ကြာသာပတေးနေ့မှာ တပ်မတော်က ဆန္ဒပြနေရာကို ဆက်သွယ်နိုင်တဲ့ ထောက်ပံ့ရေးလိုင်းတွေကို ပိတ်ဆို့ပြီး အဲဒီဒေသကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။
ရှပ်နီဆန္ဒပြသမားတွေအပေါ်ဖိအားတိုးပေးဖို့ လုံခြုံရေးတပ်ဖွဲ့တွေက ပိတ်ဆို့မှုတွေ စလုပ်အပြီး တနာရီ မရှိတရှိလောက်မှာ အနီအဖွဲ့အကြံပေး တပ်မတော်အရာရှိ ဗိုလ်ချုပ် ခတ္တိယဆဝါ့စ်ဒီပိုလ်ဟာ ချူလာလောင်ကွန်း ဆေးရုံအနီးမှာ သတင်းထောက်တယောက်နဲ့ စကားပြောနေစဉ် သေနတ်ပစ်ခံရပြီး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ နိုင်ငံခြားသတင်း ထောက်တွေနဲ့စကားပြောနေတုန်းမှာ နဖူး ကို အပစ်ခံရတာ။ ကျည်ဆံက လည်ပင်းနောက်ဇက်ပိုးကနေ ထွက် သွားပါတယ်။



ရှပ်နီကို ထောက်ခံအကြံပေးသော ဗိုလ်ချုပ်ခတ္တိယ ချောင်းပစ်ခံရစဉ် (၀ဲ)နှင့် ချောင်းမြောင်းလုပ်ကြံခြင်းမခံရမှီ(ယာစွန်ပုံ)
ဆေးဒဲန်းအပစ်ခံရတဲ့ သတင်းတွေ ပျံ့နှံ့သွားတဲ့အခါ ရှပ်နီစင်မြင့်ဝန်းကျင်က အခြေအနေတွေဟာ တင်းမာလာပါ တယ်။ သူတို့ဟာ ဆက်လက်တိုက်ပွဲဝင်ဖို့ သံန္နိဋ္ဌာန် ပြုကြပါတယ်။ “သေမင်းကသာ ဒီမိုကရေစီနဲ့ တရားမျှတမှုကို ဆောင်ကျဉ်းလာနိုင်တယ်ဆိုရင် ကျနော်တို့ သေဖို့အသင့်ပါပဲ၊ ကျနော်တို့ဒါကို ရင်ဆိုင်မယ်။ ကျနော်တို့ ကျည်ဆံတွေ ပွေ့ယူဖို့ ဒီနေရာမှာ ရှိနေကြပါတယ်” လို့ ဂျာတူ ပေါင် က ပြောပါတယ်။
ညနေ ၆ နာရီမှာ ဆန္ဒပြပွဲနေရာကို ပိတ်ဆို့ဖိုအ တွက် ရတ်ချာဖရာ ဆွန်လမ်းဆုံပတ်လည်က လမ်းမ ၃ ခုကို ပိတ်ပစ်ရေးစီမံကိန်းကို အရေးပေါ်အခြေအနေ ဆုံးဖြတ်ရေးဗဟိုအဖွဲ့က ကြေညာပြီးနောက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ နာရီပေါင်းများစွာကြာ ဖြစ်ပွားခဲ့ပါတယ်။ ကြာသာပတေးနေ့ည အကြမ်းဖက်မှု တိုက်ခိုက်မှုမှာ ရှပ် နီဆန္ဒပြသမားတယောက် သေပြီး ၉ ယောက်ဒဏ်ရာရပါတယ်။
ထိုင်းစစ်တပ်မှ လုံမဏီ ဥယျဉ် ရှပ်နီစခန်းကိုဝင်စီးစဉ်၁၆။၀၅။၁၀

အစိုးရအနေနဲ့ ရှေ့ဆက်သွားရမယ်။ နောက်ပြန်မဆုတ်နိုင်ဘူ။ ဘာလို့လဲဆိုတော့ တနိုင်ငံလုံးအကျိုးအတွက် ကျနော်တို့ လုပ်နေတာ ဖြစ်လို့ပဲလို့ ဝန်ကြီးချုပ် ဝေ့ချာချီဝအဖိဆစ်က ပြောပါတယ်။
ရှပ်နီတွေက ဆန္ဒပြပွဲတွေ ဆက်လုပ်နေတာနဲ့အမျှ














ထိုင်းစစ်တပ်က ဆန္ဒပြသူများ၏ ခံတပ်နီကို ၀င်ရောက် ရှင်းလင်းပြီးနောက် ဘန်ကောက် မြို့တော်တွင် အပြန်အလှန်ပစ်ခတ်မှုများ၊ မီးရှို့မှု၊ လုယက်မှုများ ဖြစ်ပေါ်နေသော ကြောင့် အစိုးရက ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။
ဘန်ကောက်မြို့၏ စီးပွားရေး အချက်အချာကျပြီး နိုင်ငံခြားခရီးသည် အများဆုံး လာရောက်သည့် ပသူးနမ်းဈေး၊ Central World၊ Carre four ၊ Big C ၊ Siam square ၊ Central Would၊ Zen ကုန်တိုက်ကြီးများ နှင့် ရွှေဆိုင်များ လုယက်ခံရသည်။ ထိုင်းနိုင်ငံစတော့ဈေးကွက် အဆောက်အဦး၊ ရုပ်ရှင်ရုံတခု၊ ရုပ်မြင် သံကြားဌာနချယ်နယ် သရီး နဲ့ ဘဏ်တော်တော်များများ၊ အရှေ့ တောင်အာရှမှာ အကြီးဆုံးကုန်တိုက်တခုဖြစ်တဲ့ Central World ကုန်တိုက်တွေအပါအ၀င် အနည်းဆုံးနေရာ (၁၇) ခု လောက်မှာ မီးလောင်ခဲ့ပါတယ်။
ခုံခေးန်နဲ့ဥဒေါင်ထနီက ရှပ်နီထောင်ပေါင်းများစွာ ကတော့ လက်နက်ချဖို့ ငြင်းဆန်ကြပြီး ဘန်ကောက်က UDD ဆန္ဒ ပြသမားတွေအပေါ် အစိုးရရဲ့နှိမ်နှင်းဖြိုခွင်းတာကို မကျေနပ်ကြောင်း ပြတဲ့အနေနဲ့ မြို့တော်ခန်းမကို ဝင်ရောက်စီးနင်းခဲ့ပါတယ်လို့ ရုပ် မြင်သံကြား သတင်း များက ဆိုပါတယ်။ ခုံခေးန်မှာ ရှပ်နီ ၁၀၀၀ ကျော်ဟာ မြို့တော်ခန်းမအ၀င်ဂိတ်ကြီးမှာရှိတဲ့ ရဲနဲ့အုပ်ချုပ်ရေးအရာရှိ အတားအဆီးတွေကို ချိုးဖျက်ကျော် ဝင်ကြပါတယ်။ သူတို့နဲ့အတူ ကားတာယာတွေနဲ့ ဓါတ်ဆီတွေယူလာပြီး အစိုးရအနေနဲ့ လွှတ်တော် ဖျက်သိမ်းရေးဆိုတဲ့ သူတို့တောင်း ဆိုချက်ကို မတုံ့ပြန်ဘူးဆိုရင် မြို့တော်ခမ်းမကို မီရှို့ပစ်မယ်လို့ ခြိမ်းခြောက်ကြပါတယ်။ ဥဒေါင်ထနီမှာ ရှပ်နီ ၅၀၀၀ ကျော်လောက်ဟာ အတားအဆီးတွေနဲ့ ရဲ၊ စစ်သားနဲ့ စေတနာ့ဝန်ထမ်းတွေပါတဲ့ ပိတ်ဆို့မှုတွေကို ချိုးဖျက် ကျော်လွှားပြီး မြို့တော်ခမ်းမထဲကို ဝင်ကြသည်။

“ရှပ်နီခေါင်းဆောင်တွေက သတင်းတွေပုံဖျက်ပြီး ပရိတ်သတ်ထင်ယောင်ထင်မှားဖြစ်စေဖို့ ဒီအဖြစ်အပျက်တွေထဲက ဆုံးရှုံးမှုတွေကို လက်နက်တခုလို အမြတ်ထုတ်နေပါတယ်။ ဆန္ဒပြတာတွေက ဘာလို့အကြမ်းဖက်မှုတွေအဖြစ်ပြောင်းသွားတာလဲ ဆိုတာကိုတော့ သူ တို့က မပြောပါဘူး။ အရပ်သားတွေထဲမှာ ပုန်းနေတဲ့ လက်နက်ကိုင်စစ်သွေးကြွတွေအကြောင်းလည်း မပြောပြပါဘူး “ လို့ ဒုဗိုလ်ချုပ်ကြီး ဒါဖုံက ပြောပါတယ်။
တလက်နှစ်လက် အမ်၁၆ အမ်၇၉ တလက်နှစ်လက် တွေ့ရပေမဲ့ စစ်ခင်းနိုင်တဲ့ လက်နက်တပ်ဆင်မှုမျိုး တော့ မတွေ့မိပါဘူး။ ကိုခင်ဦးပြောတဲ့အခြေအနေကို ကျနော့ထင်ကြေးသက်သက်ပြောရရင် လူအုပ်ကြီးကို အကာအကွယ်ယူပြီး သူတို့နောက်မှာ လက်နက်ကိုင်စစ်သွေးကြွတွေရှိနေတယ်လို့ စစ်သားတွေထံ သတင်းရောက်ထားပုံရပါတယ်။