- နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်ပါသလဲ။
-
မိုးလေဝသဌာနက တာဝန်ယူတိုင်းတာနေတဲ့မြစ် အားလုံး။ အဲဒီမှာတာဝန်ယူနေတဲ့ ဇလဗေဒဌာနအား လုံးကတိုင်းတာတာက စိုးရိမ်ရေမှတ်ကျော်နေတယ်။ အဲဒါကထူးခြားမှုပေါ့။
-


လောလောဆယ် ရေမြုပ်နေတဲ့နေရာမပြောနဲ့။ သူနဲ့ ဆက်စပ်နေတဲ့ဒေသမှာတောင် ဂေါ်ဖီထုပ်စီးပွားရေး လုပ်တဲ့သူတွေရဲ့ စီးပွားရေးဘယ်လောက်ပျက်သွားပြီ လဲ။ တကယ်မြုပ်တဲ့သူတွေဆို ဘယ်လိုဖြစ်သွားမလဲ။


မြစ်ဝကျွန်းပေါ်မှာ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်အမြဲရေဖုံးလွှမ်းတဲ့ ဧရိယာ ထဲမှာအမြဲရှိနေတယ်။ ဂြိုဟ်တုကရိုက်ပြတယ်။ နေ့ တိုင်းရိုက်ပြတယ်။ မပြတ်တင်ပြတယ်။ အဲဒီက တည်းက ဒေသခွဲတာဝန်ရှိသူတွေကလုပ်သင့်တယ်။ ပြည်သူ့ရဲ့အကျိုးကို စိတ်ဝင်စားတဲ့သူတွေက မိမိ တာဝန်ကိုနားလည်တယ်ဆိုရင်အလုပ်လုပ်သင့်ပြီ။အလုပ်လုပ်ဖို့ နိုင်ငံတော်က စီစဉ်ပေးထား တာသိတယ်။ ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှာဆူနာမီဖြစ်တယ်။ ဆူနာမီဖြစ်တဲ့ အချိန်မှာ လူသုံးသိန်းသေတယ်။ အဲဒီ တုန်းကမြန်မာနိုင်ငံမှာ သဘာဝဘေးကာ ကွယ်စောင့်ရှောက်ရေးကော်မတီ (နိုင်ငံ တော်အဆင့်)ကို ပထမဆုံးအကြိမ်ဖွဲ့တယ်။ အဲဒီတုန်းက ဝန်ကြီးချုပ်ကဥက္ကဋ္ဌ၊ ဝန်ကြီး က ၁၇ ပါး၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၆ခုကတိုင်းမှူးအားလုံးပါတယ်။မန္တလေး၊ ရန်ကုန်မြို့ရဲ့ မြို့တော်ဝန်ပါတယ်။ မြန်မာ နိုင်ငံမှာ အကြီးဆုံးအဖွဲ့၊ ဆပ်ကော်မတီ ရှစ်ခုရှိတယ်။ ကော်မတီတစ်ခုချင်းက ဘာလုပ်ရမလဲစီမံချက်ဆွဲပြီးသား။ တိုင်း ဒေသကြီးနဲ့ ပြည်နယ်က အားလုံးသဘာဝ ဘေးအန္တရာယ်ကျရောက်ရင် ဘာလုပ်ရ မလဲဆိုတာ အရန်သင့်ရေးဆွဲထားတယ်။ အဲဒါကိုမေ့နေကြတယ်။ ဘယ်သူမှမသုံး ဘူး။ အဲဒီတော့ အုပ်ချုပ်ရေးက ဘာဖြစ် နေလဲဆိုတော့ ကွင်းဆက်ပြတ်နေတယ်။ လူတစ်ယောက်နားပြီးဆို နောက်တစ် ယောက်ဆက်မလုပ်ဘူး။ အဆိုးဆုံးက သဘာဝဘေးအန္တရာယ်ကျရောက်ရင် သူ တို့တာဝန်ပါလားဆိုတာမေ့နေတယ်။နာဂစ် တုန်းကလဲအစည်းအဝေးမခေါ်ဘူး။ရေကြီး တုန်းကလည်းမခေါ်ဘူး။ ဆရာဖေစ့်ဘုတ် တက်ရေးမှ ဟိုနေ့ကခေါ်တယ်။
တချို့နေရာတွေကရေကြီးနေပြီ။ မော် တော်ဘုတ်နဲ့သွားလို့မရဘူး။ ရဟတ်ယာဉ် နဲ့မှသွားလို့ရမယ်။ ဒါဆို နိုင်ငံတော်အဆင့် မှလုပ်လို့ရမယ်။ အဲဒီတော့နိုင်ငံတော်က အရေးပေါ်အခြေအနေ အဖြစ် ကြေညာရမယ်။ ဘယ်လို အခြေအနေမှာ ဘယ်လိုသုံးရမှာဆိုတာ နိုင်ငံတိုင်းမှာရှိတယ်။
-
သာမန်ရပ်ကွက်ထဲ ရန်ဖြစ်တာကို နိုင်ငံတော်အဆင့်လို့သတ် မှတ်လို့မရဘူး။
-
အခုလို သဘာဝဘေးအန္တရာယ်ကျရောက် တဲ့အခါ ဘယ်အချိန်ဆို နိုင်ငံတော်အဆင့် ကြေညာရမယ်ဆိုတာရှိတယ်။ သင်တန်း တွေမှာသင်ထားပြီးသား။ အုပ်ချုပ်ရေး ယန္တရားပျက်သွားပြီ။ နောက်ပြီးတော့ ကျန်းမာရေး၊ စားဝတ်နေရေး ဒါတွေကို ထိန်းချုပ်နေတာ ပျက်သွားပြီဆိုရင် ဒီဒေသက သဘာဝဘေးအန္တရာယ်ကျ ရောက်တဲ့ဒေသပဲ။ အဲဒီလိုမစောင့်ရှောက် မကာကွယ်နိုင်တော့ဘူးဆိုရင် အရေးပေါ် အခြေအနေပဲ။ တရားဝင်ကြေညာရမယ်။ အဲဒီလိုကြေညာခြင်းဖြင့် အကူအညီပေးတဲ့ အတိုင်းအတာက မြင့်သွားမယ်။ ဥပမာ ဟတ်စကီးကိုသုံးမယ်ဆိုရင်လည်း သုံးလို့ ရပြီ။ တပ်ကိုသုံးမယ်ဆိုလည်း သုံးလို့ရပြီ။ ဒါကိုအစိုးရကနားလည်ရမယ်။ ဘယ် အဆင့်ဘာဆိုတာနားလည်ရမယ်။ သေရေး ရှင်ရေးဆိုတာက ဦးစားပေးလုပ်ရမယ်။
သဘာဝပတ်ဝန်းကျင်လုပ်နေတဲ့သူ အနေနဲ့အာပေါက်အောင်ပြောရတာပဲ။
-
နာဂစ် တုန်းကဖွဲ့စည်းပုံနဲ့တိုက်နေတယ်။ ခုလည်း ရွေးကောက်ပွဲနဲ့တိုက်နေတယ်။ မလုပ်တာ တော့ သူ့ဟာသူသမိုင်းကသွားလိမ့်မယ်။လုပ်ရတော့မယ်။နောက်ထပ်အလားအလာ တွေရှိသေးတယ်။
-
နောက်နှစ်လမှာ ဖြစ်နိုင် သေးတယ်လို့ ခန့်မှန်းထားတယ်။
အကူအညီဆိုတာအမြဲလိုတယ်။ ကိုယ့် ထက်မြင့်တဲ့နိုင်ငံတွေတောင် ဒီလိုဘေး အန္တရာယ်ကြုံလာတဲ့အခါ နိုင်ငံတကာ အကူအညီကိုတောင်းရတာပဲ။ နိုင်ငံတကာ အကူအညီကိုတောင်းရတာ ရှက်စရာ မဟုတ်ဘူး။ နိုင်ငံခြားကလည်း တောင်း တိုင်းပေးတာမဟုတ်ဘူး။ အနေအထားကို ကြည့်ပြီးမှပေးတာပါ။ ခုဆိုရင်ကုလသမဂ္ဂ အဖွဲ့တွေက ကူညီဖို့အသင့်ဖြစ်နေပြီလို့ သတင်းထဲမှာပါလာပြီ။
-
• ဆုံးရှုံးမှုအခြေအနေ ဘယ်လောက်ရှိနိုင် ပါသလဲ၊
စာရင်းမချုပ်ရသေးလို့ ပြောလို့မရ သေးဘူး။ လူတော်တော်များများရဲ့ဘဝ တွေကတော့ ယိုင်နဲ့နေနိုင်တယ်။ မုန်တိုင်း နဲ့တော့မတူဘူးပေါ့။ ခုချိန်မှာတော့ သေ ဆုံးနှုန်းက ဆယ်ဂဏန်းမက ရာဂဏန်းနား ကပ်ချင်ကပ်မှာပေါ့။ နာဂစ်လောက်တော့ မပြင်းထန်ဘူးပေါ့။ ဒါပေမယ့် ပျက်စီး ဆုံးရှုံးမှုက မကွာလှဘူးပေါ့။

နေရာဒေသအလိုက်တော့ရှိမှာပါ။ ဟင်္သာတဆိုတာ နှစ်တိုင်း စိုးရိမ်ရေမှတ် ကျော်နေတာပါ။ သူ့မှာရှိတဲ့တာတွေကလဲ အင်္ဂလိပ်ဆောက်ခဲ့တာ။ နေရာတော်တော် များများမှာ လယ်သမားဆောက်တဲ့ လယ် သမားတာတွေပဲရှိတယ်။ နိုင်ငံတော်က ဆောက်ခဲ့တာမရှိဘူး။ အင်္ဂလိပ်ခေတ်က ဆောက်ခဲ့တာကို ထိန်းသိမ်းမှုကိုလည်းပြန် ကြည့်ဦး။ အဲဒီတာပေါ်မှာ နွားလှည်းလမ်း ရှိတယ်။ လူနေအိမ်တွေရှိတယ်။ ဒါတွေကို ကာကွယ်ရမှာ မကာကွယ်ဘူး။ ဒီလိုလုပ် ရင် ဒီလိုဖြစ်တတ်တယ်ဆိုတာကို အဲဒါ တွေက ဒီလိုအချိန်မှာပေးဆပ်လိုက်ရရင် နည်းမှာမဟုတ်ဘူး။ တာကြီးသာကျိုးရင် လယ်မြေဧကသောင်းချီ၊ သိန်းချီ ရေမြုပ် မယ်။ စိုက်ပျိုးမြေပျက်စီးမယ်။ စီးပွားရေး ထိခိုက်မယ်။ နိုင်ငံရေးပါထိနိုင်တယ်။ အူမ မတောင့်ရင်

-
ဒါကို နယ် မြေမတည်ငြိမ်မှာစိုးလို့ဆိုပြီး ထားလိုက်ရင် အကုန်သေမှာပဲ။ နာဂစ်တုန်းကလဲ သေပြီး သွားပြီ။ သဘာဝဘေးအန္တရာယ်ကျရောက် ရင် ရွှေ့ကိုရွှေ့ရမယ်ဆိုတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရမယ်။ ဒီနိုင်ငံမှာမရှိဘူး။ ဥပဒေ က၊ ဥပဒေရေးရာက ခိုင်မာမှုရှိရမယ်။ ခုတော့အစိုးရက တစ်ရွာတစ်ပုဒ်ဆန်းလုပ် နေတယ်။ နိုင်ငံတော်အဆင့်အနေနဲ့ ရေးဆွဲ ပြီးပါလျက်နဲ့ ခြေဦးတည့်ရာ လုပ်ချင်ရာကို တစ်ယောက်ကောင်းလုပ်နေတာက ဆရာ့ အမြင်နဲ့ တော်တော်ရုပ်ဆိုးတယ်။
http://uniondaily.net/News/DetailView.aspx…
No comments:
Post a Comment