ဘိုးဘွားအစဉ် အဆက် ပြောလာကြတဲ့ စကားပေမဲ့ မရိုးနိုင်တဲ့ တခုပါဘဲ။ ဒီနေ့ အထိလဲ လက်တွေ့ဖြစ်ရပ်က ညီညွှတ်မှ အားရှိတယ်။ စွမ်းဆောင်နိုင်တယ်။ ပြီးမြောက်နိုင် တယ်။ ဆိုတာကို တွေ့နေ သိနေကြရတာပါဘဲ။ ညီညွှတ်ခြင်းသည် အင် အားဆိုတာကို အမျိုးမျိုး ပုံဆောင်ပြီး ပြောခဲ့ကြတာလဲ များပါပြီ။ ကျနော်ကတော့ လက်တွေ့အားဖြင့် ဘယ်လိုညီညွှတ်ရေး မျိုးကို တည်ဆောက်မလဲ ဆိုတာ နဲ့ ညီညွှတ်ရေးကို ဘယ်လိုနည်းနဲ့ တည်ဆောက်ကြမလဲ ဆိုတာကိုဘဲ ပြောဆိုကြံဆ ချင်တာပါ။
တိုင်းရေးပြည်ရေးမှာ ဘယ်လောက်ဘဲ စိတ်စေတနာ ကောင်းကောင်း၊ ဘယ်လိုဘဲဉာဏ်ပညာတွေရှိပါစေ၊ ဘာအ ခြေနေတွေဘဲ ပေးပေး၊ ကိုယ့်မှာ အင်အား မရှိရင်တော့ ဘာမှ လုပ်လို့ မရဘူးဆိုတာ အနှစ် ၂ဝ- ခရီးက ဆုံးမသင်ကြားပြီး ပါပြီ။ တကယ့်ကို တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်နဲ့ တိုင်းကျိုးပြည်ကျိုးကို ပြီးမြောက်အောင်မြင်အောင် လုပ်ချင်ကြတာ ဆိုရင်တော့ အင်အား ရှိအောင် လုပ်ဖို့ လိုပြီဆိုတာ ထူးပြောစရာ မလိုတော့ဘူးထင်ပါတယ်။ ကဲ ဒါဆိုရင် ကျနော်တို့ အင်အားဖြစ်စေမဲ့
ညီညွတ်ရေးကို ဘာ့ကြောင့်များ မလုပ်နိုင်ကြသေးတာလဲ။
နဂါးကြီး ရဲ့ အမြီးဖြစ်ရတာထက်၊ ကြက်ကလေးရဲ့ ခေါင်းဖြစ်ရတာက ပိုကောင်းတယ် ဆိုတဲ့ တရုတ် တွေရဲ့ ကွန်ဖြူးရှပ် အတွေးအခေါ် အယူအဆကို ဗမာတွေက ပိုလို့ ကြိုက်ကြပုံပေါ်ပါတယ်။ ကိုယ်ပိုင်ရာ နိုင်ရာ အဖွဲ့သေးလေးမှာ ခေါင်းဆောင် လုပ်ပြီး ထင်ရာမြင်ရာ လုပ်နေရတာကို ပိုလို့ သည်းခြေကြိုက်ကြပုံပေါ်ပြီး၊ စစ်အစိုးရကို ယှဉ်ပြိုင်နိုင် လောက် အောင် အင်အားရှိတဲ့ အဖွဲ့ကြီးဖြစ်ဖို့ စည်းစံနစ်ကြတဲ့ ယန္တယားကြီး ဖြစ်ဖို့ အတွက် စုစည်းပေါင်းစပ် တည်ဆောက်ရေးကို တော့ သိပ်သဘောတွေ့ကြပုံ မပေါ်ပါဘူး။ အဲဒါကြောင့် ဒီနေ့အထိ အောင်မြင်ထိရောက်တဲ့ တပ်ပေါင်းစုကြီးမျိုး ကို မတည် ဆောက် နိုင်သေးတာလားလို့ ယူဆချင်စရာ ပါဘဲ။
နောက်မြင်မိတဲ့ ပြဿနာ တခုကတော့ ကျနော်တို့ရဲ့ သိမြင်နားလည်မှုပုံစံ လို့ထင်ပါတယ်၊ ကျနော်တို့တွေက နေဝင်းရဲ့ မဆလ ပုံစံ တပါတီ အာဏာရှင် စံနစ်အောက်မှာ မွေးဖွါးကြီးပြင်းခဲ့ကြပြီး ဒါတခုဘဲမြင်ဘူးကြားဘူး ခဲ့လို့ ဒါတခုဘဲ နားလည် ကြပုံပေါ်ပါတယ်။ အဲဒါကြောင့် ခေါင်းဆောင်ဟေ့ဆိုရင် နံပါတ်တစ် ခေါင်းဆောင် ကိုဘဲ နားလည်ပါတယ်။ အာဏာ ဆိုလဲ အပြည့် အာဏာ ကိုဘဲ နားလည်ပါတယ်။ ဒီတော့ အဖွဲ့အစည်း တွေထဲမှာ တာဝန်ခွဲဝေယူတာ အာဏာ ခွဲဝေ ကျင့် သုံးတာ အများစုပေါင်းဆုံးဖြတ်တာ ဆုံးဖြတ်ချမှတ်ထားတာကို လေးစားလိုက်နာတာ တွေမှာ ကျနော်တို့ အားနဲကြပြီးတော့ များသောအားဖြင့် ဆုံးဖြတ်ချက်နဲ့ အခွင့်အာဏာ တွေဟာ လူတဦးတယောက် ဆီကနေ လာတာ များပါတယ်။ ဒါဟာလဲ ကျနော်တို့ အဖွဲ့အစည်းတွေ လိုအပ်သလို ကြီးထွားမလာနိုင်တဲ့ အကြောင်းတခု ဖြစ်တယ်လို့ ယူဆပါတယ်။ ဒီလိုအခြခံကြတဲ့ အချက်တွေ အသေးလေးတွေကို တချိန်တည်းမှာ ပြင်ဆင်ကြရင်း အများဆုံချက်ကြနိုင်တဲ့ ပေါ်လစီကို ရအောင်လုပ်ဖို့ ဆိုတော့ အလွန် စိတ်ကူးယဉ်ဆန်တဲ့ မဖြစ်နိုင်လောက်အောင် အလှမ်းဝေး တဲ့ကိစ္စလို ဖြစ်နေပါတော့တယ်။
ဒါပေမဲ့ ကျနော်တို့အနေနဲ့ နအဖ နဲ့ နှိုင်းယှဉ်နိုင်လောက်အောင် ယှဉ်ပြိုင်နိုင်လောက်အောင် ကြီးထွားမလာနိုင်ဘူး ဆိုရင်တော့ ပြဿနာတွေကို တရားမျှတစွာဖြေရှင်းပြီး ဒီမိုကရေစီစံနစ်တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့အနေနဲ့ အမျိုးသား ညီညွတ်ရေးအတွက် နအဖနဲ့ အမျိုးသားရင်ကြားစေ့ရေး ပြောချင်နေကြပေမဲ့ အားလုံးကိုငြင်းဆန်ပြီး ပြဿနာ လုပ်နေတဲ့ နအဖကို ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်နေတဲ့ ညီညွတ်ရေးအတွက်တော့ ကိုယ်အချင်းချင်း ရင်ကြားစေ့ရေး မလုပ်နိုင်ကြ ဘူးလား။ မလုပ်ချင်ကြ ဘူးလား။ ဘာဖြစ်လို့လဲ။
ကျနော်အမြင်မှာတော့ အနီးဆုံးလူနဲ့ အရင်ဆုံးရင်ကြားစေ့ရေး လုပ်သွားကြရင် သဘာဝပိုကြတယ် ထင်ပါတယ်။ ကျနော်ဆိုလိုချင်တာကတော့ ကျနော် တို့ကို ကျနော်တို့ ပိုအင်အားရှိလာအောင် ပိုလို့ ကြီးမားကျယ်ပြန့်တဲ့ စုရုံးမှုတွေဖြစ် လာအောင်လုပ်ဖို့ပါဘဲ။ ကိုယ်နဲ့ပို ပြီးနီးစပ်တဲ့သူ ပိုတူတဲ့သူတွေနဲ့တော့ ညီညွှတ်ရေးမလုပ်နိုင်ဘူး၊ ရင်ကြားစေ့ရေး မလုပ်နိုင်ဘူး အာဏာကိုင်ထားပြီး အားလုံးကို ဆန့်ကျင်နေတဲ့ နအဖနဲ့တော့ ရင်ကြားစေ့ရေး လုပ်ချင်တယ် ပြောနေတာဟာ ကျနော့ အမြင် တော့ အဓိပ္ပါယ်တမျိုးဖြစ်နေပါတယ်။
ကျနော်တို့က ကိုယ့်ကိုကိုယ်ကြီးအောင်မလုပ်ခဲ့ကြပါဘူး၊ သေးအောင်လုပ်ခဲ့ကြပါတယ်။ အဆင့်ဆင့် အမျိုးမျိုး ခွဲခြားတဲ့ကွဲပြား တဲ့နည်းတွေနဲ့ ကိုယ့်ကိုကိုယ် သေးငယ်ကျဉ်းမြောင်းပြီး အထီးကျန်အောင်လုပ်ခဲ့ကြတယ်။ တကယ်ဆို စစ်အစိုးရကို ဆန့်ကျင်သူခြင်း စည်းရုံးပူးပေါင်းကြရမှာအစား ငါတို့က ၈၈ မျိုးဆက်တွေ သူတို့က ၇၄- ၆၂ ဆိုပြီးခွဲခဲ့တဲ့ အပြင်၊ နဲနဲ နောက် ကျပြီးမှ ထွက်လာသူတွေကိုတောင် သူတို့က ၉ဝ ခုနှစ်သမားတွေလို့ဆိုခဲ့တယ်။ တချိန်တည်းနေ့တည်း မှာရှိနေတဲ့သူချင်း တောင် ငါတို့က တော်လှန်ရေးသမား သူတို့က နိုင်ငံရေးသမားဆိုပြီးခွဲတယ်။ ကိုယ့်ပြည်သူနဲ့ တသားတည်းဖြစ်အောင် စည်းရုံး ရမဲ့အစား၊ နေရမဲ့အစား ငါတို့က တော်လှန်ရေးနဲ့လာတာ သူတို့က စီးပွားရေး နဲ့လာတာ ဆိုပြီင်္းခွဲသေးတယ်။
မတူမညီမှုတွေကိုအသိအမှတ်ပြုရမှာ မှန်ပေမဲ့ ပြိုပီးကြီးထွား အင်အားများလာဖို့တော့ တူတာရှာပြီး ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်းကြမှ ကိုယ်က အများစု ဖြစ်လာမှာ အင်အားများလာမှာပေါ့၊ ကျနော်တို့ တလျှောက်လုံးမှာ လုပ်ခဲ့တာ တွေမှာ အများအားဖြင့် အင်အားကြီးလာဖို့ အကျယ်အပြန့် စုရုံးမှုတွေဖြစ်လာဖို့ မဟုတ်ခဲ့ဘဲ၊ အင်အားသေးသွားအောင် ကျဉ်းမြောင်း ကြုံလှီသွားအောင် လုပ်ခဲ့သလိုဘဲ ဖြစ်နေပါတယ်။
ဗမာတွေက သိပ်ပါးနပ်ကြတယ်- ဥာဏ်ရည်ကောင်း ကြတယ်။ မြင်လွယ် သိလွယ်တယ်လို့ ထင်ကြပြောကြတယ် မှန်သင့် သလောက်လဲမှန်ပေါ်ပုံပါတယ်။ ဒါပေမဲ့ - - -
၈၈ အရေးတော်ပုံကြီးက တကယ်ဘဲကြီးမား ပြောင်မြောက်တာပါ လူထုလှုပ်ရှားမှု တော်လှန်ရေးအချိန်ကလဲ အများကြီး မြင့်မားခဲ့တာပါ၊ အဲဒါကြောင့်ဘဲ ဒီမိုကရေစီ အရေးက မကြာ မတင် ဆိုတာလို မြေကြီး လက် ခတ်မလွဲ အောင်ပွဲ ခံတော့ မလိုဘဲ။ ဒီ ၈၈ အရှိန် အဟုန်ကြီးနဲ့ အဖြစ်အပျက် အခြေအနေကို သစ္စာဖေါက်တွေက ကောင်းကောင်း အခွင့်အရေး ယူအသုံးချသွားခဲ့ကြပါတယ်။ တော်လှန်ရေး အောင်ပွဲခံနိုင်ဖို့ အာရုံစိုက် ကြိုးပမ်းရမဲ့ အစား ကိုယ့်ရဲ့ အဆင့်နေရာ တိုးတက် ကောင်းမွန်ပြီး ခေါင်းဆောင် ( ငါလုပ်သော တော်လှန်ရေး) ဖြစ်ရေးကို လုပ်ခဲ့ကြသည်။ ဒီမိုကရေစီ အရေးတော်ပုံကြီး အောင်ပွဲ ခံနိုင်ရေး အားစိုက်ကြရမဲ့အစား ခေတ်ပျက်မှာ သူဌေးဖြစ်ဖို့ ကြိုးစားနေခဲ့ကြသည်။ ဒီလိုနည်းနဲ့ လူပါးလူနပ် လုပ်ခြင်းများက ကျနော်တို့ရဲ့ အမျိုးသားရေးကို သစ္စာဖေါက်ခဲ့ကြသဖြင့် ခုတော့ တမျိုးသားလုံး ဆုံးရှုံးကာ ကျဆုံးအမျိုးသား တိုင်းပြည်ဖြစ် တော့မည်။ ဒါကိုကျော်လွှားနိုင်ဖို့ အမျိုးသားရင်ကြားစေ့ရေး၊ တမျိုးသားလုံးစည်းလုံး ညီညွတ်ရေး လုပ်နိုင်မှဖြစ်မည်။
ဒီအမျိုးသားပြန်လည် ရင်ကြားစေ့ရေးမှာ အာဏာယစ်မူးလို့ ဆန့်ကျင်ဖေါက်ပြန်နေတဲ့ နအဖ ကို ထဲ့တွက်လို့ မရတော့ဘူး ထားပါတော့။ ဒီအမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ထဲမှာ ကွန်မြူနစ်တွေ မပါရဘူးလား၊ ကွန်မြူနစ်တွေ မပါဘဲနဲ့ အလုပ်ကောဖြစ်ပါ့မလား၊ ဒီမိုကရေစီ ဘက်သားတွေ ဆိုသူတွေက၊ အမေရိကန်နှင့် အနောက်နိုငံသားတွေ၊ အိန္ဒိယ အပါဝင် ကို ဆွဲဆောင်ဖို့ နည်းလမ်းတခုအနေနဲ့ တရုတ်ကြီးထွားလာမှုကို အန္တရာယ် အဖြစ် လက်ညိုးထိုးပြနေခဲ့ရင် ----
ဗကပတွေနဲ့ လက်ဝဲသမား တွေကလဲ တရုတ်ရဲ့  အားပေးထောက်ခံမှုကို ရဖို့အတွက် အမေရိကန်ရဲ့ ကမBာပါတ် လွှမ်းမိုးရေး ရည်မှန်းချက်အန္ဒရာယ် ကို လက်ညိုးထိုး နေမယ် ဆိုရင်- - - ကြားထဲက အမြတ်ထွက်နေမှာက န အ ဖ စစ်အုပ်စုဘဲ ဖြစ် တယ်။ ဒါက ဥပမာ ခပ်ကြီးကြီးကို ပေးတာပါ၊ လူတဦးခြင်းအဆင့်အထိ ကိုယ့်ကိုကိုယ်ကောင်းအောင် လုပ်ဖို့ထက် သူတပါးကို မကောင်းကြောင်း ပြောနိုင်ဖို့ အားစိုက်နေကြရင် စည်းရုံးရေးလုပ်ဖို့ ပိုပိုခက်လာနေမှာပါ။ အဲဒါကြောင့် တဖွဲ့ကို တဖွဲ့၊ တဦးကို တဦး တိုက်ခိုက် နှိပ်ကွပ်တာ၊ ကန့်သပ်တားဆီးထားဖို့ ကြိုးစားတာတွေကို ရပ်လိုက်ကြဖို့ လိုပါတယ်။
ခေါင်းဆောင်ကြီးငယ်များက နံပါတ် ၁ ခေါင်းဆောင် ဖြစ်ဖို့ အိမ်မက်တွေကို ခနဘဲဖြစ်ဖြစ် စွန့်လွှတ်ပြီးတော့ ရောက် တဲ့ နေရာက လက်တကမ်းအမှီမှာရှိတဲ့ အလုပ်တွေကို အကျအန စပြီးဦးဆောင်မှု ပေးကြရင်တော့ အခြေခံတွေဟာ စပြီးဖွံဖြိုး လာ နိုင်စရာ ရှိပါတယ်။ နယ်ပါယ်အသစ်တွေ၊ လုပ်ငန်းအမျိုးအစားသစ်တွေ၊ ဦးဆောင်မှုအသစ်တွေကို အသိအမှတ် ပြုကြရပါ မယ်။ (ဥပမာ -- - ကော်လိုရာဒိုရောက် မြန်မာနိုင်ငံသားများအသင်း၊ အခမဲ့ကျမ္မာရေးစစ်ဆေးမှု၊ နှင့် ဦးဆောင် ဦးရွက်ပြုခဲ့သူ ဦးတင်ထွန်း။ ဆစ်ဒနီက မြန်မာလူမျိုးစုအဖွဲ့၊ ဗမာစာသင်ကျောင်း နဲ့ ဒေါက်တာသန်းနိုင်) အများကြီးရှိမှာပါ။ ဒီဖွံ့ဖြိုးတိုးတက်မှု ကို အလုံအလောက် တိုးချဲ့နိုင်တယ်ဆိုရင် ကျနော်တို့ ဗမာနိုင်ငံအရေးလှုပ်ရှားမှု နဲ့ အနာဂါတ်ပြည်ထောင်စု တည်ဆောက်ရေး ကို အများကြီး အကျိုးသက်ရောက်မှု ဖြစ်လာမှာပါ။ အပြောင်းအလဲတွေ ဖြစ်လာအောင်လဲ အများကြီးစေ့ဆော်လာပါလိမ္မယ်။
လက်ရှိမှာကို လုပ်နေကိုင်နေကြတဲ့ လုပ်နိုင်ကိုင်နိုင်ရှိကြတဲ့ ခေါင်းဆောင်ကြီးငယ်များကို၊ ညီညွှတ်ရေးလုပ်နိုင်ရင် တော်လှန်ရေးတိုးတက်အောင် လုပ်နိုင်လိမ္မယ် ဆိုတဲ့ အယူအဆနဲ့ ကြိုးစားခဲ့ကြတာလဲ အမျိုးမျိုး၊ အကြိမ်ကြိမ် ပါဘဲ မအောင် မြင်သေးပါဘူး။ ခေါင်းဆောင်တွေကွဲရင် အဖွဲ့တွေကွဲတဲ့ အတွေ့အကြုံကတော့ အများကြီးရှိပြီးပါပြီ။ ခေါင်းဆောင်တွေ စည်းလုံး သွားကြပြီး အဖွဲ့တွေ ပေါင်းစည်းသွားကြတဲ့ အတွေ့အကြုံလဲ လုံးဝမရှိခဲ့ကြတာတော့ မဟုတ်ပါဘူး။ ဂဂ - အရေးအခင်းအပြီး လက်နက်ကိုင် တော်လှန်ရေးအတွက် ထွက်လာကြတော့ စခန်းအသီးသီးရောက်ပြီး ကွဲပြားနေရာက အေဘီအက်စ်ဒီအက်ဖ် ကို စုရုံးပေါင်းစည်းတည်ထောင် နိုင်ခဲ့ကြတာပါဘဲ။ ခုချိန်မှာရှိနေတဲ့ အကွဲမျိုးနဲ့တော့ မတူဘူးပေါ့လေ။ စုစည်းတည်ဆောက်ချင် တဲ့ အဖွဲ့အစည်း ယန္ဒယားခြင်းလဲ မတူတာတော့ ရှိတာပေါ့။
ကမ္ဘာ့ တခြားနေရာတွေက နည်းနာတွေ အဖြစ်အပျက်တွေကို လက်လှမ်းမှီသလောက် လေ့လာကြည့်တော့ ယူကေ က ပါလီမန်ဒီမိုကရေစီ မှာ နိုင်ငံရေးပါတီတွေ သုံးတဲ့ Shadow Cabine ကို စိတ်ဝင်စားမိပါတယ်။
ကျနော်တို့ရဲ့ ခေါင်းဆောင်ကြီးငယ်တွေ၊ လူတော်တွေကို ဗြိတိသျှ ပါလီမန် ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေရဲ့ ရှဲဒိုးကက် ဘိနက် ညှိနိုင်းမှုမျိုးနဲ့များ စုစည်းကြရင် နအဖ စစ်အစိုးရရဲ့ ယန္ဒယားကို ယှဉ်နိုင်လောက်တဲ့ ဖက်ဒရယ် အစိုးရ ယန္ဒယားကို စုရုံးတည်ဆောက်လို့ ရမလားလို့၊ ကြံဆကြည့်မိပါတယ်။ ခေါင်းဆောင်ကြီးငယ်တွေ အနေနဲ့ကတော့ ငါနဲ့ ညီညွှတ်ချင်ရင် ငါ့ အောက်ကိုဝင်၊ ငါ့နောက်က လိုက် ဆိုတဲ့ အယူအဆ အပြုအမူမျိုးကို စွန့်လွှတ်ပြီး၊ အားလုံးရဲ့အနာဂါတ် အတွက် ပူးပေါင်း ဆောင်ရွက်မှုကို အာရုံစိုက်သင့်ပါတယ်။ ဒီနေရာမှာ အလျှင်းသင့်လို့ ဆရာမ ဒေါ်ခင်မမမျိုးရေးတဲ့ နိုင်ငံတကာ အမျိုးသမီး အခွင့်အလမ်း လှုပ်ရှားမှု သမိုင်းကြောင်း ဆိုတဲ့ ဆောင်းပါးထဲက စာတချို့ကို ကောက်နုတ် တင်ပြချင်ပါတယ်။
(အက်လီဇဘက်ဟာ ၁၉၅၁ ခုနှစ်မှာ အန်တိုနီဆိုတဲ့ အမျိုးသမီးတဦးကို စတင်တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အတွေးအခေါ်နဲ့ ယုံကြည်ချက်တူညီတဲ့အတွက် တဦးနဲ့တဦး ကူညီထောက်ခံတဲ့ ဘ၀တသက်တာ မိတ်ဆွေများအဖြစ် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြပါတယ်။ အန်တိုနီက ဖွဲ့စည်းတည် ဆောက်ရေးနဲ့ မဟာဗျူဟာ ရေးဆွဲရေးတွေမှာ အားသာချက်ရှိပါတယ်။ အက်လီဇဘက်မှာ လူထုဟောပြောမှုနဲ့ စည်းရုံးရေးစွမ်းရည်တွေမှာ အားသာချက်ရှိပါတယ်။
လှုပ်ရှားမှုတခုမှာ ဒီစွမ်းရည်တွေက အရေးကြီးဆုံး ဖြစ်ပါတယ်။ စင်ပေါ်မှာ ကပြရတဲ့ အရည်အချင်းတွေနဲ့ စင်နောက်မှာ ဇာတ်ညွှန်းရေးဆွဲရတဲ့ အရည်အချင်းတွေလို့ အတိုချုံး ဆိုနိုင်ပါတယ်။ လူ့စိတ်ဆိုတာကလဲ အတော်ရှုပ်ထွေးပါတယ်။ လူအများက စင်ပေါ်မှာ ကပြရင်း ရလာမယ့် ကျော်ကြားမှုတွေ၊ လက်ခုပ်သံတွေကို လူမသိ၊ သူမသိနဲ့ စင်နောက်မှာနေပြီး ကိုယ့်ဇာတ်ညွန်းအောင်မြင်သွားလို့ ပျော်ရွှင်တဲ့ ပီတိ အရသာတွေထက် ပိုပြီး နှစ်သက်တတ်ကြပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ မင်းသားကြီး မလုပ်ရလို့ ပတ်မထိုးဖောက်သူတွေ၊ စင်ပေါ် မရမနေ ကုတ်ကပ်တက်သူတွေ၊ တစင်ထောင်သူတွေ များလာပြီး လှုပ်ရှားမှုစင်လဲ ပြိုလဲတော့တာပါပဲ။ စင်ပေါ်က အရည်အချင်းနဲ့ စင်နောက်က အရည်အချင်း ရှိသူတွေ ဟန်ချက်ညီ လက်တွဲမိနိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါဟာ လှုပ်ရှားမှုတိုင်းရဲ့ အသက်သွေးကြောပါပဲ။ ) ခင်မမမျိုး
အချုပ်အနေနဲ့ ပြောလိုတာက စင်အောက်က ကန့်လန့်ကာနောက်က လုပ်ပေးရင်းနဲ့ ဖြစ်သင့်တာတွေ ဖြစ်စေချင်တာတွေ၊ အောင်မြင်ဖြစ်မြောက်လာတာ ကြည့်ပြီး ပျော်ရွှင်နှစ်သက်ကြေနပ် နေတတ်သူတွေ ရှိတယ်ဆိုတာကို ခေါင်းဆောင်ကြီးများက ယုံကြည်စိတ်ချစွာနဲ့ စုရုံးမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်ခံဖို့ပါ။ ဒါနဲ့တင် လုပ်ငန်းတွေက တော်ကြီးမြန်မြန်ဆန်ဆန် တဆင့်တိုးသွားနိုင်ပါတယ်။ ကျနော်တို့ရဲ့ အရည်အချင်းတွေကို ကျနော်တို့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း အသိမှတ်ပြုပြီး အားလုံးရဲ့ အနာဂါတ်အတွက် ပေါင်းစည်းကြပါစို့။
ကောင်းမွန်သော အနာဂါတ်ကို မျှော်လင့်လျှက်
ဗလ