ရခိုင်ပြည်နယ်အတွင်း စစ်တွေ-အမ်း-မင်းဘူး ရထားလမ်း ဖောက်လုပ် ရေးးစီိမံကိန်းအတွင်း မြောက်ဦးမြို့မှ ရှေးဟောင်း စေတီ ဘုရားပုထိုးများစွာ ပျက်စီးသွားခဲ့ရသည်။
ရထားလမ်း ဖောက်လုပ်မှု ကို နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ခဲ့သည်။ ရထားလမ်းဖောက်လုပ်မှုကြောင့် ရှေးဟောင်းစေတီ၊ ပုထိုး၊ တံတိုင်း၊ ခံတပ်၊ ပိဋကတ်တိုက်၊ ကျုံး၊ မြို့ရိုး စသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးသွားရသည့် အပြင် ဖောက်လုပ်မှု လုပ်ငန်းခွင်ကြောင့် အနီးပတ်ဝန်းကျင်မှ ထိခိုက်ပျက်စီး သွားရသည့် စေတီ ပုထိုးများကိုလည်း ဖျောက်ဖျက်ပစ်ခဲ့သေးသည်။
“ဘုရားတွေကို ဖြိုဖျက်နေတဲ့ ကိစ္စတွေကို ရပ်တန့်ဖို့ တောင်းဆိုနေပေမယ့် မရပ်ပေးတဲ့အပြင် ရထားလမ်းဘေးတွေက ထိခိုက်ပျက်စီးသွားရတဲ့ ဘုရားတွေကို လူမြင်ကွင်းက လုံးဝပျောက်သွားအောင် အပျောက်ဖျောက်ပစ်နေပါတယ်၊ ဘုရားစေတီ တချို့ကို မြေကြီးတွေနဲ့ ဖုံးပစ်လိုက်ပါတယ်”ဟု နိုဝင် ဘာလ လည်ပိုင်းတွင် ဒေသခံများကပြောသည်။
(၂ဝဝ၉ ခုနှစ် မေလမှစ၍ ရထားလမ်း စဖောက်ရာ စစ်တွေ-ရေချမ်းပြင် လမ်းပိုင်းနှင့် ကွမ်းတောင်-ယိုးတရုတ်လမ်းပိုင်းတို့ ပြီးစီးခဲ့ပြီဖြစ်သည်။ မြေသားလမ်းတွင် ကျောက်တော်-မြောက်ဦး လမ်းပိုင်းပြီးစီးမှု ၇၅ ရာခိုင်နှုန်းရှိသည်။)
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား ဖျက်ဆီး၍ ရထားလမ်း ဖောက်လုပ်နေခြင်းကို ရပ်တန့်ပေးရန် အတွက် ဒေသခံ ပြည် သူ များ၊ မြို့မိမြို့ဘများ၊ ဆရာတော် သံဃာတော်များက သက်ဆိုင်ရာ အာဏာပိုင်များထံ မေတ္တာရပ်ခံ တောင်းဆိုသော်လည်း ရပ်တန့်ပေးရန် အကြောင်းမရှိဟု ပြောဆိုကာ ဆက်လက်လုပ်ဆောင်ခဲ့သည်။မြောက်ဦးမြို့၏ ရှေးဟောင်း စေတီပုထိုးများ၊ ယဉ်ကျေးမှု အမွေအနှစ်များ အနက် အထင်ရှားဆုံး ဘုရားတခုဖြစ်သော ကိုးသောင်း ဘုရားမှာလည်း မီးရထားလမ်းကြောင့် မုချပျက်စီးပျောက်ကွယ်မညည့်အခြေအနေကြောင့် ဒေသခံများမှာ အထူးစိုးရိမ်ပူပန်ခဲ့ကြရသည်။
ရထားလမ်းအတွက် ဖြိုဖျက် ပျက်စီးသွားခဲ့သည့်
ရှေးဟောင်း သဘင်သည်မြို့ရိုး၊ သဇင်တံ တောင်တန်း ပေါ်ရှိ စေတီပုထိုးများ၊ ငကျေး အိုင် ကျုံး၊ မြောက်ဦးခေတ် အသုံးပြုခဲ့သည့် မင်းသမီး ရေတံခါး၊ မင်္ဂလာ မာန်အောင် တံတိုင်း၊ ရွှေစင်္ကြံ လမ်းမကြီး၊ ရဲလှ ကျူံး၊ ရဲလှ ခံတပ်၊ ရဲလှ တံခါး၊ ရှင်ဂိုက် တံတိုင်း ခေါ် ကျောက်မြို့ရိုး၊ အမြင့်တောင် ခံတပ်၊ ပြည်စိုးကြီး ဘုရား စသည်တို့မှာ တန်ဖိုးမမဖြတ်နိုင်သောရှေးဟောင်းအမွေအနှစ်များးဖြစ်သည်ကို အလွန်မိုက်မဲပြီး ပညာညဏ် ကင်းမဲ့သည့် စစ်ဓါးပြခေါင်းဆောင် နိုင်ငံတော်အကြီးအကဲထံသို့၎င်း ယဉ်ကျေးမှုဝန်ကြီးထံသို့၎င်း မလျော့သောလုံ့လဖြင့် မေတ္တာရပ်ခံစာများပေးပို့ခဲ့ကြသည်။ နိုင်ငံတော် သံဃ၀န်ဆောင် ဆရာတော်ကြီးများကပါ လက်မှတ်ရေးထိုး၍ ယဉ်ကျေးမှုဝန်ကြီးထံ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီး မိတ္တူအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ပြည်နယ်၊ တိုင်းအဆင့်ရှိ အာဏာ ပိုင် များထံ ပေးပို့ခဲ့ကြောင်းလည်း ကြားသိရသည်။

ရထားလမ်းကြောင့် ပျက်စီးသွားခဲ့သည့် ရှေးဟောင်း သဘင်သည်မြို့ရိုး၊ သဇင်တံ တောင်တန်း ပေါ်ရှိ စေတီပုထိုးများ၊ ငကျေး အိုင် ကျုံး၊ မြောက်ဦးခေတ် အသုံးပြုခဲ့သည့် မင်းသမီး ရေတံခါး၊ မင်္ဂလာ မာန်အောင် တံတိုင်း၊ ရွှေစင်္ကြံ လမ်းမကြီး၊ ရဲလှ ကျူံး၊ ရဲလှ ခံတပ်၊ ရဲလှ တံခါး၊ ရှင်ဂိုက် တံတိုင်း ခေါ် ကျောက်မြို့ရိုး၊ အမြင့်တောင် ခံတပ်၊ ပြည်စိုးကြီး ဘုရား စသည်တို့အား မြေတူး စက်ကြီးများဖြင့် ဖြိုဖျက်လိုက် သည်။ 



နတ်တုံတံတိုင်း (ကျောက်တံတိုင်း) (လမ်းအူကြောင်း တွင်ပါဝင်)
မြောက်ဦးမြို့၏ ရှေးဟောင်း စေတီပုထိုးများ၊ ယဉ်ကျေးမှု အမွေအနှစ်များ အနက် အထင်ရှားဆုံး ဘုရားတခုဖြစ်သော ကိုးသောင်း ဘုရားမှာလည်း မီးရထားလမ်းကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်လာမည်ကို ဒေသခံများမှာ အထူးစိုးရိမ်ခဲ့ရသည်။




ရွာဟောင်း တောတံတိုင်းနှစ်ထပ်
(လမ်းအူကြောင်းတွင်ပါဝင်)
မင်းတရားပြင်တံတိုင်း(၃) ခု ( လမ်းအူကြောင်း တွင်ပါဝင်)
မင်းသမီးရေတံခါး
(လမ်းအူကြောင်းတွင်ပါဝင်)
ယခုအချိန်ထိ ဓည၀တီ မြို့တော်ဟောင်းတွင် နန်းမြို့ရိုးများ၊ အုတ်တံတိုင်းများ အထင်အရှား တည်ရှိနေသော ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ မြောက်ဦးရထားလမ်း ဖောက်လုပ်ရေးတွင် ၀မ်းနည်းစရာ ပျက်စီးဆုံးရှုံး သွားခဲ့လေပြီ။
သဇင်တံ တံတိုင်း(မြေသား)( ပျက်စီး)ခြင်ကိုက်တံတိုင်း(မြေသား)(ပျက်စီး)
မင်္ဂလာမာန်အောင်တံတိုင်း(ကျောက်တံတိုင်း) (ပျက်စီး)
ကသဲအိုင်ကျုံး(ပျက်စီး)

ရွှေဇင်းခင် လမ်းမကြီး( ပျက်စီး)
ပျက်စီးသွားသည့် ဘုရားပုထိုးများ
၁ ပြည်စိုးကြီးဘုရား
၂ သဇင်တံ မှဘုရားနှစ်ဆူ
အမှန်စင်စစ်မှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့ (UNESCO) မှချမှတ်ထားသော ရှေးဟောင်း သုတေသန အက် ဥပဒေတွင် ရှေးဟောင်း ပစ္စည်းများအား ဖျက်ဆီးခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပြန်လည် တည်ဆောက်ခြင်း မလုပ်ရဟု သတ်မှတ်ထား၍ မြန်မာစစ်အစိုးရ၏ လုပ်ရပ်သည် ဥပဒေမဲ့ရာ ရောက်သည့်အပြင် မြန်မာနိုင်ငံတွင်လည်း ရှေးဟောင်း သုတေသန အက်ဥပဒေ သီးသန့်ပြဌာန်းထားပြီး ရှေးဟောင်းနှင့် ပတ်သက်ပါက မတူးမဆွရ၊ ဘေးပတ်ဝန်းကျင်တောင် မထိခိုက်ရဟု ပါရှိ၍ ကြီးလေးသော ဥပဒေ ဖြစ်နေခြင်းကြောင့် ယခု လုပ်ရပ်သည် ကြီးမားသောဥပဒေ ချိုးဖောက်မှု ဖြစ်သည်။ ၁၉၅ဝ ခုနှစ်တွင် နိုင်ငံတော်က မြောက်ဦးမြို့၌ ရှေးဟောင်းသုတေသန ဌာနခွဲကို စတင်ထားရှိခဲ့ပြီး အေဒီ ၁၇၈၅ ခုနှစ်တွင် ရခိုင့်နောက်ဆုံးဘုရင် မဟာသမ္မတ မင်းနန်းစိုက်ခဲ့ပြီး၊ ရခိုင်တို့၏ နောက်ဆုံး ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ဒေသဖြစ်သောကြောင့် မြောက်ဦးး ယဉ်ကျေးမှု အမွေနှစ်ဒေသအဖြစ် တရားဝင်သတ်မှတ်ထားရာ ဒေသ ဖြစ်သည်။
ရှေးဟောင်းဇုန်တွင် မြေကြီးများ တူးဆွခြင်း၊ တောင်ဖြိုခြင်း၊ ခံတပ်များ ထိခိုက်ခြင်း မပြုလုပ်ရန်နှင့် ရှေးဟောင်းပစ္စည်း လက်ဝယ်တွေ့ရှိလျှင် မည်သူမဆို ဥပဒေအရ အရေးယူနိုင်ကြောင်းသတ်မှတ်ချက်လည်းရှိသည်။
မည်သို့ပင်ဖြစ်စေ မြောက်ဦးမြို့က ရှေးဟောင်း သမိုင်းဝင် နေရာတွေကို ဖြတ်သန်း ဖောက်လုပ်မယ့် ရထားလမ်းကို ရဟန်းသံဃာတွေ၊ ဒေသခံတွေဘက်က ကန့်ကွက်မှုတွေ ရှိနေတာကြောင့် အခုဆိုရင် လမ်းကြောင်းပြောင်းလဲ ဖောက်လုပ်ဖို့ အာဏာပိုင်တွေဘက်က သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။
တောင်းဆို တင်ပြမှုတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ယာယီရပ်တန့်ထားတဲ့ ရထားလမ်း ဖောက်လုပ်မှုကို ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နဲ့ အဖွဲ့ လာရောက် ဖြေရှင်းတာကြောင့်
နိုဝင်ဘာ ၂၅ ရက်နေ့က မြောက်ဦးကို ဖြတ်သန်းမယ့် မင်းဘူး၊ အမ်း၊ စစ်တွေ ရထားလမ်း
ကို နဂိုသတ်မှတ်ထားတဲ့ လမ်းကြောင်းက အနည်းငယ် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။
လမ်းကြောင်းဟာ ဒေသခံတွေ တင်ပြတဲ့ မြောက်ဦးမြို့ တောင်ဘက်နဲ့ အနောက်ဘက် လမ်းကြောင်း မဟုတ်ပေမဲ့ အရင်သတ်မှတ်ထားတဲ့ လမ်းကြောင်းနဲ့ စာရင် ယဉ်ကျေးမှု အမွေအနှစ် ပျက်စီးမှု သက်သာမှာ ဖြစ်တယ်လို့ သိရပါတယ်။
အရင် လမ်းကြောင်းဟောင်းအတိုင်း ဆိုရင် မင်္ဂလာမန်အောင်တံတိုင်း၊ နန်းရုံတံတိုင်းတို့ကို တိုက်ရိုက် ဖြတ်သန်းသွားမှာဖြစ်ပြီး ပြောင်းလဲလိုက်တဲ့ လမ်းကြောင်းသစ်အရ ပြည်စိုးကြီး ဘုရားကနေ မြောက်ဘက်တည့်တည့် ဖောက်မှာမို့ အဲဒီတံတိုင်းတွေကို ရှောင်ကွင်းနိုင်မှာဖြစ်ပြီး နာမည်ကြီး ကိုးသောင်းဘုရားနဲ့ ပေ ၅၀၀ အကွာက ဖြတ်သန်းမှာ ဖြစ်ပါတယ်။
မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ မှာ မင်းစောမွန်က တည်ထောင်ခဲ့တာဖြစ်ပြီး အေဒီ ၁၇၈၄ မဟာသမ္မတ ရာဇာမင်း လက်ထက်မှာ ဘိုးတော်ဘုရား သိမ်းယူခဲ့တာကြောင့် မြောက်ဦးခေတ် အဆုံးသတ်ခဲ့ပါတယ်။ဒါဟာလည်း သမိုင်းအမွေအနှစ်တွေနဲ့အတူ ဖျောက်ဖျက်လို့မရတတဲ့ သမိုင်းဖြစ်ပါတယ်။ အတိတ်ရဲ့ သမိုင်းဆိုးကို အညှိုးဆက်ဖြစ်အောင် မိုက်မဲတဲ့ စစ်အာဏာရှင် အစိုးရကို တိုင်းရင်းသားအားလုံး ကန့်ကွက် ဆန့်ကျင်ကြရပါမယ်။
အတိတ်သမိုင်းကို ဂုဏ်ယူတတ်တာနဲ့အမျှ သမိုင်းရဲ့အမွှေအနှစ်ကို မြတ်နီုးထိမ်းသိမ်းဖို့လိုသလို သမိုင်းထဲက ဖြစ်ရပ်ဆိုးတွေအပေါ် သင်ခန်းစာယူဖို့လည်းလိုမယ်လို့ယူဆပါတယ်။
သမိုင်းမှာ ဖြစ်ပေါ် ပြောင်းလဲမှု အဆင့်ဆင့်ရဲ့ ခေတ်ကာလအလျောက် အချိန်ကာလတခုတုံးက ကျနော်တို့ရဲ့ အမိမြေမှာ ထီးဆောင်းမင်းအသီးသီးနဲ့ သူတမင်း ငါတနန်းကာလမှာ လျှမ်းလျှမ်းကြွကြွ မင်းပေါင်းခလို့ ရေရှင် မြေရှင် မင်းတြားဖြစ်ခြင် ကြတဲ့ကာလ ။
ဓည၀တီ ဟံသာဝတီ စစ်ကိုင်း အင်းဝ ပင်းယ ကမ္ဘောဇတိုင်း သမိုင်းအသီးသီးနဲ့ တငြီးငြီး မာန်ထည်ခဲ့ကြတဲ့ ကာလတခု သူတို့နဲ့ခေတ်ပြိုင် အခုထိုင်းနိုင်ငံဖြစ်လာမမဲ့အရပ်မှာလည်း ဆိုင်ယမ်း ခေတ်အထိ ဇင်းမယ် ပိစလုပ် အယုဒ္ဓယ လန်းပမ်း စသည်ဖြင့် ထီးဆောင်းမင်း အသီးသီးရှိခဲ့ကြလေသည်။
ထိုကာလတခုက ဗညားဦး ၁၃၅၄ မှ ၁၃၈၅ ထိ ဟံသာ ၀တီ ကို အ ချက်အခြာပြုပြီး မြန်မာနိုင်ငံ တောင်ဘက် တစ်လွှားရှိ မွန်ဒေသများကို စတင် စည်းလုံး သိမ်းသွင်းခြင်း ပြုသော အချိန်နှင့် သတိုးမင်းဖျား ၁၃၆၅ မှ ၁၃၆၈ ထိ အင်းဝကို အချက် အခြာပြုပြီးမြန်မာနိုင်ငံ အလယ်ပိုင်း မြန်မာ ဒေ သ များကို စည်းလုံး သိမ်းသွင်းသောအချိန်များသည် တစ်ချိန်တည်း တစ်ခေတ်တည်း ခေတ်ပြိုင်ဖြစ်သည်။
အင်းဝတွင် သတိုးမင်းဖျားမှ အစပြုပြီး မွန် ရှမ်းများ အပါအ၀င် နရ ပတိ အထိ မင်း ၁ရ ဆက်သည် နှစ်ပေါင်း ၂၀၀ နီးပါး ခန့်မျှ စိုးစံခဲ့ကြ သကဲ့သို့ ဟံသာဝတီ တွင်လည်း ဗညားဦးမှ အစပြုပြီး သုရှင် ဒ ကာ ရွတ်ပိ အထိမင်းဆက် ၁၁ ဆက်သည် နှစ်ပေါင်း ၂၀၀ နီးပါးခန့်မျှ ထီးပြိုင်နန်းပြိုင် စိုးစံခဲ့ကြသည်။
အင်းဝမင်းဆက်ဘုရင်များသည်အင်အား ကြီးမားသော မင်းများ လက်ထက်တွင် မောရှမ်းများ နှင့်ရခိုင် ကမ်းရိုးတန်း ဒေသများ အပေါ်တွင် သြဇာ ညောင်းဖို့ ကြိုးပမ်းခဲ့သည်။
မွန် ဟံသာဝတီဖက်တွင်လည်း အင်အား ကြီးမားသော ရာဇဓိရာဇ် လက်ထက်တွင် ရခိုင် ကမ်းရိုးတန်း ဒေသအပေါ်တွင် သြဇာ ညောင်း ခဲ့သည် ကို လည်း တွေ့ရသည် ၁၄ ရာစု ကျော်ခန့်မှအစပြုပြီး ၁၆ ရာစု ကျော် ခန့်ထိ နှစ်ပေါင်း၂၀၀ နီးပါးခန့်မျှ အင်းဝ နှင့် ဟံသာဝတီမင်း ဆက်ဘုရင်များသည် မြန်မာနိုင်ငံ တွင်ထီးပြိုင် နန်းပြိုင် စိုးစံခဲ့ကြသည်။မွန် ရာဇ၀င် နှင့် မြန်မာရာဇ၀င်ဟောင်း များတွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲနှင့် မင်းခေါင် တို့ သည် ဟံသာ ၀တီ ရာဇဓိရာဇ်နှင့် နှစ်ပေါင်း ၄၀ ကြာမျှ စစ်မက် တိုက်ခိုက် ခဲ့ကြသည်
ထိုကြား ကာလ အတွင်း မွန်နှင့် ရခိုင် မြန်မာနှင့် ရခိုင် မြန်မာနှင့် ရှမ်း မွန် နှင့် ရှမ်းတို့၏ အကြားတွင် ဖြစ်ပွား ပေါ်ပေါက်ခဲ့ကြသော ပဋိပက္ခ များသည် အင်းဝ နှင့် ဟံသာဝတီ တို့အ ကြား တွင် ဖြစ်ပွားသည့် ပဋိပက္ခ ဖြစ်ကြောင်း ကို လည်း တွေ့ရှိရ သည်။
သို့အတွက် ထိုထိုသော သမိုင်းလာဖြစ်ရပ်များအပေါ် ရှုမြင်ရာတွင် တမြေတည်းနေ တရေတည်းသောက် ပြည်ထောင်စုဖွါး သားခြင်း ညီနောင် ဟူသောအသိကို လက်မလွတ်သင့်ပါ။ သို့မှသာ သမိုင်းလာဖြစ်ရပ်များအပေါ် နမူနာ ယူပြီး ပြည်ထောင်စုဖွါး သားခြင်း ညီနောင်တို့ စီးလုံးခြင်းကင်းခဲ့ရာမှ အမှန်တကယ် တိုင်းတပါးသား နယ်ချဲ့ ကိုလိုနီလက်အောက် ကျွန်ဘ၀ရောက်ခဲ့တာ သင်္ခန်းစာ ယူကြရမှာပါ။
ယခုကိစ္စမှာလည်း တရားခံသည် စစ်အာဏာရှင် စစ်ဓါးပြများသာဖြစ်သည်ကို ရှင်းလင်းစွာသိမြင်ကြဖို့ လိုပါသည်။
ပြည်ထောင်စုသား ညီနောင်သွေးရင်းတို့ လက်ခြင်းချိတ်တွဲ မခိုင်မြဲသမျှ စစ်ဖိနပ်အောက် ပြားပြားမှောက်ကာ အစော်ကားခံနေရဦးမည် မလွဲပါ။ ယဉ်ကျေးမှု အစဉ်အလာ ဓလေ့ထုံးစံ ရိုးရာအမွေအနှစ်များ ပျက်သုဉ်း ပျောက်ကွယ် ရှုံးဆုံးနေဦးမည်မှာမလွဲပါ။
ဟိုတစ ဒီတစ ရခိုင်က ရထားလမ်းသတင်းများ





ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့ မှိတ်ချီဖွင့်ချီ ရောင်စုံမီးဆလိုက်များကဘုရားဦးခေါင်းတော်ဘေးဝန်းကျင်ကိုဖြတ်ကျော်ပြီးညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထားလေသလားတော့မသိ။ဆင်းတုကိုယ်တော်မြတ်ကြီးက “ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်ကမာရ်နတ်ရဲ့သ္မီးများ ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်ကငါဘုရားကိုလာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။ဒီအဖြူမလေးတွေကညတိုင်းလာဖြားယောင်းနေပါလား ” လို့တွေးထင်တော်မူလေမလားမသိ။ရန်မျိုးအောင်တော့ ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီးဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။ အလား--လား-- ပိုဆိုးပါလား။စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကိုသူ့ပေါင် နဲ့ထိထိုင်ကာ စတိုင်ကျကျနဲ့အရက်ခွက်ကိုကိုင်လို့၊ တစ်ချို့ကဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေတင်ထားပြန်တယ်။ဒီထက်ဆိုးတာကမိန်းကလေးက ဘုရားကိုကျောမီနေပြီးသူ့တွဲဖက် ကောင်လေးကဘုရားပေါ်လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာဖြစ်ပျက်နေပုံများကိုကြည့်ပြီး ဒေါသတွေချောင်းချောင်းထွက်မိတယ်၊ဖြစ်နိုင်ရင်ဝါးရင်းဒုတ်နဲ့ အားလုံးကိုမောင်းထုတ်ပစ်လိုက်ချင်တယ်။မပြုဝံ့ပါပေ၊“ခါကျဉ်ကောင်မာန်ကြီးပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံခါးကမသန်”ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင်ဘာတတ်နိုင်ပါမည်နည်း။ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကိုကြည့်ပြီးကိတ်မနိုင်ခဲမရဖြစ်နေရတယ်၊လှုပ်လှုပ်ရွရွတွန့်လိမ်ပွတ်သပ်နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ဂီတသံ၊ ထောင်းထောင်းမွှန်နေတဲ့အရက်နံ့၊မျက်နှာ တော်တည့်တည့်မှာ တစ်ကိုယ်လုံးနီးပါးပေါ်နေတဲ့ကခြေသည်မလေးတွေရဲ့တုန်ကာလှုပ်ကာ မြူဆွယ်ပြနေတဲ့အက၊ဒီဝန်းကျင်မှာနေရရှာတဲ့ ဘုရားရုပ်ပွားတော်ကြီးခမျာစိတ်တော်ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင်နဲ့ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။ဘုရားဆိုတာ သနားစရာမဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနားနေမိတယ်။ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင်နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲမျက်နှာတော်ကိုစိုက်ကြည့်မိရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့မိန့်တော်မူနေသလို ခံစားမိပြန်တယ်။ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကိုရောက်လာရခြင်းမှာသာမန်ရောက်လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ ပြင်းပြလွန်းလို့အရောက်လာခဲ့ရတာ။ ဘုရားစောင့်နတ်တွေကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။မည်သို့ပင်ဖြစ်စေ အခြေအနေအရပ်ရပ်ကို သူသိလိုက်ရပြီ။အမျိုးဘာသာသာသနာအတွက်လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန်ရှိသူဟာတာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေးငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင်ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော်ကြီးကို ပင့်ထုတ်ရမယ့်တာဝန်ဟာငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာခံယူလိုက်တော့တယ်။ “ဘုရားရုပ်ပွားတော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင်ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ။ရန်မျိုးအောင်ဟာ နောက်နေ့မှာစောစောအလုပ်ဆင်းဖြစ်တယ်။ ဆူရှီဘားမှာအလုပ်လုပ်ရင်း ဆိုင်ရှင်သူဋ္ဌေးအလာကို စောင့်နေတယ်။သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက်ဆန္ဒပြင်းပြနေတဲ့ရန်မျိုးအောင်ဟာရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာမခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်းမော့ကြည့်တယ်။“သူဋ္ဌေးကို ပြောစရာရှိလို့ပါ”“အေး-ပြော”“ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ်ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်”ရန်မျိုးအောင်ဟာ သူ့ကြံစည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာပြောနေတာလဲ ဆိုတဲ့သဘောမျိုးနဲ့လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ရန်မျိုးအောင်ခေါင်းငိုက်ဆိုက်ဖြင့် အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊ဆိုင်မန်နေဂျာအမျိုးသ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီပြောပေးပါရန်အသနားခံခဲ့တယ်။ မန်နေဂျာကလဲမဖြစ်နိုင်ကြောင်းနှစ်သိမ့်စကားသာပြောတယ်။ရင်းနှီးနေလို့ မန်နေဂျာကိုတော့ အခွင့်သင့်တိုင်းအကူအညီတောင်းဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။တနေ့တော့ မန်နေဂျာကိုပြောမိတယ်“ ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့ ဗုဒ္ဓဘာသာတွေအတွက်အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊ နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေမဖွယ်မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့မလား။ ငါတို့ဗုဒ္ဓကိုဒီလိုပြုလုပ်နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။ ” လိုမအောင့်ပဲခံစားမိတဲ့အတိုင်းပြောချလိုက်မိတယ်။သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင်စကားကြောင့်မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်းအမှန်တရားကို လက္ခံကြမည်သာ…။ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာအနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြလိမ့်မယ်လို့ မျှော်လင့်မိရင်းကျေနပ်နေမိတယ်။ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါးသောက်စားကြရင်းဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့အရက်ခွက်တွေ၊ပေကျန်နေတဲ့အရက်စက်တွေ၊ ဘုရားဝန်းကျင်မှာစွန့်ပစ်သွားကြတဲ့အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ပြီးရင် သရဏဂုံသုံးပါးနဲ့ ဘုရားဂုဏ်တော်ကိုးပါးကိုအခေါက်ခေါက်အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ဘုရားကြီးကိုပင့်နိုင်ရပါလို၏ လို့ လည်းအကြိမ်ကြိမ်ဆုတောင်းမိတယ်။ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ဘာမှအကောင် အထည် ပေါ်မလာသေး။“ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” ( ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆိုမပြီးသည် မည်သည်မရှိ ) ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလိုပိုလို့ ပင် တိုးလာမိတယ်။ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်းထဲသို့ ၀င်ခဲ့မိပြန်တယ်။“သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲအလုပ်လုပ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကိုရောင်းပေးပါ” ၊ ရန်မျိုးအောင်က ဒီတခါတော့ပုံစံတစ်မျိုးပြင်ပြီးတောင်းဆိုလိုက်တယ်။သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိ တယ်။မန်နေဂျာကလဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။“မင်း ဒီလောက်တောင်လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့နဂါးကြီးတစ်ကောင်ရှာပေးပါ” ။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊“ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်” လို့ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော်ဖွင့်လေပြီ။သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်းကူညီရှာပေးတယ်။ လော့စ်အိမ်ဂျလိစ်မှာရှိတဲ့ ဆိုင်ပေါင်းစုံကိုအနှံ့ရောက်ခဲ့ပြီ။အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ်ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။”“တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ” လို့ လွယ်လွယ်ပဲဖြေလိုက်တယ်။အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။နဂါးရှာရင်း ငွေခြောက်ထောင်အတွက်လည်းရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊သိမ်းထားတာလေးတွေ တွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီးသုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်းတစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ခေါင်းကုတ်လို့ကြံသော်လည်းအကြံက မထွက်။ချေးးဖို့ငှါးဖို့ဆိုတာလဲမလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့အတွက်မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေးထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြားလှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင်ပေးဆပ်ချင်ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ရာကားကိုရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်းလျှောက်သွားမယ်။ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်မိတယ်။ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်းတဲ့ စေတနာဟာအလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ကာမမှောင်အတွင်းက ဘုရားရုပ်ပွားတော်ကြီးပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်းရောင်းဝယ် တဲ့ ဆိုင်တွေကိုသူ့ကားဈေးနှုန်းစုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေးထားတဲ့ အမြတ်တနိုးဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်းလိုက်တော့လေးထောင်ကျော်လောက်ရမယ်လေ။ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီးတောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်သဘောကျလိမ့်မည်။ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကိုပုခုံးကိုလက်သီးနဲ့ထိုးပြီး“အောင်ပြီကွ” လို့ ကြွေးကြော်မိတယ်။နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီးဘုရားရဲ့လက်တော်ကို လက်နှစ်ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကိုပင့်နိုင်တော့မည်ဘုရား” လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာဝင်ခဲ့ပြန်တယ်။ တတိယအကြိမ်ဝင်ခဲ့ခြင်းပေါ့။“ ရန်- မင်းနဂါးတွေ့ပြီလား။”“ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ”“မင်း နဂါးက ဘယ်နှစ်ပေလောက်ရှိလဲ။”“၇-ပေရှိပါတယ် ခင်ဗျာ"“ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”ရန်မျိုးအောင် ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ခေါင်းငိုက်ဆိုက်ဖြင့်ထွက်ခဲ့ရပြန်ပြီ။ခဲလေသမျှ သဲရေကျပြီထင့်…။ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ဘာလုပ်ရမလဲလိုစဉ်းစားနေမိတယ်။ဆိုင်ပေါင်းစုံရောက်ခဲ့ပြီးဖြစ်လို့၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။ဇာတ်လမ်းကတော့ပြီးလေပြီ.. ။ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင်ဆက်လက်ကြိုးစားချင်တယ်။လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ်ရှာကြံစဉ်းစားဆင်ချင်မိပြန်တယ်။ခေါင်းထဲမှာ ဉာဏ်အလင်းရောင်ပေါ်လာတယ်“ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာမရှိဘူး၊ ဘုရားဂုဏ်တော်တွေကိုရွတ်ပွားပြီး သစ္စာဆိုမယ်” လို့  မျက်စိလယ် လမ်းပျောက်နေသူလမ်းမှန်တွေ့သလို အရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်းဆူရှီလိပ် လေတော့တယ်။ရန်မျိုးအောင်တစ်ယောက်ဂုဏ်တော်ပေါက်လေမလား၊လူပေါက်နေသူလို့ထင်ကြလေမလားမသိ၊တချိန်လုံးဂုဏ်တော်တွေကိုသာရွတ်နေတော့တယ်။အလုပ်သွားအလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊ ဈေးသွားဈေးဝယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲဂုဏ်တော်ရွတ် ၊ တစ်ခါတရံ အာခေါင်တွေခြောက်ပြီးလျှာပင်ပူလာတဲ့အထိဖြစ်ခဲ့ရတယ်။ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ်သ္မားသုံးယောက်လုပ်နေရာမှအခြားနှစ်ယောက် ကို စီးပွားရေးမကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့်ဖြုတ်ပစ်လိုက်ရာ၊ သုံးယောက်တာဝန်ကို တစ်ယောက်တည်း လုပ်နေရတော့တယ်။မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊အဆူခံရပြန်တယ်။ရန်မျိုးအောင်စိတ်ညစ်လာပြီ၊ အလုပ်က နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်လိုက်ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့အလုပ်ထွက်တော့မယ်လို့စိတ်ကူးမိတယ်၊မဖြစ်သေးပါ၊ ဘုရားကြီးကိုထားခဲ့လို့ မဖြစ်သေးပါ၊ ဘုရားကြီးကိုတစ်ပါတည်းပင့်နိုင်မှ ငါထွက်တော့ မယ်လို့ စိတ်ဒုန်းဒုန်းချကာပင်ပမ်းသမျှ၊ ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကိုသာအဖန်ဖန်ရွတ်ပွားနေတော့တယ်။တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့ ပင်ရောက်ခဲ့ပေပြီ။ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါးကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှမအောင်နိုင်ရှာ ဂုဏ်တော်သာ ရွတ်နေဆဲပင်။တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး ဆိုင်ကိုရောက် လာတယ်၊ ရန်မျိုးအောင်အလုပ်လုပ်နေရာမှထွက်လာပြီး အဖိုးကြီးကို ရိုရိုသေသေ ပြင်ဆင်ကျွေးမွေးပြုစုတယ်။ အဖိုးကြီးကို မေတ္တာပို့ တယ်၊ အဖိုးကြီး မပြန်မချင်းစူးစူးစိုက်စိုက်ပို့နေမိတယ်။ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့က အချည်းအနှီးမဖြစ်ပါပေ။ ဗုဒ္ဓဘာသာဝင်တို့ရဲအားအကောင်းဆုံးလက်နက်များပင်မဟုတ်ပါလား။ လက်နက်ကောင်းတွေရှိပါလျှက်မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။ရန်မျိုးအောင်ကတော့ သူပိုင်လက်နှက်များဖြင့် ဒလပ်စပ် ပစ်ခတ်နေပေပြီ။နောက်တစ်ပတ်လောက်မှာရန်မျိုးအောင်ရဲ့မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ရက်နေ့ပေါ့၊ ဆိုင်ကိုစောစောလာပြီး ပြုလုပ်နေကြဖြစ်တဲ့ဘုရားဆင်းတုတော်ကြီးကို သန့်ရှင်းရေးလုပ်တယ်။ပါလာတဲ့ ပန်းစည်းကို မွေးနေ့ကုသိုလ် အဖြစ် ဘုရားရဲ့လက်တော်ထဲကပ်လှူပြီးဝတ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါ တယ်၊ ဆုတောင်းရပေမဲ့ အားသိပ်မရှိလှပါဘူး၊သူ့ခံစားချက်အတိုင်း ဘုရားကြီးကို သနားစိတ်တွေဖြစ်နေမိတယ်။ ဒါပေမဲ့ဆင်းတုတော်ကြီးရဲ့ မျက်နှာတော်မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်ပနေတယ်လို ရန်မျိုးအောင် ထင်နေမိတယ်.. ။ဘုရားဝတ်ပြုပြီးအလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင်လန့်သွားတယ်။ ငါ့များအလုပ်ဖြုတ်တော့ မှာလားဆိုတဲ့အတွေးကပဌမဆုံးဝင်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ စီ်းပွားရေးအရအဓိကထားတဲ့ဘုရားရုပ်ပွားတော်ကြီးကို ရန်မျိုးအောင်ထုတ်ယူဖို့ကြိုးစားခဲ့ပြီ။ဘာသာရေးပြဿနာများဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ ထင်မြင်နိုင်တယ်။ဓါတ်ပုံရိုက်ခွင့်မရှိတဲ့ နိုက်ကလပ်အချိန်မှာလဲ ရန်မျိုးအောင်ဓါတ်ပုံတွေခိုးရိုက်ခဲ့ပြီ။ သူရည်ရွယ်တာက ဘုရားကြီးကိုငါပင့်လို့မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီးအကူအညီတောင်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။



















