် ၁၀ ရက်နဲ့ ၁၉ ရက်မှာ စုရုံးကြဖို့ အစီအစဉ်ရှိတယ်လိုလဲဆိုကြပါတယ်။




လက်ရှိအစိုးရက ထိန်းသိမ်းထားတဲ့ ရှပ်နီခေါင်းဆောင်တဦးဖြစ်သူ Weng Tojirakarn ၏
ဇနီး ယူဒီဒီဥက္ကဋ္ဌ သီဒါ ထဗောန်ဆက် Thida Tawornsate Tojirakarn













ပြွေထိုင်း ပါတီ အမတ် ရာတုပေါန်Jatuporn Prompan




မေလ ၁၉ ရက်နေ့ ရတ်ချာဖရားဆွန် လမ်းဆုံက ဆန္ဒပြသမားတွေကို ဖြိုခွဲခဲ့တဲ့ အခင်းနဲ့ ပါတ်သက်ပီးတော့ အစိုးရဖက် အရေးအပေါ်အခြေအနေ ဆုံးဖြတ်ရေးဗဟိုဌာနကတော့ ဆန္ဒပြသမားတွေနဲ့ရောနေတဲ့ လက်နက်ကိုင် အကြမ်း ဖက်သမားတွေကို အရေးယူဆောင်ရွက်တာ လို့ ဆိုခဲ့ပါတယ်။

“ပြည်သူလူထုက အရေးယူပေးဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ သင့်လျော်တဲ့အချိန်မှာ ဆောင်ရွက်ဖို့လို တယ်၊ ကျနော်တို့ကတေ့ အစိုးရပေါ်လစီအတိုင်း လိုက်နာရမှာဖြစ်တယ်” ရတ်ချာဖရားဆွန် လူထုစည်းဝေးပွဲကြီးနေရာကနေ ထွက်သွားကြဖို့နဲ့သင်္ကြန်ပွဲတော်ကို မိမိတို့နေရပ်ဋ္ဌာနေမှာ ဆင်နွှဲဖို့ပြန်သွားသူတွေကိုလည်း ဒီနေရာကို ပြန်မလာကြဖို့ ဗိုလ်မှူးကြီး Sansern က ရှပ်နီဆန္ဒပြ သမား တွေ ကို တောင်းဆို ခဲ့ပါတယ်။ “ရတ်ချာဖရားဆွန်နေရာက မလုံခြုံဘူးဆိုတာ ကျနော်ပြောပါရစေ၊ စစ်သားတွေနဲ့ ဆန္ဒပြသမာတွေဟာ အကြမ်းဖက်မှုရဲ့သားကောင်တွေ ဖြစ်သွားနိုင်ပါတယ်” ရှပ်နီတွေဟာ လက်နက်ကိုင်သူတွေနဲ့ အလုပ်လုပ်နေတာ၊ ဒါမှမဟုတ် သူတို့ အထဲကို ထိုးဖောက်ဝင်နေတာ ဖြစ်ကောင်းဖြစ်မယ်လို့ အစိုးရက ယုံနေပါတယ်။
စစ်သားတွေက ရှပ်နီ တွေနဲ့ရင်မဆိုင်တော့ဘဲ ဆုတ်ခွာချိန်က လူတင်သံချပ်ကာကား ၆ စီးလည်း ထားခဲ့ရတယ်လို့ ပြောပါတယ်။ M 16 ရိုင်ဖယ်တွေ၊ 25 Tayor ရိုင်ဖယ်တွေနဲ့ လေယာဉ်ပစ်စက်သေနတ် ၆ လက်၊ ဒိုင်း ၁၁၆ခု၊ နံပါတ်တုတ် ၁၀၅ ချောင်းနဲ့ သံချပ်ကာဝတ်စုံ အစုံ ၈၀ ရာဘာကျည်ဆံအတောင့် ၅၈၀၊ လေယာဉ်ပစ်စက်သေနတ် ကျည် အတောင့် ၆၀၀ နဲ့ M16 ရိုင်ဖယ်ကျည် ၈၁၈၂ တောင့် အပါအ၀င် ခဲယမ်းမီးကျောက်တွေလည်း ပျောက်ဆုံးခဲ့ ပါတယ် လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။



naytthit.net မှ သတင်းကို ကိုးကားသည်။

12/20/2010




စီးပွါးရေး ။ ။

သူတောင်းစားကြီး များ ပင် တိုက်ဆောက်ကားစီးနေနိုင်သဖြင့် လွန်စွာ ဂုဏ်ယူဖွယ်ကောင်းလှပေသည်။ တစ်ဦးချင်း ၀င်ငွေတွင်လည်း မြန်မာကျပ်ငွေဖြ င့် တွက်ချက်လျှင်သော်လည်းကောင်း ။အစိုးရငွေလဲလှယ် နှုန်းဖြင့် တွက်ချက်လျှင်သော်လည်းကောင်း လုံးဝနိမ့်ကျနြေ ခင်းမရှိပေ။ ပြည်သူများမှာလည်း စီးပွါးရေး ချောင်လည်ကြသဖြင့် အိမ်ထောင်စုတခုတွင် အိမ်ဦးနတ်က ဘောပွဲလောင်း။ အိမ်ရှင်မက နှစ်လုံးထီထိုး။ သားကြိးက ကျူတံကိုင် ။ သမီးငယ်က ချိုင်းဖတ် ချဲတွက် စသဖြင့် အေးအေးလူလူ လုပ်ကိုင်စားသော က်နိုင်ကြပေသည်။ နိုင်ငံတ၀န်း လောင်းကစားလုပ်င န်းကို ကျယ်ကျယ်ပြန့်ပြ န့် တရားဝင်၊ တရားမ၀င် လုပ်ဆောင်နိုင်ြ ခင်းကိုလည်း အိမ်နီးချင်းနို င်ငံများကပင် အားကျအတုယူလျက်ရှိနေပေသည်။ထိုသို့ အဖက်ဖက် ကဏ္ဍစုံမှ လွန်မတန်စွာ ဖွံ့ဖြိုးတိုးတက်နေသော ရွှေမြန်မာနိုင်ငံကြီးကို မည်သူက “မတိုးတက်ပါ ဖွံ့ဖြိုးမှု အနှေးကွေးဆုံးပါ ” ဟု သတ်မှတ်ချင်ပါသလဲ။


ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ။ ။

မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် အလှုငွေများကို တက်တက်ကြွကြွ ထိန်းသိမ်းပေးထားခြင်း။ စေတနာ၇ှင်များမှ လှုဒါန်းသော ကယ်ဆယ်ရေးပစ္စည်း များတွင် နာမည်တပ်၍ လှုဒါန်းခြင်း စသည်များကြောင့် နိုင်ငံတော်၏ စေတနာကို သေချာစွာ နားလည်သဘောပေါက် လာလျက်ရှိကြသည်။ အလှည့်ကျမီးလောင်သော ဈေးများကိုလည်း အမြန်ဆုံးကန်ထရိုက်ပေး၍ အဆင့်မြှင့်ဈေး သစ်တည်ဆောက်နိင် ခြင်းကြောင့်လည်း “ကျန်းမာပါစေ ချမ်းသာပါစေ” ဟူသော မေတ္တာပို့သံများ ကိုလည်း ဝေေ၀စည်စည် တိုင်းပြည်အနှံ့ ကြားသိနိုင်နေပြီ ဖြစ်သည်။


အားကစား ။ ။

ဤကဏ္ဍတွင်လည်း အထူးတလည် ရှင်းပြစရာမလိုေ အာင်ပင် တိုးတက်နေသည်မှာ မျက်မြင်ကိုယ်တွေ့ ပင်ဖြစ်သည်။ မြန်မာနေရှင်နယ် အာဖရိကန်လိဂ် ကိုလည်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပကာအရည်အသွေးထက်မြက်သော နိုင်ငံကိုယ်စား ပြုဘောလုံးသမားများ မွေးထုတ်ပေးနိုင်ခဲ့ခြင်းကြောင့် လည်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်ပွဲ အလီလီဆင်နိုင်လု နီးနီးအခြေအနေသို့ ရောက်ရှိနေပြီဖြ စ်သည်။နိုင်ငံတော်၏ ထောက်ပံ့အားပေးမှုများကြောင့် အားကစားသမားများ မှာလည်း တက်တက်ကြွကြွ ယှဉ်ပြိုင်ကြသည် မှာ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရန် လက်တကမ်းအလို သို့ရောက်ရှိနြေ ပီဖြစ်ကြောင်းထင်ရှားနေပေသည်။


ဘာသာရေး ။ ။

မကြုံစဖူးထူးကဲလှစွာသော ချီးမြှောက်မှုများကြောင့် ထောင်ကျ အကျဉ်းသားများပင် သံဃာတော်များကို အားရပါးရ ဖူးမြော်ခွင့်ရရှိနေသော အချိန်အခါဖြစ်သည်။ “လက်ညိုးညွှန်ရာ ဘုရားဖြစ်စေ” ဟုဆိုရမတတ် တည်ထားသော ဘုရားပုထိုးများ ကြောင့် ပြည်သူပြည်သားတို့မှာ ဘာသာရေးကို ပိုမိုကိုင်းရှို င်းလာကြသည်မှာ ညဘက် တံခါးခေါက်သံကြားသည်နှင့် ဘုရားတပြီးဖြစ်နေသည်အထိပင် ။


တွင်းထွက် နှင့် သယံဇာတ ။ ။

ကျွန်းသစ်။ ရေနံ ။ သဘာဝဓါတ်ငွေ့။ ပတ္တမြား ။ ကျောက်စိမ်း ။ သစ်မွှေး။ ရာဘာ ။ ကြိမ် အစရှိသည့် ငွေရပေါက်ရလမ်းရှိသည့် အရာအားလုံးကို စီမံကိန်းလျာထား ချက်ထက် ကျော်လွန်အောင် တင်ပို့ရောင်းချ လျက်ရှိသည်။ ရရှိလာသော ဘဏ္ဏာငွေများမှာ လွန်စွာများပြား သော်လည်း တိုင်းတပါးမ မျက်စေ့ကျကျူးကျော်မည်စိုးသေြာေ ကာင့် စာရင်းမပြဘဲ တာဝန်ရှိသူများက အနစ်နာခံထိန်း သိမ်း ပေးထားလျက်ရှိသည်။


ကျန်းမာရေး ။ ။

မိမိပိုင်ဆိုင်မှုနှင့် ညီမျှသည့် ကျန်းမာရေး ၀န်ဆောင်မှုကို ပြည်သူများ လွယ်ကူစွာ ရရှိနိုင်ကြနေပြီဖြစ်သည်။ ခုတင် ၁၀၀ ဆန့်ဆေးရုံ ။ ခုတင် ၃၀၀ ဆန့်ဆေးရုံ စသဖြင့် တိုင်းပြည်အနံ့တည်ဆောက်ပေးပြီး ဖြစ်သဖြင့် ဆေးနှင့် ဆရာဝန်လုံလောက်စွာ မရှိသော်လည်း ပြည်သူများမှာ ထိုခုတင်များပေါ် တွင် အေးချမ်းစွာ ဝေဒနာခံစားရင်း သေရက်ကို စောင့်မျော်နိုင်နေပြီဖြစ်သည်။ ကျန်းမာေ၇း အတွက် လွန်စွာ အန္တရယ်ကြီးသော စားအုန်းဆီကို ရောနှောေ၇ာင်းချ ခြင်းကို စီးပွါးရေး လိုအပ်ချက်အရ မသိချင်ယောင်ဆော င်နေရသော်လည်း ဓါတုဆိုးဆေးများ သုံးသော အစားအသောက်နှင့် ဆေးဝါးများကို လုံလောက်သောငွေေ ကြး မရရှိမချင်း ထုတ် ဝေခွင့် ပိတ်ပင်ထားခြင်း ဖြင့် ပြည်သူများ၏ ကျန်းမာေ၇းကို ကာကွယ်ပေးလျက်ရှိသည်။


လူမှုရေး ။ ။

မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည် ဖြစ်သဖြင့် လူကုန်ကူးမှုကို တင်းကျပ်သော ဥပဒေများ ထုတ်ကာ တားဆီးနှိမ်နင်း ခဲ့သဖြင့် အာဏာပိုင်အဖွဲ့အ စည်းမှလွဲပြီး မည်သူမျှမလုပ်ကိုင်ရဲကြသ ည်ကို လည်း စိတ်ချမ်းမြေ့ဖွ ယ် တွေ့ရှိနေရသည်။ နိင်ငံလူဦးရေ တိုးတက်မှုနှုန်းေ နှးကွေး သဖြင့် တရုတ်နိုင်ငံမှ ဆွေမျိုးပေါက်ဖော်များကို တိုးတိုးတိတ်တိတ် နိင်ငံသားလက်မှတ် ထုတ်ပေးကာ အမြော်အမြင်ရှိရှိ ဆောင်၇ွက် နေသဖြင့်လည်း မန္တလေး လားရှိုး မြို့များတွင် မြန်မာစစ်စစ်ပြည်သူများမှာ မျက်စိရှုပ်နားရှု ပ်သော မြို့တွင်း နေရာများကိုစွန့်ခွါ၍ မြို့သစ်များကို ပြောင်းေ၇ွ့နေထိုင်ကာ မျက်စိအေး နားအေး နေထိုင်နိုင်လျက်ရှိပေသည်။


လမ်း/ တံတား ။ ။

လမ်းများ တံတားများကို ငွေအား လူအားမြောက်များ စွာ အကုန်အကျခံ၍ တည်ဆောက်ပေးခဲ့သ ဖြင့် ပြည်သူများမှာ စိတ်အေးချမ်းသာစွာ ထိုက်ထိုက်တန်တန် အခွန်အခပေးပြီး ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။ တံတားများမှာလည်း မဟာဗျူဟာကျကျ တည်ဆောက်ထားသဖြင့် ဆူပူမှုရှိလာပါက ဖြတ်တောက်ပိတ်ဆို့လိုက်ခြင်းဖြင့် ပြည်သူများ အေးချမ်းစွာဘာမျှမသိရှိဘဲနေနိုင်မည် ဖြစ်သည်။


သတင်းမီဒီယာ ။ ။

မီဒီယာများအနေဖြ င့် သတင်းမှန်များကို ကြေးမုံနှင့်မြန်မာ့အလင်းကဲ့သို့  စောင်ေ၇အများဆုံးရိုက်နှိပ်ထုတ် ဝေသော သတင်းစာများတွင် ဖော်ပြခွင့်ရရှိ နေကြပြီဖြစ်သည်။ အခြားသော ဂျာနယ် များတွင် ဖော်ပြသောသတင်းများကိုလည်း စာပေစိစစ်ရေးနှင့် သဘောမတွေ့သော စာမူများမှအပ ကျန်သည့်ကြော်ငြာကဲ့သို့သော အရာများကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိေ နပြီ ဖြစ်ရာ မကြုံစဖူး ထူးကဲသော မီဒီယာလွတ်လပ်ခွ င့်ကို ရရှိနေကြပြီဖြစ် သည်။အနုပညာရှင်များကိုလည်း မသီဆိုရ။ မရိုက်ကူးရ။ မထုတ်လုပ်ရ ဟု ပိတ်ပင်သည်မှ လွဲ၍ အသက်ကိုရန်မရှာဘဲ လွတ်လပ်စွာဖျော်ဖြေနိုင်သည် ဖြစ်ပေသည်။


နိုင်ငံခြားရေး ။ ။

၁၈ နှစ်ပြည့်ပြီးသူ တိုင်း ပြည်ပထွက် အလုပ်လုပ်နိုင်ေ ရးအတွက် ပတ်စ်ပို့ရုံးတွ င် နိုင်ငံသားတိုင်း ထုတ်ယူကိုင်ဆောင် နိုင်ရန် သိန်းဂဏန်းမျှသော ငွေကြေးဖြင့် စေတနာကြီးမားစွာ ထုတ်ပေးနေလျက်ရှိသည်။ နိုင်ငံတကာဆက်ဆံေ၇းတွင်လည်း တရုတ်နိုင်ငံနှင့် သားအဖ။ မြောက်ကိုရီးယား နှင့် သမီးယောက်ဖ သဖွယ်ရင်းနှီးခင်မင်စွာဆက်ဆံလျက်၇ှိရာ ကမ္ဘာ့တလွှားတွင် ရောက်ရှိနေကြသော ရွှေမြန်မာများမှာ မိမိတို့၏ ပတ်စ်ပို့အနီရော င်လေးများကို ပြသလိုက်သည်နှင့်  တလေးတစား အရေးပေး ဆက်ဆံခံနေရလျက်ရှိပေသည်။


အလုပ်အကိုင်အခွင့်အလမ်း ။ ။

သိသာထင်ရှားစွာပ င် တိုးတက်နေပြီဖြစ်သည်။ ဘွဲ့ရလူငယ်များအ နေဖြင့် ဆိုက်ကားသမား ။ ကွမ်းယာသည် ။ ဂျာနယ်လက်ပွေ့ရောင်းသူ အစရှိသဖြင့် တပိုင်တနိင် ကိုယ်ပိုင်လုပ်င န်းကို လွတ်လွတ်လပ်လပ် ထူထောင်နိုင်သကဲ့ သို့ အရောင်းစာရေး ။ စားပွဲထိုး ။ စပယ်ရာ စသည့် လခစားအလုပ်များတွင်လည်း ထိုက်ထိုက်တန်တန် လစာများဖြင့်ဝင်ရောက်လုပ်ကို င်နိုင်ကြပြီဖြစ်သည်။ အစိုးရ၀န်ထမ်း အပိုင်းတွင်လည်း အသိပညာ အတတ်ပညာများ လွန်စွာပြည့်စုံ သည်ဟု ထင်ရသော အရပ်ဝတ်လဲ ပုဂ္ဂိုလ်များကို ထိပ်ပိုင်းရာထူး များတွင် တာဝန်ယူစေပြီးဖြ စ်သည်။ ပညာမတတ်သူများပင်လျှင် အနှိပ်ခန်း။ ကာရာအိုကေ။ အလှပြင်ဆိုင်။ နိုက်ကလပ်များတွင် လွယ်လင့်တကူ လုပ်ကိုင်နီုင်ရ န် လမ်းဖွင့်ပေးထား လျက်ရှိသည်။် ကလေးသူငယ်များမှ အစ လ္ဘက်ရည်ဆိုင်တွင် စားပွဲထိုးနေပြီ ဖြစ်သဖြင့် မကြာမတင်ကာလတွင် ကမ္ဘာ့အလယ် အလုပ်လက်မဲ့အနည်းဆုံးနိုင်ငံအဖြ စ် ၀င့်ထည်နိုင်တော့  မည်ဖြစ်သည်။


ဆန်။ ဆီ။ သားငါးရေထွက်ပစ္စ ည်း ။ ။

အခြေခံစားကုန်များအားလုံး ဈေးနှုန်းချိုသာ စွာ ဖြန့်ဖြူးပေးနိုင် မှုကြောင့် ငွေကြေးတတ်နိုင် သူအားလုံး အလွယ်တကူ ၀ယ်ယူစားသုံးနိုင်နေပြီဖြစ်သည်။ စားသုံးရန် မသင့်တော်သော ပုစွန်ထုပ်ကြီးများ ။ ငါးသလောက်အကောင် ကြီးများ ။ စံမီ ငါးရှဥ့်များကို နိုင်ငံတော်မှ အနစ်နာခံကာ အခြားတိုင်းပြည် များသို့ တင်ပို့ရောင်းချ ပေးလျက်ရှိသည်။ ကုန်ဈေးနှုန်းများလည်း တည်ငြီမ်၍ ငွေကြေးဖောင်းပွ မှုနှုန်း အလွန်နည်း သဖြင့် ပြည်သူအများစုမှာ ကန်စွန်းရွက်နှင့် ငါးပိကဲ့သို့သော ဗီတာမင်ပြည့်ဝသည့်အစာများကို နေ့စဉ် စားသုံးနိုင်လျက်ရှိကြသည်။


ဆက်သွယ်ရေး ။ ။

ပြည်သူများ ကွန်ပြူတာ အင်တာနက်နှင့် ထိတွေ့ချိန်ပိုမိုများပြားစေရန် ရည်ရွယ်၍ အင်တာနက်လိုင်းများ နှေးကွေးစေသဖြင့် လည်းကောင်း ။ အကျော်အခွ ဗဟုသုတတိုးပွါးေ စရန် ရည်သန်၍ နိုင်ငံရေး ဆိုဒ်များကို ဘန်းထားခြင်းဖြင့် လည်းကောင်း အဘက်ဘက်မှ စနစ်တကျမြှင့်တင်လျက်ရှိသည်။ အခြေခံဆက်သွယ်ရေး ဖြစ်သည့် တယ်လီဖုန်းဆိုလျှင်လည်း အနှစ်နှစ်ဆယ်အတွ င်း တဖြေးဖြေး ကြိုးပမ်းလာမှုကြောင့် အနိမ့်ဆုံးဈေး မှာ နိုင်ငံတကာနှင့် ယှဉ်လျှင် အဆတစ်ရာကျော်ကျော်လေးသာ မြင့်တက်နေတော့သ ည်။ ယခု နှုန်းအတိုင်းဆို လျှင် နောက်ထပ်အနှစ်လေးဆယ်မှ ခြောက်ဆယ်အတွင်း နိင်ငံတကာနှင့် တန်းတူပြည်သူတို င်း သုံးစွဲနိုင်မည် ဖြစ်ကြောင်း အားတက်စဇွယ် တွေ့ရှိရသည်။ ဖုန်းလိုင်းများ များပြားလာသကဲ့သို့ ခေါ်မရခြင်း။ စကားသံမကြားရခြင်း။မတ်ဆေ့ခ်ျ မှားယွင်းရောက်ရှိခြင်း ကဲ့သို့သော အသေးအဖွဲပြဿနာလေးများမှလွဲ၍ ပြည်သူအများစုမှာ စတိုင်ကျကျ ဖုန်းကို ပါးစပ်နားကပ်ပြီး ပြောတတ်နေပြီ ဖြစ်သည်။


ကာကွယ်ရေး ။ ။

ဂျီသရီး မီးကျိုးမောင်းပျက် သေနတ်မှသည် အဏုမြူလက်နက် တပ်ဆင်ရန်ကြိုးပ မ်းသည်အထိ ကြောက်ခမန်းလိလိ တိုးတက်လျက်ရှိသ ည်။ နှစ်စဉ် တပ်မတော်အရာရှိများ အများအပြားမွေးထုတ်နိုင်နေသဖြင့်  နောင်အနာဂတ် တပ်မတော်တွင် စစ်ဆင်ရေးဆင်နွဲ ရာ ၌ ဗိုလ် အဆင့်ကို အနိမ့်ဆုံးအဖြစ် သတ်မှတ်နိုင်လာေ တာ့မည်ဖြစ်သည်။ ပြည်တွင်းရေးတည် ငြိမ်မှုကိုဖျက်ဆီးနိုင်သော အေးချမ်းစွာဆန္နြ ပမှုများကို ဖြိုခွင်းရန် ဖွင့်လှစ်သော တိတ်တိတ်ပုန်း တုတ်သိုင်း သင်တန်းများတွင် လည်း နေ့စားလပေး စွမ်းအားရှင်များ တက်တက်ကြွကြွ တက်ရောက်လျက် မခံမရပ်နိုင်သော ပြည်သူများ အမည်ကိုခံယူရန် အဆင်သင့်ဖြစ်နြေ ကလျက်ရှိသည်။
ပညာရေး ။ ။
ဗိုလ်ချုပ်ကြီးများနှင့် စူပါ စီးပွါးရေးသမားများ၏ သားသမီးများအားလုံးနီးပါး နိုင်ငံခြားကျော င်းများတွင် ပညာသင်ယူနေနိုင် ကြပြီဖြစ်သည်။ ပြည်ပတွင် မတက်ရောက်နိုင်သူများကိုလည်းအေးချမ်းစွာပညာသ င်ကြားနိုင်ရန် ရည်ရွယ်၍ တက္ကသိုလ် များကို မြို့ပြင်ရွာနီး ချုပ်စပ်များသို့  ပို့ဆောင်ပေးထား ပြီးဖြစ်သည်။ ပြည်တွင်းတွင်လည်း ၀ိဇ္ဖာ သိပ္ပံ နေ့တက် / အဝေးသင်။ အင်ဂျင်နီယာ ။ ရှေ့နေ။ဆရာဝန် ။ မဟာဘွဲ့။ ပါရဂူဘွဲ့ စသည့် ပညာတတ်များ စက်နှင့်လှည့်ထု တ်သကဲ့သို့ အရေအတွက်များစွာ နှစ်စဉ်ပေါ်ထွန်း နေပေသည်။ အထူးတိုးတက်သည့် အချက်မှာ ဘွဲ့ရပညာတတ်အားလုံးနီးပါး အမိမြန်မာစာကို ကောင်းစွာ ရေးတတ် ဖတ်တတ် ပြောဆိုတတ်ကြခြင်းဖြစ်သည်။ နိုင်ငံတ၀န်းလုံးအတိုင်းအတာ အရဆိုလျှင် စာမသင်နိုင်သူများမှလွဲ၍ အားလံုးစာတတ်မြောက် နေပြီဖြစ်ကြောင်း ၀မ်းမြောက်ဖွယ်ေ တွ့၇ှိရပေသည်။

ကျွန်ပ် အနေနှင့်လည်း တာဝန်သိအမျိုးချ စ်ပြည်သူတယောက်ပီသစွာ ခပ်ပြောင်ပြောင် ဖော်လိုလိုက်ရသည်ရှိသော်-စက်မှုလယ်ယာ။ ။ လယ်ယာသုံး စက်ပစ္စည်းများကို မယူမနေရ အိမ်တိုင်ယာရောက် လက်ငင်း အကြွေး အဆင်ပြေသလို ဝေငှပြီးသဖြင့် လယ်ယာသမားတိုင်း အနည်းဆုံး စက်တစ်လုံး ပိုင်ဆိုင်နေကြ သည်။
လက်မှုလယ်ယာ။ ။
စာရွက်စာတမ်း နှင့် စာရင်းဇယားပေါ်တွ င် လျာထားချက်ထက် ထက်ကျော်လွန်၍ ထွက်ရှိနေလျက်ရှိသည်။
စိုက်ပျိုးရေး ။ ။
UNODC မှပင် အသိအမှတ်ပြုရသည် အထိ ဘိန်း စိုက်ပျိုးရေးတွ င် အထူးဖွံ့ဖြိုးတိုးတက် နေသည်။ နောင်အနာဂတ်တွင် ကမ္ဘာံ့ပါတ်တစ် ဘိန်းစိုက်ပျိုး ထုတ်လုပ်ရာဒေသအြ ဖစ်ရောက်ရှိအောင် အစွမ်းကုန်ဆောင် ရွက်သွားမည်ဟု သက်ဆိုင်သူများမှကတိပြု။


စွမ်းအင် ။ ။ နောက်ချေး မှ လျှပ်စစ်ဓါတ်အား ထုတ်ယူသုံးစွဲခြ င်း။ ကြက်ဆူဆီမှ လောင်စာဆီထုတ်ယူ သုံးစွဲခြ င်းဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများကပင်လက်ဖျားခါသွားရသ ည်အထိ တိုးတက်လျက်ရှိသည်။
သို့သော် သနားကြင်နာတတ်သော မြန်မာနိုင်ငံသားများသည် တိရိစ္ဆာန်များကို မနှိပ်စက်လိုသဖြ င့် အစိုးရမှ ဖြန့်ဖြူးပေးသော ဓါတ်အားကို သာ သုံးစွဲကြသော်လည်း နိုင်ငံနှင့်အ၀ှ မ်း မီးလာချိန်တွင် ထိန်ထိန်လင်းနေသည်ကို တွေ့ရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားသဖြင့်လည်း ကြက်ဆူအစားထိုး ဒီဇယ် ဓါတ်ဆီများကိုသာ အများဆုံးသုံးစွဲနေကြလျက်ရှိသည် ။


lin linn အမည်ဖြင့် ရေးထားသော ပြည်တွင်းထုတ် news-eleven.com ဂျာနယ် Comments ကို ဖေါ်ညွှန်းပါသည်

12/10/2010

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်ယူနန်ပြည်နယ် ကူမင်းမြို့တို့ကို သွယ်တန်းဖေါက်လုပ်မည့် ကီလိုမီတာ ၁၉၂၀ အရှည်ရှိ အမြန်မီးရထားလမ်း စီမံကိန်းကို လာမည့် ၂၀၂၀ ခုနှစ်မတိုင်မီ အပြီးတည်ဆောက်ဖွယ် ရှိကြောင်း ယူနန်ပြည်နယ်သတင်းဌာန၏ယမန်နေ့က တရုတ်ဘာသာ ဖြင့်ဖေါ်ပြသော သတင်းဆောင်းပါးအရ သိရသည်။
နိုဝင်ဘာလလယ်ပိုင်းက တရုတ်မီးရထားဌာန ပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က အမြန်ရထား လမ်းဖေါက် လုပ်ရေးစီမံကိန်းအတွက် မြန်မာနှင့်လာအိုနိုင်ငံများသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း ယူနန်ပြည်နယ် အထွေထွေအတွင်းရေးမှူး ပိုင်အန်းဖေ မြန်မာနိုင်ငံ သို့ အလည်အပတ်ရောက်ရှိခဲ့ရာ မြန်မာစစ်ခေါင်းဆောင်များနှင့် အမြန်ရထားလမ်းစီမံကိန်းကိစ္စ ဆွေးနွေးကြောင်း သိရသည်။သို့သော် စီမံကိန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရေးဆွဲနေဆဲဖြစ်ပြီး မကြာမီ အများပြည်သူ သိရှိစေရန်တရားဝင် ထုတ်ပြန်မည်ဟု သိရသည်။




တရုတ်ပြည် အမြန်ရထား

တရုတ် - မြန်မာအရေး လေ့လာသူ တစ်ဦးက “ တစ်နာရီကို ကီလိုမီတာ ၂၀၀ နှုန်းနဲ့မောင်းမဲ့ အမြန်ရထားလမ်း တွေ ဖြစ် တယ် လောလောဆယ် ဒီကိစ္စအကောင်အထည်ဖေါ်ဖို့ တရုတ်နဲ့မြန်မာအသေးစိတ်ညှိနှိုင်း ရအုံးမယ် ထင်တယ် ငွေကြေးကိစ္စ တွေ အလုပ်သမားကိစ္စတွေ လမ်း အူကြောင်းကိစ္စဘယ်လိုလုပ်မယ် ဆိုတာတွေ ညှိနိုင်းဖို့လိုအုံးမယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။တရုတ်နှင့် အာစီယံနိုင်ငံများက တရုတ် - အာစီယံ အမြန်ရထားပတ်လမ်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်း ထားရာ တရုတ်အနေဖြင့် အာစီယံ အမြန်ရထားလမ်းနှင့် ရန်ကုန် - ကူမင်း အမြန်ရထားလမ်းကို အစိတ်အပိုင်း တစ်ခုသဖွယ် ချိတ်ဆက်ထားလိုသည့် ဆန္ဒရှိသည်ဟု ဆိုသည်။ထို့အပြင် မြန်မာနှင့်တရုတ် ဆက်သွယ်မည့် ရိုးရိုးရထားလမ်းစီမံကိန်း နှစ်ခုရှိသေးရာ အဆိုပါ ရထားလမ်းများသည် တောင်အာရှနိုင်ငံများနှင့် ဆက်သွယ်ရာတွင် အထူးအရေးပါမည်ဟု ဖေါ်ပြထားသည်။ယူနန်ပြည်နယ် အစိုးရ ဒုဥက္ကဋ္ဌက “တရုတ်နဲ့မြန်မာ ချစ်ကြည်မှုပိုမိုနက်ရှိုင်းလာစေပြီးမှ အိန္ဒိယသမုဒ္ဒရာအထိ ပေါက်မဲ့ သေနင်္ဂ ဗျူဟာဆောင်တဲ့ လက္ခဏာဖြစ်တယ်” ဟု ပြောကြားထားသည်။အဆိုပါ ရိုးရိုးရထားလမ်းနှစ်သွယ်မှာ ကူမင်း - ချူရူံ - တလီ - ပေါင်းစန်း - ရွှေလီ နှင့် ကူမင်း - ပေါင်းစန်း - မန်စီ - ထိန်ချုံး - ဟိုချောင် (ကန်ပိုက်တီ) လမ်းများ ဖြစ်သည်။ယူနန်ပြည်နယ်၏ မြန်မာပြည်၌ ရင်းနှီးမြုတ်နှံမှုများတွင် ရေနံနှင့်သဘာဝဓါတ်ငွေပိုက်လှိုင်းများ ပြီးလျှင် ယခု အမြန်ရထား လမ်းစီမံကိန်းသည် ရင်းနှီးမှုပမာဏ အကြီးမားဆုံးဖြစ်ကြောင်း သိရသည်။မြန်မာပြည်တွင်းဖေါက်လုပ်မည့် အမြန်ရထားလမ်းစီမံကိန်းတွင် ဂျာမဏီနှင့်ဂျပန်နိုင်ငံများကလည်း ၀င်ရောက် ယှဉ်ပြိုင်နေကြောင်း သိရသည်။

12/08/2010

ကဲ- မယုံခြင်နေ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာလ ၈ ရက်နေ့ သတင်းစာတွေမှာ ၂၀၁၀ ရွေးကောက်ပွဲ မဲပေးမှု အခြေအနေကို အခုလို ကြေညာသွားပါတယ်-

(က) ရွေးကောက်ပွဲကျင်းပမှုအခြေအနေ
(၁) ပြည်သူ့လွှတ်တော်
(ကက) ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့်မဲဆန္ဒနယ် ၃၃ဝ နယ်
( ခ ခ ) ရွေးကောက်ပွဲကျင်းပခဲ့သည့် မဲဆန္ဒနယ် ၃၂၅ နယ်
( ဂ ဂ ) ရွေးကောက်ပွဲကျင်းပနိုင်သည့် ရာခိုင်နှုန်း ၉၈.၄၈ %

(၂) အမျိုးသားလွှတ်တော်
( က က )ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့်မဲဆန္ဒနယ် ၁၆၈ နယ်
( ခ ခ ) ရွေးကောက်ပွဲကျင်းပခဲ့သည့် မဲဆန္ဒနယ် ၁၆၈ နယ်
( ဂ ဂ ) ရွေးကောက်ပွဲကျင်းပနိုင်သည့် ရာခိုင်နှုန်း ၁ဝဝ %

(၃) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးအပါအဝင်)
(ကက) ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့်မဲဆန္ဒနယ် ၆၇၃ နယ်
( ခ ခ ) ရွေးကောက်ပွဲကျင်းပခဲ့သည့် မဲဆန္ဒနယ် ၆၆၁ နယ်
( ဂ ဂ ) ရွေးကောက်ပွဲကျင်းပနိုင်သည့် ရာခိုင်နှုန်း ၉၈.၂၂ %

(ခ) ဆန္ဒမဲပေးမှုအခြေအနေ
(၁) ပြည်သူ့လွှတ်တော်
(ကက) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၉ဝ၂၁၆ဝ၈ ဦး
(ခ ခ) ဆန္ဒမဲပေးသူဦးရေ ၂၂၄၂၁၁၂၃ ဦး
(ဂ ဂ) ဆန္ဒမဲပေးမှု ရာခိုင်နှုန်း ၇၇.၂၆ %

(၂) အမျိုးသားလွှတ်တော်
(ကက) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၉ဝ၂၁၆ဝ၈ ဦး
(ခ ခ) ဆန္ဒမဲပေးသူဦးရေ ၂၂၂၈၃၄၆၅ ဦး
(ဂ ဂ) ဆန္ဒမဲပေးမှု ရာခိုင်နှုန်း ၇၆.၇၈ %

(၃) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးအပါအဝင်)
(ကက) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၈၅၃၄၂၁၆ ဦး
(ခ ခ) ဆန္ဒမဲပေးသူဦးရေ ၂၁၈၆၃၁၂၃ ဦး
(ဂ ဂ) ဆန္ဒမဲပေးမှု ရာခိုင်နှုန်း ၇၆.၆၂ %

(ဂ) ခိုင်လုံသောဆန္ဒမဲရရှိမှုအခြေအနေ
(၁) ပြည်သူ့လွှတ်တော်
(ကက) ဆန္ဒမဲပေးသူဦးရေ ၂၂ ၄၂၁၁၂၃ ဦး
(ခ ခ) ရရှိသည့်ခိုင်လုံသော ဆန္ဒမဲအရေအတွက် ၂ဝ၈၆၅၁၆၁ မဲ
(ဂ ဂ) ခိုင်လုံသောဆန္ဒမဲရရှိမှု ရာခိုင်နှုန်း ၉၃.ဝ၆ %

(၂) အမျိုးသားလွှတ်တော်
(ကက) ဆန္ဒမဲပေးသူဦးရေ ၂ ၂၂၈၃၄၆၅ ဦး
(ခ ခ) ရရှိသည့်ခိုင်လုံသော ဆန္ဒမဲအရေအတွက် ၂ဝ၈၅၁ဝ၇၈ မဲ
(ဂ ဂ) ခိုင်လုံသောဆန္ဒမဲရရှိမှု ရာခိုင်နှုန်း ၉၃.၅၇ %

(၃) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးအပါအဝင်)
(ကက) ဆန္ဒမဲပေးသူဦးရေ ၂၁၈၆၃၁၂၃ ဦး
(ခ ခ) ရရှိသည့်ခိုင်လုံသော ဆန္ဒမဲအရေအတွက် ၂ဝ၂၄၅၁၅၇ မဲ
(ဂ ဂ) ခိုင်လုံသောဆန္ဒမဲရရှိမှု ရာခိုင်နှုန်း ၉၂.၆ဝ %

(ဃ) ပယ်မဲ၊ပျောက်မဲ အခြေအနေ
(၁) ပြည်သူ့လွှတ်တော်
(ကက) ဆန္ဒမဲပေးသူဦးရေ ၂၂၄၂၁၁၂၃ ဦး
(ခ ခ) ရရှိသည့်ခိုင်လုံသော ဆန္ဒမဲအရေအတွက် ၂ဝ၈၆၅၁၆၁ မဲ
(ဂ ဂ) ပယ်မဲ၊ ပျောက်မဲအရေအတွက် ၁၅၅၅၉၆၂ မဲ
(ဃဃ) ဆန္ဒမဲရရှိမှုအနက် ပယ်မဲ၊ပျောက်မဲ ရာခိုင်နှုန်း ၆.၉၄ %

(၂) အမျိုးသားလွှတ်တော်
(ကက) ဆန္ဒမဲပေးသူဦးရေ ၂၂၂၈၃၄၆၅ ဦး
(ခ ခ) ရရှိသည့်ခိုင်လုံသော ဆန္ဒမဲအရေအတွက် ၂ဝ၈၅၁ဝ၇၈ မဲ
(ဂ ဂ) ပယ်မဲ၊ ပျောက်မဲအရေအတွက် ၁၄၃၂၃၈၇ မဲ
(ဃဃ) ဆန္ဒမဲရရှိမှုအနက် ပယ်မဲ၊ပျောက်မဲ ရာခိုင်နှုန်း ၆.၄၃ %

(၃) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးအပါအဝင်)
(ကက) ဆန္ဒမဲပေးသူဦးရေ ၂၁၈၆၃၁၂၃ ဦး
(ခ ခ) ရရှိသည့်ခိုင်လုံသော ဆန္ဒမဲအရေအတွက် ၂ဝ၂၄၅၁၅၇ မဲ
(ဂ ဂ) ပယ်မဲ၊ ပျောက်မဲအရေအတွက် ၁၆၁၇၉၆၆ မဲ
(ဃဃ) ဆန္ဒမဲရရှိမှုအနက် ပယ်မဲ၊ ပျောက်မဲ ရာခိုင်နှုန်း ၇.၄ဝ %

(င) လွှတ်တော်ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်မှုအခြေအနေ
(၁) ပြည်သူ့လွှတ်တော်
(ကက) ယှဉ်ပြိုင်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ ၉၈၉ ဦး
(ခ ခ) နိုင်ငံရေးပါတီများကိုယ်စားပြုယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းဦးရေ ၉၄၉ ဦး
(ဂ ဂ) တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေ ၄ဝ ဦး
(ဃဃ) နိုင်ငံရေးပါတီများကိုယ်စားပြုယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းရာခိုင်နှုန်း ၉၅.၉၆ %
(င င) တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ရာခိုင်နှုန်း ၄.ဝ၄ %

(၂) အမျိုးသားလွှတ်တော်
(ကက) ယှဉ်ပြိုင်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ ၄၇၉ ဦး
(ခ ခ) နိုင်ငံရေးပါတီများ ကိုယ်စားပြုယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းဦးရေ ၄၇၂ ဦး
(ဂ ဂ) တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ ၇ ဦး
(ဃဃ) နိုင်ငံရေးပါတီများ ကိုယ်စားပြုယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းရာခိုင်နှုန်း ၉၈.၅၄ %
(င င) တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းရာခိုင်နှုန်း ၁.၄၆ %

(၃) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးအပါအဝင်)
(ကက) ယှဉ်ပြိုင်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ ၁၆ဝ၁ ဦး
(ခ ခ) နိုင်ငံရေးပါတီများကိုယ်စားပြုယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းဦးရေ ၁၅၆၆ ဦး
(ဂ ဂ) တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ ၃၅ ဦး
(ဃဃ) နိုင်ငံရေးပါတီများကိုယ်စားပြုယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းရာခိုင်နှုန်း ၉၇.၈၁ %
(င င) တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းရာခိုင်နှုန်း ၂.၁၉ %

(စ) လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ခံရမှုအခြေအနေ

(၁) ပြည်သူ့လွှတ်တော်
(ကက) နိုင်ငံရေးပါတီများကိုယ်စားပြုယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများဦးရေ ၉၄၉ ဦး
(ခ ခ) ရွေးကောက်တင်မြှောက်ခံရသော နိုင်ငံရေးပါတီများ ကိုယ်စားပြု ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များဦးရေ ၃၂၄ ဦး
(ဂ ဂ) ရွေးကောက်တင်မြှောက်ခံရမှုရာခိုင်နှုန်း ၃၄.၁၄ %

(၂) အမျိုးသားလွှတ်တော်
(ကက) နိုင်ငံရေးပါတီများကိုယ်စားပြုယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ် များဦးရေ ၄၇၂ ဦး
(ခ ခ) ရွေးကောက်တင်မြှောက်ခံရသော နိုင်ငံရေးပါတီများ ကိုယ်စားပြုယှဉ်ပြိုင် သည့် လွှတ်တော်ကိုယ်စားလှယ်များဦးရေ ၁၆၇ ဦး
(ဂ ဂ) ရွေးကောက်တင်မြှောက်ခံရမှု ရာခိုင်နှုန်း ၃၅.၃၈ %

(၃) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးအပါအဝင်)
(ကက) နိုင်ငံရေးပါတီများကိုယ်စားပြုယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများဦးရေ ၁၅၆၆ ဦး
(ခ ခ) ရွေးကောက်တင်မြှောက်ခံရသော နိုင်ငံရေးပါတီများကိုယ်စားပြု ယှဉ်ပြိုင်သည့် လွှတ်တော် ကိုယ်စားလှယ်များဦးရေ ၆၅၇ ဦး
(ဂ ဂ) ရွေးကောက်တင်မြှောက်ခံရမှုရာခိုင်နှုန်း ၄၁.၉၅ %

(ဆ) တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ခံရမှုအခြေအနေ
(၁) ပြည်သူ့လွှတ်တော်
(ကက) ပါဝင်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း များဦးရေ ၄ဝ ဦး
(ခ ခ) ရွေးကောက်တင်မြှောက်ခံရသော တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် များဦးရေ ၁ ဦး
(ဂ ဂ) ရွေးကောက်တင်မြှောက်ခံရမှုရာခိုင်နှုန်း ၂.၅ %

(၂) အမျိုးသားလွှတ်တော်
(ကက) ပါဝင်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း များဦးရေ ၇ ဦး
(ခ ခ) ရွေးကောက်တင်မြှောက်ခံရသော တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် များဦးရေ ၁ ဦး
(ဂ ဂ) ရွေးကောက်တင်မြှောက်ခံရမှုရာခိုင်နှုန်း ၁၄.၂၉ %

(၃) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးအပါအဝင်)
(ကက) ပါဝင်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း များဦးရေ ၃၅ ဦး
(ခ ခ) ရွေးကောက်တင်မြှောက်ခံရသော တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် များဦးရေ ၄ ဦး
(ဂ ဂ) ရွေးကောက်တင်မြှောက်ခံရမှု ရာခိုင်နှုန်း ၁၁.၄၃%

12/05/2010

မင်းနဲ့ပြည်သူ

ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်)သည် ထိုင်းနိုင်ငံတွင် ၁၇၈၂ ခုနစ်မှ စတင်၍စိုးစံလာသော ချက်ကရီမင်းဆက်အနွယ်တော်မှ ဆင်းသက်လာခဲ့သော နဝမမြောက် ရာမဘုရင် ဖြစ်သည်။
ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် Sonkhla မင်းသား မဟီဒိုး (Prince Mahidol of Sonkhla) နှင့် မင်းသမီး ဆိုင်းဝန် မဟီဒိုး (Mon Sangwalya Mahidol) တို့၏ သားထွေးဖြစ်သည်။ ၁၉၂၇ ခု၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ကိန်းဗရစ်မြို့တွင် ဖွားမြင်ခဲ့သည်။ သူ၏ အစ်မတော်မှာ မင်းသမီး ဂါလာယာနီဗာဓာန (H.R.H. Princess Galayani Vadhana) နှင့် နောင်တော်မှာ အဋ္ဌမမြောက် ရာမဘုရင်ဘွဲ့ခံ အနန္ဒမဟီဒိုး (H.M.King Ananda Mahidol Rama VIII) တို့ ဖြစ်ကြသည်။ မင်းသားအား ဖွားသန့်စင်စဉ်က ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)၏ ခမည်းတော် Sonkhla မင်းသားသည် အမေရိကန်ပြည်ထောင်စုရှိ ဟားဗတ် တက္ကသိုလ်၌ ပညာသင်ကြားလျှက်ရှိနေချိန်ဖြစ်သည်။ ထို့နောက် ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဆွစ်ဇာလန်နိုင်ငံ လော့ဆိန်းမြို့တွင် ပညာသင်ကြားခဲ့သည်။ နောင်တော်ဘုရင် အနန္ဒမဟီဒိုး ရုတ်တရက်နတ်ရွာစံသောအခါ ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် နောင်တော်၏ အရိုက်အရာကို ၁၉၄၆ ခု၊ ဇွန်လ ၉ ရက်နေ့တွင် ဆက်ခံတော်မူ၍ ယနေ့တိုင် ထိုင်းနိုင်ငံထီးနန်း၌ စိုးစံလျှက်ရှိသည်။ဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည် (၁၉၅၀ ပြည့်နစ်၊ ဧပြီလ ၂၈ ရက်နေ့တွင်) ထိုင်းမင်းသားကြီး ချန်ဒရာမူရီဆူနတ်၏ သမီးတော်ဖြစ်သူ သီရိခေတ် (Mon Rajawongse Sirikit Kiktiyakara) မင်းသမီးနှင့် ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စုလျားရစ်ပတ် လက်ထပ် ထိမ်းမြားခဲ့သည်။ သီရိခေတ်ကို ဆွစ်ဇာလန် နိုင်ငံတွင် ပညာသင်ကြားနေစဉ်ကပင် တွေ့မြင်ရင်းနှီး မေတ္တာမျှခဲ့ခြင်းဖြစ်သည်။ သီရီခေတ်သည် နုပျိုစဉ်အခါက ကမ္ဘာတစ်ခွင်တွင် အချောအလှဆုံး အမျိုးသမီးများ တွင် တစ်ဦးအပါအဝင်အဖြစ် ထင်ပေါ်ကျော်ကြားခဲ့သည်။ စုလျှားရစ်ပတ်ပြီးနောက် ထိုနစ် မေလ ၅ ရက်နေ့၌ပင် ရာဇာဘိသေက အခန်းအနားကို ကြီးကျယ်စွာဆင်ယင် ကျင်းပပြီးဘိသိက်ခံခဲ့သည်။ ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်(ဒ်)သည် ရွှေနန်းပြာသာဒ်တွင် အငြိမ့်သား ဇိမ်ခံ၍ နေနိုင်သူဖြစ်သည်။ ပုံပြင်ဆန်သော နန်းပြသာဒ်များကို သူ ပိုင်ဆိုင်သည်။ သို့သော် ဘုရင်းတစ်ပါးပင်ဖြစ်သော်ငြား ပြည်သူအကြားသို့ဝင်၍ ပြည့်သူ့ဝန်ကို ထမ်းရွက်နေသူဖြစ်သည်။ဘုရင်ဘူမိဘောသည်ကား ဆက်ဦးဆံပိုင်ဘုရင်တစ်ပါးမဟုတ်ပေ၊ ထို့ပြင် [အင်နာခင်နှင့် ယိုးဒယား(ထိုင်း) ဘုရင်] ဝတ္ထုထည့်ကလို ဒေါသ မာန်မာနကြီးမား၍ အာဏာစက် ပြင်းလှသော သူ၏ ဘိုးတော်လို ဘုရင်ကြီးလည်းမဟုတ်ပေ။ ဘူမိဘောသည် ငယ်စဉ်ကတည်းက အရှက် အကြောက်ကြီးသူ ဖြစ်သည်။ စိတ်ကောင်း နှလုံးကောင်းရှိသည်၊ အမူအရာခက်ထန် မောက်ကြွားမှုကင်းသည်။ မည်သူ့ကိုမဆို ကူညီရိုင်းပင်းလိုသော လူမှူဝန်ထမ်းစိတ်ရှိ အပြည့်ရှိသည်။ သည်စိတ်ဓာတ်များကြောင့်ပင် သူသည် ရွှေအိမ်နန်း နှင့် ကြငှန်းစံသောဘဝမှနေ၍ မြေကြီးပေါ်သို့ဆင်းကာ ဗျိုက်တောနှင့် ရွှံ့ညွန်အကြား ခြေစုံပင်ကွဲစေဦးတော့ တိုင်းပြည်နှင့်လူမျိုးအကျိုးရှိမည့် အလုပ်မှန်သမျှ အားမာန် အပြည့်နှင့် တစိုက်မတ်မတ် အမျှင်မပြတ် သယ်ပိုးခဲ့သည်။လယ်သမားများနှင့် အသိချင်းဖလှယ်ခဲ့သည်။ ဘူမိဘောတိုင်းခန်းလှည့်လည်ရာ၌ သူ့နောက်ပါးတွင် အစိုးရအရာရှိများနှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာများလည်းပါသည်။ အထူးကုဆရာဝန်များနှင့် သွားအထူးကု ဆရာဝန် များလည်းပါသည်။ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထန်းများက ဒေသခံဆေးရုံများနှင့် ပူးပေင်း၍ အခမဲ့ ကုသပေးသည်။ယနေ့ထိုင်းနိုင်ငံသည် အာရှတိုက်တွင် ထွန်းသစ်စ စက်မှူနိုင်ငံဘဝသို့ရောက်ရှိနေပြီဖြစ်သည်။ သို့ပင်ဖြစ်သော်ငြားလည်း လယ်ယာလုပ်ငန်းသည်သာ ထိုင်းနိုင်ငံ၏ အဓိကစီးပွားရေးကျောရိုးဖြစ်သည်ဟု ဘူမိဘောက လက်ခံ ထားသည်။ ကျေးလက်တောရွာများနှင့် တောင်ပေါ်ဒေသများ နယ်စပ်ဒေသများတွင် ဆင်းရဲ မွဲတေမှူနှင့် လူမှူပြဿနာရှိနေသမျှ တိုင်းပြည် မတည်ငြိမ်နိုင်ကြောင်း ဘုရင်ဘူမိဘော ကောင်းကောင်း သိသည်။
ထို့ကြောင့်ပင်လျှင် သူ့လုပ်ဆောင်ချက်များကို ဘူမိဘောဘုရင်က (ကြိုတင်ကာကွယ်ရေးဆေးဝါး) ဟု တင်စား ခဲ့သည်။
ပြည့်သူ့အတွက် ချက်ချင်းဆောင်ရွက်‘‘ဆိုသည်မှာလည်း ဘုရင်ဘူမိဘော၏ လက်တွေ့  ကျင့်သုံး လျှက် ရှိသည့် ဆောင်ပုဒ်တစ်ခုဖြစ်သည်။ သို့ကလို ပြည်သူ့အကျိုးကို နေ့မအား ညမနား ဆောက်ရွက် ပေးလျက်ရှိသောကြောင့် ထိုင်းဘုရင်မင်းမြတ်သည် ထိုင်းနိုင်ငံ တိုင်းသူပြည်သားများ၏ စည်းလုံးညီညွတ်ရေး အထိန်းအမှတ်အဖြစ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။ ယခုအခါ ဘုရင်ဘူမိဘော၏ နန်းသက်မှာ နစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်သည်။ ဘူမိဘောနန်းသက်တစ်လျှောက်၌ ကမောက်ကမ ဖြစ်မှူများ အတောမသတ်နိုင်အောင် ကြုံတွေ့ခဲ့ရသည်။စစ်တပ်မှ အာဏာသိမ်းပိုက်မှူ ၁၉ ကြိမ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ် ပြင်ဆင်ရေးအဖွဲ့မှ ၁၀ ကြိမ်နှင့် အကြိမ်ပေါင်း မရေတွက်နိုင်သော ကက်ဘိနက်အစိုးရဝန်ကြီးအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှူများကို တွေ့ကြုံဖြတ်သန်း ခဲ့ရသည်။ဘုရင်ဘူမိဘောသည် လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ခံထားရသော စည်းမျဉ်းခံဘုရင်တစ်ပါးဖြစ်သည်။ သို့ရာတွင် သူကား ပြည့်သူချစ်သော ဘုရင်တစ်ပါးဖြစ်သည်။ ပြည်သူကိုအလုပ်အကြွေးပြုသော မင်းတစ်ပါးသာ ဖြစ်သည်။ သူ၏ကိုယ်ရေကိုယ်သွေး စွမ်းပကားကား ကြီးမားလှသည်။ သူ၏တည်ဆောက်ရေး လုပ်ငန်းများသည် ထိရောက်အောင်မြင်သော လုပ်ဆောင်မှူများဖြစ်ခဲ့သည်။ ထိုင်းစစ်တပ်ကလည်း အစိုးရတွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ သာ ဖြုတ်ချခဲ့သည် ဘုရင်ဘူုမိဘောကိုမူ သစ္စာရှိကြသည်။ အာဏာရယူရေးကိစ္စများတွင် ဘုရင်ဘူမိဘောသည် မည့်သူ့ဖက်မျှမပါဝင်ပဲ သိက္ခာသမာဓိနှင့်နေခဲ့သည်။ ကျောသားရင်သား မခွဲခြားပဲ တရားနည်းလမ်းကျစွာ အဆုံး အဖြတ်ပေးသည်။ဘူမိဘောသည် ဘုရင်တစ်ပါးဖြစ်သော်လည်း သူ၏နိုင်ငံတွင် ဒီမိုကရေဆီအပြည့်အဝ ပေါ်ထွန်း ရေးကို ဦးတည်သော လုပ်ဆောင်ချက်များကိုသာ လိုလားနစ်သက်သူဖြစ်သည်။ ထိုင်း ဘုရင်ဘူမိဘော၏ ပုဂ္ဂိုလ်ရေး အာဏာသည် သူ၏ နန်းသက်တစ်လျှောက်တွင် ကြာလေခိုင်မြဲလေ ဖြစ်သည်။ ထိုင်းနိုင်ငံသမိုင်းတွင် ဘူမိဘောအဒူလျာဒက်(ဒ်)သည် နန်းသက်အရှည်ကြာဆုံး မင်းတစ်ပါးအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့လေပြီ။ဘုရင်ဘူမိဘောသည် မရည်ရွယ်ပဲ စော်ကဲမင်းဖြစ်ဆိုသလို နောင်တော် အနန္ဒမဟီဒိုးမှာ သူ၏ အိပ်ခန်းဆောင်၌ သေနပ်ဒါဏ်ရာဖြင့် ထူးဆန်းစွာလုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီးနောက် နောင်တော်၏ ထီးနန်းအရိုက်အရာကို ညီတော်ဖြစ်သော ဘူမိဘောက ၁၉၄၆ ခုတွင် စတင် တာဝန် ထမ်းဆောင်ခဲ့ရသည်။
နောင်တော်နတ်ရွာစံစဉ်က ဘုရင်ဘူမိဘောမှာ ၁၈ နစ်သာရှိသေးကာ ဆွစ်ဇာလန်နိုင်ငံ၌ ပညာ သင်ကြားနေချိန်ဖြစ်သည်။ဘူမိဘောသည် ဘုရင်ဖြစ်လာပြီးနောက် နဝမမြောက်ရာမဘုရင် ဘွဲ့ကိုသာမက မဟာရာဇာ ဘွဲ့ကိုပါ ပြည်သူ၏ ဆန္ဒနှင့်အညီခံယူခဲ့သည်။
ဘူမိဘောသည် ၁၇၈၂ ခုနစ်ကပင် စတင်ခဲ့သော ချက်ကရီမင်းဆက် အနွယ်မှ ဆင်းသက်လာသူဖြစ်သည်။
ဘုမိဘော၏ ဘိုးတော်မှာ မောင်းကွတ်ဘုရင်ဖြစ်သည်။ ထိုဘုရင်ကြီး အကြောင်းကို မှီငြမ်းရေးဖွဲ့ထားသော ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ် ပေါ်ထွက်ခဲ့ဖူးသည်၊ အင်နာခင် နှင့် ယိုဒယား (ထိုင်း) ဘုရင် (Anna and the King Siam) ဖြစ်သည်။ ထိုဝတ္ထုကို နောင်အချိန်တွင် ကမ္ဘာကျော် ခေါင်းတုံးမင်းသား ယူလ်ဘရိုင်နား နှင့် ရုပ်ရှင်ပြန်ရိုက်သောအခါ ဘုရင် နှင့် ကျွန်ုပ် (The King and I) အဖြစ် ကျော်ကြားခဲ့လေ၏။ထီးနန်းကို ဆက်ခံပြီးနောက် နစ်လကြာသောအခါ ဆွစ်ဇာန်နိုင်ငံ သို့ ပြန်သွားကာ လော့ဆန်းတက္ကသိုလ် တွင် သိပ္ပံ၊ ဥပဒေ ပညာ နှင့် နိုင်ငံရေးပညာရပ်များကို ဆက်လက်သင်ယူခဲ့လေသည်။ ဆွစ်ဇာလန်နိုင်ငံတွင် ဘွဲ့ရပြီးနောက် ၁၉၅၁ ခုနစ်တွင် ထိုင်းနိုင်ငံသို့ပြည်တော်ပြန်ခဲ့သည်။ ထိုအချိန်မှအစပြု၍ ထိုင်းဘုရင်ဘူမိဘောအဒူလျာဒက်(ဒ်)သည်၊ ထိုင်းနိုင်ငံထီးနန်း၌ သက်တမ်းအကြားဆုံး ချက်ကရီမင်းဆက် နဝမမြောက် ရာမဘုရင်အဖြစ်ဖြင့် ယနေ့ တိုင် ဆက်လက်စိုးစံအုပ်ချုပ်လာခဲ့သည်မှာ သက်တော် ၈၃ နစ် မွေးနေ့သို့ တိုင်ခဲ့လေပြီးဖြစ်သည်။
ထိုင်းဘုရင်မင်းမြတ်ဘူမိဘောအဒူလျာဒက်(ဒ်)သည်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင်ကျရောက်သော် ၈၃ နစ် မြောက် မွေးနေ့ မှသည် နောင်နစ်ပေါင်းများစွာတိုင်အောင် တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်ပါစေသတည်း။
-
Thailand marks 83rd birthday of revered king

Thailand on Sunday marked the 83rd birthday of King Bhumibol Adulyadej, the world's longest-reigning monarch, but elaborate celebrations could not mask concern over his health and the future of the royal institution.
In his annual birthday speech, the king sounded what has become a routine, general call for unity and hard work to keep the country happy and prosperous in the face of the sometimes violent political conflict it has endured in recent years.
Thousands of flag-waving citizens cheered his car's journey to the ceremonial Grand Palace from Siriraj Hospital, where he was admitted in September 2009 with a lung inflammation. There has been no detailed explanation of his extended hospitalization. The king's health is a matter of immense public concern, both because he is widely admired and because he is regarded as a unifying figure in times of national crisis.
Shouts of "Long live the king" rang out as he entered the hospital lobby in a motorized wheelchair and headed to board a van, in which Queen Sirikit also sat.
On sidewalks close to the hospital, the crowd was five or six deep, with those immediately along the street kneeling reverentially. Police and soldiers lined the entire route for the 12-minute journey through Bangkok.
Massive ceremonies were held later in the day, as on past occasions honoring the king. They included a candle-lighting show of devotion led by the prime minister, fireworks, the release of thousands of small hot-air balloons and a nighttime boat procession on Bangkok's Chao Phraya river.
Speaking briefly in a slow and rasping voice to dignitaries at the Grand Palace, the king urged people to be clear about their duties and carry them out to the best of their ability.
He called for them to perform "justly and firmly, doing your duties correctly in an appropriate manner, for the security of the country and its benefit." The annual birthday speech has for several years been the main forum for the king to present his ideas directly to the public.
Bhumibol's near-disappearance from public life has coincided with a period of political instability after a 2006 military coup against Prime Minister Thaksin Shinawatra polarized the country. The king has been unable or unwilling to play his traditional mediating role to ease the conflict.
Defenders of the status quo, including the current government of Prime Minister Abhisit Vejjajiva, say the monarchy is under attack by radicals who wish to undermine its authority and prestige, or even abolish it. While serious opponents of the royal institution are a tiny minority -- and liable to long jail terms if they speak publicly -- the past few years have seen unprecedented questioning of the monarchy.
Traditionally, the palace managed to stay aloof from the parry and thrust of politics, its influence exercised behind the scenes or only in extreme cases where a crisis posed an immediate threat to the kingdom's peace and stability.
However, the 2006 coup ousting Thaksin opened a political and social schism that has still not healed. Thaksin had been popularly elected in landslide victories, but his critics accused him of corruption and disrespect to the crown.
His supporters say he was toppled at the behest of a Bangkok-oriented elite, with elements of the palace and the military playing key roles because they felt their power and influence were threatened by Thaksin's popularity, which was greatest among the country's poor rural majority that benefited from his populist policies.
The polarization became greater as gestures made by the king's top aides and even Queen Sirikit seemed to give a nod of approval to Thaksin's opponents, including "Yellow Shirt" protesters who in 2008 occupied the prime minister's office for three months and took over Bangkok's two airports for a week. Their protests were aimed at ousting two successive pro-Thaksin prime ministers.
As the crisis deepened, the health of the king began to decline, and he sharply curtailed his public appearances. That has intensified long-standing concern about the royal succession, though it is still not acceptable as a matter for public debate.
The heir apparent, Crown Prince Vajiralongkorn, does not yet have the stature or moral authority of his father, who has been on the throne for more than 64 years.
At Sunday's Grand Palace ceremony, the 58-year-old prince was the first of several dignitaries -- including the prime minister and the heads of Parliament and the military -- to offer birthday wishes to the king.
"On this occasion, I would like to promise that I will carry out my tasks appropriately according to my status and my duties, based on reason and rationality in order to maintain the Chakri Dynasty's honor and the prosperity and security of the country," the prince said.

11/26/2010

မြန်မာ့ရွေးကောက်ပွဲရလဒ်အပေါ်လေ့လာသုံးသပ်ချက် (၁)

( ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး Conflict Prevention and Peace Forum က အစီရင်ခံစာတစ်ခု ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာကို နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာမှု စံနှုန်းများကို ကြိုတင်လေ့ကျင့် ပေးထားတဲ့ ပြည်တွင်းက နိုင်ငံသား ၁၇၅ ဦးက နိုင်ငံအနှံ့မှာ ရွေးကောက်ပွဲ ကျင်းပပုံကို လေ့လာတွေ့ရှိချက် တွေကို အခြေခံပြီး ပြုစုထားတာ ဖြစ်ပါတယ်။ စာတမ်း ပြုစုသူက မြန်မာနိုင်ငံမှာ အိုင်အယ်လ်အို ဆက်ဆံရေး အရာရှိ အဖြစ် တာဝန်ယူခဲ့ပြီး မြန်မာစကား ကောင်းကောင်း ပြောတတ်တဲ့ Richard Horsey ဖြစ်ပါတယ်။ အဲဒီ စာတမ်းထဲက အရေးကြီးတဲ့ အပိုဒ်များကို ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန် ဖော်ပြ လိုက်ပါတယ်။ စာတမ်း အမည်က Outcome of Myanmar Election ဖြစ်ပါတယ်။ )
အခန်း ၂ ။ ရွေးကောက်ပွဲနေ့။ စာတမ်းမှာ ရွေးကောက်ပွဲနေ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလိုဖော်ပြထားပါတယ်။
ရွေးကောက်ပွဲနေ့မှာ မဲပေးမှုတွေက အေးအေးချမ်းချမ်း ရှိတယ်။ အားလုံးက ငြိမ်ငြိမ်သက်သက်ပဲ။ ငြိမ်သက် လွန်းအား ကြီးတယ်လို့တောင် ဆိုနိုင်တယ်။ စည်းမျဉ်းနဲ့ မညီတဲ့ ကိစ္စတွေ အများကြီး ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာတယ်။ တကယ်တော့ ဒီသတင်းမျိုး မထွက်ဘူးဆိုရင် ထူးဆန်းတယ်လို့ ပြောရမှာ ဖြစ်တယ်။ ဒါပေမယ့် လေ့ကျင့် ပေးထားပြီး စိတ်ချရတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး သမားများရဲ့ ကွန်ယက်အဖွဲ့ ကတော့ ရွေးကောက်ပွဲ မဲပေးပုံနဲ့ ပတ်သက်ပြီး အခုလို ကောက်ချက်ချပါတယ်။
မဲပေးမှုအတွက် စီမံ ဆောင်ရွက်မှုတွေက ယျေဘူယျအားဖြင့် ချောချောမောမော ရှိပြီး စည်းမျဉ်း အများစုကိုလည်း လိုက်နာ ကြပါတယ်။ ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ အဖွဲ့ဝင် ၇၁ % က မဲပေးမှုရတဲ့ လုပ်ငန်းစဉ် တွေကို ချောချောမွေ့မွေ့ ထိထိရောက်ရောက် လုပ်သွားကြတယ်။
အဲဒီနေ့ မဲရုံပိတ်တဲ့ ညနေ လေးနာရီ မှာတော့ ဒီမိုကရေစီ ပါတီတွေက ကိုယ်စားလှယ် တွေဟာ စိတ်ဓာတ်တွေ တက်ကြွ နေကြပါတယ်။ ရွေးကောက်ပွဲ အကြိုကာလမှာ ကန့်သတ်မှုတွေ အတော် များတဲ့အတွက် သူတို့ ပါတီတွေဟာ အများစု နေရာ အနိုင်မရနိုင်ဘူး ဆိုတာ အစထဲက မျှော်လင့် ပြီးသားပါ။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပြည်ပက အတိုက်အခံ တွေက သပိတ်မှောက်ဖို့ တောင်းဆိုနေတဲ့ ကြားက မဲလာပေးသူတွေ များခဲ့တဲ့ အတွက်၊ လူတွေဟာ သူတို့ နှစ်သက်တဲ့ ပါတီကို မဲပေးဖို့ ဆုံးဖြတ် ခဲ့ကြတဲ့အတွက် သူတို့ စိတ်အား တက်ကြွ နေကြတာပါ။ မဲရုံ ပိတ်ပြီးတဲ့နောက် ကိုယ်စားလှယ်လောင်း များရဲ့ ကိုယ်စားလှယ်တွေ၊ မဲရုံစောင့်တွေနဲ့ အများပြည်သူတွေ ရှေ့မှာ သက်ဆိုင်ရာ မဲရုံအလိုက် မဲတွေ ရေတွက် ကြပါတယ်။ ကနဦးပိုင်းမှာ ဒီမိုကရေစီပါတီ များရဲ့ ကိုယ်စားလှယ်တွေက သူတို့ကို ထောက်ခံသူ အတော် များတယ်လို့ ပြောခဲ့ကြတယ်။ မဲပေးမှုကို စောင့်ကြည့်နေတဲ့ ပြည်တွင်း အဖွဲ့အစည်း တစ်ခုကတော့ ညသန်းခေါင် အချိန် ခန့်မှန်းချက် ထုတ်ပြန်ရာမှာ ဒီမိုကရေစီ ပါတီတွေ အနေနဲ့ ၀င်ပြိုင်တဲ့နေရာများရဲ့ ၄၀%မှာ နိုင်နိုင်တယ်။ ပြည်ခိုင်ဖြိုး ကလည်း ၀င်ပြိုင်တဲ့နေရာ ၄၀% မှာ နိုင်နိုင်တယ်။ တစညကတော့ ၁၄% လောက်ပဲ နိုင်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီမိုကရေစီ ပါတီတွေ အနေနဲ့ မဲရုံတိုင်းမှာ ကိုယ်စားလှယ် မထားနိုင်တဲ့ အတွက် မဲရုံအားလုံးရဲ့ ရေတွက်မှုကို မသိနိုင် ပေမယ့် အဲဒီညမှာတော့ ကိုယ်စားလှယ် အတော်များများက သူတို့အနေနဲ့ မဲအသာရ နေတယ်လို့ ယုံကြည်ခဲ့တာတော့ အမှန်ပဲ။
ဒါပေမယ့် အခြေအနေ တွေက စပြီး ပြောင်းကုန်တယ်။ မဲဆန္ဒနယ် တစ်ချို့မှာ ပြည်ခိုင်ဖြိုး ဘက်က မဲရှုံးမယ့် အခြေအနေ ရှိတာနဲ့ မဲရေတွက်မှုကို ရပ်ဆိုင်း လိုက်တယ်လို့ ကိုယ်စားလှယ် အတော်များများက ပြောပြတယ်။ အဲဒီနေရာတွေမှာ စောင့်ကြည်သူတွေ မရှိဘဲ ထပ်မံ ရေတွက်တဲ့အခါ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းတွေက နိုင်ကုန်ပြန်တယ်။ တစ်ချို့ မဲဆန္ဒနယ် တွေမှာတော့ ပြည်ခိုင်ဖြိုးကို ထောက်ခံတဲ့ ကြိုတင်မဲတွေ ဗြုန်းစားကြီး ပေါ်လာပြီး ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် လောင်းတွေ နိုင်ကုန်တယ်။ ကိုယ်စားလှယ်လောင်းတွေက တစ်ချို့ ကြိုတင်မဲတွေဟာ မဲရုံပိတ်ပြီး နောက်မှာ ရောက်လာတာ ဖြစ်ပြီး ပထမပိုင်း ကြိုတင်မဲတွေတုံးက ပြည်ခိုင်ဖြိုး မနိုင်သေးဘူးလို့ ဆိုတယ်။
အားလုံ ခြုံကြည့်လိုက်ရင် ရွေးကောက်ပွဲ မတိုင်ခင်တုံးက ကော်မရှင် ဥက္ကဌက ကြိုတင်မဲပေးမှုဟာ သိပ်မများပါဘူးလို့ ဆိုခဲ့ပေမယ့် တကယ်ကြတော့ ကြိုတင်မဲ ပေးမှုဟာ အတော်များတယ်လို့ ဆိုနိုင်တယ်။ တစ်ပြည်လုံး အတိုင်းအတာနဲ့ ကြိုတင်မဲ ဘယ်လောက် ရှိတယ် ဆိုတာတော့ အသေးစိတ် ထုတ်ပြန်တာ မရှိသေးဘူး။ (မဲဆန္ဒနယ် တစ်ခုချင်း အတွက် သတင်းစာများ၌ ဖော်ပြပြီး ဖြစ်ပါသည်။) နောက်ပြီး ကြိုတင်မဲ အများစုဟာ ပြည်ခိုင်ဖြိုး အတွက် ဖြစ်နေတာကို ထောက်ပြ တာတွေ ရှိပေမယ့် ဒီ ကြိုတင်မဲ ပေးသူ အများစုဟာ မဲဆန္ဒနယ်နဲ့ အဝေးမှာ တာဝန်ယူ နေရတဲ့ စစ်သားတွေ၊ ၀န်ထမ်းတွေနဲ့ ၀န်ထမ်း မိသားစု တွေဖြစ်လို့ သိပ်မဆန်းပါဘူး။ ဒီလူတွေကတော့ ဖိအားကြောင့် ဖြစ်ဖြစ်၊ သူတို့ ဆန္ဒအရ ဖြစ်ဖြစ် ပြည်ခိုင်ဖြိုးကိုပဲ ပေးကြမှာပါ။ ဘာပဲဖြစ်ဖြစ် ကြိုတင်မဲတွေ အရမ်းများတဲ့ အတွက် သံသယ ဖြစ်စရာတွေ ပေါ်လာတာတော့ အမှန်ပဲ။
အခန်း ၃။ ရွေးကောက်ပွဲ ရလဒ်အပေါ် လေ့လာချက်။ ဒီစာတမ်းကို အပြီးသတ်ပြုစုတဲ့အချိန် ( နို ၁၇ ) မှာ ပြည်သူ့ လွှတ်တော် ၃ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာနဲ့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ၁၂ နေရာအတွက် ရလဒ် တွေထုတ်ပြန်ဖို့ကျန်သေးတယ်လို့ စာတမ်းပြုစုသူက မှတ်ချက်ပေးထားပြီး ရလဒ်များကနေ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အခြေအနေများကို အခုလို သုံးသပ်ထားပါတယ်။
ပြည်ခိုင်ဖြိုး ပါတီဟာ အမျိုးသား လွှတ်တော်ရဲ့ ရွေးချယ်ခံနေရာ ၇၇ %၊ အောက်လွှတ်တော်ရဲ့ ရွေးချယ်ခံနေရာ ၇၉% မှာ အနိုင်ရ ထားပါတယ်။ လွှတ်တော် တစ်ရပ်ချင်း အလိုက် စုစုပေါင်း အမတ်နေရာများ (ရွေးချယ်ခံ + တိုက်ရိုက်ခန့်) နဲ့ တွက်ရင် လွှတ်တော် နှစ်ရပ်အတွင်း အာဏာ ချိန်ခွင်လျှာက အခုလို ဖြစ်နေပါတယ်။



အဲဒီလို ပြည်ခိုင်ဖြိုးက လွှတ်တော် နှစ်ရပ်လုံးမှာ အသာစီး ရထားတဲ့အတွက် ဥပဒေပြုရေးနဲ့ ပတ်သက်ရင် အခုလို အရေးကြီးတဲ့ အကျိုးဆက်တွေ ဖြစ်လာပါတယ်-
- အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် မှာပါတဲ့ ရွေးချယ်ခံ ကိုယ်စားလှယ်များက ဒုတိယ သမ္မတနှစ်ဦး အမည်စာရင်း တင်သွင်းတဲ့ အခါ ပြည်ခိုင်ဖြိုးက ရွေးချယ်တဲ့သူပဲ ဖြစ်မယ်။ (နောက် ဒုသမ္မတ တစ်ဦးကို တပ်မတော်သား ကိုယ်စားလှယ် တွေက တင်သွင်းမယ်။) ပြည်ထောင်စု လွှတ်တော် အနေနဲ့ ဒုသမ္မတ သုံးဦးထဲက သမ္မတ ရွေးတဲ့ အခါမှာလည်း ပြည်ခိုင်ဖြိုး အမတ်များက ထောက်ခံတဲ့လူပဲ သမ္မတ ဖြစ်တယ်။ ပြည်ခိုင်ဖြိုး အနေနဲ့ သူတို့ ကြိုက်တဲ့ သူကို သမ္မတ ဖြစ်အောင် လုပ်နိုင်စွမ်း ရှိသွားပြီ။
- ပြည်ခိုင်ဖြိုးက ထောက်ခံတဲ့ သမ္မတဟာ (၂၅% အမတ်နေရာကို ကိုင်ထားတဲ့) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထက် ဥပဒေပြု အာဏာ ပိုအင်အားကောင်း သွားမယ်။ သာမန် အများစုမဲနဲ့ အတည်ပြုလို့ ရတဲ့ ဥပဒေပြုရေး ကိစ္စများ အတွက် တပ်မတော်သား ကိုယ်စားလှယ်များရဲ့ ထောက်ခံမှုကို ထည့်တွက်ဖို့ မလိုဘူး။
- ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ပေါင်းလိုက်ရင် ၇၅% ကျော်နေတဲ့ အတွက် သူတို့နှစ်ဖွဲ့ ပေါင်းပြီး အခြေခံ ဥပဒေကို ပြင်လို့ရတယ်။ အစိုးရ အဖွဲ့ဝင်တွေကို ပြစ်တင်စွတ်စွဲ ဖယ်ရှားလို့ ရမယ်။ ကျန်တဲ့ ပါတီတွေ ကျတော့ ပေါင်းလိုက်ရင် ၂၅% မပြည့်တဲ့ အတွက် အခြေခံဥပဒေ ပြင်ဆင်ခြင်းကို ဟန့်တားလို့ မရတော့ဘူး၊ နောက်ပြီး အခြေခံဥပဒေ ပြင်ဆင်ချက်ကို အဆိုတင်ဖို့၊ ပြစ်တင် စွက်စွဲဖို့အတွက် အဆိုတင်ဖို့၊ အရေးပေါ် လွှတ်တော် အစည်းအဝေး ခေါ်ဖို့ အနည်းဆုံး လိုတဲ့ မဲအရေအတွက် မပြည့်မီတော့ဘူး။
ဒါပေမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် တွေမှာတော့ အခြေအနေက တစ်မျိုး ပြောင်းသွားတယ်။

ဆက်လက်ဖော်ပြပါမယ်။
Posted by ပိတောက်မြေ at 12:03:00 AM

11/23/2010

ဆုံမှတ်

အမေ...
နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...။

ရှိပါတယ်အမေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့

တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး။
-

တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။

အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...။

ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ။

အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်။

ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။

အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ။

အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ

ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။

(ကမ္ဘာစိုးမင်း)

11/22/2010

ဒီမိုကရက်တစ် ပါတီ (မြန်မာ)

နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ရန်ကုန်မြို့မှာ ၁၉၊၁၁။၂၀၁၀ နေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အခြေအနေအားလုံးကို ပြန်လည် သုံးသပ်တာပေါ့နော်၊ တရားမမျှတတွေ အများကြီး တွေ့ရတယ် ဆိုတာကို ပြောပြလိုက်တာပေါ့နော်၊ အဲဒီတော့ ကျွန်တော်တို့ကတော့ ဒါက သူက အစီအစဉ် ရှိရှိနဲ့ သူနိုင်အောင် ဖန်တီးသွားတယ်လို့ ယူဆတာပေါ့နော်။ အဲဒါကြောင့်မို့ ကျွန်တော်တို့က ဒီ ရွေးကောက်ပွဲကြီးဟာဖြင့်ရင် ပြည်သူလူထုရဲ့ ဆန္ဒကို ဖော်ထုတ်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲကြီး ဖြစ်မဲ့အစားပေါ့နော်၊ အစိုးရရဲ့ မဟာဗျူဟာ မြောက်အောင် ကျင်းပသွားတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ပါတယ်လို့ ကျွန်တော်တို့ ဒါ သုံးသပ် ကောက်ချက်ချလိုက်တာပေါ့နော်။”


ဒီမိုကရက်တစ် ပါတီ (မြန်မာ)၏ ရွေးကောက်ပွဲနှင့်ပါတ်သက်သော သတင်းစာရှင်းလင်းပွဲ အပြည့်အစုံဖတ်ရန်

ဒီမိုကရက်တစ် ပါတီ (မြန်မာ)၏ ရွေးကောက်ပွဲနှင့်ပါတ်သက်သော သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ

10/30/2010

ပြည်ထောင်စု မြန်မာနိုင်ငံတော် လွတ်လပ်ရေးနေ့ အခန်းအနား
၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ရက်

BURMA CELEBRATES INDEPENDENCE



Click on photo for movie record.

(BURMA INDEPENDENCE)



Click on photo for movie record.

(BURMA INDEPENDENCE)




၁၉၅၈ခု က ဆိုဗီယက်ယူနီယံ(USSR, Russian Federation) မော်စကို Tchaikovsky Concert Hall တွင် ကျင်းပသည့် ဆယ်နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့ အခန်းအနား။

10TH ANNIVERSARY OF BURMA'S INDEPENDENCE


Click on photo for movie record.

10/25/2010

DPM Campaign for Nov 7, 2010 Election:

အောက်တိုဘာလ ၁၄ရက်နေ့က မြစ်သားမြို့နယ် မဲဆန္ဒနယ် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၏ ပြည်သူ့လွတ်တော် အမတ်လောင်း ဒေါ်အေးသန္တာမိုး အတွက် ပါတီ ဥက္ကဌ ဦးသုဝေ၊ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု တို့ မဲဆွယ်တရားဟောစဉ်
FACT_SHEET_on_2010_Oct_26_Photo_Essay_for_public

Click for more

10/16/2010

ဒေါင်းနှင့်လဒ



ခေါင်းစဉ်နှင့်ပါတ်သက်၍
ကျားသားမိုးကြိုး ကမ္ဘာမကြေ မလိုတမာနဲ့ ပိုပိုနာနာပြောတယ်မထင်ကြပါနဲ့ဗျာ ရုပ်ဘဲကြည့်ကြည့် အလုပ်ဘဲကြည့်ကြည့် မိမိုက်ဖဆိုး ဓမြ (ဒါးပြ)မျိုး ဖမျိုးဖိုးတူ လူလဒမှန်း တန်းမြင်ကြမှာပါ။
ကမ္ဘာမကြေ လွန်တယ်ဆိုခြင်လေလဲ အရှိကိုအရှိအတိုင်းပြောရှာတာဘဲလို့သာမှတ်ယူပါခင်ဗျား။


၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တောင် ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံကြမည့်
တသီးပုဂ္ဂလ အမတ်လောင်း ကိုကောင်းမြင့်ထွဋ် (၃၅ နှစ်)(နိုင်ငံရေးအကျဉ်းသားဟောင်း) နှင့်
နအဖ စစ်အစိုးရ၏ ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်း(၅၃နှစ်) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) တို့၏ပုံ။

ကိုကောင်းမြင့်ထွဋ်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုကြီးတွင် ပါဝင်ခဲ့မှုကြောင့် အသက် ၁၃ နှစ် အရွယ်တွင် အဖမ်း ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ် နှင့် ၁၉၉၀ ခုနှစ်အကြားတွင် သုံးကြိမ်ဆက်တိုက် အဖမ်းခံခဲ့ရပြီး ၁၉၉၁ ခုနှစ်တွင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင်ဗီဒီယိုထုတ်လုပ်သူတဦးဖြစ်သည့် ကိုကောင်းမြင့်ထွဋ်သည် ပြီးခဲ့သည့် မတ်လတွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရန် ခွင့်ပြု ခဲ့စဉ်က မြန်မာ့ ဒီမိုကရေစီ ကွန်ဂရက်အမည်ဖြင့် ပါတီတည်ထောင်ရန် အားထုတ်ခဲ့ဖူးသည်။ သို့ရာတွင် ဘဏ္ဍာငွေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ ပါတီဝင် စုဆောင်းရာ၌ အခက် အခဲများရှိသောကြောင့် ပါတီတည်ထောင်မည့် အစီအစဉ် မဖြစ်ခဲ့ဟု သိရသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အခုရွေးကောက်ပွဲက ကျနော်တို့ မြင်တွေ့လိုတဲ့ အပြောင်းအလဲတွေ ဖြစ်လာ လိမ့်မယ်လို့ ကျနော် မယုံကြည်ပါဘူး”ဟု ကိုကောင်းမြင့်ထွဋ် က ဆိုသည်ဟု www.irrawaddy.org/တွင်ဖေါ်ပြပါရှိ သည်။ “ဒါပေမယ့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒါမှမဟုတ် တစည(တိုင်းရင်းသား စည်းလုံးညီညွတ်ရေး) ပါတီက စစ်အရာရှိဟောင်း ကိုယ်စားလှယ်တွေအစား အစားထိုးရွေးချယ်စရာတခုတော့ လူထုကို ပေးသင့်တယ်လို့ ကျနော်ထင်တယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။

ဦးအောင်သိန်းလင်း၏ နောက်ခံသမိုင်းကြောင်းမှာမူ ၁၉၈၈ ခုနှစ်တွင် ဗိုလ်မှူးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ခမရ ၁၀၁ ၏ တပ်ရင်းမှူးဖြစ်လာခဲ့သည်။ ထို့နောက် စက်မှု (၂) ဒု ၀န်ကြီးဖြစ်လာကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့) ၏ အလုပ်အမှုဆောင်တဦး လည်း ဖြစ်ခဲ့သည်ဟု သိရသည်။ ကြံ့ဖွံ့အသင်းကို ဧပြီလ တွင် ကြံ့ဖွံ့ပါတီ အဖြစ် အသွင်ပြောင်းခဲ့သည်။ ဦးအာင်သိန်းလင်း သည် ၂၀၀၃ ခုနှစ်၌ ရန်ကုန် မြို့တော်ဝန် ဖြစ်လာခဲ့သည်။ ဦးအောင်သိန်းလင်းသည် အစိုးရရာထူး၊ နိုင်ငံတော်ပိုင် ပစ္စည်း၊ လုပ်ငန်းများနှင့် နိုင်ငံတော်ပိုင် မီဒီယာ ကို မဲဆွယ်ပွဲအတွက် အသုံးပြုနိုင်သောကြောင့် ယင်းမဲဆန္ဒနယ်မြေတွင် တခြားကိုယ်စားလှယ်များထက် အဆမတန် အသာစီး ရ နေသည် ဟုလည်း သိရသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် စည်ပင်သာယာရေး အရာရှိကြီးများနှင့် ၀န်ထမ်းများအား မဲဆွယ်စည်းရုံးဟောပြောမှုကို ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းမှ ရန်ကုန်မြို့တော်ခန်းမ စည်ပင်သာယာရေးကော်မတီ ရုံးတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ၄င်းမဲဆွယ် စည်းရုံးဟောပြောပွဲတွင် ပြောကြားသွားသော ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ စကားများမှာ အောက်ပါ အတိုင်းဖြစ်သည်။
`` ဒီနေ့ စည်ပင်ရုံးမှာ ရှိကြတဲ့ အရာရှိတွေနဲ့ ၀န်ထမ်းအားလုံးကို ကျုပ်ပြောမယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်ရမယ်ဆိုတာ သိကြလား´´ (မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ သိကြလား။ ခင်ဗျားတို့အားလုံး ခြင်္သေ့ကို မဲထည့်ရမယ်။ ခြင်္သေ့ကို မဲထည့်မှ ခင်ဗျားတို့၊ ခင်ဗျားတို့ရဲ့ မိန်းမတွေ၊ သားသမီးဆွေမျိုးတွေ ကောင်းစားမယ်။ ဘယ်သူ့ကို ထည့်မှာလဲ ခြင်္သေ့နဲ့ ခွပ်ဒေါင်း ဘယ်သူ့ကို ထည့်မှာလဲ´´ (မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ ခြင်္သေ့နဲ့ ဒေါင်းမှာ ခြင်္သေ့ကိုပဲ မဲထည့်ရမယ်။ မသေမချင်း မှတ်ထားကြပါ။ ဒီရွေးကောက်ပွဲမှာ ခင်ဗျားတို့ ခြင်္သေ့ကို မဲမထည့်လို့ ဟိုကောင်မ နိုင်သွားရင် ခင်ဗျားတို့ ဘာဖြစ်သွားမလဲ သိလား´´ ( ၄င်းမှ အမျိုးသမီးဝန်ထမ်းများကို အစည်းအဝေးခန်းပြင်သို့ ထွက်ခိုင်းသည်။) ထို့နောက် `` ဒေါင်းနိုင်သွားရင် ဒီကို အမေရိကန်ကောင်တွေ ရောက်လာလိမ့်မယ်။ ပြီးရင် ဒီကောင်တွေက အလကားနေကြမှာ မဟုတ်ဘူး။ ခင်ဗျားတို့ မအေတွေ၊ မိန်းမတွေ၊ နှမတွေ၊ သမီးတွေ တက်လုပ်ကြမှာ ခင်ဗျားတို့ အလုပ်ခံချင်ရင် ဒေါင်းကို မဲပေးကြ ကျုပ် တစ်ခုထပ်ပြောမယ်။ ခင်ဗျားတို့ စည်ပင်ကလူတွေအားလုံး ခြင်္သေ့ကို မဲမထည့်ရင် ဘယ်လိုအရေးယူမလဲဆိုတာ တွေ့ရမယ်။ ခင်ဗျားတို့အားလုံး ကျုပ်တို့ကိုပဲ မဲထည့်ကို ထည့်ရမယ်။´´ ဒါကတော့ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ ၀န်ထမ်းများအား ခြိမ်းခြောက် အကျပ်ကိုင်သော စစ်အာဏာရှင် စကားပင်ဖြစ်ပါသည်။ ၄င်းမှ ထိုသို့စကားပြောကြားနေစဉ်အတွင်း မည်သူတစ်ဦး တစ်ယောက်ကမှ ပြန်လည်ဖြေကြားသံ၊ ရှင်းလင်းတင်ပြသံတို့ကို လုံးဝမကြားရခဲ့ပါဟု အဆိုပါ အစည်းအဝေးကို တတ်ရောက်ခဲ့သော စည်ပင်ဝန်ထမ်းတစ်ဦးမှ ပြောပြခဲ့ပါသည်။ (၄င်း ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ အစည်းအဝေးအတွင်း စကားပြောသံများကို အသံဖမ်းယူပေးခဲ့သော စည်ပင်သာယာအဆောက်အဦးဌာနမှ ၀န်ထမ်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်။) http://www.wanna23.com/

ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ နိုင်ငံပိုင်သတင်းစာများတွင် ဦးအောင်သိန်းလင်းနှင့် တခြားသော ကြံ့ဖွံ့ပါတီ ခေါင်း ဆောင်များက နိုင်ငံပိုင် ဆောက်လုပ်ရေး လုပ်ငန်းများအား သွားရောက်စစ်ဆေးနေသည့် ဓာတ်ပုံများကို မကြာခဏ ထုတ်ဖော် ပြသနေသည့်အပြင် ၎င်းတို့အား ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များဟု မသုံးနှုန်းဘဲ အစိုးရအရာရှိများအဖြစ် ဖေါ်ပြနေ သည်။ အောက်တိုဘာလ အတွင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းသန်းနှင့်အတူ ၎င်း၏ မဲဆန္ဒနယ်မြေ အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားသို့ ဦးအောင်သိန်းလင်း တက်ရောက်ဖွင့်လှစ်ပေးသည့်ပုံကို နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြခဲ့သည်။ “ကျနော်ဝင်ပြိုင်မယ့် အမတ်နေရာမှာ သေချာပေါက် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် တဦးဖြစ်သူ ဦးတင်ထွန်းဦး ထုတ်ဝေသော မြန်မာတိုင်းမ်စ် အပတ်စဉ်စာစောင်၏ သတင်းဆောင်းပါး တပုဒ် တွင် ဦးအောင်သိန်းလင်းက ပြောဆိုခဲ့သည်။“တောင်ဥက္ကလာပမှာ ကျနော်အနိုင်ရတယ်ဆိုရင် ကျနော့် မဲဆန္ဒနယ်အတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ တခြားရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်တွေလည်း အလားတူ လုပ်ဆောင်ကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်”ဟုလည်း ဦးအောင်သိန်းလင်းက ယင်း ဆောင်းပါး၌ ဆိုခဲ့သည်။

10/01/2010

ထလော့ ရခိုင်……ရခိုင် ထလော့


သမိုင်း သုတေသီ ရမ္မာဝတီ အရှင်ပညာစာရကိစ္စက မပြီးပြတ်သေး။ ပြည်တွင်း ပြည်ပ ရခိုင်တွေကတော့ အင်အားတွေစုပြီး တွန်းလှန် နေကြဆဲဖြစ်တယ်။ တနည်းအားဖြင့် ပြောရရင် ခုခံ ကာကွယ်နေကြဆဲ ဖြစ်တယ်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ စသည်ဖြင့်၊ တဖက်ကလည်း လက်မှတ်ထိုး တောင်းဆိုတဲ့အလုပ်ကို လုပ်နေကြဆဲ။ ဘာဘဲဖြစ်ဖြစ် ပုံစံမျိုးစုံ အသွင်မျိုးစုံနဲ့ အလွှာပေါင်းစုံက ရခိုင်တွေအနေနဲ့ ခုခံကာကွယ်ရေး အလုပ်တွေကို သမိုင်း တာဝန်တရပ်အနေနဲ့ လုပ်ကြလိမ့်မယ် ယုံကြည်ပါတယ်။ အမျိုးထိရင် မချိအောင် နာတတ်တဲ့ ရခိုင်တွေအတွက် စိန်ခေါ်မှု တရပ်လည်း ဖြစ်နေပြန်တယ်။
အချို့ကလည်း မတရားတဲ့ အမိန့်အာဏာ အောက်က မတရားဖမ်း အမှုစီရင်ခြင်းဟာ မမှန်မကန်တဲ့ အဖြေ (မတရားတဲ့ ဆုံးဖြတ်)ချက်တွေဘဲ ထွက်လာလိမ့်မယ်လို့ မျှော်လင့်နေကြ၊ စိုးရိမ်နေကြတယ်။ အထူးသဖြင့် ဆရာတော်ကို ထောင်ထဲမှာ ရခိုင်သမိုင်းပညာရှင် ပဏ္ဍိတ်ဦးဦးသာထွန်းလို သတ်ပစ်ကြမှာကို အရမ်းစိုးရိမ်ကြတယ်။ တဖက်မှာလည်း အနာဂတ် ကြယ်ပွင့်လေးတွေရဲ့ အနာဂတ်၊ ပြီးတော့ ရခိုင့်ယဉ်ကျေးမှု သမိုင်းအမွေအနှစ်တွေ ။ ကျနော်တဦးတယောက်ထဲ အထင်ပြောရရင် နအဖ စစ်အုပ်စုအနေနဲ့ အရမ်းလွယ်လွယ်ကူကူ ကိုင်တွယ်လို့ရမယ့်ကိစ္စလို့ မြင်ပုံရပါတယ်။ တကယ့်တကယ် လက်တွေ့မှာတော့ နအဖထင်သလို လွယ်လွယ်ကူကူ ကိုင်တွယ်လို့ရမှာမဟုတ်ဘူး။ ယမ်းပုံ မီးကျမယ့်ကိန်း ဖြစ်နေတယ်။ ထိရဲ ထိကြည့်ပါလို့ နအဖကို ပြန်လည် စိန်ခေါ်ရမှာဖြစ်တယ်။ အမှန်ကတော့ အရမ်းထိလွယ် ရှလွယ်တဲ့ကိစ္စဆိုတာကို ဒီအချိန်မှာ နအဖလည်း နားလည် သဘောက်ပေါက်လောက်ပြီ ထင်ပါတယ်။ ရန်ကုန်မှာ ကျောင်းတက်နေတဲ့ ရခိုင်ကျောင်းသား ကျောင်းသူတွေရဲ့ တောင်းဆိုချက်တွေဟာ ရခိုင်ပြည်ရှိ ကျောင်းတွေထိ ကူးစက်လာနိုင်ပါတယ်။ ရခိုင်ပြည်က ကျောင်းထိုင် ဆရာတော် (၁၅) ပါးရဲ့ မေတ္တာရပ်ခံချက်ကို ဥပေက္ခာပြုပြီး ဆရာတော်ဦးပညာစာရကို ထောင်ချခဲ့မယ်ဆိုရင် ရခိုင်တပြည်လုံးရှိ ရဟန်း သံဃာတော်တွေအထိ ကူးစက်သွာနိုင်ပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာလည်း ရခိုင်လူထုကို လှုပ်ခါနိုင်ပါတယ်။ ဒီအဖွဲ့အစည်းတွေရဲ့ နိုးကြား ထကြွမှုဟာ ရခိုင်တပြည်လုံးကို ဦးဆောင်နိုင်ပါတယ်။ လူမျိုးရေးကို နွယ်လာတဲ့အတွက်ကြောင့် ဗမာ့စစ်တပ်ထဲက ရခိုင်တွေ အရှင်နာဂိဓမော်ကွန်းကိုတော့ မမေ့လောက်သေးပါဘူး ။
လွတ်လပ်ရေးရပြီး နောက်ပိုင်း ရခိုင်ပညာရှင်တွေ တနည်းနည်းနဲ့ သတ်ပစ်ခံခဲ့ရဖူးတဲ့ သမိုင်းအတွေ့ အကြုံတွေ ရှိနေပြီးသားပါ ။ အထူးသဖြင့် ရခိုင့်သမိုင်းတွေကို ရခိုင်လူထုသိအောင် ကမ္ဘာကသိအောင် ဖော်ထုတ်တဲ့ ရခိုင်ပညာရှင်တွေ သုတေသီတွေ သတ်ပစ်ခံခဲ့ရတဲ့ သမိုင်းအတွေ့အကြုံက ရှိပြီးသားပါ။ ဒီတခါထိရင် ရခိုင်တွေ ဘာလုပ်မလဲ။ ရခိုင်သမိုင်းတွေကို ရခိုင်တွေပြန်လည် သိရှိလာအောင် ကြိုးပမ်းမှုတွေအားလုံးဟာ မဟာလူမျိုးကြီးဝါဒဘက်က ရပ်သူတွေအတွက်ကတော့ မဟာရန်သူဖြစ်မှာ သေချာပါတယ်။ ဒီဆရာတော်ကတော့ ပိုမိုထူးခြားတယ်။ လေလွင့်သွားမယ့် မိဘမဲ့ကလေးငယ်တွေကို ထိန်းချုပ်ထားနိုင်တယ်။ ပြီးတော့ အနာဂတ် ပျောက်မသွားအောင် အနာဂတ်ကို လမ်းညွန် ပေးနိုင်သူဖြစ်တယ်။ လူငယ်တွေရဲ့သဘာဝက အနာဂတ်ရဲ့ ကြယ်ပွင့်တွေဖြစ်တယ်။ သိပ္ပံမောင်ဝစကားနဲ့ ပြောရရင် အနာဂတ်မှာ သမ္မတလောင်း၊ ၀န်ကြီးချုပ်လောင်း၊ ပညာရှင်လောင်းတွေ မပါဘူးလို့ ဘယ်သူတတ်အပ်ပြောနိုင်မှာလဲ။ ထို့အတူ ရခိုင်စာပေဆန်းသစ်ရေးကို ကိုယ်တိုင် ကြိုးပမ်းနေပြီး ကစဥ့်ကလျားဖြစ်နေတဲ့ ရခိုင်ယဉ်ကျေးမှု သမိုင်းအမွေအနှစ်တွေကို စုစည်းထိမ်းသိမ်းနေတာ ဖြစ်တယ် ။ ဒီလို ထူးခြားချက်တွေက လည်ချောင်းထဲက ဆူးတချောင်းလိုဖြစ်နေမှာ သေချာပါတယ်။ ရခိုင်တွေအတွက်တော့ “ဆူး” တချောင်း မဟုတ်ပါဘူး ။ “ဆောက်” တချောင်းသာဖြစ်တယ်။ အနာဂတ်ကို ထုဆစ်နေတဲ့ ဆောက်တချောင်း ။
အနာတ်ကြယ်ပွင့်တွေဖြစ်တဲ့ ဒီကလေးငယ်တွေက နင်းချေပစ်ဖို့ ရခိုင်ပြည်နဲ့အဝေးဆုံးကို ဆွဲထုတ်သွားပြီ ။
ဒေသခံလူထုက ဒီကလေးငယ်တွေကို တာဝန်ယူဖို့ ပြောနေတဲ့ကြားက ဗမာပြည်ကို အဓမ္မ ပို့ပစ် လိုက်ခြင်းဟာ ရခိုင်တွေ လက်ပိုက် ကြည့်နေလို့ မရဘူးဆိုတာကို ပြသ လိုက်တာဖြစ်တယ် ။
ရခိုင်ယဉ်ကျေးမှု သမိုင်းအမွေအနှစ်တွေကော ဘယ်မှာလဲ။ ဆရာတော်ကိုလည်း လုပ်ကြံဖန်တီးပြီး ဖမ်းထားတယ်ဆိုတာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပါတယ် ။ ပြန်မလွတ်ဘဲ အဓမ္မထောင်ချပစ်ရင် ဘာလုပ်မလဲ ။ ဒါတွေကတော့ ရခိုင်ပြည်သူ ပြည်သားအတွက် တကယ့်စိန်ခေါ်မှုတရပ်ဖြစ်ပါတယ် ။ ဒီနေရာမှာတော့ ဆရာတော်လွတ်မြောက်ရေး ၊ ဗမာပြည်ကို အဓမ္မခေါ်ယူသွားတဲ့ ကလေးငယ်တွေ မူလနေရာကို ပြန်လည်ရောက်ရှိရေး ၊ အဓမ္မသိမ်းယူထားတဲ့ ရခိုင့်သမိုင်းအမွေအနှစ်တွေ မူလနေရာကို မပျောက်မရှိ ပြန်လည်ရောက်ရှိရေးနဲ့ မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်း ပြန်လည်ရှင်သန်လှုပ်ရှားရေးအတွက် ခုခံကာကွယ်ရေးကို အရှိန်မြှင့်လုပ်ဆောင်ဖို့လိုအပ်တယ် ။ ဒါတွေဟာ ရခိုင်လူထုအတွက် သမိုင်းကတင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တခုဖြစ်တယ် ။ ။
စာကြွင်း ။ ။ အရှင်နာဂိဓမော်ကွန်းကို စိန်ခေါ်လိုက်တာဖြစ်တယ် ဆောင်းပါး Arakan Review မှာ ရေးပြီး နောက်ပိုင်း ပြည်တွင်းနဲ့ရော ပြည်တွင်းနဲ့ဆက်စပ်နေသူတွေရော တပ်ထဲက ရခိုင်အချို့နဲ့ရော စကားတွေပြောဖြစ်ပါတယ်။ တပ်ထဲက ရခိုင်တွေ လက်ပိုက်ကြည့်မနေဖို့ ကျနော်ရေးတော့ ပြည်ပက လက်နက်ကိုင်အဖွဲ့စည်းတချို့ ထုတ်ပြန် ကြေငြာချက်လေး တစောင်တောင်မထုတ်ပြန်တာကို ထောက်ပြကြတယ်။ တဖက်ကလည်း ပြည်တွင်းထဲက ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ၀ိဇ္ဇာပညာရပ်များ အထူးပြု ရခိုင်ကျောင်းသား ကျောင်းသူများ (တက္ကသိုလ်များ – ရန်ကုန်) နဲ့ ရခိုင်ပြည် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပြည်က ကျောင်းထိုင်ဆရာတော်ကြီး (၁၅) ပါး လက်မှတ်ထိုး တောင်းဆိုခြင်း တွေနဲ့ နှိုင်းယှဉ်ပြကြတယ်။ ကျနော်ကတော့ ကျနော့် ဗီဇအတိုင်း နားဘဲထောင်နေခဲ့ပါတယ်။ ဆိုတော့ ပြည်ပ မှာရှိတဲ့ ရခိုင် အသိုင်းအ၀ိုင်း (နယ်သာလန်) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) ဗဟိုနဲ့ ဂျပန်ဌာနခွဲ၊ ရခိုင် အမျိုးသမီးများ အစည်းအရုံး၊ ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး ပါတီတို့ကို ကျနော့် ဆောင်းပါးမှာ တခုတ်တရ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ထို့အတူ အနာဂတ် ရခိုင်သမိုင်းမှာလည်း သမိုင်းအဖြစ်ကျန်ခဲ့မှာ သေချာပါတယ်။ ဆရာတော် လွတ်မြောက်ရေး လက်မှတ်ထိုး တောင်းဆိုချက်ကိုလည်း ကျနော် လှမ်းကြည့် ဖြစ်ပါတယ်။ ဘယ်သူတွေ ထိုးထားသလဲပေါ့၊ ဒေါက်တာအေးကျော်၊ ဒေါက်တာအေးချမ်းစတဲ့ ကျနော်သိတဲ့ ပုဂ္ဂိုလ်တွေပါသလို ကျနော်သိတဲ့ အရမ်းကို မျိုးချစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေ နာမည်လုံးဝ (လုံးဝ) ပါမလာတာတွေကိုလည်း တွေ့ရပါတယ်။ နိုင်ငံခြားသားတွေ နာမည်ကိုတောင် တွေ့ရပါ လျက်နဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ နာမည် မတွေ့ရတော့ စိတ်ထဲမှာ ကသိ ကအောက် ဖြစ်ပေမယ့် ဒါဟာ သမိုင်း ဆိုတာကို နားလည်လိုက်တယ် ။ ။


ခိုင်လင်း (မေဃ၀တီ)၁၅ ၊ ၉ ၊ ၂၀၁၀ ၁၀း ၁၀

9/30/2010

ဒီနေ့ စက်တင်ဘာလ ၃၀ရက်နေ့ မနက် ၆-နာရီ ၇ နာရီအတွင်း ရန်ကုန်မြို့၏ ကောင်းကင်ယံတွင် သာဿနာအလံချိတ်ဆွဲထားသည့် မိုးပျံပူပေါင်းများ လွင့်မျောဝဲပျံ နေသည်ကို တွေရကြောင်း သိရသည်။ အဆိုပါ ပူပေါင်းများမှာ ရန်ကုန်မြို့ နေရာ အနှံ့အပြားမှ တပြိုင်နက်တည်း လွတ်တင်လိုက်ဟန်ရှိသည်။ဗဟန်းမြို့နယ်အတွင်း အရှိန်ရော့ကာကျလာသည့်ပူပေါင်းများအလယ်တွင် စာကပ်ထားသည်ကိုတွေ့ရှိရပြီး စာပါအကြောင်းအရာမှာ ဒကာတော်တိုင်းမှူးကြီးသို့ဟု လိပ်မူထားပြီး ဖမ်းဆီးချုပ်နှောင်ခံနေရသော အသျှင်ပညာစာရ အမြန်ဆုံး ပြန်လွတ်ရေးအတွက် မေတ္တာရပ်ခံစာဖြစ်ပြီး ဆရာတော်၁၄ပါးက လက်မှတ်ရေးထိုးထားပါသည်။

















ဒီသတင်းနှင့်ပါတ်သက်ပြီး နောက်ခံအကြောင်းများကို ကောက်နှုတ်တင်ပြအပ်ပါသည်။


လွန်ခဲ့သည့်ဂျူလိုင်လ ၂၇ ရက်နေ့  နံနက်၁၀နာရီ ၁၅မိနစ်တွင် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိုင်းမှူးကိုယ်တိုင် ဦးဆောင်သော လုံခြုံရေးတပ်ဖွဲ့ ဝင်များစွာတို့  လက်နက်၊ ဒိုင်းကာများနှင့် စစ်တွေမြို့ ၊ ကန် တော်ကြီး၊ အာကျိပ်တော်ကုန်းရှိ မဟာမုနိဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်အား ရန်သူ့  စစ်စခန်း ၀င်စီးသည့် အနေ အထားမျိုးဖြင့် ၀ိုင်းထားလိုက်ကြသည်။ ထို့ နောက် ကျောင်းထိုင်ဆရာတော် ရခိုင်သမိုင်း သုတေသီ စာရေးဆရာ၊ အယ်ဒီတာ ရမ္မာဝတီအသျှင်ပညာစာရအား ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြသည်။ ဆရာတော်အား ဖမ်းဆီးပြီး နောက်၊ ဆရာတော်ကိုယ်တိုင် အနှစ်နှစ်အလလ ဆင်းရဲပင်ပန်းကြီးစွာ ရခိုင်ပြည်အနှံ့ ခြေကျင်ခရီးဆန့် လျက် ရှာဖွေ ဖော်ထုတ် စုဆောင်းထားခဲ့ သော ရခိုင်ပြည်သုံး ရှေးဟောင်းဒင်္ဂါးများ၊ ဓည၀တီခေတ်မှစ၍ မြောက်ဦးခေတ် ထိ ရခိုင်ဗုဒ္ဓရုပ်ပွားတော်များ ပုံတော်များ၊ ခေတ်အဆက်ဆက် ရေးထိုးခဲ့သည့် ရခိုင် ရှေးဟောင်း ကျောက်စာများ၊ ရခိုင်ရာဇ၀င်ကျမ်းများ၊ ရခိုင်ဆေးကျမ်းများ၊ ရခိုင်သမိုင်းဆိုင်ရာ ပေစာများ၊ ရခိုင်ပြည်တနံတလျားမှ ရှာဖွေထားသော ငစွေခြင်း၊ ဇန်းခြင်း၊ နတ်ခြင်း၊ သာခြင်း၊ ဧခြင်းများ အပါအ၀င်

ရှိရှိသမျှသော ရခိုင်စာပေ၊ ကျေးလက်ရိုးရာ တေးကဗျာ များကို တခုမကျန် အားလုံး သိမ်းကြုံး ယူဆောင်သွားခဲ့ကြသည်။ ဆရာတော်အား စစ်တွေအမှတ်(၁)ရဲစခန်း၌ အဓမ္မသင်္ကန်းဆွဲချွတ်၊
လူဝတ်လဲကာ ချုပ်နှောင်ပြီး၊ နိုင်ငံရေးမှု အပါအ၀င် အခြား လူမဆန်သည့် စွပ်စွဲချက်များ ဖြင့် ဖိအားပေး စစ်ဆေးလျက်ရှိသည်။ရခိုင်သမိုင်း သုတေသီ ရမ္မာဝတီ အသျှင်ပညာစာရသည် သက်တော်(၅၇)နှစ်၊ ၀ါတော်(၃၇)၀ါရှိပြီး၊ ရမ်းဗြဲမြို့ နယ်၊ ခွဆုံရွာသစ် (ကံ့ကော်တောင်)ရွာ ဇာတိဖြစ် သည်။ ခမည်းတော်မှာ ဦးရွှေလှဖြစ်ပြီး၊ မယ်တော် ဒေါ်ယင်မေညိုဖြစ်သည်။ ငယ်စဉ်က ရမ်းဗြဲမြို့ အင်းတောင် ဘုန်းတော်ကြီးကျောင်း၌ ပညာသင်ကြားခဲ့ပြီး၊ ပထမကြီးတန်းထိ အောင်မြင်ခဲ့သည်။ ငယ်စဉ်ကပင် ရခိုင်ရာဇ၀င်၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ စသည့် ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေ စုဆောင်း ဖော်ထုတ်လိုစိတ် နက်ရှိုင်းကြီးမားလှ သည်။

















-

ရခိုင်တစ်ပြည်လုံး ကျေးလက်တောရွာများသို့ ငတ်ပြတ်၊ ဆင်းရဲမှုဒဏ်ကို သည်းခံလျက် ရခိုင်ရိုးရာယဉ်ကျေး မှုကို တစိုက်မတ်မတ် သွားရောက် ရှာဖွေ ဖော်ထုတ် စုဆောင်းခဲ့သည်။ ရမ္မာဝတီမဂ္ဂဇင်း၊ ရခိုင်ရိုးမမဂ္ဂဇင်း အပါအ၀င် ရခိုင်ဒေသထုတ် မဂ္ဂဇင်း၊ စာစောင်များ၏ အမြဲတမ်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ရခိုင်ဒေသမဂ္ဂဇင်းများတွင်လည်း ရမ္မာဝတီ-ပညာစာရ အမည်ဖြင့် ရခိုင်ယဉ်ကျေးမှု ဆောင်းပါးများကို စဉ်ဆက်မပြတ် ရေးသားလျက်ရှိသည်။ ရမ္မာဝတီသဘာဝတေးကဗျာများ စာအုပ်အပါအ၀င် ရခိုင်ယဉ်ကျေးမှုသမိုင်းအမွေအနှစ်စာအုပ်များ ပုံနှိပ် ထုတ် ဝေခဲ့သည်။ ဆရာတော်ကို လေးစားသည့် နိုင်ငံတကာမှ သမိုင်းပညာရှင်များ မကြာခဏ လာရောက် အကူအညီ တောင်းခံကြရာတွင် သြစတြီးယား အမျိုးသားတက္ကသိုလ် ပါမောက္ခ ပင်မလာဂတ်မင် မှသည် ထိုင်းနိုင်ငံ ချူလာ လောင်ကွန်တက္ကသိုလ် ပါမောက္ခ ဂျက်လေဒါ အထိ ပါဝင်ကြသလို နိုင်ငံတကာ နှင့် ပြည်တွင်းမှ သမိုင်း၊ ရှေး ဟောင်းသုတေသန၊ အရှေ့ တိုင်းဘာသာရပ်များဖြင့် ဘွဲ့ ယူစာတမ်းပြုစုမည့် တက္ကသိုလ်ကျောင်းသားများ ကိုလည်း သမိုင်းဆိုင်ရာ အချက်အလက်များကို လူမျိုးမရွေး၊ ဘာသာမရွေး ကူညီဆောင်ရွက်ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန၊ ရှေးဟောင်းသုတေသနဌာန၊ စစ်တွေတက္ကသိုလ်၊ စစ်တွေ ရခိုင်ယဉ်ကျေးမှုပြတိုက်တို့ အတွက် များစွာ အထောက်အကူပေးခဲ့သည်။ ရခိုင်ပြည်နယ်တွင်းရှိ ရခိုင်ယဉ်ကျေးမှု ဆောင်းပါးများ၊ စာအုပ်များရေးသား ထုတ်ဝေနေသည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တိုင်း ဆရာတော်ထံမှ ပုံစံမျိုးစုံဖြင့် အကူအညီ ယူခဲ့ကြရသည်။ မြန်မာနိုင်ငံ သမိုင်းသုတေသနဌာန၊ မြန်မာစာအဖွဲ့ တို့ မှပုဂ္ဂိုလ်များလည်း မကြာခဏ လာရောက်၍ ဆွေးနွေး အကူအညီတောင်းခံလေ့ရှိကြသည်။၁၉၉၀ခုနှစ်တွင် ဆရာတောာ်သည် စစ်တွေ၊ကန်တော်ကြီးရပ်ကွက်၌ ရခိုင်သို့ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာ စရောက်သည့် အမှတ်သင်္ကေတ ဓည၀တီိခေတ် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို အစွဲပြု ၍ မဟာမုနိဗုဒ္ဓ၀ိဟာရ အမည်ရှိ ၀ါးကျောင်းငယ်တစ်ခုကို စစ်တွေမြို့ မှ ရခိုင်စာပေသမားများနှင့် ဆောက်လုပ်ခဲ့သည်။ ဆွမ်းအခက်အခဲ ရှိ၍ ဆန်နို့ စည် ၁ဗူး လူ ၄ ယောက် စားသောက်လျက် မဟာမုနိကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ဆင်းရဲ ငတ်ပြတ်မှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေရသော်လည်း ရခိုင်စာပေ၊ ရခိုင်တောင်ပိုင်း မြောက်ပိုင်း ညီညွတ်ရေး အတွက် ဆရာတော် အပြုံးမပျက်ဘဲ ကန်တော်ကြီး၊ မင်းဂံရပ်ကွက်များမှ ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများ ကို၊ ရာနှင့်ချီလျက် မူလတန်းမှ အထက်တန်းထိ အခမဲ့ ပညာသင်ကြားပေးရုံမျှမက အစွန့် ပစ်ခံ ရင်ခွင်ပိုက် မိဘမဲ့ကလေးငယ်များကိုလည်း ကောက်ယူ ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ ကုလားများက မူဆလင်အဖြစ် အသွင်ပြောင်းရန် လူကုန်ကူးခံရမည့် ရခိုင်မိဘမဲ့ကလေးများကို တဖက်လှည့်ဖြင့် ငွေနှင့်လဲလှယ် ယူလျက် မွေးမြူကာ ဗုဒ္ဓဘာသာ သင်္ကန်းစည်းပေးခဲ့သည်။










-
-
-
-
စက်တင်္ဘာလ ၇ ရက်နေ့က ဆရာတော်ပညာစာရအား တရားမျှတစွာ စစ်ဆေးရန် စစ်တွေ ပုဏ္ဍားကျွန်း မင်းပြားမြို့နယ်များမှ ဆရာတော် ၁၅ ပါးက အနောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းထံ စာရေး မေတ္တာ ရပ်ခံခဲ့သော်လည်း တစုံတရာ ပြန်ကြားမှု မရှိကြောင်း သိရသည်။

ဆရာတော် အရှင်ပညာစာရကို နေ့စဉ်ဆက်တိုက် ရုံးထုတ်စစ်ဆေးနေပြီး ဆရာတော်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေနှစ်ဦးကိုလည်း တနင်္လာနေ့က ရှေ့နေပါဝါ ရုတ်သိမ်း လိုက်သည့်အတွက် ယခုအခါ ဆရာတော် အမူတွင် အစိုးရဘက်က အနိုင်ရရေး အတွက် ရှေ့နေ သုံးဦး လိုက်ပါ ဆောင်ရွက်နေကြောင်း၊ ဆရာတော်ဘက်မှ ရှေ့နေမ ဒေါ်အေးနုစိန်က တဦးတည်းသာ လိုက်ပါ ဆောင်ရွက်နေကြောင်း၊ မြို့ခံအများအပြား ကလည်း ဆရာတော်ဘက်မှ ရပ်တည်ပြီး သက်သေထွက် ဆိုနေကြကြောင်းသိရသည်
ဆရာတော်အပေါ်စစ်အစိုးရက မဟုတ်မတရားလီဆယ် စွတ်စွဲမှုပြုရာတွင် မာတုကာမများနှင့် ဖါက်ပြန်ကျူးလွန် သည့်အမှုလည်းပါရှိရာ စစ်အစိုးရတင်သောသက်သေ ဒေါ်မာလာနှင့် မသန်းမေတို့မှ မိမိတို့မှာ ဆရာတော်နှင့် တစုံတရာ ပြစ်မှားမိခြင်း မရှိကြောင်း ရုံးတော်တွင် တိုက်ရိုက် လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။
ယခုအခါ ဆရာတော်အား မဟုတ် မတရား စွပ်စွဲထားသည့် အမှု ၇ မှု အထဲမှ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှုနှင့် တခြား စွဲချက်တခုကို တရားရုံးမှ လုံးဝ ပလပ် လိုက်ပြီး ကျန် ၅မှုကိုသာ စစ်ဆေး နေသည်။
စစ်တွေမြို့ခံအများအပြားမှာ ဆရာတော်အား ဖမ်းဆီးစဉ်က ဆရာတော်နှင့် ပတ်သက်ပြီး ယောင်လည်လည် ဖြစ်နေခဲ့သော်လည်း ယခုအခါ အဖြစ်မှန်ကို နားလည် သဘောပေါက်လာကြပြီးဆရာတော်ဘက်မှာ သိသိသာသာ ရပ်တည် လာကြသည်ဟုသိရသည်။


9/29/2010

စံပြအစိုးရ ဆုကို မြန်မာပြည် နအဖအစိုးရအား ပေးသင့်

ဆယ်စုတခုအတွင်း စံပြအစိုးရ ဆုကို မြန်မာပြည် နအဖအစိုးရအား ပေးသင့်ကြောင်း ကမ္ဘာမကြေ ဘလောက်မှ အဆိုပြုပါသည်။
ထိုအဆိုအတွက် နအဖအစိုးရ အနေနှင့် ထိုက်ထိုက်တန်တန်ရထိုက်ကြောင်း အကိုးအကားအားဖြင့် ၂၈။၉။၂၀၁၀ ထုတ် ကြေးမုံသတင်းစာပါ “ဧရာဝတီတိုင်းဒေသကြီးအတွင်း အဟောင်းအဟောင်းများ၏ နေရာတွင် အသစ်အသစ်များဖြစ်ပေါ်လာ မြေအုပ်တို့ ပြိုပျက်သွားသည့်နေရာတွင် ကျောက်စိုင် ကျောက်အုပ်တို့ဖြင့်အခိုင်အခံ့ တည်ဆောက်ပြီးဖြစ် နာဂစ်ကို အောင်နိုင်ခြင်းသည် နိုင်ငံတော်အစိုးရ ပြည်သူနှင့်တပ်မတော် စည်းလုံးညီညွတ်သော စွမ်းအားကြောင့်ဖြစ်” ဟုရေးသားထားသော ခေါင်းကြီး အား သက်သေခံထားဖေါ်ပြအပ်ပါသည်။

“ ပုံပေါ်တွင်ကလစ်ပီးကြည့်ပါရန်။”








9/28/2010

ပြည်သူ့အတွေး ပြည်သူ့အရေးနဲ့ ပြည်သူ့ခံစားမှု

-
(၂၀၁၀ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကြောင့်သာ ဒီလို ဖော်ပြခွင့်ရတယ်လို့ ဆိုရမယ့် ဆောင်းပါးမျိုးပါ။)
-
ယခုနှစ် နိုဝင်ဘာမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ကြေညာ ထားပါပြီ။ အဲဒီ ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေ ကရော၊ တစ်သီးပုဂ္ဂလ အနေနဲ့ရော ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမယ့် စုစုပေါင်း ကိုယ်စားလှယ်လောင်း ဦးရေ ဘယ်လောက်ရှိမလဲ၊ အဲဒီသူတွေကို တစ်ပြည်လုံးမှာရှိတဲ့ မဲပေးခွင့် ရှိသူဦးရေ ဘယ်လောက်က မဲပေးကြမလဲ ဆိုတာဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ နိုင်ငံရေး စိတ်ဝင်စားသူတွေ အကဲခတ်နေကြတဲ့ အချက်ပဲ ဖြစ်ပါတယ်။ပြည်သူ လူထု ကြားထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားမှုကတော့ တိုင်းပြည်မှာ အခု ရွေးကောက်ပွဲပြီးရင် ဘာတွေ ဘယ်လို တကယ် ပြောင်းလဲလာမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ အချို့သော သူတွေကတော့ ဒီနေ့ အချိန်အခါကို ပါရာဒိုင်း အပြောင်းအလဲပဲ၊ ပါရာဒိုင်း အပြောင်းအလဲကို ရှေးရှုနေပြီပဲလို့ ပြောဆို နေကြပါတယ်။
-
ပါရာဒိုင်း အပြောင်းအလဲလား
.
ပါရာဒိုင်း အပြောင်းအလဲ ဆိုတာ ပတ်ဝန်းကျင် အနေအထား၊ ခြုံလွှမ်းနေတဲ့ အာဝါသ၊ လူတွေရဲ့ ပြုမှု လှုပ်ရှားမှု၊ အနေအထိုင် အမူအကျင့် စိတ်ခံစားမှု၊ တန်ဖိုးထားမှု၊ ယုံကြည်ချက်၊ မျှော်မှန်းချက်တွေ အားလုံး အရင်ကနဲ့မတူ ပြောင်းလဲ လာတာကိုမှ ပါရာဒိုင်း အပြောင်းအလဲလို့ ပြောလို့ ရမှာပါ။ ဒီလို လုံးလုံး လျားလျား အပြောင်းအလဲမျိုး မြန်မာပြည်မှာ မတွေ့ရသေးပါဘူး။
ပြည်သူတွေရဲ့ စိတ်ပါဝင်စားမှုဟာ အရင်အတိုင်း ပါပဲ။ ပြည်သူတွေရဲ့ အမူအကျင့် အနေအထိုင်ဟာ၊ ပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေး ဘဝတွေဟာ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက် မျှော်မှန်းချက်တွေဟာ၊ ပြည်သူတွေရဲ့ တန်ဖိုး ထားမှုတွေဟာ၊ နိုင်ငံရဲ့ အထွေထွေ အခြေအနေတွေဟာ လုံးလုံး လျားလျား ပြောင်းလဲသွားတာမျိုး မမြင်ရသေးပါဘူး။ အပြောင်းအလဲတော့ ရှိတာ ရှိပါတယ်။ ပါရာဒိုင်း အပြောင်း အလဲတော့ မဟုတ်ပါဘူး။ ခုချိန်ထိမှာတော့ ပြည်သူလူထုရဲ့ စိတ်ပါဝင်စားမှု၊ ခံစားချက်၊ မျှော်မှန်းချက်တွေဟာ အရင်ကလိုပါပဲ။ ၁၉၉၀ တုန်းကလို ပါပဲ။ ၁၉၈၈ တုန်းကလိုပါပဲ။ ၁၉၇၄ တုန်းကလိုပါပဲ။ ၁၉၆၂၊ ၁၉၅၈၊ ၁၉၄၈ တုန်းကလိုပါပဲ။ မပြောင်းလဲပါဘူး။ လူတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးမှာ လူချင်းတူတူ၊ သူချင်းမျှမျှ ဒီမိုကရေစီ အခွင့်အရေးတွေ ရရှိလာဖို့ဆိုတဲ့ မျှော်မှန်းချက်တွေ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးမှာ အမျိုးသား ညီညွတ်ရေး အမျိုးသား ရင်ကြားစေ့ရေး၊ တပ်မတော်နဲ့ နိုင်ငံရေး အင်အားစုများ ကြားမှာ စေ့စပ် ဆွေးနွေး ညှိနှိုင်းပြီး တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးကို အဖြေရှာထူထောင်ရေး စတဲ့ မျှော်လင့်ချက်တွေကို ရင်မှာပိုက်ထားဆဲ ဖြစ်ပါတယ်။
-
အစိုးရ အပြောင်းအလဲလား
.
ရွေးကောက်ပွဲကနေ အစိုးရ အပြောင်းအလဲ ဖြစ်မှာလား၊ အဲဒီ အစိုးရသစ်က ပြည်သူလူထုရဲ့ လူမှုရေး စီးပွားရေး ဘဝတွေကို ဘယ်လို တာဝန် ယူပေးမှာလဲ။ ဘယ်လို အာမခံပေးမှာလဲ။ ကျွန်တော်တို့ရဲ့ ဘဝတွေ တိုးတက်မြင့်မား လာမှာလား။ အရင်တုန်းကလို ချမ်းသာတဲ့သူတွေက ပိုပို ချမ်းသာပြီး အခွင့်အရေးတွေ ပိုပိုရပြီး၊ ပြည်သူတွေက ဒုံရင်းဒုံရင်းပဲ ဖြစ်မှာလား စတဲ့ မေးခွန်းတွေကလည်း မဲပေးမယ့် ပြည်သူလူထုဆီမှာ ရှိနေပါတယ်။ရင်ထဲရှိတဲ့ အတိုင်း၊ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို မေးရရင်၊ ဒီလို မေးခွန်းတွေ လာမှာပါ။ ရွေးကောက်ပွဲမှာ ကျွန်တော်တို့က ခင်ဗျားတို့ကို မဲပေးလိုက်ပြီ ဆိုပါတော့၊


ကျွန်တော်တို့တွေ ခုထက်ပိုပြီး အသက်ရှည်ရှည် နေရမလား၊ ကျန်းကျန်း မာမာ နေရအောင် ခင်ဗျားတို့က စောင့်ရှောက် မလား၊ ခုထက်ပိုပြီး ထမင်းကောင်း၊ ဟင်းကောင်း စားရမလား၊ ကျွန်တော်တို့ သားသမီးတွေရဲ့ ပညာရေးက ခုထက်ပိုပြီး အကုန်အကျ နည်းနည်းနဲ့ အဆင့်အတန်း မြင့်မြင့် ပညာရေး ဖြစ်လာမလား၊ ကျွန်တော်တို့ နေနေရတဲ့ လျှပ်စစ်မီး မလာ၊ ရေရှား၊ လမ်းမကောင်း ဘတ်စ်ကားကျပ် ဘဝတွေ ပိုကောင်း လာမလား၊ ကျွန်တော်တို့တွေကို တရား ဥပဒေက စောင့်ရှောက်ပေးမလား၊ လွတ်လပ်ပွင့်လင်းတဲ့ သတင်းစာတွေ၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြား အစီအစဉ်တွေ ဖတ်ရ၊ နားထောင်ရ၊ ကြည့်ရမလား စတာတွေ ပေါ့လေ။
ရွေးကောက်ပွဲက ရွေးလိုက်တဲ့သူတွေက ဥပဒေပြုရေးကို အဓိကလုပ်ရမှာ ဖြစ်ပြီး ဘယ်လို ဥပဒေကို ဘယ်လို ပြဋ္ဌာန်းမှာလဲ ဆိုတာကို ပြည်သူလူထုက သိပ်နားမလည်ပါ။
-
-
-
-
-
-
-
-
-
-
-
-
-
ပြည်သူလူထု နားလည်ချင် တာက ရွေးကောက်ပွဲမှာ သွားပြီး ဒီကိုယ်စားလှယ် လောင်း တွေကိုမဲပေးလိုက်ရင် တို့ဘဝတွေ ဘာတွေ ပြောင်းလဲသွားမလဲ၊ ဘာတွေ ပိုတိုးတက်လာမလဲ၊ ဘာတွေ ပိုကောင်း လာအောင် ဒီလူတွေက လုပ်ပေးမလဲ ဆိုတာ ဖြစ်ပါတယ်။

-
ပြည်သူမြင်ထားတဲ့ အစိုးရ
.
တာဝန်ပြည်သူတွေက အစိုးရဆိုရင် ငါတို့အတွက် အကုန် လုပ်ပေးရမယ်လို့ မြင်ထား၊ မျှော်လင့် ထားပါတယ်။ ဒါကလည်း သဘာဝ ကျပါတယ်။ အစိုးရနဲ့ ပြည်သူအကြား ကတိကဝတ် ပြုကြပြီဆိုရင် အစိုးရကလည်း ပြည်သူတွေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ၊ တာဝန်တွေကို ဦးစားပေး ပြောကြသလို၊ ပြည်သူလူထု ကလည်း အစိုးရရဲ့ တာဝန်တွေကို ပြောနေကြမှာပဲ။အဲဒီမှာ ပြည်သူလူထုက အစိုးရကို လုပ်ပိုင်ခွင့်တွေ ပေးတယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေကို စီမံခွင့်ပေးတယ်။ ဘဏ္ဍာ ငွေကြေး အခွန် အတုတ်တွေကို စီမံခန့်ခွဲခွင့် အပ်နှင်း ထားတယ်။ ဒီတော့ အစိုးရက ဒီလုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲခွင့် တွေကို အသုံးချပြီး ပြည်သူ့ ဘဝတွေကို တာဝန် ယူပေးရမယ်လို့ နားလည် ထားကြပါတယ်။ရွေးကောက်ပွဲမှာ မဲပေးလိုက်ရင် ပြည်သူက ရွေးချယ်လိုက်တဲ့ အစိုးရတစ်ရပ် ပေါ်လာပြီး အဲဒီ အစိုးရက ပြည်သူ့ဘဝတွေကို အာမခံချက် ပေးရမယ်။ ပြည်သူ့ တာဝန်တွေ ကျေရမယ်လို့ ပြည်သူက မျှော်လင့်တယ်။ မလုပ်နိုင်ဘူး ဆိုရင်လည်း ပြည်သူ လူထုကို ပွင့်ပွင့်လင်းလင်း ပြောပြရမယ်။ ဒါကတော့ မဖြစ်နိုင်ဘူး၊ ဒီလောက်ပဲ ရမယ်၊ ဟိုဟာကတော့ ကျုပ်တို့ မှားသွား တယ်၊ ဒီအတွက် ကျုပ်တို့ အစိုးရမှာ တာဝန်ရှိပါတယ်၊ စသဖြင့်ပေါ့လေ။ အဲဒီလို တာဝန်ယူတဲ့၊ တာဝန်ခံတဲ့ အစိုးရမျိုးကို ပြည်သူလူထုက မျှော်လင့်နေတာပါ။

ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးဥပမာ၊ ပြည်သူတွေ အသက်ရှည် ကျန်းမာဖို့၊ အချိန်မတိုင်မီ အသက်မဆုံးရှုံးဖို့ ဆိုပါတော့။ မတော်တဆ ဖြစ်မှု တွေကို နည်းနိုင်သမျှ နည်းအောင် အစိုးရက စီစဉ်ရမယ်။ သဘာဝဘေး အန္တရာယ်ပဲဖြစ်ဖြစ်၊ လူလုပ် ဘေးအန္တရာယ်ပဲ ဖြစ်ဖြစ် အစိုးရက ဘက်စုံစဉ်းစားပြီး အကာ အကွယ်များကို စီမံပေးနိုင်ရမယ်။ အစားအသောက် အနေအထိုင်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဖန်တီးပေးရမယ်။
ဆေးတို့ ဆေးရုံတို့ ဆရာဝန်တို့ ကျန်းမာရေး ဝန်ထမ်းတို့ကို လုံလောက်အောင်၊ မျှတအောင် စီစဉ်ပေးရမယ်။ ဒီလို ဖန်တီး စီစဉ်ရာမှာ လူတွေဘက်က လိုက်နာရမယ့်၊ တာဝန်ယူ ရမယ့် အခန်း ကဏ္ဍ များကိုလည်း ဥပဒေပြု ပြဋ္ဌာန်းပြီး အရေးယူ ဆောင်ရွက်တဲ့ နည်း၊ လူတွေကို ကျန်းမာရေး အသိရှိလာအောင် ပညာပေး တဲ့နည်း၊ လူတွေ လိုက်နာ ဆောင်ရွက်အောင် လှုံ့ဆော် နှိုးဆော်တဲ့နည်း၊ လိုက်နာနိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေမျိုးကို ထူထောင်ပေး တဲ့နည်း စတဲ့ နည်းမျိုးစုံကို အစိုးရက တာဝန်ရှိရှိ လုပ်ကိုင်ပေးဖို့ လိုတယ်လို့ ပြည်သူလူထုက နားလည် ထားပါတယ်။
ပြည်သူလူထုရဲ့ အတွေးဟာ အလွန် ရိုးစင်းပါတယ်။ပြည်သူတွေဟာ အဲဒီလို လုပ်ပေးနိုင်တဲ့ အစိုးရမျိုးကိုသာ ရွေးချယ်ခွင့် ရချင်တယ်။ ရွေးချယ် ပေးချင်တယ်။ ပြည်သူတွေက အဲဒီလို တာဝန် ယူတတ်တဲ့ အစိုးရမျိုးသာ ရမယ်ဆိုရင် ရွေးကောက်ပွဲကို သွားပြီး ပုံအော မဲပေး လိုက်မှာပါ။
-
ပြည်သူတွေဘက်ကရော
.
တချို့ကတော့ ပြောကြတယ်။ အခွင့်အရေးကို လိုချင်ရင် ပြည်သူ လူထုဘက်ကလည်း တာဝန် ယူရမယ်တဲ့။ ပြည်သူလူထုက ဘာတာဝန် ယူရမှာလဲ။ အဲဒီ တာဝန်တွေကို ယူရင် ခုနကပြောတဲ့ ပြည်သူ့ လိုလားချက်တွေ ရမှာလား ဆိုတာက ပြည်သူတွေရဲ့ မေးခွန်းပါ။ စည်းကမ်းလိုက်နာပါ၊ တိုင်းပြည်အကျိုး ဆောင်ရွက်မယ့် သူတွေကို လေ့လာ ဆန်းစစ်ပြီး မဲပေးပါ။ ဥပဒေနဲ့ ညီညွတ်အောင် နေပါ စသဖြင့် ပေါ့လေ။ ဟုတ်ကဲ့၊ ပြည်သူလူထုက အင်အား ရှိသလောက်၊ တတ်နိုင်သလောက် တာဝန်ယူကြ မှာပါပဲ။ တာဝန် ယူခဲ့ကြတာ ပါပဲ။ အမှိုက်ခွန်၊ မြူနီစပယ်ခွန်၊ မြေခွန်၊ ရေခွန် ပေးဆိုလည်း ပေးလိုက်တာ ပါပဲ။ ဓာတ်ဆီ ဈေးတတ်လို့ ဘတ်စ်ကားခတွေ တိုးတော့လည်း ပေးစီးလိုက်တာ ပါပဲ။

ကုန်ဈေးနှုန်း တက်လာတော့လည်း တချို့ဟာ ချွေတာစား၊ တချို့ဟာ လျှော့စား လုပ်လိုက်ရှာတာပါပဲ။ လျှပ်စစ်မီး မလာတော့လည်း သူ့အချိန်သူ မှတ်ပြီး နေသား ကျအောင် နေလိုက်ရှာတာပါပဲ။ ရေရှားတော့လည်း ဟိုက ဒီကရှာ၊ လာလှူတဲ့သူမျှော်၊ မလာတော့လည်း လျှော့သုံးနဲ့ ဖြစ်အောင် နေတာပါပဲ။ အခု ဒီရွေးကောက်ပွဲမှာ တာဝန်ကျေအောင် မဲပေးရမယ်တဲ့။

ဘယ်သူ့ကို ပေးရမှာလဲ။ ကိုယ်ပေးလိုက်တဲ့ သူတွေက အစိုးရ ဖြစ်လာပြီး အပေါ်မှာ ပြောခဲ့သလို တာဝန်ကျေတဲ့ အစိုးရ ဖြစ်လာမှာလား။ သူတို့ဆီက အဲဒီလို ကတိစကားတွေ ကြားရမှာလား။ ပြည်သူလူထု လိုချင်တဲ့ ပြည်သူကို တာဝန်ယူတဲ့ အစိုးရမျိုး ကျွန်တော်တို့ ဖွဲ့စည်းပါ့မယ်လို့ အနည်းဆုံး နှုတ်ကတိလောက် ဖြစ်ဖြစ် ပေးကြမှာလား။ အဲဒီလို လူမျိုးတွေ ပေါ်လာရင် ပြည်သူလူထုက သူ့ကို မဲပုံအော ပေးမှာပါ။ အမြဲတမ်း လိမ်လည် လှည့်ဖြား နေတတ်သူတွေ ပါလာရင်တော့ ပြည်သူလူထုက သူတို့ ဘာပြောပြော မယုံတော့တာမို့ သူတို့ကိုတော့ မဲပေး လိမ့်မယ် မထင်ဘူး။










-
ပြည်သူ့ခံစားချက်
.
အဲဒီတော့ ပြည်သူ့ ခံစားချက်က ဘာလဲ။ ကျွန်တော်တို့ တစ်တွေ မဲပေးတတ်ပါတယ်။ မဲလည်း ပေးဖူးပါတယ်။ ဒီတစ်ခါတော့ တို့လိုချင်တဲ့ အစိုးရမျိုး ရပါလိမ့်မယ် ဆိုပြီး မဲပေးခဲ့တာ ဖဆပလခေတ်က စလို့ပါပဲ။ တာဝန်ယူ တတ်တဲ့ အစိုးရမျိုး လိုချင်တယ်။ တာဝန်ခံတဲ့ အစိုးရမျိုး လိုချင်တယ်။ နိုင်ငံခြား တိုင်းပြည်တွေမှာတော့ ကြားဖူး တာပဲ။ ဘယ်ကိစ္စမှာ အမှား အယွင်းဖြစ်သွားလို့ ဝန်ကြီးက တောင်းပန်ပြီး ရာထူးက နုတ်ထွက် သွားတာတို့ ဘာတို့ပေါ့။ အဲဒီလို တာဝန် ယူတတ်တဲ့ အစိုးရမျိုး ပေါ်ပေါက် လာစေရမယ်လို့ ကတိခံဝန် လုပ်ပေးတဲ့၊ ပြောတဲ့အတိုင်း ကတိတည်မယ်လို့ ယုံကြည်ရတဲ့ ကိုယ်စားလှယ်လောင်းများ ရှိရင် ကြေညာ လိုက်ပါ။ အဲဒီလို ရွေးကောက်ပွဲ ကြေညာစာတမ်း ဖတ်ရရင်၊ ယုံလည်း ယုံကြည်ရတဲ့သူ ဖြစ်ရင် ပြည်သူတွေက ဘာမတက်ကြွစရာ ရှိမလဲ။ ပြေးပြီး ပုံအော မဲထည့်လိုက်မှာပေါ့။

မောင်းဆက်

ပိတောက်မြေ ကလာတာပါ။