-
အရှေ့ဖက်မှာ ထိုင်းပင်လယ်ကွေ့ အနောက်ဖက်မှာ ဘင်္ဂလားပင်လယ်အော် ကြား
မြန်မာပြည် တောင်ဘက်စွန်းက တည်ညိမ်တဲ့ အိနြေရှင် အလှလေး…။
-
မိုင်ငါးရာကျော်ရှညိတဲ့ ကမ်းခြေက ရိုးမနဲ့မျဉ်းပြိုင်လို့ ပြောရမလား ရိုးမကို အနားသတ်ထားတယ်လို့ ပြောရမလား ကဗျာဆရာမှဘဲ စာဖွဲ့နိုင်တော့မယ်။
-
ပေခြောက်ထောင်အမြင့် ရှိတဲ့ မြင့်မိုဟ်လက်ခတ်တောင် နွားလည်ဘို့တောင် အပါအ၀င် တောင်တန်းတွေက တသွယ်တတန်း အမြဲစိမ်းသစ်တောတွေကြားမှာ ထားဝယ်မြစ်၊ တနင်္သာရီမြစ်ကြီး၊ တနင်္သာရီမြစ်ငယ်၊ လေညာမြစ်၊ ကျောက်ဖြာမြစ်၊ ပါချန်မြစ်တွေနဲ့ ရေးချောင်း၊ စွယ်တော်ဝချောင်း(စာရ၀) ပလောက်ချောင်းတို့လို ချောင်းကြီး ချောင်းငယ်များစွာနဲ့ ယှက်နွယ် သွယ်ဆက်ထားတယ်။ တနင်္သာရီရိုးမရဲ့ တကယ့်နယ်ပါယ်က မွန်၊ ကရင်နဲ့ ထားဝယ် ဘိတ် သံလွင်မြစ်ဝကနေ ပါချန်မြစ် ၀အထိဖြစ်တယ်။ပြည်တွင်းမငြိမ
-
ဒီရိုးမဟာ မြေပေါ်မြေအောက် သယံဇာတတွေနဲ့ အဖိုးတန်ဒေသတခုအဖြစ် သမိုင်းတစ်လျောက်မှာ နေရာယူခဲ့တယ်။ ရှေး မင်းစဉ်မင်းဆက် ရွှေဘုန်းတော်ရောက် စစ်ပွဲတွေ ဆင်နွဲခဲ့ရာ နှစ်ပြည့်တပြည် ကူးလူးရင်းနှီးခဲ့ရာ သမိုင်း မော်ကွန်းတွေ တွင်စေခဲ့တယ်။
-
၁၈၂၄ခုနှစ် အင်္ဂလိပ်- မြန်မာ ပထမ စစ်ပွဲ နောက်ပိုင်း တပါးကျွန်ဘ၀မှာတော့ `တနင်္သာရီနှမ` အပျိုရည်ပျက်ခဲ့ရတယ်။
-
သံတွေ၊ခဲတွေ၊ ကျောက်မီးသွေးတွေ အင်္ဂလိပ် ကုမ္ပဏီတွေကတူးခဲ့တယ်၊
ဘုံဘေဘားမား ဇြိတိသျှဘားမား ကုမ္ပဏီတွေက သစ်တွေ ထုတ်ခဲ့တယ်၊ သွားရေးလာရေးသာတဲ့ မွန်-ကရင် ဒေသတွေမှာ ကျွန်းပင်တွေ မျိုးတုန်းအောင် ခုတ်သွားထုတ်သွားတယ်။
-
နောက်ပိုင်း လွတ်လပ်ရေး ရပြီး ပြန်တော့လဲ အခြင်းခြင်းထချကြတဲ့ ပြည်တွင်း မညိမ်မသက်မှုကြောင့် နယ်မြေ မအေးချမ်းလို့၊ အစိုးရ အုပ်ချုပ်ရေး အာဏာ လက်လှမ်းမမှီလို့ တော်လှန်ရေးရောင်တော်ပြန်နဲ
-
စစ်အစိုးရ ခေတ်ကျပြန်တော့ ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ ပေါ်ပေါ်ထင်ထင် နိုင်ငံခြား ကုမ္ပဏီတွေ၊ တိုင်းရင်းသား အမည်ခံ နိုင်ငံခြား ကုမ္ပဏီတွေ ၊ ဗိုလ်ရိပ်ခို စီးပွါးရေး လုပ်ငန်းရှင်တွေ၊ အသီးအသီး အသကအသက၊ မြေတွေ ယူကြ၊ သတ္ထုတွေ တူးကြ၊ သစ်တွေ ခုတ်ကြ အလုအယက် လုပ်လာလိုက်တာ ခုထိဘဲပေါ့။
ကိုလိုနီလက်ထက် အပျိုရည်ပျက်ခဲ့တဲ့ တနင်္သာရီရိုးမ သူပုန်သူကန်လက် ၀ကွက်လို့ ဆက်မြောတာတောင် ၁၀%လောက် မစွန်းတစွန်း ဆုံးရှုံးတာ။
၁၉၉၀ကနေ ၂၀၀၀ ခုနှစ်လောက်အထိမှာ အထိနာပြန်တာတောင် ၇၀% နှုန်းလောက်က သစ်တော ဖုံးနေခဲ့သေးတယ်၊
-
၁၉၉၉ ခုနှစ်မှာ တနင်္သာရီ တိုင်းသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဖြစ်ရမည် ဆိုတဲ့ ဆောင်ပုဒ်နဲ့ တိုင်းရင်းသား လုပ်ငန်းရှင် ဆိုသူတွေကို မြေဧက (၅၀၀၀၀၀)မှာ ဆီအုန်း စိုက်ခွင့် ပြုခဲ့တယ်၊ လူနေ အနည်းဆုံး ဖြစ်ပြီး သစ်တော အထူဆုံးနေ ရာတွေဖြစ်တဲ့ မြိတ်ခရိုင်၊ ကော့သောင်း ခရိုင်တွေမှာ နေရာပေးခဲ့တယ်၊ ပြည်ထောင်စု လမ်းမကြီး အေရှလမ်းမကြီးလို့ အမည်တွေတပ် ပြီး လမ်းဖောက် ပေးလိုက်တယ်။
သစ်ခုတ်ခွင့် သစ်ထုတ်ခွင့် သစ်ရောင်းခွင့် ဘသူ့မှမပေးပါဘူး။
-
ဆီအိုးကြီး ထဲ ဆီဘယ်နပုလင်း ရောက်လဲတော့ စါရင်းမရှိ စတိလောက်စိုက် ကြိုက်သလောက် ခုတ်ပစ်လိုက်တာ ကြိုးဝိုင်းတွေ သစ်တော တွေ အတော်များများတော့ မရှိတော့ဘူး။ အတော်များများတော့ မရှိတော့ဘူးဆိုတော့ အတော်ကြဲကြဲ နဲနဲကျန်တဲ့ဟာက ကျန်ပါသေးသကော။
-
ဘယ်ရမလဲ ခွင်ချကြပြန်တာပ။ ဘာတဲံ့ မြန်မာ့ ရွှေ ဖြူ -ရိုးမကို လွှမ်းရမည်တဲ့၊ ရာဘာပင် စိုက်မကွဲ့ဆိုပီး ခုတ် ပြန်ပါလေရော။
-
အစိုးရကလား.. သစ်ခုတ်ခွင့်မပေးပါဘူးဆို။ ……………….အော် ဒါကတော့ ဆီအုန်းပင် ရာဘာပင်ဆိုတာ ရှိပိးသားအပင်ပေါ် ထပ်စိုက်လို့မှမရတဲ့ဟာကို။
-
သံတွေခဲတွေလား တူးတာပေါ့ သူကလဲ ရှုတ်နေတဲ့သစ်ပင်တွေခုတ်ရုံမ
-
ဥယျာဉ်တွေ စိုက်ခင်းတွေထဲဝင် သီးပင်စားပင်တွေ မြုပ်ကုန်တာ ဘာညာလောက်ရှိတာလဲ ရှိပေါ့။
သတ္ထုဆေးပီးရေကလဲ ညစ်ဆိုးရေဖြစ်ပြီ။ သုံးမရ သောက်မရတော့ဘူး။ ရေတော့ရှိတယ်လေ၊ ရှိလိုက်တာမှ အိမ်တောင် မြုပ်နေသေး။
ရွာတွေ ဥယျာဉ်တွေက လူတွေလား ထိုင်းတို့ မလေးရှားတို့ ရောက်ကုန်တာပေါ့ဗျာ။
-
ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ တခြား အဆစ်ပါသွားတာတွေရှိသေးတယ်။
ပုဇွန်ခြောက် စက်ရုံတွေ၊ ကင်းမွန်ခြောက် စက်ရုံတွေငါးအမှုန့်လုပ်တဲ့ စက်ရုံတွေက ရေထွက် ပစ္စည်းတွေကို ပြုတ်ပြီး အခြောက်ခံတယ်၊ ဒီအတွက် ထင်းလိုတယ်၊ ဒီရေတောတွေ တစ်နေ့ လှေကြီး၎/၅စင်း လောက်ခုတ်ပြစ်တော့ မြစ်ဝချောင်းဝ၊ မြစ်တွင်းချောင်းတွင်း ရိုးမကြောက ဒီရေတောတွေ ပြုပ်ပြုပ်ပြုန်းကုန်တယ်။
-
တောတွေ မရှိတော့ဘူး၊ တောင်တွေ မရှိတော့ဘူး၊ မြစ်တွေ ချောင်းတွေ နောက်ကုန်ပြီ၊ ငါးတွေ ပုဇွန်တွေ အရ နည်းလာတယ် ဒေသသားတွေ လုပ်စားကိုင်စားစရာမရှိတော့
-
သဘာဝ ပတ် ၀န်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ မှီခိုနေထိုင်သူများ ယှဉ်တွဲနေထိုင်ရေးကိစ္စရပ်မျ
-
သစ်တောကဏ္ဍ၏ ပင်မစီမံကိန်း - ၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ အထိ နှစ် ၃၀ စီမံကိန်းအရ ဧက ၂ ဒသမ ၂၇ သန်း လျာထားပြီးဘီဆိုတာမျိုး
-
၂၀၀၀ခုနှစ်လောက်က ကြားတာ ၁၅နှစ်သာကြာရော မယ်မယ်ရရတော့ ဘာမှမတွေ့။
-
ခုတလောတော့ တရားမဝင်သစ်ခိုးထုတ်မှုတွေကိ
-
တချို့ဒေသတွေမှာ ဆိုတဲ့အထဲ တနင်္သာရီတိုင်းတော့ ပါဟန်မတူဘူး။ မပါခြင် ယောင်ဆောင် နေလားလဲမသိဘူးပေါ့နော။
ကောင်းမြတ် ကုမ္ပဏီ ဆိုတာက တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ကြိမ်ချောင်းရွာနားမှာ ပျိုအိုင်နားမှာ တနချောင်းမှာ စတဲ့နေရာတွေက သစ်လုံးကြီး သစ်လုံးရွယ် တနေ့ တနေ့ ကား၅စီး၆စီးတိုက် သယ်နေတာ တနင်္သရီမြစ်ကမ်း မြေမအုံမှာစုရပ်လုပ်ပီး ခုတ်ထားတာနဲ့ ရာထားတာက တန်ချိန် ၆ ၅၀၀လောက်ရှိတယ်။
-
တလောက တနင်္သာရီမြို့နယ်တွင် တနင်္သာရီ သဘာဝသစ်တောကြိုးဝိုင်း စီမံကိန်းမှ တနင်္သာရီ ဘေးမဲ့တောသတ်မှတ်ရေးဆောင်ရွ
ဒေသအတွက်မရှိမဖြစ် လိုအပ်လျက်ရှိသောကိစ္စတရပ်ပင
-
-
မှီခိုတောများ ပျက်စီးခြင်းနှင့် အမဲလိုက်ခြင်းတို့ကြောင့် ကမ္ဘာနှင့်အဝန်းတွင် အကောင်ရေ သိသာစွာ ကျဆင်းလျက်ရှိသော ကြံ့သူတော် (Malayan Tapir- Tapirus indicus) ကို မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ သဘာဝကြိုးဝိုင်း အတွင်းတွင် ယခုနှစ် မတ်လ ၁ ရက်မှ ဇွန်လ ၃၀ ရက်နေ့အထိ လေးလအတွင်း လေ့လာထားချက်အရ သုံးကောင်တွေ့ရှိ ခဲ့ရကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
-
ကြံ့သူတော်ကို တနင်္သာရီ သဘာဝကြိုးဝိုင်း အတွင်း ခိုတမဆားတွင်း (ဒေသအခေါ် ရေပုတ်) တွင် အထီးတစ်ကောင်နှင့် အမတစ်ကောင်၊ မကဲဗျက်ကသန်ချောင်း ဆားတွင်းတွင် (အထီး/ အမ မသိ) တစ်ကောင် စုစုပေါင်း သုံးကောင် တွေ့ရှိခဲ့ရကြောင်း၊ ခြေရာနှင့် သင်္ကေတ အမှတ်အသားများကို လေ့လာချက်အရ ခိုတမ ချောင်းဖျား၊ မကဲဗျက်ကသန် ချောင်းဖျားနှင့် ရေပုံး ရေပူစမ်းတို့မှာ တနင်္သာရီ သဘာဝကြိုးဝိုင်း အတွင်း ကြံ့သူတော် အမြဲတမ်း ကျက်စားသော ဒေသများ ဖြစ်ကြောင်း၊ ဒေသခံများအား မေးခွန်းများ မေးမြန်းချက်အရ ၉၀ ဒသမ ၇၅ ရာခိုင်နှုန်းမှာ ကြံ့သူတော်ကို လွန်ခဲ့သော ၁၄ နှစ်ခန့်က တွေ့ရှိခဲ့ပြီး ၂၉ ဒသမ ၄၁ ရာခိုင်နှုန်းမှာ ကြံ့သူတော်၏ အသားများကို လူတို့စားသည်ကို တွေ့ခဲ့ရကြောင်းကို ဖြေကြားကြကြောင်း မှတ်တမ်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် ကြံ့သူတော်မျိုးစိတ် ပျံ့နှံ့တည်ရှိမှုနှင့် အကောင်ရေဆိုင်ရာ ကိန်းဂဏန်း အတိအကျ လေ့လာမှုမှတ်တမ်းမှာ မရှိသလောက် နည်းပါးသေးကြောင်း၊ သိရသည်။
-
ကြံ့သူတော်အကြောင်းကို အကျယ်တဝင့် ဟောပြောခြင်းနှင့် ကင်းလှည့်ထိန်းသိမ်းရေးကို အဓိက ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တနင်္သာရီ ဒေသတွင်သာ ယင်းမျိုးစိတ်ကို တွေ့ရနိုင်သောကြောင့် ထိန်းသိမ်းရေး စီမံချက်ရေးဆွဲကာ ဆောင်ရွက်သင့်ကြောင်း ဝန်းကျင်/ သားငှက် ဌာနထံမှ သိရသည်။ ကြံ့သူတော် လေ့လာမှုတွင် ဦးနေမျိုးရွှေ (တောအုပ်ကြီး)၊ ဝန်းကျင်/ သားငှက်ဌာနမှ အမျိုးသား အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး တနင်္သာရီ သဘာဝကြိုးဝိုင်း စီမံကိန်း ဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။ ကမ္ဘာပေါ်တွင် ကြံ့သူတော်မျိုးစိတ် လေးမျိုး ကျန်ရှိပြီး သုံးမျိုးမှာ လက်တင်အမေရိက နိုင်ငံများတွင် တွေ့ရှိရကာ အရှေ့တောင်အာရှ နိုင်ငံများတွင် Malayan Tapir (Tapirus indicus) တစ်မျိုးသာ တွေ့ရကြောင်း၊ အရှေ့တောင်အာရှတွင် မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့တွင် တွေ့ရပြီး မြန်မာနိုင်ငံတွင် တနင်္သာရီ ဒေသတွင်သာ တွေ့ရနိုင်ကြောင်း မှတ်တမ်းများအရ သိရသည်။
-
ဆွန်ဒယက် တော- တနင်္သာရီ
အရှေ့တောင်အာရှဒေသတွင် နောက်ဆုံးကျန်ရှိသည့် သက်တမ်းရင့် မြေနိမ့်မြေပြန့်တောများသည်
မြန်မာနိုင်ငံရှိ မြိတ်ခရိုင်နှင့် တောင် ပိုင်းရှိဒေသအားလုံးသည် ဆန်ဒါဒေသတွင်
ပါဝင်နေကြောင်း၊မြန်မာတစ်နိ
''တနင်္သာရီဒေသမှာ ဒီဆွန်ဒယက် တောတွေ ကျန်နေသေးတယ်။ ကမ္ဘာမှာ နောက်ဆုံးကျန်တဲ့ ကိုယ်စားပြု
တောဖြစ်ပါတယ်။ မြေနိမ့်မြေပြန့် သစ်တော ဒီလောက်ကျယ်ပြန့်တာ မြန်မာနိုင်ငံမှာပဲ ကျန်ပါတော့တယ်''
ဟု Biodiversity And Nature Conservation Association (BANCA)မှ ဥက္ကဋ္ဌဒေါက်တာထင်လှ က ပြော ကြားသည်။