ဗန်ကောက်အခြေအနေကတော့ ပုံမှန်ပါဘဲ။ ပုံမှန်ဆိုတာ ဟိုမရောက်ဒီမရောက် ဖြစ်နေတာပါ။၂ရက်၃ရက်အတွင်းက သွေးထွက်သံယိုတွေ ဖြစ်လိုက်သေးပေမဲ့ စစ်တပ်ကပစ်လို့မဟုတ်ပါဘူး။ရှပ်နီတွေက သူတို့ဖါသာသွေးတွေဖေါက်ပီး ၀န်ကြီးချုပ်အိမ်ခေါင်းရင်းမှာ သွားသွန်ကြလို့ပါ။
http://www.youtube.com/user/aungsanhtay69?feature=mhw4#p/u/5/FyilUtWAua4 အကျယ် တ၀င့်ကိုတော့ဒီမှာကလစ်ကြည့်ပါ။
သဘိတ်ရဲ့ စိန်ခေါ်မှု အထွဋ်အထိပ်နေ့
ဖြစ်တဲ့ တနင်္ဂနွေနေ့ အတွေ့အကြုံနဲ့ ကျနော့်ခံစားမှုအတွေးလေး ရေးဖြစ်ပါတယ်။
တနင်္ဂနွေနေ့၁၄။၀၃။၂၀၁၀။
ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိချာချီဝ အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြ ဖို့အတွက် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသက ဒေသခံထောင်ပေါင်းများစွာဟာ ဘန်ကောက်မြို့တော်ကို ရောက်လာနေကြပါတယ်။ ထရပ်ကားတွေ၊ တခြားယာဉ် အမျိုးမျိုးတွေနဲ့ ရောက်လာကြသူတွေကို လုံခြုံရေး အာဏာပိုင်တွေက ရှာဖွေနေကြတာဟာ ဆိုရင် ဘန်ကောက်မြို့အ၀င် အဝေးပြေးလမ်းတွေ ပေါ်မှာ ပြည့်နှက်နေခဲ့တာပေါ့။
၆၀၀,၀၀၀ ကနေ ၇၀၀,၀၀၀ ကြားလောက်ရှိမယ့် အင်္ကျီအနီဝတ် ဆန္ဒပြသူ ဒီမိုကရေစီ ညီညွတ်ရေး တပ်ဦး (UDD) အဖွဲ့ကို ထောက်ခံသူတွေက မြို့တော်ဘန်ကောက်မှာ ဆန္ဒပြပွဲတွေကို သွားရောက် အားပေးခြင်း ပူးပေါင်းပါဝင်ခြင်းများပြုကြပါတယ်။
အစိုးရကတော့ စစ်တပ်က နေ၀င်မီးငြိမ်းအမိန့် ထုတ်ပြန်ဖို့နဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ခွင့်ရှိတဲ့ ပြည်တွင်းလုံခြုံရေး ဥပဒေတရပ်ကို ပြဋ္ဌာန်းခဲ့ပြီး ဘန်ကောက်မြို့မှာတော့ စစ်သား၊ ရဲနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀,၀၀၀ လောက် ကင်းလှည့်နေကြတာ ဒီနေ့ဟာ၃ရက်မြောက်နေ့ဖြစ်ပါတယ်။
ကျနော်ကတော့ လူစုလူဝေးမြင်ရင် သေနတ်နဲ့ပစ်တတ်တဲ့ တိုင်းပြည်က လာသူမို့ စဖြစ်တဲ့နေ့ ကတည်းက အိမ်ထဲကအိမ်ပြင်မထွက်ပါဘူး။ ဒါပေမဲ့ဒီနေ့မနက် ၁၁နာရီလောက်မှာ တခြားမြိုတမြို့မှာ နေတဲ့ မြန်မာအမျိုးသမီး မိတ်ဆွေတယောက်က သူတယောက်ထည်း အိပ်စ်ပရက်စ်ဝေးပေါ်က ထွက်ပေါက် မှား ဆင်းမိလို့ လမ်းတွေပိတ်ထားတဲ့ကြားထဲရောက်သွားပီး ဘယ်ကထွက်ရမယ်မှန်းမသိ ဖြစ်နေတယ်လို့ ဖုန်းဆက်ပြောလာပါတယ်။ ဒါနဲ့ လမ်းမပေါ်မှာမနေနဲ့ ၀င်လို့ရတဲ့လမ်းသွယ်တခုထဲဝင်ရပ်ထား လမ်းနံပါတ် ပြော ကျနော်လာခဲ့မယ်ဆိုပြီး အိမ်ကမထွက်မဖြစ်ထွက်ရပါတော့တယ်။ မထွက်ခင် ၀တ်ထားတဲ့အင်္ကျီ သပိတ်သမားတွေရဲ့အနီ
မျိုးဆင်ဆင်မဖြစ်ဖို့ လုံခြုံရေးအရမသင်္ကာဖြစ်စေမဲ့ လွယ်အိပ်တွေဘာတွေမပါဖို့ ကအစ အတော် သတိထားခဲ့ပါသေးတယ်။

ကားလမ်းတွေတချို့ပိတ်နေတာမို့ အချိန်မကုန်အောင် လှေဆင်း စီးပါတယ်။ ရောက်လာတဲ့လှေပေါ် တက်ပီး ထိုင်မိမှ သတိထား မိတာ
က လှေပေါ်ပါသူ တ၀က်မကဟာ အင်္ကျီနီတွေနဲ့ သဘိတ်ပွဲ သွားမဲ့
သူတွေ တချို့ဆိုမိသားစုအလိုက် ကလေးတွေတောင်ပါသေး။
ကလေးတွေပါအင်္ကျီ အနီလေးတွေ ပေးဝတ်လို့။
သာကြီးယာကြီး ဘုရားပွဲ သွားသလားများ မှတ်ရတယ်။
သာကြီးယာကြီးဆိုလို့ တဆက်ထဲ တွေးမိတာက ကျနော်ဖြတ်သွားခဲ့ဖူးသော ကျနော်မှတ်သား ခဲ့ဖူးသော
ထိုင်းတို့အကြောင်းဖြစ်သည်။
ထိုင်းလူမျိုးတို့သည် သဘာဝစရိုက်အားဖြင့် အလွန်အေးဆေးသည့်လူမျိုးဖြစ်သည်။ ပျော်တတ်သည်။
အပျော်ကြိုက်သည်။ သွေးဆူတတ်သော ရန်လိုတတ်သောစရိုက်မရှိ။ စပ်စပ်စုစုမရှိ ဖါသိဖါသာနေတတ်သည်။
အလွန်ကိုသီးခံစိတ်ရှိသည်ဟုဆိုနိုင်သည်။ (သီးမခံနိုင်တော့သည့်အဆင့်ရောက်ပြီဆိုလျှင်တော့ သွေးအေး အေးနှင့်ရက်စက်တတ်သည်။ )
အပြောင်းအလဲသိပ်မကြိုက်။ ရိုးရိုးဘဲတွေးသည် ရိုးရိုးဘဲလုပ်မည် သိပ်မထွင်ဘူးဆိုသည့် အထဲကဖြစ်သည်။

ပျော်တတ်သည် အပျော်ကြိုက်သည် ဆိုရာမှာ ဆိုင်းသံကြားရင် အလိုလို လှုပ်လှုပ်ရွရွ ဖြစ်လာတတ်
တာလဲပါသည်။ ခနခနအမြဲ တွေ့ဖူးတာတခု ပြောပြရလျှင် ဈေးရောင်းပွဲလိုဟာမျိုး ဘာမဆိုင် ညာမဆိုင် သူ့ဖါသာ ဈေးဆွယ်ဂီတဖွင့်ထားတာ ခပ်မြူးမြူး ခပ်ကြယ်ကြယ်လေးတော့ရှိတာပေါ့ အဲဒါ အဲဒီရှေ့ကွက်လပ်မှာ အသလွတ်ဝင်ကနေကြတာ ပျိုပျိုအိုအို ကျားမ ဆိုဒ်အစုံ။
ဘိုက်ကြီးသယ်မ ဘိုက်ကြီးကားကားနဲ့ကနေတာကြည့်မလား ပခုံးပေါ်ခလေးထမ်းရက်ကနေတဲ့ကလေးအဖေကြည့်မလား အိုး အစုံတွေ့မယ်မ
ှတ်။
(ပုံများအပေါ်ကလစ်နှိပ်ပြီးချဲ့ပါ)
သီးခံတတ်သောအကြောင်းနဲ့ပါတ်သက်ပီး ယဉ်တွေ ကားတွေလူတွေ အပြန်အလှန် သီးခံနားလည်ပေးတာတွေ တလောက ဘတ်(စ်) ဆိုပီး တီကေ ရေးသွားသေးသည်။
အလွန်အကျွံ များပြား ရှုပ်ထွေးပြီး ပြည့်ကြပ်နေသည့်ယဉ်ကျောတွေထဲမှာ တဦးနှင့်တဦး တစီးနှင့်တစီး လက်ကလေးမြောက်ပြ ခေါင်းကလေးငြိမ့်ပြ ကိုယ်ကလေးညွတ်ပြနှင့် တဖြေးဖြေး တိုးဝင် လိုင်းဝင် လိုင်းပြောင်း နားလည် သီးခံမှုအပြည့်အ၀နှင့် နေ့တာဓူဝ သွားလာနေကြသည်မှာ ချီှးမွှန်းလောက်ပါပေသည်။
တယောက်ယောက်က အကြောင်းအမျိုးမျိုးကြောင့် မှားနေသည့်တိုင် အသာလေး လျော့ပေး
စောင့်ပေး ရှောင်ပေးတိမ်းပေး ခြင်းဖြင့် ကျနော်တို့ဆီမှာ ဂေါက်ဆွဲ ဒါးထုတ် ဒုတ်မိုး ပြဿနာမျိုးကို ငြိမ်းခြမ်းစွာ ဖြတ်သန်းနေကြသည်။
မတော်တဆယဉ်ခြင်းပွတ်မိချိတ်မိ ဆောင့်မိ တိုက်မိ မှုများတွင် သေနာကျိုးကန်း မယ်မယ်ရရ မဖြစ်လျှင် ယဉ်ထိမ်းရဲတောင် ၀င်မရှုတ် ဒိုင်လုပ်ပေးပြီး အခြင်းခြင်းနားလည်မှုဖြင့် ညှိနှုင်း ပြီးပြတ်စေလိုက်သည်သာ။

လူစည်ကားရာလမ်းကျဉ်းကျဉ်းမှာ ဗန်းခင်းပြီး ဈေးရောင်းသူကရောင်း လမ်းလည်ခေါင် ဂစ်တာတီးပြီး သဒ္ဒါကြေးရှာသူကရှာ (အပေါ်တန်းဝဲပုံ)
မီးခဲတရဲရဲနဲ့ အကင် အဖုတ်သယ်က (လ၀မ်လွန်ခရပ်) အပူလေးသတိထားပါခမြ ဆိုတာလေးနဲ့တရွေ့ရွေ့။ အလေးအလံတင်တွန်းလာတဲ့လှည်းက ခြေထောက်လေးများသတိထားပါခမြ(လ၀မ်ခါခရပ်)။
လမ်းသွား လမ်းလာများလဲ ဒီလိုဘဲ ရှောင်ပီးတိမ်းပီး သွားလိုက်သည်သာ ရှုပ်ရန်ကောဟု ဘယ်သူမှမညူစူ သူ့အလုပ်သူလုပ် ကိုယ်လမ်းကိုယ်သွား။
ဒီလောက် ရှုပ်ယှက်ခပ်နေတဲ့ လမ်းထဲကားဝင်လာလဲ သူ့ဟာနဲ့သူ ရှဲပေးခြဲပေး ဘာမှပူညံပူညံမရှိ ဟွန်းသံတောင် တချက်မကြားရ။ ၀န်အပြည့်တင်လာတဲ့ လက်တွန်းလှည်းနဲ့ စာတိုက်ဝန်ထမ်း စာပို့လုင် ဆိုက်ကယ် လူအုပ်ထဲကအရှောင်အတိမ်း ဈေးသည်ကလဲ သူ့ခုံစွန်းလေးရုပ်ပေး ဈေးဝယ်ကလည်း ဖယ်တန်တာဖယ် ဟန်ချက်ညီလှုပ်ရှားမှု ဒုတိယတန်းဝဲပုံမှာ မျှဝေခံစားကြည့်ပါ။

တခါးပိတ်ထားတဲ့အိမ်ရှေ့/ဆိုင်ရှေ့ မျက်နှာအလှပြင်ဆိုင်နဲ့အလှည့်စောင့်နေသူ။
ကုန်းမှာလည်းကုန်းအလျောက် ရေမှာလဲရေအလျောက် တစီးအ၀င်အထွက် လူအတင်အချ နားလည်မှုနှင့် ဆလိုးဒေါင်းချ ဆိုင်းပေးထားသော တူးမြောင်းကျဉ်း ပါစင်ဂျာမော်တော်များ။
အပြောင်းအလဲသိပ်မကြိုက်။ ရိုးရိုးဘဲတွေးသည် ရိုးရိုးဘဲလုပ်မည် -
အများစု စားလေ့စားထရှိသော ကွေ့တယို ဟုခေါ်သော ဆန်ခေါက်ဆွဲပြုတ်တမျိုးကို
ဗန်ကောက်မြို့ မြောက်ဖက် မိုင်လေးရာအဝေးလောက်က ချင်းမိုင်မြို့မှာ တပွဲဝယ်
ဗန်ကောက်မြို့ တောင်ဖက် မိုင်လေးရာအဝေးလောက်က ရနောင်းမြို့မှာ တပွဲဝယ်
ဗန်ကောက်မြို့ လယ်နှင့် ဗန်ကောက်မြို့ရဲ့ အရပ်လေးမျက်နှာမှာ တပွဲစီဝယ်ခဲ့။
ဈေး လဲအတူတူ အတိုင်းအဆလဲအတူတူ အရသာလဲ တထပ်ထည်းဖြစ်ကိုဖြစ်နေစေရမည်။
ဟိုဟာလေး ပိုထည့်ပါ ဒါလေးလျော့ထည့်ပါ သွားမပြောနှင့် သူမလုပ်တတ်တော့
အခန့်မသင့်လျှင် ခင်ဗျားကိုမရောင်းဘူးလို့တောင်ပြောခြင်ပြောလွှတ်မည်။
မလွဲသာလုပ်ပေးလဲ အစပ်အဟပ်မတဲ့ တော့။
သိပ်မထွင်ဘူးဆိုရာမှာ သူနှင့်မဆိုင်ဟု ထင်လျှင် လုံးဝစိတ်မ၀င်စား သူမသိတဲ့ဟာဆိုလျှင် သိခြင်စိတ်ကိုမရှိ။
ဆိုပါစို့ ဖလင်သုံး ကင်မရာရှိသူ သာမန်လူတယောက် ဒီကင်မရာနဲ့ ရိုက်လာတာလဲမနဲတော့။
သူ…. သူ့ ကင်မရာထဲ ဖလင်တခါမှမထည့်ဖူး ထည့်လည်းမထည့်တတ် ထည့်တတ်ခြင်စိတ်လဲ တခါမှမဖြစ်ဖူး။
ဓါတ်ပုံရိုက်ရန်လိုသောအခါ ဓါတ်ပုံဆိုင်ကိုသွားမည်။ ဓါတ်ပုံဆိုင်မှာ ဖလင်ဓါတ်ခဲ ကင်မရာနှင့် ဆက်စပ်ရာ အားလုံးရောင်းသည်။
အဲဒီမှာ ဖလင် ဓါတ်ခဲစသည် လိုတာဝယ်မည်။ ဆိုင်ကအားလုံးအသင့် ထည့်ပေးလိုက်သည်။ ကင်မရာတွေကလည်း ဖိုးကပ်စ်လုပ်ဖို့မလို အာပါချာရွှေ့စရာမရှိ စပိညှိစရာမလို
ခလုပ်နှိပ်ရုံ နောက်တကွက် မော်တာကရွှေ့ပေးအုံးမည်။ “ခြောက်-ရှစ်”။
ခြောက်-ရှစ်နေသမျှရိုက် ခြောက်ပီး မရှစ်တော့ရင်ကုန်ဘီ။ ဆိုင်ပြန်သွား ကင်မရာထိုးပေးလိုက် ဟိုက ဖလင်ထုတ် ပုံကူးပီး အသင့်။ အများစုဟာအကြောင်းအရာတောတော်များများမှာ ဒီလိုဘဲသွားသည်။
နေလည်းနေနိုင်သည်။ ဆိုပါအုံးစို့ အလုပ်သမားတယောက်။ သူ့စက်ခုံမှာခလုပ်၎ခုရှိသည်။
သူအလုပ်ဝင်သည့်နေ့က သူ့အားသင်လိုက်သည်မှာ ခလုပ် အစိမ်းနှိပ် ရှေ့ရွေ့သွားမယ်။
ခလုပ်အပြာနှိပ် နောက်လည်မည်။ ခလုပ်အ၀ါနှိပ် မူလနေရာနေမည်။ ဒီဖက်မှာ ခလုပ်အနီတခုရှိသည်
မင်းနဲ့မဆိုင် မထိနဲ့ ။ မှာသည့်အတိုင်း အစိမ်းနှိပ် ရှေ့ရွေ့- ခလုပ်အပြာနှိပ် နောက်လည်-
မူလနေရာ ခလုပ်အ၀ါနှိပ် အလုပ်လုပ်လာသည်နှစ်ပေါင်း၂၀ရှိဘီ။
ခလုပ်အနီကိုတခါမှလက်လည်းမတို့ စိတ်မှာလည်းမတွေး။ သူနှင့်မဆိုင်ဟုဆိုထားသည်လေ။ ကျနော်တို့လူမျိုးကတော့ ကျနော်အပါအ၀င် အဲဒီခလုပ်အနီကို နှိပ်ရင်ဘာဖြစ်မလည်း ဘာကြောင့်မနှိပ်ခိုင်းတာလဲ မသိရသမျှ အိပ်လို့လည်းမပျော် စားလို့လည်းမ၀င် အလုပ်လုပ်လို့လည်း ဖြောင့်မည်မဟုတ်။
သူတို့တတွေကား ဖေါ်မြူလာသမားများဖြစ်သည်။ ဖေါ်မြူလာအတိုင်းဘဲ သွားသည် အပို အလိုမရှိ ။
ဒါကြောင့်ဘဲသူတို့အလျှင်အမြန်တိုးတက်မှုရလာသည်ဟု ဆိုနိုင်သည်။

ဦးဆောင်သူချပေးရာ တက်ညီလက်ညီလိုက်သည်။ တယောက်တပေါက်မဟုတ်။
ထို့ကြောင့် နှစ်၅၀အတွင်း အာရှမှာ ကျားတကောင်အဖြစ်နေရာယူနိုင်ခြင်းဖြစ်သည်။
နှစ်၅၀အတွင်းဗန်ကောက်၏ အပြောင်းအလဲ