-
မြိတ်မြို့ဝန် ဦးမြတ်လေးသည် မြို့အ၀င် ကမ်းခြေလူနေရပ်ကွက်ဖြစ်သော ဆိပ်ငယ်ရပ်ကွက်ကို ဖျက်ပြီး သူရဲခို ကတုတ် ခံတပ် အခိုင်အခံ့တည်ဆောက်စေကာ အမြောက်ငယ် ၃၅လုံးဖြင့် ရှေ့ခံစစ်ကြောင်း တည်စေ၏။
ထိုမှ ပေါ်တူဂီအမြောက်ဗိုလ် ရော်ရှင်ကို အကြီးအမှူးခန့်ထားသည့် ဗရင်ဂျီအမြောက်သားများဖြင့်
-
မြိတ်မြို့ဝန် ဦးမြတ်လေး၏ လက်အောက် မြို့စာရေးများဖြင့် စီရင်စုနယ်များဖြစ်သော တနင်္သာရီမြို့သို့၎င်း ပုလောမြို့သို့၎င်း လူသူဆင့်ခေါ်ရာတနင်္သာရီချောင်
သိမ်းယူစေပီး ခင်ကြီးဘိုးကို ၀တ်ဖြူလဲစေကာ တနင်္သာရီမြို့စာရေး မောင်မြတ်လေးနှင့်အတူ မြိတ်မြို့ ကန်ကြီးရေကန်ဘောင်ပေါ်တွင် အဆုံးစီရင်လေသည်။
ပုလောမြို့တွင်လည်း စစ်မလိုက်လိုသူများသဖြင့် သေနတ်များပစ်ဖေါက် ခြောက်လှန့်ကာ ယောကျား မိန်းမ အကုန်အစင် မြိတ်သို့ ဆောင်ယူနေရာချကာ အင်္ဂလိပ်ကို ခုခံရန် စီစဉ်နေစဉ်-
ထားဝယ်မြို့သို့ အင်္ဂလိပ်စစ်သင်္ဘောများ ရောက်ရှိလာလေသည်။
-
ဖန်လ်နန်းရှင်မင်းတရားကြီးအ
စစ်ကဲမင်း ကိုရွှေကြာတပ်နှင့် အခွန်မင်း ရေ၀န် အခွန်ဝန်တို့ကို မြို့နေ မြို့စောင့်ရန် ထားရှိလေ၏။
-
မလိကျွန်းငယ် အရောက်တွင် အင်္ဂလိပ် စစ်သင်္ဘော ၄စီး မြိတ်သို့ ချီလာကြောင်းသတင်းရလျှင် စစ်ကြောင်းကို ပြန်လှည့်ကာ မြိတ်သို့ပြန်ဝင် အခိုင်ပြုလျှက် အသင့်စောင့်လေသည်။
-
ရေ၀န်မောင်ဖိုး စစ်ကဲမုတ်ဆိတ် အခွန်မင်းမောင်မြတ်ရာ အကောက်ဝန်မောင်ယောက် စာရေးတော်ကြီးမောင်တော စာရေးတော်ကြီးမောင်ပိန် စာရေးတော်ကြီးမောင်မှုန် မြို့နာခံတော်မောင်လုပ် မြို့သူကြီးမောင်သုတ် မြို့စာရေးကိုပိန် မြို့စာရေးကိုမြတ်လှ စတိန်သူကြီးဦးဒေါင့် ထားဝယ်စုသူကြီးကိုပါ မြစ်ငယ်သူကြီးကိုရှံ လယ်ကျွန်းသူကြီး ကိုဖုန်းသီ နောက်လည်သူကြီး ကိုပန်းဦးတို့ ဦးစီးသော စစ်ကဲအဖွဲ့(ဗျူဟာဌာနချုပ်) က အမြောက်တပ်ဗိုလ် ရော်ရှင်၏ ဗရင်ဂျီအမြောက်သားများဖြင့်
-
သိမ်တော်ကြီးကုန်းပေါ်မှ မြိတ်မြို့ဝန် ဦးမြတ်လေး၏ ပင်မကွပ်ကဲရေးတွင် စာရေးကြီးမောင်စိန် ဆရာထွဏ်းဦးအဖွဲ့က အမြောက်၅လက်ကိုပစ်ရမည်။
-
ဆိပ်ငယ် ရေဆိပ် သူရဲခိုက နောက်လယ် တပ်ခေါင်းအထိ စစ်ကဲမင်း ကိုရွှေကြာက ဦးစီးပစ်ခတ်ရမည်။ မြိတ်မြို့ဝန်၏ စစ်အင်္ဂါတွင် ‘လေးရွာပြု’ ဖွဲ့စည်းပုံ -စစ်သည်သူရဲ ဒိုင်းကိုင် လှံဓါးဆွဲ ၅ဝ၊ လေးမြားသမား၂၅၊ သေနတ်ကိုင် ၇၅၊ အမြောက်သမား ၉ဝ နှင့်စစ်ဝန်ထမ်း ၅ဝ- ပါရှိသည့် ပင်မတပ် ၄တပ်နှင့် ဆင့်ခေါ်တပ်သားများပါဝင်သည်။
-
တနင်္သာရီ မြို့သားသေနတ်ကိုင်တပ် (လူ-၃၀၀နှင့် သေနတ်-၃၀၀ကို ၇၅ယောက်ပါ တပ်ခွဲ) ၄ဖွဲ့ဖွဲ့ပီး တပ်ဗိုလ် မောင်မောင်မြတ်ရာက အဦးအစီးပြုပြီး သိမ်တော်ကြီးကုန်းခြေရင်းတွ
-
၁၁၈၆ခုနှစ် သီတင်းကျွတ်လဆန်း၉ရက်နေ့ နံက် ၈နာရီတွင် အင်္ဂလိပ် ကြက်တောင်ပန်းဗိုလ်မှူး ဦးစီးသော စစ်သင်္ဘော ၄စီး ကျောက်မီးသွေးရုံဆိပ်သို့ ဆိုက်ရောက်လေသည်။
-
ထားဝယ်မြို့သား မောင်ခွေးဖြူကို အလံတချောင်းကိုင်စေပီး အင်္ဂလိပ်ဗိုလ်မှူးက စာချွန်တော် စေလွတ် လေသည်ကို တပ်ဗိုလ်တပ်မင်းအစုံညီရှေ့တ
-
အင်္ဂလိပ်မင်း၏စာတွင် ထားဝယ်ကို ရေ၀န်မောင်ဓါးကအပ်သဖြင့် မောင်ဓါးနှင့် ဇနီး သားသမီးများကို ရှေးကထက်တိုးပီး အင်္ဂလိပ်မင်းစစ်ဗိုလ်တို့က မြင့်မြတ်သောရာထူး ခန့်ထားတော်မူသည်။ မောင်ဓါး၏သား မောင်ရွှေပုကို ဗိုလ်တင်ကာ ၀ယ်သား၅၀၀ တပ်ဖြင့် အင်္ဂလိပ်မင်းဖက်မှ ပါလာသည်။
မြို့ဝန် မောင်မြတ်လေးသည် မြို့ကို အပ်မည် မအပ်မည် အမြန်သိလိုသည်ဟု ပါလေသည်။
-
စာဖတ်ပြီးနောက် ငခွေးဖြူကို ယူလာသော အလံကို ကိုင်စေလျက် ငရွေးဗိုလ်လက်သို့ အပ်ကာ တဇပြင်သို့ ထုတ်စေပီးမှ ထောင်သွင်းထားရမည်ဟု မိန့်လေသည့်အတိုင်းထောင်သွင
-
အင်္ဂလိပ်တို့လည်း အခင်းအကျင်းကိုမြင်လျှင် နံက်၉နာရီခန့်တွင် ကျောက်မီးသွေးရုံတံတားက သင်္ဘောတစီ်း ရေစီးတွင် သင်္ဘောတစီးး တံတားကြီးတွင် သင်္ဘော၂စီ်း စည်းကြပ်ကာနေရာချထား လေသည်။
မြိတ်မြို့ဝန် ဦးမြတ်လေးက သိမ်တော်ကြီးကုန်းပေါ်ရှိ စေတီတော်ကြီးအောက် ကျောက်တန်းတွင် ရွှေထီး၂လက် မိုးကာထိုင်လျက် သင်္ဘော၎စီ်း စည်းကြပ်ကာနေရာချထား နေသည်တို့ကိုကြည့်ပြီးလျှင်
၁၀နာရီထိုးလျှင် ပင်မကွပ်ကဲရေးတွင်ရှိသောရန်
၁၀နာရီထိုးလျှင် အစီအစဉ်အတိုင်း ပစ်ခတ်ရာ အင်္ဂလိပ်စစ်သင်္ဘောပေါ်မှလည်း တပြိုင်တည်း ပြန်လည် ပစ်ခတ်ကြသည်ဖြစ်သဖြင့် တမြို့လုံး မီးခိုး ဖုံးကာ လူလုံးပင်မမြင်အောင် ၃နာရီကြာခန့် အပြန်အလှန် ပစ်ခတ်ကြလေသည်။
-
နေ့လည် နာရီပြန် ၂ချက်ထိုးခန့် မီးခိုးပြယ်လျှင် သည်တချီ ထပ်ပစ်ပြီးမှ နေရာပြောင်းတိုက်မည်ဟု မိန့်တော်မူသည့်အတွက် ရှိသမျှ အမြောက်ကြီးငယ် လက်နက်မီးပေါက် အကုန်ဖြင့် ထပ်မံ ပစ်ကြပြန်သော် မြို့ကပစ်သောလက်နက် သင်္ဘောများသို့ များစွာထိမှန်လေသည်။
-သင်္ဘောကပစ်သော လက်နက်မှာ တောင်ခံနေသဖြင့် များစွာအထိအခိုက်မရှိလှပေ။
မှောင်ရီပြိုးသောအခါ မြို့ဝန်မင်းက သည်အခြေအနေတွင် များစွာ စိုးရိမ်ရန်မရှိ ယခုရပ်ဆိုင်းကြဦး နံက် စောစောမှာ ထပ်မံပစ်မည် ၀ယ်သားများ ကုန်းကြောင်းမှ တက်လာလျှင် ငါ့ကိုလျောက်ကြဟု မိန့်သဖြင့် အပစ်ရပ်လေသည်။
-
မြန်မာဖက်မှအမြောပ်များ အပစ်ရပ်နေစဉ် စစ်သင်္ဘောမှ အင်္ဂလိပ်စစ်သားအများ လှေသမ္မာန်များဖြင့်ကူးကာ ကမ်းတက်လေလျှင်လှေတထောင်တပ်
-
သို့ရာတွင် ညနေပိုင်း တိုက်ပွဲခနအကြာ မိုးသီးထံစွာ ရွာသွန်းလေရာ မြန်မာတို့၏ အမြောက်ကြီးငယ် လက်နက်မီးပေါက်များ နားခွက်က မီးမကူးနိုင်ဖြစ်ကာ ပစ်မရသောကြောင့် အင်္ဂလိပ်စစ်သားများ အတင်းတက်ကြရာ မြန်မာတို့က ဓါးလှင်္ဖြင့် ထိုးခုတ်သဖြင် အင်္ဂလိပ်စစ်သားများ ၁၀၀ကျော် သေ
ဆုံးသော်လဲ အင်္ဂလိပ်စစ်သားများဇွဲခတ်ကာအ
မြို့ဝန်မင်းကြားသော် လတ်တလောထပြီး ဦးမြတ်လေး သားမောင်မောင် ထားဗိုလ်မောင်လေးတို့ မသာတခါးသို့ပြေးသွားကာ ခုခံထိုးခုတ်ကြလေသည်။
-
သိမ်တော်ကြီးကုန်းပေါ်ရှိ ရန်ပုံခွင်းအမြောက်ကြီး လက်ကျိုးသဖြင့် ပစ်မရကြောင်း သတင်းပို့လျှင် တက်လာသမျှ ဂေါ်ရာကုလားတို့ကို ဓါးနှင့်သာခုတ်ကြဟု အမိန့်ပေးပြီး ကိုယ်တော်တိုင် ရွပ်ရွပ်ချွန်ချွန် တလစပ်ထိုးခုတ်လေသည်။
မြစ်ငယ်ရပ်မှ ဂေါ်ရာတပ်ရှုံးပီးဆုတ်လျှင် သွေးကြွနေသည့် မြန်မာစစ်သည်တချို့ မြစ်ငယ်တံတားထိ လိုက်ခုတ်လေသည်။
-
ထိုမှ အရှေ့ကျောင်းတောင် ခြေသို့ တက်လာသည့် အင်္ဂလိပ်စစ်သည် ၁၀၀၀ကို မြို့ဝန်မင်း ဦးမြတ်လေး ကိုယ်တိုင် စစ်ချီတိုက်ခိုက်ရာ အင်္ဂလိပ် ခေတ်မှီ လက်နက်များဒဏ်ကြောင့် များစွာသော မြန်မာစစ်သည်တို့ ကျဆုံးရလေသည်။
မြို့ဝန်မင်း ဦးမြတ်လေး ကိုယ်တိုင်တပ်ဦးမှာမားမားလ
-
၁၁၈၆ခုနှစ် သီတင်းကျွတ်လဆန်း၁၄ရက်နေ့ မြို့ပျက်ပီး ၄ရက်အကြာ ဘိတ်တောင်အရပ်တွင် တိမ်းရှောင်နေသော မြို့ဝန်မင်း ဦးမြတ်လေးက မြို့သို့ဝင်မည် အကြောင်းကြားသဖြင့် အင်္ဂလိပ်ဗိုလ်၂ယောက် သွားပီး မြို့သို့ ဆောင်ခဲ့၏။
-
အမြောက်ဗိုလ် ရော်ရှင်နှင့် ဗရင်ဂျီဘာသာဝင် အမြောက်အမှုထမ်းများအား သင်္ဘောတွင်ချကာ အကျဉ်းထားသည်ကို ထိုသူတို့အပါအ၀င် ခံပစ်သူများအပေါင်းသည် ကျွနုပ်၏အမိန့်ဖြင့်သာလျှင်
-
ကိုးကား-
တနင်္သာရီတိုင်း-မြိတ်ရာဇ၀င် – ဦးကြီးစိန်
-
historyofwar.org/articles/
-
Dr KhinThidar/images-in-myeik
-
--------------------------
ကျနော် လွန်ခဲ့သော ၆နှစ်က -ကမ္ဘာမကြေ “မဲဆွယ်ခြင်း” သို့မဟုတ် မြန်မာပြည်တောင်ဖက်စွန်းက အလွမ်းကဗျာ အမည်ဖြင့် New 7 Wonders အဖွဲ့ က ပေးသည့်ဆု အတွက် မဲပေးကြရန် မြိတ်ကျွန်းစုအကြောင်း ပို့စ်တခုရေးဖူးရာ မိတ်ဆွေများက မြိတ်မြို့ဝန် ဦးမြတ်လေး အကြောင်းရေးရန် တိုက်တွန်း ကြပါသည်။ နောက်ပိုင်း မြိတ်နှင့် နွယ်သည့် အတိုအစလေးများရေးဖြစ်တိုင်း
ကျနော်ကလည်းရေးရန်ဆန္ဒရှိပါသ
ရေးသည့်အခါ မိမိသုံးသပ်ချက်များ ပါနေသည်ကို မကြေလည်သောကြောင့် စာဖြစ်မလာတာ ဖြစ်ပါသည်။
-
ကျနော်သည် ထိုဒေသသားဖြစ်သောကြောင့် ဦးမြတ်လေးသည် ကျနော် မွေးရာပါပိုင်ဆိုင်သော ဟီးရိုး ဖြစ်သည်။
ငယ်စဉ်က ငယ်သည့်အလျောက် အရွယ်ရလာတော့ အရွယ်အသိအလျောက် ဦးမြတ်လေးသည် ကျနော်နှင့် ထာဝရ ရင်းနီးခဲ့သူဖြစ်သည်။
-
တကယ်တန်းချရေးသည့်အခါ သိမှတ် စုစပ်ထားသည်များ နှင့် ဇတ်ကြောင်းကို တည်ဆောက်သောအခါ ကျနော်သိသော ဦးမြတ်လေးသည်မြိတ်နယ်၏ အကြီးအမှူး သူ့မြို့ သူရွာ သူ့ပြည်သူများတိုင်းတပါးကျွ
-
စာချရေးသောအခါ ကျနော့တွင် ပေါ်ပေါ်လာသော အတွေးမှာ ၂မျိုးဖြစ်သည်။
မြို့ဝန်ဦးမြတ်လေး၏ မြိတ်တိုက်ပွဲသည် သာမန်မြို့ပြ အုပ်ချုပ်ရေးအရာရှိတဦး၏ လာတိုက်လို့ ပြန်တိုက်သောပွဲမျိုးမဟုတ်။
အလွန်စည်းစနစ်ကျသော ပုံစံကျ အုပ်ချုပ်ပုံကို မျက်ဝါးထင်ထင် တွေ့မြင်ရသည်။
ဘုရင်က မြို့ဝန်သို့ စေသော အမိန့်စာချွန်တော်တွင် အင်္ဂလိပ်ကို ခုခံ တိုက်ရန် နန်းတော်က အဆုံးအဖြတ် ပါသည်။ အမြောက်ကြီး အမြောက်ငယ် ၆၄လုံး သေနတ် ၁၁၀၀ ကို
ဒေ၀ံတိုက်တော် (လက်နက်ရုံ) က ထုတ် ခွင့်ပါသည်။
-
မြန်မာ အစိုးရ ယန္တရားသည် လိုအပ်သလောက် လိုအပ်သည့် အတိုင်းအတာလောက်လိုအပ်သည့် အခြေအနေအလျောက် စနစ်ကျမှု မည်မျှရှိသည်ကို မြင်လာရသည်။
-
မြို့ဝန်ဦးမြတ်လေး၏ မြိတ်တိုက်ပွဲသည် သေနင်္ဂဗျူဟာ စစ်အင်္ဂါအပြည့်အစုံနှင့် စစ်ကို စနစ်တကျ အစီအစဉ်နှင့် တိုက်တာကို သုံးသပ်မိသည်။
-
ထို့အတူ (တနိုင်ငံလုံး) မြန်မာတို့ဖက်မှ တိုက်ခိုက်မှု တစုံလုံးကိုကြည့်လျှင်လည်း မြန်မာ့ သေနင်္ဂ ဗျူဟာ စစ်အင်္ဂါ အဆင့်အတန်းကိုတွေ့နိုင်သည်။
၁၈၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ရန်ကုန် ဆိပ်ကမ်းသို့ အင်္ဂလိပ် စစ်သင်္ဘောများ ရောက်လာသော အခါ၌ မြန်မာတို့သည်လုံးဝ အငိုက်ခံလိုက်ရခြင်းဖြစ်သည်
-
အင်္ဂလိပ်တို့ ရန်ကုန်ကို အလွယ်ရသော်လည်း မြန်မာ စစ်မှူး စစ်ကဲတို့က ရန်ကုန် ပတ်လည်တွင် နေထိုင်သူ အားလုံးတို့ကို ရွှေ့ပြောင်းစေထားရာ လူသူ ဆိတ်သုဉ်း၍ တောကြီး မြက်မဲ ထဲတွင် စားနပ်ရိက္ခာနှင့် လမ်းပြများ၊ သတင်း ပေးပို့မည့်သူများ၊ သယ်ယူ ပို့ဆောင် ပေးမည့်သူများကို ရှာဖွေ မရနိုင် ဖြစ်လေတော့သည်။ မကြာမီ မိုးကျ၍ လာလေရာ ထိုနေရာမှ ထပ်မံ ရွေ့လျားနိုင်ခြင်း မရှိတော့ဘဲ မြန်မာတို့ လာရောက် တိုက်ခိုက်ခြင်းကိုသာ စောင့်ဆိုင်း၍ နေကြရလေသည်။
-
နောက် သုံးသပ်မိသည်က ထိုစစ်ပွဲသည် လုံးဝ မတရားသော ယုတ်မာသော ဗိုလ်ကျ အနိုင်အထက်ပြုသော အရင်းရှင် နယ်ချဲ့စစ် ဖြစ်သည်။
-
မြိတ်တိုက်ပွဲသည် မိုးမရွာလျှင်လည်းရှုံးမည်။ ပိုမိုကြီးမားသော ဆုံးရှုံမှုဖြင့် ရှုံးကိုရှုံးမည်ဖြစ်သည်။
-
ခြုံ၍ ကြည့်လျှင် မြန်မာမင်းတို့သည် အရည်အသွေး ရှိသူများ၊ အစွမ်းထက်သူများ ဖြစ်ကြသည်။ သို့သော် ပြင်ပ လောက အကြောင်းကို သတိမမူသူများ-ဘုန်းလက်ရုံး အင်အားကို လွန်စွာ အထင်ကြီးနေသူများ ဖြစ်ကြသည်။ ကမ္ဘာ့အခင်းအကျင်း အရွေ့ ခေတ် အကူး အပြောင်း ကိုနားမလည်လိုက်သဖြင့် အသိမ်းပိုက်ခံ ဘ၀ ရောက်ရခြင်းဖြစ်သည်။
-
ကျိုယ့်ထီးကိုယ့်နန်းသည် သီပေါမဟုတ်လဲ အလားတူဘဲဖြစ်မည်။
-
မြိတ်မြို့ဝန်သည် အင်္ဂလိပ် အင်အား အခြေအနေအရပ်ရပ်ကို လုံးဝမသိခဲ့။ ရေ၀န်ဖေါက်သောကြောင့်သာ ထားဝယ်ကျသည်ဟု ယုဆသဖြင့် ထားဝယ်သို့ တက်ပီး မောင်ဓါးကို နရင်းအုပ် အင်္ဂလိပ်ကို ဖင်ပိတ်ကန်ဖို့ ချီစေခြင်းဖြစ်သည်။
-
ထိုနည်းတူစွာ မဟာဗန္ဓုလသည်လည်း အင်္ဂလိပ် လက်နက်စွမ်းရည်ကို သူလိုငါလို လောက်သာ တွက်သည်။ အင်္ဂလိပ်ခံတပ်များဆီကို တဖြေးဖြေး ရှေ့သို့ တိုး၍ တရွေ့ရွေ့ ချဉ်းကပ် လာကြပြီးနောက် အလုံးအရင်းနှင့် တိုက်ခိုက်ကြသည်။
-
အင်္ဂလိပ်က ပစ်စွမ်း အကြီးအကျယ်ကွာနေရာ ရွေ့လျားနေသော မြန်မာတပ် နီးကပ်လာသော် အဆက်မပြတ် ပစ်ခတ်ကြပြီးလျှင် ပတ်ပတ်လည်ရှိ မြန်မာတို့၏ ခံတပ်များကို အဝေးမှပင် ပစ်ခတ် ဖြိုဖျက်လေသည်။
-
မင်းကြီး မဟာဗန္ဓုလသာ အခြေနေမှန်သိပါမူ မုတ်သုန်မိုး အပြင်းထန်ဆုံး ရွာသွန်းနေချိန်တွင် တပ်တော်ကြီး တခုလုံးနှင့် အမြောက် လက်နက်များနှင့်တကွ ရခိုင်ရိုးမကို အပြင်းချီတက် ဖြတ်ကျော်နိုင်စွမ်း တပ်ချီ တပ်ဆုတ် လျင်မြန်မှု အစွမ်းကိုသုံးကာ ရင်ဆိုင်စစ်မသုံး လျပ်တပျက်စစ်သာ သုံးမည်မလွဲဟု သုံးသတ်သည်။
-
သို့ဆိုလျှင်လက်နက်အင်အားသာ
-
ကိုယ်ရည်ကိုယ်သွေးအတွက်နယ်ပ
-
အင်္ဂလိပ်တို့မြန်မာနိုင်ငံကိ
-
အရှေ့တိုင်းတွင် ဗြိတိသျှတို့ ကျူးကျော်တိုက်ခိုက်ခဲ့မှုမျ
မြန်မာနိုင်ငံစစ်ပွဲ
လန်ဒန်၊ သောကြာနေ့၊ ဇူလိုင် ၁၅၊ ၁၈၅၃။
ကားလ်မာ့က်စ်