လမ်းမှာ တယ်လီဖုန်းထဲက ဂျီမေးလ်က တောခ့်တခု ၀င်ကြောင်းအချက်ပေးသံနဲ့အတူ ပို့သူရဲ့အမှတ်အသားလိုဂိုလေးကြောင့် အိန္ဒိယဖက်က ကိုဗလပို့မှန်း သိလိုက်တယ်။ ကျနော့ ထုံးစံအတိုင်းက မျက်စိအမြင် အားမရလို့ အင်တာနက်-အီးမေးလ်ကို ဖုန်းနဲ့သုံးလေ့မရှိဘူး ဒါကြောင့် ဖုန်းမှာ မြန်မာစာမြင်တဲ့ အစီအစဉ်လဲမရှိဘူး။ ဒါကြောင့် ကိုဗလမှန်းသိတော့ စိတ်ညစ်သွားတယ်။ ခုတလော ကိုဗလ ဆေးရုံတက်ရတာနဲ့ ကျမ်းမာရေးကြောင့် ခါတိုင်းလို ဂျီတော့ခ်မှာ နေ့စဉ် အမြဲမတွေ့ရတာကြာဘီ။ ခု သူမှန်းသိတော့ စိတ်ပူတာရောတဲ့ သိခြင်စိတ်ကြောင့် အတော်ညစ်သွားတယ်။
လုပ်ဟဲ့ဆိုတော့လဲလုပ်ရတာပေါ့ဗျာ ဥပဒေအထက်မှာ ဘယ်သူမှ တကယ်ကိုမရှိတဲ့ တရားဥပဒေ စိုးမိုးတဲ့ အရပ်ပေကိုးဗျာ ၂၀၁၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင် ဆန္ဒပြသူများကို အင်အားသုံးနှိမ်နင်းသည့် သွေးထွက် သံယိုမှုနှင့်ပတ်သက်ပီး တရားစွဲထားပါတယ်။
၂၀၁၀မေလအတွင်းမှာ ဖြစ်ပွားခဲ့သည့် ရှပ်နီ အဓိကရုဏ်းတွင် ရဲတပ်ဖွဲ့နှင့် ရှပ်နီများ အပြန်အလှန် တိုက်ခိုက်မှုကြောင့် လူပေါင်း ၉၀ ဦး သေဆုံးခဲ့ရပြီး ၁၉၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပီး ၇လအကြာမှာဘဲ
လူအခွင့်အရေးအဖွဲ့တွေကတော့ ကျည်ဆံအစစ်တွေ သုံးပြီးပစ်ခတ်နှိမ်နင်းလို့ လူပေါင်း၉၀ကျော် သေတဲ့အပေါ်တာဝန်ရှိသူတွေကို ဖေါ်ထုတ်အရေးယူဖို့အစဉ်တစိုက် တောင်းဆိုခဲ့ပါတယ်။
အာဏာပိုင်တွေဖက်ကလည်း ဆန္ဒပြပွဲတွေဖြစ်ပြီးတဲ့နောက် လူ၆၀ဝကျော်ကို ရာဇဝတ်မှုတွေနဲ့
တရားစွဲဆိုခဲ့ပါတယ်။အများစုကတော့ အစိုးရကို ဖြုတ်ချဖို့ကြိုးစားတဲ့ အတိုက်အခံရှပ်နီ အုပ်စုတွေကလူတွေကို စွဲဆိုတာ ဖြစ်ပါတယ်။ စစ်သားတွေက ရှပ်နီ တွေနဲ့ရင်မဆိုင်တော့ဘဲ ဆုတ်ခွာချိန်က လူတင်သံချပ်ကာကား ၆ စီးလည်း ထားခဲ့ရတယ်လို့ ပြောပါတယ်။ M 16 ရိုင်ဖယ်တွေ၊ 25 Tayor ရိုင်ဖယ်တွေနဲ့ လေယာဉ်ပစ်စက်သေနတ် ၆ လက်၊ ဒိုင်း ၁၁၆ခု၊ နံပါတ်တုတ် ၁၀၅ ချောင်းနဲ့ သံချပ်ကာဝတ်စုံ အစုံ ၈၀ ရာဘာကျည်ဆံအတောင့် ၅၈၀၊ လေယာဉ်ပစ်စက်သေနတ် ကျည် အတောင့် ၆၀၀ နဲ့ M16 ရိုင်ဖယ်ကျည် ၈၁၈၂ တောင့် အပါအ၀င် ခဲယမ်းမီးကျောက်တွေလည်း ပျောက်ဆုံးခဲ့ ပါတယ် လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
”ဆန္ဒပြပွဲ ဓါတ်ပုံတွေပြန်ကြည့်ဖို့ ဒီမှာကလစ်ပါ“
ဆန္ဒပြပွဲအကြောင်း ပို့စ်အဟောင်းက ဒီမှာ
သူ့ဖက်ကိုယ့်ဖက် စွပ်စွဲ ပြောရင်းကနေ ၂၀၁၂ဒီဇင်ဘာလဒုတိယအပါတ်မှာတော့ ထိုင်းအစိုးရ အထူးစုံစမ်း စစ်ဆေးရေးဌာနက ဝန်ကြီးချုပ်ဟောင်းအဘီစစ်နဲ့သူ့ရဲ့လက်ထောက် ဆူသက်တို့ကို ၂၀၁၀ မေလအတွင်း တက်စီ မောင်းသမားတယောက် ပစ်သတ်ခံရတာနဲ့ပါတ်သက်လို့ အမှုရင်ဆိုင်ရမယ်လို့ ဆင့်ဆိုပြောကြားခဲ့ပါတယ်။ သူတို့နှစ်ယောက်က စစ်သားတွေကို ပစ်မိန့်ပေးတဲ့နေရာမှာ တာဝန်ရှိတယ်လို့ စွပ်စွဲထားပါတယ်။
ဒီနောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံရေးရဲ့ အခြားအရေးကြီး အကြောင်းအရာများကြောင့် အမှုတွေ မှေးမှုန်နေပါတယ်။
ရေကြီးမှုကြောင့် သေဆုံးသူ ပေါင်း ၆ဝဝ ဝန်းကျင်လောက်ရှိနိုင် ပြီး မရေမတွက်နိုင်တဲ့ လူပေါင်း မြောက်မြားစွာ အတိဒုက္ခရောက်ခဲ့ကြ ရတယ်။ ဘန်ကောက်မြို့ရဲ့ မြောက် ဘက်မှာ ဂျပန်ကုမ္ပဏီ ၄ဝဝ ကျော် လောက် လုပ်ကိုင်နေကြတဲ့ စက်မှုဇုန် တွေရှိတယ်။ အဲဒီဒေသမှာ ဂျပန်က နာမည်ကြီးကားထုတ်လုပ်တဲ့ ကုမ္ပဏီ ကြီးတွေဖြစ်တဲ့ Toyota, Honda, Mitsubishi တွေအပြင် Sony, Canon နဲ့ Toshiba တို့လို အီလက်ထရွန်း နစ်ပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီ ကြီးတွေလဲရှိတယ်။ ဘန်ကောက်မြို့ ဝန်းကျင်က Aythaya, Nonthaburi နဲ့ Pathum Thani ပြည်နယ်တွေမှာ ရှိတဲ့ စက်မှုဇုန်ခုနစ်ခု ရေမြုပ်သွား လို့ အလုပ်သမား ၆၅ဝဝဝဝ ကို ယာယီအလုပ်ရပ်ဆိုင်းထားခဲ့ရတယ်။
ယင်လပ် ဝန်ကြီးချုပ်ဖြစ်လာပြီး သုံးလတောင်မပြည့်တဲ့ အချိန်မှာ ဘန် ကောက်မြို့ အပါအဝင် ထိုင်းနိုင်ငံ တစ်ဝန်းမှာ ရေကြီးမှုဖြစ်ပေါ်ခဲ့တော့ မှတ်ကြောက်အတင်ခံနိုင်သော အရည်အသွေးကို ပြီးသားဖြစ်သွားတယ်။
ရေဟာ တော်တော်နဲ့ ကျ မသွားဘဲ လနဲ့ချီပြီး ကြာမြင့်ခဲ့ တယ်။
ရေကြီးနေတဲ့အချိန်မှာ ရေ ဘေးကာကွယ်ရေးနဲ့ သက်သာချောင် ချိရေးအတွက် အထောက်အကူပေး တဲ့ အစီအစဉ်တွေကလွဲပြီး ဟုတ်တိပတ်တိဘာမှလုပ်နိုင်တာ မရှိခဲ့ဘူး။
ရေကျသွားပြီးတဲ့နောက် ပြန်လည်ထူ ထောင်ရေး လုပ်ဖို့ အစီအမံတွေကို စနစ်တကျ လုပ်ရင်း ပြန်တည်ငြိမ်လာတဲ့အခါ “ရှပ်နီရှပ်ဝါ“ နိုင်ငံရေး အခန်းဆက် ဇတ်လမ်း ပြန်စပြန်ပါတယ်။
အဓိကရုဏ်း ကာလအတွင်း သေဆုံးသူများရဲ့ ဓါတ်ပုံတွေကိုကိုင်ပီး ဖြစ်ရပ်ကြီး၏ သုံးနှစ်ပြည့်မြောက်သည့် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ဆန္ဒပြသူပေါင်း ၁၂၀၀၀ ခန့်
ဘန်ကောက်မြို့ ၊ Central World Shopping mall ရှေ့ရှိ Ratchadamri လမ်း၌ စုရုံးခဲ့ကြသည်မှ ဇတ်လမ်းစသည်။
ဇတ်လမ်းဆက်ရဲ့ နောက်ဆုံးအခန်းက နိုဝင်ဘာလ ၁ရက် မနေ့က မနက်ပိုင်းမှာ
ဒီမိုကရက် ပါတီ ကို ထောက်ခံသူ လူပေါင်း ထောင် နဲ့ ချီပြီး ဘန်ကောက် မြို့မှာ ဆန္ဒပြ ခဲ့ကြ ပါတယ်။
၂၀၀၈ ခုနှစ် တုန်း က စစ်တပ် က ရာထူး ကနေ ဖယ်ရှား ခံခဲ့ ရပြီး နောက် အကျင့် ပျက် ခြစားမှုနဲ့ အရေးယူ ထားတဲ့ ၀န်ကြီးချုပ် ဟောင်း ပြည်တော် ပြန် နိုင်အောင် လမ်းဖွင့် ပေးဖို့ ကြိုးပမ်း တဲ့ဥပဒေတရပ် အတည်မပြုဖို့ ဆန္ဒပြတာပါ။
ဒါပေမဲ့ နိုဝင်ဘာလ ၁ရက် နေ့လည်ကျတော့ ထိုင်း အောက် လွှတ်တော်က ထိုင်းနိုင်ငံမှာ ဆယ်စုနှစ် တခု နီးပါးကြာ ကြုံခဲ့ရတဲ့ နိုင်ငံရေး ပဋိပက္ခ တွေနဲ့ ဆက်နွယ်သူ တွေကို လွတ်ငြိမ်း ချမ်းသာ ခွင့် ရနိုင် မယ့် ဥပဒေ ကြမ်း တခုကိုအတည်ပြု လိုက် ပါတယ်။
ကိုယ်စားလှယ် ၅၀၀ ပါဝင် တဲ့ အောက် လွှတ်တော်မှာ ဥပဒေ ကြမ်းကို ၁၉ နာရီ ကြာ အချေ အတင် ဆွေးနွေး ပြီး ညွန့်ပေါင်း ပါတီတွေ က ကိုယ်စားလှယ် ၃၁၀ က ကန့်ကွက် မဲ့သူ မရှိ ထောက်ခံမဲ ပေးခဲ့ ကြပါတယ်။
ကျန်တဲ့ကိုယ်စားလှယ်၂၉၀က တော့ မဲခွဲ ဆုံးဖြတ် မယ့် အစီအစဉ် ကို သပိတ် မှောက်တဲ့ အနေ နဲ့ ညီလာခံ ကနေ ထွက်သွား ခဲ့ကြ လို့ပါ။
ဥပဒေ အဖြစ် အတည် ဖြစ်လာဖို့ အတွက် ကတော့ အထက် လွှတ်တော် ရဲ့ အတည် ပြု ချက် ရယူ ရမှာပါ။
ဇတ်လမ်းတွဲရဲ့ လာမယ့်အခန်းမှာတော့ သွေးထွက် သံယို ပဋိပက္ခ တွေ တကျော့ ပြန် ကြီးထွား
လာမှာ ကို စိုးရိမ် မှုတွေရောပြွန်းနေပါတယ်။
သက်ဆင်ရဲ့ ကိုရီးယားဇတ်လမ်းတွဲလို မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းတွဲကြီးဖြစ်လာပုံက
သက်စင်ဟာ စီးပွားရေးလောကမှာ မိုဘိုင်း ဖုန်း၊ ကေဘယ်တီဗီနဲ့ ဂြိုဟ်တုဆက် သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင် အောင်မြင်ပြီး ဘီလီယံနာကြီးဖြစ်လာ ရာကနေ နိုင်ငံရေးဖက်ကူးရာက စတာပါဘဲ ကိုဗလရေ။
ရည်မှန်းချက်ကြီးတဲ့ သက်ဆင်ဟာ ၁၉၉၄ ခုနှစ်မှာ ချွန်လိပိုင် အစိုးရလက်ထက် နိုင်ငံခြားရေးဝန် ကြီးဖြစ် ၁၉၉၅ ဘန်ဟမ်း ညွန့်ပေါင်း အစိုးရလက်ထက်မှာ ဒုတိယဝန်ကြီးချုပ်ရာထူးရရှိခဲ့ပေမဲ့ကြေနပ်မနေပါဘူး။ အစိုးရအဖွဲ့ကထွက်ပီး ၁၉၉၈ ခုနှစ်မှာ Thai Rak Thai နိုင်ငံရေးပါတီတည်ထောင်တယ်။ ၂ဝဝ၁ ရွေးကောက်ပွဲမှာ အနိုင်ရကာ ထိုင်းဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်။
သက်ဆင်အစိုးရ လက်ထက်မှာ ထိုင်းစီးပွားရေးထိုး တက်သွားခဲ့ပြီး၊ လယ်သမားနဲ့ အလုပ်သမားတွေရဲ့ အရေးကို အများ ကြီးထောက်ကူပေးခဲ့တာကြောင့် အခြေခံလူထုရဲ့ ထောက်ခံမှုကို အပြည့်အဝ ရရှိခဲ့ပီး ရွေးကောက်ပွဲဆက်နိုင်တယ်။
သက်ဆင်ရဲ့ အောင်မြင်မှုအပေါ် အထိတ်တလန့် ဖြစ်လာတဲ့ စစ်တပ် ဟာ ၂ဝဝ၆ ခုနှစ်မှာ အာဏာသိမ်းပြီး သက်ဆင်ကို ဖြုတ်ချပစ်ခဲ့တယ်။ ပြည်ပကို ရောက်နေတဲ့ သက်ဆင်ကို အာဏာအလွဲသုံးစား လုပ်မှုနဲ့ တရားစွဲခဲ့ပီး သူ့ရဲ့ မျက်ကွယ်မှာ တရား ရုံးက ထောင်နှစ်နှစ် ပြစ်ဒဏ်စီရင်ခဲ့ တယ်။
ပြီးတော့ သူ့ရဲ့ Thai Rak Thai ပါတီကိုလဲ ဖျက်သိမ်းခဲ့တယ်။
ဒါပေမဲ့ အဲဒီနောက်ပိုင်း ကျင်းပတဲ့ ရွေး ကောက်ပွဲတွေမှာ Thai Rak Thai ပါတီကို အသွင်ပြောင်းတစ်ဖြစ်လဲ ထားတဲ့ သက်ဆင်လိုလားတဲ့ ပါတီ ကချည်းပဲ အနိုင်ရခဲ့တယ်။ ဒါပေမယ့် စစ်တပ်နဲ့ အပေါင်းပါတွေက အကြောင်းအမျိုးမျိုးပြပြီး တက်လာသမျှ သက်ဆင်ဘက်တော်သား ဝန် ကြီးချုပ်တွေကို ဖြုတ်ချပစ်ခဲ့ကြ တယ်။
အဲဒီနောက်ပိုင်းမှာ စစ်တပ် က ဒီမိုကရက်တစ်ပါတီ Democrat Party အကြီးအကဲ Abhisit Vejjajiva ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့တယ်။
ဒီဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံရေးလောကမှာ ပေါ် ထွက်လာတဲ့ အရေးကြီးတဲ့အချက်ကတော့
ပြည်သူတွေကြားမှာ သိသိ သာသာ နှစ်ခြမ်းကွဲသွားခြင်းဖြစ် သည်။
ရိုးသားတဲ့ လယ်သမား၊ အလုပ်သမားနဲ့ ကျေးလက်နေပြည်သူများက သက်ဆင် ထောက်ခံသူတွေ
ဖြစ်တော့ လယ်သမားတွေ အများအပြားနေထိုင် ကြတဲ့ ထိုင်းမြောက်ပိုင်းဒေသနဲ့
အာဏာရှင် ဖြစ်လာမှာကို စိုးရိမ်တဲ့ စစ်တပ်လိုလားသူတွေ၊ ဘုရင့်ဘက် တော်သားတွေနဲ့ ပညာတတ် မြို့နေလူတန်းစား အမြောက်အမြား နေထိုင်ကြတဲ့ တောင်ပိုင်းဒေသ တွေကတစ်ဘက်ဆိုပြီး အကြီး အကျယ် ကွဲသွားတယ်။
သက်ဆင် ထောက်ခံသူတွေက ရှပ်နီ - Red Shirts တွေ ဆန့်ကျင်သူတွေက ရှပ်ဝါ- Yellow Shirts တွေ။ ဒီအဖွဲ့နှစ်ဖွဲ့ ပဋိပက္ခ ပြင်းပြင်းထန်ထန် ဖြစ်လိုက်တာ ပြည်တွင်းစစ် တောင် ဖြစ်သွားနိုင်တယ်။
၂၀၁၁ ဇူလိုင်လ ၃ ရက်နေ့မှာ ရွေးကောက်ပွဲမှာတော့ အာဏာရပါတီဖြစ်တဲ့ ဒီမို ကရက်တစ်ပါတီမှ အဘိစစ်( Abhisit) ဟာ စစ်တပ်က ထောက်ခံထားတဲ့ ကြားက သက်ဆင် ရဲ့နှမဖြစ်တဲ့ ယင်လပ်ရှင်နာဝပ်ထရာ Yingluck Shinawatra ကို မဲအပြတ်အသပ် ရှုံးသွားခဲ့ပြန်တယ်။
မဲဆန္ဒပေးခွင့်ရှိတဲ့ ဦးရေ ရဲ့ ၇၅ ရာခိုင်နှုန်း မဲလာပေးခဲ့ကြပီး မဲဆန္ဒပေးခွင့်ရှိတဲ့ ဦးရေ ရဲ့ ၇၅ ရာခိုင်နှုန်း မဲလာပေးခဲ့ကြပီး အမတ်နေရာ ၅ဝဝ ရှိတဲ့အနက် ယင်လပ်တို့ပါတီ က ၂၆၅ နေရာနဲ့ အပြတ်အသတ် အနိုင်ရခဲ့တာ ဖြစ်တယ်။
လက်ရှိအခြေအနေမှာ Kentucky State Universitys က ပြည်သူ့ အုပ်ချုပ်ရေးဘာသာရပ်နဲ့ မဟာဘွဲ့ရ ခဲ့တဲ့ ယင်လတ်ဟာ ထိုင်းနိုင်ငံကို နိုင်ငံရေးသမား စရိုက်မပါဘဲ ပိုင်ပိုင်နိုင်နိုင် ဦးဆောင်နေတယ်လို့ ဆိုနိုင်ပါတယ်။
နောက်ဇတ်လမ်းအဆက်ကတော့ မျော်-....ပေါ့။
No comments:
Post a Comment