ရေ ကြီးတယ်-
နေစရာအိမ်မရှိဘူး- လုပ်စရာ လယ်မရှိဘူး- တက်စရာ ကျောင်းမရှိဘူး။
-
ရေတွေ ပြန်ကျသွားတဲ့အခါ- အိမ်တွေ ချက်ခြင်းပြန်နေလို့ မရသေး။
လယ်တွေ ချက်ခြင်းပြန်လုပ်လို့ မရသေး။
အိမ် ကျောင်း လမ်း လယ် ပါတ်ပါတ်လည် သဲတွေ ရွံ့တွေ အမှိုက်သရိုက်တွေ မြွေပါး ကင်းပါး ပိုးမွားများ ရှင်းရဖယ်ရ ဖေါ်ရမယ်။
ရေ လိုမယ် ဆန်လိုမယ် ငွေလိုမယ် ဆေးဝါးနဲ့ ဆေးဝါးကုသရေး လိုမယ်။
-
ခုအခါ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ကူကြ လှူ ကြ တပြိုင်နက်တည်းမှာ ”ပြန်လည်ထူထောင်ရေး“လုပ်ငန်းတွေအတွက် ပြင်ဆင်ထားဖို့ လိုမယ်။ စထားရမဲ့နေရာတွေလဲ ရှိမယ်။
မိုး ဆက်ပြီး မကြီးဘူး ဆိုရင် မကြာခင်မှာရေပြန်ကျမယ် ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်ရင် ရပ်ရွာ သန့်ရှင်းရေးကို စတင်ပြီး လုပ်ရမှာ ဖြစ်ပါတယ်။
-
ဒီတော့ကာ အခု ကယ်ဆယ်ရေး ကာလ ကတည်းက စတင်ပြီး ပြန်လည် ထူထောင်ရေး အတွက် ကြိုတင် ပြင်ဆင်ဖို့ လိုပါတယ်။ ပြန်လည် ထူထောင်ရေးကို တစ်ဦးတစ်ယောက်ချင်း၊
ဒေသခံလူမှုအဖွဲ့အစည်းအဆင့်နဲ့ လုပ်ကိုင်ဖို့ အခက်အခဲ ရှိပတယ်။ ပြန်လည်ထူထောင်ရေးကို အစိုးရနဲ့ ပူးပေါင်းပြီး လုပ်ဖို့ လိုပါတယ်။
ပြန်လည်ထူထောင်ရေး လုပ်ဆောင်တဲ့ အခါမှာ ကျား၊မ အသက်အရွယ် ခွဲခြား ဖော်ပြထားသော လူဦးရေ စာရင်း ဟာ အင်မတန် အရေးကြီးပါတယ်။ ကျားမအသက်အရွယ် စာရင်း ရှိထားမှ အမျိုးသားတွေ အတွက်လို လိုအပ်မယ့် ထောက်ပံ့မှု၊ အမျိုးသမီးတွေ အတွက် လိုအပ်မယ့် ထောက်ပံ့မှု၊ ကလေးတွေ အတွက် လိုအပ်မယ့် ထောက်ပံ့မှု၊ သက်ကြီးရွယ်အိုတွေ အတွက် လိုအပ်မယ့် ထောက်ပံ့မှု အစသဖြင့် စီစဉ်လို့ ရမှာ ဖြစ်ပါတယ်။ ဒါတွေကို အစိုးရဌာနတွေဆီက ပူးပေါင်းအကူအညီ ယူရပါမယ်။
-
သဘာဝ ဘေးရန်ကြောင့် ဘေးဒုက္ခ ကြုံရတဲ့ ဒေသတွေမှာ ဘေးရန် ဖြစ်ပွားပြီး တစ်ပတ် ဆယ်ရက် ကြာတဲ့ အထိ လုပ်ငန်းတွေ လည်ပတ်နိုင်စွမ်း မရှိတာ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမှာ အထိခိုက်ဆုံး ဖြစ်တဲ့ လူတန်းစားက မြေမဲ့ယာမဲ့ ပျံကျတွေ ပါပဲ။ လက်ထဲမှာ စုထားတာ ဆောင်းထားတာ မရှိရင် (မရှိလဲ မရှိနိုင်ပါဘူး) ဒုက္ခ ရောက်ရပါမယ်။
ဒါကြောင့် အိုးအိမ် လယ်ယာ လမ်းကျောင်း တံတားများ ပြန်လည်ထူထောင်ခြင်းနဲ့အတူ ကူငွေကိုလဲ အလေးထား စီစဉ်ပေးရပါမယ်။
ငွေသားတိုက်ရိုက်လှူဒါန်းမှု လိုပါတယ်။ ငွေ တစ်သောင်း၊ နှစ်သောင်း ဆိုတာ လက်လုပ်လက်စား ပျံကျတွေ အတွက်တော့ ဒီငွေ ပမာဏဟာ အရေးကြီးပါတယ်။ ငွေသား ရရှိတဲ့ အတွက်ကြောင့် သူတို့ တကယ် လိုအပ်တဲ့ ပစ္စည်းကို သူတို့ ရွေးချယ်ပြီး ၀ယ်ခြမ်းလို့ ရပါမယ်။
-
ရပ်ရွာထဲကို ငွေသား အလုံးအရင်း ၀င်လာမယ် ဆိုရင် အရောင်းအ၀ယ် ပြန်လည် စည်ပင်လာပြီး ရပ်ရွာအတွင်း ငွေကြေးလည်ပတ်စီးဆင်မှု ပြန်ပြီး စတင်ပါလိမ့်မယ်။
-
ဥပမာ ပြောရမယ် ဆိုရင် တပြားမှမရှိတဲ့ လက်လုပ်လက်စားဒုက္ခသည်တယောက် ငွေသား
ထောက်ပံ့မှု သုံးသောင်း ရတယ် ဆိုပါစို့။ အဲဒီ သုံးသောင်းနဲ့ သူ့ မိသားစု လိုတာကို ၀ယ်လိမ့်မယ်။ ဒီငွေဟာ ဈေးဆိုင်ပိုင်ရှင်တွေ ဆီ ရောက်သွားလိမ့်မယ်။ ဈေးဆိုင်ပိုင်ရှင်တွေ က ကုန်တွေဖြည့်ဖို့ ထုတ်လုပ်ရောင်းချတဲ့သူတွေဆီမှာ ပစ္စည်းပြန်ဝယ်မယ်။ ထုတ်လုပ်ရောင်းချတဲ့သူတွေ ကုန်ထုပ် အရင်းအနီး လိုအပ်မှုကိုတော့ ငွေကူက လက်ပြည့် ကူနိုင်မှာမဟုတ်ပါဘူး။
-
ရေဘေးသင့်တာကြောင့် စားစရာရော ခါးမှာရော ဘာမှမရှိတော့တဲ့ လူတွေ ရှိသလို၊
ရေဘေးသင့်မှုကြောင့် စီးပွားရေး လုပ်ငန်း အခွင့်အလမ်း ပိုရလာတဲ့ လူတွေလည်း ရှိပါတယ်။
-
ဥပမာ ငွေတိုးပေးတဲ့ လူတွေ ဆိုရင် ရေဘေးသင့် လူထုဟာ သူတို့ အတွက် အလားအလာ ကောင်းတဲ့ ငွေချေးယူသူ ဈေးကွက်ကြီးပါပဲ။
- ငွေတိုးပေးတဲ့ လူတွေ ရှိဖို့ လုံးဝ လိုပါတယ်။ သူတို့ ဆီက ချေးယူတဲ့ ငွေကြေးနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ပြန်လည် ထူထောင်ရတာ မဆန်းပါဘူး။ ဒါက တောနယ်တွေမှာ ဖြစ်ရိုးဖြစ်စဉ်ပါ။
(မြို့တော်မှာတောင် အိပ်ရာထ ထမင်းချက် ခေါင်းအုံးခြင်ထောင် အိုးခွက်ပေါင်ပီး လမ်းစရိတ်ရှာ
ပြန်လာမှ ရတဲ့နေ့တွက်ခနဲ့ ပြန်ရွေး ဈေးဝယ် ချက်ပြုတ် xxxx) ရှိတာဘဲဟာ။
-
လုပ်ရန် ယေဘုယျအားဖြင့်
-
- ရွာထဲမှာ အမှိုက်သရိုက် အညစ်အကြေး ရှင်းလင်းဖို့ လိုမယ်။ ရေတွင်းတွေ ဆည်ရမယ်။ သောက်ကန်ထဲက ရေဆိုးတွေ ထုတ်ပစ်ရတယ်။ အမှိုက်ရှင်းရမယ်။ ပြိုလဲနေတဲ့ သစ်ပင်တွေကို ထင်းဖြတ်ရမယ်။ အိမ်ထဲ အိမ်ဘေး အမှိုက် ပိုးမွား အိမ်ပြိုအိမ်ပျက်တွေ ရှင်းလင်းရမယ်။
လယ်တွေ ရွာတွေ မြီု့တွေ လမ်းတွေ ကွင်းတွေ ရေလွမ်းမိုးတယ် ။
- အိမ်ထောင်စု စာရင်း လိုပါတယ်။ ပျောက်ပျက်သွားရင် ကျေးရွာ လူကြီးတွေ၊ ရပ်မိရပ်ဖတွေကို မေးမြန်းပြီး ကနဦး စာရင်း ပြုစုဖို့ လိုပါတယ်။ ပြီးရင် အိမ်ထောင်စု စာရင်းကို အခြေခံပြီး စာရွက်လေးတွေ လုပ်ပေးလိုက်ပါ။ ရွာသားတွေ နာမည် ချရေးထားတဲ့ စာရင်းမှာ အသက် အတွက် တိုင် တစ်ခု ထပ်ဖြည့်ပြီး တစ်ဦးချင်း တစ်ယောက်ချင်း ဖြည့်စွက်ဖို့ အကူအညီ တောင်းနိုင်ပါတယ်။ ဒီလို လုပ်တဲ့ အခါမှာ ဘေးသင့် လူထုထဲက လူငယ်တွေကို အကူအညီ တောင်းခံပြီး လုပ်နိုင်ပါတယ်။
-
ယာယီ အရေးပေါ် အိမ်ထောင်စု စာရင်းကို ကြည့်ပြီး ထူထောင်ရေးလုပ်ငန်းမှာ တစ်အိမ် တစ်ယောက်နှုန်း ပါဝင်နိုင်အောင် စီစဉ်သင့်ပါတယ်။
- ငွေကြေး ကန့်သတ်ချက် ရှိတယ် ဆိုရင်တော့ ပျံကျလက်လုပ်လက်စားတွေကို ဦးစားပေးပြီး ခေါ်ရမှာပေါ့။ ပျံကျထဲမှာမှ အလုပ်ကြမ်း မလုပ်နိုင်တဲ့ လူတွေ ရှိရင်လည်း လူယောင် ပြဖို့ ခေါ်ရတာပေါ့။ ဒါမှ သူတို့ ငွေရမှာပေါ့။
- ပြီးရင် လုပ်စရာရှိတဲ့ အလုပ်ကို အလုပ်ပေး ငွေပေး စနစ်နဲ့ လုပ်ပါ။ ပိုက်ဆံ ပေးချေရင် သုံးဖို့ ငွေစက္ကူ အသစ် ဒါမှမဟုတ် ခပ်လတ်လတ် ရှာထားတာ ကောင်းတယ်။
-
"အလုပ်ပေး၊ ငွေပေး" (Cash for Work) ကို လုပ်တော့ အခက်အခဲတွေကို တစ်ချက်ခုတ် သုံးချက်ပြတ်အောင် ဖြေရှင်းတာပါပဲ။
ဥပမာ ပေးရရင် ရွာလယ်လမ်းမကြီးမှာ တင်ကျန်ရစ်တဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်းဖို့ တစ်အိမ်ထောင် တစ်ယောက်ကျ ဆင့်လိုက်တယ်။ အမှိုက်သရိုက် ရှင်းလင်းပြီးတဲ့ အခါမှာ လုပ်အားခ အနေနဲ့ ထိုက်သင့်သလို တတ်စွမ်းသလို ပေးကမ်းလိုက်တယ်။
- အမှိုက်သရိုက်တွေလည်း ရှင်းသွားတယ်။ လက်လုပ်လက်စားတွေမှာ ငွေလေးကြေးလေး ရသွားတယ်။ ရလာတဲ့ ငွေတိုငွေစနဲ့ သူတို့ လိုအပ်တဲ့ ပစ္စည်းကို ၀ယ်နိုင်တယ်။ ဒီတော့ကာ ရွာထဲမှာ ဈေးကွက် ပြန်ပြီး ဖြစ်လာတယ်။ တစ်ချိန်တည်းမှာပဲ ငွေလည်ပတ် စီးဆင်းမှု ဖြစ်လာတယ်။
-
- ငွေကြေး ရှင်းလင်း ပေးတဲ့ အခါမှာ စာရင်း စနစ်တကျ ရယူဖို့ လိုပါတယ်။ လုပ်အားပေးသူတွေ ငွေကြေး အပြေအလည် ရရှိကြောင်း လက်မှတ် ယူထားပါ။
-
ရပ်မိရပ်ဖနဲ့ တိုင်ပင်ပြီး ကိုယ် လုပ်မယ့် အစီအစဉ်ကို အနည်းဆုံး တစ်ရက် ကြိုတင် ပြင်ဆင်ဖို့ လိုပါတယ်။
No comments:
Post a Comment