ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ ယခုအကြိမ် ရေဘေးတွင် လူ ၃၅၆ ဦး ထက်မနည်း သေဆုံးပြီး ဒုက္ခသည် ၉ သန်းကျော် ရှိကြောင်းဖြင့် သိရပါသည်။ အောက်တိုဘာလ ၃၀ ရက်နေ့က ကျောက်ဖယား မြစ်ရဲ့  ရေအမှတ်ဟာ ဒီကနေ့ အမြင့်ဆုံးကိုရောက်ရှိပြီး ရပ်တန့်သွားတာကြောင့်ရှေ့ သီတင်းပတ်ထဲမှာ ရေပြန်ကျပါလိမ့်မယ်လို့ ဝန်ကြီးချုပ်ယင်းလပ် က နိုင်ငံတော်ကို အပတ်စဉ်ပြောတဲ့ မိန့်ခွန်းထဲမှာ ပြောကြားထား ပေမဲ့ရေတွေက ဘန်ကောက်မြို့ မြောက်ဖက်ခြမ်းမှ စီးဆင်းလာနေဆဲဖြစ်ပြီး၊ ဘန်ကောက်မြို့ အရှေ့ ဖက်နှင့် အနောက်ဖက်ခြမ်းကို ကွေ့ ပြီး စီးဆင်းနေပါတယ်။ ချောင်ဖရာမြစ်ရိုးတလျောက်နှင့် ဗန်ကောက်မြို့အနောက်ဖက် မြောက်ဘက် အရှေ့မြောက်ဖက်တို့မှ တစတစ အတွင်းပိုင်းသို့တိုးလာနေဆဲဖြစ်သည်။
ကျော်လကေးဘွာ စာတိုက်
ဘန်ကောက်မြို့ မြောက်ဘက်က ၀င်လာတဲ့ ရေတွေဟာ မော်ချစ် ကားဂိတ်ဟောင်း နှင့် BTS ကောင်းကင် ရထား ပထမ ဘူတာကို ရေရောက်ရှိနေပြီး၊ ရေတစ်ပေခွဲခန့် တက်လာနေပါသည်။ ၀ိဖါဝဒီးလမ်းက စိန်ဂျွန်ကျောင်း အရှေ့ ကို ရေများ ကျော်လွန်လာနေပြီး မင်ဘူရီဖက်က ရေဟာလဲ ဗန်းကပိ န၀ါမင်လမ်းမ အထိ ရောက်နေတယ်လို့သတင်းတွေက ဆိုပါတယ်။ ကျနော်နေတဲ့အရပ်ကိုတော့ရေမရောက်သေးပါ။ ဒါပေမဲ့ ကျနော့စာတိုက်သေတ္တာကတော့ န၀ါမင် (ယခင်အခေါ် စူဖါဖိဖန် ၁လမ်း) မှာရှိတာမို့ အခြေအနေမဆိုးခင် စာတွေသိမ်းဖို့ စိတ်ကူးရလို့ ဒီမနက် သွားပါတယ်။ န၀ါမင်က ကစေဆပ် တက္ကသိုလ်ဘက် လမ်းခွဲမှာ ရေနဲနဲ (ခြေမျက်စိမြုပ်လောက်) စတွေ့ပီး ပထ၀ိကွန်ဈေးရှေ့ ကစပီးခြောက်သွေ့နေလိုက်တာ ကျော်လကေးဘွာ စာတိုက်မရောက်ခင်ကနေ စာတိုက် အလွန်ထိ ရေဒူးဆစ်လောက်ရှိပါတယ်။ စာတိုက်ထဲဝင်ပီးရင် စက်ပြန်မနိုးဘဲနေမှာစိုးလို့ ရေစပ်စပ် စာတိုက်နဲ့ ရေတဖျတ်ဖျတ် ခရီးကိုဘဲ ဓါတ်ပုံရိုက်ရင်း ပြန်လှည့်လါခဲ့ပါတယ်။
စင်ထရယ်လ် လက်ပရောင်းရှေ့မြင်ကွင်း
ချတ်တူးချတ်မှာရေအမြင့် ၂၀စင်တီမီတာထိ တိုးလာပါတယ်။ လက်ဆီ ခရိုင်မှာ ၃၀စင်တီမီတာနဲ့၁၂၀စင်တီမီတာအကြား ရှိပါတယ်။ ခလုံဆမ်ဝခရိုင်မှာ စင်တီမီတာ ၆၀ကနေ ၉၀ထိ ရောက်နေပါပြီ။
မြို့တော်ရဲ့မြေအောက်ရထားဘူတာရုံတွေကိုလည် ပိတ်ထားလိုက်ရပါပြီ။ အဝေးပြေး ဘတ်စ် ကားလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီလိမီတက်ဟာ ကားဝင်းထဲ ရေရောက်ရင် မော်ချစ်(သစ်) ဘတ်စ်ကားဂိတ်ကြီးကနေ ဘတ်စ်ကားအကုန်လုံး တနာရီအတွင်း ရွှေ့ပြောင်းနိုင်ရေး စီမံကိန်းတခုကို အခုအခါ ကြို တင်ရေးဆွဲ ပြင်ဆင်လုပ်ကိုင်နေရပါတယ်။ ဒီဘတ်စ်ကားဂိတ်ဟာ ချတ်တူးချတ်က ကမ်ဖဲန်းဖက်လမ်းမကြီးပေါ်မှာ ရှိ ပါတယ်။ ကုမ္ပဏီအနေနဲ့ ဘတ်စ်ကားတွေကို ဖထုမ်ဌာနီခရိုင်က ဖရာတူနမ်ထာဖရာ အင်းနဲ့ ဆုဝဏဖူးမ်လေဆိပ်၊ ဒါမှမ ဟုတ် ချုန်ဘူရီမှာရှိတဲ့နေရာကို ရွှေ့ပြောင်းရနိုင်ပြီး အဲဒီကနေ လုပ်ငန်းတွေ ဆက် လည်ပတ်သွားမှာ ဖြစ်တယ်လို့ တာ ၀န်ရှိသူတွေက ပြောပါတယ်။ဘန်ကောက်အနောက်ပိုင်းမှာ ရေလွှမ်းမိုးမှုဟာ ဆီယမ်တက္ကသိုလ်နဲ့ ထာဖရာလမ်းဆုံဆီကို ဦးတည်စီးလာနေပါတယ်။
ဘန်ကောက်မြေအနေအထားအရလတ်ဖရောင်း နယ်မြေပြီးရင် ရတ်ချာဒါဖီဆက်လမ်းမကြီးနဲ့ ချတ်တူးချတ်နယ် မြေကို ရေရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
မြို့ လယ်ခေါင်လို့ ပြောလို့ ရတဲ့ ပတူနမ့် အရပ်ကို ရေရောက်ဖို့ ၁၀ ကီလိုလောက်ဘဲ လိုတော့တယ်။ မြို့ တွင်းပိုင်းဟာ မြေနိမ့်ပိုင်းဖြစ်လို့ အခု အတိုင်းရေ၀င်လာသည့်နှုန်းနဲ့  ဆို့ ရင် တစ်ပတ်လောက် အတွင်းမှာ မြို့ လယ်ခေါင်ကို ရေ၀င်နိုင်ပါတယ်။
ဘန်ကောက်၊ တခြားခရိုင်တွေမှာလည်း ရေတွေ တိုးလာနေပါတယ်။ ဘန်ကောက်အနောက်ပိုင်းမှာ ယမန်နေ့ကထက် ရေအမြင့် ၂၀ စင်တီမီတာ တိုးလာပါတယ်။
ဘန်ကောက်မြို့ ကို ရေ၀ိုင်းထားတယ်လို့ ပြော နိုင်ပါတယ်။ ဘန်ကောက်မြို့ လယ်ခေါင်ကိုရေမ၀င်အောင် အစိုးရက တာတမံတွေ့ နဲ့ ပိတ်ထားပေမယ့်လည်း တားဆီးနိုင်မယ့် အနေအထားမှာ မတွေ့ ရသေးပါဘူး၊
ဘန်ကောက်ရေဘေးကယ်တင်ဖို့အတွက် တပ်တော် ၃နဲ့တပ်တော် ၂က တပ်ခွဲပေါင်း ၃၀ လောက်က နောက်ထပ် စစ် သားတွေ ထပ်ဖြည့်ထားရပါတယ်။
မဟာချိုင်ဒေသဟာ၊ ရေနစ်မြှုပ်သွားဖွယ်ရာ ရှိပြီး၊ နေထိုင်တဲ့ လူတွေ အရေးပေါ်ရွှေ့  ပြောင်းပေး ရမယ်လို့  ထိုင်းအာဏာပိုင် များက နိုဝင်ဘာ(၅) ရက်နေ့  မနက်(၃) နာရီမှာ ရုပ်မြင် သံကြားနဲ့  အခြားသတင်းတွေ ထဲမှာ ကြေညာ ထားပါတယ်။
မဟာချိုင်ဒေသက မြန်မာအလုပ်သမားများ မဟာချိုင် ကယ်ဆယ်ရေးစခန်း ဖုန်း ၀၈၀-၄၅၈၅-၁၂၈၊ ၀၈၉-၄၁၃၃-၁၇၉၊ ၀၈၉-၆၈၅- ၂၉၆၆၊ ၀၈၄-၆၇၀-၅၇၂၇ တို့ကို ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြသလို၊ ရေဘေးသင့်နေသူများကို ကူညီပေးလိုသူများလည်း ဆက်သွယ်နိုင်ပါသည်။
No comments:
Post a Comment