ကျမ္မာရေးသိပ်အဆင်မပြေတာနဲ့ ဘလော့ဘက်အချိန်မခွဲနိုင်လို့ ကူပေးနေတဲ့ဆရာကိုဗလက တယ်လီဖုန်းတောင် အဆက်အသွယ်လုပ်မရလို့ဆိုပီး စိုးရိမ်တကြီး ရရာနည်းနဲ့ဆက်သွယ်လာရင်း ထိုင်းနိုင်ငံမှာ ရေဘေးနဲ့ကြုံနေရတာကို ဘလောက်တင်ဖို့ တိုက်တွန်းသွားပါတယ်။ ဒီကလဲတင်လိုက်မယ်လေ ကြာသလားလို့ဆိုပီး ကွန်နက်ရှင်မကြာတဲ့ ဗန်ကောက်ကိုပြန်ဝင်ဖို့လုပ်တော့ ဘန်ကောက်မှာရှိတဲ့ တူးမြောင်းတွေက ရေတံခါးအားလုံးကို ဖွင့်ချဖို့ ထိုင်းအစိုးရက ဆုံးဖြတ်လိုက်တဲ့အတွက် ဘန်ကောက်အတွင်းပိုင်း ရပ်ကွက်ဇုန်တွေကို ရေလွှမ်းမိုးတော့မှာ ဖြစ်လို့မပြန်ဖို့ ၀ိုင်းတား ကြပါတယ်။ တီဗွီသတင်းတွေအရလဲ တရှိန်ထိုးစီးဝင်နေတဲ့ ရေလုံးအပြင်းစားတွေ မြင်ရ တွေ့ရ ဘန်ကောက်မြို့တော် အထက်က နခွန်စ၀မ်၊ ချိုင်နာ့၊ အယုဒ္ဒယ၊ နခေါင်ပထုံ စတဲ့ခရိုင်တွေမှာ ၂ လခန့်ကြာအောင် လွှမ်းမိုးနေတဲ့ ရေမြုပ်ဒေသ ပုံတွေ တလျောက်လုံးမြင်နေရတယ် ဒီကြားထဲ လွတ်ထွက်နေတဲ့ မီးကျောင်းတွေ ပြန်ဖမ်းတာ မီးကျောင်းက

ဗမာလို “ ငြိမ်“ လို့အမိန့်ပေးတော့ အဖမ်းခံ အကိုင်ခံတာ မြင်ရလို့ တအံ့တသြောကြည့်နေတုံး သတင်းကြေညာသူက မီးကျောင်းတွေ ထိုင်းလိုနားမလည်ဘူး ဗမာစကားတော့နားလည်တယ် ဆိုလို့ ရီရသေးတယ်။

ဗန်ကောက်တောင်ဖက်ကနေ ၀င်လာတဲ့လမ်းတလျောက် ဘာရေမှမရှိပေမဲ့ အသင့်ပြင်ဆင် ထားတဲ့ သဲအိပ် ရေကာတွေ မြင့်ရာအရပ်မှာ ရပ်ထားတဲ့ ကားတွေ တလျောက်လုံး တွေ့လာရတယ်။ဘာရေမှတော့ မလာသေး။
ဒါပေမဲ့ ရပ်

အရေးပေါ် ကယ်ဆယ်ရေး ဥပဒေမှာ အပ်နှင်းထားတဲ့ အရပ်ဖက် လုပ်ပိုင်ခွင့်အာဏာတွေကို အသုံးပြုပြီး ဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ် (Yingluck Shinawatra)
က စားနပ်ရိက္ခာ မပြတ်လပ်အောင် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်တွေကို တိုးမြှင့် ဆောင်ရွက်နေတယ်။ အစာရေစာများလိုအပ်တာထက်ပိုပီး မ၀ယ်ထားဖို့ ပြောနေပေမဲ့ ရေသန့်ဘူး ဆန်အိပ် ကြက်ဥ “မာမား“ခေါက်ဆွဲ စတာတွေဟာ ကုန်တိုက်မှာတင်မက ဆဲဗင်းမှာပါ ပြောင်နေတာ စရောက်တဲ့ နေ့၂၄ -၁၀-၁၁ ထဲက တွေ့ရတယ်။
မနေ့ည၂၅-၁၀-၁၁ က တော့ ဘန် ကောက်တမြို့လုံးကို ရေလွှမ်းမိုးနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စစ်ယင်လတ်ရှင်နာဝပ်က ထိုင်းရုပ်မြင်သံကြားဌာနအားလုံးကနေ ကြေညာသွားပါတယ်။
ဝန်ကြီးချုပ် ကြေညာချက် ထုတ်ပြန်ပြီးနောက်မှာ ကုန်ဈေးနှုန်းတွေ တက်ကုန်တယ် ဒီနေ့တော့ အသီးအရွက်ကအစ အစစအရာရာ ဈေးတွေအကုန်ခုန်တက်သွားတယ်။ မနေ့ကထိ ကြက်ဥတလုံးက ၃ဘတ်ခွဲ၊ ဒီမနက်မှာ ကြက်ဥတလုံး ၆ ဘတ်ဖြစ်သွားတယ်။ အခု ၉ဘတ်တောင် သိပ်မရောင်းခြင်။
ရေလွှမ်းမိုး နေတဲ့ ခရိုင်အားလုံးမှာ ရေလွှမ်းမိုးမှုတားဆီးရေး၊ ရေဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးနဲ့ ဆက်နွှယ်နေတဲ့ ဌာနတွေကလွဲပြီး အစိုးရရုံးအားလုံးကို အောက်တိုဘာ ၂၇ ရက်ကနေ ၃၁ ရက်နေ့အထိ ပိတ်ထားဖို့လည်း ကြေညာလိုက်ပါတယ်။
ဘန် ကောက်မှာရှိတဲ့ကျောင်းအားလုံးနဲ့ ပြည်တွင်းလေဆိပ်ဖြစ်တဲ့ ဒွန်မောင်းလေဆိပ်ကိုလည်း ပိတ်လိုက်ပြီး မပိတ်ရသေးတဲ့ ပြည်တွင်းလေယဉ်လိုင်းတွေဟာ စူဝမ်နဖုန် နိုင်ငံတကာလေယဉ်ကွင်းသစ်ကို ရွှေ့ပြောင်းကြကြောင်း ဆိုင်ရာလေကြောင်း ကုမ္ပဏီတွေက ထုတ်ပြန်ထားပါတယ်။
ချောင်ဖုရာမြစ်ကမ်းတလျောက်နဲ့ စီရီရာ့ ဆေးရုံစသည်တို့ ရေရောက်နေပြီဖြစ်ပြီး ဘုရင်ကြီး ဆေးဝါးကုသ မှုခံယူရာစီရီရာ့ ဆေးရုံကို ရေမ၀င်အောင် အလေးပေး ကာကွယ်နေကြပါတယ်။


ရေတံခါးတွေ ဖွင့်ချတာကြောင့် အတွင်းပိုင်းက ဖဟိုယိုထင်၊ လာ့ဖရောင်း၊ ရာမာ ၉၊ ဖက်ခ်ျဘူရီ၊ စူခွန်ဗစ်၊ ရာမာ ၄ စတဲ့ လမ်းတွေနဲ့  ရပ်ကွက်ဇုန် အများအပြားကို ဒူးဆစ်မှ ခါးအထိ ရေတဖြည်းဖြည်း လွှမ်းမိုးသွားမှာပါ။

ထိုင်းရုပ်သံ အစီအစဉ်ကနေ ၂ လလောက်ကြာအောင် ဘန်ကောက်မြို့ရဲ့ တစိတ်တဒေသ ရေလွှမ်းမယ်လို့ ပြောဆို ထားပါတယ်။













ဝန်ကြီးချုပ် Yingluck Shinawatra နဲ့ အတိက်အခံခေါင်းဆောင် Abhisit Vejjajiva


ရေကြီး နေသည့် နေရာ များ ကို ထိုင်းစစ်တပ် နှင့် အကူ အညီပေး ရေး အဖွဲ့  များ က
သွား ရောက် ကယ်ဆယ် မှု များ ပြု လုပ် နေသည်။

Mr Abhisit က ဒီပြဿနာဖြစ်နေချိန်မှာ အစိုးရရဲ့လုပ်ကိုင်မှုတွေကို ထောက်ခံ အားပေးသွားမယ်လို့ ကတိပြုထားပါတယ်။


မြဘုရားရှေ့


မြေပုံပါ ရေလွတ်နေသေးတဲ့နေရာမှာ ကျနော်နေပါတယ်။ရေအခြေအနေ ဆက်ရေးပါမယ်။
ဒီရေဘေးကြောင့် စီးပွားရေးအရ ဒေါ်လာ သန်း ၆,၀၀၀ ဖိုး ဆုံးရှုံးမှုရှိတယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းပါတယ်။
“ဘန်ကောက်မှာတော့ ဘယ်နေရာတွေမှာ ရေဘယ်လောက်တက်မယ်၊ စင်တီမီတာ ဘယ်လောက်အထိတက်မယ် ဆိုတာကို သတ်မှတ်ထားတာ ရှိပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေဆိုရင် သူတို့ရဲ့ အရေးကြီး ပစ္စည်း၊ စာရွက်စာတမ်းတွေ သိမ်းထားဖို့ လိုပါတယ်။ အကူအညီပေးမယ့် အဖွဲ့အစည်းတွေရဲ့ ဖုန်းနံပါတ်တွေကိုလည်း သိထားဖို့ လိုပါမယ်။
ဘန်ကောက် ရေဘေးဒုက္ခသည်တွေထဲက မြန်မာအလုပ်သမားတွေကိုတော့ နိုင်ငံတကာ ဒုက္ခသည်ကော်မတီ (အိုင်အာစီ) အပါဝင် အဖွဲ့အစည်း ၂၀ ကျော် ပူးပေါင်း ဖွဲ့စည်းထားတဲ့ Migrant Working Group က ကူညီဆောင်ရွက်ပေးနေပါတယ်။
ရေဘေးသင့် မြန်မာအလုပ်သမားတွေ အရေးပေါ် အကူအညီ တောင်းနိုင်ဖို့ ဖုန်းနံပတ်တွေထဲက တချို့ ကတော့ ၀၈၂-၄၉၈၉၅၈၅၊ ၀၈၁-၆၈၄၀၆၁၂၊ ၀၈၁-၄၅၂၇၂၂၁၊ ၀၈၅-၉၂၂၈၄၅၁၊ ဝ၈၅-၃၂၆၈၂၆၃၊ ဝ၈၁-၆၂ဝ၄၄၈၆၊ ဝ၈၅-၃၃၂၇၅၅၃၊ ဝ၈၃-ဝ၆၂၇၅၄၃၁၊ ဝ၈၄-၆၃၇၅၂၇၁
ဗမာလိုပြောနိင်ပါတယ်။
No comments:
Post a Comment