
ဖြင့်မေးမြန်းတောင်းဆိုလာသည့်အဖြစ်အပျက်တခုကို ယ္ခုပို့စ်ဖြင့် ပြန်
လည်တင်ပြလိုက်ပါသည်။
စာဖတ်မိတ်ဆွေမေးလာတာက ဧပြီလ ၁၃-၁၄ ထိုင်းရှပ်နီ အရေးအခင်း
နှင့်ပါတ်သက်ပြီး ကျနော့ရဲ့ ဟိုမိုကရေစီ ပို့စ် အပါအ၀င် မြန်မာဘလော့
များ သတင်းဌာနများ ၀က်ဘ်ဆိုက်များ သတင်းနက်ဝပ်များ ကိုဖတ်ရှုရာ
မှာ သတင်းနက်ဝပ်ဆိုက်ဒ်တခုက “ရုပ်သံမြင်ကွင်း သတင်းတပုဒ်မှာ
အစိမ်းပုတ်ရောင်တီရှပ်ဝတ်ထားသူတဦးက ဆန္ဒပြသူ အမျိုးသမီးတဦးကို
ဆံပင်ကနေ တရွတ်တိုက်ဆွဲပြီး စစ်သားတွေဖက်ဆီ ဆွဲသွားတာမြင်လိုက် ရပါတယ်။ အဲဒီအမျိုးသမီးကိုပြန်လည်ဆွဲခေါ်သူ အမျိုးသမီးဟာ အပေါ်
အင်္ကျီကျွတ်နေပြီး အတွင်းခံအင်္ကျီကိုသာဝတ်ဆင်ထားတာကို တွေ့ရ
ပါတယ်။” လို့ဖတ်လိုက်ရတာကြောင့် သတင်းအဖြစ်အပျက်ကို သိလို
တဲ့အတွက် ထပ်မံရှာဖွေရာမှာ ဓါတ်ပုံကိုတွေ့ သော်လည်း ဖြစ်ပွါးပုံကို တော့မသိရဘဲဖြစ်နေ တာကြောင့် သတင်းဖြစ်ပျက်ပုံသိလျှင်ပြန်ကြားပေးပါလို့ ပါရှိ ပါတယ်။
ယ္ခုရက်ပိုင်းအတွင်းထိုင်းမှာလဲ ဒီအကြောင်းနဲ့ပါတ်သက်လို့ လွတ်တော်အတွင်း အတိုက်အခံအမတ်များရဲ့
စွဲချက်များမေးခွန်းများ အာဏာရအစိုးရရဲ့ ဖြေရှင်းချက်များကို အချက်အလက် အထောက်အထားများနှင့်
အပြန်အလှန် တင်ပြဆွေနွေးနေတာကြောင့် သတင်းဖြစ်စဉ်အပြင် နောက်ဆက်တွဲ သတင်းများကိုပါ ဆက်စပ်
ရှာဖွေတင်ပြလိုက်ပါသည်။
သတင်းဖြစ်စဉ်မှာ ဧပြီလ(၁၃)ရက်နေ့က အနူက်ဆာဝါလီ အ၀ိုင်းအနီးမှာ စုရုံးဆန္ဒပြနေတဲ့ အနီဝတ်အုပ်စုမှ အမျိုးသမီး၂ဦးနှင့် သတင်းထောက်တဦး အခြေအတင် ပြောဆို စကားများရာမှ



ပုံတွဲ(၃)ပုံ၁သည် ပုံတွဲ(၂)ပုံ၂နှင့်တဆက်တည်းဖြစ်သည်။အမျိုးသမီးက၀င် လုံးပြီးအနီအုပ်အတွင်း ဆွဲခေါ်ရာမပါ သွားရန် သတင်းထောက်ကပြန်လှန်ရုန်းကန်ကာ ဆံပင်ဆွဲရင်းအစောင့်များရှိရာဖက်သို့ထွက်ရခြင်းဖြစ်သည်။
(အဖြစ်အပျက်ကိုဗွီဒီယို မှတ်တမ်းဖြင့်ကြည့်ရန်ထည့်သွင်းပေးထားပါသည်)

ပဌမ စွဲချက်မှာ ထိုအမျိုးသမီးအား ဆံပင်ဆွဲ၍ တရွတ်တိုက်ခေါ်သူသည် ထိုင်းတပ်မတော်အရာရှိ တဦးဖြစ်သူ အမှတ်(၁၂) တပ်တော်မှ ဒုတိယဗိုလ်မှူးကြီး ကရင်စ နန်ထ ဖေါ်ထိဒစ် ဖြစ်ကြောင်း -
ဒုတိယစွဲချက်မှာ အမျိုးသမီးအားအကြမ်းဖက်နေမှုနှင့်ကျန်အမျိုးသမီးတဦးက အော်ဟစ်အကူအညီတောင်း
နေသည်ကို အနီးရှိစစ်သားများက တစုံတရာအကူအညီ ပေးခြင်းမရှိပါဟု စွတ်စွဲခြင်းဖြစ်သည်။
အစိုးရဖက်မှပြန်လည်ဖြေရှင်းသည်မှာ အကယ်၍ အမျိုးသမီးအားအကြမ်းဖက်ဆံပင်ဆွဲကာ တရွတ်တိုက်ခေါ်သူသည် အမှတ်(၁၂)ဘုရင့်တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ကရင်စ နန်ထ ဖေါ်ထိဒစ် ဟုဆိုလျှင် အောက်ပါဓါတ်ပုံပါပုဂ္ဂိုလ်သည် ဒုတိယဗိုလ်မှူးကြီး ကရင်စ နန်ထ ဖေါ်ထိဒစ် ၏ ပုံဖြစ်ပါသည်။ အခြင်းဖြစ်သူနှင့် တဦးတည်းမဟုတ် တယောက်စီဖြစ်ပါသည်။



No comments:
Post a Comment