-
အမှန်ကဗန်ကောက်ကိုပြီးခဲ့တဲ့သြဂုတ်လ ၂၀ကျော်ရက်များတွင်လာဖို့ စီစဉ်ထားပြီးဖြစ်သည်။ ထိုရက်ပိုင်းများတွင်မှ“ထိုင်း”နိုင်ငံရေးအခြေအနေရှုပ်တွေးလာပြီး အတိုက်အခံများက ၀န်ကြီးချုပ်ရုံး
အပါအ၀င် အစိုးရဌာနအချို့ ကိုစီးနင်းဝင်ရောက်၍သပိတ်စခန်းဖွင့်ထားခြင်း လေဆိပ်အချို့ နှင့်
လမ်းမကြီးအချို့ ကိုပိတ်ဆို့ ထားခြင်းမီးရထားဝန်ထမ်းများသပိတ်မှောက်အဖွဲ့ တွင်ပူးပေါင်းပါဝင်
လာပြီး လျှပ်စစ်ဓါတ်အားဌာနနှင့်ရေပေးဝေရေးဌာနတို့ ပါဝင်လာတော့မည်ဟုသတင်းဖြစ်နေခြင်း
အစိုးရဖက်မှအရေးပေါ်အခြေအနေကြေငြာခြင်းတို့ ဆက်တိုက်ဖြစ်နေသောကြောင့် အခြေအနေကို
စောင့်ကြည့်ဆိုင်းငံ့ရင်းဖြင့်စက်တင်ဘာလ ပဌမပါတ်ကုန်မှရောက်ဖြစ်သည်။
ရောက်ပီးနောက်ပိုင်းထိုရက်ပိုင်းကသတင်းစာဟောင်းများကိုရှာဖွေဖတ်ရင်း သြဂုတ်လ၂၉ရက်ထွက်
ဗန်ကောက်ပို့ သတင်းစာမှာဗန်ကောက်ဖွင့် ဗမာစားသောက်ဆိုင်တဆိုင်အကြောင်းရေးထား
သည်ကိုဖတ်မိသည်။
ယနေ့ ကမ္ဘာအနှ့ံဗမာတွေပြန့် နှံ့ ရောက်ရှိနေ၍နိုင်ငံအတော်များများမှာဗမာစားသောက်ဆိုင်တွေ
ပေါ်ပေါက်နေသည်မှာဆန်းသောကိစ္စတော့မဟုတ်ပါ။ဗမာပြည်နှင့်ကပ်လျက်ထိုင်းနိုင်ငံဗန်ကောက်
မှာတော့အောင်မြင်သောဗမာစားသောက်ဆိုင်ဖြစ်ဖို့ အလွန်ခဲယင်းပါသည်။ခေတ်အဆက်ဆက်ကပင်
ဆိုင်ပေါင်းများစွာဖွင့်ခဲ့ဖူးကြပါသည် မအောင်မြင်ကြပါ။ဗမာဆိုင်းဝိုင်းကြီးအပြည့်အစုံနှင့်တခန်းတနား
ဖွင့်သောဆိုင်ကြီးများပင်ရှိခဲ့ဖူးပါသည်။
ထိုင်းအစားအစာနှင့်ဗမာအစားအစာမှာချက်ပြုတ်ပုံနည်းစနစ်များစွာခြားနားသော်လဲပါဝင်သော
အထောက်အကူအမွှေးအကြိုင် ပင်မဟင်းလျာတို့ မှာအတူတူပင်ဖြစ်သောကြောင့်ဗန်ကောက်နေ
ဗမာတို့ မှာအများအားဖြင့်ကိုယ့်ဖါသာဘဲချက်စားကြသည်။ချက်ရန်အခြေအနေမရှိသူတို့ ကလည်း
ဗမာစားသောက်ဆိုင်တကူတကသွားမနေတော့ နီးရာထိုင်းဆိုင်များနှင့်ပင်ပြီးလိုက်သည်။
ထိုင်းသို့ လာသောနိုင်ငံခြားသားခရီသည်ကလည်းထိုင်းအစာအစာကိုသာစိတ်ဝင်စားမည်ဖြစ်သည်။
သို့ အကြောင်းများကြောင့်ဗမာသံရုံးအနိးတ၀ိုက်ရှိဗမာထမင်းဆိုင်တဆိုင်နှစ်ဆိုင်သာလျှင်ရေရှည်
ရပ်တည်နိုင်သည်ကိုတွေ့ ရသည်။ယခုကဲ့သို့ သတင်းစာမှာတခုတ်တရရေးသားထားသည်ကိုတွေ့ ရ
သည့်အတွက် အတိုင်းအတာတခုတော့အောင်မြင်မှုရသည်ဟုဆိုရမည်ပင်။
ဟင်းမယ်များအကြောင်းဆိုင်တည်ရာတို့ ကိုလည်းအသေအခြာမြေပုံညွှန်းနှင့်တကွရေးသားဖေါ်ပြပေး
ထားသည်။ထိုဆိုင်ကိုကျနော်လည်းတခေါက်ရောက်ဖူးပါသည်။လွန်ခဲ့သည့်၆လလောက်ကဖြစ်မည်
ကျနော့ဆရာကဗမာချက်ဒန်ပေါက်ကြွေးမည်ဟုခေါ်သွားဖူးသည်။သူ့ ကားနှင့်ခေါ်သွားသဖြင့်နောက်
ထပ်သွားမည်စိတ်ကူးသော်လည်းမသွားတတ်၍မရောက်ဖြစ်။
အေဗက်တက္ကသိုလ်ဝန်းကျင်တွင် ရှိသည်ဟုသာမှတ်မိသည်။
ဆိုင်ကကြီးကြီးကျယ်ကျယ်တော့မဟုတ် တိုက်ခန်တွဲတောင်းဟောက်စ်၏ရှေ့ မျက်နှာစာ
(ကားသိမ်းသည့်နေရာ)ကိုအမိုးအဖီထုတ်၍ဆိုင်ဖွဲ့ ထားသည့်စားသောက်သူ၂၀ခန့် သာ
ဝင်ဆန့် သည့်အရွယ်ဖြစ်သည်။အလှူ မင်္ဂလာပွဲ တွေ့ ဆုံပွဲ အစည်းအဝေး အခန်းအနားတို့ 
အတွက်အော်ဒါမှာ၍ရသည်ဆိုသည်။ဆိုင်ပိုင်ရှင်မှာကျနော့ဆရာသမားနှင့်မိတ်ဆွေများဖြစ်သည်
ဟုသိရသော်လည်းဆိုင်တွင်မရှိ၍မတွေ့ ခဲ့ရ ဧည့်သည်များထိုင်းတွင်ဘုရားဖူးအလည်အပါတ် ဟိုမြို့ 
ဒီမြို့ သွားလိုလျှင်သူ့ ကားဖြင့်အငှါးပို့ သည့်အလုပ်လည်းလုပ်ကြောင်းသိရ၍ကားငှါးရန်ဆက်သွယ်နိုင်
သောဖုန်းနံပါတ်ပါသည့်ကဒ်တောင်းခဲ့သေးသည်။လူခြင်းမတွေ့ မသိသော်လည်းကျနော့်ဆရာသမား၏
မိတ်ဆွေဖြစ်ခြင်းကြောင့်ကျနော့်မိတ်ဆွေဟုပင်သတ်မှတ်ပါသည်။သူ့ ဆိုင်လေးအောင်မြင်မှုလမ်းစပေါ်
နေသည်ကိုတွေ့ ရသဖြင့်ကြည်နှုးဝမ်းသာပါသည်။ဆက်လက်၍တိုးတက်အောင်မြင်ဖို့ ဆုတောင်း
မေတ္တာပို့ ပါသည်။
သတင်းစာကိုဖတ်ကြည့်စေလို၍ထည့်ပေးထားပါသည်။
ပုံပေါ်တွင်Click ပြီးဖတ်နိုင်ပါသည်။
ဒီပို့ စ်ကိုရေးမယ်လို့ စိတ်ကူးထားဆဲ ဒီတခေါက်ဗန်ကောက်ရောက်နေကြောင်း ဆရာသမားကိုသွားနှုတ်ဆက်
သောအခါ “ပန်လမ်း”ကသက်သတ်လွတ်ဆိုင်မှာထမင်းလိုက်ကြွေးပြန်ပါသည်။
ပန်လမ်းဆိုတာက စီးလုံလမ်းမကြီးနှင့်ဆာထွန်လမ်းမကြီးကိုဒိုးယိုပေါက်ဆက်နေသောလမ်းဖြစ်သည်။
သက်သတ်လွတ်ဆိုင်မှာ စီးလုံဖက်ထိပ်နှင့်နီးပြီးဟိန္ဒူဘုရားကျောင်းနှင့်ကပ်ရက်တွင်ရှိသည်။
ဗမာလူမျိုးကိုဒင်နီရယ်၏မိသားစုဆိုင်ဖြစ်သော်လည်း သက်သတ်လွတ်အိန္ဒိယအစားအစာနှင့် မလိုင်မုံ့ 
များရောင်းပါသည်။
ကျနော်မှာသော ဗမာပြည်မှာတော့ ချစ်တီး ထမင်းဟုခေါ်သည့် ဒိုဖယ် ။
ထမင်းဖြူ ချာပါတီ ပဲဟင်းရည် ပဲလုံးကြော် သီးစုံကြော်တို့ ပါသည်။
ပုံမျာပေါ်တွင်Click ပြီးပုံကြီးကြည့်နိုင်ပါသည်။
စားကောင်းသောက်ကောင်းနှင့်ကြုံသည့်အခါမိတ်ဆွေအပေါင်းအသင်းကို
သတိရတတ်သည့်အတွက်ချစ်မိတ်ဆွေ ဘလော့ဂါရောင်ရင်းများသို့ လိပ်စာကဒ်လေးများပါထည့်ပေး၍လက်တို့ ပါသည်။
ရပ်ဝေးမှဘလော့ဂါများဗန်ကောက်ရောက်ချိန်နှင့်ကျနော်ရှိနေချိန်တိုက်ဆိုင်လျှင်ကျနော်တာဝန်ယူပါသည်(စားရေးသောက်ရေးနှင့်နေထိုင်သွားလာရေးကလွဲ၍ D:)
ရွှင်လန်းချမ်းမြေ့ကြပါစေ။