" ဦးလေးကျမ၊ ငနီသူခြောက် နဲ့ ချဉ်ပေါင်ဟင်း စားချင်တယ်။ "
သုံးလသား ကလေးငယ်လေးကို ရင်ခွင်မှာ ပိုက်ထားပြီး၊ ရခိုင်သံ ဝဲဝဲ လေးနဲ့ ပြောလိုက်တဲ့ သူမရဲ့ အသံလေးကို အခုထိ ကြားယောင်မိနေပါသေး တယ်။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်ထဲက ခီးခတ်လို့ခေါ်တဲ့ ပင်လယ် ကမ်းခြေနဲ့ မဝေးလှတဲ့ ထိုင်းအစိုးရက ဖွင့်လှစ်ထားတဲ့ အမျိုးးသမီးနဲ့ ကလေး သူငယ်များ စောင့်ရှောက်ရေးဂေဟာကို သွားရောက် ကြည့်ရစဉ်က မြန်မာ နိုင်ငံ ရခိုင်ပြည်နယ်က လှေစီး ထွက်ပြေးလာတဲ့ မူဆလင် အမျိုးသမီးအုပ်စု ထဲက တိုးတိုးလျလျ ပြောလိုက်တဲ့ အသံဖြစ်ပါတယ်။ သွားရောက်လည်ပတ် ကြည့်ရှကြတဲ့ အဖွဲ့အစည်းက တာဝန်ရှိသူတွေရဲ့ ထုံးစံအတိုင်း " ဘာတွေ လိုအပ်သေးလဲ၊ ဘာတွေ အကူအညီပေးရမလဲ" လို့မေးလိုက်တဲ့ ကျနော့်ရဲ့ မေးခွန်းကို ရင်ခွင်ပိုက်ကလေးငယ်လေးရဲ့မိခင်
လသားအရွယ်ကလေးလေး၊နဲ့ ဘယ်လိုလုပ်ပြီး ဒီကယ်ဆယ်ရေး စခန်းက ရောက်နေပါလိမ့်လို့ စဉ်းစားမိပြီး သူမနဲ့ စကားပြောဖြစ်တဲ့ အချိန် မှာတော့ သူမရဲ့အင်မတန်မှ ကြေကွဲထိရှ ဝမ်းနည်းစရာ၊ ကောင်းလှတဲ့ အမျိုး သမီးငယ် တစ်ယောက်ရဲ့  ရုန်းကန်ဖြတ်သန်းနေရတဲ့ သူမရဲ့ ဘ၀နဲ့ ရင်း ရေးဖွဲ့ သီထားတဲ့ ဇာတ်လမ်းလေးကို အခုလို ပြောပြပါတယ်။
နိုယူတို့ မိသားစုဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူအနီးကျေးရွာတစ်ရွာ ကပါ။ ရခိုင်ပြည်နယ်အတွင်း၊ ဘာသာရေးအဓိကရုဏ်းတွေရဲ့နောက်ဆက
"၂၀၁၃ ခု တလပိုင်း ၁၅ ရက်နေ့ ညက ကျမတို့လှေ စစ်တွေကနေ စထွက်ပြီး (၆) ရက်အကြာမှာ ကျမသားလေးကို လှေပေါ်မှာ မွေးပါတယ်။" ရင်ခွင်ထဲမှာ အိပ်နေ့တဲ့ကလေးငယ်ကို ညွှန်ပြရင်း ပြောပြရှာပါတယ်။ ကလေးငယ်ကတော့ မိခင်ရင်ခွင်ထဲမှာ နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေ ရှာတယ်။ လှေပေါ်မှာ မီးဖွားပြီး (၇) ရက်အကြာမှာ ၂၀၁၃ ခု တလပိုင်း ၂၇ ရက်နေ့ မှာ ထိုင်းရေတပ်ရဲတပ်ဖွဲ့ ရဲ့ ဖမ်းဆီးခံခဲ့ရပြီး အခုနေနေရတဲ့ ကယ် ဆယ်ရေး စခန်းကို ရောက်လာတာဖြစ်ပါတယ်။
မြန်မာစကားပုံမှာ၊ အင်မတန် ကြမ်းတမ်းပြီး အသက်အန္တရာယ်၊ ကြီး မားတဲ့ အလုပ်နှစ်ခုကို တင်စားပြောဆိုတဲ့ " ယောင်္ကျားဖောင်စီး၊ မိန်းမ မီးနေ (အမျိုးသမီးများ ကလေးမွေးဖွားခြင်း)" ဆိုတဲ့ စကားပုံရှိပါတယ်။ အင်မတန် ကြမ်းတမ်းပြီး အန္တရာယ် ကြီးပါတယ်ဆိုတဲ့ ယောင်္ကျားဖောင်စီးရတဲ့ အလုပ်နဲ့၊ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အမျိုးသမီးတွေ မီးဖွားရတဲ့ အလုပ်နှစ်ခုကို နိုယူက တစ်ချိန်ထဲ ( တပြိုင်ထဲ) မှာ လုပ်ခဲ့ရတဲ့သူလေးလို့  ပြောရလေမလား ပါပဲ။
အမိုးအကာမဲ့ လူ ၃၀ ယောက်လောက်သာ၊ စီးနင်းလိုက်ပါနိုင်တဲ့ လှေ ကလေးပေါ်မှာ ယောက်ျား မိန်းမနဲ့ ကလေးစုစုပေါင်း တစ်ရာကျော် လောက် လိုက်ပါလာကြတာဖြစ်ပါတယ်။ စားသောက်စရာ ပြည့်ပြည့်စုံစုံမပါကြတဲ့ အပြင် ဘာဆေးဝါးမှလဲ ယူဆောင်မလာခဲ့ကြပါဘူး၊ ကလေးနှစ်ယောက် မွေးဖူးထားတဲ့ မိခင်တစ်ယောက်အနေနဲ့ ကလေးမွေးရတာ မခက်ခဲပေမဲ့ နေပူမိုးရွာထဲမှာ ဆွေးဝါးပစ္စည်းမစုံလင်ဘဲ မွေးရလို့ တော်တော် စိုးရိမ် ပူပန် ခဲ့ရပါတယ် ဆိုတဲ့အကြောင်းနဲ့ သူ့အမျိုးသားနဲ့ လှေပေါ်မှာ အတူပါလာတဲ့ အမျိုးသမီး နှစ်ယောက်က ဝိုင်းဝန်းမွေးဖွားပေးခဲ့ရတယ် ဆိုတဲ့အကြောင်း ပြောပြရှာပါတယ်။
"ကျမကလည်း တစ်ခါမှတော့ ကလေးမွေးပေးဖူးတာ မဟုတ်ဘူး၊ အခုလို မဖြစ်မနေမွေးရတော့မယ်ဆိုတော့ ကြားဖူးနားဝနဲ့ ဝိုင်းပြီး မွေးပေး လိုက်တာပါ၊ လှေပေါ်မှာက သုံးရေ ပြတ်သွားလို့ ပင်လယ်ရေကို ကြို၊ အအေး ခံပြီး ဆေးကြောသန့် စင်ပေးရတာပါ၊ လှေပေါ်မှာ ယောက်ျားတွေကလည်း အများကြီးဆိုတာ့ ကျမတို့ မိန်းခလေးတွေကို စောင်တွေကာထားခိုင်းပြီး မွေးပေးခဲ့ကြတာပါ။
ကျမတို့ ကို ဘုရားသခင်က မစခဲ့တာပါလို့  နိုယူ ကလေး မွေးဖွားစဉ်ကူညီဆောင်ရွက်ပေးခဲ့
မြန်မာအမျိုးသမီးအများစုဟာ မီးဖွားတဲ့အချိန်မှာ ကိုယ့်ရဲ့ခင်ပွန်း၊ ယောက်ျားကို အနားမှာ ရှိစေချင်ပေမဲ့ ထိုင်းရေတပ်က ဖမ်းဆီးခံရပြီး နိုယူတို့  သားအမိတတွေက ကယ်ဆယ်ရေးစခန်းကိုရောက်ခဲ့ပေမဲ့
" ကျမ အမျိုးသားရှိနေမယ် ဆိုရင်တော့ အားရှိတာပေါ့၊ ကျမ တစ်ခုခု လိုရင် အားနာစရာမလိုဘဲ၊ သူ့ကို လုပ်ခိုင်းလို့ ရတယ်လေ၊ အခုတော့ သူ့ကို တစ်နေရာ ခေါ်သွားတော့ ကျမနဲ့ ကလေးတွေနဲ့ပဲ၊ ဒီမှာ ကျန်ခဲ့တော့ တော် တော် ၀မ်းနည်းစိတ်အားငယ်ရပါတယ်။ "မိန်းမသားတစ်ယောက်အနေနဲ့ သူ့အမျိုးသားကို အားကိုးတစ်ကြီး မိန်းမ သဘာဝကျကျ ပြောပြရှာပါတယ်။
နိုယူအနေနဲ့ လက်ရှိကယ်ဆယ်ရေးစခန်းမှာ တစ်စုံတစ်ရာ အဆင်ပြေ တယ်လို့  ပြောရပေမဲ့ ရည်ရှည်မနေထိုင်လိုကြောင်း၊ သူမရဲ့သူငယ်ချင်းတွေ၊ ကယ်ဆယ်ရေးစခန်းက ထွက်ပြေးလွတ်မြောက်သွားပြီး၊ မလေးရှားရောက် နေပြီဖြစ်ကြောင်းနဲ့ တစ်နေရာရာမှာ မိသားစုနဲ့အတူ အခြေချ နေထိုင်လို ကြောင်း သူမရဲ့  မျှော်လင့်ချက်အိပ်မက်တွေကို အားငယ်တမ်းတနေရတာ တွေကို ပြောပြနေပြန်ပါတယ်။ မြန်မာပြည်ကို ချစ်ပေမဲ့ မြန်မာပြည်မှာ ငြိမ်းငြိမ်းချမ်းချမ်း မဖြစ်မခြင်း၊ မြန်မာပြည်ကိုတော့ ဘယ်နည်းနဲ့မှ ပြန်လိုတဲ့ ဆန္ဒမရှိကြောင်း ထပ်လောင်းပြောပြတဲ့အခါ သူမရဲ့ တောင်းဆိုမှုတွေနဲ့ သူမရဲ့မျော်လင့်ချက်တွေကို ကျနော့် အနေနဲ့ ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး ဆိုတာ ပါးစပ်က ထုတ်ဖေါ်မပြောခဲ့ပေမဲ့၊ စိတ်ထဲမှာတော့ နာနာကျင်ကျင် ခံစားသိရှိနေပါတယ်။
ကျနော်တို့ ရဲ့မိခင်တွေ၊ ဇနီးမယား၊ အမ ညီမနဲ့ ချစ်ခင်ရင်နှီးကြတဲ့ မြန်မာအမျိုးသမီး မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းေ
ကိုထူးချစ်၏စာကို ခံစားမှုဖြင့် ပြန်လည်မျှဝေပါသည်
No comments:
Post a Comment