၂၀၁၀ မတ်လ ၈ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတို့ကို ထုတ်ပြန်ခဲ့ပါသည်။အတော်လေး အသေးစိတ်ရေးထားပြီး အများပြည်သူ သိလိုသည်များကားမပါသေး။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုဘယ်တော့ဖွဲ့မှာလဲ။ ပါတီများစတင်မှတ်ပုံတင်ရမည့်သတ်မှတ်ရက် မှတ်ပုံတင်ကြေး တသီးပုဂ္ဂုလမှတ်ပုံတင်ခြင်းစသည်ဖြင့် မပါသေးပါ။
ကော်မရှင်ဥပဒေ၊ အခန်း(၂) ပုဒ်မ (၄) ပုဒ်မခွဲ (ခ) -ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသောပုဂ္ဂိုလ်အဖြစ် (နအဖ)စစ်အစိုးရ က ယူဆသူဖြစ်ရမည် - ဟူသော အချက်ကို မထည့်လျှင်လည်းကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို (နအဖ)စစ်အစိုးရ စိတ်ကြိုက်ရွေးချယ် ခန့်အပ်တာဝန်ပေးမည်ဖြစ်ကြောင်း အားလုံက သိပြီးဖြစ်သည်။ နအဖလူမဟုတ်လျှင်မည်သည့်ပုဂ္ဂိုလ်မျှ ကော်မရှင်အဖွဲ့ဝင် ဖြစ်လာစရာ အကြောင်းမရှိပါ။
နိဒါန်းအပါအဝင် အခန်း(၁)မှ အခန်း(၅)အထိ ဖွဲ့စည်းထားပြီး၊ ဥပဒေပုဒ်မပေါင်း (၂၇)ခု ပါရှိသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားသူက အခန်း (၂) ပုဒ်မ (၆) ၊ ပုဒ်မခွဲ(က)မှ (စ)အထိ ပြဌာန်းထားချက်များကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံချက်ကို ဝန်ခံချက်လက်မှတ် ထိုးရမည်ဖြစ်ရာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး” ကိုသဘောတူခြင်းဖြစ်သည်။ထိုကြောင့် ပါတီမှတ်ပုံတင်သည်နှင့် စစ်အစိုးရသည် အားလုံးကို ချုပ်ကိုင်ထားလိုက်ပြီးဖြစ်မည်။
ယင်းအချက်ကို လက်ခံနိုင်ခြင်းမရှိလျှင်လည်း နိုင်ငံရေးပါတီမဖြစ်တော့ပါဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေရဲ့  နောက်ဆုံးအပိုဒ် ၂၇ အရ - “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့  ဥပဒေ အမှတ်၊ ၄/၈၈) ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်” ဆိုပြီးအတိအလင်း ပါဝင်နေခြင်းဖြင့် ယခင်နိုင်ငံရေးပါတီ အဖြစ်တရားဝင်ရပ်တည်နေတဲ့ ပါတီ တွေဟာ တရားမဝင်တော့ဘူးလို့ပြောပြီးသားပါ။
အခုထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ကိုအဓိက ရိုက်ချက်ဖြစ်တယ်လို့ပြောနိုင်ပါတယ်။
ပုဒ်မ( ၂၇)မှာ “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ” (နဝတ) ဥပဒေအမှတ် ၄/၈၈ကို ရုပ်သိမ်းလိုက်သည်ဟု ဖေါ်ပြထားသည်။ ယင်းရုတ်သိမ်းချက်အရ တည်ဆဲနိုင်ငံရေးပါတီများ ရုပ်သိမ်းခံလိုက်ရသည့် အနေအထားဖြစ်ပါသည်။
ပုဒ်မ(၂၅) မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တရားဝင်တည်ရှိဆဲ နိုင်ငံရေးပါတီ(၁၀)ခုအတွက် ပြဌာန်း ထားချက်ပင် ဖြစ်ပါသည်။ ရက်ပေါင်း (၆၀)အတွင်း မှတ်ပုံတင် ပြန်လည်လျှောက်ထားရမည်။ ကော်မရှင်က ခွင့်ပြုလျှင် ဆက်လက် တည်ရှိမည်၊ သတ်မှတ်ရက်အတွင်း လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီသည် အလိုအလျောက် ပျက်ပြီးဖြစ်သည်”ဟု ဆိုသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် ရက်ပေါင်း(၆၀) အချိန်ရမည်။ အဖြေပေးရလိမ့်မည်။ မပေးလျှင် အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်လိမ့်မည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လိုအဖြေ ပေးမည်လဲ။
ရက်၆၀၏ ပထမနေ့ ခလုပ်ကို နအဖကအမြန်နှိပ်တော့မည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အချိန်ဆွဲနေ ၍ မရတော့ပါ။
တိုင်းပြည်နှင့် လူထုသို့ ရှင်းလင်းပြတ်သားသည့် အဖြေကို ပေးရတော့မည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်း ဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေတို့ကို စောင့်ပြီးလေ့လာစရာ မလိုတော့။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC တွေအားလုံး တွေ့ဆုံပြီး စဉ်းစားဆုံးဖြတ်နိုင်ဖို့အတွက် တွေ့ဆုံခွင့်ရဖို့စီစဉ်နေရန်အချိန်မရှိတော့ပါ။
တိုင်းပြည်နှင့် လူထုသို့ ဒီမိုကရေစီအရေး ဆက်လက်တိုက်ပွဲဝင်ရမည့် တိုက်ပွဲမဟာဗျူဟာနှင့် နည်းပရိယာယ်ကို ချပြရတော့မည်။
မဟုတ်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် တောင်းဆိုထားသည့် “ရွှေဂုံတိုင်ကြေညာ ချက်” ။
သက်ဆိုင်သူအားလုံး ပါဝင်ရေး/ တရားမျှတရေးဆိုသည့် စကားလုံးများမှာ လေထဲတွင်ပင် ပျောက်ကွယ်သွားတော့မည်။
ကျနောတို့ ပြည်တွင်းပြည်ပ အင်အားစုများ အနေနှင့် တိကျပြတ်သား ခိုင်မာသည့် တုက်ပွဲဝင်နည်းဗျူဟာ တခုကို ညီညွတ်စွာချမှတ်ပီးတညီတညွတ် လိုက်နာပူးပေါင်းဆောင်ရွက်ရန်အချိန်ကျနေပါပြီခင်ဗျား။
1 comment:
လည်လည်ရောက်တယ်
Post a Comment