အနေဖြင့် မကြာမီ ရက်ပိုင်းက အစိုးရတပ်အား ပြန်လည်ခုခံရန်ပြန်လာမည်ဟု တရုတ်အစိုးရ အာဘော် Global Times တရုတ်သတင်းစာနှင့် ပြုလုပ်သည့် Interview တစ်ခုတွင် ပြောကြားခဲ့ပြီးနောက် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (MNDAA)၊ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ (MNTJP)၏ မျက်မှောက်အခြေအနေနှင့် ပတ်သက်သော ကြေညာချက်ဟု ခေါင်းစဉ်တပ်ထားသည့် ကြေညာချက် ဇန်န၀ါရီ ၁၀ ရက်တွင် မီဒီယာအချို့သို့ ဖြန့်ဝေခဲ့သည်။
ထိုနောက် ယခုရက်ပိုင်းတွင် ကိုးကန့်ဒေသအား ပြင်းထန်စွာထိုးစစ် ဆင်လာမှုများ ဆက်လက် ဖြစ်လာခဲ့သည်။
ကိုးကန့်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်သည် ဘိန်းဘုရင်တစ်ဦးဖြစ်သည်။ တချိန်က ဗကပလက်အောက်ခံဖြစ်ခဲ့သည်။ ဘိန်းစိုက်ပြီး စီးပွားရှာသည်။ မူးယစ်ဆေးဝါးရောင်းဝယ်ထုတ်လုပ်သည်။
ဤနည်းဖြင့် ဘိန်းဘုရင် ဖုန်ကြားရှင် အဖြစ် ကျော်ဇောလာပြီး အမေရိကန်နှင့် ထိုင်းနိုင်ငံတို့မှ ဆုကြေးထုတ်ကာ ဖမ်းဝရမ်းထုတ်ထား ခံရသူဖြစ်ပါသည်။ ကိုးကန့်ဒေသခံပြည်သူများသည် မူးယစ်ဆေးဒုက္ခနွံထဲမှ ရုန်းမထွက်နိုင်ဖြစ်နေရပြီး ဖုန်ကြားရှင်ကမူ မူးယစ်ဆေးဝါးဖြင့် ကြွယ်ဝချမ်းသာကာ အနောက်နိုင်ငံ မီဒီယာများက War load ကိုးကန့်ဘိန်းဘုရင်ဟုပင် တင်စား ခေါ်ဝေါ်ခြင်းခံခဲ့ရသူဖြစ်သည်။
တရုတ်နယ်စပ်အားကိုးနဲ့ မြန်မာနယ်အတွင်း မိုင်းလားနယ်မြေမှာ ကာစီနို လောင်းကစားရုံများ မူးယစ်ဆေးရောင်းဝယ် ဖောက်ကားရာ ဈေးကွက်များ တည်ထောင်ပြီး စီးပွားရေးတောင့်တင်းလာသူ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA (မိုင်းလား) အဖွဲ့ဥက္ကဋ္ဌ စိုင်းလင်းမှာသူ့သားမက် ဖြစ်သည်။
ဖုန်ကြားရှင်နှင့် ကိုးကန့်သည် ၁၉၆ဝ ခုမှ ၁၉၈၉ ခုအထိ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒေသတခု အနေဖြင့် ရပ်တည်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဗကပ လက်အောက်မှ ခွဲထွက်ကာ ကိုးကန့်လက်နက်ကိုင် အင်အားစုများဖြစ်လာစဉ် ၁၉၈၉ခုနှစ် မတ်လ အတွင်း လူအင်အား ၂၀၆၇ယောက် လက်နက် ၁၃၄၅လက်ဖြင့် စစ်အုပ်စုနှင့် အစောဆုံး အပစ်အခတ် ရပ်စဲခဲ့သော အဖွဲ့ အစည်းဖြစ်သည်။
နိုင်ငံရေး မပြောကြေး ကိုယ့်သေနတ်ကိုယ်ကိုင်ထား အပြစ်ရပ် ကြိုက်တာလုပ် စီးပွားရေးလုပ် ခင်ဗျားတို့ကို ဘယ်နိုင်ငံကဘဲ လိုလို ကျုပ်မပေးဘူး။ ခင်ဗျားတို့ အသက်ကို အာမခံတယ် ဆိုပြီး ဗိုလ်ချုပ်ကြီးခင်ညွန့် Personal Order နဲ့ ကတိပြုတဲ့ ဗရမ်းပတာ ငြိမ်းချမ်းရေးဖြစ်ခဲ့တယ်။
ဘိန်းဘုရင်လော်စစ်ဟန်က ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကို ငြိမ်းချမ်းရေး ရယူအောင် ဆောင်ရွက်ပေးခအဖြစ် သားဖြစ်သူ ဦးထွန်းမြင့်နိုင်အာား အေးရှားဝေါလ် အမည်ဖြင့် အကျိုးအမြတ် ကြီးမားသည့် ဆိပ်ကမ်း ဝန်ဆောင်မှုလုပ်ငန်း၊ လေကြောင်း လိုင်း ပြေးဆွဲခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်းကြီးများ စသည့် ထိပ်တန်း စီးပွားရေး လုပ်ငန်းကြီးများကို တပ်မတော်အစိုးရ ပါဝါ အာဏာနဲ့ ပေးခဲ့တယ်။
ဦိးဖိုးအောင် ပို့စ်အထဲ ရေးထားဖူးသလို - ငြိမ်းချမ်းရေးကာလ ဖုန်ကြားရှင်လက်ထက်မှာ
မြို့လယ်က ဘုံခုနစ်ဆင့်မှာ လူသတ်ပြီး အလောင်းကို ချိတ်ဆွဲပြထားတာတွေ၊ မသတ်ခင် အသတ်ခံရမည့်လူကို တရုတ်ရာဇဝင်ကားထဲကလို မြို့ထဲမှာ လှည့်လည် ပြတာတွေနဲ့ ဥပဒေအထက်ကမြို့၊ ကာစီနိုဝိုင်းကြီးတွေ ဖဲဝိုင်းကြီးတွေနှင့် လောင်းကစား အဆိုင်း ၃ ဆိုင်းမှာ အလုပ်သမ မိန်းကလေးထောင်ချီရှိတဲ့ ဟိုတယ်ကြီးတွေရှိတဲ့ မြို့၊ လောင်းကစားရုံ လုံခြုံရေးက မောင်းပြန်သေနတ်ကိုင်ပြီး အပေါက်ဝကစောင့်တဲ့ မြို့၊ အစိုးရဝန်ထမ်းတွေ သြဇာ မရှိ တဲ့မြို့၊ သေနတ်ကိုင်ရပ်ကွက်ရဲကို နောက်က သေနတ်အသင့်နှင့်လိုက်ခိုင်းပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးးက ရဲကားမီးဖွင့်လို့ မိန်းမကို အကြို အပို့ လုပ်တဲ့မြို့ အနှိပ်ခန်းနှင့် ဖာတန်းကို ဆိုင်ခန်းစနစ်တကျနဲ့ လမ်းဘေးမှာ ဖောက်သည်အော်ခေါ် နေတြဲ့မို့၊ မြန်မာငွေ
သုံးမရတဲ့မြို့၊ မြန်မာစကားပြာမရတဲ့မြို့၊ သေနတ်ချိတ်ပြီး ကလပ်ထဲဝင်က ကြတဲ့ကောင်းဘွိုင်မြို့၊ သေနတ်ချိတ်ထားတဲ့ ကိုးကန့်မှ တရုတ်မတွေကပ်တဲ့မြို့၊ စေတီပုထိုးကို အလှထားတတ်တဲ့မြို့၊ နေ့အိပ်ညမအိပ် ဖဲရိုက်တဲ့မြို့၊ လူသတ်မှုတွေအမှုမဖွင့်ဘဲ ကိုးကန့်အုပ်ချုပ်ရေးလက်ထဲပျောက်တဲ့မြို့၊ ဆေးပြားပေါတဲ့မြို့၊ ဆေးသမားပေါတဲ့မြို့၊ ကစထမှူးလောက်ပဲ လူထင်တဲ့ ကိုးကန့်အကြီးအကဲတွေ အုပ်ချုပ်တဲ့မြို့၊ ဖဒရယ်စနစ်ထက်ပိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့မြို့၊
ဒါကြောင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဖန်တီးသူမှာ စစ်အာဏာရှင် အစိုးရပင် ဖြစ်သည်။
၂၀၀၉ခုမှာ ဦးဖုန်ကြားရှင်မှ နယ်ခြားစောင့်တပ်ဖွဲ့ရန် တရားဝင် ငြင်းဆိုခဲ့သောအခါ လက်နက်စက်ရုံများ၊ မူးယစ်ဆေးဝါးစက်ရုံများ တည်ထောင်ပြီး မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးးခဲ့သည် သာမက ဒေသခံရဲတပ်ဖွဲ့များကိုပါခေါ်ယူ၍ ရက်စက်စွာသတ်ဖြတ် ခဲ့ခြင်းများကြောင့် ဟု အကြောင်းပြချက်ဖြင် ဦးပယ်စောက်ချိန် (အထူးဒေသ(၁)ဗဟိုကော်မတီဝင်) ကို အာဏာသိမ်း စေကာ ကိုးကန့် ယာယီအုပ်ချုပ်ရေး အဖွဲ့ လက်နက်လူအင်အား ၈၀၀ က နယ်ခြားစောင့်တပ်လုပ်ရန် သဘော တူညီခဲ့ပြီး ရွေးကောက်ပွဲ ဝင်ရန်လည်း သဘောတူ ညီမှု ရရှိခဲ့ပြီး ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဖုန်းဆွေမှသတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ကြေညာခဲ့သည်။့
ထိုအဖြစ်အပျက်များကြောင့် စစ်တပ်၊ ရဲတပ်သားများနှင့် ကိုးကန့်တို့ သြဂုတ်လ ၂၇ မှ ၂၉ထိ ၃ရက်ကြာ တိုက်ပွဲဖြစ်ပွါး ခဲ့ကြရသည်ဟု ပြောခဲ့သည်။ တိုက်ပွဲများ ဖြစ်ပွါးခဲ့မှုကြောင့် ကိုးကန့် ဒေသတွင် နေထိုင်သူ ၃၀၀၀၀ ကျော်ခန့် နေရပ်ရင်းကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရသည်။ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် နေ့ ညနေ ၆နာရီအထိ ထွက်ပြေးခဲ့သူ ၁၅၆၀၇ ယောက် ပြန်လာခဲ့ပြီဟု ပြောခဲ့ပြီး ယခုအခါ ပုံမှန်အခြေအနေသို့ ရောက်ရှိနေပြီဟု ပြောဆိုခဲ့သည်။
ဤသို့ဖြင့် ဦးဖုန်ကြားရှင်ကို လောက်ကိုင်မှ ကန်ထုတ်ခဲ့သည်။
တရုတ်နှင့်တစုံတရာ နားလည်မှုယူထားနိုင်သဖြင့် ဦးဖုန်ကြားရှင်ကို တရုတ်က ကျားကန်မပေး သည့်အပြင် တရုတ် အစိုးရအနေဖြင့် ၄င်းတို့နိုင်ငံတွင်တည်ရှိသည့် ဖုန်ကြားရှင် ပိုင်ဆိုင်သော ဘဏ်များ၊ ဟိုတယ် များနှင့် အခြားစီးပွားရေး လုပ်ငန်းများကိုယာယီပိတ်ပင်ခဲ့ပြီး ဘဏ်အကောင့် များတွင်ရှိသော ငွေကြေးများကိုပါ ထုတ်ယူခြင်း မပြုနိုင်အောင် ပိတ်ဆို့တားဆီးခဲ့သည်။
ဖုန်ကြားရှင်၏ ဘဏ်တစ်ခုအပါအ၀င် စီးပွားရေးလုပ်ငန်းများသည် တရုတ်နိုင်ငံတွင်အထင်ကရ ရှိနေ သည်။ ကိုးကန့်ဒေသမှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရရှိခဲ့သည့် ငွေကြေးပမာဏ
မြောက်မြားစွာလည်း တရုတ်ဘဏ်များတွင်ဘဏ်အကောင့်ပေါင်းများစွာဖြင့် အပ်နှံထားလျက်ရှိသည်။
မူးယစ်ဆေးဝါးနာမည်ဆိုးနဲ့ ကျော်ဇောသည့် ဖုန်ကြားရှင်လို ဘိန်းဘုရင်သည် တရုတ်နိုင်ငံအနေဖြင့် လိုအပ်ပါက အသုံးချရန် မှောက်ထားသော ဖဲဖြစ်သည်။
+(စစ်အစိုးရကလည်း ယခုအခါ ဝေစန်းဆိုတာကို နယ်ခြားစောင့်တပ်ကနေ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့် ဂုဏ်ထူးဆောင် ပြန်တမ်းဝင်အရာရှိ ဗိုလ်မှူးကြီး ခန့်ထားကာဦးပယ်စောက်ချိန် နှင့် ဗိုလ်မှူးကြီးဝေစန်းတို့ ကျိတ်ပြိုင်နေ ကြအောင် ဖန်တီးထား ပြန်သည်။)+
အချုပ်ဆိုရလျှင် ဗိုလ်ချုပ်ကြီးခင်ညွန့်ခေါင်းခံသည့် တပ်မတော်အစိုးရ မလည်ရှုပ်လုပ်ရပ်မှ ပေါက်ဖွါး လာသော ဖုန်ကြားရှင်၏ ကိုးကန့်ဒေသအား ပြင်းထန်စွာထိုးစစ် ဆင်လာမှုများကြောင့် ဒေသခံ ပြည်သူများ အတွက် ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့ရပေသည်။ တပ်မတော်သားများ အလဟသ အသက် ဆုံးရှုံးရသည်။
ထို့ကြောင့် လက်ရှိအခြေအနေ တွင် တိုက်ပွဲများ ဖန်တီးလာခဲ့သော ဖုန်ကြားရှင် ထိုးစစ်များ နောက်ကွယ်မှ တရုတ်အစိုးရ နှင့် အတူ မြန်မာစစ်အာဏာရှင်များကို အဓိက တရားခံများအဖြစ် အပြစ်မြင်ရပါသည်။