မကြာခင် တနေ့မှာ သူနဲ့ပါတ်သက်ပီး ရေးရပြောရဖို့ အကြောင်းရှိတယ် ခင်ဗျားအနေနဲ့ ကြိုတင်စုဆောင်း လေ့လာထားသင့်တယ်လို့ ကိုဗကရဲ့ ဆရာသမားက မှတ်မှတ်ရရ ပြောဖူးတယ်။
-
အမေရိကန် သမ္မတတစ်ဦး အဖို့ ဇနီးဖြစ်သူအနေနဲ့ တက် ကြွထက်သန်သော လှုပ်ရှားမှုများ စွာ တာဝန်ယူရန် လိုအပ်ပါတယ်။ First Lady ဟု ခေါ်ဝေါ် သည့် သမ္မတကတော်သည် ပြည် သူလူထုနှင့် ရင်းနှီးစွာ ထိတွေ့ ဆက်ဆံရသည့် ကဏ္ဍတွင် သမ္မတ ထက် ပိုမိုသိမ်မွေ့ ပါးနပ်ရန်လည်းလိုသည်။
ထရန့်၏ ဇနီးဖြစ်သူ မယ်လာနီယာထရန့်သည် အမေရိကန် ဇာတိမဟုတ်သလို အမေရိကန် နိုင်ငံရေးနှင့် သဟဇာတဖြစ်မှုလည်း နဲပါးသူဖြစ်တာမို့ First Lady တစ်ဦးအဖြစ် ပီပီပြင်ပြင် လှုပ်ရှား မည့်သူမှာ သမ္မတကတော် မဟုတ် ဘဲ သမ္မတ၏သမီး အိုင်ဗန်ကာ ဖြစ်လာမည်ဟု အလေးအနက် ထင်ကြေးပေးနိုင်ခြေ ရှိသည်။

အိုင်ဗန်ကာသည် အောင်မြင်စွာဖြင့် ကုမ္ပဏီစီးပွါးရေးတရပ်ကို ဦးဆောင်နိုင်သည့် အရည်အခြင်းရှိသူ ဖြစ်သလို ကမ္ဘာ့နိုင်ငံအသီးသီးမှ စက်မှုလုပ်ငန်းရှင်ကြီးများနှင့် တန်းတူရည်တူ ဆွေးနွေးပြောဆို နိုင်သည့် အရည်အခြင်းရှိသူလည်းဖြစ်သည်။

-
မဲဆွယ်ကာလများတွင် ကလေးသူငယ် ကျန်းမာရေးစောင့် ရှောက်မှုသည် ၎င်းအစိုးရိမ်ဆုံး ကဏ္ဍတစ်ခုဖြစ်ပြီး ၎င်း၏ ဖခင်က ထိုကိစ္စကို အပြည့်စုံအကောင်း မွန်ဆုံး ကိုင်တွယ်ဆောင်ရွက်ပေး နိုင်မည်ဟု မဲဆွယ်ခဲ့သည်။
-
‘‘လူလတ်တန်းစားနဲ့ ဝင်ငွေ နိမ့် လူတန်းစား မိသားစုတွေမှာ ကလေးသူငယ် ကျန်းမာရေး စောင့် ရှောက်မှု စရိတ်ဟာ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးအဖြစ် ရှိနေဆဲပဲ။ အစိုးရက ဒီအပိုင်းကို အာရုံစိုက်မှု အားနည်းလွန်းတယ်။ ဒါကို ကျွန်မတို့ ပြင်ဆင်ဖို့လိုတယ်’’ ဟု အိုင် ဗန်ကာက ပြောကြားခဲ့ဖူးသည်။
-
အိုင်ဗန် ကာသည် နာမည်ကျော် ဟောလိဝုဒ်မင်းသားနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဝါဒီ လီယိုနာဒို ဒီကာပရီယိုနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုမျိုးက အမေရိ ကန် နိုင်ငံရေး အသိုက်အဝန်း၏ အာရုံစိုက်ခြင်းကို ရယူနိုင်ခဲ့သည်။

လောလောဆ.်တွင်မူ များမကြာမီက ထရန့်သည် သမက်ဖြစ်သူ ဂျရတ်ကူရှ်နာအား အစိုးရအဖွဲ့၏ အရေးပါဆုံး ရာထူးတစ်နေရာ ခန့်အပ်မည့် သတင်းကို ကြေညာသည်။ ငယ်ရွယ် ထက်မြက်သည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သော ကူရှ်နာ သည် အိမ်ဖြူတော်တွင် သမ္မတ ၏ အကြီးတန်း အကြံပေးအရာရှိ အဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။
ဒီမိုကရက် ပါတီဘက်က ထိုကိစ္စကို ချက်ချင်း ကန့်ကွက်သည်။ အမေရိကန်အ စိုးရ အဖွဲ့တွင်း ဆွေမျိုးကောင်း စားရေးဝါဒကို တိုက်ဖျက်သည့် ကျင့်ဝတ်ပိုင်းကို တိုက်ရိုက်ချိုး ဖောက်မှုဟု စွပ်စွဲသည်။ တရား ရေးဝန်ကြီးဌာနက ခုံရုံးအဖွဲ့တစ် ခုဖြင့် ကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုမှုများ ရှိနေသည်။ သို့ သော် သမက်တော်စပ်ရုံတစ်ခု တည်းဖြင့် ထရန့်က ကူရှ်နာကို ရာထူးကြီးကြီး နေရာပေးခဲ့ခြင်း မဟုတ်သည်ကို လက်ခံရမည် ဖြစ် သည်။ ကူရှ်နာသည် ထက်မြက်ပြီး အတွေးအခေါ် အားကောင်းသူ တစ်ဦးအဖြစ် လူသိများသည်။
-
ထို့အပြင် အမေရိကန်သမ္မတသစ်၏ အကြံပေးနေရာ ရွေးချယ် ခန့်အပ်မှုကို သမ္မတဂျွန်အက်ဖ် ကနေဒီ လက်ထက်က သူ့ညီများကို ခန့်ထားဖူးသည့် အစဉ်အလာရှိခဲ့သည်။ ခိုင်လုံသော အ ကြောင်းပြချက်မျိုးမရှိဘဲ လွှတ် တော်က ဝင်ဟန့်တားမှုမျိုးက လက်တွေ့ဆန်မည်မဟုတ်ပေ။
-
ကူရှ်နာနှင့် ဇနီး ဖြစ်သူ (ထရန့်၏သမီး အိုင်ဗန်ကာ ထရန့်)တို့က နိုင်ငံရေး နယ်ပယ် ထဲ ဝင်ရောက်ရေးအတွက် ၎င်းတို့ ဘက်မှလိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားပြီးဖြစ်သည်။
နှစ်ဦး စလုံး သက်ဆိုင်ရာ စီးပွားရေးလုပ် ငန်းများတွင် အကြီးအကဲ တာဝန် များမှ နုတ်ထွက်လိုက်သည်။ အ မေရိကန် အစိုးရအဖွဲ့၏ အရာရှိ တစ်ဦးအနေဖြင့် ကူရှ်နာက ၎င်း၏ ကိုယ်ကျိုးစီးပွား အဖွဲ့အစည်းများ နှင့် ပတ်သက်မှု
မရှိကြောင်း ပြရန် ဖြစ်သည်။ ရွေးကောက်ပွဲတွင် အ နိုင်ရပြီးနောက် ထရန့်ကိုယ်တိုင် ကလည်း ၎င်း၏ စီးပွားရေး လုပ် ငန်းစုကြီးများကို ဘဏ္ဍာထိန်းအ ရာရှိနှင့် သားနှစ်ဦးထံ လွှဲပေးထား ပြီး ဖြစ်သည်။ အလေးထားစောင့်ကြည့်ရမည့် ကိစ္စမှာ အိုင်ဗန်ကာ ၏ အခန်းကဏ္ဍ ဖြစ်လာသည်။

သို့သော် အိုင်ဗန်ကာက ‘‘အဖေ သမ္မတဖြစ်လာရင်လည်း ကျွန်မ က သူ့သမီးအနေနဲ့ပဲ ရှိမှာပါ’’ ဟု အင်တာဗျူး တစ်ခုတွင် ပြော ကြားခဲ့သည်။
-
အိုဘားမားက အမေရိကန် အစိုးရ၏ လုပ်ပိုင်ခွင့်များကို မိသား စုလိုက် စွက်ဖက်ချုပ်ကိုင်ထားမှု မျိုးကို ဆန့်ကျင်ကြောင်း အတိအ လင်း ပြောကြားထားသည့်တိုင် ထရန့် အစိုးရတွင် ကူရှ်နာနှင့် ၎င်း၏ ဇနီး တို့သည် အရေးပါဆုံး လက်ရုံး နှစ်ဆူ ဖြစ်လာဖွယ် ရှိနေသည်။
New York Times သတင်း စာသည် ရွေးကောက်ပွဲကြိုကာလ တွင် ထရန့်၏ ပြိုင်ဘက် ဟီလာရီ ကလင်တန်ကို ပေါ်ပေါ်ထင်ထင် ထောက်ခံ ပံ့ပိုးခဲ့သည်။ သို့သော် အိုင်ဗန်ကာကို ချီးကျူးရန် တွန့် ဆုတ်မနေခဲ့ချေ။ အိုင်ဗန်ကာသည် သမ္မတ ရုစဗဲ့၏ သမီးဖြစ်သူ အဲ လစ်နောက်ပိုင်း အမေရိကန်တွင် အထက်မြက်ဆုံး သမ္မတသမီး ဖြစ် လာမည်ဟု New York Times က ညွှန်းဆိုခဲ့သည်။ ၎င်းနှင့် ခင်ပွန်းဖြစ် သူတို့သည် ဝါရှင်တန်တွင် ဩဇာ အကြီးဆုံး စုံတွဲအနေဖြင့် တန်ခိုး ထွားလာမည်ဟုလည်း သတင်းစာ က သုံးသပ်ထားသည်။
-
‘‘ဂျော့ခ်ျဘုရှ်ရဲ့ သမီးတွေ တုန်းက တက္ကသိုလ်ကျောင်းသူ အရွယ်လောက်ရောက်မှ နည်း နည်း လူအာရုံစိုက်ခံလာရတာ။ ချယ်လ်ဆီး ကလင်တန်နဲ့ အိုဘား မားရဲ့ သမီးနှစ်ယောက်ကတော့ သူ တို့အဖေရဲ့ နိုင်ငံရေး နယ်ပယ် မှာပါဝင်ဖို့ အရမ်းငယ်နေခဲ့ကြ သေးတယ်။ ဒါပေမဲ့ အိုင်ဗန်ကာက တော့ အကြီးအကျယ်ကွဲပြားလိမ့် မယ်။ ထရန့်နဲ့ ကူရှ်နာရဲ့ ဆက် ဆံရေးကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ သူတို့သုံးယောက်ဟာ အမေရိကန်ရဲ့ အကြီးမားဆုံး သမိုင်းသစ်တစ်ခုမှာ ပါဝင်ကြလိမ့် မယ်’’ ဟု Vanity Fair မဂ္ဂဇင်း ကလည်း သုံးသပ်ရေးသားခဲ့ သည်။

-
အသက်၃၅ နှစ်အရွယ်ရှိကက်ရှ်နာသည် ပြည်တွင်းရေးရော၊ နိုင်ငံတကာရေးရာ ကဏ္ဍနှင့်ပါ အကျုံးဝင်သည့် အိမ်ဖြူတော် ထိပ်တန်း အကြံပေး ရာထူးကို ရရှိမည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ကက်ရှ်နာသည် ထရမ့် အလွန်အားကိုးသည့် သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့်နှင့် လက်ထပ်ထားပြီး အိမ်ခြံမြေ လုပ်ငန်းများကို ကွန်ရက်ကျယ်ပြန့်စွာ လုပ်ဆောင်နေသည့် စီးပွားရေးသမား တစ်ဦးလည်း ဖြစ်သည်။ ကူရှ် နာသည် အမေရိကန်၏ စီးပွားရေး ဗဟိုချက်ဖြစ်သော ဝေါလ်စထရိ ၌ ယခင်ကတည်းက နာမည် ကျော်နေပြီးသား စီးပွားရေးသမား တစ်ဦးဖြစ်သည်။ အသက် (၂၅) နှစ် အရွယ်ကတည်းက နယူးယောက် ရှိ အထိုက်အလျောက် ဩဇာ ကြီးသော သတင်းစာတိုက်တစ်ခု ကို ဝယ်ယူထားခဲ့သည်။

ထရန့်သည် ယခင်ကတည်းက လုပ်ခြင်တာကို အသေးအဖွဲကအစ အလျော့မပေးတတ်သူ ခေါင်းမာသူ ဘေးထိုင်ဝေဖန်မှုများကို အ လေးထားလေ့ ရှိသူမဟုတ်မှန်း သိ သာစေခဲ့ပြီး ဖြစ်သည်။
-
ထို့ကြောင့် ဆွေမျိုးကောင်းစားရေး ဝါဒဟု နာမည်တပ် ဝေဖန်မှုများကို ထည့် စဉ်းစားဖွယ် မရှိဘဲ သမီးနှင့် သမက် ကို အစိုးရ အဖွဲ့အစည်း အတွင်း နေရာပေးသွားရန် သေချာနေ သည်။ အပြင်းအထန်ကန့်ကွက်မှု များကြောင့် ကူရှ်နာကို အိမ်ဖြူ တော် ထိပ်တန်း အကြံပေးရာထူး တွင် မခန့်အပ်ဖြစ်လျှင်လည်း အ ခြား ရာထူးတစ်ခုကို ထရန့်က စဉ်းစားမည်သာ။ ၎င်းအနေဖြင့် အစိုးရ အဖွဲ့ အတွင်းစည်းတွင် အလွန်နီး စပ်ပြီး အရည်အချင်း ရှိသော လူ ငယ်နှစ်ဦးကို နေရာပေးသွားရန် နောက်ဆုတ်မည် မဟုတ်ချေ။

-
‘‘သူတို့နှစ်ယောက်ဟာ စံပြုရ မယ့် နိုင်ငံရေးသမားတွေ ဖြစ်လာ လိမ့်မယ်။ လူတိုင်းက သူတို့နဲ့ ပတ်သက်လို့ အကောင်းမြင်မျှော် လင့်နေကြတယ်။ ဒါက သူတို့စုံတွဲအတွက် ဖိအားလည်း လျော့သွားစေ လိမ့်မယ်’’ ဟု အမေရိကန်ဂျာနယ် လစ် ပီတာဒေးဗစ်က သုံးသပ်ခဲ့ သည်။ တစ်ဖက်တွင် ၎င်းတို့နှစ်ဦး သည် သမ္မတကိုယ်ပွားများသဖွယ် ဖြစ်နေပြီး ထရန့်နည်းတူ ဩဇာ ကြီးမှု၊ ဝေဖန်ခံရမှုများကို သက် ရောက် ရင်ဆိုင်ရဖွယ် ရှိနေသည်။
-
၂၀၁၃ ခုနှစ် စိတ်ပညာသိပ္ပံသုတေသန ဆောင်းပါးတစ်ပုဒ်တွင် မူအကျင့်ဆိုင်ရာသိပ္ပံပညာရှင်တို့က အမေရိကန်သမ္မတ တို့ကိုယင်းတို့၏ “မြတ်သောအတ္တဘာဝ” (Grandiose Narcissism) စရိုက်လက္ခဏာကိုအလိုက် တန်းစီဇယားဆွဲခဲ့ကြရာ လင်ဒန် ဂျွန်ဆင်က ပထမ သူ့နောက်မှနီးကပ်စွာ တက်ဒီရုစဗဲ့နှင့်


သို့သော်… လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာနီးပါးက သမ္မတအင်ဒရူးဂျက်ဆန်သည် သူ့လက်ထက်တွင်သာမက အမေရိကန် ရာဇဝင်တွင် ယနေ့ထက်တိုင် အငြင်းပွားဘွယ်ပုဂ္ဂိုလ်တစ်ဦး အဖြစ် ရပ်တည်နေဆဲဖြစ်၏။
-
သို့တိုင်အောင် သောမတ်ဂျက်ဖါဆင်က ဂျက်ဆန်အား ဒေါသနှင့်ဆို့နင့်ကာ အန္တရာယ်ရှိသောကြောင့် သမ္မတအဖြစ်နှင့်လုံးဝမအပ်စပ်သူဟု သတ်မှတ်ခဲ့ခြင်းမှာမူ မှားယွင်းဟန်ရှိခဲ့လေ၏။
-
သူ့ကို အထင်သေးသူများက ရုန်းရင်းဆန်ခတ်အုပ်ချုပ်ရေးမျိုးဖြစ်မှာ စိုးရိမ်ခဲ့သော ဂျက်ဆန်၏ လူထုအကြား ထင်ရှားမှုမှာ တကယ့်တကယ်တွင် အရေးပါသောလုပ်ငန်းတစ်ရပ်အတွက် အခြေခံ သာမန် အမေရိကန်လူမျိုး တို့အား အချင်းချင်းဆက်သွယ်ပေါင်းစည်းပေးခဲ့၏။
-

ဒီမိုကရေစီကိုယုံကြည်သော ပြည်နယ်များ၏ ညီညွတ်သောအချုပ်အခြာအာဏာတစ်ရပ် ပေါ်ပေါက်ရေးအလို့ငှါ ပေါင်းစည်းခဲ့ကြခြင်းဖြစ်လေသည်။
၁၈၃၀ ခုနှစ်များ အတွင်း အမေရိကန်လူမျိုးတို့၏ဘဝကို မြင်တွေ့ခဲ့ဘူးသူ ပြင်သစ်လူမျိုး မိုက်ကယ်ချေဗာလျား (Machel Chevalier) က လက်လုပ်လက်စားလူစုကြီးသည် ဂျက်ဆန်ကို ကိုးကွယ်ကြကြောင်းရေးသားခဲ့၏။
စင်စစ် သမ္မတအာဏာစက်ကို တဟုန်ထိုးကျယ်ပြန့်အောင်ဆောင်ရွက်ရာ၌ ဂျက်ဆန်အနေနှင့် သိသိသာသာ အောင်မြင်မှုရရှိခဲ့ခြင်းမှာ သူ့ဒေါသကို တိုးတက်မှု အစီအစဉ်တွင် မဟာဗျူဟာကျကျ အသုံးချ နိုင်သောကြောင့် ပင်ဖြစ်သည်။
ထိုထက်ပို၍ ဂျက်ဆန်သည် သူ၏ကိုယ်ပိုင်ဟန်ပြောစကားများအတွင်း အမေရိကန်လူထုအများစု၏ အတွေးကို ကြွယ်ဝစေပြီး သမ္မတလုပ်ငန်း အစီအစဉ်များကို အသိပေးခဲ့သောကြောင့်ဖြစ်လေသည်။
-
ထရန့်၏ ဘဝဇာတ်ကြောင်းနှင့် သူ့အမြင်တို့သည် အမှန်ပင်ရန်လိုသော သဘောရှိ၏။ ၎င်းအပြင် သူ့ပရဘာဝနှင့်အတ္တဘာဝ ဓာတ်ခံများက စွန့်စားမှု ကြီးမားသော (သမိုင်းတွင် အမှတ်ရနေစေမည့်) အလုပ်မျိုးကို နှစ်ခြိုက်ကြောင်းဖေါ်ပြနေကြ၏။
-
သူ့နံဘေးတွင် သူနှင့်အလွန်နီးစပ်သော သူယုံကြည်ချစ်ခင်သော အရည်အချင်း ရှိသော လူငယ် နှစ်ဦးကို လိုအပ်သည်မှာအမှန်ပင်ဖြစ်သည်။
No comments:
Post a Comment