ကျနော်တို့ အနေနဲ့ အတတ်နိုင်ဆုံး ရှေ့လုပ်ငန်းစဉ်တွေ အလားအလာတွေကို အာရုံစိုက် ဆွေးနွေးချင်ပါတယ်။ ဆွေးနွေးခဲ့ကြပါတယ်။ ဘာလို့လဲ ဆိုတော့….. ခဲ့ရင်…. ဆိုတဲ့ ဆွေးနွေးချက်မျိုးတွေ နောက်ကြောင်းပြန် တရားခံရှာတဲ့ ပြောဆို ချက်တွေက အလုပ်မဖြစ်လို့ပါ။ ဒါပေမဲ့ ရဲရင့်ငယ်ဘလောက်မှာ ဦးလှိုင်မြင့် ရေးလာတဲ့ စာတွေကိုတော့ ကျနော်တို့လဲ ကြိုက်တယ်ဗျ။
ကျနော့်အနေနဲ့တော့ နိုင်ငံရေးမှာ အလွန်သိမ်မွေ့တဲ့ နှလုံးအိမ်တွင်းက တိုက်ပွဲ တွေကို မသိသေးတဲ့ သူတွေအနေနဲ့ အတော်အတန် ရိပ်မိသိရှိစေနိုင် မယ်လို့ ထင်မိပါတယ်။ ခုလဲ ၂၀၁၀ အလွန် နိုင်ငံရေး အခင်းအကျင်း ကို ဘယ်လို ရင်ဆိုင်ကြပြီး ဘယ်လို အနိုင်ယူကြမလဲလို့ ပြောဖို့ အတွက် ရန်သူရဲ့ သဘော သဘာဝကို သုံးသပ်ဖို့ နောက်ကြောင်းနဲနဲ ပြန်လိုပါတယ်။ ဦးလှိုင်မြင့်က NLD လုပ်သင့်ခဲ့တဲ့ တိုက်ကွက်တခု အနေနဲ့ ….( အဖွဲ့ ချုပ်က န.အ.ဖ ကိုတောင်းဆို ရမှာက လစ်လပ်သွားတဲ့အမတ်နေရာတွေမှာ အစားထိုးရွေးချယ်တင်မြောက်ပွဲလုပ်ပေးဖို့ တောင်းဆိုရမှာ ။ ဒီလိုတောင်းဆိုလာရင် န.အ.ဖ ဘေးကျပ်နံကျပ်တွေ ပြီ ။ ) လို့ ဆွေး နွေးထားပါတယ်။ ကျနော်မှတ်မိသလောက် ၉၀ ခု ရွေးကောက်ပွဲ ဥပဒေမှာ အနိုင်ရ အမတ်တဦး သေဆုံး ပျက်ကွက် နုတ်ထွက် ပယ်ဖျက် ဖြစ်ခဲ့ရင် ကြားကာလ ရွေးကောက်ပွဲ မလုပ်ပဲ ဒုတိယ မဲ အများဆုံး ရသူက အမတ်နေရာ ယူဖို့ လို့ဆိုပါတယ်။ အဲဒီ ဥပဒေကို NLD က သတိထားမိလို့ မလုပ်ခဲ့ သလား။ အဲဒီ ဥပဒေကို နအဖက သတိမထားမိလို့ အသုံးမချခဲ့ သလားတော့ သေချာ မပြော နိုင်ဘူးပေါ့။ ဒုတိယ မဲ အများဆုံး ရတဲ့ အမတ်လောင်း အများစုကတော့ တစည တွေပါပဲ။ ကျနော့် ယူဆချက်ကတော့ နအဖ အနေနဲ့ သတိမထားမိတာ မဖြစ် လောက်ဘူး၊ ဒီအခွင့်အရေးကို တစည ကို မပေးချင်တာပဲ ဖြစ်မယ်။ ဆိုတာပါပဲ…….. ဒါကိုပဲ ကြည့်ရင်ဖြစ်ဖြစ်။ တခြား အဖြစ်တွေကိုပဲ ကြည့်ရင်ဖြစ် ဖြစ် စစ်အုပ်စုလို့ သိမ်းကြုံးခေါ်နေတဲ့ စစ်ဗိုလ်တွေ အတွင်းမှာလဲ အကျိုးစီးပွါး ပြဿနာ တွေ အာဏာ ပြဿနာ တွေ နဲ့ အကွဲကွဲ အပြဲပြဲ ဆိုတာသိနိုင်ပါတယ်။
ဒီတော့ စစ်အာဏာရှင် စံနစ်အောက်မှာ စစ်ဗိုလ်တွေကိုယ်တိုင်ပင်လျင် အာမခံ
ချက် မရှိဘူးဆိုတာသိလာတဲ့ သူတွေနဲ့ အမျိုးသားတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အမျိုးသားစည်းလုံးညီညွတ်ရေး မရှိမဖြစ် လိုတယ်လို့ နားလည်လာတဲ့ မျိုးချစ် စစ်သည်တွေကို ဒီမိုကရေစီရေး အမျိုးသား စည်းလုံးညွတ်ရေး လုပ်ငန်း စဉ် အတွက် စည်းရုံးကြရပါမယ်။
ဒါ့အပြင် အမျိုးသားစည်းလုံးညီညွတ်ရေး နဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံ အနေနဲ့ တည်ဆောက်မဲ့ ဒီမိုကရေစီ နိုင်ငံရေးစံနစ်မှာ စစ်သားတွေလဲ အများ နည်းတူ အာမခံချက်တွေနဲ့ အခွင့်အရေးတွေ ရမှာပဲ ဖြစ်တယ်ဆိုတာ နားလည် လာစေပြီး ဒီမိုကရေစီရေးမှာ တတပ်တအား ပါဝင်လာစေဖို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကျနော်တို့က အပယ်ခံ စစ်မှုထမ်းဟောင်းတွေ၊ အနှိမ်ခံ အောက်ခြေစစ်သည် တွေကို အာရုံစိုက်ပြီး စည်းရုံးရေးလုပ်လာတာနဲ့ နအဖ စစ်အာဏာရှင်တွေကလဲ သူတို့ကို ဂရုစိုက်လာရမယ်၊ အရေးတယူ လုပ်လာရပါ လိမ္မယ်။ ဒါဟာ ကျနော် တို့ရဲ့ ဒီမိုကရေစီရေး အမျိုးသားပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် တိုက်ရိုက်နဲ့ သွယ်ဝိုက် အကျိုးတွေဖြစ်လာစေ လိမ္မယ်။
ရွှေဝါရောင် အရေးအခင်းပြီးတော့ နိုင်ငံတကာကို ပြန့်ထွက်လာတဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားတက်ကြွတဲ့ သံဃာတွေနဲ့ ပြည်ပရောက် ဗမာလူထုတွေတွေ ပေါင်းစည်းလာတာကို မခံနိုင်တဲ့ နအဖ က သူ့ ဘက်က ဘုန်းကြီးတွေကို နိုင်ငံ တကာ ရောက်အောင် ငွေကုန်ကြေးကြ ခံပြီး လုပ်လာရပါတယ်။ အဲဒါကို အသေအချာ လေ့လာပြီး အစီအစဉ် ရှိရှိ ကိုင်တွယ်နိုင်ရင် ဒီမိုကရေစီရေး အမျိုးသားပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် တိုက်ရိုက်နဲ့ သွယ်ဝိုက် အကျိုးတွေဖြစ်လာစေ လိမ္မယ်။
အခုဆိုရင် ထိုင်းရောက် ဗမာပြည်သား အလုပ်သမားတွေကို အလုပ်သမား ကဒ်ပြား၊ နိုင်ငံသားကဒ်ပြား နဲ့ နိုင်ငံကူးလက်မှတ်တွေ လုပ်ပေးဖို့ အစီအစဉ် တွေ အတော်ကြားလာရပါတယ်။ ကျနော်တို့ရဲ့ ဖက်ဒရယ် အစိုးရကသာ နိုင်ငံ သားကဒ်ပြား နဲ့ နိုင်ငံကူးလက်မှတ် ကိစ္စ တွေ ကို အစီအစဉ် ရှိရှိ ၀င်လုပ်လာရင်
ဒီမိုကရေစီရေး အမျိုးသားပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် တိုက် ရိုက်နဲ့ သွယ်ဝိုက် အကျိုးတွေဖြစ်လာစေ လိမ္မယ်။
ပြည်သူ့ဂုဏ်ရည်ဆု ပေးတဲ့ လှုပ်ရှားမှုဟာ အရှိန်ရလာနေတယ်။ ဒါဟာ နအဖ စစ်အာဏာရှင်တွေရဲ့ လူတကာအပေါ်မှာ ဘယ်လိုနည်းနဲ့ နိုင်နိုင်၊ နိုင်ရင်ပြီးရော ဆိုတဲ့ လုပ်ဟန်နဲ့ အတွေးခေါ်၊ ငွေကြေးနဲ့ စီးစိမ်ဥစ္စာကို ဘယ်လိုနည်းနဲ့ ရရ၊ ရရင်ပြီးရော ဆိုတဲ့ တောတွင်း တရိစ္ဆာန် အကျင့်စရိုက်ကို၊ ကိုယ်တိုင်လဲ ကျင့်သုံးပြီး အများပြည်သူကြားမှာလဲ အတွေးအရ ခေါ်ဖြန့်ချီ မှိုင်းတိုက်နေတဲ့ တိုက်ရိုက်ခုခံ တိုက်ဖျက်တာဖြစ်သလို၊ ဒီမိုကရေစီရေး အမျိုးသားပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် တိုက် ရိုက်နဲ့ သွယ်ဝိုက် အကျိုးတွေ ဖြစ်လာစေ လိမ္မယ်။
ပုံသဏ္ဍန်အမျိုးမျိုး အခြေခံအမျိုးမျိုးနဲ့ စုစည်းဖြစ်ထွန်းလာနေတဲ့ နိုင်ငံတကာ ရောက် ဗမာကွန်မြူနတီတွေကသာ ကိုယ်စားလှယ်တွေ ရွေးကောက် တင် မြှောက်ပြီး တော်လှန်သောပြည်သူ့လွတ်တော် (ဖက်ဒရယ်ပါလီမာန်) နဲ့ ချိတ်ဆက်လာနေကြပြီဆိုရင် နအဖ စစ်အာ ဏာရှင်တွေအနေနဲ့ ပြည်ပရောက်ပြည်သူတွေကို ဂရုမစိုက်ပစ်ထားတာနဲ့၊ အခွန်ကောက်ဖို့လောက် အနိုင်ကျင့်ဖို့လောက်ပဲ စိတ်ဝင်စားတာမျိုး လုပ်နေလို့ မရတော့ပဲ ဂရုတစိုက်နဲ့ ၀န်ဆောင်မှုတွေပေးဖို့ ကြိုးစားလာရပါ လိမ္မယ်။ ဒါလိုနဲ့ ပြည်ပရောက်ဗမာ ပြည်သားတွေကို တိုက်ရိုက်အကျိုးရှိစေမှာ ဖြစ်ပြီး၊ ဒီမိုကရေစီရေး အမျိုးသား ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် တိုက် ရိုက်နဲ့ သွယ်ဝိုက် အကျိုးတွေ ဖြစ်လာစေ လိမ္မယ်။
……… အစရှိသဖြင့်ပေါ့ ကျနော်တို့ တွေအနေနဲ့ အမျိုးသားပြန်လည်တည် ဆောက်လုပ်ငန်းစဉ်ပေါ်ကနေ နအဖ စစ်အာဏာရှင်တွေကို တကွက်ခြင်း တပွဲ ခြင်းမှာလဲ အနိုင်တိုက်ကြရပါမယ်။ လုပ်ငန်းတိုင်းအတွက် အခြေခံမူကတော့ ပြည်သူအကျိုးရှိရေးနဲ့ ပြည်သူ့ အတွက်ဖြစ်ရေး ဖြစ်ကြရပါမယ်။ ရေရှည် (မဟာဗျူဟာ) မျော် မှန်းချက်ကတော့ ပြည်သူရဲ့ အာဏာ ပြည်သူ့ လက်ထဲ ပြန်ရောက်ရေးပါ။ ဒါကို အရင်ကလဲ ဆွေးနွေးထားခဲ့ဘူးပါတယ်။ အကျယ်ကို http://kabarmakyay.blogspot.com/2009/12/of-people.html မှာကြည့်ပါ။
အခုအချိန်မှာ လူအတော်များက အားမလိုအားမရ ဖြစ်သံတွေ။ မကြေမနပ်ဖြစ်သံ တွေ ထွက်နေကြသလို၊ တချို့လဲ စိတ်ပျက်ဆုတ်နစ်တဲ့ ခံစားချက်တွေ ဖြစ်နေ ကြတယ်ဆိုတာ သိရပါတယ်။ ကျနော်ကတော့ ခုအချိန်မှာ ရထားတဲ့ အောင်မြင် မှုတွေ နဲ့ ဆက်ပြီးတိုးချဲ့ကြရမဲ့ အောင်ပွဲတွေ အကြောင်းနဲ့ အလားအလာ တွေကို ဆွေးနွေးလိုပါတယ်။
ဆက်ဆွေးနွေးပါမယ်။…….
ကောင်းမွန်သော အနာဂါတ်ကို မျှော်လင့်လျှက်
ဗလ
No comments:
Post a Comment